အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
280 01
အခန်း 280
ဆုပိုင်က ကျောပိုးအိတ်ကို လွယ်ရင်း ခပ်ကြဲကြဲ တံတွေး ထွေးထုတ်လိုက်သည်။ ထို့နောက် အရှေ့ရှိ မြို့ထဲသို့ တစ်လှမ်းချင်းစီ ဝင်လျှောက်လာသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့်အရှိန်နှုန်းက စနစ်ကျ ဆက်တိုက်ဆိုသလို တိုးတက်လာခဲ့သောကြောင့်သာ မဟုတ်ခဲ့ရင် သူ့အနေဖြင့် ထိုလူနှစ်ယောက်နောက်သို့ လိုက်မှီနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် …
လမ်းတစ်လျှောက် မရပ်မနား ပြေးလွှားနေပြီးနောက် နောက်ဆုံးတွင် မြို့သို့ ရောက်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် လမ်းသွားလမ်းလာတွင် လူအနည်းငယ်သာ ရှိတော့သည်။ အားလုံးက နွမ်းနွယ်နေကြပုံပေါ်၏။
ဆုပိုင်၏ဘေးတွင် ဘတ်စ်ကားတစ်စီး ရပ်လာသည်။
ဆုပိုင်က ကားထဲမှ တရုတ်လူမျိုး အနည်းငယ် ထွက်လာကြသည်ကို မြင်တဲ့အခါ အနည်းငယ် ကြောင်သွားသည်။
“ဘယ်လိုဖြစ်ပြီး တရုတ်တွေ ပေါ်လာတာလဲ”
ထို့အပြင် အနောက်မှ လိုက်လာသော လူများ၏ ဝတ်စားဆင်ယင်ပုံအရ ဆုပိုင်က သတိကပ်သွားသည်။
“ဒါတွေအားလုံးက တောင်တက်တဲ့ ဝတ်စုံတွေပဲ။ နောက်ပြီး ကျောဘက်မှာ ဖောင်းထွက်နေသော အနေအထားအရ လက်နက်သယ်လာခြင်း ဖြစ်နိုင်သည်။
မုဆိုးပဲ ဒါ”
ဆုပိုင်က ထိုလူများ၏ နောက်သို့ တည်ငြိမ်စွာ လိုက်သွားလိုက်ရင်း မြို့ထဲသို့ တစ်လမ်းချင်းစီ ဝင်လေသည်။
ဟိုကွေ့ဒီကွေ့ အကြိမ်ပေါင်းများစွာ လုပ်ပြီးနောက် သိပ်မကြာခင် သေးငယ်သော ခြံဝန်းထဲသို့ ရောက်သွားလေသည်။
နံရံတစ်ခုနောက်တွင် ပုန်းနေသော ဆုပိုင်က လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း မနေ့ညက လူနှစ်ယောက်က တရုတ်လူမျိုးများနှင့် စကားပြောနေသည်အား စောင့်ကြည့်နေလိုက်သည်။
မည်သို့ပင်ဆိုစေ သူသည်လည်း ဖင်းမြေခွေးများကို တရုတ်သို့ ရောင်းချမည်ဟု မထင်ထားမိပေ။
ဒါ တကယ်ကို ဆိုးဝါးလွန်းတာပဲ။
“တိရစ္ဆာန်တွေကို တကယ်ရောင်းတာက တရုတ်တွေလား”
“ဒါရိုက်တာဆုပိုင်က ရည်ရွယ်ချက် ရှိရှိလုပ်တာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဒါကမဖြစ်နိုင်တာပဲ။ အဆုံးသတ်မှာတော့ စင်အမြင့်က တရုတ် ဖြစ်နေတယ်လေ”
“သေစမ်း။ ဘယ်လိုဖြစ်ပြီး ဒါရိုက်တာဆုပိုင်က ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ရမှာလဲ။ ပြောင်းလဲမှုတိုင်းမှာ သမိုင်းကြောင်းကို မကြားဖူးဘူးလား။ အားလုံးက အရင်က ဖြစ်ခဲ့ဖူးပြီးသား။ တရုတ်က ဘာမှားနေလို့လဲ။ အလုံးအရင်းနဲ့ မျိုးသုန်း ပျောက်ကွယ်သွားတဲ့ကာလ မတိုင်ခင်ကဆိုရင် ငါတို့ရဲ့ တိုင်းပြည်မှာလည်း တိရိစ္ဆာန်တွေကို ရောင်းချတဲ့ လူတွေအများကြီးပဲ ရှိမှာပဲ”
“ငါတော့ စွံ့အသွားပြီ။ ဘာလို့ဒီလူတွေက ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်တွေကို ဒီလိုမျိုးလုပ်ရက်ရတာလဲ”
“ဖင်းမြေခွေး အကောင်ပေါက်တစ်ကောင်ကို ဖမ်းမိဖို့အတွက်နဲ့ သူရဲ့မျိုးနွယ်ဝင်ပေါက်များစွာကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် သေစေတယ်။ ဒါက သားဖောက်တာ မဟုတ်ဘူး။ သတ်နေတာ”
“တိရိစ္ဆာန်တွေအားလုံးက အနာဂတ်မှာ ပြန်လည်ကယ်ဆယ်ပြီးတဲ့အခါ ငါတို့တွေ ဒီတောရိုင်း တိရိစ္ဆာန်တွေကို မွေးတာမျိုးကို အတိုက်အခံ လုပ်ရမယ်။ဒီလိုအခြေအနေမျိုးကို ဖြစ်ခွင့်ပြုလို့ မရဘူး”
အသားထုတ်လုပ်မှုအခန်းထဲမှာ အတူတူ ရှိသူပေါင်းများစွာကလည်း ဝယ်သူများက တရုတ်ဖြစ်ကြောင်း မြင်ချိန်တွင် အားလုံးကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ မျှော်လင့်ထားစွာပင် သူတ်ို့၏ တရုတ်တွင်လည်း တိရိစ္ဆာန်များကို လူကုန်ကူးတတ်သော လူများက ရှိနေသည်။
280 02
တရုတ်လူမျိုးများက ဒီနေရာတွင် ပေါ်လာကတည်းက အတွင်းထဲဝင်စရာ မလိုလောက်အောင် ဖင်းမြေခွေးများကို မွေးသောလူများကလည်း တရုတ် ဖြစ်ရပေမည်။
ဆုပိုင်က အိမ်ထဲသို့ ဝင်သွားသော လူအချို့ကို ငေးစိုက်ကြည့်နေရင်း နံရံအနောက်ဖက်မှ ကွယ်လျှက် ပြတင်းပေါက်နားသို့ သွားလိုက်သည်။ ထို့နောက် တဖြည်းဖြည်းစီ ထရပ်လိုက်ကာ အိမ်ထဲသို့ လှမ်းကြည့်လိုက်သည်။
သံမဏိလှောင်အိမ်များထဲတွင် သော့ပိတ်ထားသော အသက်မဲ့နေသော မျက်နှာထားမျိုးနှင့် ဖင်းမြေခွေးအကောင်ပေါက်လေးများ အကောင်(၂၀) ခန့်ကို တွေ့လိုက်ရသည်။
“ရွန် ဒီတစ်သုတ် ဖင်းမြေခွေးတွေက အရည်အသွေးက သာမန်ပဲ။ သူတို့ကို ကြည့်။ သူတို့မှာ တက်ကြွမှုတော င်မရှိတော့ ငါတို့သာ ပြန်ခေါ်သွားခဲ့ရင် အားလုံး သေမှာပဲ”
လောင်လိနှင့် သူဌေးရွှေတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ချိန်ထဲတွင် ခေါင်းညိတ်ကြသည်။ သူဌေးရွှေက လှောင်အိမ်တစ်ခုနားကို သွားပြီး လှောင်အိမ်တံခါးကို ဖွင့်လိုက်ကာ ဖြူဖွေးစွတ်နေသော ဖေလ်းမြေခွေးလေးတစ်ကောင်ကို ထုတ်ယူလိုက်ပြီး ပါးစပ်ကို အသာညစ်လိုက်ကာ အနီးက ပ်ကြည့်သည်။ ထို့နောက် မနေနိုင်ဘဲ ထရယ်၏။
“ရွန် ငါတို့သာ ဒီပုံစံအတိုင်းနဲ့ စီးပွားရေးလုပ်မယ်ဆိုရင် ငါတို့ အနာဂတ်မှာ ထပ်ပြီးပူးပေါင်းစရာ မလိုတော့မှာကို စိုးရိမ်တယ်”
“ဒီတစ်ကောင်ဆိုရင် လအနည်းငယ်လောက်နေရင် အသက် ငါးနှစ် ကျော်တော့မှာ။ ငါတို့ ပြန်ယူသွားမယ်ဆိုရင် လအနည်းငယ် ရောက်တာနဲ့ သေပြီပဲ”
“အဆုံးသတ်မှာတော့ ငါတို့က တန်ကြေးနှိမ့်ပြီး ရောင်းရလိမ့်မယ်”
“ဟေ့ဟေ့”
ရွန်က နဘေးနားလာပြီး အထဲမှ ဖင်းမြေခွေးကို ယူကြည့်သည်။ ထို့နောက် သွားကို ဂရုတစိုက်ဖြဲကြည့်၏။ အမှန်ပင် လေးနှစ်ကျော်နေလေပြီ။
ထို့နောက် သူဟာ အသက်ပြင်းပြင်းရှုကာ
“ခရက်စ်”
သူဟာ ထိုအကောင်လေး၏ လည်ပင်းကို ဖြစ်ညှစ်လျှက် မြေပြင်ပေါ် သို့ပစ်လွှတ်လိုက်ပြီး
“ဟားဟား ဒါဟာ ငါတို့အမှားပဲ။ ဒါပေမဲ့ တစ်ကြိမ် ပစ္စည်းအများစုက အကောင်ပေါက်တွေပဲ။ အားလုံးက အမွှေးဖြူတွေ”
“ဒါက ဝယ်သူတွေ အကြိုက်ပဲ”
ရွန်က အလောင်းကို ဘေးဘက်သို့ ကန်ထုတ်လိုက်ပြီး ပြုံးလျှက်ပြောသည်။
“ဂွီဂွီဂွီ”
လှောင်အိမ်ထဲရှိ များပြားလှစွာသော ဖင်းမြေခွေးများက ကျယ်လောင်စွာအော်ကြပြီး အချင်းချင်း တိုးကပ်ကာ ကျုံ့၍ နေကြသည်။ သူတို့သည်လည်း သူတို့၏အပေါင်းအဖော်တစ်ယောက်က သူတို့၏မျက်စိရှေ့တွင် သေသွားကြောင်းကို မြင်လိုက်ရ၍ အလွန်ပင် ထိတ်လန့်သွားကြသည်။
…
ဆုပိုင်က ပြတင်းပေါက်ရဲ့အပြင်ဘက်တွင် ပုန်းနေရင်း မြေပြင်ပေါ်မှ အလောင်းကို ကြည့်ကာ အံကိုကြိတ်သည်။ ထိုလူများက တိရိစ္ဆာန်များ၏ အသက်ကို ဂရုပင်မထားကြချေ။ သူတို့ဟာ တိရိစ္ဆာန်များ၏အသက်ကို ပစ္စည်းကဲ့သို့ သဘောထားနေကြ၏။ စံချိန်မမှီသည်နှင့် တုံဆိုင်းမနေဘဲ သတ်ဖြတ်တတ်ကြသည်။
“ဒါနဲ့ သားရိုင်းနဲ့ ဘာများခြားလို့လဲ”
ထိုသူများက စကားပြောနေချိန် လူအုပ်ကြီးထဲက လက်ကိုရမ်းလိုက်သည်။ ထိုအခါ အနောက်ဘက်မှ သန်မာတဲ့ လူတစ်ယောက်က ခရီးဆောင်အိတ်ကို သယ်လာသည်။ အရာအားလုံးကို အလဲလှယ် လုပ်ပြီးနောက် လောင်လိက သူ၏အရှေ့မှ ရွန်ကို ကြည့်၍ ပြုံးကာ ပြောသည်။
“ငါတို့ ဒီနေရာမှာ ရက်အနည်းငယ် နေဖြစ်မလားတော့ မသိဘူး။ ငါတို့က အမြဲတမ်း အမြန်အဆန် အသွားအလာ လုပ်နေရတာဆိုတော့ ဒီတစ်ကြိမ် ငါနားချင်တယ်”
“ဟားဟား ကြိုဆိုပါတယ်”
ရွန်က တစ်ခဏခန့်ကြာအောင် သွားပြီး ချက်ချင်းဆိုသလို ပိုက်ဆံအပြည့်ရှိသော သေတ္တာအား သူ၏လူများထံသို့ ပေးရင်း သဘောကျစွာ ပြုံးကာပြောသည်။
“ငါတို့ကတော့ အမြန်ပြန်ဖို့ လိုအပ်နေတယ်။ ဒီတော့ မင်းတို့တွေ ဒီအိမ်နဲ့ အပြင်က ဂျစ်ကားကို သုံးလို့ရတယ်”
280 03
“ဒါပေမဲ့ ဒီနေရာက တော်တော်လေးကို ခေါင်တယ်နော်။ ကန္တာရကလွဲပြီး ဘာမှမရှိဘူး။ ဒါကြောင့် မင်းတို့သာ အမဲလိုက်ချင်တာဆိုရင် ...”
“စမ်းကြည့်ရမှာပေါ့။ ကန္တာရထဲမှာ မြေခွေးတင်မဟုတ်ဘဲ တခြားတိရိစ္ဆာန်တွေလည်း ရှိရမယ်”
သူတို့ပြောနေရင်း ရွန်က တံခါးနားသို့ကပ်သွားကာ လူအနည်းစုကို ပြုံးလျှက်ကြည့်ရင်း ပြောသည်။
“မင်းတို့တွေ ဖင်းမြေခွေးကိုလည်း အမဲလိုက်နိုင်ဖို့မျှော်လင့်ပါတယ်”
“ဒါဆို ငါ အရင်သွားတော့မယ်”
ရွန်၏ ထွက်ခွာသွားသော ကျောပြင်ကို မြင်လိုက်ရသည့် သူဌေးရွှေက တုံမှုန်စွာပြောသည်။
“ဒီကောင်က ငါတို့ဖင်းမြေခွေးတွေကို အမဲလိုက်မယ်ဆိုတာ သိကတည်းက ဘာလို့ မတားတာလဲ”
“နောက်ပြီး အလျင်အမြန်တောင် ထွက်ပြေးသေးတယ်”
“သူ့ကို စိုးရိမ်မနေနဲ့။ ငါတို့ ဒီည လှုပ်ရှားရင် ကောင်းမယ်”
လောင်လိက လက်ကို အသာရမ်းလျှက် ငှားလာသော မုဆိုးများကို ကြည့်ကာ ပြောသည်။
“ငါတို့ ဒီတစ်ကြိမ် ရှင်းရှင်းလင်းလင်း လုပ်ထားပြီးသား။ မင်းတို့ ဖင်းမြေခွေးတစ်ကောင်ကို ဖမ်းမိပြီး လဲလှယ်လို့ရနိုင်သမျှ အပိုဆုကြေး နှစ်သောင်း ရမယ်”
“မင်းတို့ ဖမ်းနိုင်လေလေ ပိုက်ဆံ များများရလေလေပဲ”
“မစိုးရိမ်နဲ့။ ငါတို့ ဒီစီးပွားရေးကို လုပ်လာတာ တော်တော်ကြာပြီ။ ဒီတော့ ပိုက်ဆံ ပေးနိုင်တယ်”
သန်မာသော လူတစ်ယောက်က သူ၏ရင်ဘတ်ကို ပုတ်လျှက် ဆက်၍ ပြောသည်။
++++++ 281 01
အခန်း 281
“အရှင် ရွန် သူတို့ကလည်း ဒီနေရာကို ဖင်းမြေခွေးတွေ လာဖမ်းတာပဲ။ ဘာလို့ မတားတာလဲ”
ထိုနှစ်ယောက်က မြို့၏ အဓိကလမ်းဘက်သို့ အပြေးအလွှား သွားနေသည့်အချိန်တွင် လူမည်းက မနေနိုင်ဘဲ မေးသည်။
“ငါတို့က အနာဂတ်မှာ ဒီနေရာကို ဘယ်လိုလာပြီး ဖင်းမြေခွေးတွေ ဖမ်းမှာလဲ”
“ဟေ့ဟေ့”
ရွန်က ခြံဝန်းဘက်သို့လှည့်ကြည့်ရင်း ဆုတ်ယုတ်စွာ ပြုံးသည်။
“မစိုးရိမ်စမ်းပါနဲ့။ သူတို့ ဖင်းမြေခွေးတွေ မဖမ်းနိုင်ဘူး”
“ငါတို့ ဒီလူငယ်တွေရဲ့ အလောင်းကို ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားနေတာ။ ဒါဟာ ဒီတရုတ်တွေက လူကောင်းတွေ ဖြစ်နေမယ်လို့ မထင်ထားဘူး”
“သူတို့က ငါတို့အစား အပြစ်ကို ခံပေးလိမ့်မယ်။ ငါတို့အလှည့်ဆီ လာတဲ့အခါ အဆင်ပြေသွားပြီလေ”
“ဒါပေ့မဲ့ သူတို့အားလုံး ဒီမှာသေကုန်မှာပေါ့”
“ အရှင်ရွန် မင်း …”
လူမည်းက တစ်စုံတစ်ရာကို တွေးမိသွားပြီး မျက်လုံးက ပြူးသွားသည်။
“အဲဒါတင်မကသေးဘူး။ ငါတို့ ဒီည သူတို့ကို ကူညီပြီး ဖမ်းပေးရမယ်။ အဲဒီနောက် အိမ်ထဲက ဖင်းမြေခွေးတွေက ငါတို့အပိုင်ပြန်ဖြစ်ပြီ”
“ဒီနေရာက နယ်မြေခံတွေနဲ့ ဆက်ဆံရေးကိုတောင် တိုးမြှင့်နိုင်လိမ့်မယ်။ ဒီလိုဆိုရင် နောက်တစ်ခေါက် လိုအပ်လာတဲ့အခါ သူတို့က ငါတို့ကို ကူညီပြီး အမဲလိုက်ပေးလိမ့်မယ်”
…
“ဂွတ် ဂွတ် ဂွတ်”
လှောင်အိမ်ထဲမှ ဖင်းမြေခွေး အကောင်ပေါက်လေးတစ်ကောင်က သတိထားကာ ထရပ်လိုက်ပြီး ပြတင်းပေါက်အပြင်ပေါက်မှ ပုံရိပ်ကို ကြည့်ကာ နှာမှုတ်သံများကို ပေးသည်။
“မင်းက ငါတို့ကို လာပြီး နာကျင်အောင် လုပ်တာလား”
“ရှုူး”
ဆုပိုင်က သူ၏လက်ညှိုးကို နှုတ်ခမ်းနားကပ်လျှက် မြင်သာစွာ လက်ရမ်းပြရင်း ပြတင်းပေါက်ပေါ်သို့ ခုန်တက်သည်။ ထိုနောက် အိမ်ထဲသို့ ညင်သာစွာ ဝင်ရောက်ပြီးနောက်တွင် လှောင်အိမ်ထဲမှ ဖင်းမြေခွေးများကို ကြည့်ပြီး အရှေ့တွင် စောင့်ကြောင့် ထိုင်လိုက်ကာ တိရစ္ဆာန်ဘာသာစကားဖန်ရှင်ကို အသုံးပြုလိုက်ရင်း ပြောသည်။
“အသံမထွက်နဲ့။ ငါ ဒီနေရာမှာ မင်းတို့ကို လာကယ်တာ”
“ဂွက်”
“ဒါပေမဲ့ အဖေက သေသွားပြီ။ အမေကလည်း သေသွားပြီ”
ဖင်းမြေခွေးပေါက်လေးက မြေပြင်ပေါ်မှ အလောင်းကိုကြည့်ကာ သူ၏မျက်လုံးကြီးက စိုရွှဲ့လာသည်။ ထို့နောက် လေသံတိုးတိုးနှင့် ပြောသည်။
“သူတို့က ဘာလို့ ငါတို့ကို ဖမ်းထားလဲ”
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်းရှုပြီး လက်ကိုဆန့်ထုတ်လျှက် ထိုအကောင်ငယ်လေး၏ နဖူးကို အသာပွတ်လိုက်သည်။ ထို့နောက် တစ်ကောင်ပြီးတစ်ကောင် ထရပ်လာသော ဖင်းမြေခွေးများကို ကြည့်ပြီး လေးနက်သော လေသံနှင့်ပြောလိုက်၏။
“သူတို့အားလုံးက သောက်ကျိုးနည်းကောင်တွေ။ မင်းတို့ အသံမထွက်နဲ့နော်”
ထို့သို့ပြောပြီးနောက် ဆုပိုင်က တဖြည်းဖြည်းချင်းစီ ထရပ်လျှက် တံခါးနားသို့ ဂရုတစိုက် လျှောက်သွားသည်။ အိမ်အပြင်မှလာသော အသံများကို ကြားသောအခါ သူ၏နှုတ်ခမ်းထောင့်ကို တစ်ချက်သတ်ရင်း ခါးမှ ပစ္စတိုကို ဆွဲထုတ်လိုက်သည်။
“ကလစ်”
ဆုပိုင်က ချက်ချင်းဆိုသလို အပြင်ဘက်ကို ခုန်ထွက်လိုက်သည်။
“လောင်လိ ငါတို့ ဒီတစ်ကြိမ် ဖင်းမြေခွေးတွေအများကြီးကို သေချာပေါက် ဖမ်းနိုင်လိမ့်မယ်။ ငါတို့ ချမ်းသာတော့မယ်” …
“အဟမ်း။ အဲဒါနဲ့ …”
281 02
“မင်းက ဘယ်သူလဲ”
သူဌေးရွှေက သူ၏ထိုင်ခုံတွင် ထိုင်ရင်းတန်းလန်း ပြောနေချိန် ရုတ်တရက် အိမ်ထဲမှ လူငယ်တစ်ယောက် ခုန်ထွက်လာတာကို မြင်သောအခါ အံ့အားတကြီး အော်ဟစ်လေသည်။
“ဒိုင်း”
ဘေးဘက်မှ သန်မာသောလူက သူ၏ကျောဘက်သို့ လက်နှိုက်နေတာ မြင်သောအခါ ဆုပိုင်က ချက်ချင်းဆိုသလို ခလုတ်ကို နှိပ်လိုက်သည်။
ထိုနောက် ထိုလူတွင် သွေးများ ပန်းထွက်လာ၏။
“မလှုပ်နဲ့”
ဆုပိုင်က အရှေ့တွင်ရပ်နေသောလူများကို ကြည့်ပြီး အေးစက်စွာ ဆူပူသည်။
“မင်းတို့ရဲ့ လက်နက်တွေအားလုံးကို ထုတ်လိုက်”
“မြန်မြန်”
“လူယ်လေး ငါတို့အားလုံးက တရုတ်တွေပဲ။ ဘာလို့လဲ”
“ဒိုင်း”
ဆုပိုင်က လူအိုကြီး၏ခြေထောက်ကို ပစ်ရင်း ဒေါသတကြီး စိုက်ကြည့်ကာ ပြောသည်။
“မင်းတို့က တရုတ်တွေဖြစ်ဖို့ မတန်ဘူး။ အနာဂတ်မှာ တိရိစ္ဆာန်တွေအားလုံး မျိုးသုန်းပျောက်ကွယ် သွားခဲ့ရင် မင်းတို့က လူသတ်သမားတွေပဲ”
“လက်နက်တွေ ထုတ်လိုက်”
အချိန်တွေကြာပြီးနောက် ဆုပိုင်က မြေပေါ်မှ အမဲလိုက်သော လက်နက်ပေါင်းများစွာကို ကြည့်ရင်း သူ၏အမူအရာက သိသာထင်ရှားစွာ တုန်မှုန်လာပြီး ထိုအဖွဲ့ဟာ သေနတ်တင်မကဘဲ ဖောက်ခွဲရေးပစ္စည်း အသေးအစားများကို သယ်လာကြသည်။
သူတို့ဟာ ဖင်းမြေခွေးများ၏ အသိုက်ကို ဖောက်ခွဲရန် ကြံစည်ထားကြသည်။
တောရိုင်းတိရစ္ဆာန်များကို မှောင်ခိုရောင်းဝယ်သောသူများ အားလုံးက ကြမ်းတမ်းရက်စက်သော်လည်း ထိုလူများက ရွန်နှင့်အပေါင်းအဖော်ထက်ပင် သာသေးသည်။
ရိုးရှင်းသော ရည်ရွယ်ချက်က ဖမ်းစီးရန် ဖြစ်သော်လည်း တစ်သုတ်တည်းနဲ့ အားလုံးကို ဖမ်းမိချင်ပုံ ရသည်။
“ငါတို့ပစ္စည်းတွေ ပေးပြီးပြီ။ မင်း အထဲကမြေခွေးတွေ ခေါ်သွားလို့ရတယ်”
“လူငယ်လေး လျှောက်မရှုပ်နဲ့နော်။ ငါတို့အားလုံးက အသက်ရှင်ဖို့ ကြိုးစားနေကြတာပဲ”
“ဒီမှာပိုက်ဆံ။ ငါမင်းကို ပိုက်ဆံလဲ ပေးနိုင်တယ်”
လောင်လိက မြေပြင်တွင်လဲကျရင်း ခြေထောက်က ဒဏ်ရာကိုဖိကာ ပိုက်ဆံတစ်ချပ်ကို ထုတ်လျှက် ဆုပိုင်ကို ပစ်ပေးရင်း ပြောသည်။
“ငါတို့ အားလုံးက ဖင်းမြေခွေးတွေကို ကိုင်တွယ်နေတဲ့သူတွေပဲ။မင်းအနေနဲ့ တိရိစ္ဆာန်အနည်းငယ်အတွက်နဲ့ ဒီလိုလုပ်ဖို့ မတန်ဘူး”
“မင်းရဲ့ ပစ္စည်းကိုထုတ်”
“ဒိုင်း”
“ဒိုင်း”
“ဒိုင်း”
“အားးးးး”
နောက်ဆုံး လောင်လိထံမှ အော်သံနှင့်အတူ သန်မာသော လူနှစ်ယောက်လုံးက မြေပြင်မှ ရုတ်တရက် ခုန်ထွက်လျှက် တခြားအိမ်တစ်အိမ်ထဲသို့ ပြေးဝင်သွား ကြသည်။
ဆုပိုင်က ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် ပစ်ခတ်လိုက်သည်။ ထိုသို့ဖြင့် လောင်လိ၏ နဖူးကို မှန်သွားပြီး အိမ်ထဲမှလူများကို ကြည့်လေသည်။
“ဘုန်း”
281 03
တံခါးအဟကြား တစ်နေရာမှ အနက်ရောင် သေနတ်တစ်လက်က ထွက်လာလေသည်။ ထိုအချိန် ဆုပိုင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး သူ့၏ရှေ့မှ လူဝကြီးကို ကောက်ကိုင်လိုက်၏။
“ဒိုင်း”
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ခြေလဲလက်ငင်ဖြင့် ယိုင်ထွက်သွားပြီး နံရံပေါ်သို့ ပြင်းပြင်းထန်ထန် ကပ်မိသွားသည်။ သူ၏အရှေ့မှ လူဝကြီး၏ ရင်ဘတ်က ပေါက်ကွဲ သွားလေသည်။ ထို့နောက် သူဟာ အလောင်းကို မြေပေါ်သို့ ပစ်လိုက်ပြီး
“ဒိုင်း”
ဆုပိုင်က လက်ကို မြှောက်လျှက် သေနတ်ကိုချိန်ရွှယ်လိုက်သည်။ ခါးကိုပင် ကုန်းလိုက်ပြီး ဖင်းမြေခွေးများကို ဖမ်းထားသော အခန်းထဲသို့ အပြေးဝင်သွားလိုက်သည်။
ထို့နောက် လှောင်အိမ် တစ်ခုပြီးတစ်ခု ဖွင့်သည်။
“အားလုံးပဲ ပြတင်းပေါက်ဘက်က ထွက်ကြ”
သူက ဖင်းမြေခွေးများကို တစ်ကောင်ပြီးတစ်ကောင် ကောက်ယူလျှက် ပြတင်းပေါက်အပြင်ဘက်သို့ ပစ်ထုတ်ပေးသည်။
အပြင်မှလာနေသော ခြေသံများကို နားထောင်ရင်း ဆုပိုင်က နံရံကို တင်းတင်းကြပ်ကြပ်ကို ကပ်ကာ ပစ္စတိုကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။
“ဘုရားရေ။ ဒါက ဒါရိုက်တာဆုပိုင် ဟုတ်ရဲ့လား”
“လုံးဝကြီး ပြောင်းလဲသွားတာပဲ။ ဒါပေမဲ့ ငါ့ကိုလည်း စိုးရိမ်စေတယ်။ ဒီလူတွေက သေဖို့ ထိုက်တန်ပါတယ်။ တရားမဝင် လက်နက်တွေအများကြီးကိုလည်း ယူလာကြတယ်။ သူတို့က တရုတ်နိုင်ငံက လူကောင်းတွေ မဟုတ်နိုင်ဘူး။ ငါတို့ရဲ့တိုင်းပြည်က ဒီလိုတွေ လုပ်တာကို တားမြစ်ထားတာကိုလည်း ထည့်တွက်အုန်း”
“ဒါရိုက်တာ ဆုပိုင်က ထွက်မသွားသေးဘူး။ သူ ဘာလုပ်ချင်နေတာလဲ။ တစ်ဖက်သူတွေက လက်နက်ကြီးတွေ သယ်လာကြတယ်လေ။ အဲဒီလူဝကြီးရဲ့ကိုယ်ဆိုရင် တစ်ချက်တည်းနဲ့ ပေါက်ကွဲသွားတာ မမြင်ဘူးလား”
“သူက အိမ်အပြင်ဘက်က လူနှစ်ယောက်ကိုလည်း ကိုင်တွယ်ချင်နေတယ်လို့ ငါ ထင်တယ်။ ဒီလိုနဲ့ ဖင်းမြေခွေးတွေ ထွက်ပြေးနိုင်အောင် အချိန်ပေးချင်တာ ဖြစ်မယ်”
“ငါရဲ့သွေးတွေတောင် ဆူပွက်လာပြီ။ ငါတို့ဘယ်လိုများ ဒီလူတွေကို ကိုင်တွယ်သင့်လဲ။ သူတို့သာ ဒီလိုမျိုး မလုပ်ကြဘူးဆိုရင် အလုံးအရင်းနဲ့ မျိုးတုန်းမှုက ဖြစ်လာမှာ မဟုတ်ဘူး”
“ဟုတ်တယ်။ တိရစ္ဆာန်တွေက သေသွားရုံတင်မကဘဲ တရုတ်လူမျိုး သန်းရာပေါင်းများစွာကလည်း သေဆုံးသွားရတယ်။ ဒါတွေအားလုံးက သူတို့ကြောင့်ပဲ”
“သတိထား။ သေနတ်က လာနေပြီ”
လူတိုင်းက မတုံ့ပြန်နိုင်သေးခင်အချိန်တွင် ဒါရိုက်တာဆုပိုင်က အရင် လက်ဉီးမူယူကာ ပစ်ခတ်လိုက်မည်ဟု ဘယ်သူကမှ မထင်ထားကြပေ။ သူသည် တုံ့ဆိုင်းမူပင် မရှိချေ။
အနက်ရောင်သေနတ်ပြောင်းက တဖန်ချိန်ရွယ်လိုက်ပြန်သည်။ နောက်တစ်ခါ လူတိုင်း၏နှလုံးသားက ကြောက်ရွံ့မူဖြင့် သတိဆုပ်ကိုင်ရသလို့ ခံစားလိုက်ရသည်။
သူ၏မျက်လုံးက ပြူးကျယ်ရင်း ဖန်သားပြင်ကို ကြည့်နေသည့် အခိုက်အတန့်တွင် အသက်ပင် မရှုရဲကြတော့ချေ။
“ကျွီ”
သစ်သားတံခါးက တဖြည်းဖြည်းချင်းစီ တွန်းဖွင့်ခံရသည်။
ဆုပိုင်က ရင်ဘတ်ကို ဖြှောင့်မတ်ထားပြီး အပြင်သို့ အရင်ထွက်သော သေနတ်ဖန်ပြောင်းကို ကြည့်ကာ အံ့ကိုကြိတ်ထားသည်။ ထို့နောက် ရုတ်တရက် လက်ကိုဆန့်ထုတ်လျှက် ထိုပြောင်းကို လှမ်းလုလိုက်သည်။
“ဒိုင်း”
“မလှုပ်နဲ့”
“ဘုန်း”
ဆုပိုင်ကလည်း သူ၏လက်မှ ပြင်းထန်နာကျင်မှုကို ခံစားရပြီး အရှေ့မှ သန်မာသော လူကြီးကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။
“ဒိုင်း”
သူဟာ လက်ကို အရင်မြှောက်လျှက် တစ်ဖက်လူ၏နဖူးကို တိုက်ရိုက်ပစ်ခတ်လိုက်သည်။ ထို့နောက် ဆုပိုင်က မြေပြင်မှ လူသန်မာတစ်ယောက်ထံသို့ အပြေးအလွှား သွားလိုက်ကာ ခြေတစ်ဖက်ဖြင့် ရင်ဘတ်ကို ဆောင့်နင်းလိုက်သည်။
“ချွီ”
281 04
ထိုအခိုက် အနောက်ဘက်မှ နှာမှုတ်သံလိုအသံမျိုးကို ကြားရသည်။ ထိုနောက် ဆုပိုင်၏ ခြေထောက်နားသို့ ပုံရိပ်အချို့အပြေးလာပြီး ခုန်တက်လာကြသည်ကို မြင်လိုက်ရသည်။
“ဂျွတ် ဂျွတ် ဂျွတ်”
ဖင်းမြေခွေးများ ဆယ်ကောင်ကျော်ခန့်က လူသန်မာကြီးကို ဝိုင်းလာပြီး သူတို့၏ပါးစပ်များကို ဟလျှက် အစွယ်များကိုဖြဲပြရင်း ခပ်ကြမ်းကြမ်း ကိုက်ကြသည်။
“ဟူး”
မုဆိုးက သေသည်အထိ ကိုက်သတ်ခံရကြောင်း ကြည့်ပြီးချိန်တွင် ဆုပိုင်က စိတ်အေးစွာ သက်ပြင်း ချလိုက်သည်။
ဒါက ကံကြမ္မာအရပဲလို့ ပြောရမယ်။
မျှော်လင့်ထားစွာပင် ဖင်းမြေခွေးတစ်ဖွဲ့က မထွက်သွားခဲ့ဘဲ ပြန်ဝင်လာခဲ့သည် ။ သို့သော် …
အခုချိန်အထိ စနစ်က အောင်မြင်ကြောင်း အကြောင်းကြားသံ မရောက်လာခဲ့သေးချေ။ ကြည့်ရသည်မှာ ထိုမုဆိုးနှစ်ယောက်ကိုပါ ဖြေရှင်းရန် လိုအပ်လာပြီ။
“လာ”
အပြင်တွင် မှောင်နေပြီဖြစ်ကြောင်း သတိထားမိလိုက်၍ ဆုပိုင်က အနည်းငယ် တွေးတောပြီးသည်နှင့် မြေခွေးအဖွဲ့နှင့်အတူတူ တံခါးနားသို့ အပြေးသွားလိုက်သည်။
…
“ခေါင်းဆောင် ဒီတရုတ်လူမျိုးတွေက ဒီကလေးတွေကို သတ်တယ်ဆိုတာ သံသယ ဝင်စရာတောင် မရှိဘူး”
“သူတို့ရဲ့ လက်ထဲမှာ လက်နက်တွေနဲ့။ နောက်ပြီး သူတို့က ဖင်းမြေခွေးတွေကို အမဲလိုက်ဖို့ လာတာ”
“မင်းတို့ ငါ့ကို ယုံရမယ်နော်။ ဒီအမဲလိုက်သမားတွေ အားလုံးက အရမ်းရက်စက်တာ လူသားဆန်စိတ် မရှိကြဘူး”
ရွန်က ခြံဝန်းအပြင်ဘက်တွင် ရပ်လျှက် ဘေးဘက်က လူအိုကြီးကို လေးစားစွာ ပြောနေသည်။
“ငါတို့ရဲ့ ရိုးသားမှုကိုပြတဲ့အနေနဲ့ ငါကူညီပေးမယ်”
…
“ဒိုင်း”
ရွန်က တံခါးကို ကန်ဖွင့်ရင်း အော်သည်။
“မြန်မြန်လေး ထကြ”
အိမ်ထဲမှ ထွက်လာသော လူငယ်နှင့် အနောက်ဘက်မှ လိုက်လာသော ဖင်းမြေခွေးများကို မြင်သောအခါ ရွန်က ကြောင်သွားသည်။
“တံခါးပိတ်”
မရေမတွက်နိုင်သော အဖွဲ့ဝင်များနှင့် ရွာသူကြီးက ခြံဝန်းထဲသို့ တဖြည်းဖြည်းဆီ လျှောက်ဝင်လာရင်း လေသံတိုးတိုးနှင့် အမိန့်ပေးလိုက်သည်။ ထိုအခါ ခေါင်းကိုမော့ရင်း သူရှေ့မှ လူငယ်ကို စူးရှသောမျက်လုံးဖြင့် ကြည့်လိုက်သည်။
******
282 01
အပိုင်း 282
“ဖြန်း”
ထို့နောက် လူတိုင်း၏ နားထဲတွင် ပါးရိုက်သံက ကျယ်လောင်စွာ ဟိန်းထွက်သွားသည်။
ရွန်က သူ့မျက်နှာ သူအုပ်ပြီး သူ၏ဘေးဘက်မှ ရွာသူကြီးတဖြစ်လည်း ခေါင်းဆောင်ကြီးကို မယုံနိုင်စွာ ကြည့်ပြီး ခပ်တိုးတိုးပြောသည်။
“ခေါင်းဆောင် မင်း ဘာလုပ်တာလဲ”
“ဟီးဟီး”
ထိုခေါင်းဆောင်က ခေါင်းကိုလှည့်လျှက် သူ့အား တုန်မှုန်သော မျက်လုံးဖြင့် ကြည့်ကာ အေးစက်သော လေသံနှင့် မေးသည်။
“မင်းပြောတာ မှန်တာပဲ။ ငါတို့ရဲ့ကလေးတွေကို သတ်ပစ်သွားတာ တရုတ်လူမျိုးဆိုတာ သေချာလား”
“သေချာတာပေါ့”
“ဒီတရုတ်လူမျိုးတွေပဲ ဖြစ်ရမယ်။ ငါ ရွန်က ငါရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ မြင်လိုက်တာ သေချာပေါက်ကို မဟုတ်လား”
ဖြန်း
ခေါင်းဆာင်က သူ့ကို ခပ်ကြမ်းကြမ်း ပါးထပ်ရိုက်ပြန်သည်။ ထိုနောက် အနောက်ဘက်သို့ လှည့်ကြည့်၏။
“လာ လာ လာ”
လူငယ်တစ်ယောက်က အနောက်ဘက်မှ တုံ့ယင်စွာနှင့် ထွက်လာသည်။ ခေါင်းဆောင်ကို ကြောက်ရွံ့သောမျက်လုံးဖြင့် ကြည့်ပြီး ရွန်နှင့်တခြားတစ်ယောက်ကို လက်ညိုးထိုးကာ စူးရှစွာအော်ပြီး
“သူတို့ပဲ”
“ဝူး ဝူး ဝူး ဝူး”
“သူတို့က ဘော့စ်နှင့် တခြားလူတွေကို သတ်သွားရုံတင် မဟုတ်ဘူး။ ငါသာ တဲပေါ်မှာခိုးပြီး လဲနေတာကြောင့်သာ မဟုတ်ရင် ငါလည်း … “
“မင်းတို့အားလုံး လူလိမ်တွေ။ ဘော့စ်ရဲ့ ပိုက်ဆံ တစ်သောင်းကိုတောင် ခိုးသွားသေးတယ်။ လူလိမ်တွေ”
“ဒါက”
ရွန်၏ မျက်နှာက ပျက်သွားပြီး အနောက်ဘက်သို့ အလျင်အမြန် နောက်ဆုတ်သည်။
သူဟာ သူ၏အရှေ့မှ နယ်မြေခံများကို အေးစက်စွာ ကြည့်ပြီး အနောက်ဘက်သို့ တဖြည်းဖြည်းချင်းစီ ဆုတ်သွားလေသည်။
“မင်းတို့တွေ အတင်းမလုပ်နဲ့”
“ဒိုင်း”
စကားလုံးများက မဆုံးလိုက်ချေ။
လူတိုင်းကလည်း သူတို့၏အရှေ့မှ လူငယ်က ပစ္စတိုကို ခပ်မြန်မြန်ဆွဲထုတ်လိုက်လျှက် ရွန်၏ရင်ဘတ်ကို စဉ်းစားမနေပဲ ပစ်လိုက်တာ မြင်လိုက်ရသည်။
“ငါ”
“ငါ အညံ့ခံတယ်။ ငါ့ကို မသတ်နဲ့။ ငါ့ကို မသတ်နဲ့”
လူမည်းကလည်း လက်ထဲမှ သေနတ်ကို မြေမြင်ပေါ်သို့ ပစ်ချလိုက်ပြီး တုန်မှုန်သောမျက်နှာနှင့် လူအုပ်ကို ကြည့်လိုက်ကာ ဒူးထောက်လိုက်သည်။
“ဝေါင်း”
ခေါင်းဆောင်လာသော ဖင်းမြေခွေးက အော်သည်။ သူဟာ ချက်ချင်းဆိုသလို ခုန်လျှက် ထိုလူမည်းကို ခုန်အုပ်လိုက်သည်။
ထိုနောက် လူမည်း၏လည်ပင်းကို သူ၏သွားဖြင့် ကိုက်ဖောက်ပြီး ခပ်တိုးတိုးအော်သည်။
ခရက်စ်
လည်မျိုက အရှင်လတ်လတ် ဆွဲဖောက်ခံရ၏။
282 02
“ဝေါင်း”
ထိုနောက် သူဟာ ခေါင်းကိုမော့လျှက် အော်ပြန်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လူမည်းရဲ့ကိုယ်ပေါ်သို့လဲကျသွားပြီး ဆက်တိုက်ဆိုသလို တုန်လှုပ်နေလေသည်။
“ဟူး”
ခေါင်းဆောင်ကြီးကလည်း ဖင်းမြေခွေး၏ ညည်းသံကို နားထောင်ရင်း အသက်ပြင်းပြင်း ရှုသည်။ ထိုနောက် သူ၏ဘေးဘက်မှ လူငယ်၏နဖူးကို အသာပွတ်ပေးလိုက်သည်။ သူ၏အရှေ့မှ ဆုပိုင်ကို ပြန်ကြည့်သောအခါ သူဟာ တည်ငြိမ်သော လေသံနှင့် ပြန်ပြောသည်။
“ကျေးဇူးတင်ပါတယ်”
“အားဝမ် ငါတို့ကို အားလုံးပြောထားပြီးသား။ သူတို့က လောဘကြောင့် သေသွားတာ။ ဒါက မမျှတတာတော့ မဟုတ်ပါဘူး”
“ဘာပဲဖြစ်ဖြစ်”
ခေါင်းဆောင်ကြီးက တစ်ဖက်သို့လှည့်လျှက် အနားရှိလူတိုင်းကို ကြည့်ပြီးအေးစက်သော မျက်နှာနှင့် ပြောသည်။
“ငါတို့တွေ ဒီလူတွေကို ဖင်းမြေခွေးတွေကို အမဲလိုက်ခွင့် ပြုလို့ မရဘူး”
“ငါတို့ရဲ့ဘဝတွေကို လာပြီး နှောင့်ယှက်တာမျိုးကို ဖြစ်ခွင့်ပြုလို့ မရဘူး။ ဒီတစ်ကြိမ် ကလေး လေးယောက် သေသွားတယ်။ ငါတို့ မတားဘူးဆိုရင် နောက်တစ်ကြိမ် ကလေးတွေ အများကြီး ထပ်သေအုံးမှာပဲ”
“ကန္တာရတောင် မှော်ဆန်ပါတယ်။ ငါတို့ကလည်း ဒီတိရစ္ဆာန်တွေလိုပဲ ကန္တာရက မွေးမြူပေးထားတဲ့ သတ္တဝါတွေလို ဖြစ်နေတယ်။ ဒါ ကြောင့် ငါတို့ သူတို့ကို လေးစားပေးသင့်တယ်”
“သူတို့ကို အမဲလိုက်ခွင့် မပြုတော့ဘူး”
ဆုပိုင်က ခေါင်းဆောင်ကြီးကို ကြည့်ပြီး သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
“ဒီတာဝန်ဟာ ဒီနေရာတွင် အဆုံးသတ်သင့်လေပြီ”
ဖင်းမြေခွေးပေါင်းများစွာက သေဆုံးသွားပြီးသော်လည်း ဒီနေရာမှ ဖင်းမြေခွေးများကို ဆက်လက်ပြီး မထိခိုက်တော့အောင် တားမြစ်နိုင်သွားသည်။
“တီ။ တင်ဆက်သူက ဖင်းမြေခွေးတာဝန်ကို အောင်မြင်စွာပြီးမြှောက်သွားလို့ ဂုဏ်ယူပါတယ်”
“တီ။ တင်ဆက်သူက ဖင်းမြေခွေးများကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီတော့ (ချစ်စရာကောင်းတဲ့ သတ္တဝါတွေအတွက် အထူး) … ချစ်စရာကောင်းတဲ့ စွမ်းအင် အပေါင်းတစ်”
“စနစ်က ပြန်လည်ပို့ဆောင်ပေးတော့မှာ ဖြစ်လို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်တန့်ပါတော့မယ်”
သူ၏အရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသောအခါ ဆုပိုင်က ရုတ်တရက် ပြုံးလိုက်၍ ခုတင်ပေါ်မှ ထထိုင်လိုက်သည်။ ဒီတစ်ကြိမ် သူ့ကို ကောင်းကင်ပြာတိရစ္ဆာန်ရုံသို့ တိုက်ရိုက် ပြန်ပို့ပေးလိုက်သည်။
“ဘုရားရေ”
“ဒါဆို ငါ မနက်ဖြန် လေယာဉ်စီးပြီး ကမ်းခြေကို သွားရတော့မှာပဲ”
မည်သို့ပင်ဆိုစေ ထိုငါးပြတိုက် အသေးစားလေးကိုသာ အောင်မြင်စွာ တည်ဆောက် နိုင်ခဲ့ပြီးပြီဆိုရင် ဝေလငါးနှင့် လင်းပိုင်များကို အစားအသောက် သွားပို့ရန် လိုအပ်သေးလေသည်။
အခုအခါ ဥများအားလုံးက ဖောက်ပြီးသော်လည်း အလုံးအရင်းဖြင့် မွေးမြူရန် အချိန်လိုအပ်သေးသည်။
သူဟာ တံခါးကို တွန်းဖွင့်၍ အပြင်သို့ ထွက်လိုက်သောအခါ မြက်ခင်းထဲတွင် ခုန်ပေါက်နေသော ဖင်းမြေခွေးတစ်အုပ်ကို တွေ့လိုက်ရသည်။ အချို့ကမူ တပိုင်တို့နှင့် ဆက်သွယ် စကားပြောနေကြပြီ ဖြစ်သည်။
ဆုပိုင်က သူတို့ကို စိတ်အေးစွာ ခေါင်ညိတ်ပြလိုက်ပြီး တစ်ဖက်သို့လှည့်ကာ သန်းသည်။ ထို့နောက် ရုံးခန်းအတွင်းသို့ ပြန်ဝင်သွားလိုက်သည်။
တစ်ညလုံးနီးပါးလျှောက် ပြေးနေပြီးနောက်တွင် ဆုပိုင်က ခေါင်းအုံးကိုထိသည့်နှင့် အိပ်ပျော်သွားသည်။
282 03
“ဝါး”
“အဖေပိုင် ဒီအကောင်တွေမှာ နားရွက် အကြီးကြီးတွေရှိတာပဲ။ ကြည့် သူတို့က မီးရဲ့ အနက်ရောင် နားရွက်တွေထက် အများကြီးပိုခန့်။ ဟီးဟီး ငါရဲ့နားရွက်ကတော့ ဖြူဖွေးနေတာ တော်သေးတယ်။ ဘယ်လိုပဲကြည့်ကြည့် ကြည့်လို့ကောင်းတာပဲ”
ဝက်ဝံဖြူလေးက မတ်တပ်ထရပ်ရင်း ပန်ဒါကြီးရဲ့ နားရွက်ကို တစ်ချက် လျှက်ကာ ဂုဏ်ယူစွာပြောသည်။
တပိုင်က ထိုဝက်ဝံလေးကို တစ်ချက်ကြည့်လိုက်သည်။ ထို့အခါ ဝက်ဝံလေးက မြက်ခင်းပြင်ပေါ်မှ တိတ်တဆိတ်ကုန်းထသည်။ သူသည် တစ်ဖက်လူ၏ ခြေထောက်ကို ကိုက်လျှက် မြစ်ဘက်သို့ တဖြည်းဖြည်းချင်းစီ လျှောက်သွားလေသည်။
“မျိုးမစစ်လေး”
“မင်း ဒီရက်တွေမှာသာ မတိုက်ခိုက်ချင်ဘူးဆိုရင် ဘယ်လိုများ အမုန်းကို အဆက်ဖြတ်နိုင်မှာလဲ”
သို့ရာတွင် ထိုအကောင်၏ကြီးထွားနှုန်းဟာ မြန်ဆန်လွန်းသည်။ လအနည်းငယ်ခန့်ကြာလျှင် တပိုင်ကို ကျော်လောက်လေသည်။
“အခုထဲက ရှင်းထားရမယ်”
“အနာဂတ်မှာ မနိုင်တော့ရင် ဒုက္ခရောက်လိမ့်မယ်”
“အူး အူး အူး”
“ဝုတ်”
အာဟက ရုတ်တရက် ခေါင်းကို မော့လျှက် အဝေးသို့ ဆွဲခေါ်သွားခြင်းခံရသော ပိုလာဝက်ဝံကို တစ်ချက်ကြည့်ကာ အထင်သေးသေး ပြုံးသည်။
“ဝက်ဝံအရူးနှစ်ကောင်”
“ဉီးနှောက်ကို မရှိဘူး”
“ဘန်း။’
အာဟက မတ်တပ်ထရပ်ပြီး ဒီနေ့အတွက် ပျက်စီးစရာ တစ်စုံတစ်ရာကို သွားရှာတော့မည့်အချိန်တွင် ရုတ်တရက် ဖင်းမြေခွေးအကောင်လေးတစ်ကောင်က သူ၏ခေါင်းပေါ်သို့ ခုန်တက်သည်။
“ဝုတ်”
“မင်းအသက်ရှင်ရတာ ပင်ပန်းနေပြီလား”
တစ်ချက်ဖြတ်ရိုက်လိုက်ရုံနှင့် ထိုအကောင်လေးက လွင့်ထွက်သွားသည်။ အာဟက သူ့ကို မျက်လုံးများဖြင့် စူးရှစွာကြည့်ကာ ဒေါသကြီးကြီး ဟောင်သည်။ သို့ရာတွင် အရှေ့မှ အကောင်ငယ်လေးက ကြောက်ပုံမရချေ။ မြေပြင်ပေါ်မှ တုန်ခါနေသောခေါင်းဖြင့် ပြန်ခုန်ထရင်း သူ၏ကိုယ်ပေါ်သို့ ကုန်းတက်ပြန်ကာ ဟက်စကီး၏ နဖူးပေါ်တက်ပြန်သည်။
“ဝုတ် ဝုတ် ဝုတ်”
ဒီလောက်သေးငယ်တဲ့ ခန္ဓာကိုယ်လေးနဲ့ ဒီလောက် သန်မာတာလား။
သူ သဘာဝရဲ့ အမှိုက်ကောင်ကို ရှာတွေ့သွားတာလား။
အာဟက ဘေးဘက်ကို တစ်ချက်ကြည့်သည်။ ထိုနောက် ထိုအကောင်ပေါက်လေးကို မြေပြင်ပေါ်သို့ လက်ဝါးတစ်ဖက်ဖြင့် ဖိချထားလိုက်ကာ ပါးစပ်ကို ဟပြီး ဖင်းမြေခွေး၏ လည်တိုင်ကို ကိုက်ဆွဲလျှက် မြက်ခင်းထဲတွင် ခေါင်းကို ရူးသွပ်စွာ ခါရမ်းနေလိုက်သည်။
အချိန်တွေကြာပြီးနောက်
မြက်ခင်းထဲတွင် လှုပ်နေသော ခေါင်းပိုင်ရှင်အကောင်လေးကို မြင်ပြီးနောက်တွင် အာဟက ဂုဏ်ယူစွာ ပြုံးသည်။
“ဟွန့်”
“တိရစ္ဆာန်ရုံမှာ ငါမနိုင်တဲ့ တိရစ္ဆာန်တွေ သိပ်များတာမှ မဟုတ်တာ”
“ဒီအကောင်ငယ်လေးလောက်ကို သွားမရှုပ်နိုင်စရာအကြောင်းကို မရှိတာ”
သူဟာ ခပ်ကြမ်းကြမ်း စိုက်ကြည့်ပြီးနောက်တွင် ခေါင်းကိုမော့လျှက် အဝေးရှိ ဝက်ခြံသို့ လျှောက်သွားလိုက်သည်။
++++++