← Chapters

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

289 01

အခန်း 289

အချိန်များစွာကြာပြီးနောက် ဘေစင်ထဲရှိ ရေများက နီသွားပြီ ဖြစ်သည်။

“ဆက်ပြီး မလျှော်နဲ့တော့။ လာ မင်းရဲ့လက်တွေကို အရင်ဆုံး ပတ်တီးစီးလိုက်”

ဆုပိုင်က သူ၏ ကျောမှ ကျောပိုးအိတ်ကို ခပ်မြန်မြန် ချွတ်လိုက်ပြီး ဒဏ်ရာကို ပိုးသတ်ရန် ဆေးများကို ထုတ်ကာ ထိုကောင်လေးကို မည်သည့်စကားတစ်ခွန်းမှ မဆိုဘဲ ဆွဲလိုက် လက်များကို ခြောက်အောင် သုတ်ပေးသည်။ ထို့နောက် ဂရုတစိုက် ပတ်တီးစီးပေး၏။

“မဟုတ်ဘူး။ မနာပါဘူး။ ဒီစောင်တွေကို ဒီညခြောက်အောင် လျှော်မှ ဖြစ်မယ်။ အဲဒီလိုမှ မဟုတ်ရင် အဖေနဲ့အမေအတွက် လဲစရာ မရှိဘူး”

“ကောင်းပြီ။ ကောင်းပြီ။ ငါ့ကို ဆုပိုင်လို့ခေါ်”

ဆုပိုင်က သူ့ကို တစ်ချက်ကြည့်လျှက် ခပ်တိုးတိုး ပြောသည်။

“ရက်အနည်းငယ်လောက်အထိ ရေကို မထိနဲ့အုန်း။ ငါ ဒါကို မင်းအစား လျှော်ပေးမယ်”

ထိုသို့ ပြောပြီးနောက် သူဟာ အင်္ကျီလက်များကို လိမ်တင်လျှက် ထိုဇလုံထဲမှ ညစ်ပတ်နေသော အိပ်ရာခင်းများကို သူ၏လက်ဖြင့် စတင်ကာ ပွတ်တိုက်သည်။

မော့ဘီက ဆုပိုင်နောက်တွင် ရပ်လျှက် ငိုလေသည်။ မည်သို့ပင်ဆိုစေ သူဟာ ဆယ်ကျော်သက်လေးသာ ဖြစ်သည်။ ဒီလို ဂရုစိုက် မခံရသည်မှာ ကြာပြီဖြစ်သည်။ ထိုကြောင့် သူ့ခံစားချက်သူ မထိန်းချုပ်နိုင်ခဲ့ပေ။

သူဟာ အံ့ကိုကြိတ်ရင်း မျက်ရည်များကို သုတ်ကာ တစ်ဖက်သို့ လှည့်လျှက် ခြံစည်းရိုးဘက်သို့ လျှောက်သွားသည်။

“ဖြန်း”

သူဟာ အနက်ရောက်အမွှေးများနှင့် အယ်လ်ဖာဂါကို ခပ်ကြမ်းကြမ်း ရိုက်လိုက်သည်။

“အားးးး”

ထို့နောက် အော်သံက ထွက်လာ၏။ ထိုအနက်ရောင် အယ်လ်ဖာဂါက ရုတ်တရက် ထခုန်သည်။ သူဟာ ပါးစပ်ကို ခပ်ကျယ်ကျယ်ဟရင်း တစ်ညလုံး နံဟောင်နေသည့် တံတွေးများကို ထွေးထုတ်တော့မည့်အချိန်တွင် မော့ဘီဖြစ်ကြောင်း မြင်လိုက်ရ၏။

“ဂလု”

သူဟာ တံတွေးများကို ခပ်ကြမ်းကြမ်း မျိုချလိုက်ပြီး လည်တိုင်ကိုစောင်းလျှက် တောင်ဘက်ကို လျှောက်သည်။ ထို့နောက် အယ်လ်ဖာဂါအုပ်ဆီ အပြေးအလွှား သွားလေသည်။

အချိန်တွေ ကြာပြီးနောက်တွင် ဆုပိုင်က မော့ဘီအနားသို့ သွားရပ်ရင်း ကလေးနှစ်ယောက်ကို လိုက်ပို့ရန်အတွက် လွှတ်ပေးလိုက်သည်။ သူကိုယ်တိုင်ကမှု နှုတ်ခမ်းကို တစ်ချက်ရက်လျှက် မြေပြင်မှ ကြာပွတ်ကို ကောက်ကိုင်ကာ ခြံစည်းရိုးဘက်သို့ လာသည်။

“ဟီးဟီးဟီး”

သူဟာ အနက်ရောင်အမွှေးနှင့် အယ်လ်ဖာဂါကိုကြည့်ပြီး အေးစက်စွာ လှောင်သည်။

“အား ဝွေ့”

အနက်ရောင် အယ်လ်ဖာဂါက အော်သည်။ သူဟာ နေရာတွင်ပင် မျက်တောင်ခတ်သွားပြီး ပါးစပ်ကလည်း ထွေးထုတ်တော့မည့် တံတွေးများအပြည့်နှင့် ဖြစ်သည်။

“အစ်ကို ဆုပိုင်။ သူတို့ကို ဒီအတိုင်းပဲ မောင်းလိုက်ပါ”

ခြံစည်းရိုးအပြင်ဘက်မှ သခင်ဖြစ်သူအသံက ထွက်လာသည်။ သူဟာ သူ့ကိုယ်သူ အတင်း အင်အားသုံးပြီး ထိန်းထားရ၏။

“ဘုရားရေ”

“ငါ ဒီနေ့ ရေတောင် မသောက်ရဲတော့ဘူး။ တံတွေးတွေကတင် ပြည့်နေပြီ။ ဒါပေမဲ့ ဒီကောင်က ဘာလုပ်ချင်တာလဲ”

ဆုပိုင်က ခြေတစ်လှမ်းချင်းစီ လှမ်းကာ ချဉ်းကပ်လာတာကို မြင်သောအခါ အနက်ရောင် အယ်လ်ဖာဂါက ခပ်မြန်မြန် ခြေလှမ်းလှမ်း ဆုတ်သည်။ ထို့နောက် တခြားသော အယ်လ်ဖာဂါများ၏ အနောက်တွင် ပုန်း၏။

“အား ဝွေ့”

“လာ မရှုပ်နဲ့နော် ဟုတ်ပြီလား။ မဟုတ်ရင် ငါ မင်းကို သေချာပေါက် မှုတ်ထုတ်ပစ်မယ်”

“ဖြန်း”

“အားး”

နာကျင်သော အော်သံနှင့်အတူ အနက်ရောင် အယ်လ်ဖာဂါက ခြံစည်းရိုးထဲမှ စိတ်ဓာတ်ကျစွာ ပြေးထွက်သွားရသည်။ ဆုပိုင်က သူ၏အရှိန်ကို အကန့်အသတ်အထိ မြှင့်လျှက် အနောက်မှ လိုက်သည်။

“ဖြန်း”

သူဟာ ကြာပွတ်ဖြင့် ခပ်ကြမ်းကြမ်း ရိုက်ပြီး ထိုအကောင်၏ဖင်ကို တိုက်ရိုက်ထိစေသည်။

289 02

သူ၏ရှေ့တွင် ခုန်ပေါက်နေသော အယ်လ်ဖာဂါကို မြင်သောအခါ ဆုပိုင်က အလွန်ခံစားရ ကောင်းသွားသည်။

“တစ်ညလုံး”

တစ်ညလုံးလုံး ဒီကောင်က သူ့ကို ဆက်တိုက် တံတွေးတွေ ထွေးထုတ်နေတဲ့အပြင် သူ့ကိုတောင် ကန်ထုတ်သေးတယ်။ ဟွန့်။ ဒါကို ဘယ်လိုနည်းနဲ့မှ သည်းခံစရာ အကြောင်း မရှိဘူး။

သို့ရာတွင် ဆုပိုင်က လေ့လာထားသည့် အခြေအနေအရ ထိုကောင်လေးများသည် သူ၏အရှေ့တွင် ထောင်လွှားရဲသော်လည်း မော့ဘီ၏အရှေ့တွင်မို့လို့ပင် နာခံကြသည်။ ခပ်ကျယ်ကျယ်ပင် မအော်ရဲကြပေ။

“အာ ဟွေ့”

“ငါ မင်းကို သေအောင် မှုတ်ထုတ်တော့မှာ”

ထိုအနက်ရောင် အယ်လ်ဖာဂါ၏ဖင်က ကြိမ်းကြောက်မှုကိုပင် ခံစားနေရသည်။ ထို့ကြောင့် သူသည် အနောက်သို့လှည့်ပြီး အော်သည်။ သူဟာ အဝေးမှလိုက်လာသော မော့ဘီကို တစ်ချက်ကြည့်လိုက်ပြီး သွားကို တစ်ချက်ယက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်လျှက် အဝေးသို့ စပြေးသည်။

“နည်းနည်းလောက်ပဲ”

ဆုပိုင်က သတိမထားမိချိန် သူဟာ ရုတ်တရက် အနောက်ဘက်သို့ လှည့်လျှက် သူ၏လျှာကြီးကို လိပ်ပြီး နေရာတိုင်းတွင် တံတွေးများ ပန်းထုတ်လေသည်။

“ငါ..”

ဆုပိုင်က သူ၏နဖူးမှ တံတွေးများကို သုတ်လိုက်ရင်း ကြာပွတ်ဖြင့် ထပ်ရိုက်သည်။

“အဟားဟားဟား။ ငါ မရတော့ဘူး။ ငါ ရယ်ရလွန်းလို့ အစာအိမ်တောင်နာလာပြီ”

“ဒီကောင်က အာဟထက်တောင် ပိုရိုင်းသေးတယ်။ တကယ်ကို စစ်သည်တော် တစ်ယောက်ပဲ”

“ငါ ဆုံးဖြတ်လိုက်ပြီ။ တိရစ္ဆာန်တွေကို သေချာပေါက် ပြန်ကယ်ရမယ်။ ငါ ငါရဲ့ယောက္ခထီးကို ဟက်စကီး မပေးတော့ဘူး။ အယ်လ်ဖာဂါပဲ ပေးတော့မယ်။ ကျေးဇူးပြုပြီး ငါ့ကို ကောင်းချီးပေးပါ”

“ငါ အပေါ်ကတစ်ယောက်ဖြစ်တဲ့ ခဏလောက်တော့ တိတ်ဆိတ်ပေးချင်တယ်။ မင်းရဲ့ယောက္ခထီးက မင်းကို နောက်နေ့မှ ကြာပွတ်နဲ့ ရိုက်မယ်လို့ ငါ ခန့်မှန်းရဲတယ်”

“ဒါပေ့မယ် မော့ဘီလို့ခေါ်တဲ့ကောင်က တကယ်သိတတ်တယ်ဆိုတာ မင်း သတိထားမိလား။ ၁၄ နှစ်အရွယ်ပဲ ရှိသေးတာနော်။ သူက ဒီသိုးအုပ်ကို ကျောင်းနေရတဲ့အပြင် အိမ်က လူကြီးနှစ်ယောက်နဲ့ အောက်က အငယ်နှစ်ယောက်ကိုလည်း ဂရုစိုက်ပေးနေရသေးတယ်။ ဒါက တော်ရုံတန်ရုံလုပ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ”

“ဟုတ်တယ်။ မင်းတို့အခု သူ့လက်တွေကို မမြင်လိုက်ကြဘူးလား။ ကွဲအက်ရာတွေ အပြည့်ပဲ။ ဒီလောက်ဖြစ်ဖို့အတွက် လေဒဏ်၊နေဒဏ်ကို ဘယ်လောက်တောင် ခံခဲ့ရမှာလဲ”

“ဒါရိုက်တာ ဆုပိုင်က တကယ်တော်တယ်။ အဲဒီဇလုံထဲက အိပ်ရာခင်းတွေက သိသိသာသာကိုပဲ … ဒါပေမဲ့ ဒါရိုက်တာ ဆုပိုင်က ရွံ့တဲ့မျက်နှာထားတောင် မပြဘူး။ သူဟာ တကယ်ကို တော်တဲ့လူ”

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ရှိသူအများစုက ဆုပိုင်နှင့် အနက်ရောင် ကောက်ရိုးမြင်းကို ကြည့်ရင်း ရယ်မောနေကြကာ ပျော်ရွှင်နေကြသော်လည်း မော့ဘီဟုခေါ်သော လူငယ်လေးနှင့်ပတ်သက်သော အကြောင်းအရာကို တွေးမိပြန်ချိန်တွင် စိတ်ဓာတ် ကျရပြန်သည်။

၁၄ နှစ်သာ ရှိသေးသော ထိုလူငယ်လေး၏ အသက်အရွယ်ဟာ ဆော့ကစား တတ်လွန်းသော အဆင့်သာ ဖြစ်သင့်လေသည်။ သို့သော် တိုက်ရိုက်ထုတ်လုပ်မှုအခန်းထဲမှ မော့ဘီကမှု မိသားစုကို တစ်ယောက်တည်း ထောက်ပံ့ပေးနေသည်။

ဒါဟာ လူတိုင်း လုပ်နိုင်သော အခြေအနေမျိုး မဟုတ်ချေ။

ဒါရိုက်တာ ဆုပိုင်နှင့် ထိုဆယ်ကျော်သက်အကြားမှ စကားပြောခန်းမှတစ်ဆင့် လူတိုင်းသည်လည်း သူ၏မိသားစုမှ အဖြစ်အပျက်ကို အတိအကျ သိနိုင်သည်။

မြက်ခင်းပြင်ဒေသမှ မုန်တိုင်းကြောင့် မော့ဘီ၏အဖေက သတိလစ်သွားရုံသာမကသေးတင် မိခင်ဖြစ်သူကလည်း ခြေထောက်များထံမှ ခံစားမှုများကို ပျောက်ဆုံးသွားသည်။ အငယ်လေးနှစ်ယောက်ကလည်း ကျောင်းသို့ တက်နေရသေး၏။

289 03

ထိုကြောင့် ခပ်မြန်မြန်ပြောရရင် ထိုမိသားစုက စားသောက်စရာမရှိသော အနေအထားမျိုးသို့ ရောက်ရှိနေပြီးသား ဖြစ်သည်။

အခုလိုအခြေအနေမျိုးတွင် လူကြီးတစ်ယောက်သာဆိုရင် အချိန်တွေကြာအောင် တောင့်ထိန်းထားနိုင်မည် မဟုတ်ပေ။ ၁၄ နှစ်အရွယ် လူငယ်လေး တစ်ယောက်ဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ ထို့အတွက်ကြောင့် လူတိုင်းကလည်း သူ၏သိတတ်လွန်းသောပုံစံကို မြင်ရသောအခါ စိတ်မကောင်း ဖြစ်ကြလေသည်။

“ဒီကိုလာ”

ဆုပိုင်က ခါးထောက်လျှက် သူ၏အရှေ့မှ အနက်ရောင် အယ်လ်ဖာဂါကို လှမ်းကြည့်ရင်း အော်သည်။

“ဒီကိုလာ ငါ မင်းကို ထပ်မရိုက်တော့ဘူး။ မင်းလည်း ငါ့ကို ထပ်ပြီး မထွေးနဲ့တော့”

“အာ ဟွေ့”

“မရဘူး”

အနက်ရောင် အယ်လ်ဖာဂါက လည်တိုင်ကိုဆန့်လျှက် အော်သည်။ သူဟာ တံတွေးများအားလုံးကို စတင်ကာ စုစည်းနေပြီး ဆုပိုင်ကို လှုပ်ရှားရန် တက်ကြွနေသောပုံစံမျိုးဖြင့် ကြည့်သည်။

“ငါ…”

ဆုပိုင်၏ နှုတ်ခမ်းများက စွံ့အစွာ မဲ့ကျသွားသည်။

“ဟူး”

သူဟာ အသက်ပြင်းပြင်း ရှုလိုက်သည်။ ထို့နောက် ကြာပွတ်ကို ဘေးဘက်သို့ ပစ်ထုတ်လျှက် လေသံတိုးတိုးနှင့် ပြောသည်။

“ငါတို့ ဒီလို ဆက်သွယ်နိုင်တာ ထူးဆန်းတယ်လို့ မင်း မခံစားရဘူးလား”

“နောက်ပြီး ငါက ဒီနေရာမှာ မော့ဘီကို ကူညီဖို့လာတာ။ မင်းလည်း အခြေအနေကို သိပါတယ်”

“ဘယ်လိုလဲ။ ငါတို့ ပူးပေါင်းနိုင်မလား”

အရှေ့မှ အကောင်က တွေးတောနေသော မျက်နှာမျိုး ပြသလာသောအခါ ဆုပိုင်က စိတ်အေးသွားပြီး အနားသို့ တလှမ်းချင်းစီ ကပ်သွားလိုက်သည်။ သူဟာ အနက်ရောင် အယ်ဖာဂါ၏အနားသို့ သွားပြီး ထိုကောင်၏ ကွေးကောက်နေသောအမွှေးများကို တစ်ချက် ထိတွေ့ပြီးတော့ ခပ်တိုးတိုးပြောသည်။

“မော့ဘီ မင်းကို မွှေးထားတာ ဘယ်လောက်ကြာပြီလဲ”

“ငါ့အထင် သိုးမွှေတွေက သိပ်မကြာခင် ရောင်းနိုင်တော့မှာ။ အရင်က သိုးမွှေး ရောင်းဖူးလား”

သိသာသောဖြင့် အနက်ရောင် အယ်လ်ဖာဂါက ဒီအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ဆုပိုင်က ထိုအယ်လ်ဖာဂါတို့နှင့် တစ်ညလုံး ရင်ဆိုင်ခဲ့ချိန်တွင် ဒီအခြေအနေက သိသာ ထင်ရှားခဲ့ပြီးသားဖြစ်သည်။

ထိုကောင်၏အသိညာဏ်ကသာ ပုံမှန်မဟုတ်နေခြင်း ဖြစ်သည်။ ထို့အပြင် ထိုကောင်က ဒီတာဝန်၏ အဓိက ဇာတ်လိုက် ဖြစ်ပုံရသည်။ ယခုလို အကျင့်စရိုက်မျိုးနှင့်ဆိုလျှင် ကောင်းကင်ပြာတိရစ္ဆာန်ရုံသို့ ရောက်ပြီးနောက် ကောင်းကောင်း ကိုင်တွယ် ရတော့ပေမည်။

“ဟူးဟူးဟူး”

ဆုပိုင်က တစ်ခဏခိုက် တွေးတောနေပြီး ခေါင်းကိုမော့လိုက်သည့် အခိုက်အတန်တွင်ပင် သူ၏မျက်နှာပေါ်သို့ သရေများကို လာမှုတ်လိုက်ခြင်း ခံစားလိုက်ရသည်။

လက်ဆန့်ထုတ်ကာ သုတ်ပြီးနောက်တွင် ဆုပိုင်က အရှေ့မှ အယ်လ်ဖာဂါကို ကြည့်ကာ အောက်သို့ ပြန်ကုန်းလျှက် ကြာပွတ်ကို ပြန်ကောက်ကိုင်လိုက်သည်။

“အာ ဟွေ့”

“ငါတို့အချင်းချင်း ငြိမ်ချမ်းရေးယူထားပြီးသား။ ငါက အကြာကြီး ထိန်းထားရလို့ သတိလွှတ်သလို့ ဖြစ်သွားတာပါ”

“ဖက်စ့်။ မင်း သိပ်မလွန်လာနဲ့နော်။ ငါ မင်းကို ပြောမယ်။ ငါ ဒီလို မှုတ်ထုတ်ရုံပဲ တတ်နိုင်တယ်လို့ မင်းထင်နေလား”

“ငါရဲ့ ပြိုင်ဘက်ကင်း အကွက်ကို ကြည့်လိုက်။ ငါ အခုတစ်ကြိမ် မင်းကို နှာချေးနဲ့ မှုတ်ပြမယ်”

“ဖြန်း”

289 04

ရုတ်တရက် အနက်ရောင် အယ်လ်ဖာဂါ၏ နှလုံးပေါက်ထဲမှ အစိမ်းရင့်ရောင် အရည်များက ရုတ်တရက် ထွက်လာပြီး ဆုပိုင်၏ ရင်ဘတ်ကို စင်သည်။ ဆုပိုင်သည် ထိုနေရာတွင်ပင် တောင့်ခဲသွားပြီး မယုံနိုင်စွာ ငုံ့ကြည့်လိုက်သည်။

“ဝူးဝူးဝူး”

သူ၏ ရင်ဘတ်က နိမ့်လိုက်မြှင့်လိုက် ဖြစ်လာ၏။

“အား။ မင်းတော့ သေပြီ။ ငါ မင်းကို ဒီနေ့ မကိုင်တွယ်နိုင်ဘူးလို့ မယုံဘူး”

အော်သံတစ်ခုနှင့် ဆုပိုင်က အရှေ့ဘက်သို့ အပြေးသွားပြီး လက်ထဲမှ ကြာပွတ်ကိုလည်း ရမ်းလိုက်သည်။

“အာ ဟွေ့”

“မင်းက ဒီသိုးကို အရမ်းအနိုင့်ကျင့်နေတာပဲ။ ငါ မင်းကို ဒီနေ့ သေတဲ့အထိ တိုက်ခိုက်မယ်”

အယ်လ်ဖာဂါကလည်း အော်သည်။ ထို့နောက် မျက်မှောင်ကြုတ်ရင်း ဆုပိုင်ရှိရာဘက်သို့ သူ၏နှာခေါင်းများကို ရှုံ့တွရှုူံတွလုပ်လျှက် မှုတ်ထုတ်ပြန်သည်။

“ဟူး”

“ဟူး”

“ဖြန်း”

“ဟူး”

“ဖြန်း”

“အား ငါမင်းကို သတ်မယ်။ ငါ မင်းကို ကိုက်မယ်”

++++++ 290 01

အခန်း 290

အချိန်တွေ ကြာပြီးနောက် …

ဆုပိုင် ခန္ဓာကိုယ်တစ်ခုလုံးက အစိမ်းရင့်ရောင် အရည်များနှင့် ညစ်ပတ်နေပြီး အဝေးမှပင် ထိုအညစ်အကြေးအနံ့ကို ရနိုင်လေသည်။ သူဟာ လက်ကိုဆန့်ထုတ်လျှက် စိုစွတ်နေသော ဆံပင်များကို တစ်ချက် ပွတ်ကြည့်လိုက်သည်။ ထို့နောက် အနောက်ဘက်သို့ ပြန်ကြည့်၏။

အနက်ရောင် အယ်လ်ဖာဂါ၏ ခြေထောက်တစ်ဖက်ကို လက်ဖြင့် တရွှတ်တိုက် ဆွဲပြီးနောက်တွင် သူဟာ အဝေးရှိ အယ်လ်ဖာဂါအုပ်ထံသို့ လျှောက်သွားလိုက်သည်။

ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲပြီးနောက်တွင် နောက်ဆုံးတွင် သူဟာ ထိုကောင်ကို ကိုင်တွယ်လိုက်နိုင်သည်။

“အားအားအား”

“ငါ့ကို တံတွေး နည်းနည်းပေးစမ်းပါ ဟမ်။ ငါရေဆာလို့ သေတော့မယ်။ ငါ့ကို တံတွေး နည်းနည်းပေးစမ်းပါ ဟမ်။ ငါ ပြီးရင် မှုတ်ထုတ်ပြမယ်”

“ငါ အရမ်းဗိုက်ဆာနေပြီ”

အနောက်ဘက်မှလာသော အော်ညည်းသံများကို ကြားသည့်အခါ ဆုပိုင်က ချက်ချင်းဆိုသလို့ နှုတ်ခမ်းများကို ကွေးလိုက်သည်။

“တကယ်ကို ကြမ်းတမ်းတဲ့ တိုက်ပွဲပဲ”

အရာအားလုံးက ဒီကောင်ရဲ့ တံတွေးနဲ့ အဲဒီအညစ်အကြေးတွေပဲ ကုန်ဆုံးသွားတယ်။

“ဖက်စ့်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံက အနာဂတ်မှာ ဒီအကောင်ကို ကယ်တင်ပြီးတော့ ငါတို့ ခပ်ဝေးဝေးနေမှ ဖြစ်တော့မယ်။ တံတွေး မှုတ်ထုတ်တာကနေ ရွံ့စရာကောင်းနေပြီးတော့ ဒါကို ဒီကောင်က အညစ်အကြေးတွေတောင် မှုတ်ထုတ်လာမယ်လို့ မထင်ထားဘူး။ သောက်ကျိုးနည်း ဒါက ဘယ်လိုလုပ်တာလဲ”

“အား ငါ ဆုံးဖြတ်လိုက်ပြီ။ ငါ အနာဂတ်မှာ ဒီကောင်ကို သေချာပေါက် မွေးနိုင်မယ်ဆိုရင် ငါရဲ့ ယောက္ခထီးကို တစ်ကောင်ပေးရမယ်။ သူ ဒီလိုမှုတ်ထုတ်တာ တအား လန်းတယ်”

“အပေါ်က တစ်ယောက် မင်း စားသောက်နေတဲ့အချိန်မှာ အနားမှာ ခေါ်ထားရင် သိပ်ကောင်းမယ်လို့ထင်တယ်။ အရသာ ပိုရှိတာပေါ့”

“အား မင်းတို့က ရွံ့ဖို့ကောင်းလိုက်တာ။ ဒီလောက် ချစ်စရာကောင်းတဲ့ တိရစ္ဆာန်တွေကို မင်းတို့က ရန်သာ မစဘူးဆိုရင်တော့ မမှုတ်လောက်ပါဘူး”

“ဘယ်သူသိမှာလဲ။ ဒါရိုက်တာ ဆုပိုင်ကိုတော့ မေးကြည့်ရမယ်။ မဟုတ်ရင် ငါတို့ ခရိုင်အထွေထွေမှူး စတိုဒီယိုက ဝန်ထမ်းတွေကို သွားမေးကြည့်ပါလား။ စာကြည့်တိုက်မှူး ဘယ်ရောက်သွားတာလဲ။ အလုပ်မှာလား”

“ငါ မသိဘူး။ ငါ မသိဘူး။ ဒီကောင်နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရှိဘူး”

“ဒါရိုက်တာဆုပိုင်ကို ဘာလို့ မပြောခိုင်းရမှာလဲ။ မဟုတ်ရင် တိရစ္ဆာန်ရုံ သွားတဲ့အခါ ဒီကောင်က လာပြီး မှုတ်ထုတ်နေမယ်ဆိုရင် တကယ် ရယ်ရတော့မယ်”

“ဟုတ်တော့ဟုတ်တယ်။ ဒါရိုက်တာဆုပိုင် ငါတို့ကို ပြောပြပါအုန်း”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ရှိသူများက ဒါရိုက်တာ ဆုပိုင်ဟု အဆိုရသော ပုံစံကို ကြည့်ပြီး မေးခွန်းထုတ်ကြသည်။

“ဟူး”

ဆုပိုင်က သူ၏အရှေ့မှ ကုတ်မှတ်များကို တစ်ချက်လျှက် အနက်ရောင် အယ်လ်ဖာဂါပေါ်သို့ ဖင်ခုထိုင်ချလိုက်ပြီး မျက်နှာပေါ်မှ အရည်များကို သုတ်ကာ ပြောသည်။

“အယ်လ်ဖာဂါတွေက ပုံမှန်အားဖြင့် ကုလားအုပ်မိသားစုအပိုင်း တိရစ္ဆာန်အမျိုးအစားပါပဲ။ ဒါပေမဲ့ ငါရဲ့အောက်ကကောင်ကိုတော့ သွားမကြည့်နဲ့”

“ဒီကောင်က အထူးဖြစ်စဉ်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံကသာ အနာဂတ်မှာ မွေးထားလို့ရတဲ့ အယ်လ်ဖာဂါတွေကို သားဖောက်ပြီးသွားပြီဆိုရင် ဒီလောက်အထိ ရူးမှာ မဟုတ်ပါဘူး”

“ဒီလို တိရစ္ဆာန်မျိုးတွေက အရမ်းယဉ်ပါးတယ်။ တော်တော်လေးလည်း ကြောက်တတ်တယ်။ ပုံမှန်အားဖြင့် လူတွေကို ကြောက်တယ်။ ဒါပေမဲ့ အယ်လ်ဖာဂါတွေက အဓိက ကုလားအုပ်တွေနဲ့ အနည်းနဲ့အများ တူတယ်ဆိုတာကိုတော့ သိရမယ်။ ဒါကြောင့် သူတို့က သဘောမကျတဲ့ အခြေအနေမျိုးကို တွေ့တဲ့အခါ စိတ်လွှတ်သွားတတ်တယ်”

290 02

“အသိအသာပဲ။ သူတို့ စိတ်လွှတ်သွားတာက ဒီလိုမျိုး မှုတ်ထုတ်တာလောက်ပါပဲ”

“ဒေါသ ထွက်နေတဲ့အချိန်မှာဆိုရင်တော့ အခုလိုမျိုး လုပ်လိမ့်မယ်။ သူတို့ရဲ့ နှာခေါင်းပေါက်ထဲကနေ အညှီအညစ်အကြေးတွေကို မှုတ်ထုတ်နိုင်တယ်”

“ဒါပေမဲ့ သူတို့က မင်းတို့ကို တကယ်မုန်းတာ မဟုတ်ဘူး။ ဒီအတိုင်း စိတ်လွှတ်သွားလို့ ဒေါသထွက်ပြီး နှာမှုတ်ရုံပေါ့။ အဲဒီနောက် ပြန်ပြီး ယဉ်ပါးသွားပါလိမ့်မယ်”

“ဆိုတော့ အနာဂတ်မှာ စိတ်မပျော်မရွှင်ဖြစ်နေပုံရတဲ့ အယ်လ်ဖာဂါတွေကို မြင်တဲ့အခါ ဝေးဝေးမှာပဲနေ။ အဲဒီလိုမှ မဟုတ်ရင်တော့ အင်္ကျီအနည်းအငယ်ကို ဆောင်သွားပေါ့”

ဆုပိုင်က စကားပြောပြီးနောက်တွင် သူ၏လက်မောင်းဖြင့် ထိုအကောင်၏လည်တိုင်ကို တစ်ချက်ဖက်လျှက် ကောက်ဆွဲထူလိုက်ကာ လေသံတိုးတိုးနှင့် ပြောသည်။

“ငါတို့ အခု ပြေလည်လို့ရပြီလား”

“အာ ဟွေ့”

“ရတယ်။ ရတယ်။ ရတယ်။ ကျေးဇူးပြုပြီး ငါ့ကို သောက်စရာရေ ပေးစမ်းပါ။ ဟမ် ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ငါ ရေဆာလွန်းလို့ သေတော့မယ်”

အနက်ရောင် အယ်လ်ဖာဂါက မျက်လုံးပင် လှန်ပြပြီး အားနည်းစွာ ပြောသည်။

ဆုပိုင်က အဝေးရှိ မြက်ခင်းပြင်ထဲတွင် ထိုင်နေသော မော့ဘီကို ကြည့်ရင်း မျက်မှောင်ကြုတ်သည်။

သူ၏ဘေးဘက်မှ အသက်လတ်ပိုင်းအရွယ်လူကြီးက အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ပေါ်သည်။

“ဒါဆိုရင် မင်း ကိုယ့်ဘာသာကိုယ် ပြန်သွားလိုက်တော့။ ငါ မော့ဘီကို သွားပြီး စစ်ကြည့်လိုက်အုန်းမယ်”

ဆုပိုင်က လက်ထဲမှ အယ်လ်ဖာဂါကို လွှတ်ပေးလိုက်ပြီးနောက် မော့ဘီ ရှိရာဘက်သို့ ခပ်မြန်မြန် လျှောက်သွားသည်။

“မင်း ဘာလို့ ဆရာပြောတာကို နားမထောင်တာလဲ။ “

“ဒါက မင်းကောင်းဖို့အတွက် ပြောနေတာ။ ဆရာက မင်းရဲ့ကျူရှင်စရိတ်ကို ပေးမယ်။ မင်းရဲ့မိသားစုအခြေအနေ အပါအဝင်ပေါ့။ ဒီလိုနဲ့ မင်းကို နေ့တိုင်းလိုလို စာသင်ပြီး ပြန်ရောက်ပြီးမှ ဂရုစိုက်ပေးလို့ ရတာပဲ။ မဟုတ်ဘူးလား”

“ဒီလို ရလဒ်ကောင်းမျိုးတွေနဲ့ဆိုရင် ဒီလိုမျိုး လက်လျော့လိုက်တာကမှ အများကြီး နှမြောဖို့ ကောင်းနေတာ”

ထိုမားကတ်စ့်က စကားပြောနေရင်း ဆူပူသေးသည်။

“ဒီလိုနေရာမျိုးမှာ တက္ကသိုလ်တက်နိုင်တဲ့ ကျောင်းသားမျိုးကို မွေးထုတ်ဖို့ လွယ်တာ မဟုတ်ဘူး။ ဆရာက ဆယ်နှစ်ကျော် သင်ကြားလာခဲ့ပြီး ဒီလို အခွင့်အရေးမျိုးကို ရဖို့ ခက်တယ်”

“မင်းတစ်ယောက်ထဲကပဲ ကောလိပ်တက်နိုင်တဲ့ အခွင့်အရေးရှိတယ်။ လက်မလျော့ပါနဲ့”

“ဆရာကလည်း မင်း မိသားစုရဲ့အခြေအနေကို သိတယ်။ ဒါပေမဲ့ နည်းလမ်းတစ်ခုတော့ ရှိမှာ။ မင်းရဲ့ မိဘတွေကလည်း မင်း ပညာသင်ကြားတာကို လက်လျော့လိုက်တာမျိုးကို သဘောကျမှာ မဟုတ်ဘူး”

“မင်းအဖေ ဘာလို့ ဒဏ်ရာရသွားတာလဲ။ ဒါက မင်းတို့သုံးယောက်အတွက် ကျူရှင်စရိတ်ရှာနေရင်းနဲ့ ဖြစ်တာလေ။ မင်းက ဒီလိုလုပ်လိုက်မယ်ဆိုရင် မင်းရဲ့အဖေက နိုးလာတဲ့အခါ ဘယ်လိုများ တွေးထင်မှာလဲ”

“ဝူး ဝူး ဝူး ဆရာ”

မော့ဘီက ခေါင်းကို မော့ရင်း ငိုသည်။ သူ၏ မျက်လုံးများက နီရဲနေသည်။

“မဖြစ်ဘူး”

“ဆရာ ငါ တောင်းပန်ပါတယ်။ ငါ တကယ် ကျောင်းသွားလို့ မရဘူး”

“ငါ ငါရဲ့မိဘတွေရဲ့ ဖျားနာမှုကို ငါကိုယ်တိုင် ကုပေးရမယ်။ ငါ လုပ်နိုင်ပါတယ်”

“ဒါပေမဲ့ ငါက ၁၄ နှစ် ဖြစ်နေပြီ။ ငါ မလုပ်နိုင်ပေမဲ့ ငါရဲ့ အငယ်နှစ်ယောက်ကတော့ လုပ်နိုင်မှာပါ။ ငါကတော့ မရဘူး။ မရဘူး”

290 03

“ဟူး”

မားကတ်စ့်က အသက်ပြင်းပြင်း ရှုသည်။ ကလေး၏ ငိုသံကို နားထောင်ရင်း သူကိုယ်တိုင်ကလည်း တစ်ဖက်လူကို ဆွဲဖက်လိုက်လေသည်။

“သေစမ်း.”

“ဒီကိစ္စမှာ တကယ်ပဲ ဖြေရှင်းချက် မရှိတော့ဘူးလား”

ဒီကလေးရဲ့ မိသားစုက ဒီလိုအခြေအနေမျိုးမှာ မဟုတ်ဘူးဆိုရင် သူ ကောလိပ်ရောက်တဲ့အထိ ထောက်ပံ့ပေးနိုင်မှာပဲ။

သို့ရာတွင် ယခုလောက်ဆိုးရွားသော နေရာမျိုးတွင် သူဟာ ဆရာတစ်ယောက်ဖြစ်နေပြီဆိုရင် သူ၏လစဉ်ရသော လခက အကန့်အသတ်နှင့် ဖြစ်သည်။ ထို့ကြောင့် သူသည် မိသားစုတစ်လုံးနှင့် ကလေးကို အများကြီး ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် …

ထိုကလေးက ဒီလိုအကြောင်းပြချက်ကြောင့်နဲ့ သူ၏ဘဝကို ဒီမြက်ခင်းကျယ်ဒေသတွင်သာ အဖျက်စီးခံနေတာ မြင်သောအခါ သူကိုယ်တိုင်လည်း ဓားတစ်လက်ဖြင့် အထိုးခံနေရသလို့ ခံစားရသည်။

“ဆရာက တကယ်ကို အသုံးမကျတာပါ။ ဆရာက တကယ်ကို အသုံးမကျတာပါ”

မားကတ်စ့်ကလည်း မော့ဘီဆံပင်များကို ညင်သာစွာ ပွတ်ပေးရင်း ခပ်တိုးတိုးရှံ့ငိုသည်။

“သွား”

“မော့ဘီ မနက်ဖြန် ကျောင်းတက်ရမယ်”

ရုတ်တရက် သူတို့၏ အနောက်ဘက်မှ မေးခွန်းထုတ်ရန် ခက်ခဲသည့် အသံတစ်သံက ထွက်လာလေသည်။

******

291 01

အပိုင်း 291

“ဒီကလေးက ငယ်ငယ်ကတည်းက အမှတ်တွေ အရမ်းကောင်းတာ”

“သူဟာ အရမ်းလည်း သိတတ်သေးတယ်။ သူက နေ့တိုင်းလိုလို ကျောင်းကို အစောဆုံးလာပြီး နောက်ဆုံးမှ ပြန်တဲ့လူလေ”

“ဒါပေမဲ့”

“သူရဲ့အိမ်က ဒီအပြောင်းအလဲကြီးက ဖြစ်သွားမယ်လို့ ငါ မထင်ထားဘူး။ အား”

“ဆရာတစ်ယောက်အနေနဲ့ ဒီကလေးက ဒီလိုခံစားနေရတာကို မြင်ရတာက တကယ်ကို ရင်ကွဲမတတ် နာကျင်ရပါတယ်။ သူက ဒီဒေသကနေ ထွက်နိုင်တဲ့ တစ်ဉီးတည်းသော ကလေးတစ်ယောက်ဖြစ်နေတာ။ သူရဲ့ကံကြမ္မာက ဒီလို မဖြစ်သင့်ဘူး”

“ငါ …”

ဆုပိုင်က မြက်ခင်းပေါ်တွင် ထိုင်ရင်း သူ၏အရှေ့မှ အသက်လတ်ပိုင်းအရွယ် ဆရာဖြစ်သူက ပြောပြသမျှအကြောင်းအရာများကို နားထောင်ကာ စိတ်ဓာတ်ကျသထက် ကျလာသည်။

တစ်ဖက်သူ၏အဝတ်အစား၊ တစ်ဖက်သူ၏အိုမင်းနေသော မျက်နှာကို ကြည့်ရုံဖြင့် ပြောနိုင်သည်။ သူ၏အရှေ့မှ ထိုအသက်လတ်ပိုင်းအရွယ် လူကြီးကလည်း ကောင်းမွန်သောဘဝကို မပိုင်ဆိုင်လောက်ချေ။

ထို့သို့ ဖြစ်နေခဲ့သည့်တိုင်အောင် သူဟာ မော့ဘီ၏ကျူရှင်စရိတ်အတွက် ပေးလိုစိတ် ရှိသည်။ သူဟာ ဒီဆင်းရဲသော ကလေးကို တောက်ပသော အနာဂတ်တစ်ခု ပိုင်ဆိုင်စေလို၏။ ဆုပိုင်ဟာ တစ်ဖက်သူကို ရိုသေလေးစားမှု အပြည့်ဖြင့် ကြည့်လိုက်သည်။

သူဟာ တစ်ဖက်သို့ ပြန်လှည့်လျှက် အဝေးရှိ အယ်လ်ဖာဂါအုပ်ထဲမှ မော့ဘီကို ပြန်ကြည့်ကာ အသက်ပြင်းပြင်း ရှူသည်။

ဒီတစ်ကြိမ် စနစ်က သူ့ကို ပေးသော တာဝန်က အယ်လ်ဖာဂါများကို ကယ်တင်ရုံလောက် မဟုတ်နိုင်ချေ။ အယ်လ်ဖာဂါကို မွေးမြူရင်း ထိုင်နေသော ထိုကောင်လေးကိုလည်း ကယ်တင်ခိုင်းခြင်း ဖြစ်လောက်သည်။

အခြေအနေများကို မေးမြန်းပြီးနောက်တွင် ဆုပိုင်က ထိုအယ်လ်ဖာဂါများသည် မော့ဘီမိသားစုအပိုင် မဟုတ်ဘဲ အခြားပိုင်ရှင်များ ရှိကြောင်း သိလိုက်သည်။ သို့သော် …

နှစ်တိုင်းလိုလို မော့ဘီက အယ်လ်ဖာဂါများကို မွေးသည်။ သူက ထိုအယ်လ်ဖာဂါများ၏ သိုးမွှေးများကို ရောင်းချပြီး ရရှိသော ပိုက်ဆံများကို တစ်နှစ်လုံးစာအတွက် လခအဖြစ် စုစည်းထားခြင်းဖြစ်သည်။ သူပြောသော လခကလည်း ဒီသိုးမွှေးများသာ ဖြစ်၏။

ဆုပိုင်ကသာ မှတ်မိသည်မှာ မှန်ကန်လျှင် အယ်လ်ဖာဂါတစ်ကောင်က အနည်းဆုံး ငါးသောင်းမှ တစ်သိန်းအထိ တန်ကြေး ရှိပေလိမ့်မည်။

ဆုပိုင်က ထိုကလေးသည် မည်မျှအထိ အရင်းအနှီးများယူပြီး အခြားသောသူများကို ကူညီကာ မွေးမြူပေးနေခြင်း ဖြစ်ကြောင်း တွေးပင် မတွေးရဲချေ။ တစ်ကောင်ကောင်ကသာ သေသွားခဲ့မည်ဆိုရင် ထို့နောက် …

သူသည် တစ်နှစ်လုံး ကြိုးစားအားထုတ်သမျှက အလဟဿ ဖြစ်သွားရုံသာမကသေးလေဘဲ တစ်နှစ် အနည်းငယ်အထိပင် ပြန်လည် အလျော်ပေးနေရပေလိမ့်မည်။

“ငါ မော့ဘီရဲ့ပြဿနာကို ကိုင်တွယ်ပေးနိုင်တယ်။ မနက်ဖြန် ငါ သူ့ကို ကျောင်းတက်အောင် ဖြောင်းဖြပေးမယ်”

“ခင်ဗျား စိုးရိမ်စရာ မလိုတော့ပါဘူး”

ဆုပိုင်က မတ်တပ်ထရပ်လျှက် တစ်ဖက်သူကို လေးစားစွာ ဂါဝရပြုလိုက်သည်။ ထို့နောက် တစ်ဖက်သို့ ပြန်လည်ပြီး မော့ဘီဆီ သွားသည်။

သူသည် ဒီနေ့တစ်နေ့လုံး အယ်လ်ဖာဂါအုပ်ကို စောင့်ကြည့်ပေးနေခဲ့ခြင်း ဖြစ်သည်။ အချိန်အရ ကောင်းကင်ပင် မှောင်နေပြီဖြစ်သည်။ ထို့ကြောင့် အယ်လ်ဖာဂါအုပ်ကို ပြန်ကျောင်းရတော့ပေမည်။

“ဖြန်း”

ဆုပိုင်က မော့ဘီကို ကူညီပြီး အယ်လ်ဖာဂါအုပ်ကို ပြန်ကျောင်းပေးရင်း အိမ်သို့ တစ်လှမ်းချင်းစီ ပြန်လျှောက်သွားသည်။ ထို့နောက်

“ဝူး ဝူး ဝူး အစ်ကိုကြီး မော့ဘီ။ ဘာလို့ ပြန်မလာသေးတာလဲ”

“ဝူး ဝူး ဝူး”

291 02

သူက အိမ်ပြန် မရောက်သေးခင် ရွက်ဖျင်တဲအရှေ့တွင် ထိုင်နေပြီး ငိုနေသော ကလေးနှစ်ယောက်ကို မြင်လိုက်ရလေသည်။ သူတို့၏ ကူကယ်မဲ့နေသော မျက်လုံးများက မြက်ခင်းပြင်ဘက်သို့ ကြည့်နေ၏။

“ဘန်း”

“ဘာဖြစ်လို့လဲ”

မော့ဘီမျက်နှာက ပျက်သွားသည်။ လက်ထဲမှ ကြာပွတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူသည် ရွက်ဖျင်တဲရှိရာဘက်သို့ အပြေးအလွှား သွားလေသည်။

“ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ”

“အာ”

သူဟာ သူ၏ ညီလေးကိုကောက်ချီလိုက်ပြီး စိတ်လှုပ်ရှားစွာ အော်မေးသည်။

“အဖေ၊ အမေ ဝူး ဝူး ဝူး”

“ငါ ဘာပဲ ပြောပြော သူတို့က မတုံ့ပြန်ကြတော့ဘူး”

“အစ်ကိုကြီး သူတို့ ဘာလို့ ငါ့ကို လစ်လျူရှုနေတာလဲ”

“မဟုတ်ဘူး။ မဟုတ်ဘူး”

မော့ဘီမျက်လုံးက ပြူးကျယ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက လှုပ်ခါသွားသည်။ သူဟာ ရွက်ဖျင်တဲကို ခပ်မြန်မြန်ဖွင့်လျှက် ခုတင်ရှိရာဘက်သို့ တုန်ယင်စွာ သွားလိုက်သည်။

သူက တုန်ယင်နေသောကြောင့် မေးရိုးအချင်းချင်းရိုက်သံများက တကိုက်ကိုက်မြည်သံကိုပင် ထွက်လာစေသည်။

“အမေ”

“အမေ”

“အမေ”

သူ အရင်ဉီးဆုံးမြင်လိုက်ရသည်မှာ မျက်လုံးကိုမှိတ်လျှက် ခုတင်ပေါ်တွင် ထိုင်နေသော သူ၏မိခင်ဖြစ်သည်။ မော့ဘီက ရင်ကွဲမတတ်အော်သံကို ထုတ်လွှတ်လျှက် အရှေ့ဘက်သို့ အပြေးသွားလိုက်သည်။

“အာ ဘာလို့လဲ အမေ”

“ဒီအယ်လ်ဖာဂါသိုးမွှေးတွေက သိပ်မကြာခင် ရောင်းနိုင်တော့မှာလေ။ ဘာလို့လဲ”

“ငါ ဘယ်လိုလုပ်ရမလဲ။ ငါ ဘယ်လိုလုပ်ရမလဲ”

“မေမေ”

ဆုပိုင်က ကလေးနှစ်ယောက်ကို ဖက်ရင်း ရွက်ဖျင်တဲထဲမှ မြင်ကွင်းကို ကြည့်ကာ မျက်ရည်များပင် စီးကျလာသည်။

ဒါက …

မည်သို့ပင်ဆိုစေ ထိုနှစ်ယောက်က တစ်ရက်တွင် သေချာပေါက် ယခုလိုမျိုး စိတ်အလိုအလျှောက် ထွက်သွားခဲ့လိမ့်မည်ဟု ဘယ်သူကမှ မထင်ထားလောက်ချေ။

ဆုပိုင်ကလည်း ခုတင်နားသို့ တစ်လှမ်းချင်းစီ လျှောက်သွားပြီး ထိုနေရာတွင်ထိုင်ကာ ငိုနေသော မော့ဘီကို တစ်ချက်ကြည့်သည်။ ထို့နောက် သူသည်လည်း အနားတွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။

ခုတင်ပေါ်တွင် လဲနေသော ပိန်းပါးသော အမျိုးသားကလည်း အသက်မရှုတော့ချေ။ ထို့နောက်

ဆုပိုင်ကို အခံစားရစေဆုံးက ပြုံးနေသော မျက်နှာထားမျိုးနှင့်ဖြစ်နေသော ဆံပင်အဖြူနှင့် အမျိုးသမီးဖြစ်သည်။

သူမလက်ထဲတွင် စာရွက်တစ်ရွက်ကို ကိုင်ထားသည်။ ဆုပိုင်က စာရွက်ကို ညှင်သာစွာ ကောက်ယူလိုက်ပြီး တစ်ချက် ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်ရည်များက စမ်းချောင်းလို စီးကျလာသည်။

ထိုလူနှစ်ယောက် ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့သည်မှာ သူတို့ကလေးများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုသော၍ဖြစ်သည်။

တစ်မိသားစုလုံး၏အပေါ်တွင် ပိနေသာ ဝန်ထုပ်ဝန်ပိုးကို ပြေလျော့သွားစေရန်လည်း ဖြစ်သည်။

291 03

သူမက သူမ၏ကိုယ်ပိုင်လက်ဖြင့် ယောင်္ကျားဖြစ်သူကို သတ်လိုက်သည်။ ထို့နောက် ကိုယ့်ကိုကိုယ်လည်း သတ်သေလိုက်၏။

ဒီလို ကိုယ့်ကလေးကို ချန်ထားခဲ့နိုင်ဖို့အတွက် ဘယ်လောက်တောင် ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုအပ်လောက်မလဲ။

“ထပါ”

သူဟာ အရှေ့ရှိ လူငယ်ကို ညှင်သာစွာ ပွေ့ဖက်ရင်း ဆွဲထူလိုက်သည်။ ထို့နောက် နှစ်သိမ့်ပေးသည့်အနေဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

“ဝူး ဝူး ဝူး…’’

“အဖေ၊ အမေ ငါ မင်းတို့ကို ထောက်ပံ့ပေးနိုင်တယ်လေ။ ငါ ထောက်ပံ့ပေးနိုင်တယ်”

“ဘာလို့လဲ။ ဘာလို့လဲ”

ဝမ်းနည်းစွာ ငိုနေသောလူငယ်ကို မြင်နေရသည့် ဆုပိုင်ကလည်း သူ၏မျက်လုံးများကို သုတ်ပြီး သက်ပြင်းများကို ချနေမိသည်။

သူဟာ တစ်ဖက်သို့လှည့်လျှက် ထိုအမျိုးသား၊ အမျိုးသမီးကြီး၏ ဘေးဘက်တွင် သပ်သပ်ရပ်ရပ် ခေါက်ထားသော ကျောင်းလွယ်အိတ်လေးကို သေချာကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည်လည်း မနေနိုင်တော့ဘဲ တစ်ဖက်သို့လှည့်လျှက် ရွက်ဖျင်တဲမှ ထွက်လာသည်။

“သေစမ်း”

သူဟာ နီရဲသော မျက်လုံးများဖြင့် အော်လေသည်။

ဒီမိသားစုကို ကယ်ဖို့ ဘာနည်းလမ်းမှကို မရှိဘူး။

သူတို့က ပိုက်ဆံများများ ပိုထုတ်နိုင်လျှင်ပင် အနှေးနဲ့အမြန်ဆိုသလို ဒီစုံတွဲက ဒီရွေးချယ်မှုကိုသာ ထုတ်သုံးပေလိမ့်မည်။

ကလေးတွေအတွက်…

အသက်ကို စတေးရသည့်တိုင်အောင် သူတို့ဟာ ဂရုမစိုက်ခဲ့ချေ။

ထို့ကဲ့သို့သော ခံစားချက်မျိုးက လူအများအား …

ထိုအမျိုးသမီးကြီးက ကိုယ့်ကိုကိုယ် သတ်မသေခင် မော့ဘီ၏ ကျောင်းလွယ်အိတ်ကို သေချာပြန်ချုပ်ပေးသွားသည်။

“ငါ … အငို မရပ်နိုင်တော့ဘူးထင်တယ်။ ဘယ်လိုဖြစ်ပြီး ဒီလို ပြောင်းသွားရတာလဲ။ မနက်ဖြန်ဆိုရင် သိုးမွှေးတွေ ရောင်းနိုင်တော့မှာ မဟုတ်ဘူးလား။ ဘာလို့ သူတို့ ဒီလောက်အထိ ရူးတာလဲ”

“ငါတို့ တစ်မိသားစုလုံး တိုက်ရိုက်ထုတ်လွှင့်မှုကို ထိုင်ကြည့်နေတာလေ။ ငါတို့ အားလုံးငိုနေတာ။ ငါရဲ့ အမေကတောင် ပြောသေးတယ်။ ငါတို့ရဲ့ မိသားစုသာ ဒီလိုတူညီတဲ့ အခြေအနေမျိုးဆိုရင် သူမနဲ့အဖေကလည်း အလားတူ ရွေးချယ်မိလောက်တယ်တဲ့။ ဝူး…”

“ဒါတော်တော်လေး စိတ်ဓာတ်ကျဖို့ ကောင်းတယ်။ ငါ မနေနိုင်တော့ဘူး။ ငါ မော့ဘီကို ကူညီပြီး ဒီလို ဝန်းကျင်မျိုးကနေ ရုန်းထွက်နိုင်စေချင်တယ်”

“ဒါက ဆင်းရဲတဲ့ မိသားစုက ဘဝတွေ ဘယ်လိုခက်ခဲသလဲဆိုတဲ့ အခြေအနေမျိုး ဖြစ်လောက်တယ်။ ဒါပေမဲ့ တော်တော်လေးကို ရင်ထဲထိချင်စရာပဲ။ မော့ဘီရဲ့ဒီမိသားစုအတွက် ခံစားချက်တွေအပြင် သူ့အမေရဲ့ချစ်ခြင်းကလည်း တော်တော်လေးကို မှင်သက်ဖို့ကောင်းတယ်”

“ငါရဲ့အမေကလည်း ဒီလိုမျိုး တွေးမိတာ ဖြစ်လောက်တယ်။ ငါလည်း အခုမှတွေးမိတာ။ ငါသာ ငါရဲ့ကလေးရဲ့ဘဝက နေ့တိုင်းလိုလို ကြေမွနေတာမျိုးကို မြင်နေရမယ်ဆိုရင် ငါကိုယ်တိုင်လည်း ဒီလို ရွေးချယ်မိလောက်မှာကို စိုးရိမ်မိတယ်။ ငါ့ကိုယ်ငါ လွှတ်ပေးမဲ့အပြင် ဒီကလေးကိုလည်း လွှတ်ပေးလိုက်ချင်တယ်။ မင်းတို့သိတဲ့အတိုင်းပဲ မော့ဘီက ၁၄ နှစ်ပဲ ရှိသေးတာလေ”

“ဒါတကယ် မလွယ်ဘူး။ ငါ စုထားသမျှ အရာအားလုံးပေးပါ့မယ်။ ဒါက တမင် ပြင်ဆင်ထားတာဖြစ်ဖြစ် တမင် ဖန်းတီးထားတာပဲဖြစ်ဖြစ် ဒီပိုက်ဆံတွေကို မော့ဘီဆီ ပေးပေးပါလား။ ကျေးဇူးပြုပြီး”

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများအားလုံးက မထိန်းနိုင်တော့ဘဲ အော်ငိုကြသည်။

ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းအတွက်ပင် ထို့ကဲ့သို့သော ဘဝမျိုးက အလွန်ပင် ဆိုးရွားကာ ခံစားချက်များကလည်း ပြင်းထန်လွန်းလေသည်။

တရုတ်နိုင်ငံက အလုံးအရင်းဖြင့် မျိုးတုန်းပျောက်ကွယ်သော အခြေအနေကို တွေ့ကြုံ့ပြီးနောက်တွင် လူဉီးရေက ပြင်းထန်စွာ ထိုးကျသွားခဲ့သည်။

ထို့ကြောင့် အခြေခံလူမှုလုံခြုံ့ရေးမျိုး ရှိနေသေးသည့်တိုင်အောင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက ကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးက မရှိတော့ချေ။ သို့တွင်မှ မိသားစုတွေပါ ပြိုကျပြီး အသက် ၁၄ နှစ်အရွယ်သာ ရှိသော ကလေးတစ်ယောက်က တာဝန်ယူမှု တစ်ခုကို ထမ်းနေရသော အနေအထားမျိုးက မရှိပါပေ။

၁၄ နှစ်။

ဒါက ကျောင်းတက်နေသင့်တာ။ ဘဝက အတောက်ပဆုံး အခြေအနေကို ပိုင်ဆိုင်နေသင့်တာ။ ဒါပေမဲ့ ဆင်းရဲနေတာကြောင့် မိသားစုကို ထောက်ပံ့နေရတယ်။

…

+++++++

All Chapters