← Chapters

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

295 01

အခန်း 295

သူမ၏မျက်လုံးထဲ မျက်ရည်များ ပြည့်နှက်လာသည်။ ရုတ်တရက် လက်ထဲမှ ဓားမြှောင်ကို မြှောက်ပြီး စောင်အောက်မှ ပုံရိပ်ရှိရာဘက်သို့ ခပ်ကြမ်းကြမ်း ထိုးလိုက်သည်။

“ဝုန်း”

ရုတ်တရက် သူမရဲ့အရှေ့ဘက်ရှိ စောင်အောက်ဘက်မှ တောက်ပလွန်းသော အပြာရောင် အလင်းတန်းများက ပေါက်ထွက်လာသည်။ ကျိုးဝမ်က မျက်မှောင်ကြုတ်ပြီး ဓားမြှောင်ကို ပြန်လွှဲရမ်းလိုက်သည်။

“ဘန်း”

တိုက်ကွက်က ပစ်မှတ်ကို ထိသည်။ သို့သော် ပုံရိပ်က ချက်ချင်းဆိုသလို နောက်ဆုတ်သွားသည်။

“ဘန်း”

ထို့နောက် သစ်ပင်တစ်ပင်သို့ ခပ်ကြမ်းကြမ်း ပစ်ပေါက်ခံရသောအခါ ကျိုးဝမ်က ဘေးဘီသို့ စိတ်ရှုပ်ထွေးစွာ ကြည့်သည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ”

သူမ၏မျက်လုံးများက ပြူးကျယ်သွားသည်။

အခုလေးတင် ရုံးခန်းထဲမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်သွားတာလဲ။

ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာတာလဲ။ နောက်ပြီး

သူမက ဓားမြှောင်ကို မြှုပ်လျှက် တစ်ချက်ကြည့်လိုက်သည်။ ဓားမြှောင်တွင် သွေးမရှိနေခဲ့ချေ။

“ကောင်းပြီ။ အချိန်မဖြုန်းနဲ့တော့”

ထို့နောက် အနောက်ဘက်မှ ရင်းနှီးကျွမ်းဝင်သောအသံက ရုတ်တရက် ထွက်လာသည်။ ဒါရိုက်တာ ဆုပိုင်က သူမကို သုန်မှုန်သော မျက်နှာဖြင့် ကြည့်ပြီး ပစ္စတိုကို တဖြည်းဖြည်းချင်းစီ မြှောက်သည်။

“မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ”

ဆုပိုင်ကလည်း ရုံးခန်းတံခါးပွင့်ကထဲက သတိထားမိပြီးသား ဖြစ်သည်။ ထို့ကြောင့် စောင်အောက်တွင် ပုန်းနေခဲ့ခြင်းဖြစ်သည်။ သို့သော် …

သူသည်လည်း တစ်ဖက်သူဟာ မည်သည့်နည်းလမ်းကို အသုံးပြုမည်ဖြစ်ကြောင်း မသေချာခဲ့ချေ။ အထူးသဖြင့် အရှေ့မှ မိန်းကလေးပြောသော စကားကို ကြားပြီးနောက် သူမကို ချက်ချင်း မသတ်နိုင်ခဲ့ချေ။

ထို့အစား ကိုအာလာအပိုင်းအစကိုသာ ဆက်တိုက် ယူလိုက်ဖြစ်သည်။ ဒီနည်းလမ်းအားဖြင့် သူမကို တိုက်ရိုက်ထုတ်လွှင့်မှုနေရာသို့ ဆွဲခေါ်လာလိုက်သည်။

အရှေ့မှ အကောင်ကသာ ဝန်မခံလျှင် သူမကို ဒီနေရာတွင် ထာဝရ ထားပစ်ခဲ့ရပေမည်။

“နင် ဒါဘယ်လို နည်းပညာလဲ”

ကျိုးဝမ်ကလည်း ဆုပိုင်က သူမ၏နောက်ခံကို ဖောက်မြင်နိုင်ကြောင်း မြင်လိုက်သဖြင့် ဟန်ဆောင်မနေတော့ချေ။ ထို့အစား မျက်လုံးကြီးများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

“ငါ မင်းကို မေးခွန်းတစ်ခုမေးမယ်။ ဘယ်သူက မင်းကို ပို့လိုက်တာလဲ”

“ဟီး ဟီး”

“ဖုံးကွယ်စရာ အကြောင်းကို မရှိတာ။ မှောင်ခိုဈေးကွက်မှာ နင်ရဲ့အကြောင်းအရာတွေကို တင်ထားတာ ငါတွေ့လို့ ငါ လက်ခံလိုက်တယ်။ အလုပ်ရှင်က ဘယ်သူလဲ နင်သိသင့်ပါတယ်”

ကျိုးဝမ်က သူမ၏ဆံပင်ရှည်များကို အနောက်ဖက်သို့ပို့လျှက် အထင်သေးသေးပြုံးရင်း ပြောသည်။

“နင် အခုပစ်လို့ရပြီ”

“နင်ရဲ့လျှို့ဝှက်ချက်က ဘာလဲတော့ ငါမသိဘူး။ ဒါပေမဲ့ ရှုံးတာကတော့ ရှုံးတာပဲ”

“ငါ နောက်ဆုံးတော့ လွတ်လပ်သွားပြီ။ ငါ ဒီလောကမှာ နေစရာ မလိုတော့ဘူး”

295 02

“ဟား ဟား။ ဘာမှလဲ အောင်းမေ့နေစရာ အကြောင်းမရှိဘူးလေ။ ဒီအတိုင်း ပစ်လိုက်ရုံပဲ”

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှုပြီး ခလုတ်ပေါ်သို့ သူ၏လက်ညှိုးကိုတင်လိုက်ကာ တဖြည်းဖြည်းချင်းစီ အားသုံးလိုက်သည်။

“ဗုန်း”

ထိုအခိုက်အတန့်တွင် ရုတ်တရက် မြေပြင်တစ်ခုလုံးက ခပ်ကြမ်းကြမ်း လှုပ်ခါသွားသည်။

အဝေးမှ ကြီးမားသော မီးတောက်ကြီးက မြှောက်တက်လာသည်။ ဆုပိုင်က ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လျှက် လှမ်းကြည့်သည်။

“ကွက် ကွက် ကွက်”

အလွန် လွှမ်းမိုးနိုင်စွမ်းအား ပြင်းထန်လောက်အောင် ကြီးမားသည့် လင်းနို့ကြီးများက လေထဲသို့ စတင်ကာ မြှောက်တက်ပြီး လောက၏အဆုံးသတ်ကာလလိုမျိုး အဝေးတစ်နေရာသို့ ရူးသွပ်စွာ တိုက်ခိုက်နေသည်။

“ဝေါင်း”

ထိုအချိန်တွင် ထိုရှေးဉီးမူလတောအတွင်းမှ ခက်ထန်ကြမ်းတမ်းလွန်းသော သားရဲများ၏ အော်သံများကို ကြားရသည်။

ကမ္ဘာမြေကြီးကလည်း ဆက်တိုက်ဆိုသလို တုန်ခါနေသည်။

မရေမတွက်နိုင်သော သားရဲပေါင်းများစွာက ဒီနေရာတွင် ရူးသွပ်စွာ ပြေးလွှားနေကြောင်းကိုလည်း မြင်ရသည်။

“မီးလောင်တာလား”

ဆုပိုင်က အသက်ပြင်းပြင်းရှုပြီး ရေရွတ်သည်။ ထို့နောက် တစ်ဖက်သို့လှည့်လျှက် တောထဲသို့ နောက်လှည့်မကြည့်ဘဲ ပြေးသည်။

“ဒါ”

ကျိုးဝမ်က အချိန်အတန်ကြာအောင် စောင့်နေခဲ့၏။ သို့သော် သေနတ်သံကို မကြားရသဖြင့် မျက်လုံးကို ဖွင့်သည်။ ထို့နောက် အဝေးသို့ ပြေးသွားသော ပုံရိပ်ကို စိတ်ရှုပ်ထွေးစွာသာ ကြည်နေလိုက်လေသည်။

သူမက အနောက်ဖက်သို့ ပြန်ကြည့်သည်။ ကောင်းကင်တွင် ပြည့်နှက်နေသာ တိရစ္ဆာန်များကို မြင်လိုက်သောအခါ သူမဟာ လူသတ်သမားတစ်ယောက် ဖြစ်နေသည့်တိုင်ပင် ပြင်းထန်သော သွေးလန့်သည့်မြင်ကွင်းများကို မြင်ခဲ့ဖူးသည့်တိုင်တောင် နေရာတွင်ပင် ကြောင်အစွာ ရပ်နေမိသွားသည်။

လေထဲတွင်မကပင် မြေပြင်တွင် မရေမတွက်နိုင်သော တိရစ္ဆာန်ပေါင်းများစွာက ရှိနေသည်။

နောက်ပြီး

အဝေးမှ မီးတောက်ကြီးက လေ၏လွှမ်မိုးမှုအောက်တွင် ဒီဘက်သို့ပင် ပျံ့နှံလာသည်။

“ဟေ့”

ကျိုးဝမ်ကလည်း အသက်ပြင်းပြင်း ရှူလိုက်ပြီး တစ်ဖက်သို့ လှည့်လျှက် ဒါရိုက်တာဆုပိုင်နောက်ဖက်သို့ လိုက်သည်။

မည်သို့ပင်ဆိုစေ သူမကို ထိုအမျိုးသားက မသတ်ခဲ့ချေ။ သို့သော် …

အရင်ဆုံး ဒီနေရာက ဘယ်နေရာလဲဆိုတာကို သိအောင် လုပ်ရမယ်။

ဘာလို့ ရုံးခန်းကနေ ဒီနေရာကို ရုတ်တရက် ရောက်လာတာလဲ။ နောက်ပြီး အရာအားလုံးက အမှန်တကယ် ဖြစ်နေသလို့ပဲ။ အတုအယောင်နဲ့လည်း မတူဘူး။

ထိုသံသဃနှင့် ကျိုးဝမ်က သူမရဲ့အရှိန်ကို လွန်ကဲတဲ့အတိုင်းအတာအထိ မြှင့်တင်လိုက်သည်။ သူမ၏ဖြတ်လတ်သော ပုံရိပ်ကြောင့် တောထဲတွင် လျင်မြန်စွာ ပြေးလွှားနိုင်သည်။

သို့ရာတွင် သူမဟာ မည်မျှပင် လျင်မြန်စွာ ပြေးလွှားစေကာမှု အရှေ့ဘက်မှ ဆုပိုင်ကို မမှီနိုင်ချေ။

သိထားရမည်မှာ သူမသည် ငယ်ရွယ်စဉ် ကလေးဘဝကထဲက လေ့ကျင့်ရေးစခန်းထဲတွင် နေထိုင်ခဲ့သည်။ မရေမတွက်နိုင်သော လူမဆန်တဲ့ လေ့ကျင့်မှုပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် ပေါက်ကွဲနိုင်မှုစွမ်းအား ပြင်းထန်လွန်းသော အင်အားမျိုးကို ရရှိလာခဲ့သည်။ သို့တိုင်အောင် ဆုပိုင်ကို လိုက်မှီနိုင်ခဲ့ပေ။

295 03

ဒါက

ဘယ်လိုဖြစ်နိုင်မှာလဲ။

“ဘာလို့ ဒါရိုက်တာဆုပိုင်က ရုတ်တရက်ကြီး စပြီး တိုက်ရိုက်ထုတ်လွှင့်နေရတာလဲ။ နောက်ပြီး အဖော်တစ်ယောက်ကိုတောင် ခေါ်လာသေးတယ်။ ဒါပေမဲ့ ငါဇာတ်ကြောင်းကို နားမလည်ဘူး”

“ဒီလူက ဘယ်သူလဲဆိုတာ ငါသိတယ်။ ငါ မနေ့က ကောင်းကင်ပြာ တိရစ္ဆာန်ရုံကိုသွားတော့ ဒီကောင်မလေးက ဝက်မွေးနေတာလေ။ ဘယ်လိုဖြစ်မျိုး ရုတ်တရက်ကြီး တိုက်ရိုက်ထုတ်လွှင့်တာလဲ။ ဖြစ်နိုင်တာက …”

“အပေါ်ကတစ်ယောက် အဲဒီဖြစ်နိုင်တာကဆိုတဲ့ မကောင်းတဲ့အတွေးတွေကို ချက်ချင်းဖယ်လိုက်။ ဒါရိုက်တာဆုပိုင်က ငါ့အပိုင်။ သူ့ကို ဘယ်သူကမှ မယူနိုင်စေရဘူး”

“မင်း အခု မမြင်လိုက်ဘူးလား။ ဒါရိုက်တာဆုပိုင်က သူမကို သေနတ်နဲ့ ပစ်တော့မလို့ ဒါပေမဲ့ ဒီနှစ်ယောက်မှာ အမည်မသိရတဲ့ ခံစားချက်ပိုင်းဆိုင်ရာ လွန်ဆွဲမှုများ ရှိနေတာမှတ်လား။ သေစမ်း တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းတယ်”

“အား မင်း အထင်မှားနေပြီလို့ ငါတော့ ထင်တယ်။ ဒါက ဇာတ်ကြောင်းပဲ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာဆုပိုင်ရဲ့ ဇာတ်ညွှန်းရေးဆရာက စိတ်ကူးယဉ်တတ်လွန်းတယ်လေ”

“ဘာပဲဖြစ်ဖြစ်ပါ။ ဒီတစ်ကြိမ် ကိုအာလာဆိုတာ ဘာလဲ။ တစ်ယောက်ယောက်များ သိကြလား။ နောက်ပြီး ဟိုမှာ မီးလောင်နေတယ် ထင်တယ်။ ကောင်းကင်မှာ ပြေးနေတဲ့အကောင်တွေကို ကြည့်ရုံနဲ့တင် ငါ ကြက်သီးထတယ်”

“ငါတော့ မသိဘူး။ ငါ့ကို လာမမေးနဲ့။ အခုက အလုပ်ချိန် မဟုတ်ဘူးလေ”

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကလည်း ထိုနှစ်ယောက်အကြောင်းမှ စကားပြောရင်းဖြင့် စိတ်ရှုပ်နေကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုနှင့်ပတ်သက်ပြီး မည်သည့်နေရာက မှားယွင်းနေကြောင်းကိုပင် နားမလည်ကြချေ။

ဒါရိုက်တာ ဆုပိုင်အနေဖြင့် တခြားတစ်ယောက်နှင့်အတူ တိုက်ရိုက်ထုတ်လွှင့်သည်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။ သို့ရာတွင် အဝေးမှ မီးတောက်ကိုကြည့်ရင်း သူတို့အားလုံးက ပို၍ စိုးရိမ်လာကြသည်။ ပျံသန်းနေသော တိရစ္ဆာန်များက လေထဲတွင်ပင် ရမ်းခါနေကြသည်။

အခြေအနေကို ကြည့်ခြင်းအားဖြင့် အစပိုင်းထဲက အလွန်အမင်း အန္တရာယ်များနေလေပေ။

ဝေါင်း

ဆုပိုင်က အော်သံကို ကြားသောအခါ အနောက်သို့လှည့်ကြည့်သည်။ ထို့အခါ ကျားတစ်ကောင်က ခုန်ထွက်ရန် ပြင်ဆင်နေကြောင်း မြင်လိုက်ရ၏။ သို့သော် အနောက်ဘက်မှ မီးက သူ့ကို ဝါးမြိုသွားသည်။ ထို့နောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။

ဝေါင်း

ထို့နောက် အားနည်းသော အော်သံများကို ကြားရသည်။ သူ၏ လက်သည်းများက အားအင်မဲ့စွာဖြင့် ကျသွားပြီဖြစ်သည်။

ဆုပိုင်က အနောက်မှလိုက်လာသော ကျိုးဝမ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သည်။

“ပြေးတော့”

ကျိုးဝမ်ကလည်း ဆုပိုင် ရပ်တန့်သွားတာ မြင်သောအခါ ကြောက်လန့်တကြား အော်သည်။

“ဗုန်း”

သူ၏အနောက်ဘက်မှ သစ်ပင်ကြီးက ရုတ်တရက် မီးတောက်များနှင့်အတူ ပြုတ်ကျလာသည်။

“ဘန်း”

ကြီးမားသော လေလှိုင်းကြီးက သူမအား အဝေးသို့ လွှင့်ထွက်သွားစေသည်။

“သွား”

သူဟာ အနောက်သို့ လှည့်ကြည့်လျှက် သူ၏အနောက်ဘက်မှ တောက်လောင်နေသော မီးတောက်ကို တစ်ချက်ကြည့်ပြီး ဆုပိုင်ကို ပြန်အော်သည်။ ထို့နောက် မျက်လုံးကို စိတ်ဓာတ်ကျစွာ မှိတ်လိုက်သည်။

295 04

သူ မပြေးနိုင်တော့ဘူး။

သူလည်း တစ်နေ့မှာ ဒီလို သေရမယ်လို့ မထင်ထားဘူး။

သူရဲ့အနောက်မှ တိရစ္ဆာန်တွေ လောင်ကျွမ်းပြီး သေနေတာကို ကြည့်ပါအုန်း။

သူတို့ရဲ့စူးရှတဲ့အော်သံတွေကို နားထောင်ရုံနဲ့တင် တစ်ကိုယ်လုံး တုန်ယင်နေမိတယ်။

အထူးသဖြင့် တိရစ္ဆာန်ပေါင်းများစွာက သစ်ပင်ပေါ်မှ ငယ်ရွယ်သော အကောင်ပေါက်လေးများကို ကာကွယ်နေပြီး တင်းတင်းပွေ့ဖက်လျှက် သေဆုံးသွားကြောင်း မြင်သောအခါ ပို၍ပင် ဝမ်းနည်းမိလေသည်။

သူတို့မှာ ခုခံလိုစိတ်တောင် မရှိဘူး။

သူမကိုယ်တိုင်က သေရတော့မည့် အခြေအနေမျိုးတွင် ဒါရိုက်တာဆုပိုင်ဟာ အလွန်ကောင်းမွန်သော လူတစ်ယောက်ဖြစ်ကြောင်း နားလည်လိုက်ပြီ။

ကောင်းကင်ပြာတိရစ္ဆာန်ရုံမှ တိရစ္ဆာန်များ၏ပုံရိပ်က ပြန်ပေါ်လာသည်။ ထို့နောက် သူမက ကိုယ့်ကိုကိုယ် လှောင်ပြောင်သလို ပြုံးလိုက်သည်။

ထိုတိရစ္ဆာန်များကသာ သူတို့၏ ကိုယ်ပိုင် ဇစ်မြစ်အကြောင်းကို နားလည်နေခဲ့ပြီဆိုလျှင်လည်း ထိုညက မြစ်နားတွင် သူမကို နှစ်သိမ့်ပေးခဲ့သလို့မျိုး ပြုမှုလာခဲ့မည် မဟုတ်လောက်ပေ။ သို့သော် …

သူတို့က အရမ်းကောင်းလွန်းတယ်။

ရက်အနည်းငယ်သာ ရှိနေသေးသည့်တိုင်အောင် သူမကိုယ်တိုင်က တိရစ္ဆာန်ရုံတွင် နေခဲ့ရသော နေ့ရက်များအတွင်း ယခင်က မခံစားဖူးခဲ့သော အတွေ့အကြုံကို ရခဲ့သလို့ ခံစားရသည်။

ငယ်ရွယ်စဉ်ဘဝမှ အရွယ်ရောက်ပြီးသည်အထိ သတ်ဖြတ်မှုကလွဲပြီး တိုက်ခိုက်မှုကသာ ရှိခဲ့လေသည်။

သူမအနေဖြင့် သာမန်လူတစ်ယောက်လို မနေခဲ့ရပေ။ တစ်ရက်လေးမှပင် မနေခဲ့ရပေ။ ကျိုးဝမ်က ကောင်းကင်ပြာတိရစ္ဆာန်ရုံတွင် အလုပ်များနေခဲ့ရသော်လည်း ကုန်လွန်ခဲ့သောနေ့များအတွင်း အငြိမ်းချမ်းဆုံး နေ့ရက်များဟု ဆိုရပေမည်။

ညသန်းခေါင်ကြီး နိုးလာစရာအကြောင်း မရှိတော့ဘူး။ စိုးရိမ်စရာအကြောင်းလည်း မရှိတော့ဘူး။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်နိုင်တယ်။

++++++ 296 01

အခန်း 296

“ထ”

ရုတ်တရက် သူမ၏အရှေ့ အရင်းနှီးအကျွမ်းဝင်ဆုံးအသံက ပေါ်လာသည်။ ထို့နောက် လက်ကြီးတစ်စုံက သူမကို လာထူပေးသည်။

“ငါ့ကို ပြန်ချ”

“နင် လူတစ်ယောက် သယ်ပြီး မပြေးနိုင်ပါဘူး။ ငါက နင့်ကို သတ်ဖို့ ဒီနေရာကို လာတာ။ နင် အရူးလား။ ဘာလို့ ငါ့ကို လာကယ်နေတာလဲ”

“သွား။ ငါ့ကို လာပြီး မစိုးရိမ်နဲ့”

သူ၏ လက်မောင်းထဲမှ အော်ဟစ်နေသော ကျိုးဝမ်ကို တစ်ချက် ငုံကြည့်လိုက်ပြီးနောက်တွင် ဆုပိုင်က သူမကို အေးစက်သော မျက်နှာဖြင့် အော်ပြောသည်။

“အော်မနေနဲ့။ ငါ့ကို တင်းတင်းဖက်ထား”

ထို့သို့ပြောပြီးနောက် ဆုပိုင်က တောထဲမှ အပြေးထွက်သည်။

မီးက ကြီးသထက် ကြီးလာသည်။ တော၏ အရပ်မျက်နှာအနှံ့ စတင်ကာ ပျံ့နေကြောင်းတော့ ထို့အပြင် ဒီနေရာ၏ လေထုအခြေအနေက ခြောက်သွေ့သည်။ နေရာတိုင်းမှ မြက်‌ခြောက်များက မီးပွှားလေးစင်ရုံနှင့် တောက်လောင်နိုင်သည်။

“ဟူး ဟူး ဟူး”

ဆုပိုင်က လမ်းတောက်လျှောက် ပြေးသည်။ သူ၏အရှိန်နှုန်းကို လွန်ကဲလွန်းသော အတိုင်းအတာအထိ မြှင့်တင်ထားပြီး တစ်ခဏပင် မရပ်တန့်ခဲ့ချေ။

အမျိုးမျိုးသော အနှောင့်အယှက်များကို ရှောင်ရှားပြီး နောက်ဆုံးတွင် တောထဲမှ ထွက်လာနိုင်သည်။

“ဘန်း”

သူဟာ ကျိုးဝမ်ကို အပြင်ဘက်သို့ ပစ်ထုတ်လိုက်ပြီး မြေပြင်ပေါ်တွင်လဲချလျှက် အငမ်းမရ အသက်ရှုသည်။

သူဟာ ထိုအမျိုးသမီးကို ကယ်တင်ခဲ့သည်မှာ သူမက အဆုံးသတ်နားတွင် သူ့ကို ကူညီပြီး ထွက်ပြေးစေခဲ့သည့်အချက်အကြောင့် လူဆိုးမဟုတ်ကြောင်း သေချာသွားခြင်းဖြစ်သည်။ ထို့အပြင် တိရစ္ဆာန်များများပေါ်လာလေလေ ကြည့်သောသူ များလေလေ ဖြစ်ပြီး ထိုလူများ အသုံးပြုသော နည်းလမ်းများကလည်း ပို၍ပင် စိတ်ပျက်စရာ ကောင်းလာလေလေ ဖြစ်သည်။

သူကသာ ကျိုးဝမ်က ဒီအချိန် လူသတ်သမားပေါင်းများစွာကို ထိန်းချုပ်နိုင်မည်ဆိုလျှင် အနာဂတ်တွင် အကူအညီကြီး ဖြစ်ပေလိမ့်မည်။

အချို့သော လူများအတွက် သာမန်လုပ်ရပ်များကို အသုံးပြု၍ မရနိုင်ချေ။

ထို့ကြောင့် သူသည် တိရစ္ဆာန်အပိုင်းအစမစ်ရှင်များကို ပြီးမြှောက်အောင် လိုအပ်နေသောကြောင့် အခြားသော လှုပ်ရှားမှုများကို မလုပ်နိုင်ပေ။

ကျိုးညီအစ်ကိုနှစ်ယောက်က လုပ်နိုင်စွမ်းရည် ရှိသော်လည်း မျက်လုံးမမြင်သော ရှောင်ရုပ်ဆိုသော အမျိုးသမီးကို ဂရုစိုက်ပေးရန် လူတစ်ယောက်ကလည်း လိုအပ်နေသေးသည်။ ထို့ကြောင့် ဆုပိုင်က အရင်းအနှီးများကို လုပ်ရပေမည်။

သို့ရာတွင် ထိုအမျိုးသမီးကသာ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို အမှန်တကယ် ဝင်ရောက်ရန် ဆန္ဒရှိလျှင် သူမကလည်း ကဏ္ဏာတစ်ခုမှာ ပါဝင်နိုင်လေသည်။

ပို၍ဆိုးသည်မှာ ပြန်ရောက်လာပြီးနောက် စနစ်က မှတ်ဉာဏ်ဖျက်သော ကဏ္ဏာရှိသည်။ ထို့ကြောင့် ထိုအမျိုးသမီး၏ မှတ်ညာဏ်များကို ဖျက်ပစ်နိုင်သော အခြေအနေမျိုးလည်း ရှိနေသေးသည်။

296 02

ဆုပိုင်က တစ်ခဏခန့် တွေးတောလိုက်ပြီးနောက် မြေပြင်မှ ထရပ်လိုက်သည်။ အရှေ့မှ မီးတောက်က ကောင်းကင်တစ်ဝက်ကိုပင် နီဆွေးသွားအောင် လောင်ကျွမ်းနေကြောင်း မြင်သောအခါ သက်ပြင်းအရှည်ကြီးကို ချသည်။

ကိုအာလာများက ဩစတေးလျတွင်သာ ရှာတွေ့နိုင်သော တိရစ္ဆာန်မျိုး ဖြစ်သည်။

ဆုပိုင် အချိန်မကူးပြောင်းခင်ကဆိုလျှင် ထိုနေရာတွင်လည်း မကြာခဏဆိုသလို မီးလောင်နေကြ ဖြစ်သည်။ အဆိုးဆုံးဖြစ်ရပ်များက တောတွင်းနေ တိရစ္ဆာန်သန်း ၅၀၀ ကျော်ခန့်ကို သေဆုံးသွားစေခဲ့သည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှုပြီး မြေပြင်မှ ခပ်မြန်မြန်ထလျှက် နေရာတွင်ပင် မှင်သက်နေသော ကျိုးဝမ်ကို ငုံကြည့်ကာ လေးနက်သော လေသံနှင့် ပြောသည်။

“မင်းမှာ ဘာမေးခွန်းရှိရှိ အားလုံးကို သိမ်းထား။ ငါတို့ တိရစ္ဆာန်တွေကို ရနိုင်သမျှ မြန်မြန် ကယ်ရမယ်”

ထို့သို့ပြောပြီးနောက် ဆုပိုင်က သူမကို လစ်လျူရှုလျှက် အလျင်အမြန် အပြေးထွက်သွားပြန်သည်။

ယခုလောက် အလုံးအရင်းနှင့် လောင်ကျွမ်းမှုမျိုးနှင့်သာဆိုလျှင် တိုင်းပြည်ကလည်း သေချာပေါက် လှုပ်ရှားပေလိမ့်မည်။ သို့သော် …

ထို့ကြောင့် မီးကို ထိန်းချုပ်ရန် အလွန်အမင်း ခက်ခဲသည်။ မျှော်လင့်ချက်ကလည်း မရှိလုနီးပါး ဖြစ်၏။ ဆုပိုင်၏တာဝန်မှ အဓိကဇာတ်လိုက်ဖြစ်သော ကိုအာလာများကလည်း သေစေနိုင်ချေအမြှင့်ဆုံး သတ္တဝါတစ်ကောင် ဖြစ်နိုင်သည်။

“အခြေအနေက အလျင်လိုနေတယ်။ တင်ဆက်သူ အချိန်တိုအတွင်း လှုပ်ရှားပါ”

“ဒီတာဝန်က ကိုအာလာလို့ခေါ်တဲ့ တိရစ္ဆာန်တစ်ကောင်ကို ကယ်တင်ရမှာပါ။ ဒီတိရစ္ဆာန်တွေက တစ်ဘဝလုံးလိုလို သစ်ပင်တွေမှာပဲ နေထိုင်ကြပြီး အောက်ဖက်ကို ဆင်းခဲပါတယ်”

“နောက်ပြီး”

ထို့သို့ ပြောနေရင်းမှ ဆုပိုင်က အနောက်ဘက်ကို ညွှန်ပြပြီး အေးစက်စွာ ပြောသည်။

“အားလုံးပဲ ငါတို့ အနောက်ဖက်က မီးကို မြင်တယ် မဟုတ်လား။ မီးကသာ ဆက်ပျံ့နေရင် ဒီကိုအာလာက ထွက်ပြေးဖို့အတွက် သစ်ပင်ပေါ်ကနေ ခုန်ဆင်းမဲ့အစား အသေပဲ ခံလိမ့်မယ်”

“မီးလောင်တာ ဆယ်မိနစ်တောင် မကြာသေးဘူး။ ဒါပေမဲ့ တိရစ္ဆာန် တစ်သောင်းနီးပါး သေသွားပြီးလောက်ပြီ”

“ဒီတော့ မင်းတို့ကသာ အနာဂတ်မှာ တောတွေ တောင်တွေကို ဖြတ်သန်းသွားမယ်ဆိုရင် ကျေးဇူးပြုပြီး စိတ်ထင်တိုင်း မီးမွှေးတာမျိုးတွေ မလုပ်ပါနဲ့။ အလုံးအရင်းနဲ့ မျိုးမတုန်းခင်ကဆိုလျှင် တောမီးလောင်တဲ့ကိစ္စအများစုက လူသားတွေကြောင့်ပဲ”

“မီးပွားလေး နည်းနည်းပဲဆိုရင်တောင်မှ မရေမတွက်နိုင်သော သက်ရှိပေါင်းများစွာကို သေဆုံးစေနိုင်တယ်”

“ဒါကြောင့် ငါ စိတ်ရင်းနဲ့ အားလုံးကို အကြံပေးချင်တယ်။ ဒီကိစ္စကို အားလုံးပဲ စိတ်ထဲမှာ မှတ်သားထားကြပါ။ ဒီလို မြင်ကွင်းမျိုးက တရုတ်နိုင်ငံမှာ ဘယ်တော့မှ ပြန်မဖြစ်ဖို့ မျှော်လင့်တယ်”

…

ဆုပိုင်၏ဘေးဘက်တွင် ရပ်နေသော ကျိုးဝမ်က သူပြောသော စကားများကို နားထောင်နေပြီး ခေါင်းကိုလှည့်ကာ အနောက်ဘက်မှ တောမီးကို ကြည့်သည်။ ထို့နောက် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လျှက် ဘာစကားမှ မပြောတော့ချေ။

“ကွီ”

ရုတ်တရက် တောထဲမှ မီးများတောက်လောင်နေသော ခန္ဓာကိုယ်နှင့် သားပိုက်ကောင် တစ်ကောင်က အပြေးထွက်လာရင်း အော်သည်။

“ကွက်”

သူဟာ စူးရှစွာ အော်ဟစ်ပြီး အရှေ့မှ လူသားများကို ကြည့်သည်။ ဆုပိုင်က အပြေးသွားလျှက် အဝတ်များကို ချွတ်ကာ သူ၏မီးကို ငြိမ်းပေးသည်။

“ကွက်”

“ကလေး။ ငါ့ကလေး”

296 03

ထို့နောက် သားပိုက်ကောင်က မြေပြင်တွင် လဲကျသွားသည်။ သူ၏ခန္ဓာကိုယ်က လည်ပင်းမှ စတင်ပြီး တောက်လျှောက် လောင်ကျွမ်းနေလေရာ မလှုပ်နိုင်တော့ချေ။

သူက အပြစ်ကင်းစင်သော မျက်ဝန်းတစ်စုံဖြင့် ဆုပိုင်ကို ကြည့်ပြီး သူ၏လက်ကလေးကို ဆန့်ထုတ်လျှက် ခပ်တိုးတိုး ညည်းကာ ပြောသည်။

“ဘန်း”

ထို့နောက် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြန်လဲကျသွားသည်။ သူ၏မျက်လုံးကြီးတစ်စုံက သူတစ်ချိန်က နေထိုင်ခဲ့သည့် အိမ်ရှိရာဘက်သို့ ကြည့်ပြီး

“သေစမ်း”

ဆုပိုင်က နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လျှက် အော်သည်။ ထို့နောက် သားပိုက်ကောင်၏ကိုယ်အနားသို့ တဖြည်းဖြည်းချင်းစီ သွားလိုက်ပြီး သူ၏ဝမ်းဗိုက်နားရှိ အိတ်ကပ်ကို ဖွင့်လိုက်သောအခါ အတွင်းမှ ကွေးနေသော အကောင်ငယ်လေးကို တွေ့လိုက်သည်။ သူဟာ ကောင်ငယ်လေးကို အပြင်ဘက်သို့ ဆွဲထုတ်လိုက်သည်။ သို့သော်

“ဟူး”

ထိုသားပိုက်ကောင်လေးက သေနေလေပြီ။

ထိုသားပိုက်ကောင်အမက သူမ၏အသက်ကို ရင်းပြီး တောထဲမှ အပြေးထွက်လာခဲ့သည်။ ဒါဟာ ကလေးများကို အပြင်ထုတ်ရန်အတွက် ဖြစ်သည်။ သို့တိုင်အောင် ကလေးက သေသွားသေးသည်။

ဒီလိုအခြေအနေမျိုးက အရှေ့ရှိမီးတောက်ထက် နေရာတိုင်းတွင် ဖြစ်ပျက်နေကြ ဖြစ်သည်။

“ဗုန်း”

ရုတ်တရက် မီးသတ်ကားတစ်စီးက ရောက်လာသည်။ သန်မာသော လူပေါင်းများစွာကလည်း အလျင်ဆိုသလို ခုန်ချလာ၏။ မျက်မှန်နှင့် အသက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ဆုပိုင်ကို မြင်သောအခါ ကြင်နာစွာ လှမ်းအော်သည်။

“လမ်းက ဖယ်”

“လမ်းက တောမီးကို တားလို့ မရတော့ဘူး။ ဒီမီးက လမ်းဘက်ကို အချိန်မရွေး ပျံ့လာလောက်တယ်”

“အခုပဲ ထွက်သွားတော့”

ထို့သို့ပြောပြီး အသက်အလတ်ပိုင်းလူက လေးလံနေသော ရေပိုက်ကြီးများကို အပြေးအလွှား သွားကောက်ယူကာ အရှေ့ဘက်ရှိ မီးတောက်ကို ချိန်ရွယ်လျှက် ပက်လေသည်။

“မြန် မြန် မြန် မြန်။ ကုန်တင်ကားထဲက ရေက နှစ်မိနစ်အတွင်း ကုန်သွားမှာ။ နောက်တစ်စီးကို အမြန်ဆုံး ပြင်ထားကြ”

“မီးက တအားကြီးတယ်။ ဒါသာ မငြိမ်းဘူးဆိုရင် မြို့အထိ ပျံ့သွားလိမ့်မယ်”

“အထက်ကို အမြန်ဆုံး အကြောင်းကြားလိုက်။ ငါတို့ အထောက်အပံ့လိုတယ်”

“အထောက်အပံ့ လိုတယ်”

******

297 01

အပိုင်း 297

“ဘာလဲ”

“လူ ၇၀၀ ပဲ။ မလောက်ဘူးလား။ မလောက်ဘူး”

ဘွန်နီရယ်က သူ၏ဆံပင်ကို ခပ်ကြမ်းကြမ်း ကုတ်လိုက်ပြီးနောက် ဖုန်းထဲသို့ လှမ်းအော်သည်။

“လူ ၇၀၀။ ငါ့ကို လာနောက်နေတာလား”

“ဒီတောမီးက တစ်မြို့လုံးကို လွှမ်းခြုံ့တော့မှာ။ မီးသတ်သမားအယောက် ၇၀၀ က ဘယ်လိုလောက်မှာလဲ”

“ငါ မင်းကို အလေးနက်ထား ပြောနေတာ”

“ဒီမီးကို ခပ်မြန်မြန် မကိုင်တွယ်ဘူးဆိုရင် … အကျိုးဆက်က ငါတို့ တိုင်းပြည်ရဲ့ သုံးပုံတစ်ပုံလုံး ပြာကျသွားလိမ့်မယ်”

“ဒီတစ်ခေါက် အကျိုးဆက်က ဘာလဲဆိုတာကို နားလည်လား”

ဖြန်း။

ဖုန်းကို ခပ်ကြမ်းကြမ်း ပစ်ချပြီးနောက်တွင် ဘွန်နီရယ်ဟာ နီရဲသော မျက်နှာနှင့် အိပ်ခန်းထဲမှ အပြေးထွက်လာခဲ့သည်။

“အဖေ”

တံခါးအပြင်ဘက်တွင် ရပ်နေသောဇနီးနှင့်သမီးကို မြင်သောအခါ ဘွန်နီရယ်က နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်သည်။ သူက သမီးဖြစ်သူကို ကောက်ချီလိုက်ပြီး ဆိုဖာပေါ်သို့ ညှင်သာစွာချပေးကာ ဘေးဘက်မှ ကိုအာလာအရုပ်ကို ကောက်ယူပေးရင်း ပြောလိုက်သည်။

“ငါ စိတ်မကောင်းပါဘူး။ ငါ မင်းကို ကတိပေးထားတဲ့ ကိစ္စကို နောက်ထပ် တစ်ကြိမ်အထိ အချိန်ဆွဲရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့”

“တကယ်လို့ ကိုအာလာတစ်ကောင်ကသာ အဖော်ပြုရင် အဆင်ပြေလား”

“သူတို့အခု အရမ်းကို ထိခိုက်ခံစားနေရတယ်။ အဖေက သူတို့ကို သွားပြီး ကယ်တင်ရမယ်။ ကြည့် သူတို့က ချစ်စရာအကောင်းဆုံး မဟုတ်လား။ အမယ်လီက သူတို့ကိုလည်း မနာကျင်စေချင်ဘူး မဟုတ်လား”

“ဟူး”

ထိုကောင်မလေးက အရုပ်ကို တင်းတင်းကြပ်ကြပ်ဖက်ရင်း ခပ်ကြမ်းကြမ်း ခေါင်းညိတ်သည်။

သမီးဖြစ်သူက ထိုမျှသည် နာခံသိတတ်လိမ္မာနေကြောင်း မြင်သောအခါ ဘွန်နီရယ်က စိတ်အေးစွာ သက်ပြင်းချလိုက်သည်။

ထို့နောက် သူဟာ တစ်ဖက်သို့ပြန်လှည့်လျှက် မတ်တပ်ထရပ်လိုက်ပြီး ဇနီးဖြစ်သူကို ညှင်သာစွာ ပွေ့ပက်ကာ ပြောသည်။

“မစိုးရိမ်နဲ့။ ငါ မိသားစုကို ကောင်းကောင်း ဂရုစိုက်ထားမယ်”

“အဲဒီမှာလည်း ဂရုစိုက်အုန်း”

“တောင်းပန်ပါတယ်”

ဇနီးဖြစ်သူ စကားကို နားထောင်ပြီးနောက်တွင် ဘွန်နီရယ်က အသက်ပြင်းပြင်းရှုသည်။ ထို့နောက် သူမ၏နဖူးကို ညှင်သာစွာ နမ်းရှိုက်လိုက်ပြီးနောက် တစ်ဖက်သို့ ပြန်လှည့်လျှက် အိမ်ထဲမှ ထွက်ခဲ့လိုက်သည်။

ကားသံများကို နားထောင်ပြီးနောက်တွင် …

“အမေ။ အဖေက သူရဲကောင်း ဖြစ်ရမယ်။ သူက ကိုအာလာတွေကို သွားကယ်မှာ မဟုတ်လား”

“ဟုတ်တယ်”

သမီး‌လေးကို ပွေ့ဖက်ထားသည့် ရွှေအိုရောင်ဆံပင်နှင့် အမျိုးသမီးက ညှင်သာစွာ ခေါင်းညိတ်သည်။

…

“ဟူး ဟူး ဟူး ဟူး”

297 02

လေက ပြင်းထန်စွာ ဟိန်းဟောက်နေသည်။

ဘန်း။

ဆုပိုင်က သားပိုက်ကောင်၏အလောင်းကို ဆွဲလာပြီးနောက် လမ်းဘေးတစ်နေရာတွင် စိတ်ဓာတ်ကျစွာ ထိုင်နေလိုက်သည်။

သူ၏အရှေ့မှ ကြမ်းတမ်းလွန်းသော မီးတောက်များကိုကြည့်ရင်း သူဟာ သက်ပြင်းကိုချနေမိသည်။

သူကိုယ်တိုင်ကလည်း အားအင်မဲ့နေပြီး ဒီမီးတောက်ကို မတားနိုင်ချေ။

လမ်းဘေးတွင် မီးသတ်ကားများက ပြည့်နှက်နေသည်။

မီးသတ်သမားတိုင်းက တုံ့ဆိုင်းမနေဘဲ မီးပင်လယ်ထဲသို့ အပြေးဝင်နေသည်။ သို့သော် …

သို့သော် ဒါဟာ ရေပုံးထဲမှ ရေတစ်စက်အလား ဖြစ်နေလေသည်။

မီးဟာ ကြီးသထက်ကြီးလာပြီး လမ်းကိုပင် ကျော်တော့မည်ဖြစ်သည်။

လေက ပြင်းသထက် ပြင်းထန်လာကာ မရေမတွက်နိုင်သော မီးပွားပေါင်းများစွာကလည်း တစ်ဖက်သို့ပင် ရောက်ရှိနေ၏။

“ထိန်းထားအုန်း။ ထိန်းထားအုန်း”

ဘေးဘက်မှ ဖရိုဖရုဲဆံပင်နှင့် ကျိုးဝမ်က သူ၏လက်မောင်းထဲတွင် မီးလောင်နေသော မီးသတ်ထားခြင်းခံရသည့် တိရစ္ဆာန်လေးတစ်ကောင်ကို ပွေ့ဖက်ထားရင်း ခုန်ပေါက်နေသည်။

သူမက ထိုအကောင်ငယ်လေးကို သူမ၏လက်မောင်းတွင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး တစ်ယောက်တည်း စကားနေသည်။ သို့သော် …

သိသိသာသာ မှိတ်နေသော ထိုအကောင်လေး၏ မျက်လုံးကို ကြည့်ရုံဖြင့် ကျိုးဝမ်က မျက်ရည်များ ကျလာသည်။

ထို့နောက် ထိုအကောင်လေး၏ ခန္ဓာကိုယ်ကို လမ်းဘေးပေါ်သို့ တိတ်တဆိတ် တင်ပေးထားလိုက်သည်။

သူမ၏အရှေ့တွင် တိရစ္ဆာန်အလောင်းများ မရေမတွက်နိုင်အောင် ရှိနေသည်။ ကျိုးဝမ်သည် သူမ၏မျက်နှာကိုပင် အုပ်ပြီး မြေပြင်တွင်ထိုင်ကာ တိတ်တဆိတ် ငိုနေလေသည်။

သူတို့ဟာ ဒီနေရာသို့ ရောက်ပြီး ထိုမီးသတ်သမားများနှင့်အတူ ၃ နာရီထက် မနည်း တိုက်ခိုက်ခဲ့ပြီးကြလေပြီ။ သို့သော် …

မည်သည့် တိရစ္ဆာန်ကိုမှ မကယ်တင်နိုင်ခဲ့ချေ။

ဒီလမ်းဘေးပေါ်တွင် တိရစ္ဆာန်အလောင်း ရာကျော် ပုံနေသည်။ လူတိုင်းက အပေါ်ယံတွင် တိတ်တဆိတ်နေပုံပေါ်၏။

“ကယ်ဆယ်ရေးက ဘယ်မှာလဲ။ ဘာလို့ မရောက်လာသေးတာလဲ”

မီးသတ်သမားခေါင်ဆောင် ဖောက်ထိုးရေးစစ်သား ဖစ့်။ သူက သူ၏မီးလောင်နေသော အဝတ်ကို မြေပြင်ပေါ်သို့ ပစ်လွှတ်လိုက်ပြီး အော်သည်။

“ငါတို့မှာ ရေကုန်နေပြီ။ ဘာလို့ မရောက်လာသေးတာလဲ”

“ဘာလို့လဲ”

“ခေါင်းဆောင်။ ကယ်ဆယ်ရေး မရှိဘူးဆိုရင် ငါတို့ဘာသာ နည်းလမ်း ရှာရတော့မယ်”

လူငယ်တစ်ယောက်က ကားထဲမှ ခုန်ဆင်းလာရင်း အော်သည်။

“သူတို့ အများဆုံးမှ လူအယောက် ၇၀၀ ပါတဲ့အသင်းကို စုစည်းနိုင်ရုံပဲ တတ်နိုင်မှာ။ သူတို့ အစောဆုံး ရောက်လာရင်တောင် မနက်ဖြန် မနက်လောက်ပဲ ဖြစ်မှာ”

“ဒါက တအား နောက်ကျနေပြီ”

“ငါတို့ ဒါကို တားလို့ မရတော့ဘူး။ မီးက ကြီးသထက် ကြီးနေပြီ။ ငါတို့ နောက်ဆုတ်ရမယ်”

“မရဘူး”

ဖစ့်က မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အလောင်းများကို တစ်ချက်ကြည့်ပြီး အံ့ကြိတ်သံဖြင့် အော်သည်။

“ရေသိုလှောင်ထားတဲ့ အနီးဆုံးနေရာကို သွားရအောင်။ ဒီနားမှာ ငါနဲ့ လမ်းကို စောင့်ကြပ်ဖို့ လူနည်းနည်းပဲ ထားခဲ့”

297 03

“ဒိုင်း …”

လူငယ်က သူ၏ခေါင်းဆောင်ကို မယုံနိုင်သလို့ ကြည့်သည်။ တောအုပ်နှစ်ခုဖြင့် ဆက်ထားသော လမ်းက မီတာ တစ်ထောင်ကျော် ရှည်သည်။ ထို့ကြောင့် သူတို့တွင် မီးသတ်ကားနှစ်စီးသာလျှင် ရှိလေရာ …

မည်သည့်နည်းနဲ့မှ ထိုလူအနည်းငယ်က ဒီမီတာ တစ်ထောင်အကွာအဝေးကို တောင့်ခံထားရန် မဖြစ်နိုင်ပေ။

“မြန်မြန်သွား”

“ဟိုဘက်တောထဲမှာ တိရစ္ဆာန်တွေ အများကြီး ရှိသေးတယ်။ ဒီမီးကို ဆက်ပျံ့စေလို့ မရဘူး”

ဖစ့်က အော်လိုက်သည်။ သူဟာ မြေပြင်ပေါ်မှ ရေပိုက်ကို ကောက်ကိုင်ပြီး မီးပုံထဲသို့ ခုန်ဝင်သွားပြန်သည်။

“မင်းတို့နှစ်ကောင် လမ်းက ဖယ်ကြ။ သူတို့အားလုံးသေအောင် အလောင်ခံရပြီးပြီ ကယ်ဖို့ မဖြစ်နိုင်တော့ဘူး”

မီးပုံထဲသို့ အပြေးအလွှားဝင်နေသော လူနှစ်ယောက်က တိရစ္ဆာန်အလောင်းများကို တစ်ခုပြီးတစ်ခု သယ်ထုတ်လာလေအကြောင်း မြင်သောအခါ ဖစ့်က ခပ်မြန်မြန် အပြေးလှည့်လျှက် ဆုပိုင်နှင့်အခြားတစ်ယောက်၏ ကိုယ်ပေါ်သို့ ရေများကို အသားကုန် ပတ်ဖြန်းလိုက်သည်။

သို့သော် …

မီးထဲတွင် ပိတ်မိနေ‌သော တိရစ္ဆာန်အများစုက သေသွားပြီ ဖြစ်ပြီး အနည်းစုက ဒုက္ခိတဖြစ်သည်အထိ လောင်ကျွမ်းခံထားရပြီးသား ဖြစ်သည်။ သူတို့ကို ကယ်ဆယ်နိုင်လျှင်ပင် အသက်ရှင်ရန် ခက်သည်။

ဘန်း။

ဆုပိုင်က ချက်ချင်းဆိုသလို့ ခုန်ထပြီး သူ၏လက်မောင်းထဲမှ ကိုအာလာလေးကို မြေပြင်ပေါ်သို့ ချသည်။ ထိုကိုအာလာ၏အမွှေးတစ်ဝက်ခန့်က လောင်ကျွမ်းနေ၏။

သူဟာ အောက်ဖက်သို့ တစ်ချက်ငုံကြည့်လိုက်၏။ …

ထိုအချိန်တွင် ထိုအကောင်ငယ်လေးက ကြောက်လွန်းသဖြင့် မြေပြင်တွင် ငေးငိုင်စွာထိုင်နေသည်။ သူ၏ကိုယ်မှ နာကျင်မှုကိုပင် ခံစားရပုံ မရပေ။

“မင်း ကြည့်ထားအုန်း။ ငါထပ်ဝင်သွားလိုက်မယ်”

ဆုပိုင်က ကျိုးဝမ်ကိုအနားသို့ ခေါ်ပြီး ကိုအာလာလေးကိုပေးကာ ပြောသည်။

“ငါ အခုတစ်ကြိမ် ပြန်လာခဲ့မယ်”

“မဟုတ်ဘူး”

“နင် အဲဒီလို ထပ်ဝင်သွားလို့ မရတော့ဘူး”

ကျိုးဝမ်က အရှေ့မှ မီးတောက်များကို ကြည့်ပြီး နီရဲသော မျက်လုံးဖြင့် အော်သည်။

“မီးက ထိန်းချုပ်မှု လွှတ်နေပြီ။ မီးသတ်ကားတွေတောင်မှ ရေကုန်နေတာ။ သူတို့ ဘယ်သူ့ကိုမှ မကယ်နိုင်တော့ဘူး”

“ငါ ထပ်ဝင်သွားရမယ်။ ကြည့််ရတာ အထဲမှာ အသက်ရှိနေသေးတဲ့ နှစ်ကောင်ရှိသေးတယ်”

“ထိန်းထားအုန်း။ မီးသတ်ကားနောက်ကို လိုက်သွား။ လမ်းမှာ ဂရုစိုက်”

ဆုပိုင်က ထို့သို့ ပြောပြီးနောက်တွင် ရေတန်းများရှိရာဘက်သို့ အပြေးသွားသည်။ ထို့နောက် မီးပုံထဲသို့ ချက်ချင်း ပြေးဝင်သွားသည်။

“နင်”

ကျိုးဝမ်က တောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသော ဆုပိုင်ကိုကြည့်ရင်း အံကို ကြိတ်သည်။ သူဟာ မြေပြင်တွင် ကိုအာလာလေးကို ပွေ့ဖက်နေရင်း မီးသတ်ကားရှိရာဘက်သို့ လျှောက်သွားလိုက်သည်။

“ဘာလို့ ဒါရိုက်တာ ဆုပိုင်က ထပ်ဝင်သွားပြန်တာလဲ။ မီးသတ်ကားအများစုဟာ ရေကုန်နေပြီလေ။ အကာအကွယ်လည်း မရှိဘူး။ ဒီအတိုင်းဆို အထဲမှာ ပိတ်မိနေလိမ့်မယ်”

“အပြင်မထွက်လာသေးတဲ့ တိရစ္ဆာန်တွေ ရှိနေသေးလို့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒါက အရမ်း ဝမ်းနည်းဖို့ ကောင်းလွန်းတယ်။ လောင်ကျွမ်းနေတဲ့ တိရစ္ဆာန်အလောင်း ရာပေါင်းများစွာ ရှိနေတာ။ ဒါက ဒါရိုက်တာ ဆုပိုင် ကယ်ထားပြီးတဲ့ အကောင်တွေရော မကယ်ရသေးတဲ့ အကောင်တွေလည်း ပါသေးတယ်။ နောက်ပြီး အထဲမှာ ဘယ်လောက်တောင် သေနေမလဲ မသိဘူး”

“ဒီနေရာက လူတွေက တုံ့ပြန်တာ တအားနှေးလိုက်တာ။ ဘာလို့ ကယ်ဆယ်ရေးက မရောက်သေးတာလဲ”

“အပေါ်က တစ်ယောက်။ ဒါက တရုတ် မဟုတ်ဘူးဆိုတာ မမေ့နဲ့အုန်း။ အနောက်ပိုင်းတိုင်းပြည်တွေက မီးသတ်သမားတွေက ငှားထားတာ။ နောက်ပြီး ဒီအလုပ်ကို လုပ်တဲ့လူ သိပ်များတာ မဟုတ်ဘူး”

“အိုး ဒါက တကယ်ကို ရင်ကွဲစရာပဲ။ နောက်ပြီး အဲဒီ ပြူးကျယ်နေတဲ့ မျက်လုံးတွေကိ ကြည့်လိုက်အုန်း။ တော်တော်လေးကို မကြည့်နိုင်အောင် ဖြစ်စေတယ်။ တကယ်ပဲ ဘယ်သူက သွားပြီး မီးရှို့လိုက်တာလဲ။ အဲဒီကောင်က ဆိုးရွားတဲ့ သေဆုံးခြင်းနဲ့ သေစေချင်တယ်”

“မီးသတ်သမားခေါင်းဆောင်က တော်တော်လေးတော့ တာဝန်သိတတ်တယ်။ သူက ခန္ဓာကိုယ်နေရာအများအပြား မီးလောင်နေတာတောင်မှ ဆက်ရပ်နေတုန်းပဲ”

“ဒါရိုက်တာ ဆုပိုင် သတိထားနော်။ အဲဒီ သစ်ပင်က လဲကျတော့မှာ”

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူများက မျက်လုံးများကို ပြူးထားရင်း ပါးစပ်ကို ခပ်ကျယ်ကျယ် ဖွင့်ကာ သစ်ပင်အောက်တွင် လဲနေသည့် ကိုအာလာလေးကို အပြေးကောက်ယူသည့် ဆုပိုင်ကို ကြည့်နေကြသည်။

သူ၏ အနောက်ဖက်မှ အရွယ်ရောက်ပြီးသော လူတစ်ယောက်၏ ခါးတစ်ခုစာမျှ တုတ်သော သစ်ပင်ကြီးက ကြမ်းတမ်းသော မီးတောက်ဖြင့် အောက်သို့ တဖြည်းဖြည်းချင်းစီ လဲကျလာပြီဖြစ်သည်။

******

All Chapters