← Chapters

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

286 01

အခန်း 286

အဆုံးအစမဲ့နေသော မြက်ခင်းပြင်။

ဘောစ့်ဘီက မြက်ခင်းပေါ်တွင် အလွန်မြှင့်မားသော မြင်းကြီးကို စီးနှင်းလျှက် တဖြည်းဖြည်းချင်းစီ သွားနေသည်။ အဝေးရှိ မြေပြင်ပေါ်တွင် လဲနေသော အယ်လ်ဖာဂါတစ်ဖွဲ့ကို မြင်သောအခါ သူဟာ ပါးကို ပွတ်လျှက် ပြုံးလိုက်သည်။

နေရောင်အောက်တွင် သူ၏ခွာအက်နေသော လက်ဝါးထဲမှ သွေးတချို့က စိမ့်ထွက်လာသည်။

သို့သော် ထိုအခြေအနေက ဘောစ့်ဘီ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ချေ။ နှစ်စဉ် သိုးမွှေးသား ရောင်းချသော ကာလက စတင်လာပြီဖြစ်သည်။ သူတို့ မွေးထားသော သိုးများက ဆောင်းတွင်းတစ်ခုလုံးစာအတွက် လုံလောက်သော သိုးမွှေးကို ထုတ်ပေးနိုင်စွမ်းရည် ရှိသည်။

ဒီတစ်ကြိမ်ရောင်းချပြီးရင် ပိုက်ဆံအများကြီး ရလောက်၏။

သူ၏ ညီငယ်လေးနှင့် ညီမဖြစ်သူတို့၏ ကျူရှင်စရိတ်ကိုလည်း ပေးချေထားပြီးသား ဖြစ်သည်။ ယခုအခါ မိဘဖြစ်သူ၏ ရောဂါများအတွက် ဆေးကိုသာ ဝယ်ရန် လိုအပ်တော့သည်။

ဒါတွေအားလုံးက သူတို့ဟာ ထိုချစ်စရာကောင်းသော သိုးများကို မွေးထားသောကြောင့် ဖြစ်သည်။ ထိုသိုးများက မခြားမဖျားသမျှ သူတို့၏ သိုးမွှေးများကို တစ်နေ့တစ်ကြိမ် နှုတ်၍ရသည်။ ထိုနောက် မိသားစု၏နေထိုင်မှုက တိုးတက်လာပေနေလိမ့်မည်။ ဒါက တစ်တည်းသော အရင်းအမြစ်ပဲ။ အခုလိုမျိုး မြက်ခင်းပြင်ကျယ်ကြီးတွင် တိရစ္ဆာန်များကို မွေးမြူခြင်းကလွဲပြီး တခြားသောနည်းလမ်းဖြင့် ရှင်သန်၍ မရနိုင်ပေ။ သို့သော် ကံကောင်းသည်မှာ သူဟာ လူတိုင်းထက် အရင်စောပြီး အယ်လ်ဖာဂါ အမျိုးအစား သိုးကို မွေးမြူထားခဲ့သည်။ ထို့ကြောင့် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးကြီးကို သက်သာစေရုံသာမကသေးလျှင် အနာဂတ်အတွက်ပင် မျှော်လင့်ချက်ရှိသည်။

“မော့ဘီကော”

“မော့ဘီကော”

ထိုအချိန်တွင် အနောက်ဘက်မှ အော်သံတစ်သံက ထွက်လာ၏။ မော့ဘီက လှည့်ကြည့်လိုက်သောအခါ အစိမ်းရောင်ကျောပိုးအိတ်များကို လွယ်ထားသော အကောင်ငယ်လေးနှစ်ကောင်က သူ့ဆီ အပြေးလာနေတာ မြင်ရသည်။

“ဘန်း”

မော့ဘီက မြက်ခင်းပေါ်သို့လျင်မြန်စွာ ခုန်ချလိုက်ပြီး သူ၏ညီငယ်နှင့်ညီမငယ်ကို ကြည့်သည်။ ထို့နောက် သူ၏လက်မှ သွေးများကို တစ်ချက်သုတ်ရင်း လက်မောင်းကိုဖွင့်ကာ နှစ်ယောက်လုံးကို ကောက်ချီလိုက်သည်။

“ဟားဟား”

“ဒီနေ့ကျောင်းက အစောကြီးပြန်လာတာလား”

“နောက်ပြီး ဒီမှာ ဘာလုပ်နေတာလဲ။ အစ်ကိုကြီး”

ထိုနှစ်ယောက်ကို အောက်ပြန်ချပြီးနောက်တွင် မော့ဘီက သူ၏ညစ်ပတ်နေသော အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးသည်။ ဒါဟာ အလွန်အမင်း ဟောင်းနွမ်းနေပြီဖြစ်သော အဝတ်အစားများ ဖြစ်နေသေးသည့်အပြင် အဖာထေးရန်များ ရှိနေသေးသော်လည်း သိုးမွှေးကို ရောင်းနိုင်သမျှ ထိုကလေးနှစ်ယောက်အတွက် အဝတ်အစားအသစ်များကို ဝယ်ယူပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် ကျောင်းတွင်လည်း အရယ်ခံရတော့မည် မဟုတ်ပေ။

“အစ်ကိုကြီး”

မော့ဆန်းက သူ၏ကျောပိုးအိတ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်ပြီး မော့ဘီကိုပေးကာ ပြောသည်။

“ဒါက ဆရာက ပေးခိုင်းတာ”

“သူက ဒီနေ့ မင်းအကြောင်းပြောပြီး ငါတို့ရဲ့အရှေ့မှာ ငိုတယ်”

“ဟုတ်တယ် အစ်ကိုကြီး။ ဆရာက မင်းကို ကျောင်းပြန်တက်စေချင်တယ်”

သူ၏ညီမလေး မော့လင်းကလည်း ပြောသည်။

“အစ်ကိုကြီး။ အစ်ကိုကြီးက ဒီလောက်တော်တဲ့ ကျောင်းသားလေ။ ဘာလို့ ကျောင်းမတက်တာလဲ”

“ဆရာက ပြောတယ်။ အစ်ကိုကြီးက ညီမတို့ထဲမှာ တက္ကသိုလ်ဝင်ရောက်နိုင်တဲ့ တစ်ဉီးတည်းသောသူတဲ့။ ဒါကြောင့် အစ်ကိုကြီး သေချာပေါက် ကျယ်ပြောတဲ့လောကကို ထွက်ကြည့်သင့်တယ်”

“အစ်ကိုကြီး။ အစ်ကိုကြီး ငါတို့နဲ့အတူ မနက်ဖြန်ကျရင် ကျောင်းလိုက်တက်နိုင်မလား”

ကလေးနှစ်ယောက်၏အသံများကို နားထောင်ရင်း မော့ဘီက လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ သူ၏လက်ခုံပေါ်မှ လေနှင့်နေများကြောင့် ကွဲအက်ထားသော ဒဏ်ရာများက နာကျင်လာသည်။

286 02

သူ့လက်ချောင်းအတွင်းမှ သွေးများက မြက်ခင်းပြင်ပေါ်တွင် စီးကျသည်။ သို့သော် …

မော့ဘီက နာကျင်မှုကို မခံစားရချေ။ သူသည်လည်း ကျောင်းမသွားနိုင်ကြောင်း သိနေသည်။ သူ၏မိဘများက ပြင်းပြင်းထန်ထန် ဖျားနာနေပြီး ညီငယ်နဲ့ညီမငယ်များကလည်း ရှိနေသေးသည်။ ထို့ကြောင့် သူ့ဟာ ၁၄ နှစ်သာရှိသေးသည့်တာတောင် တာဝန်ယူမှုကြီးကို ခံထားရသည်။

“ဟားဟား။ အစ်ကိုကြီးက ကျောင်းသွားတော့မှာ မဟုတ်ဘူး”

“အစ်ကိုကြီးက ဒီသိုးတွေကို ဂရုစိုက်ချင်တာလေ။ ရက်အနည်းငယ်လောက်နေရင် အင်္ကျီအသစ်တွေ ဝယ်ပေးမယ်နော်”

“အို့ ကောင်းတယ်”

ကလေးနှစ်ယောက်က အသက် ခုနှစ်ပင် မရှိသေးချေ။ ထို့ကြောင့် မော့ဘီက အပြုံးနှင့် ပြောလိုက်ပြီးရုံနဲ့ သူတို့က အားလုံးကို မေ့သွားကြသည်။ သူကိုယ်တိုင်ကမှု သူတို့ ကြီးပြင်းလာသောအခါ နားလည်မည်ဖြစ်ကြောင်း တွေးတောနေမိ၏။

“ကောင်းပြီ။ အခု မှောင်တော့မှာဆိုတော့ အရင်ဆုံးပြန်လိုက်ကြအုန်း။ ငါ ဒီသိုးတွေကို ပြန်ကျောင်းလိုက်အုန်းမယ်”

မော့ဘီက ကလေးနှစ်ယောက်၏ခေါင်းကို အသာပွတ်ရင်း အပြုံးနှင့် ပြောသည်။

ကလေးနှစ်ယောက်က အချင်းချင်းလက်တွဲလျှက် အဝေးသို့ ပုခုံးဖက်ကာ သွားကြသည်။

သူဟာ အံ့ကို ကြိတ်လိုက်ရင်း အဝတ်မှ သွေးများကို ခပ်မြန်မြန် သုတ်လိုက်ပြန်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်လျှက် သူ၏မြင်းအိုကြီးကိုဆွဲကာ လက်ထဲမှ ကြာပွတ်ကို မြှောက်ရင်း အဝေးတွင် အုံနေသည့် သိုးတစ်အုပ်ကို စတင်ကာ မောင်းသည်။

အချိန်တွေကြာပြီးနောက် …

ထိုသိုးများအားလုံးကို ခြံစည်းရိုးအတွင်းထဲသို့ မောင်းသွင်းပြီးနောက် မော့ဘီက ဆက်မနေရဲတော့ချေ။ သူသည်လည်း သူ၏မျက်နှာကို အလျင်အမြန်သစ်လျှက် လိုက်ကာကိုမပြီး ရွက်ဖျင်တဲထဲသို့ ဝင်လာသည်။

ပြင်းထန်သော ဆေးလိပ်အနံနှင့်အတူ နံဟောင်နေသော အညစ်အကြေးအနံနှင့် ဆီးအနံက ရွက်ဖျင်တဲတစ်ခုလုံး ထောင်းတက်နေသည်။

“မော့ဘီ”

အိပ်ရာပေါ်မှ မီခိုးရောင်ဆံပင်နှင့်် အမျိုးသမီးကြီးတစ်ယောက်က တုန်ယင်စွာ ထထိုင်လာပြီး သားဖြစ်သူကို ခပ်တိုးတိုး ခေါ်သည်။ သူမက ခပ်တိုးတိုး ငိုပြန်သည်။

“ငါတို့အတွက် မစိုးရိမ်ပါနဲ့”

“သား ညီ၊ ညီမတွေနဲ့ပဲ အတူတူ နေပါ”

“ဟူး။ ငါတို့က..ငါတို့က အကြာကြီး တောင့်မခံနိုင်တော့ပါဘူး မော့ဘီ”

“မား ဘာတွေပြောနေတာလဲ”

မော့ဘီက အံ့ကိုကြိတ်လိုက်ရင်း ရေပူထည့်ထားသော ဇလုံတစ်ခုကိုယူလျှက် ဘေးမှ အမျိုးသမီးကြီး၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးသည်။ ထို့နောက် ခေါင်းကိုငုံ့လျှက် အိပ်ရာပေါ်မှ အညစ်အကြေးများကို သန့်ရှင်းရေး စလုပ်သည်။

အိပ်ရာပေါ်တွင် လှုပ်ရှားမှုကင်းမဲ့စွာလဲနေသော အဖေဖြစ်သူကိုကြည့်ရင်း မော့ဘီက နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်သည်။ ထို့နောက် ခက်ခက်ခဲခဲဖြင့် တစ်ဖက်သို့ သွားလျှက် မြေပေါ်မှ စောင်ကို ဆွဲထုတ်ပေးသည်။

“ငါ ဒါတွေအရင် ရေသွားစိမ်ထားလိုက်အုန်းမယ်။ အချိန်က နောက်ကျနေပြီဆိုတော့ စားသောက်ဖို့ သွားချက်လိုက်တော့မယ်”

“မား။ ဒီသိုးတွေက သိပ်မကြာခင် အမွှေးရိတ်လို့ရတော့မှာ။ အဲဒီနောက် အမေရဲ့ခြေထောက်ကို ကုပေးဖို့ ပိုက်ဆံရပြီ”

“ငါ့ညီနဲ့ညီမအတွက်လည်း အဝတ်အစားတွေ ထပ်ရလိမ့်မယ်”

“အဖေရဲ့ဆေးအတွက် ပိုက်ဆံရှိလာတော့မှာ”

ထို့သို့ပြောဆိုပြီးနောက် မော့ဘီက ပစ္စည်းများကို သိမ်းရင်း ရွက်ဖျင်တဲအပြင်ဘက်သို့ ထွက်သွားသည်။

မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ကစားနေသော ကလေးများကို မြင်သောအခါ သူဟာ ညင်သာစွာ ပြုံးလိုက်၏။

“ပင်ပန်းနေပြီလား”

286 03

“ပင်ပန်းတာပေါ့။ ဒါပေမဲ့လည်း”

မော့ဘီက အနီးအနားရှိသိုးများကိုမြင်သောအခါ ပင်ပန်းလျော့ပါးသွားသလို့ခံစားရသည်။

“မျှော်လင့်ချက်အပြည့်နဲ့ ပင်ပန်းရတော့ ဘာဖြစ်လဲ”

သူသည် စားသောက်စရာများကို ကျွမ်းကျင်စွာ ချက်ပြုတ်ပြီး မိဘများကို ကျွေးမွေးပြီးနောက်တွင် မော့ဘီကိုယ်တိုင်ကလည်း ရွက်ဖျင်တဲ၏တံခါးနားတွင် ဆောင့်ကြောင့်လေးထိုင်ကာ ပန်းကန်လုံးလေးကို ကိုင်လျှက် စတင်ကာ စားသောက်လေသည်။

“မား…”

ရွက်ဖျင်တဲအတွင်းတွင် မော့ဆန်းက အိပ်ရာပေါ်တွင် ထိုင်လျှက် ကျောင်းလွယ်အိတ်ထဲမှ စာကို သူမဆီ ထုတ်ပေးရင်း ခပ်တိုးတိုးပြောသည်။

“ဒီနေ့ ဆရာက ငါရဲ့အစ်ကိုကြီးအတွက် စာရေးလိုက်တယ်။ သူ့ကို ကျောင်းပြန်သွားစေချင်နေတာ”

“မား။ ဆရာပြောတာ အမှန်ပဲလား။ အစ်ကိုကြီးက တကယ်ပဲ အရမ်းတော်တာလား”

“ဆရာက ပြောတော့ သူဟာ အနာဂတ်မှာ အဲဒီမြို့ကြီးတွေဆီ သွားနိုင်မှာတဲ့။ နောက်ပြီး ပစ္စည်းတွေ အများကြီးကိုလည်း မြင်နိုင်မှာဆိုပဲ”

“မား။ ဆရာကလေ ဒီနေ့ အဲအကြောင်းအရာကို ‌ပြောရင်းနဲ့ ငိုသေးတယ်”

“ငါရဲ့အစ်ကိုကတော့ သူ မသွားတော့ဘူးလို့ ပြောတယ်။ သူက ဒီသိုးတွေပဲ မွေးချင်တာတဲ့”

“မား။ မော့ဆန်းက ကျောင်းမှာ ကောင်းကောင်း မလုပ်နိုင်ဆိုတော့ ပြန်လာပြီး သိုးပဲ မွေးလို့ရမလား။ အစ်ကိုကြီးကိုပဲ ကျောင်းသွားခိုင်းလိုက်မယ်လေ။ ဒီနေ့ သူရဲ့လက်က သွေးထွက်နေတာ တွေ့တယ်။ သူ ငါတို့ကိုတောင် မပြောဘူး”

“မား”

“ဝူး”

မီးခိုးရောင်ဆံပင်နဲ့ မိန်းမကြီးက ပါးစပ်ကိုအုပ်လျှက် အတတ်နိုင်ဆုံး အသံမထွက်အောင် ငိုသည်။ သူတို့သည်လည်း သူတို့၏အကြီးဆုံးသားအတွက် စိတ်မကောင်းကြပေ။ သူတို့က အတူ ဒုက္ခရောက်နေကတည်းက တစ်မိသားစုလုံး အဆုံးသတ်ပြီဟု ထင်ခဲ့သည်။ မမျှော်လင့်ထားစွာပင် အသက် ၁၁ နှစ်သာရှိသေးသော မော့ဘီက ကျောင်းမှ သူ့ဘာသာသူ ထွက်လိုက်သည်။ ထို့နောက် ဒီအယ်လ်ဖာဂါသိုးများကို မွေးသည်။ သူဟာ မိသားစုကို ထောက်ပံပေးနိုင်လာ၏။ သူဟာ ၁၄ နှစ်သာ ရှိသေးသည်။

လူငယ်တစ်ယောက်လူလိုမျိုး မနက် ၅ နာရီထလျှက် တစ်မိသားစုလုံးအတွက် စားသောက်ရန် ပြင်ဆင်ပေးရသည်။ ထို့နောက် ထိုအယ်လ်ဖာဂါသိုးများကိုလည်း နေဝင်တဲ့အထိ တောက်လျှောက်ကျောင်းရသည်။ ထို့နောက် ညနေစောင်းမှသာ ပြန်လာပြီး သူတို့နှစ်ယောက် ချက်ပြုတ်ပေးသည်။

တစ်ခါတရံတွင် သူ့သားဖြစ်သူက နေ့လယ်စာပင် မစားရချေ။ ထိုကဲ့သို့ဖြင့် တစ်နေ့လုံးဟာ ကုန်ဆုံးသွားပြီဖြစ်သည်။

“ဟူး”

“ငါတို့ ကလေးတွေကို စိတ်ပျက်စေလို့ မရဘူး”

အငယ်ဆုံးသားက အပြင်ဘက်သို့ ထွက်သွားတာကို မြင်တဲ့အခါ အသက်လတ်ပိုင်း အမျိုးသမီးကြီးက သူမ၏လက်ထဲမှ စာကိုကိုင်ရင်း ဖိအားများနေကာ လှုပ်ရှားနိုင်ခြင်းမရှိဘဲ သတိလစ်နေသော ခင်ပွန်းဖြစ်သူဘက်သို့ ကုန်းသွားရင်း ခပ်တိုးတိုးပြောသည်။

“သိုးမွေးတွေ ရောင်းပြီးတာနဲ့ မော့ဘီက ပိုက်ဆံရှာနိုင်လိမ့်မယ်”

“ငါတို့ ဒီအတိုင်းပဲ လည်ပတ်နေတော့မှာလား”

“ငါတို့တွေ ကလေးတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လို့မရဘူး”

ထို့သို့ပြောပြီးနောက် သူက စာကို တင်းတင်းကြပ်ကြပ်ဆု ပ်ကိုင်ထားသည်။

သားဖြစ်သူက ကျောင်းမှာ အတော်ဆုံးကျောင်းသား ဖြစ်သည်။ သူတို့ကြောင့်သာ မဟုတ်ရင်

“ကောင်းပြီ။ ဆရာပြောတာ မှန်တယ်။ မော့ဘီက သေချာပေါက် ဒီလိုဆင်းရဲလွန်းတဲ့နေရာကနေထွက်ပြီး ခြားနားတဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာ။ သူတို့လိုမျိုး ဒီတစ်ဘဝလုံး ဒီမြက်ခင်းပြင်ဒေသမှာပဲ ပိတ်နေဖို့ မလိုဘူး”

“နေ့တိုင်းလိုလို သူတို့ တူညီတဲ့ဘဝမျိုးမှာ ရုန်းကန်နေတာမျိုးကို မလိုအပ်ဘူး”

…

++++++ 287 01

အခန်း 287

“ဟူး”

ဆုပိုင်က အဝေးရှိ မီးလင်းနေသော ရွက်ဖျင်တဲကို ကြည့်ပြီး ကူကယ်မဲ့စွာပင် သက်ပြင်း ချသည်။

အနည်းဆုံးတော့ မိသားစုတစ်ခုတော့ တွေ့သေးတယ်။

သူဟာ ဒီမြက်ခင်းပြင်တွင် ရောက်ရှိလာပြီးချိန်ကတည်းက ဆုပိုင်က တစ်ရက်နီးပါး လမ်းလျှောက်နေခဲ့ရတာ အဆုံးတွင် အလင်းကို မြင်ရလေပေ။ သို့မဟုတ်ရင် သူကိုယ်တိုင်လည်း မည်မျှအထိကြာမည်ဖြစ်ကြောင်း မသိနိုင်တော့ပေ။

သူဟာ ထိုရွက်ဖျင်တဲ၏အနားသို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။

ခြံစည်းရိုးထဲမှ သတ္တဝါများကို လရောင်၏အကူအညီဖြင့် မြင်ရသောအခါ ဆုပိုင်ကိုယ်တိုင်လည်း ကြောင်သွားသည်။

“ဒါ ဒါ ဒါ အယ်လ်ဖာဂါတွေပဲ”

“စနစ်က တာဝန်ပေးတာ ဒီကောင်တွေ ဖြစ်မယ်”

“လူရှိလား”

ဆုပိုင်က ရွက်ဖျင်တဲ၏တံခါးနားတွင်ရပ်လျှက် ခပ်တိုးတိုး ခေါ်လိုက်သည်။

“ဘယ်သူလဲ။ အစ်ကိုကြီး မော့ဘီကို လာရှာတာလား”

အဖာထေးရာများ ပြည့်နှက်နေသောအင်္ကျီကို ဝတ်ဆင်ထားတဲ့ ကလေးမငယ်လေးတစ်ယောက်က ခေါင်းလေးကို ဆန့်ထုတ်လာပြီး ဆုပိုင်ကို ကြောက်လန့်စွာ ကြည့်ရင်း မေးသည်။

“အာ”

“အစ်ကိုကြီး မော့ဘီ ဟုတ်လား”

“မဟုတ်ပါဘူး”

ဆုပိုင်က ခေါင်းခါသည်။ ထို့နောက် ပြုံးရင်း ဆောင့်ကြောင့်လေး ထိုင်လိုက်ကာ ခပ်တိုးတိုး ပြောသည်။

“ငါက ဒီနေရာက မဟုတ်ဘူး။ ဒီနေရာမှာ လမ်းပျောက်သွားလို့လေ။ တစ်ညလောက် နေလို့ရမလား။ ငါ ပိုက်ဆံပေး …”

“မင်းတို့မိသားစုက လူကြီးတွေ ဘယ်မှာလဲ”

“မော့လင်း။ ဝင်လာခဲ့”

ထိုအခိုက် ရွက်ဖျင်တဲကိုဖွင့်လျှက် လူငယ်တစ်ယောက်က ထွက်လာသည်။ သူဟာ ကောင်မလေးကို ဘေးဘက်သို့ တွန်းလျှက် ဆုပိုင်ကို မျက်မှောင်ကြုံ့ကာ ကြည့်ရင်း ပြောသည်။

“ငါရဲ့နေရာက မင်းကိုခေါ်ထားဖို့ နေရာမရှိမှာ စိုးရိမ်တယ်”

“ငါတို့မှာ ရွက်ဖျင်တဲတစ်ခုပဲ ရှိတာ။ မင်းအတွက် နေရာထိုင်ခင်း မပေးနိုင်ဘူး”

“ငါ့မှာ ကိုယ်ပိုင်ရွက်ဖျင်တဲ ပါပါတယ်။ ဒါပေမဲ့ မြက်ခင်းပြင်ပေါ်မှာ အန္တာရာယ်ရှိလား မသိလို့လေ။ ဒါကြောင့် မင်းတို့ရဲ့တံခါးနားမှာ စခန်းချလို့ရမလား”

ဆုပိုင်က သိုးများထားထားသော ခြံစည်းရိုးဘက်သို့ ညွှန်ပြရင်း ခပ်တိုးတိုးပြောသည်။

“ငါ မင်းတို့ကို မနှောင့်ယှက်ပါဘူး။ မစိုးရိမ်ပါနဲ့”

“ဖြစ်နိုင်မယ်ဆိုရင် မင်းတို့ကို ပိုက်ဆံပေးလို့ ရပါတယ်”

“မလိုဘူး”

“ဒါဆိုရင် မင်းတို့အတွက် သန့်ရှင်းပေးမယ်လေ”

“ဒါမှ မဟုတ်ရင်လည်း ဒီခြံစည်းရိုးအတွင်းဘက်မှာပဲ ရွက်ဖျင်တဲချပြီး နေလိုက်ပေါ့။ ဒီသိုးတွေက ညဘက်တော့ လျှောက်မပြေးပါဘူး”

မော့ဘီက လက်ရမ်းလိုက်ပြီး ဘေးဘက်ခြံက တံမြက်စည်းကို ခပ်မြန်မြန် ကိုင်ယူလျှက် ခြံစည်းရိုးဘက်သို့ လျှောက်သွားသည်။

287 02

ဆုပိုင်က ရွက်ဖျင်တဲအဟကြားမှအစဉ် အတွင်းဘက်၏အခြေအနေကို မြင်လိုက်ပြီး မျက်မှောင်ကို ကြုတ်လိုက်သည်။

ကုတင်ပေါ်တွင် လှဲနေသော လူကြီးနှစ်ယောက် ရှိသည်။ ဘေးဘက်ရှိ အိပ်ရာလေးပေါ်တွင်လည်း ကလေးနှစ်ယောက် ရှိနေ၏။

“ဆိုတော့ ဒီကောင်လေးက ညဘက် ဘယ်မှာ အိပ်တာလဲ”

ကြည့်ရသည့်မှာ ဒီမိသားစု နေထိုင်သောပုံစံက အလွန်ခက်ခဲလောက်သည်။ အချိန်တွေ ကြာပြီးနောက် ဆုပိုင်က ရွက်ဖျင်တဲအပြင်ဘက် မြက်ခင်းပေါ်တွင် ထိုင်ချရင်း သူ့ဆီ သတိအကြီးကြီးထားကာ ချဉ်းကပ်လာသော သတိရှိသည့် သိုးအချို့ကို ကြည့်လိုက်ပြီး

“ငါရဲ့ မိတ်ဆွေတို့ ဒီအနောက်က တစ်ကောင်က အယ်လ်ဖာဂါသိုးလို့ ခေါ်တယ်။ ဒါပေမဲ့ အခုတော့ နည်းနည်းလေး မှောင်နေတော့ မနက်ဖြန် မနက်ကျမှပဲ သေချာကြည့်တော့မယ်။ သူတို့က အတော်လေး ချစ်ဖို့ကောင်းတာ”

“အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်တဲ့ ကာလမတိုင်ခင်ကဆို ဒီကောင်တွေက အရမ်းကို ကျော်ကြားတဲ့ ကောက်ရိုးမြင်းမော်သားရဲ လို့တောင် ခေါ်ဆိုခြင်း ခံရတယ်”

“ဒါပေမဲ့ မင်းတို့တွေ အခု မြင်ပြီးလောက်ပါပြီ။ ဒီမိသားစုရဲ့ နေထိုင်မှုဘဝက တော်တော်လေး ခက်ခဲတယ်။ ဒီနေ့က တအားနောက်ကျနေပြီဆိုတော့ ထားလိုက်တော့။ မနက်ဖြန်အထိ စောင့်ပြီးမှပဲ…”

စကားလုံးများက အဆုံးမသတ်လိုက်ချေ။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော လူများကလည်း အခန်းထဲသို့ ဝင်လာသည့် အနက်ရောင်ခေါင်း တစ်ခေါင်းကို မြင်လိုက်ရသည်။ မျက်လုံးကြီးတစ်စုံက သူတို့၏အရှေ့မှ တောက်ပသော ဖန်သားပြင်ကို ကြည့်နေစဉ် ဘေးဘက်သို့ တစ်ချက်ကြည့်သည်။

“ဟူး ဟူး”

“ဟူး”

ထို့သို့ဖြင့် ပါးစပ်အပြည့် တံတွေးများက တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကြီးကို ပျံသန်းရင်း ဝင်ရောက်လာသည်။ အယ်လ်ဖာဂါက တံတွေး ထွေးထုတ်လိုက်ခြင်း ဖြစ်သည်။

“ဘာ…အာ ငါ ကုလားထိုင်ပေါ်ကနေတောင် လဲကျတော့မလို့ ဒီအယ်လ်ဖာဂါက ငါ့ကို သေအောင်ခြောက်တာပဲ”

“ငါ အနံ့တောင် ရနေတယ်။ ဆိုးလိုက်တာ။ ငါ မျက်နှာ သွားသစ်ရတော့မယ်”

“ငါ ဖန်သားပြင်ထဲကနေ အပြင်ဘက်ကို ရောက်လာသလို့တောင် ခံစားလိုက်ရတယ်။ ဒါက အယ်လ်ဖာဂါလား။ မျှော်လင့်ထားတဲ့အတိုင်းပဲ တော်တော်လေးကို ဒုက္ခပေးနိုင်တာပဲ။ မင်းနိုင်ပါတယ်”

“အား အား အား”

“နောက်ထပ် တစ်ကောင်က ခေါင်းထွက်လာပြန်ပြီ။ လုံးဝကို ဖြူဖွေးနေတာပဲ။ ဒီနှစ်ကောင်က တအား ရယ်ရတယ်”

“ဒါရိုက်တာ ဆုပိုင်၏ မျက်နှာထားကို ကြည့်လိုက်အုန်း။ တံတွေးတွေက သူမျက်နှာကို စင်သွားပြီ”

အယ်လ်ဖာဂါ ; “ဘာလဲ။ ငါက မင်းကို ဒီအတိုင်းပဲ ဆူပူတာလေ။ ငါ့ကို ရိုက်ရဲတာလား။ လာစမ်းပါ”

“မနက်ဖြန် ဒီကောင်တွေ ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ ငါ တကယ် သိချင်သွားပြီ”

ရုတ်တရက် အနက်ရောင်အမွှေးများနဲ့ အယ်လ်ဖာဂါ ပေါ်ထွက်လာခြင်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးကို ပွက်လောရိုက်သွားစေသည်။

အထူးသဖြင့် တံတွေးအပြည့် ထွေးထုတ်လိုက်ချိန်တွင် ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပြည်သူပေါင်းစွာကလည်း အလန့်တကြား ကုလားထိုင်ရှေ့မှ ခုန်ထကြသည်။

ထိုတံတွေးများက ဖန်သားပြင်အပြင်ဘက်သို့ပင် ရောက်လာသည်ဟုပင် ခံစားနေရသည်။

“အဟမ်း”

ဆုပိုင်က သူ၏မျက်နှာမှ တံတွေးများကို သုတ်လိုက်ပြီး ခပ်ကြမ်းကြမ်း ချောင်းဆိုးသည်။

သူဟာ တစ်ဖက်သို့ လှည့်လျှက် သူ၏ဘေးနားတွင်ရပ်နေသော အယ်လ်ဖာဂါနှစ်ကောင်ကို ကြည့်သည်။ ထိုနှစ်ကောင်က ခေါင်းများ ငုံ့ကိုင်းလာပြန်၏။ သူဟာ မြေပြင်ပေါ်မှ ခပ်မြန်မြန် ထရပ်လိုက်သည်။

287 03

ဆုပိုင်က အချိန်ခရီး သွားလာခဲ့ခြင်း မရှိခင်ကတည်းက ထိုအကောင်များအကြောင်း သိထားပြီးသားဖြစ်သည်။ ထိုသားရဲများက အလွန်ကြောက်တတ်သည်။ အစာကျွေးသောအခါတွင်လည်း အဝေးသို့ ရောက်သွားပြီးမှသာ စားတတ်၏။ သို့သော်လည်း …

“ဒီတိရစ္ဆာန်တွေရဲ့ နှလုံးသားကြောင့်သာ” …

ဆုပိုင်က အရွက်စား တိရစ္ဆာန်များ၏ သတိကို အလိုအလျှောက် လျော့ချစေရန် လုပ်နိုင်သော စနစ်မျိုးကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။

“ဒါကြောင့် ဒီအယ်လ်ဖာဂါနှစ်ကောင်က လာရဲတာ ဖြစ်မယ်”

မည်သို့ပင်ဆိုစေ သူတို့သည်လည်း ထိုလူငယ်ထံမှ ခြိမ်းခြောက်မှုကို မခံစားရပေ။

“စွတ် အား”

“၁၊၂၊၃ … ဟူး”

“ဟူး”

“ဟူး”

ဆုပိုင်က စကားပြောတော့မည်အချိန်မျိုးတွင် အရှေ့မှနှစ်ကောင်က အော်ဟစ်လျှက် ပါးစပ်ကို တစ်ကြိမ်တည်း ဟလိုက်သည်။ ထို့နောက် တံတွေးများက ပန်းထွက်လာခဲ့ကာ ဆုပိုင်၏မျက်လုံးက ချက်ချင်းပင် အရည်လဲ့လာသည်။

ဆုပိုင်က မျက်နှာကို ခပ်ကြမ်းကြမ်း ရှုံ့မဲ့ရင်း တံတွေးများကို ထပ်သုတ်ရပြန်သည်။ ထို့နောက် သူ၏လက်မောင်းများနှင့် ထိုအနက်ရောင် အယ်လ်ဖာဂါ၏ လည်ပင်းကို သိုင်းဖက်လျှက် မြေပြင်ပေါ်သို့ ဖိချသည်။

သူ၏နဖူးထိပ်မှ အဝတ်တစ်ခုကို ဆွဲနှုတ်ရင်း ဆွံ့အစွာပြောသည်။

“ငါ မင်းတို့ကို လာရန်မစဘူးလေ ဟမ်”

“ဘာလို့ ငါ့ကို လာပြီး ပြောဆိုနေတာလဲ”

“သေစမ်း။ သူ ဒီည ဘယ်လိုအိပ်ရမလဲ။ သူရဲ့အဝတ်တွေက တံတွေးစော်တွေနံ့နေပြီ”

“စွတ်”

“အား”

“ငါ မနေနိုင်ဘူးလေ။ မင်းက ဘာလို့ အလျင်လိုနေတာလဲ”

“ငါ့ကို ထူပေးစမ်းပါအုန်း”

“ဖျန်း”

ဆုပိုင်က ထိုကောင်၏နဖူးကို ခပ်ကြမ်းကြမ်း ရိုက်လိုက်သည်။

“တော်တော် တော်တာပဲ”

တိရစ္ဆာန်ဘာသာစကား ဆက်သွယ်ရေးမှတစ်ဆင့် ရောက်လာသော အသံက အရှေ့မြောက်ပိုင်းသားလေးအသံပင် ပါသေးသည်။

“စွတ်။ အား”

“ညီအစ်ကိုတို့ ဒီမှာ ပြဿနာလာရှာနေတဲ့ လူရှိတယ်။ မြန်မြန်လာကြ။ ညီအစ်ကိုကောင်းသာဆိုရင် သူ့ကို လာကူပြီး တံတွေးနဲ့ ဖြန်းပေး …”

“ဗုန်း”

ထို့နောက် ဟီသံများနှင့်အတူ အယ်လ်ဖာဂါ ဆယ်ကောင်ထက်မနည်း ရောက်ရှိလာကြသည်။

သူတို့အားလုံးက ဆုပိုင်၏နောက်သို့ စိတ်လှုပ်ရှားစွာ လိုက်ကြ၏။

“ဘုရားရေ …”

ဆုပိုင်က ထူးဆန်းသော အော်သံမျိုးကို ထုတ်လျှက် အယ်လ်ဖာဂါများထံမှ ထွက်ပြေးသည်။ သူဟာ ရွက်ဖျင်တဲထဲသို့ အပြေးဝင်သည်။

သူဟာ တဲ၏တံခါးကို ခပ်တင်းတင်းဆွဲပိတ်လိုက်ပြီးနောက် အသက်ရှုအောင့်ထားကာ အပြင်ဘက် လှုပ်ရှားမှုများကို ဂရုတစိုက် နားထောင်သည်။ ထို့နောက် လရောင်မှတစ်ဆင့် ထိုရွက်ဖျင်တဲကို ထိုကောက်ရိုးမြင်းပေါင်းများစွာ၏ ခေါင်းများက ဝိုင်းနေတာ မြင်လိုက်ရသည်။

စွတ်

287 04

“ကောင်လေး မင်း ဘာလို့ မထွက်လာတာလဲ”

“မင်းမှာ သတ္တိရှိရင် ထွက်လာခဲ့”

“ငါ့ကို ရိုက်ရဲတယ် ဟုတ်လား။ ငါရဲ့ အမွှေးကို နှုတ်ရဲတယ်။ မင်း သေပြီ”

“ညီအစ်ကိုတို့ အသင့်ပြင်”

“ဟူး ဟူး ဟူး”

ဆုပိုင်က ရွက်ဖျင်တဲ အပြင်ဘက်တွင် စီးကျနေသော သရေများကို ကြည့်ရင်း သူ၏မျက်ခုံးမှသည် နာကျင်မှုဖြင့် ပြည့်နှက်လာသည်။

“သွားပြီ”

“ဘယ်သူက ဒါကို သည်းခံနိုင်မှာလဲ”

“အခု အရေးကြီးဆုံးလုပ်ရမဲ့အရာက ပြိုင်ဘက်ရဲ့တိုက်ခိုက်စွမ်းအားက သန်မာလွန်းနေလို့ အပြင်မထွက်ဘဲ နေတာပဲ”

မည့်သို့ပင်ဆိုစေ အယ်လ်ဖာဂါသိုး ဆယ်ကောင်ထက်မနည်းက ဝိုင်းဝန်းကာ တံတွေးထွေးနေကြပြီ ဖြစ်သည်။

ဟစ်

ဆုပိုင်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး တစ်ကိုယ်လုံးက တုန်ယင်သွားသည်။

“ကြောက်ဖို့ ကောင်းလိုက်တာ”

မနက်ဖြန်မှာသာ ဒီကောင်တွေက ရွက်ဖျင်တဲကို ဆက်ပြီး ဝိုင်းနေမယ်။ ငါ့ကို မထွက်ခိုင်းဘူးဆို ဘယ်လိုလုပ်ရမလဲ။

အချိန်တွေ ကြာပြီးနောက်တွင် အပြင်ဘက်မှ ဆူညံသံများက တဖြည်းဖြည်းချင်းစီ ရပ်သွားသည်။ ဆုပိုင်က ရင်ဘတ်ကို တစ်ချက်ပှုတ်လျှက် စိတ်အေးစွာ သက်ပြင်းချသည်။

နောက်ဆုံးတွင် သူတို့က ထွက်လေပြီ။

“ငါ မနက်ဖြန်မှာ ဒီအနက်ရောင် အယ်လ်ဖာဂါကို သေချာပေါက် သင်ခန်းစာ ပေးရမယ်။ အဲဒီလိုမှမဟုတ်ရင် ငါက သူ့ကို အောင်မြင်အောင်၊ အညံ့ခံအောင် လုပ်ပြီးတာနဲ့ တိရစ္ဆာန်ရုံကို ပြန်ခေါ်သွားတဲ့အခါ တံတွေးတွေ ပြည့်နေလိမ့်မယ်”

“ဟူး”

ဆုပိုင်က ရွက်ဖျင်တဲထဲတွင် တဖြည်းဖြည်းချင်းစီ လဲချလျှက် မျက်လုံးကို မှိတ်တော့မည့်အချိန်တွင်

“ဗြီ”

“ဘန်း”

ရုတ်တရက် သူ၏ခြေထောက်အောက်မှ ဇစ်က ဆွဲဖြဲခံရ၍ ဖွင့်ထွက်သွားကာ အနက်ရောင်ခေါင်းတစ်ခေါင်းက ဝင်လာသည်။

“အား ဟူး”

“ဝင်လာခဲ့။ ဝင်လာခဲ့။ ညီအစ်ကိုတို့”

အနက်ရောင် အယ်လ်ဖာဂါက အော်ပြီး ခေါင်းကို ခါသည်။ ထို့နောက် သူ၏ပါးကို မို့တက်သွားအောင် သွားကိုဖြဲပြရင်း ပြောသည်။

ဟူး ဟူး ဟူး

ထို့သို့ဖြင့် တံတွေးပေါင်းများစွာက လွင့်ပျံလာသည်။

စွက်

ဆုပိုင်က မြေပြင်မှ အလျင်အမြန် ကုန်းထပြီး အရှိန်နှုန်းကို လွန်ကဲလွန်းသော အတိုင်းအတာအထိ မြှင့်တင်လျှက် ထိုအယ်လ်ဖာဂါကို မြေပြင်ပေါ်သို့လဲချသည်။ ထို့သို့ဖြင့် မြေပြင်တွင် စတင်ကာ နှပန်းလုံးလေသည်။

ဟူး ဟူး ဟူး

“စွတ်”

“ငါ ဒီကောင်နဲ့ မပြီးသေးဘူး။ ညီအစ်ကိုတို့ လာ။ သူ့ကို ဝိုင်းပြီး ပစ်ကြ”

…

ကောင်းကင်ပြာ တိရစ္ဆာန်ရုံ …

ထိုအချိန်တွင် ညအလွန်နက်နေပြီဖြစ်သည်။ ကျိုးဝမ်က သူမ၏ အိတ်ဆောင်ကုတင်ပေါ်မှ ထထိုင်ရင်း ကြိမ်းကိုက်နေတဲ့ လက်မောင်းများကို ပွတ်သည်။

“ငါ လူသတ်သမားလုပ်လာတာ ကြာပါပြီ။ ဒါပေမဲ့ ဒီလောက်အထိ မပင်ပန်းဖူးဘူး”

“သောက်ကျိုးနည်းကို”

သူမက ခပ်ကြမ်းကြမ်း အော်ဆဲရင်း အဝတ်များကို ကောက်ဝတ်ကာ အခန်းအပြင်ဘက်သို့ တိတ်တဆိတ် ထွက်သည်။

သူမက မြက်ခင်းပေါ်သို့ နင်းလိုက်ပြီးနောက်တွင် အတူတကွ အုံနေသော တိရစ္ဆာန်တစ်ဖွဲ့ကို ကြည့်ရင်း သူတို့ဟာ အမှန်တကယ် အိပ်ပျော်နေချေရှိမရှိ သေချာအောင် လုပ်လိုက်သည်။ ထို့နောက် ကျိုးဝမ်က ခြေဖျားထောက်လျှက် အဝေးရှိသစ်လုံးအိမ်သို့ သွားသည်။

“ဟေ့”

ရုတ်တရက် မြက်ခင်းပြင်ရှိ အပေါက်တစ်ပေါက်မှ ကြီးမားသော နားရွက်ကြီးတစ်စုံက ပေါ်လာသည်။ ထို့နောက် မရေမတွက်နိုင်သော ဖေးလ်မြေခွေးပေါင်းများစွာက ဂူထဲမှ ကုန်းထွက်လာကြပြီး အနက်ရောင်အရိပ်နောက်သို့ လိုက်ကာ သစ်လုံးအိမ်အထိ လိုက်သွားကြသည်။

“ဘာလို့ မလာသေးတာလဲ။ ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာ မဟုတ်လား”

“ဝက်မွေးတဲ့ မိန်းမတွေကို အားကိုးလို့ မရပါဘူးလို့။ စစ်နတ်ဘုရားတွေအာလုံးကလည်း အလိမ်အညာပဲ”

ငှက်တောက သစ်ကိုင်းပေါ်တွင် နားနေရင်း သူ၏မျက်လုံးကို ပြူးကျယ်ကာ ဖွင့်လျှက် အရှေ့ဘက်သို့ ကြည့်ကာ ခပ်တိုးတိုး ကျိန်ဆဲသည်။

“လာပြီ။ လာပြီ”

ငှက်တောက စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်သွားရင်း အဝေးမှ ချဉ်းကပ်လာနေသော ကြက်သွေးနီခေါင်းနှင့် အမျိုးသမီးကို ကြည့်သည်။

“ဒီမိန်းမက ဒီတောင်းဆိုမှုကို သဘောတူတာလား”

******

288 01

အပိုင်း 288

“ဟေ့ ဒီမှာ”

ကျိုးဝမ်က ထိုတောထဲသို့ သတိထားကာ ဝင်သွားလိုက်ပြီး အထဲမှလာသော အသံများကို ကြားလိုက်သည့်အခါ ခပ်မြန်မြန် မော့ကြည့်လိုက်သည်။ ထိုအခါ ငှက်တောက ပျံသန်းဆင်းသက်လာလျှက် ပုခုံးပေါ်သို့ လာနားတာ မြင်လိုက်ရသည်။ ထို့နောက် သူမကို ခပ်တိုးတိုး ပြောလာ၏။

“တောထဲ ဆက်ဝင်သွား။ သစ်လုံးအိမ်တွေမှာ လူတွေနေတယ်။ သူတို့ မနိုးစေနဲ့”

“သတိထား”

ကျိုးဝမ်က မျက်မှောင်အသာ ကြုတ်လိုက်သည်။ သို့သော် ဘာစကားမှ မပြောခဲ့ချေ။ သူမက ငှက်တောက ညွှန်ပြသော နေရာဘက်သို့ သွားနေရင်း မြစ်များကို ကျော်ဖြတ်လျှက် တောအုပ်အနက်ပိုင်းသို့ တစ်လှမ်းချင်းစီ လျှောက်ဝင်လိုက်သည်။

“ကျွီ”

“ဟေ့ အဖေ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ အဲဒီမိန်းမ ဝင်လာပြီ”

ဖင်းမြေခွေးက ဟက်စကီး၏အရှေ့တွင် လှဲ၍ သူ၏နားရွက်ကြီးကို စွံ့ထားကာ ဂရုတစိုက်နားထောင်ပြီးနောက် ပြန်လှည့်ကြည့်ကာ ပြောသည်။

“ဝုတ်”

“ငါ ဒီကောင်ကို သိတယ်။ ငှက်တော”

“ဒီကောင်က သေချာပေါက်ကို နှာဘူးပဲ။ သူက အဲဒီဝက်လယ်သမားကို ညသန်းခေါင်ကြီး တောထဲကို ခေါ်လာတယ်။ ကောင်းတဲ့ ကိစ္စမရှိနိုင်ဘူး”

“သွားရအောင်။ အားလုံးကို သွားနှိုးရအောင်။ ငါတို့ထဲမှာ သစ္စာဖောက်ရှိနေပြီ။ ငါတို့သာ သူ့ကို ဖမ်းပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်”

အာဟက သုန်မှုန်သော မျက်နှာနှင့် အော်လေသည်။

တာဝန်များကို ခွဲဝေပေးပြီးနောက် ဖင်းမြေခွေးများက တိရစ္ဆာန်များ၏ အသိုက်အသီးသီးသို့ အပြေးသွားကြသည်။

“ဆန်းဟ လာ အဖေနဲ့လိုက်ခဲ့။ တစ်ချက် သွားကြည့်ရအောင်”

“ငါတို့ရဲ့အဆင့်အတန်းကို တည်ထောင်ဖို့ အချိန်ကျပြီ။ ဒီတစ်ကြိမ် ငါတို့ တစ်ခုခုကို လုပ်နိုင်မယ်ဆိုရင် အဲဒီထရိုင်နိုဆောရပ်စ်က ငါတို့ကို ဘာမှလာမလုပ်ရဲတော့ဘူး”

အာဟက ညွှန်ကြားချက်တချို့ ပေးလိုက်ပြီး တောထဲသို့ ဂရုတစိုက် ဝင်သွားသည်။ သူက ခေါင်းကို ငုံလျှက် ဝက်စာအနံကို ခံရင်း တစ်လှမ်းချင်းစီ လျှောက်သွားလေသည်။

“ငါတို့က ညသန်းခေါင်ကြီး ဒီမှာ ဘာလုပ်မှာလဲ”

ကျိုးဝမ်က မြက်ခင်းနားတွင် ဆောင့်ကြောင့်ထိုင်ပြီး အဝေးရှိ မြက်ခြောက်များ ပြည့်နှက်နေသာ နေရာကို လှမ်းကြည့်လိုက်ကာ စိတ်ရှုပ်ထွေးစွာမေးသည်။

“ရှုး”

“မင်း ဒါရိုက်တာ ဆုပိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိချင်တာ မဟုတ်ဘူးလား”

“မင်းသာ ဒီမြက်ခြောက်တွေ အားလုံးကို ဖယ်ပေးတာနဲ့ ငါ မင်းကို ပြောပြမယ်”

ငှက်တောက လည်တိုင်ကို စောင်းလျှက် တစ်ခဏလောက် တွေးတောပြီးမှသာ လေသံတိုးတိုးနှင့် ပြန်ပြောသည်။

“ကောင်းပြီ”

ကျိုးဝမ်ကလည်း မျက်မှောင်ကို ကျုံ့ရင်း သူမပုခုံးပေါ်တွင်နားနေသော ကြက်တူရွေးကို တစ်ချက်ကြည့်ကာ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

“ဒါဆိုရင် ဘာလို့ ညဘက်မှာ အဝတ် လျော့ဝတ်ခိုင်းသေးတယ်”

“သောက်ကျိုးနည်းကို ဒါ ဘယ်လို ငရဲနေရာလဲ”

ငါ နေ့ဘက်မှာ ဝက်တွေ အများကြီးကို အစာကျွေးထားရတယ်။ အခုလည်း ညသန်းခေါင်မှာ ဒီကောင်အတွက် ငှက်အသိုက်ကို လာရှင်းပေးနေရတယ်”

“ကောင်းပြီ”

သူဟာ အသက်ပြင်းပြင်း ရှုလိုက်သည်။ ထို့နောက် ကျိုးဝမ်က လူသတ်သမားတစ်ယောက်တွင် ရှိသင့်သော စိတ်ရှည်မှုမျိုးကို ထုတ်လျှက် ခေါင်းကို တဖြည်းဖြည်းချင်းစီ ညိတ်ပြလိုက်သည်။ သူသည် ထိုနေရာမှ အရှေ့ဘက်ရှိ မြက်ခြောက်များ (ငှက်အသိုက်ရှိရာ) တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။

288 02

“မြန်မြန်လေး။ မြန်မြန်လုပ်”

“ငါတို့ သိပ်မကြာခင် ရောက်တော့မယ်”

“နောက်ဆုံးတော့ ငါ ကလဲ့စားချေနိုင်ပြီ။ မျောက်သိမ်းငှက် … ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

“ဝုတ်”

ရုတ်တရက် အနောက်ဘက်မှ အော်သံကိုကြားရသည်။ ငှက်တောက ရုတ်တရက် တစ်ကိုယ်လုံး တုန်ယင်သွားပြီး တောင်ပံကို တဖြတ်ဖြတ်ခတ်ကာ လေထဲသို့ မြှောက်တက်ရန် ကြိုးစားသည်။ သို့သော် သူ၏ခေါင်းအထက်တွင် ကြီးမားသော မကောင်းဆိုးဝါးကြီးက ပေါ်ထွက်လာပြီး လက်ဝါးတစ်ချက်ဖြင့် ရိုက်ချသည်။

“ဒါ …”

ထိုအခိုက်အတန့်တွင် ကျိုးဝမ်က တောထဲတွင် ဖြတ်ကနဲ့ လက်သွားသည့် ရက်စက်လွန်းသော မျက်ဝန်းတစ်စုံကို မြင်သောအခါ သတိလက်လွန်အရ သူမ၏ခါးဆီ လက်လှမ်းလိုက်သည်။ သို့သော် …

ဒါဟာ ကောင်းကင်ပြာတိရစ္ဆာန်ရုံ ဖြစ်သည်။ ထို့ကြောင့် သူမသည် ပစ္စတိုကို မယူလာခဲ့ချေ။

“ဘယ်လိုလုပ်ရမလဲ”

“မဟုတ်သေးပါဘူး။ ငါ့ကိုလာ မဖမ်းနဲ့နော်။ ငါ ဘာမှမသိဘူး”

ငှက်တောက မြေပြင်မှ ခုန်ထပြီး သူ့ကို ဝိုင်းထားသော တိရစ္ဆာန်တစ်ဖွဲ့ကို ကြည့်သည်။ သူသည် မနေနိုင်ဘဲ အသံကို မြှင့်လျှက် အော်၏။

“ဖြန်း”

တပိုင်က ထိုအကောင်ကို မြေပြင်ပေါ်သို့ ရိုက်ချပြီး တစ်ဖက်တွင် ရပ်နေသော အမျိုးသမီးကို ပြန်ကြည့်ကာ ဘေးဘက်ရှိ ဆင်ကြီးကို ခေါင်းသာ ညိတ်ပြလိုက်သည်။

သူဟာ ညသန်းခေါင်ကြီး မအိပ်စက်နေသေးဘဲ မျောက်စားသော သိမ်းငှက်ရှိရာဘက်သို့ လာကတည်းက မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေရပေမည်။

ဆင်အုပ်၏ခေါင်းဆောင်က သူ၏နှာမောင်းကြီးကို ဆန့်ထုတ်လျှက် ကျိုးဝမ်ကို ဖမ်းဆွဲလိုက်ပြီး တစ်ဖက်သို့ ပြန်လှည့်လျှက် ထွက်ခဲ့လိုက်သည်။

“ဘာလုပ်မလို့လဲ”

ဆူညံသံများကိုကြားသည့် လောင်ကျိုးက အဆောင်ထဲမှ ထွက်လာသောအခါ တိရစ္ဆာန်တစ်အုပ်က အဝေးရှိ မြက်ခင်းနားတွင် စုစည်းနေကြသည့်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူကိုယ်တိုင်ပဲ တံခါးကိုဖွင့်ပြီး တစ်ချက်ထွက်ကြည့်လိုက်သည်။

နေ့အချိန်က ကောင်မလေးပဲ။ ယခုအခါ မြေပြင်တွင် လဲနေသည်။ သူ့ကို ရွှေရောင်မြွေက တင်းတင်းကြပ်ကြပ် တုတ်ထားပြီး ပါးစပ်ကလည်း အပိတ်ခံထားရသည်။

“ဟူး”

သူဟာ ခေါင်းကိုခါလျှက် လှမ်းအော်လိုက်သည်။

“သူ့ကို မြန်မြန်လွှတ်ပေးလိုက်။ ဘာလုပ်နေကြတာလဲ”

အချိန်တွေကြာပြီးနောက်

“ဝုတ် ဝုတ် ဝုတ်။ အစ်ကိုကျိုး”

ကျိုးဝမ်က လောင်ကျိူး၏ လက်မောင်းထဲသို့ ပစ်ဝင်ပြီး အော်ငိုသည်။

“နေ့ချိန်က ဒီငှက်တောက ပြောတယ်။ ငါက ရောက်ခါစမို့လို့ ဒါရိုက်တာ ဆုပိုင်ရဲ့ အလေ့အကျင့်တွေကို မသိသေးဘူးတဲ့။ ဒါကြောင့် ငါ့ကို ဒီနေရာကို ညပိုင်းမှ လာခိုင်းတာ”

“ငါ မမျှော်လင့်ထားဘဲ ”

“ငါ့မှာ တကယ်ကို မကောင်းတဲ့ အတွေးမရှိပါဘူး။ ငါ ဒီအတိုင်း။ ဒီအတိုင်း ဒါရိုက်တာ ဆုပိုင်အကြောင်းကို ပိုသိရင်ကောင်းမယ်လို့ ထင်လို့။ ဒါကြောင့် …”

“ကောင်းပြီ။ ကောင်းပြီ။ အခုပြန်တော့”

လောင်ကျိုးက သူမကို တွန်းထုတ်ပြီး ခပ်တိုးတိုး ပြောသည်။

288 03

ထွက်သွားသော ကျိုးဝမ်ကို ကြည့်ရင်း လောင်ကျိုး၏မျက်နှာက တဖြည်းဖြည်းချင်းစီ သုန်မှုန်လာသည်။ သူဟာ ဒီဘက်ကိုလှည့်လျှက် တိရစ္ဆာန်များကို ကြည့်ကာ လက်ဆန့်ထုတ်ပြီး ငှက်တောကို ကောက်မကာ ခပ်တိုးတိုး ပြောသည်။

“အနာဂတ်မှာ ဒီမိန်းမနဲ့ အဆက်အသွယ် မလုပ်နဲ့။ ဒါရိုက်တာဆုပိုင်က ဒီလူက မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ မှာထားပြီးသား။ ငါ အားလုံးသိအောင် ကြိုပြောထားရလိမ့်မယ်”

“ကောင်းပြီ”

ငှက်တောကလည်း ခေါင်းကိုညိတ်သည်။ ဒါက တကယ်ကို ထိတ်လန့်သည်းဖိုဆန်လွန်းတဲ့ ညပဲ။

ကံကောင်းသည်မှာ မည်သည့်အရာကမှ မဖြစ်ပျက်ခဲ့ချေ။ ထိုနှာခေါင်းကောက်သော သိမ်းငှက်၏အသိုက်က ဖျက်စီးခံခဲ့ရလျှင် သူသည်လည်း ထပ်ပြီး အလုယက် ခံရလောက်သည်။

“အမွှေးတွေ ပေါက်လာလိုက်တာ တအားခက်ခဲတာပဲ”

…

“ဖူး”

ဆုပိုင်က တဖြည်းဖြည်းချင်းစီ ထွက်လာသော နေမင်းကို ကြည့်ရင်း သူ၏ပါးစပ်ထဲမှ တံတွေးများကို ထွေးထုတ်လိုက်ကာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

“ခက်ခဲလိုက်တာ”

သူ တစ်ညလုံး အဲဒီ အယ်လ်ဖာဂါ ကုလားအုပ်တစ်အုပ်ကြောင့် တောက်လျှောက် လိုက်ဖမ်းပြီး တံတွေးနဲ့ အထွေးခံနေရတာ။ ခြံစည်းရိုးထဲက လွတ်အောင်ပြေးတာတောင်မှ မလွတ်ဘူး။

“ဒီကောင်တစ်အုပ်က တစ်ကောင်ပြီး တစ်ကောင် ခုန်ထွက်လာကြသေးတယ်”

“ဖူး”

“ဘာတွေဖြစ်နေတာလဲ”

မော့ဘီက မျက်လုံးကို ပွတ်ရင်း ရွက်ဖျင်တဲကို ဖွင့်ကာ ထွက်လာသည်။ ထိုအချိန်တွင် အပြင်ဘက်မှ အရှုပ်အထွေးများကို မြင်သောအခါ သူကိုယ်တိုင် မျက်မှောင် ကျုံ့သွားလေသည်။

မနေ့ညက တစ်ညလုံး မအိပ်ဘဲ နေထားရသော လူငယ်က အဝေးရှိ မြက်ခင်းပေါ်တွင် ထိုင်နေပြီး အလွန်ပင် ဆိုးဝါးသော ပုံစံမျိုးနှင့် ဖြစ်သည်။ သူဟာ ဘေးဘီကို တစ်ချက်ကြည့်လိုက်သောအခါ သူမွေးထားသော အယ်လ်ဖာဂါ ကုလားအုပ်များကို မြင်ရသည်။

တစ်ကိုယ်လုံးတွင် အနက်ရောင်အမွှေးများရှိသော အယ်လ်ဖာဂါက သေးငယ်သော ရွက်ဖျင်တဲလေးအတွင်းရှိ အိပ်ရာပေါ်တွင် လဲနေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ပါးစပ်ကိုပင် ဖွင့်ကာ ဟောက်နေသေးသည်။ သူ၏ ပါးစပ်အောက်တွင်လည်း သရေအိုင်ကြီးကို မြင်ရသည်။

မော့ဘီက ခေါင်းကို ကို့ယို့ကားယား ကုတ်သည်။ ထို့နောက် ဆုပိုင်ဆီ အပြေးအလွှားသွားပြီး အရှက်ရွံ့စွာ ပြောသည်။

“တောင်းပန်ပါတယ်။ သူတို့က ညဘက်မှာ ရွက်ဖျင်တဲကို ဖျက်တတ်မှန်း ငါ မသိဘူး”

“ငါ မင်းကို သေချာပေါက်ပြန် လျော်ပေးပါ့မယ်။ မစိုးရိမ်နဲ့”

“ဟုတ်သားပဲ။ မင်း ရက်အနည်းငယ်ပဲ စောင့်။ ငါတို့ သိပ်မကြာခင် ဒီသိုးမွှေးတွေ ရောင်းနိုင်တော့မှာ။ ငါတို့ ဒါတွေရောင်းပြီးတာနဲ့ မင်းကို သေချာပေါက် လျော်ကြေးပေးမယ်”

ဆုပိုင်က သူ၏ရှေ့မှ သိတတ်လွန်းသော လူငယ်ကိုကြည့်လိုက်ပြီး လက်ကိုရမ်းလိုက်သည်။

“ရပါတယ်။ ဒါပေမဲ့ ငါ မင်းကို ရက်အနည်းငယ်လောက်တော့ အနှောင့်အယှက် ပေးရမယ်ထင်တယ်”

“ဒီနေရာက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ နောက်ပြီး အိပ်ရာခင်းဟာလည်း ဆေးဖို့လိုသေးတာဆိုတော့”

“ပြဿနာမရှိဘူး”

မော့ဘီက ခေါင်းကို ခပ်ကြမ်းကြမ်း ညိတ်သည်။ သူဟာ တစ်စုံတစ်ရာကို မှတ်မိသွားသလို့ မျက်နှာမျိုးက ပြောင်းလဲသွားပြီး ရွက်ဖျင်တဲ၏ဝင်ပေါက်ဘက်သို့ ခပ်မြန်မြန် သွားသည်။

288 04

တံခါးဝရှိ ဇလုံအတွင်းမှ နံဟောင်နေသော အိပ်ရာခင်းကို မြင်သောအခါ သူ၏နဖူးကို သူ ရိုက်လိုက်မိသည်။

“ငါ ဒါကို ဘာလို့ မေ့သွားပါ့လိမ့်”

သူဟာ မြေပြင်တွင် ချက်ချင်း ဆောင့်ကြောင့်ထိုင်လျှက် စတင်ကာ လျှော်လေသည်။

ဆုပိုင်က ထိုကောင်လေး၏ နောက်မှလိုက်ကာ တံခါးဆီ ပြန်လျှောက်လာသည်။ ဆက်တိုက်ဆိုသလို ပွတ်နေသောအရာက အိပ်ရာခင်းဖြစ်တာ မြင်သောအခါ သူ၏ မျက်နှာအမှုအရာက အနည်းငယ် ပြောင်းလဲသွားလေသည်။

လက်နှစ်ဖက်လုံးတွင် ဒဏ်ရာများက ရှိနေသည်။ ထိုဒဏ်ရာများက ယခုလိုမျိုး အင်အားသုံးကာ ပွတ်လိုက်လေ ပြန်ပွင့်သွားပေလေသည်။

++++++

All Chapters