← Chapters

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

292 01

အခန်း 292

ကောင်းကင်ပြာ တိရစ္ဆာန်ရုံ။

တိရစ္ဆာန်ရုံက ပိတ်ထားသည်။ လူတိုင်းက ထမင်းစားပွဲအရှည်ကြီးတွင်သာ ထိုင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည်။

“ဟူး”

“များများစား”

နီရဲသော မျက်လုံးများနှင့် လောင်ကျိုးက သူ့သမီးအား ဟင်းတစ်တုံး ကောက်ယူပေးရင်း ခပ်တိုးတိုး ပြောသည်။

ကံကောင်းသည်မှာ သူသည် ဒါရိုက်တာဆုပိုင်နှင့် ဆုံခဲ့သည်။

ရှောင်ရုပ်လေးက သွက်သွက်လက်လက် ဖြစ်သထက်ဖြစ်လာသည်။ သို့မဟုတ်လျှင် သူတို့၏ဘဝများက ဒီထက်ပိုဆိုးနေလောက်သည်။

သူသည် ရန်သူများကို သတ်ဖြတ်နိုင်သော အမျိုးမျိုးသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ဒါဟာ စွမ်းရည်သာ ဖြစ်သည်။ သူဟာ လမ်းမလွဲသွားသမျှ မိသားစုအတွက် ပိုက်ဆံအများကြီး မယူပေးနိုင်ပေ။

“လိမ္မာလိုက်တဲ့ ကလေး”

ကောင်းယွဲ့ကလည်း သူ၏ကလေး ဘေဘီကိုဖက်လျှက် မျက်ရည်များကို သုတ်နေသည်။

“မင်း မငိုနဲ့”

“ဒါရိုက်တာ ဆုပိုင်က အစ်ကိုကြီး မော့ဘီကို ကောင်းကောင်း ဂရုစိုက်မှာပါ”

ဘေဘီလေးကလည်း နီရဲသော မျက်နှာလေးဖြင့် တစ်ဖက်သို့လှည့်ပြီး နှစ်သိမ့်ပေးသည်။

“ငါ ဒီနေ့ ငါရဲ့ဟင်းရည်ကို ကုန်အောင်စားမှာပါ။ ဟုတ်ပြီလား။ အမေ ထပ်ပြီးတော့ ဒေါသ မထွက်ပါနဲ့တော့”

“ကျွတ် ကျွတ် ကျွတ်”

ရှိနေသော လူများထဲတွင် လူတစ်ယောက်ထဲကသာ တိတ်ဆိတ်နေသည်။ သူက သူ၏ပါးစပ်ထဲမှ စားစရာများကိုသာ တိတ်တဆိတ် ဝါးစားနေသည်။

“ငါ မိပြီ”

ဟင်းများကို သိမ်းပြီးနောက်တွင် ကျိုးဝမ်က စားပွဲထဲမှ ခပ်မြန်မြန် ထွက်သွားသည်။ ထို့နောက် တိရစ္ဆာန်ရုံထဲက မြစ်ဘေးနားသို့ သွားလိုက်သည်။

“ဝူး ဝူး ဝူး”

ဆင်ပေါက်လေးက မြက်ခင်းထဲမှ ကုန်းထလာပြီး မြစ်နားတွင်ထိုင်နေသော ပုံရိပ်လေးကို သိချင်စိတ်ပြင်းပြစွာ လာပြီး သူသည် မနေနိုင်ဘဲ သူ၏နှာခေါင်းလေးကို ထုတ်လျှက် သူ့နဖူးသူ ပွတ်ရင်း တဖြည်းဖြည်းချင်းစီ လျှောက်သွားလိုက်သည်။

တိရစ္ဆာန်ရုံထဲကို သိပ်မကြာခင်ကမှ ရောက်လာတဲ့ ဒီမိန်းမကြီးက ဒီမြစ်နားမှာ လာထိုင်ပြီး ဘာကိုစိုက်ကြည့်နေတာလဲ။

စကားလည်း မပြောဘူး။ ထို့အပြင် သူမ၏မျက်လုံးထောင့်မှ မျက်ရည်နှစ်ကြောင်းကလည်း စီးကျနေပြီး အဝတ်များကိုပင် ဆက်တိုက် စိုရွှဲနေစေသည်။

“ဝူး ဝူး ဝူး”

ထိုဆင်ပေါက်လေးက လူသား၏ ဝမ်းနည်းမှုကို ခံစားမိပုံရသည်။ မျက်မှောင်ကို ကြုတ်ကာ သူ၏နှာမောင်းလေးဖြင့် တစ်ဖက်သူ၏ခေါင်းထိပ်ကို အသာပုတ်ပြီး နှစ်သိမ့်ပေးလေသည်။

ထို့နောက် ကြီးမားသော ခန္ဓာကိုယ်ကြီးက မြက်ခင်းပြင်ပေါ်သို့ လဲချလျှက် ကျိုးဝမ်၏ ဘေးဘက်တွင် တိတ်တဆိတ် အဖော်ပြုပေးလေသည်။

သူဟာ ထို့သို့ အဖော်ပြုပေးနေသောကြောင့် ထိုလူသားကို ပျော်ရွှင်ရန် မျှော်လင့်နေလေသည်။

ငါလည်း ဒီလိုပဲ အရမ်း ဝမ်းနည်းနေကြပဲ။

သူတို့ရဲ့ အဖွဲ့သားတွေ အများကြီး သေသွားခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေရာကို ရောက်ပြီးတဲ့နောက်မှာ ဒီနေရာကို လာတဲ့ လူတိုင်းက အရမ်းကောင်းတယ်လေ။ သူတို့ကိုလည်း နာကျင်အောင် မလုပ်တော့တဲ့အပြင် သူတို့နဲ့ ကစားမဲ့ကလေးတွေလည်း အများကြီးပဲ။

နောက်ပြီး ဒီနေရာက လူတွေကလည်း ပျော်ရွှင်သင့်တယ်။

“ဝူး ဝူး ဝူး”

ကျိုးဝမ်က အသက်ပြင်းပြင်းရှုပြီး ခေါင်းကို လှည့်လိုက်သောအခါ သူမရဲ့ဘေးဘက်မှ ဆင်ပေါက်လေးကို မြင်လိုက်ရသည်။ သူမက အနည်းငယ်ပြုံးလိုက်၏။

ထို့နောက် ခေါင်းကိုလှည့်လျှက် တခြားတစ်ဖက်သို့ ပြန်ကြည့်သည်။

292 02

မည့်သည့်အချိန်က စတင်မှန်း မသိပေ။ သို့သော် သူမ၏ဘေးဘက်တွင် သပ်သပ်ရပ်ရပ် စီတန်းပြီးထိုင်နေသော ဖင်းမြေခွေးတစ်ဖွဲ့ကို မြင်ရသည်။ သူတို့အားလုံးကလည်း တိတ်တဆိတ်နေပြီး သူမကို မျက်လုံးကြီးများဖြင့် စိုးရိမ်တကြီး ကြည့်နေကြသည်။

“ဟား ဟား။ ပြန်ကြတော့”

ကျိုးဝမ်က အနည်းငယ်ရယ်လိုက်သည်။ သူမ၏နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်က မြှင့်တက်လာပြီး သူမက ခပ်တိုးတိုး ပြောသည်။

ထို့နောက် မြက်ခင်းပြင်မှ ထရပ်လျှက် အဝေးရှိ အိပ်ဆောင်ဘက်သို့ ပြန်သွားလိုက်သည်။

သို့ရာတွင် သူမက လျှောက်နေရင်းမှ ခန္ဓာကိုယ်က တုန်ယင်နေသေးသည်။

“ဝူး ဝူး ဝူး”

ထို့နောက် ရုတ်တရက် သူမ၏လက်နှစ်ဖက်လုံးဖြင့် ပါးစပ်ကိုအုပ်ပြီး အဝေးဘက်သို့ အပြေးသွားလိုက်သည်။

“ဝူး ဝူး ဝူး”

“ဘာလို့ ငိုနေပြန်ပြီလဲ”

ဆင်ပေါက်လေးက ခေါင်းကိုလှည့်လျှက် ဖင်းမြေခွေးတစ်အုပ်ကို ကြည့်ကာ လေသံတိုးတိုးနှင့် မေးသည်။

ဖင်းမြေခွေးများကလည်း ခေါင်းခါ၏။

“ဝူး …”

“ကောင်းပြီ။ ကောင်းပြီ။ ငါတို့တော့ တာဝန်ကျေပြီ။ မင်းတို့လည်း တော်တော် တော်ပါတယ်။ ပြန်ပြီး အိပ်ကြတော့”

အဝေးရှိ မြက်ခင်းထဲတွင် ပုန်းနေသော အဖြူရောင်ကြောင်ကြီးက အပြေးအလွှား လာလျှက် အော်သည်။

“ငှက်တော၊ ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်မှာလား”

တဖြည်းဖြည်းချင်းစီ လူစုကွဲသွားသည့် အပေါင်းအဖော်များကိုကြည့်ရင်း သူက ခေါင်းပေါ်မှ ငှက်တောကို လှမ်းအော်သည်။

“သေချာပေါက် အလုပ်ဖြစ်တယ်”

ငှက်တောက ရင်ဘတ်ကို ပုတ်ရင်း အာမခံကာ ပြောသည်။

“ဒါက တီဗီဒရမ်မာတွေမှာ ပြနေကြပုံစံပဲလေ။ မိန်းမတစ်ယောက်က စိုးရိမ်ပူပန်နေပြီး တစ်ယောက်ထဲ ငိုနေပြီဆိုရင် ညှင်ညှင်သာသာလေး ဆက်ဆံပေးဖို့ပဲ လိုအပ်တာ။ အဲဒီနောက် နှလုံးသားက အရည်ပျော်ကျသွားလိမ့်မယ်”

“ကောင်းပြီလေ။ နားထောင်ရတာတော့ အဆင်ပြေသားပဲ”

တပိုင်ကလည်း တွေးတောစဉ်းစားရင်း ခေါင်းညိတ်သည်။ ထို့နောက် ခေါင်းပေါ်မှ အကောင်ကို မောင်းထုတ်လိုက်ပြီးနောက် ပန်ဒါဥယျာဉ်ဘက်သို့ အပြေးသွားလေသည်။

ပျောက်ကွယ်သွားသော ပန်ဒါကြီးကို ကြည့်နေသည့် ငှက်တောက မြေပြင်ပေါ်မှ ကုန်းထသည်။ ထို့နောက် သူ၏နဖူးကို ခပ်ကြမ်းကြမ်းရိုက်ရင်း လေသံတိုးတိုးနှင့် ပြောသည်။

“ဟေ့ ငါပြောတာ မဆုံးသေးဘူးလေ”

“နှလုံးသား အရည်ပျော်ကျသွားပြီးဆိုတော့ ဟိုတယ်ကို ခေါ်သွားလိုက်။ အဲဒီနောက် အခန်းငှားလိုက်တော့”

“ငါတို့ထဲက ဘယ်သူသွားရမှာလဲ။ သစ်လုံးအိမ်မှာ လူများလိုသေးလား”

…

“ကောင်းပြီ”

ဆုပိုင်က မြက်ခင်းပြင်ပေါ်တွင် လဲနေရင်း အနက်ရောင် အယ်လ်ဖာဂါကြီးပေါ်သို့ ခေါင်းမှီလျှက် ကောင်းကင်ပေါ်က လကိုသာ ကြည့်ကာ သက်ပြင်းချနေသည်။

တစ်ညလုံးနီးပါး ပြင်းပြင်းထန်ထန် ကြိုးစားပြီးနောက်တွင် အလောင်းများကိစ္စကို တိုင်တွယ်ပေးလေပြီး နောက်ဆုံးတွင် သူဟာ ကလေး သုံးယောက်ကိုလည်း ချော့ပြီး သိပ်လိုက်နိုင်သည်။ မနက်ဖြန်ဆိုရင် အလုပ်အများဆုံးကာလ ဖြစ်နိုင်သည်။ လူအများကြီးလည်း လာလောက်သည်။ သို့သော် …

292 03

ဆုပိုင်ကလည်း ဒီကိစ္စက အမြန်ဆုံးပြီးသွားစေရန် မျှော်လင့်သည်။ မော့ဘီလေးကလည်း ဝမ်းနည်းမှုထဲမှ ရုန်းထွက်နိုင်ရန် မျှော်လင့်၏။ ထို့အချက်အပြင် အယ်လ်ဖာဂါများက သေဆုံးသွားသော မိဘများကြောင့် ထပ်ပြီး ထိန်းသိမ်းထားရန် မလိုအပ်တော့ချေ။

ထို့နောက် မော့ဘီကလည်း ကျောင်းပြန်တက်နိုင်လေပြီ။ အယ်လ်ဖာဂါများအတွက်ကမှု ဆုပိုင်က နောက်နှစ်တွင် သူတို့၏သူဌေးကို စကားသွားပြောလျှက် သူ့ကို ပြန်ရောင်းခိုင်းရပေမည်။

ထို့နောက် ကျောင်းမှ ဆရာအတွက် ပိုက်ဆံအနည်းငယ်ကိုလည်း ထားခဲ့ပေးရပေမည်။

ဆုပိုင်၏ စပြီးလေ့လာမှုအရ ထိုအမျိုးသား၏ အကျင့်စရိုက်နှင့်သာဆိုရင် သူဟာ လုပ်နိုင်စွမ်းရည်ရှိလျှင် ကလေးသုံးယောက်ကို သေချာပေါက် မွေးနိုင်ပေလိမ့်မည်။

ထို့နောက် ဆုပိုင်ကလည်း မော့ဘီက အသက် ၁၄ နှစ်အရွယ်တွင် သိတတ်ကတည်းက အသက် ၁၈ နှစ်အရွယ်သို့ ရောက်သွားပြီး ကိုယ့်ကိုကိုယ်တာဝန်ယူနိုင်သည်နှင့် သူ့လူငယ်နှစ်ယောက်ကို သေချာပေါက် စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း နားလည်နေလေသည်။

“အာ ဟွေ့”

“သခင်လေးက ငါတို့ကို ဆက်ပြီး မမွေးတော့ဘူးလား”

အနက်ရောင် အယ်လ်ဖာဂါကြီးက မျက်လုံးကို ပြူးကျယ်အောင် ဖွင့်ထားရင်း တိတ်ဆိတ်နေခဲ့ရာမှ ရုတ်တရက် ထအော်သည်။

“ဟုတ်တယ်။ သူ့မှာလည်း ကိုယ်ပိုင်ဘဝရှိတယ်လေ။ နောက်ပြီး သူက ဒီလို အတုပ်နှောင်မခံရသင့်ဘူး”

ဆုပိုင်က အသက်ပြင်းပြင်းရှုရင်း ပြောလိုက်သည်။

“အာ”

“ဒါဆိုရင် ငါတို့က ဘယ်လိုလုပ်ရမှာလဲ။ ငါတို့ အဲဒီလူဆီ ပြန်သွားရမှာလား။ အဲဒီက ဘဝက တအား ခက်ခဲတာ။ မင်း ဘာလို့ မနက်ဖြန် ငါတို့ကို ထွက်မပြေးခိုင်းတာလဲ”

“နောက်ပြီး မော့ဘီမရှိရင် ဒီနေရာက ဘဝက အဓိပ္ပာယ်မဲ့တယ်။ ငါ ငိုချင်တယ်။ ဝူး ဝူး ဝူး။ ငါ အရမ်း ဝမ်းနည်းသွားပြီ”

ဆုပိုင်က မြေပြင်ပေါ်တွင် ထထိုင်လိုက်ရင်း ခေါင်းကိုလှည့်ကာ အနက်‌ရောင် အယ်လ်ဖာဂါ၏ခေါင်းကို အသာပွတ်ပေးရင်း ခပ်တိုးတိုး ပြောသည်။

“မဟုတ်ဘူး။ မင်း အခုကစပြီး ငါ့နောက်ကို လိုက်ခဲ့တော့”

“အချိန်ကျလာတဲ့အခါ”

“ဖီ”

သူ၏စကားမဆုံးသေးခင် သူ၏မျက်နှာကို တံတွေးများ မှုတ်ထုတ်လိုက်ပြန်သည်။

“အာ ဟွေ့”

“ငါ မော့ဘီကို တွေးမိတဲ့အခါ အရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကို တံတွေးလေးတော့ မှုတ်ထုတ်ခွင့် ပြုပါ။ ငါ မှုတ်ထုတ်လို့ပြီးသွားရင် ခံစားချက် ကောင်းသွားမှာ”

“ငါ”

ဆုပိုင်က တံတွေးများကို သုတ်လိုက်ရင်း စွံ့အစွာနှင့် မျက်လုံးကို ပြန်မှိတ်လိုက်ရသည်။

အကြောင်းပြချက်ကတော့ ပြိုင်ဘက်ကင်းတယ်။ ငြင်းစရာအကြောင်းကို မရှိဘူး။

“ဟူး ဟူး ဟူး ဟူး ဟူး”

“မင်း ဆန္ဒရှိရင် တံတွေးမှုတ်ထုတ်လို့ ရတယ်။ ဘာလို့ လာယက်နေတာလဲ”

“ဒါက အရမ်းဝမ်းနည်းဖို့ကောင်းတယ်လေ။ ငါက နှစ်သိမ့်မှု ခံယူချင်တာ”

“အညစ်အကြေးတွေ မှုတ်ထုတ်တာကတော့ လွန်သွားပြီ။ ငါ မင်းကို သေအောင် ရိုက်သတ်တော့မယ်”

“ဖီ။ မင်းဟာ လူဟုတ်ရဲ့လား ဟမ်။ နည်းနည်းလေး စတေးပေးတော့ ဘာဖြစ်မှာမို့လို့လဲ။ ငါ အရမ်းကို စိတ်မပျော်မရွှင် ဖြစ်နေတာလေ။ နည်းနည်းလေး မှုတ်ထုတ်ပေးတော့ ဘာဖြစ်လို့လဲ”

“အာ ဟွေ့”

“ငါ သေချာပေါက် မင်းနောက် မလိုက်ဘူး။ မင်းက အရမ်း ကပ်စေးနည်းတယ်။ သေစမ်း။ မင်းအခု ကြာပွတ်ကိုသွားကိုင်ရင် ငါ မင်းကို သေအောင် တိုက်ခိုက်မှာနော်”

…

++++++293 01

အခန်း 293

၂ ရက်ခန့်ကြာပြီးနောက်

“အစ်ကိုကြီး ငါတို့ တကယ်ပဲ အခုကစပြီး ဆရာနဲ့နေရမှာလား”

မော့ဆန်းက ခေါင်းကိုမော့လျှက် နီရဲသော မျက်လုံးဖြင့်ကြည့်သည်။

“ဆိုတော့ အခုကစပြီး အစ်ကိုကြီးက ငါတို့နဲ့အတူ ကျောင်းတက်မှာလား”

“အွန်း”

မော့ဘီက နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လျှက် ခေါင်းကို လေးလံစွာ ညိတ်သည်။

သူ့ခေါင်းကို တစ်ဖက်လှည့်လျှက် အဝေးရှိ အုတ်ဂူနှစ်ခုကိုကြည့်ရင်း မျက်ရည်များက ကျလာပြန်သည်။

“ဟူး”

“ငါ ကလေးတွေကို ကောင်းကောင်း ဂရုစိုက်မှာပါ။ ဒါပေမဲ့ ငါ မ‌မျှော်လင့်ထားဘဲ … “

မားကတ်စ့်က သက်ပြင်း ချသည်။ မည်သို့ပင်ဆိုစေ သူသည်လည်း နှစ်ရက်ခန့်ကြာမည်ဟု မထင်ထားမိပေ။ ဒီနှစ်ရက်အတောအတွင်း ဒီလိုကိစ္စကြီးက ဖြစ်သွားသည်။

“ဒါပေမဲ့ မော့ဘီက နည်းနည်း စိတ်ဓာတ်ကျနေတယ်ဆိုတော့ ဒီကလေးက …”

ဆုပိုင်က အဝေးရှိ ကလေးသုံးယောက်ကို ကြည့်ပြီး စိုးရိမ်မှုများနှင့်ပြောသည်။

“သူဟာ အရမ်းကို သိတတ်တဲ့ကလေးပါ။ သူ အခုနားလည်သင့်တယ်။ နောက်ပြီး ငါနဲ့ ငါ့ယောင်္ကျားက ကလေးတွေကို ဂရုစိုက်ပေးနိုင်ပါတယ်”

“မစိုးရိမ်ပါနဲ့”

“ဝူး ဝူး ဝူး။ ငါ ကလေးတွေကို တစ်ချက် သွားကြည့်လိုက်အုန်းမယ်။ သူတို့က အရမ်း သနားဖို့ကောင်းတာပဲ။ အခုကစပြီး သူတို့က ငါတို့ရဲ့ကလေးတွေပဲ”

အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးကလည်း မျက်ရည်များကို ဆက်တိုက်ဆိုသလို သုတ်နေရင်း ကလေးသုံးယောက်ဆီ အပြေးသွားသည်။

“ကောင်းပါပြီ”

“ဒါက သူတို့တွေ အရွယ်ရောက်တဲ့အထိ နေထိုင်မှုအတွက် ကုန်ကျမဲ့ စရိတ်ပဲ။ ကူညီပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်”

“ငါ ဒါကို မယူသင့်ဘူး။ ငါရဲ့မိန်းမက ဒီကလေးသုံးယောက်ကို မွေးမယ်လို့ သဘောတူထားပြီးသား။ ငါတို့သေချာပေါက် တတ်နိုင်ပါတယ်။ နောက်ပြီး မော့ဘီကလည်း ငါတို့နဲ့ ဆက်စပ်မှုရှိတယ်။ မင်းတို့နဲ့ ဘာမှ တော်စပ်တာ မဟုတ်ဘူး။ ဒီတော့ မင်းရဲ့ ပိုက်ဆံကို မယူသင့်ဘူး”

သူရဲ့အရှေ့မှ ဘဏ်ကဒ်ကို မြင်သောအခါ မားကတ်စ့်က ချက်ချင်းငြင်းသည်။

“ယူလိုက်ပါ”

ဆုပိုင်က သူ၏လက်ထဲသို့ ပိုက်ဆံကိုထိုးထည့်ပြီး လေးနက်သောလေသံနှင့် ပြောသည်။

“ဒီနေရာက မင်းရဲ့အခြေအနေကို ငါနားလည်တယ်။ မင်းတစ်ယောက်တည်း ဒီကလေးငါးယောက်ကို ဘယ်လိုမွေးမှာလဲ။ မင်းရဲ့ဘဝက ပိုပြီး ခက်ခဲသွားတော့မှာပေါ့”

“ဒီကလေးတွေ အားလုံးကို အပြင်ထွက်သွားနိုင်စေဖို့ ကြိုးစားရမယ်”

“ဒီအယ်လ်ဖာဂါတွေကို ဝယ်တဲ့အတွက် ကုန်ကျစရိတ်လည်း ရှိသေးတယ် မဟုတ်လား”

“အစ်ကိုကြီး ဆုပိုင်”

မော့ဘီက အနောက်ဘက်မှ ရောက်လာလျှက် ဆုပိုင်ကို ဖက်ရင်း ငိုသည်။

“ငါ မင်းကို လုံးဝ မမေ့ဘူး။ ငါ အနာဂတ်မှာ မင်း ငါတို့ဆီ ပြန်လာခဲ့မှာကို စောင့်နေမယ်”

“ငါ ကောလိပ်တက်ပြီးတဲ့အခါ မင်းဆီ လာလည်မယ်”

“ကောင်းပြီ”

293 02

ဆုပိုင်က ပြုံးသည်။ ထို့နောက် ထိုကလေး၏ခေါင်းကို အသာပုတ်ရင်း လေးနက်သော လေသံနှင့် ပြောလိုက်သည်။

“ဒါဆိုရင် ငါ မင်းလာတဲ့အချိန်ကို စောင့်နေမယ်။ မင်း သေချာပေါက် ပြင်းပြင်းထန်ထန် ကြိုးစားသင်ယူရမယ်။ ဒီလိုမှပဲ မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မှာ”

“ကောင်းပြီ”

မော့ဘီကလည်း လေးနက်စွာ ညိတ်သည်။

“သွားတော့မယ်”

ဆုပိုင်က ခြေနှစ်လှမ်းခန့်နောက်ဆုတ်လိုက်ပြီး ပြုံးကာ လက်ရမ်း နှုတ်ဆက်ပြသည်။

နောက်ဆုံးတွင် ဆုပိုင်က လိပ်စာအတုတစ်ခုကို ပေးခဲ့သည်။ သို့သော် ထိုလူငယ်ကိုယ်တိုင်ကလည်း သိနေလောက်လေသည်။ အနည်းဆုံး မော့ဘီ၏စိတ်ထဲတွင် သူ၏အကြီးမားဆုံးသော ဆန္ဒက အလွန်ကောင်းသော တက္ကသိုလ်တစ်ခုသို့ တက်ပြီး ဆုပိုင်ဆီ သွားခြင်း ဖြစ်သည်။

တစ်ခါတစ်ရံတွင် ဒါဟာ အလိမ်တစ်ခုမှန်းသိနေသည့်တိုင်အောင် …

“သေချာပေါက် အဆင်ပြေရမယ်”

ဆုပိုင်က ထွက်ခွာသွားသော လူတိုင်း၏ကျောပြင်ကို ကြည့်ပြီး အော်သည်။

“အစ်ကိုကြီး ဆုပိုင်။ ငါ သေချာပေါက် မင်းကို လာရှာမယ်”

“ငါ့ကို စောင့်နေ”

“သွားကြစို့”

မြက်ခင်းပြင်ပေါ်မှ ပျောက်သွားသော ပုံရိပ်များကို ကြည့်ရင်း ဆုပိုင်က ငုံ့ကိုင်းလျှက် ကြာပွတ်ကို ကောက်ကိုင်သည်။ ထို့နောက် အဝေးသို့ ဝမ်းနည်းသောပုံစံမျိုးဖြင့် ကြည့်နေသည့် အနက်ရောင် အယ်လ်ဖာဂါကို လှမ်းအော်သည်။

“အာ ဟွေ့”

“သူ ငါ့ကိုတောင် မနှုတ်ဆက်သွားဘူး။ ငါ အရမ်း ဝမ်းနည်းတာပဲ”

“အား။ ငါ အရမ်းဝမ်းနည်းတယ်”

“ဘန်း”

“ဝူး”

ဒေါသများကို ဖောက်ထုတ်သောြဖင့် အနက်ရောင် အယ်လ်ဖာဂါက ရုတ်တရက် သူ၏အရှေ့မှ ဆုပိုင်ဟာ မည်သည့်နေရာကမှန်းမသိ ပလက်စတစ် မျက်နှာဖုံးကို ကောက်ထုတ်ပြီး သူ၏ပါးစပ်သို့ လာစွပ်ကြောင်း မြင်လိုက်ရသည်။

“အာ ဟူး”

“ငါ့ကို လွှတ်ပေးစမ်း။ ဟူး”

“ဘန်း”

ဆုပိုင်က ကြာပွတ်ကိုထုတ်ပြီး သူ့ကို ရိုက်ကာ ပြုံးသည်။

“ငါ မင်းကို မကိုင်တွယ်နိုင်တော့ဘူး။ မင်း ထပ်ပြီး မှုတ်ထုတ်မယ်ဆိုရင် ဒီပါးစပ်ကို ထပ်ပိတ်ထားရလိမ့်မယ်”

“တီ။ ဂုဏ်ယူပါတယ်။ ပိုင်ရှင်က အယ်လ်ဖာဂါအပိုင်းအစ တာဝန်ကို အောင်မြင်အောင် လုပ်လိုက်ပါပြီ”

“တီ။ ပိုင်ရှင်က အယ်လ်ဖာဂါကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီအတွက် ကျိန်စာအပေါင်း တစ်မှတ် ရရှိပါတယ်”

“စနစ်က ပြန်လည်ပို့ဆောင်ပေးပါတော့မယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ပိတ်သိမ်းပါတော့မယ်”

…

“အား”

“ဒါက ဘယ်လို ငရဲလဲ။ ငါနဲ့ဝေးဝေးနေစမ်း”

“ကယ်ပါ။ ကယ်ပါ”

293 03

ဆုပိုင်က ဆင်းသက်ရုံမျှရှိသေးသည်။ ရုတ်တရက် သူ့ကိုယ်သူ တည်နေရာ မထိန်းနိုင်သေးခင် အဝေးမှ အမျိူးသမီးတစ်ယောက်၏ အော်သံကို ကြားရသည်။

သူ၏မှုးဝေနေသော ခေါင်းကို အသာခေါက်ရင်း ဆုပိုင်က မော့ကြည့်လိုက်သည်။

“ဟေ့”

သူဟာ ပင်သက်ရှိုက်လိုက်မိသည်။

အနက်ရောင် အယ်လ်ဖာဂါက အမျိုးသမီးတစ်ယောက်ကို မြေပြင်ပေါ်သို့ ဖိချလျှက် ပါးစပ်ကို ဖွင့်ပြီး သူမ၏ခေါင်းပေါ်မှ အရာကို ဆွဲဖြဲနေကြောင်း မြင်လိုက်ရသည်။

“အာ ဟူး”

“ဒါက ဘာလဲ။ ငါ ဝါးလို့လည်း မရဘူး”

ပါးစပ်ဖြင့် ဝါးကြည့်ပြီးနောက် ဒါဟာ မြက်မဟုတ်ကြောင်း မြင်လိုက်ရသဖြင့် အယ်လ်ဖာဂါက ဒေါသထွက်သွားသည်။

ဒါ အတုကြီးပဲ။

“ဟူး …”

သူဟာ သူ၏လျှာကို တစ်ချက်လိမ်တင်ပြီး မရေမတွက်နိုင်သော အညစ်အကြေးများကို အောက်ဘက်ရှိ အမျိုးသမီး၏မျက်နှာဘက်သို့ မှုတ်ထုတ်ပစ်သည်။ အနက်ရောင် အယ်လ်ဖာဂါက သူ၏လည်ပင်းကို ဒေါသတကြီး တစ်ဖက်သို့ ချောင်ခနဲလှည့်လျှက် ထွက်သွားလေသည်။

သူဟာ အဝေးမှ ပလက်ဖောင်းပေါ်ရှိ ပန်းများကို မြင်သောအခါ ချက်ချင်း အပြေးသွားပြန်သည်။

“အား။ ဒါ။ ငါ ဒါကို မှတ်ထားမယ် ဟမ်။ ဒါက ဒါရိုက်တာ ဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာပြတဲ့ အယ်လ်ဖာဂါ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ဒီမောလ်ထဲမှာ ပေါ်လာတာလဲ”

“နေဦး။ ဘယ်လိုဖြစ်ပြီး ဒီကောင်က အရမ်းတွေ ဆိုးနေတာလဲ။ ကြည့်အုန်း သူ ကောင်မလေးရဲ့ မျက်နှာပေါ်ကိုတောင် မှုတ်ထုတ်လိုက်သေးတယ်။ ကြည့်အုန်း ဟားဟားဟား”

“မြန်မြန်၊ မြန်မြန်။ ဖုန်းကို ထုတ်ပြီး ဓာတ်ပုံရိုက်တော့။ ဒါရိုက်တာ ဆုပိုင်ကို ကြည့်အုန်း။ သူအနားမှာ ရှိလောက်တယ်”

အနားရှိ လူများက အရှေ့ရှိ အယ်လ်ဖာဂါ၏ပုံစံကို ကြည့်ပြီး ရယ်ကြသည်။

“ကြည့်မနေကြနဲ့။ မြန်မြန်သွားပြီး ကူညီလိုက်ကြလေ”

အောက်ဘက်ရှိ မိန်းကလေး၏ စိတ်ရှုပ်ထွေးနေသော မျက်နှာထားကို ကြည့်ရုံဖြင့် လူအများစုက အရယ်မရပ်နိုင်ကြတော့ချေ။

“ငါ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်”

ဆုပိုင်က ဓာတ်လှေကားထဲမှ အပြေးခုန်ဆင်းပြီး ထိုမိန်းမငယ်လေးကို တောက်လျှောက် တောင်းပန်ရသည်။ ထိုကောင်မလေးက ဆက်တိုက် ငိုနေ၏။

“ဒီကိုလာ”

ဆုပိုင်က တစ်ဖက်သို့လှည့်လျှက် ပန်းများကိုသွားစားနေသော အယ်လ်ဖာဂါကို လှမ်းအော်သည်။

“အာ ဟူး”

“ငါ့ကို လာမဖမ်းနဲ့နော်။ ဒါက မြက်ခင်းပြင်ဒေသ မဟုတ်ဘူး။ ငါ ရူးသွားတဲ့အခါ ငါ တအားကြောက်လာမှာ”

အနက်ရောင် အယ်လ်ဖာဂါက ပါးစပ်ထဲတွင် ပန်းကို ကိုက်ဝါးနေချိန်တွင် ဆုပိုင်ကို ထိတ်လန့်တကြီး ကြည့်ကာ ခေါင်းကို နောက်သို့စောင်းသည်။ သူသည် တစ်စုံတစ်ရာကို နားလည်သွားသလို့မျိုး အထင်တသေး ပြန်အော်၏။ ထို့နောက် သူဟာ တစ်ဖက်သို့လှည့်လျှက် အဝေးသို့ ပြေးလေသည်။

“ဝူး ဝူး ဝူး”

“ဘာတွေ ဖြစ်နေတာလဲဗျ”

ဆိုင်တံခါးဝကိုမှီနေသော ကတုံးနှင့် စာဖိုမှူးတစ်ယောက်က အဝေးရှိ ရှုပ်ထွေးနေသော လူအုပ်ကို တစ်ချက်ကြည့်ကာ မျက်မှောင် ကြုတ်ပြီး ရွတ်သည်။

“သူ့ကို ဖမ်း”

293 04

“ဟား ဟား။ ဒါက ပျော်စရာ အရမ်းကောင်းတယ်။ အရှေ့က ဆရာကြီး။ အယ်လ်ဖာဂါကို မြန်မြန်လေးဖမ်းပါအုန်း”

“ငါ့ကို လာမဆွဲနဲ့နော်။ ငါ ဒီအယ်လ်ဖာဂါကို ဖမ်းချင်တယ်။ အရမ်း ပျော်ဖို့ကောင်းတယ်”

လူအုပ်၏ အော်သံကို နားထောင်ပြီးနောက်တွင် ထိုကတုံးနှင့် စာဖိုမှူး၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူသည် ထူးဆန်းသော သတ္တဝါတစ်ကောင်က အရှေ့ဆုံးတွင် ပြေးလိုက်နေကြောင်း မြင်ရ၏။

“အာ ဟူး”

“ဟူး ဟူး ဟူး ဟူး ဟူး”

ဆက်တိုက်ဆိုသပင် သူဟာ အော်ဟစ်လျှက် တံတွေးများကို မှုတ်ထုတ်နေသည်။

“ဂလု”

ထိုကတုံးနှင့် စာဖိုမှူးက လျှာသတ်ရင်း ဆိုင်ထဲမှ ချက်ချင်း အပြေးထွက်ကာ လက်ကိုဆန့်တန်းရင်း ကျယ်လောင်စွာ အော်သည်။

“ဒီကိုလာ။ ဒီကိုလာ။ ငါ ထိန်းထားမယ်။ မပြေးနဲ့”

++++++ 294 01

အခန်း 294

“ဟား ဟား။ သောက် ငရဲကို ဒါက ဘာလဲ။ ဒါက သေချောပေါက် … “

“ဖြန်း”

သူ၏စကားက မဆုံးသေးခင် အစိမ်းရင့်ရောင် အညစ်အကြေးများက တစ်ဖက်အကောင်၏နှာခေါင်းထဲမှ ထွက်လျှက် သူ၏မျက်နှာကို လာစင်သည်။

“ဟူး ဟူး ဟူး”

ထို့နောက် သပ်သပ်ရပ်ရပ်ရှိပြီး အတန်အသင့်ကြီးသည့် ရှေ့သွားကြီးများက သူ၏ရှေ့တွင် ပေါ်လာသလို့ ခံစားရသည်။ ထို့နောက်

“အား ကယ်ပါအုန်း။ ဒါ ဘာကောင်လဲ။ နံဟောင်နေတာပဲ”

သူ၏ကိုယ်ပေါ်သို့ တစ်စုံတစ်ယောက်က ရေပုံးဖြင့် လောင်းချလိုက်သလို့ ခံစားလိုက်ရသည်။ ထို့နောက် သူ၏မျက်နှာတွင် ထိုနံစော်နေသော အရာများ၏ စေးကပ်ကပ်အရည်များက ပြည့်နှက်သွားသည်။

“အော့”

စာဖိုမှူးက ကြမ်းပြင်မှ ကုန်းထပြီး ဆိုင်ထဲသို့ အပြေးဝင်သွားကာ အန်လေသည်။

“ဝိုး ဒါ ဘာအနံလဲ။ ဘယ်သူ ဘောင်းဘီထဲ ချီးထွက်ကျတာလဲ”

ပိုက်ဆံရှင်း ကောင်တာမှ အမျိုးသမီးကလည်း ထိုအနံကို ရသောအခါ မျက်လုံးကို အလုပ်ပေးလျှက် ဟိုဟိုဒီဒီ ကြည့်သည်။ ထို့နောက် အော်ဟစ် စုဝေးနေတာ အချိန်တွေကြာပြီးနောက်

“ဘန်း ဘန်း ဘန်း”

ဆုပိုင်က ထိုကောင်၏ခြေထောက်ကို မျက်နှာသေနှင့် တရွတ်တိုက် ဆွဲချလာလိုက်သည်။

“အာ ဟွေ့”

“အရမ်းနာတယ်နော်။ ငါ့ကို ထခိုင်းလို့ မရဘူးလား”

သူဟာ အနောက်ဘက်မှ အကောင်၏အော်သံများကို လစ်လျူရှုလိုက်သည်။ မောလ်တစ်ခုလုံးဟာတော့ ဝရုန်းသုံးကား ဖြစ်နေသည်။ လူတိုင်းကလည်း အနောက်မှ ပြေးလိုက်နေကြသည်။

ထိုတွင်သာမက သေးသည်။

မရေမတွက်သော ပစ္စည်းပေါင်းများစွာက တောက်လျှောက် ပျက်စီးခဲ့သေးသည်။ ဆုပိုင်နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်နေ၏။ သူသည် ထိုလျော်ကြေးများကို ပေးရတော့မည်ဖြစ်သည်။ သို့ရာတွင် ထိုအကောင်ကိုလည်း တစ်ချိန်တွင် ပြန်ခေါ်သွားခဲ့လျှင် မည်သူကမှ ဒီဒဏ်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ကြချေ။

ထို့နောက် ဆုပိုင်က အယ်လ်ဖာဂါအမြောက်အများခေါ်လာရန် တွေးခဲ့မိသေးသည်။ မမျှော်လင့်ထားစွာပင် စနစ်က သူ့အား ဒီတစ်ကောင်တည်းကိုသာ ခေါ်ခိုင်းသည်။

လမ်းတောက်လျှောက် တွေ့သမျှ လူပေါင်းများစွာက ဆုပိုင်ကို ကြည့်သည်။ ထို့နောက် အနောက်ဘက်မှ တရွတ်တိုက် အဆွဲခံနေရသည့် အကောင်ကိုလည်း လိုက်ကြည့်သည်။

“အာ ဟား။ ဒါက အယ်လ်ဖာဂါလား။ သူ ထပ်ပြီး မှုတ်ထုတ်နေပြန်ပြီလား။ ကြောက်စရာ ကောင်းလိုက်တာ”

“သူရဲ့ပုံစံကို ကြည့်အုန်း။ သူ့မှာ အသက်ရှင်ရတာ မျှော်လင့်ချက် မရှိတဲ့ ပုံစံမျိုးနဲ့။ ဒါပေမဲ့ တော်တော်လေးတော့ ချစ်ဖို့ကောင်းတယ်”

“ဒါပေမဲ့ ဒါရိုက်တာဆုပိုင်ရဲ့ပုံစံကို ကြည့်ခြင်းအားဖြင့် သူတော်တော် ဒေါသထွက်နေတဲ့ပုံပဲ”

ထိုလူတစ်အုပ်က အနားသို့ မကပ်ရဲချေ။ သို့သော် အနောက်ဘက်မှ ဂရုတစိုက် လိုက်ပြီး ခပ်တိုးတိုး ပြောနေကြသည်။ သူတို့က တဖြည်းဖြည်းချင်းစီ ကောင်းကင်ပြာတိရစ္ဆာန်ရုံဘက် ဉီးတည်နေကြသည်။ အချိန်တွေ ကြာပြီးနောက်တွင်

ကောင်းကင်ပြာတိရစ္ဆာန်ရုံတွင်

ဆုပိုင်က ထိုအကောင်ကို မြက်ခင်းပြင်ပေါ်သို့ ပစ်တင်လိုက်ပြီး တပိုင်တို့ကို လှမ်းအော်သည်။

“သူ့ကို စောင့်ကြည့်ထား။ သူ့ကို လျှောက်မပြေးစေနဲ့”

ထို့နောက် သူဟာ ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။

သူ့အဝတ်များက တံတွေးစော်များ နံ့ဟောင်နေသည်။ ထို့ကြောင့် ခပ်မြန်မြန် လဲရတော့ပေမည်။

ထို့နောက် အဆုံးတွင် သူဟာ ပြန်လာနိုင်ခဲ့သည်။

294 02

“ဒါက ဘာလဲ”

တပိုင်က မြက်ခင်းပြင်တွင်လဲနေသော အကောင်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်သည်။

“အာ ဟူး”

“မင်းက ဘာလာကြည့်တာလဲ ဟမ်။ လမ်းက ဖယ်စမ်း ဖြန်း”

အယ်လ်ဖာဂါက မြေပြင်ပေါ်မှ ဒေါသကြီးကြီး ကုန်းထပြီးနောက် သူ၏အရှေ့မှ ဝတုတ်တုတ်နှင့် အကောင်ကိုကြည့်ကာ အော်ဟစ်ဆူပူသည်။ ထို့နောက် တစ်ချိန်ထဲတွင်ပင် တံတွေးနှင့် မှုတ်ထုတ်လိုက်သည်။

“ဟူး”

“ဖက်စ့်။ ညီအစ်ကိုတို့ လာစမ်း။ ဒီကောင် ငါ့အပေါ် တံတွေးထွေးရဲတယ်”

“ဒီကောင်ကို ဆင်တွေဆီကို ဆွဲခေါ်သွားပြီး ခပ်ကြမ်းကြမ်း ရေမှုတ်ထုတ်ခိုင်းလိုက်”

တပိုင်က နဖူးမှ တံတွေးများကို ထိတွေ့ကြည့်ပြီး မယုံနိုင်သော မျက်နှာထားမျိုးဖြင့် အော်ဟစ်ကာ ပါးစပ်ကို ဟလျှက် ခုန်အုပ်လေသည်။

သိပ်မကြာခင်အချိန်တွင် တပိုင်နှင့် အခြားသော နှင်းကျားသစ် အချို့က အယ်လ်ဖာဂါကို ရိုက်နှိက်လိုက်ပြီး ဆင်များရှိသော မြစ်ဘေးသို့ ဆွဲခေါ်သွားလေသည်။

“ညီအစ်ကိုတို့ လာြကတော့”

“သူ့ကို ကောင်းကောင်းလေး ဆေးကြောပေးလိုက်ကြ”

မြစ်နားတွင်ရပ်နေသော ဆင်ပေါင်းများစွာကို လှမ်းအော်ပြီးနောက်တွင် တပိုင်က သေလုမြောပါးဖြစ်နေသည့် အနက်ရောင် အယ်လ်ဖာဂါကို ဆင်အုပ်ဆီဘက်သို့ ပစ်လွှတ်လိုက်သည်။

“အာ ဟူး”

“သေစမ်း။ ငါ မပြီးသေးဘူး။ ငါ ပြန်ထလာမဲ့အချိန်ကို စောင့်နေ”

“ငါ ဗိုက်ပြည့်တဲ့အချိန်ကို စောင့်နေ။ အဲဒီနောက် မင်းတို့တွေ .. “

အနက်‌ရောင် အယ်လ်ဖာဂါက မြေပြင်ပေါ်တွင်လဲနေရင်း အဝေးမှ အကောင်များကို ကြည့်ကာ အားနည်းစွာ အော်သည်။

သို့သော် …

သူသည်လည်း သူ၏အရှေ့တွင် အလွန်ထူတုတ်သော နှာခေါင်းဆယ်ခုကျော်က ပေါ်လာကြောင်းကို မြင်လိုက်ရပြီး မှင်သက်သွားလေသည်။

“ဒါက ဘာလဲ”

“အား ကယ်ကြပါ။ သေစမ်း။ မင်းတို့ အရမ်းကြမ်းတာပဲ။ မမှုတ်ကြပါနဲ့တော့”

“ငါမှားပါတယ်။ ငါမှားပါတယ်။ မင်းတို့ကပဲ ဆရာပါ။ ငါ့ကို မပြောကြပါနဲ့တော့”

“ငါ မြစ်ထဲ ကျတော့မယ်နော်။ ကျေးဇူးပြုပြီး”

“ဟီး ဟီး ဟီး”

ဆုပိုင်က ရေများဖြင့် ဆက်တိုက်ဆိုသလို့ အမှုတ်ခံနေရသည့် အကောင်က မြေပြင်တွင် လိမ်နေတာ မြင်သောအခါ တပိုင်က အေးစက်စွာ နှာခေါင်းရှုံ့နေသည်။ ဒီတစ်ကြိမ် အကောင်သစ်က စည်းမျဉ်းတွေကိုတောင် နားမလည်ဘဲ သူ့ကို လာပြီး တံတွေးနဲ့မှုတ်ရဲတယ်။ ဟွန်း။ ကောင်စုတ်လေး ငါ မင်းကို မနိုင်ဘူးလို့ ထင်လို့လား။

ငါသာ ဒီလောက်မှ မကိုင်တွယ်နိုင်ရင် တိရစ္ဆာန်ရုံထဲမှာ တပိုင်အနေနဲ့ ဘယ်လိုများ ရှင်သန်နိုင်မှာလဲ။

…

ညနက်ပိုင်းတွင် …

အဆောင်တစ်ခုထဲမှ ပုံရိပ်တစ်ခုက တိတ်တဆိတ် ထွက်လာသည်။

“ဟူး”

“နောက်ဆုံးတော့ ငါ ပြန်နိုင်ပြီ”

ကျိုးဝမ်က သစ်ပင်ကို မှီထားရင်း ခေါင်းလေးကို ဆန့်ထုတ်လျှက် တစ်ချက်ကြည့်သည်။ သူဟာ မြက်ခင်းပြင်ပေါ်တွင် ဖင်းမြေခွေးများ မရှိတော့ကြောင်း မြင်လိုက်ရသည်။

294 03

တိရစ္ဆာန်ရုံကိုရောက်ပြီးချိန်ကတည်းက သူသည် ဒီရက်အနည်းငယ်ထဲနဲ့ တိရစ္ဆာန်များ၏ အလေ့အကျင့်ကို သိထားပြီးသားဖြစ်သည်။ ညဘက်တွေဆိုရင် ဖင်းမြေခွေးများက အနားမယူတတ်ချေ။ အခြားသော တိရစ္ဆာန်များကမှု တစ်ကောင်ပြီးတစ်ကောင် အိပ်ပျော်သွားတတ်သည်။ ထို့နောက်

သူမက ရက်အနည်းငယ်စောင့်ပြီးနောက်တွင် ဆုပိုင်ဆိုသောအကောင် ပြန်လာသည့်နှင့် တိုးလေပြီ။

“ညနက်တာနဲ့ အိမ်မက်တွေ ရှည်လေလေပဲ။ အဲဒီနောက် ဒီညမှာပဲ လှုပ်ရှားလို့ ရပြီ”

“ငါ ဒီကောင်အနောက်က အတင်းကို မရှာနိုင်ဘူးလို့ မယုံဘူး”

ကျိုးဝမ်က နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လျှက် သူမလက်သီးများကို ဆုပ်သည်။

ဒီတာဝန်က ထိုလူငယ်ကို သတ်ရန်သာ ဖြစ်သော်လည်း သူမ နားလည်ထားသော အခြေအနေအရ ဒီကောင်၏နောက်ကွယ်မှ အတင်းက ယခုအချိန်အထိ မထွက်လာခဲ့သေးချေ။ ထိုနောက်ကွယ်မှ အတင်းကိုသာ ဆွဲထုတ်နိုင်ခဲ့မည်ဆိုလျှင် တိရစ္ဆာန်များကို ကယ်တင်နိုင်သော နည်းပညာများကို ရရှိနိုင်သည်။

ထို့အပြင် သူမက ပို၍ ကြုံ့ရရုံသာမကသေးလေပဲ သူမ၏နာမည်ကလည်း ကြီးသွားပေလိမ့်မည်။

“ခရက်စ့်”

မြက်များအပေါ်သို့ ပေါ့ပါးစွာ နင်းလျှောက်နေသည့် ကျိုးဝမ်က ဘေးဘီသို့ ဂရုစိုက်ကြည့်ကာ ရုံးခန်းရှိရာဘက်သို့ ခပ်မြန်မြန် သွားသည်။

တိရစ္ဆာန်များ အိပ်စက်နေသမျှ …

သူမ၏ သတ်ဖြတ်ခြင်း စွမ်းရည်နှင့်ဆိုရင် သူမဟာ ဆုပိုင်ကို မည်သူမှ သတိမထားမိခင် သတ်နိုင်လေသည်။ ထို့သို့ဆိုရင် မနက်ဖြန် တိရစ္ဆာန်ရုံအတွင်းတွင် ဝါးလုံးသုန်းကား ဖြစ်နေလိမ့်မည်။

အလုပ်ရှင်ကသာ တိရစ္ဆာန်ရုံအတွင်းမှ ဝါးလုံးသုန်းကား သတင်းကို ရသည့်နှင့် သူမ၏တာဝန်က ပြီးမြှောက်သွားပြီ ဖြစ်သည်။

သူမ အနောက်မှ ဝက်ခြံကို တစ်ချက်ကြည့်ရင်း ကျိုးဝမ်က အံကြိတ်သည်။

ဒီဝက်တွေကို ဘယ်တော့မှ ထပ်မမြင်ချင်တော့ဘူး။

ရက်အနည်းငယ်ခန့်နေပြီးရုံနှင့် သူမ၏ကိုယ်မှ အနံများက ဆေးကြော၍ မရနိုင်‌တော့သလို ခံစားနေရသည်။

“ဘာမှတော့ မဖြစ်လောက်ပါဘူး”

သူမက တံခါးနားကပ်လျှက် အတွင်းသို့ ဂရုစိုက် နားထောင်ကြည့်သည်။ ထို့နောက် နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လျှက် ခေါင်းညိတ်၏။

“ဟူး”

သူမဟာ အသက်ပြင်းပြင်းရှုထုတ်သည်။ ထို့နောက် တံခါးကို တဖြည်းဖြည်းချင်းစီ ဖွင့်လိုက်သည်။

“ငါ့ကို အပြစ်မတင်နဲ့။ နင်က လူကောင်းမှန်း ငါသိပါတယ်။ …”

“ဒါပေမဲ့ လူကောင်းတွေက အသက်မရှည်ဘူး”

ခုတင်ပေါ်မှ လူကို မြင်သောအခါ ကျိုးဝမ်က ခပ်တိုးတိုး ပြောသည်။

“ငါလည်း လူကောင်းဖြစ်ချင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဟီး ဟီး”

သူမက အထင်တသေး ရယ်သည်။

သူမကသာ ကိစ္စပေါင်းများစွာကို မကျော်ဖြတ်ခဲ့ရလျှင် ဒီလိုဖြစ်လာစရာ အကြောင်း မရှိပေ။ သူမက ခေါင်းကို ခပ်ကြမ်းကြမ်းခါပြီးနောက် ခုတင်ဘက်သို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။

သူမက ကျောအနောက်ဘက်မှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်ချိန်တွင် တစ်ကိုယ်လုံးက တုန်နေလေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူငယ်၏လုပ်ဆောင်မှုများက သူမ၏စိတ်ထဲတွင် ပြန်ပေါ်လာသည်။

အကယ်၍ …

အကယ်၍ တစ်ယောက်ယောက်ကသာ သူမကို ဒီလိုမျိုး ကူညီပေးခဲ့ဖူးမယ်ဆိုရင် သူမရဲ့ဘဝကလည်း ဒီလိုအဆုံးသတ်စရာအကြောင်း မရှိဘူး။

နှမြောစရာပဲ။

“တောင်းပန်ပါတယ်”

++++++

All Chapters