အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
283 01
အခန်း 283
“အတွင်းက ဝက်တွေကတော့ ဒီနေ့ အရမ်းတိတ်ဆိတ်လွန်းနေတယ်”
“မင်းတို့ကလေးရသွားတဲ့အခါ ကွာခြားသွားတာပဲ”
“ဒါပေမဲ့ …”
သူဟာ အိပ်စက်နေသော ခွေးတူဝက်တူကို မြင်ပြီးနောက်တွင် အာဟက သစ်ပင်အနောက်ဘက်သို့ ခပ်မြန်မြန်ဝင်ပုန်းလျှက် ဂရုတစိုက် ချဉ်းကပ်သွားလိုက်သည်။
“ဘန်း”
ရုတ်တရက် သူ၏ဖင်မှ နာကျင်မူကို ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်သည်။ ထိုအခါ ဖင်းမြေခွေးအကောင်ပေါက်လေး ဖြစ်နေပြန်ကြောင်း မြင်လိုက်ရပြန်သည်။
“အို ဘုရားရေ”
“သောက်ကျိုးနည်း အဆုံးမသတ်တော့ဘူးလား”
“ဝုတ်”
“အသံမထွက်နဲ့နော်။ ငါပြောတာ ကြားလား။ မင်း ငါရဲ့အကြံကို ဖျက်စီးရင် အဲဒီနောက် မင်း ဒီသွားကို မြင်လား ဟမ်။ မင်းကို သေအောင်ကိုက်လိုက်မယ်”
ထိုအကောင်လေးကို သတိပေးပြီးနောက်တွင် အာဟက ဝက်ခြံသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။
“ထွီ”
“အဖေ”
ရုတ်တရက် အနောက်ဘက်မှ အသံတစ်သံ ထွက်လာသည်။ အာဟက တောင်အောက်သွားပြီး ဖင်းမြေခွေးကို မယုံနိုင်စွာ လှည့်ကြည့်လိုက်သည်။
သူ ထိုအကောင်၏ ခန္ဓာကိုယ်ပုံသဏ္ဉာန်ကို ဂရုစိုက်ကြည့်ပြီး သူ့ကိုယ်သူပြန်ကြည့်သည်။
“မဖြစ်နိုင်တာ။ ဒီအကောင်ရဲ့မျက်လုံးက ဘယ်နေရာက မှားနေတာလဲ”
“ငါတို့ကြားက ကွာဟချက်ကို မမြင်နိုင်ဘူးလား”
“ဒါပေမဲ့”
သူဟာ ခေါင်းကိုလှည့်လျှက် အဝေးရှိ ဝက်ဝံအဖေနဲ့သားကို ပြန်ကြည့်သည်။ ထိုနောက် အာဟ နှုတ်ခမ်းကို တစ်ချက်သပ်လိုက်သည်။
“ဒါမှမဟုတ်”
“သားတစ်ယောက် မွေးစားတာကလည်း မဆိုးပါဘူး”
“ဒီလိုဆို ငါအနာဂတ်မှာ အရိုက်ခံရတဲ့အခါ ငါ့ကို အဖော်ပြုမဲ့လူတစ်ယောက်ရှိပြီ”
ထိုအတွေးများကိုတွေးပြီးနောက် အာဟက ခပ်မြန်မြန် အနောက်သို့ ပြန်လှည့်သည်။ ထိုနောက် ထိုအကောင်ပေါက်လေးကို ကောက်ကိုင်လျှက် အဝေးရှိ မြက်ခင်းဘက်သို့ အပြေးသွားလေသည်။
“ဘန်း”
သူဟာ ဖင်းမြေခွေးကို မြေပြင်ပေါ်သို့ တိုက်ရိုက်ပစ်ချလိုက်သည်။ အာဟကိုယ်တိုင်ကလည်း အရှေ့တွင် ဆောင့်ကြောင့်လေးထိုင်ပြီး မျက်လုံးကို မှေးကျင်းကာ ပြောသည်။
“ဒါဆိုရင် ငါမင်းအတွက် နာမည် စဉ်းစားပေးမယ်။ မင်းမှာ အမျိုးအစားတွေ အများကြီးရှိတာဆိုတော့ ငါမင်းကို ဖင်းမြေခွေးလို့ပဲ ခေါ်လို့မရဘူးလေ ဟုတ်တယ်မှတ်လား”
“ပန်ဒါကြီးရဲ့နာမည်က တပိုင်တဲ့။ သူရဲ့မွေးစားသားကိုကျတော့ ရှောင်ပိုင်လို့ခေါ်တယ်”
“ငါက အာဟဆိုတော့။ ဒါဆိုရင်”
“ဝုတ်”
“ဒါဆို မင်းဟာ အခုက စပြီး ဆန်းဟပဲ”
အာဟက မြေပြင်ပေါ်မှ စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး ထိုအကောင်ငယ်လေးကို အကြိမ်အနည်းငယ် ကိုက်သည်။ ထိုနောက် စိတ်လှုပ်ရှားစွာ ပြောသည်။
“ဒါပေမဲ့ မင်းငါ့ကို မင်းရဲ့ မွေးစားအဖေအဖြစ် အသိအမှတ် ပြုချင်ရင်တော့ အခြေအနေတွေ ရှိတယ်။ မင်း အဲဒီရူးကြောင်ကြောင်နဲ့ ဝက်ဝံလုပ်နေလို့ မရဘူး”
“ဆိုတော့ …”
283 02
သူက ပြောနေရင်းမှ အဝေးတွင် ခုန်ပျံကျော်လွှား သွားလာနေသော ထရိုင်းနိုဆောရပ် ရပ်စ်အကောင်ပေါက်လေးကိုကြည့်ပြီး အော်လိုက်သည်။
“အဲဒီကောင်ကို မြင်လား။ သူ့ကို သွားကိုက်လိုက်”
“မကြောက်နဲ့နော်။ သူက သွားပေါက်သေးတာ မဟုတ်ဘူး။ အကောင်သာ ကြီးနေတာ အလကား အသုံးဝင်တဲ့အကောင် မဟုတ်ဘူး။ အဖေက အဲဒီကောင်ကို တစ်ချက်တည်းနဲ့ ရိုက်သတ်လို့ ရတယ်”
“ဘာ မလုပ်ရဲဘူးလား”
“မကြောက်နဲ့။ မြန်မြန်သွား။ မင်းရဲ့ ဒီဒုတိယအဖေက မင်းကို ဒီနေရာက စောင့်နေမယ်”
“ကောင်းပြီ”
ထိုအကောင်ပေါက်လေး၏မျက်နှာက ကြောက်လှန့်မှုအပြည့် ရှိနေသေးသည့်တိုင်အောင် အဝေးရှိ ထရိုင်းနိုဆောရပ်ရက်စ်ထံသို့ တစ်လှမ်းချင်းစီ လျှောက်သွားနေကြောင်း မြင်သောအခါ အာဟက မြင်းမြင်းချင်း အလျှင်အမြန်လဲချလိုက်ပြီး မျက်လုံးကိုသာ ဖွင့်လျှက် စိတ်ဝင်တစား စိုက်ကြည့်နေလိုက်လေသည်။
“ဝုတ်”
ထို့နောက် ထရိုင်းနိုဆောရပ်ရက်စ်၏ အော်သံကို ကြားရသည်။ ဟက်စကီးက မြက်ခင်းထဲမှ ပစ်ခတ်လိုက်သော မြှားတစ်စင်းကဲ့သို့ အပြေးသွားပြီး ဖင်းမြေခွေးပေါက်လေးကို ကောက်ချီလျှက် တိစ္ဆာန်ရုံဝင်ပေါက်သို့ ပြေးလေသည်။
“ဒီကောင်က ဘယ်လိုကောင်လဲ။ တစ်ခုခုကို ငါက ကိုက်ခိုင်းရင် အမြှီးကိုကိုက်လေ။ ဘာလို့ မျက်နှာကို သွားကိုက်တာလဲ”
“ဒုက္ခပဲ”
“ဝေါင်း”
“ဟက်စကီး ငါ မင်းကို သတ်မယ်”
အဝေးမှ ကျယ်လောင်သော အောင်သံကိုလည်း ကြားရသည့် အာဟ၏ တစ်ကိုယ်တစ်ခုလုံးက တုန်ယင်သွားပြီး မြေပြင်မှ တုန်ခါမူကို ခံစားမိသောအခါ နောက်လှည့်မကြည့်ဘဲ ရုံးခန်းဘက်သို့သာ ပြေးလေသည်။
“ကယ်ပါ”
“ဒါရိုက်တာ ဆုပိုင်ရေ”
“ဒီထရိုင်နိုဆောရပ်က ရူးသွားပြီ”
…
ဇိမ်ခံဟိုတယ်ခန်းတစ်ခုထဲတွင်
“တစ်”
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက သူမ၏မျက်နှာပေါ်တွင် တစက်စက်ကျလာသော အရည်များကို ခံစားမိသောအခါ မျက်မှောင်ကိုကြုံ၍ မျက်လုံးကို ဖွင့်လိုက်သည်။ ထို့နောက် လက်ကို ဆန့်ထုတ်ရင်း လည်ပင်းသို့ စမ်းကြည့်၏။
ထို့နောက် ဘေးဘက်ရှိ မီးအိမ်ကို ကောက်ဖွင့်လိုက်ကာ သူမ၏လက်ထဲမှ တောက်ပနီရဲသော အရည်များကိုကြည့်ရင်း ခေါင်းကိုငုံ့ကာ အနံခံသည်။ ထို့နောက် မျက်နှာက ရုတ်တရက် ဖျော့တော့သွားသည်။
“သွေးတွေပဲ”
“ဘယ်လိုဖြစ်ပြီး ဒီမှာ သွေးတွေ ရှိနေတာလဲ”
“ယောက်ျား”
သူမဟာ ဘေးဘက်သို့ လှည့်လျှက် အော်သည်။ သို့ရာတွင် သူ့မယောက်ျားဖြစ်သူက အနားတွင် မရှိတော့ချေ။
283 03
“တစ်”
ထို့အခိုက် ခေါင်းအထက်မှနေ၍ သိပ်သည်းသော သွေးတစ်စက်က ကျလာပြန်သည်။ ရွှေရောင်ဝတ်စုံနှင့် အမျိုးသမီးက သူမရဲ့အရှေ့ဘက်သို့ကျလာသော သွေးများကို ကြည့်ပြီး အပေါ်သို့ မော့ကြည့်လိုက်သောအခါ
“အားးးး”
ထိုသို့ဖြင့် ထိုအခန်းအတွင်း စူးရှသောအော်သံက ပျံနှံသွားလေသည်။
“ဘိုင်း”
ခေါင်းအထက် မျက်နှာကျက်မှ ပုံပန်းပန်းပျက် အသတ်ဖြတ်ခံထားရသော အလောင်းတစ်ခုက ပြုတ်ကျလာသည်။
“ရှုး”
“အသံကိုတိုးထား”
ထိုအခိုက် ပြတင်းပေါက်အပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏ အေးစက်သောအသံက ထွက်လာသည်။
“အားလုံး အိပ်နေကြတယ်။ သူတို့နိုးသွားရင် ဒုက္ခရောက်လိမ့်မယ်”
အမျိုးသမီးက ကုလားထိုင်မှ တဖြည်းဖြည်းချင်းစီ ထလျှက် အကျောဆန့်သည်။ သူမက အနက်ရောင်ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်အမင်း လှပသော ခန္ဓာကိုယ်ကို အပြည့်အဝ ဖော်ပြသည်။
“ဟေ့ဟေ့”
သူမက ခုတင်ပေါ်သို့ ခပ်မြန်မြန် ခုန်တက်လာပြီး ရွှေရောင်ဝတ်စုံနှင့် အမျိုးသမီး၏လည်ပင်းကို အနောက်ဘက်မှ သိုင်းဖက်ကာ နားအနားကပ်လျှက် ခပ်တိုးတိုး ပြောသည်။
“ကောင်းကင်ဘုံကို မသွားချင်ဘူးလား”
“ကောင်းကင်ဘုံမှာ မှတ်ချက် ကောင်းကောင်းပေးဖို့ သတိရနော်”
“ဘိုင်း”
ထိုလက်တစ်ဖက်တည်းနှင့် သူမဟာ ရွှေရောင်ဆံပင်နှင့်အမျိုးသမီး၏ခေါင်းကို အနောက်မှ လိမ်ချိုးပစ်လိုက်သည်။ မျက်လုံးအပြူးသားနှင့် ကြည့်နေသေးသော အလောင်းကို ကြည့်ရင်း ထိုအနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးက နဖူးကို တစ်ချက် နမ်းလိုက်ကာ အပြုံးနှင့်ပြောသည်။
“နင့်ကို ဝန်ဆောင်မူပေးတဲ့လူပါ။ အနက်ရောင် မုဆိုးမတဲ့။ မမေ့နဲ့”
လမ်းများပေါ်တွင် …
သူမက အနီရောင်ညနေခင်း ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး လမ်းဘေး တစ်နေရာတွင်ရပ်လျှက် လူစည်ကားသော လမ်းကိုကြည့်ကာ အထင်တသေး ပြုံးသည်။၊
ထို့နောက် အရှေ့တွင် လာရပ်သော အနက်ရောင်ပြိုင်ကားကို ဖွင့်လျှက် အသွင်းသို့ ဝင်လိုက်လေသည်။
“တီ”
သူဟာ အရှေ့မှ ဖန်သားပြင်ကို တစ်ချက်နှိပ်လိုက်ပြီး ပေါ်နေသော အချက်အလက်များကို တစ်ချက်ဆွဲကာ ကြည့်သည်။
ရုတ်တရက် …
သူမ၏ရှေ့တွင်ပေါ်လာသော အချက်အလက် လဲလှယ်မှုမှတစ်ဆင့် သူမကိုယ်တိုင်ကလည်း ကြောင်အသွားရသည်။
“တရုတ်လား”
“ဟားဟား။ ငါ့ကို တရုတ်လူမျိုးတွေကို အမဲလိုက်ဖို့ အချက်အလက်တွေ ပို့တယ်ပေါ့”
ဓာတ်ပုံထဲမှ လူငယ်ကို မြင်သောအခါ သူမက တိတ်တဆိတ်ပြုံးသည်။
“ဆုပိုင်တဲ့လား။ ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာဆိုပဲ”
“ဆုကြေးက သန်းတစ်ရာတောင်။ ဒီလောက် တန်ကြေးရှိတာလား”
သူမက ဓာတ်ပုံကို တစ်ချက်ဖျက်လိုက်ပြီး ကားကို အရှိန်နှုန်းမြှင့်လျှက် အသံတိုးတိုးနဲ့အတူ ဝင်ရောက်ပျောက်ကွယ် သွားလေသည်။
++++++ 284 01
အခန်း 284
ကောင်းကင်ပြာ တိရစ္ဆာန်ရုံတွင် …
ဆုပိုင်က သန်းသည်။ သူမျက်လုံးကို ဖွင့်လိုက်ပြီး အိပ်ရာမှ ထထိုင်ကာ အချိန်ကို တစ်ချက်ကြည့်သည်။ အချိန်က မနက် ရှစ်နာရီသာ ရှိသေးသည်။
သူဟာ မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်လျှက် အမြင်မှားနေခြင်း ဟုတ်မဟုတ် သေချာအောင် လုပ်သည်။
“မနက် ရှစ်နာရီပဲ”
သူ တစ်နေ့လုံး အိပ်လိုက်တာလား။ ငါသည် တစ်နေ့လုံး၊ တစ်ညလုံး။
ဆုပိုင်က အိပ်ရာပေါ်မှ ခပ်မြန်မြန်ထပြီး သန့်ရှင်းရေးလုပ်ကာ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
ထိုအချိန်တွင် တိရစ္ဆာန်ရုံတွင် ပတ်ပျံနေသော ငှက်အချို့ကလွဲပြီး တခြားတိရစ္ဆာန်များက အိပ်စက်နေကြသည်။
လောင်ကျိုးနှင့် မိတ်ဆွေများကလည်း ဝက်ခြံထဲမှ ဝက်ပေါက်များကို သွားကြည့်နေကြသည်။
ထိုဝက်များ၏ကြိုးစား အားထုတ်မူများနောက်တွင် အကောင်ပေါက် ၁၉ ကောင်ကို သားပေါက် နိုင်ခဲ့သည်။
ထို့သို့ဖြင့် ဝက်ခြံတစ်ခုလုံးက သုံးဆခန့် ကျယ်သွားသည်။
အတွင်းတွင် ဝက်ပေါက် ရာကျော်ရှိနေပြီး မနက်အစောပိုင်း ဖြစ်သဖြင့် အော်ကြီးဟစ်ကျယ် ဖြစ်နေကြသည်။
ကြည့်ရတာ အချို့အဖြူရောင် ဝက်ပေါက်လေးတွေကို တိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေးဌာနကို ပေးမှထင်တယ်။
ဆုပိုင်က ခပ်တိုးတိုးရေရွတ်ရင်း တိရစ္ဆာန်ရုံဝင်ပေါက်နားရှိ မြက်ခင်းဘက်သို့ သွားလိုက်သည်။
“ဟယ်လို” …
အဝေးမှ ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတစ်ယောက်က တံခါးနားတွင်ရပ်နေပြီး လှမ်း၍ နှုတ်ဆက်သည်။ သူမက အစိမ်းဖျော့ရောင် ဝတ်စုံလေးကို ဝတ်ဆင်ထား၏။
“ဟယ်လို”
ဆုပိုင်က အနားသို့ ခပ်မြန်မြန် လျှောက်သွားရင်း အပြုံးနှင့် ပြောသည်။
“တိရစ္ဆာန်ရုံက ဆယ်နာရီအထိ ဖွင့်မှာ မဟုတ်ဘူး။ မင်း ရောက်လာတာ တအားစောနေတယ်”
“ဒါပေမဲ့ အထဲကိုဝင်ပြီး ဘေးဘီကိုတော့ ကြည့်လို့ရပါတယ်။ ဒါပေမဲ့ အကောင်လေးတွေက မနိုးသေးဘူး”
ထိုသို့ပြောနေပြီး ဆုပိုင်က တံခါးကိုဖွင့်လျှက် ထိုအမျိုးသမီးကို ဝင်စေသည်။
“လက်မှတ်အတွက်ကတော့ ဒီနေရာမှာ စကမ် ဖတ်လို့ရတယ်။ ၂၉၉ ယွမ်ပါ”
ဆုပိုင်က အနောက်သို့ ထွက်သွားတော့မည်အချိန်တွင် ရုတ်တရက် အနောက်မှ အမျိုးသမီးက အရှေ့တစ်လှမ်းတိုးလာကာ ပညာရှင်ဆန်သော အပြုုံးမျိုးနှင့် အရှေ့တွင်လာရပ်တာ မြင်လိုက်ရသည်။
“ငါကိုယ်ငါ မိတ်ဆက်ပါ့ရစေ။ ငါ့ရဲ့နာမည်က ကျိုးဝမ်ပါ။ ငါ ငယ်ငယ်ထဲက ပြည်ပမှာနေတာလေ။ ငါက ဇီဝဗေဒရှာဖွေမူကို လုပ်ဆောင်နေတာပေါ့။ နောက်ပြီး ငါဘွဲ့ ရခဲ့တာ …”
“နောက်ပြီး ငါက ဒီနေရာကို လာကြည့်တာ မဟုတ်ဘူး”
“ငါက နင်ရဲ့အနောက်က အသင်းကို အရမ်းလေးစားတာ။ ဒီတော့ ငါလည်း နင်ရဲ့အသင်းထဲ ပူးပေါင်းပြီး ငါရဲ့ကြိုးစားအားထုတ်မူတွေနဲ့အတူ တိရစ္ဆာန်တွေကို ကယ်ဆယ်ချင်တယ်”
ထိုအမျိုးသမီးပြောသော စကားကို ကြားသောအခါ ဆုပိုင်၏ပါးစပ်က အနည်းငယ် တွန့်သွားသည်။
သူ၏အနောက်တွင် မည်သည့်အသင်းမှ မရှိကြောင်း ပြောပြလိုက်လျှက် အကျိုးဆက်က တွေးကြည့်ရန် ခက်ခဲသည်။
284 02
“စိတ်မရှိပါနဲ့။ ငါရဲ့အသင်းက လူ မလိုသေးဘူး”
“မင်းက ဒီနေရာကိုလာပြီး အလုပ်လျှောက်ချင်တာဆိုရင်တော့ စိတ်ပျက်စေတော့မှာပဲ။ အခုလက်ရှိအခြေအနေမှာ တိရစ္ဆာန်ရုံက လူမလိုဘူး”
“ဒါရိုက်တာ ဆုပိုင်။ ကျေးဇူးပြုပြီး စဉ်းစားကြည့်ပါအုန်း။ ငါက ပြည်ပမှာ နေခဲ့တယ်ဆိုပေ့မဲ့ ငါ တိရစ္ဆာန်တွေကို တကယ်ချစ်တာပါ။ ငါသာ နင်ရဲ့အသင်းကို မဝင်နိုင်ဘူးဆိုရင်တောင်မှ တိရစ္ဆာန်ရုံထဲက အခြေခံအကျဆုံး အလုပ်ကိုတော့ လုပ်နိုင်ပါတယ်”
ကျိုးဝမ်ရဲ့မျက်လုံးထဲတွင် သုန်မှုန်သောအလင်းက တစ်ချက် ဖြတ်ပြေးသွားပြီး ခပ်မြန်မြန်ထပ်ပြောသည်။
“ကောင်းပြီလေ”
ဆုပိုင်က သူမကို အပေါ်အောက် စုံရေဆန်ရေ ကြည့်လိုက်ပြီးနောက် မျက်မှောင် ကြုတ်ကာ
“မင်း သေချာပြီလား”
တိုးတိုးပြောသည်။
“ဘာအလုပ်မဆိုလား”
“ဟုတ်တယ်။ ဘာအလုပ်မဆို အဆင်ပြေတယ်။ ငါ တိရစ္ဆာန်ရုံထဲမှာနေလို့ ရရင် ရပြီ”
ကျိုးဝမ်က ဖြောင့်မတ်မှန်ကန်စွာ ပြောသည်။ သူမရဲ့မျက်နှာတွင် မျှော်လင့်မှု အပြည့်ဖော်ပြထားသည်။
“ဒါဆိုရင်လည်း ကောင်းပြီလေ။ ဒီနေ့ကို အစမ်းအဖြစ် သတ်မှတ်လိုက်တာပေါ့”
“လောင်ကျိုး”
ဆုပိုင်က အဝေးရှိ လောင်ကျိုးကို လက်ရမ်းပြပြီး အရှေ့မှ အမျိုးသမီးကို လက်ညှိုးပြန်ထိုးပြကာ ပြောလိုက်သည်။
“ဒီနေ့ အလုပ်လာလျှောက်တဲ့ ဝန်ထမ်းအသစ်တစ်ယောက်ရှိတယ်။ သိပ်မကြာခင် ငါးပြတိုက်က ဖွင့်တော့မှာဆိုတော့ မင်းတို့လည်း အဲဒီကိုသွားဖို့ လိုအပ်လောက်တယ်။ လောင်ကျိုး”
“သူမက ဒီနေ့ အစမ်းစဆင်းမဲ့ နေ့ရက်ပဲ။ ဒါကြောင့် ဝက်ခြံကိုခေါ်သွားပြီး အစာ ကျွေးခိုင်းကြည့်လိုက်လေ”
“ဒါပေမဲ့ ငါ မင်းကို ဒါတော့ ပြောထားရမယ်”
ဆုပိုင်က ကျိုးဝမ်ကို လှည့်ကြည့်ပြီး လေးနက်သောလေသံနှင့် ပြောသည်။
“မင်း ဒီအလုပ်ကို မလုပ်နိုင်ဘူးဆိုရင် ထွက်သွားရမယ်။ ဟုတ်ပြီလား”
ထိုသို့ ပြောပြီးနောက် ဆုပိုင်က အနောက်ကို လှည့်လျှက် ရုံးခန်းဘက်သို့ ပြန်လျှောက်သွားသည်။
“ဟွန့်။ ဒါက လန်းတာလား”
ကျိုးဝမ်က ဆုပိုင်၏ကျောပြင်ကို ကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့သည်။ ထို့နောက် တဖန်ပြန်ပြုံးလျှက် သက်လတ်ပိုင်း လူဘက်သို့ လျှောက်သွားကာ ပြောလိုက်သည်။
“အစ်ကိုကျိုး။ ငါတို့ ဒီဝက်တွေကို ဘယ်လိုလုပ်ကြမှာလဲ”
“မစိုးရိမ်ပါနဲ့။ ငါက ပြည်ပက ထိပ်တန်းတက္ကသိုလ်ကနေ ဘွဲ့ရထားတာလေ။ နောက်ပြီး ဇီဝဗေဒရှာဖွေလေ့လာမူမှာ လုပ်ဆောင်ခဲ့ဖူးတာဖြစ်လို့ ဒီအလုပ်ကိုတော့ လုပ်နိုင်ပါတယ်”
“ကောင်းပြီလေ”
“ဒါဆို ကောင်မလေး။ ငါရဲ့နောက်ကို လိုက်ခဲ့”
လောင်ကျိုးက သူမကို ထူးဆန်းသလို့ ကြည့်လိုက်ပြီး လေသံတိုးတိုးနှင့် ပြောသည်။
“ဒါရိုက်တာ ဆုပိုင်က ဘာကို ဆိုလိုတာလဲ”
“ဒီကောင်မလေးကို အလုပ်မခန့်ချင်တာလား”
တိရစ္ဆာန်ရုံက ယခင်ကကဲ့သို့ မဟုတ်တော့ချေ။ ယခု ဝက်အရေအတွက်က နှစ်ရာနီးပါး ဖြစ်လာလေပြီ။
284 03
သူ့အတွက်ပင် အတန်ငယ် ဖိအားများနေပြီးသားဖြစ်သည်။ ကျိုးဝမ်နှင့် မြှောင်ထိုက်တို့က ကူညီပြီး အစာကျွေးပေးမည်ဆိုလျှင်ပင် ကောင်မလေးတစ်ယောက်တည်းက ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
တစ်နာရီခန့်ကြာပြီးနောက် …
“ရှောင်ကျိုး။ မင်းက တအားတော်တာပဲ”
“လူတစ်ယောက်တည်းနဲ့ ဝက်စာပုံးအပြည့် သယ်နိုင်တယ်။ တကယ် အံ့ဩဖို့ကောင်းတာပဲ”
“ဒါပေမဲ့ ငါမင်းကို အလုပ်အဝတ်အစား ပြောင်းလဲဖို့ အကြံပေးချင်တယ်။ ငါ အခုလေးတင် မင်းကို အလုပ်အဝတ်အစား ပြောင်းဝတ်ဖို့ အကြံပေးတော့ မင်းက ငြင်းတယ်လေ။ မင်းရဲ့အဝတ်တွေ အလကား ဖြစ်ကုန်ပြီ”
လောင်ကျိုးက ဝက်ခြံအပြင်ဘက်တွင် ရပ်နေရင်း ပြင်းပြင်းထန်ထန်ကြိုးစားနေသော ကောင်မလေးကို ကြည့်ကာ မနေနိုင်ဘဲ လက်မထောင်ပြလိုက်မိသည်။
“တကယ် တော်တာပဲ”
“ပြည်ပက လာတဲ့လူတွေအားလုံးက ခြားနားတယ်ဆိုတာ အမှန်ပဲ။ ကြည့်ပါဉီး”
“ဒီကောင်မလေးဆိုရင် ပင်ပန်းမှုဒဏ်ကို ခံနိုင်တယ်”
“အစ်ကိုကြီး ငါတို့ ငါးပြတိုက်ကို တကယ်သွားရမှာလား။ ဒါဆိုရင် ဒီဝက်တွေကို တကယ်ပဲ ဒီကောင်မလေးနဲ့ လွဲထားခဲ့လို့ ရပါ့မလား”
“သူတစ်ယောက်တည်းသာဆိုရင် မနက်ကနေညအထိ တောက်လျှောက် ကျွေးနေရလိမ့်မယ်”
“နောက်ပြီး တာဝန် လဲတတ်ပြီး ဝက်စာအတွက် မြက်တွေခူးရအုန်းမယ်။ ဒီကိစ္စကို သူက ကိုင်တွယ်နိုင်ပါမလား”
ကျိုးကျန်းက ဘေးဘက်တွင်ရပ်လျှက် သူ၏ရှေ့မှ ကောင်မလေးကို ထူးဆန်းသလို့ကြည့်ပြီး လေသံတိုးတိုးနှင့် ပြောသည်။
“နောက်ပြီး သူက ပြည်ပက ပြန်လာခါစ မဟုတ်လား။ ဒါရိုက်တာ ဆုပိုင်က အရင်က အခြားတိုင်းပြည်တွေနဲ့ မကျေလည်မှုတာတွေ ရှိတယ်ဆိုတော့ ငါတို့ သတိထားရမယ်”
“သူမက မိန်းမငယ်လေးတစ်ယောက်ပါ။ နောက်ပြီး နာမည်ကြီး တက္ကသိုလ်ကနေလည်း ဘွဲ့ရထားတာ။ ဒါပေမဲ့ ဘယ်လိုပဲကြည့်ကြည့် ပုံမှန် မဟုတ်ဘူး”
“ပေါက်ကရတွေ မပြောနဲ့”
“ဒါရိုက်တာ ဆုပိုင်က ဘာဖြစ်နေလဲဆိုတာ နားလည်လိမ့်မယ်”
လောင်ကျိုးက မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ဒါရိုက်တာ ဆုပိုင်က သူမတစ်ယောက်တည်းကို ဘာလို့ ဝက်စာကျွေးခိုင်းတယ်လို့ ထင်လဲ။ ဒါရိုက်တာ ဆုပိုင်က တစ်ခုခုကို ရှာတွေ့ထားလို့ ဖြစ်လိမ့်မယ်”
“တိုးတိုးနေရအောင်။ သူမတစ်ယောက်တည်း လုပ်ခိုင်းလိုက်အုန်း။ သူမက အစစ်အမှန်အရောင်တွေ ထုတ်ပြလာမှ ငါတို့လည်း …”
“နားလည်ပြီ”
ကျိုးကျန်းက သူ၏နှုတ်ခမ်းထောင့်မှ အမာရွတ်ကို တစ်ချက်ရက်ရင်း အလေးအနက် ခေါင်းညိတ်သည်။
ထိုနောက် ဝက်ခြံဘက်သို့ ခပ်မြန်မြန် လျှောက်သွားလိုက်ပြီး အတွင်းရှိ အလွန်များပြားနေသော ဝက်ချေးများကို ကြည့်ကာ ပြောသည်။
“ရှောင်ကျိုး ဝက်စာကျွေးပြီးရင် မင်းအနေနဲ့ ဒီအရာတွေကို နေ့တိုင်းလိုလို သန့်ရှင်းဖို့ လိုအပ်လိမ့်မယ်။ မေ့မနေနဲ့အုန်း”
“ငါတို့ ဝက်တွေအတွက် ကျွေးရမဲ့အရာတွေကို မင်းကို ကူညီပြီး သွားခူးပေးမယ်။ ငါ့အထင် ဒါတွေကို သန့်ရှင်းပြီးတာနဲ့ ဝက်စာ ထပ်ကျွေးရလောက်တယ်”
ကျိုုးဝမ်က ကြောင်သွားသည်။ သူက လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လျှက် အသက်ပြင်းပြင်း ရှုသည်။
ထို့နောက် အပြုံးနှင့်အတူ မော့ကြည့်ကာ သူမ၏ဝက်စာများ ပေနေသည့် ဆံပင်ရှည်များကို တစ်ချက်ခါရင်း အပြင်ဘက်မှ လူနှစ်ယောက်ကို ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့”
“မစိုးရိမ်ပါနဲ့။ ငါ အစာကျွေးပြီးတာနဲ့ ဒါတွေကို ချက်ချင်းရှင်းလိုက်မယ်”
“အား”
“သောက်ကျိုးနည်း ငါရဲ့စိတ်က ပေါက်ကွဲတော့မယ်”
သူမဟာ စိတ်ထဲတွင် အကြိမ်အနည်းငယ်ခန့် အော်ဟစ်လိုက်ပြီးနောက် ပြန်လည်ပြီး ပုံးကို ကိုင်လိုက်ပြန်သည်။
++++++ 285 01
အခန်း 285
“မလုနဲ့။ မလုနဲ့။ ဒီမှာ ရှိသေးတယ်”
“ဒီမှာလေ။ ဒီဘက်ကိုလာ”
“ဝုန်း”
ထိုအခိုက်အတန့်တွင် ဝက်ခြံတိုင်ပေါ်မှ ငှက်တောက အောက်ဘက်ရှိ အလုပ်များနေသော ကောင်မလေးကိုကြည့်ပြီး သဘောတကျ ပြောလေသည်။
“ကျွတ် ကျွတ် ကျွတ်”
“အလှလေး မင်းရဲ့အဖေက စစ်နတ်ဘုရားလား”
“ဘာကို ဆိုလိုတာလဲ”
“စစ်နတ်ဘုရား ဟုတ်လား”
ကျိုးဝမ်က စိတ်ရှုပ်ထွေးသော မျက်နှာထားနှင့် အရှေ့မှ ကြက်တူရွေးကို မော့ကြည့်သည်။ သူ၏ကိုယ်ပေါ်ရှိ အမွှေးတိုင်းက ရောင်စုံအလင်းများဖြာထွက်နေသည်။
သူမသည်လည်း ကောင်းကင်ပြာ တိရစ္ဆာန်ရုံသို့ မလာခင်ကတည်းက ထိုအကောင်ကြောင်း သိထားပြီးသား ဖြစ်သည်။ ထိုကြက်တူရွေးကသာ လူသားများနှင့် ဆက်သွယ်နိုင်သော တစ်ကောင်တည်းသော တိရစ္ဆာန်ဖြစ်သည်။
“ဟီးဟီး”
“ဘာကို ဆိုလိုတာလဲ ဟုတ်လား”
“ငါ ပြည်ပမှာ နေခဲ့တယ်ဆိုပေမဲ့လည်း …”
“အို”
“မကောင်းတော့ဘူး”
ငှက်တောက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါ၍ တစ်စုံတစ်ရာကို ရေရွတ်ကာ ပြောလေသည်။
“ဗီဒီယိုထဲက အရာတွေအားလုံးက မှန်ကန်မယ်လို့ ငါထင်နေတာ”
“စစ်နတ်ဘုရားက အိမ်ကို ပြန်လာတယ်။ အဲဒီနောက် သူ့သမီးကို ဝက်ခြံထဲမှာ ရှာတွေ့လိုက်တယ်”
“လက်စသတ်တော့ အားလုံးက အတုအယောင်တွေပဲ”
“တကယ်သာ မှန်နေရင် ကောင်းမှာပဲ။ မင်းရဲ့ အဖေက စစ်နတ်ဘုရားသာဆိုရင် သူက ဒါရိုက်တာ ဆုပိုင်ကို သေချာပေါက် သင်ခန်းစာပေးပြီး မထောင်လွှားအောင် ကိုင်တွယ်လိုက်မှာ”
သူကိုယ်တိုင်ကလည်း ထိုငှက်တောက မည်သည့်စကားများ ပြောနေကြောင်း နားမလည်သည့်တိုင်အောင် ငှက်တောက ဒါရိုက်တာ ဆုပိုင်နှင့် ပတ်သတ်ပြီး လေးနက်သော အထင်မြင်ချက်များရှိတာ တွေ့ရပေမည်။
“ကောင်းလိုက်တာ”
ကျိုးဝမ်က လက်ထဲက ဝက်စာပုံးကို ခပ်မြန်မြန်ချလျှက် ခြံစည်းရိုးနားသို့ သွားသည်။ ထိုနောက် အရှေ့မှ ကြက်တူရွေးကို သူမ၏အရည်လဲ့သော မျက်လုံးကြီးများဖြင့် ကြည့်ကာ ခပ်တိုးတိုး ပြောသည်။
“ကောင်းပြီ။ ငါ ဒီနေ့မှ ဒီကိုရောက်တာ။ ငါ တိရစ္ဆာန်ရုံက အခြေအနေတွေကိုလည်း သိပ်သိသေးတာ မဟုတ်ဘူး”
“နင် ဒါရိုက်တာ ဆုပိုင်အကြောင်း ငါ့ကို ပြောပြလို့ရမလား”
“ဟူး”
ငှက်တောက နှာခေါင်းကို ရှုူံ့သည်။ ထို့နောက် မျက်လုံးကို လှန်လိုက်ရင်း တောင်ပံကို ခတ်ကာ အဝေးသို့ ခုန်ထွက်သွားသည်။
“မြန်မြန်လေး သွားပြီး သန့်ရှင်းရေး လုပ်စမ်းပါ။ နံလိုက်တာ”
“ဘုရားရေ။ ငါ ဒီလောက်နံဟောင်နေတဲ့ မိန်းမမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ကြောက်စရာ ကောင်းလိုက်တာ”
“မင်း ဒါရိုက်တာ ဆုပိုင်အကြောင်း သိချင်ရင် အရင်ဉီးဆုံး ဒီည သစ်လုံးအိမ်ကို သွားကြည့်သင့်တယ်။ အဝတ် လျော့ဝတ်သွားဖို့ သတိရအုန်း”
ကျိုးဝမ်က ရွံ့ရှာသော မျက်နှာထားနဲ့ အဝေးသို့ ထွက်ပြေးသွားသော ငှက်တောကို တစ်ချက်ကြည့်ရင်း အော်ဟစ်သည်။
“အားးး”
“သောက်ကျိုးနည်း ဝက်”
သူမဟာ ချက်ချင်းဆိုသလို အော်ဟစ်လိုက်သည်။ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဝက်စာများ ပြည့်နှက်နေသည်။ ထိုတွင်သာမကသေးချေ
စေးကပ်နေသော ဝက်ချေးများကို တက်နင်းမိသောကြောင့် အနံက နံဟောင်နေတာကို ကျိုးဝမ်က သေချင်သွားသည်။
285 02
“ဟ တစ်ချိန်က ဒီလို ဒုက္ခခံရဖူးတော့လည်း”
သူမက အသက်ပြင်းပြင်းရှုပြီး ကိုယ့်ကိုကိုယ်တည်ငြိမ်အောင် ထိန်းသည်။ ထို့နောက် အောက်သို့ ငုံ့ကိုင်းကာ ဝက်စာပုံးကို ပြန်ကောက်ယူပြီး ဂိတ်ဝကိုဖွင့်၍ အပြင်ဘက်သို့လျှောက်ထွက်ရန် ကြံစည်လိုက်သည်။
“ဘန်း”
ရုတ်တရက် အနောက်ဘက်မှ ကြီးမားသောအားက ဝင်ရောက်လာပြီး သူမကို တိုက်သွားသည်။
“ဟမ်းဟမ်းဟမ်းဟမ်း”
သူတို့အပြင် ကြီးမားသော အဖြူရောင်ဝက်များက အပြေးအလွှား ထွက်လာကြသည်။ အစာရှာနေသော ဝက်ပေါက်လေးက ထိုအခြေအနေကို မြင်သောအခါ သူသည်လည်း အပြေးထွက်လာသည်။
“ဝူးဝူးဝူး”
မြက်ခင်းပြင်ပေါ်တွင် ပြေးလွှားနေသော ဝက်တစ်အုပ်ကို မြင်သောအခါ ကျိုးဝမ်က သူမ၏လည်မျိုက တစ်ဆို့သွားသလို ခံစားရသည်။
“ခက်ခဲလိုက်တာ”
“ငါ ဒီလိုမှန်းသာ သိခဲ့ရင် ငါ ဒီတာဝန်ကို မယူခဲ့ပါဘူး”
“ဝုတ်”
“ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။ ပုန်ကန်တာလား”
တပိုင်က အသံကိုကြားတဲ့အခါ ရုတ်တရက် မြက်ခင်းပေါ်မှ ခေါင်းထောင်လာသည်။ သူ့ဆီ အပြေးအလွှား ထွက်လာသော ဝက်တစ်အုပ်ကို မြင်သောအခါ သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားသည်။
“ဝုတ်”
“သားရေ ပြေးတော့ ပြေးတော့ ဝက်တွေ လာနေပြီ”
သူဟာ နောက်သို့လှည့်ပြီး ထရိုင်းနိုဆောရပ်၏ပိုင်နက်နယ်မြေသို့ ပြေးလေသည်။
…
တိရစ္ဆာန်ရုံထဲတွင် ထို့သို့ပွက်လောရိုက်နေသော်လည်း တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားသော ဆုပိုင်က မည့်သည့်အသံကိုမှ မကြားပေ။ သူက အရှေ့မှ စနစ်၏ဇယားကိုသာ မျက်လုံးပြူးပြီး ကြည့်နေသည်။
“ဘာ ရီဖရက်စ်(refresh)မှ မရှိဘူးလား”
ဖင်းမြေခွေးအပိုင်းအစနဲ့ လဲလှယ်ပြီးနောက် စနစ်၏မောလ်က ရီဖရက်စ်(refresh) မဖြစ်လာဘူး။
“မဟုတ်သေးပါဘူး။ ရီဖရက်စ်(refresh)ထားတယ်”
“ဖင်းမြေခွေးအပိုင်းအစက ကုန်သွားတယ်”
“တိရစ္ဆာန်အပိုင်းအစ မောလ်”
အယ်လ်ဖာဂါအပိုင်းအစ မတ်တပ်အစက်နှစ်စက်။ ဆန်းသစ်မှုအမှတ် ငါးသောင်းနှင့် လဲလှယ်နိုင်ပါတယ်။ (ချစ်စရာကောင်းသော တိရစ္ဆာန်တွေအတွက် အထူးအစီအစဉ်)
ကိုအာလာအပိုင်းအစ မတ်တပ်အစက်နှစ်စက်။ အံ့အားသင့်မှုအမှတ် ငါးသောင်းနှင့် လဲလှယ်နိုင်ပါတယ်။ (ချစ်စရာကောင်းတဲ့ တိရစ္ဆာန်များအတွက် အထူးအစီအစဉ်)
စောင်းကောက်ဖျံ။ (အဖြူရောင်အမွှေးနှလေးများရှိသော ဖျံအမျိုးအစားတစ်မျိုး။ မတ်တပ်အစက်တစ်စက်။ အယ်လ် သို့မဟုတ် အမှတ် ငါးသောင်းနှင့် လဲလှယ်နိုင်ပါတယ်။) (ချစ်စရာကောင်းသော သတ္တဝါများအတွက် အထူးအစီအစဉ်)
လက်ချောင်းမျောက်အပိုင်းအစ မတ်တပ်အစက်နှစ်စက် အယ်လ် သို့မဟုတ် အမှတ် ငါးသောင်းနှင့် လဲလှယ်နိုင်ပါတယ်။ ( ချစ်စရာကောင်းသော သတ္တဝါ အထူးအစီအစဉ်)
…
ဆုပိုင်က အကြိမ်ရေများများဖွင့်စေကာမှု တိရစ္ဆာန်အပိုင်းအစ မောလ်က မပြောင်းသွားခဲ့ချေ။
ဆိုလိုသည်မှာ အခုတစ်ကြိမ်ပေါ်လာသော အပိုင်းအစများအားလုံးက လဲလှယ်ပြီးမှသာ ရီဖရက်စ်(refresh) ပြန်ဖြစ်ပေလိမ့်မည်။
285 03
“စနစ်။ ဘာလို့မပြောင်းလဲတာလဲ။ မောလ်ထဲက ရီဖရက်စ်(refresh) မဖြစ်ဘူး”
ဆုပိုင်က ကူရာမဲ့စွာ မေးလိုက်သည်။
“ပိုင်ရှင်။ စနစ်က မောလ်ကို တိုးမြှင့်ပြီးတဲ့နောက်မှာ အထူးအပိုင်းစတွေက ရီဖရက်စ်(refresh) ဖြစ်လာတယ်။ ဒါတွေ အားလုံးကို အောင်မြင်စွာ လဲလှယ်ပြီးမှပဲ ရီဖရက်စ်(refresh) ပြန်ဖြစ်ပါလိမ့်မယ်”
“ပိုင်ရှင်။ သတိထားရမှာက ဒီအထူးအစီအစဉ်တွေအားလုံးက ချစ်စရာကောင်းတဲ့ သတ္တဝါတွေအတွက် ဖြစ်နေတဲ့နောက်ပိုင်းမှာ အဆိပ်ရှိ သတ္တဝါတွေအတွက် အထူးအစီအစဉ်၊ လုပ်ကြံသတ်ဖြတ်နိုင်တဲ့ သတ္တဝါတွေအတွက် အထူးအစီအစဉ်စသဖြင့် ပါလာဖို့ ရှိတယ်”
“နောက်ပြီး စနစ်က ဆက်လက်ပြီး တိုးမြှင့်နေတုန်းပဲ”
“ပိုင်ရှင်ရဲ့တာဝန်တွေက ခက်ခဲမှုကို သတိထားမိခြင်းအားဖြင့် စနစ်ကလည်း ဒီလိုမျိုးနွယ်ပေါင်းများစွာရဲ့ အပိုင်းအစတာဝန်တွေကို အတန်းလိုက် ထုတ်ဖော်ပေးဖို့ စဉ်းစားဆင်ခြင်မိတယ်။ ဒီလိုအစီအစဉ်ကို လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်”
စနစ်ထံမှ တုန်ပြန်မှုကို ကြားသောအခါ ဆုပိုင်ရဲ့ နှုတ်ခမ်းက တွန့်သွားသည်။
ကြည့်ရသည်မှာ ယခင်ကကဲ့သို့ မဲနှိုက်တဲ့ပုံစံဖြင့် ရီဖရက်စ်(refresh)ဖြစ်နှုန်းက ပျောက်ကွယ် သွားလောက်လေပေ။
စနစ်၏ ရီဖရက်စ်(refresh)လုပ်ပေးသော အပိုင်းအစများက တစ်ခဲနှက် မတူညီတော့ချေ။ ဆန်းသစ်မှုအမှတ် နှစ်သန်းနှင့် ပတ်သက်သော သတ္တဝါများအပြင် နှစ်သိန်းခန့်သာရှိသော သတ္တဝါမျိုးများလိုလည်း မမြင်ရတော့ချေ။
သို့ရာတွင် ဂရုတစိုက် တွေးတောဆင်ခြေပြီးနောက် စနစ်၏တိုးမြှင့်မှုက အကြံဆိုးမဟုတ်ကြောင်း သိလိုက်ရသည်။ မည်သို့ပင်ဆိုစေ အနာဂတ်တွင် ပြီးမြှောက်အောင်မြင်စွာလုပ်နိုင်ခြင်း မရှိမည့် အပိုင်းအစများ ပေါ်လာခြင်းမရှိအောင် တားမြစ်နိုင်လေသည်။
ဥပမာ - ဂေါ်ဇီလာကဲ့သို့သော အပိုင်းအစများ၏တန်ကြေးက မိုးထိုးမြှင့် နေတတ်သည်။ ထိုအတွက်ကြောင့်လည်း သူဟာ မလုပ်နိုင်ခဲ့ချေ။ ဖြစ်နိုင်သည်မှာ သူသည် ဒီတစ်ဘဝလုံး မလုပ်နိုင်လောက်ပေ။
အချို့အပိုင်းအစများ အားလုံး ရီဖရက်စ်(refresh)ဖြစ်ပြီးနောက်တွင် ဒီနေရာတွေပင် သတ်သေ လိုက်သင့်နေသည်။ မည်သို့ပင်ဆိုစေ ပြီးမြှောက်အောင်မြင်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ချစ်စရာကောင်းသော အပိုင်းအစများကို ဂရုတစိုက် ကြည့်ပြီးနောက် ဆုပိုင်က အယ်လ်ဖာဂါကို တိုက်ရိုက်နှိပ်လိုက်သည်။
မည်သို့ပေဆိုစေ တစ်ခုကိုတော့ဖြင့် အောင်မြင်အောင် လုပ်ရပေမည်။
“အခက်ခဲဆုံးတစ်ခုက စရအောင်”
“ဟုတ်ပြီ”
ဆုပိုင်၏အမြင်တွင် ချစ်စရာကောင်းသော သတ္တဝါများကို လဲလှယ်နိုင်သော တန်ကြေးက တူညီလုနည်းပါး ဖြစ်နေသည့်တိုင် အယ်လ်ဖာဂါများက အခက်ခဲဆုံး ဖြစ်သည်။ မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံ၏ အိမ်ထောင်စုစာရင်းတွင်ပင် တစ်ချိန်က ပေါ်လာခဲ့ဖူးသည်။
ထို့အပြင် အယ်လ်ဖာဂါနဲ့ ပတ်သက်ပြီး စကားတစ်ခွန်းတည်းဖြင့် ဖော်ပြထားသည်။
“ထိခိုက်မှုဟာတော့ သိပ်မမြှင့်ဘူး။ ဒါမဲ့ အရမ်းကို ဖျက်စီး စော်ကားနိုင်လွန်းတယ်”
“ဟူးဟူး”
ဆုပိုင်က အသက်ပြင်းပြင်းရှုလျှက် ကျောပိုးအိတ်ကို ထုတ်ပိုးပြင်ဆင်လိုက်ပြီး ကောက်လွယ်လိုက်သည်။ ဒီတာဝန်က ဟက်စကီးကို ကယ်တင်ရသလောက် ခက်ခဲနေတာပဲ။
“ဒေါသမထွက်မိစေနဲ့”
သူဟာ ကိုယ့်ကိုယ်ကို ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက်တွင် စနစ်ကို အမိန့်ပေးလိုက်သည်။
“စနစ်။ အယ်လ်ဂါအပိုင်းအစ တာဝန်ကို စမယ်”
“တီ။ အယ်လ်ဂါအပိုင်းအစ တာဝန်ကို စတင်နေပါပြီ။ ပိုင်ရှင်ကို ဂုဏ်ယူပါတယ်။ အံ့အားသင့်မှု အမှတ်အထိ ဒီတာဝန်ကို ပြီးမြှောက်သွားရင် အံ့အားသင့်မှုအမှတ် နှစ်ဆ ရရှိပါလိမ့်မယ်။ ခက်ခဲမှုကလည်း တိုးမြှင့်နေပါတယ်”
“ဒီတာဝန်က စတင်ပါပြီ”
285 04
ရေတွက်ချိန်
၁၀
၉
၈
…
“ဘုရား”
ဆုပိုင်က အော်ဟစ်ကာ ကျိန်ဆဲလိုက်သည်။ အပြာရောင်အလင်းတန်းများက သူ၏တစ်ကိုယ်လုံးကို စုပ်ယူသွားပြီးနောက်တွင် မျက်တောင် တစ်မှိတ်အချိန်အတွင်းတွင်ပင် ရုံးခန်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
…
++++++