အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
298 01
အပိုင်း 298
ဗုန်း။
ကြီးမားသော မီးခိုးလုံးကြီးနှင့် ဖှုန်လုံးများက ဆုပိုင်ကို လွှမ်းခြုံသွားပြီးနောက်တွင် နေရာအနှံ့ မီးပွားများလွင့်စင်နေသည်။
“ဟူး”
သူသည် အောက်ဖက်မှ နေ၍ အော်သံတိုးတိုးကို ကြားရသည်။
ဆုပိုင်က သွေးများ စိုရွဲနေသော မျက်နှာနှင့် မြေပြင်မှ ကုန်းထလိုက်ချိန်တွင် သူ၏လက်မောင်းထဲတွင် ကိုအာလာလေးကို ထွေးပွေ့လျှက်သား ဖြစ်သည်။ သူဟာ သူ၏ အနောက်ဘက်မှ မီးများ လောင်ကျွမ်းနေသော သစ်ပင်ကြီးကို တစ်ချက် ပြန်ကြည့်လိုက်ပြီး ထိုအကောင်လေး၏ နဖူးကို ကြောက်လန့်မှုအပြည့်ဖြင့် အသာပုတ်လိုက်သည်။
မြေပြင်မှ သေဆုံးနေသော ကိုအာလာ အသေကောင်ကို ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ ပိတ်လိုက်မိသည်။
ထိုကိုအာလာလေးက အစမှအဆုံးထိ သူ၏လက်နှစ်ဖက်ဖြင့် သစ်ပင်ပင်စည်ကို ထိန်းကိုင်ထားပေသည်။
ထို့နောက် …
သူ၏မျက်လုံးထဲတွင်ပင် ကြောက်ရွံ့မှုက ပေါ်လွင်နေသည်။ သူသည် သိသာစွာပင် ထိုမီးတောက်က သူ့ကို ထိသည်နှင့် မည်သည့်ပုံစံ ပြောင်းလဲသွားနိုင်ကြောင်း ကောင်းမွန်စွာ နားလည်နေသည်။
ဘယ်လောက်တောင် စိတ်ဓာတ်ကျစရာ ကောင်းလိုက်သလဲ။
သူက ရှင်သန်နေထိုင်ရန် အချိန်တန်ကြာအောင် မှီခိုခဲ့သော သစ်ပင်ကြီးက မီးကြောင့် ပြာကျသည့်အထိ လောင်ကျွမ်းခံနေရသည်။
သို့ရာတွင် မီးတောက်ဖြင့် တစ်ဆင့်ချင်းစီ ဝါးမျိုခံရခြင်းက အနာကျင်ဆုံး နည်းလမ်းဖြင့် သေဆုံးရခြင်းဖြစ်သည်။
ထို့အပြင် စိတ်ထဲတွင်လည်း အလွန်အမင်း စိတ်ဓာတ် ကျနေရလောက်သည်။
“ဟူး”
ဆုပိုင်က ရင်ထဲမှ မကောင်းသော ခံစားချက်များကို မှုတ်ထုတ်ပစ်ရင်း အတတ်နိုင်ဆုံး အံကိုကြိတ်ကာ မီးလောင်ကျွမ်းနေသော သစ်ပင်ကြီးများ ရှိရာဘက်သို့ ဆက်လျှောက်သွားလိုက်ကာ အပြင်သို့ ထွက်ရန် ကြံစည်သည်။
မီးတောက်က ငြိမ်းရန် ခက်နေသည်မှာ ထိုအပင်ကြီးများတွင် ဆီများ ပါဝင်နေသောကြောင့် ဖြစ်သည်။
သို့သော် …
မီးရှို့သူကသာ အကြီးမားဆုံး တာဝန်ယူမှု ရှိသည်။
ဒါဟာ စီးကရက်ဖင် မီးကြောင့်လည်း ဖြစ်လောက်သည်။ သို့မဟုတ်ရင်လည်း သေချာမငြိမ်းခဲ့သည့် မီးဖိုမီးကြောင့်လည်း ဖြစ်လောက်သည်။ ထို့ကြောင့် ယခုလိုမျိုး အသက်ပေါင်းများစွာကို ဖျက်စီးပစ်သည့် တောမီးကြီးက စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်လောက်သည်။
“ကွက်စ့်”
“နာတယ်။ အရမ်း နာတယ်”
သူက ထွေးပွေ့ထားသော ကိုအာလာလေးက ဆက်တိုက်ဆိုသလို နှာမှုတ်သံများကို ထုတ်နေသည်။
ဆုပိုင်က စိတ်မကောင်းဖြစ်သလို ငုံကြည့်လိုက်သည်။ ထို့နောက် သူ၏အဝတ်များဖြင့် ခပ်တင်းတင်း ပွေ့ပက်ထားလိုက်ပြီး တောထဲမှ ခပ်မြန်မြန် ပြေးထွက်လေသည်။
ဗုန်း။
သူ၏မျက်လုံးရှေ့တွင် နောက်ထပ် သစ်ပင်ကြီးတစ်ပင်က လဲကျသွားသည်။
မြှင့်တက်နေသော မီးတောက်များကို ကြည့်ရင်း ဆုပိုင်က နောက်ထပ် တစ်နေရာဘက်သို့ ဆက်သွားရပြန်သည်။
“မြန်မြန်”
298 02
“ဒီနေရာက ထွက်သွား။ ငါတို့တွေ သိပ်မကြာခင် နောက်ဆုတ်ရတော့မှာ။ ဒီနေရာက ဆက်ပြီး ဖုံးကွယ်ထားလို့ မရတော့ဘူး”
“မြန်မြန်လာ”
ထိုအချိန်တွင် မျက်နှာတစ်ခုလုံး မီးခိုးများ ပြည့်နှက်နေသော လူတစ်ယောက်က ရေပိုက်တစ်ခုဖြင့် အပြေးအလွှားလာပြီး ဆုပိုင်၏ကိုယ်ပေါ်သို့ ရေများကို လောင်းချပေးကာ အံကြိတ်သံဖြင့် အော်ပြောလေသည်။
ဆုပိုင်၏လက်မောင်းထဲမှ အသက်ရှင်နေသော အကောင်ငယ်လေးကို မြင်သောအခါ ဖစ်၏မျက်နှာက ပို၍ တင်းမာသွားသည်။ ထို့နောက် သွားဖြူဖြူ နှစ်တန်းက ပေါ်လာ၏။
“အရမ်း တော်တယ်”
“ကျေးဇူးတင်ပါတယ်။ သိပ်မကြာခင် ထွက်လာခဲ့ပါ့မယ်”
သူဟာ ဆုပိုင်၏လက်ကို ဆုပ်ကိုင်ပြီးနောက် အပြေးအလွှား ဆွဲထုတ်သည်။
ဗုန်း။
ဗုန်း။
ဗုန်း။
သူ၏မျက်လုံးရှေ့မှာတင် မရေမတွက်နိုင်သော သစ်ပင်ကြီးပေါင်းများစွာက ပြိုလဲကျကုန်သည်။ သေစေသော မီးခိုးလုံးများက ကောင်းကင်သို့ ရူးသွပ်စွာ ထိုးတက်သွားသည်။
ဆုပိုင်က တစ်ချက် မော့ကြည့်လိုက်တော့ ကောင်းကင်ကြီးတစ်ခုလုံးက ကြောက်မက်ဖွယ် ကောင်းလောက်အောင် နီရဲနေကြောင်း မြင်ရသည်။ မရေမတွက်နိုင်သော မီးခိုလုံးပေါင်းနှင့် ဖှုန်လုံးပေါင်းများစွာက လေထဲတွင် ပြည့်နှက်နေပြီ ဖြစ်နေသည်။
“အဟွတ်”
“မြန်မြန် ငါတို့ ထွက်ရမယ်”
“ငါတို့ အခုသာ မထွက်ရင် နောက်ကျသွားလိမ့်မယ်”
ဖစ်က မရေမတွက်နိုင်သော သစ်ရွက်ကြွေများကို တစ်ချက်ကြည့်ရင်း ရေပိုက်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားသည်။ သို့သော် နောက်ဆုံးတော့ ကျန်ရစ်သည့် ရေများအားလုံးကို ပက်ဖြန်းပြီးသွားလေပြီ။ သူဟာ တစ်ဖက်သို့လှည့်လျှက် အဝေးရှိ အဖွဲ့ဝင်ပေါင်းများစွာကို လှမ်းအော်သည်။ သို့သော် သူဟာ ဆုပိုင်ကို လမ်းဘက်သို့ တွန်းထုတ်ရင်း စတင်ကာ အပြေးထွက်သွားသည်။
“အသင်းခေါင်းဆောင်”
ထို့အချိန်တွင် အနောက်ဘက်မှ စူးရှသော အော်သံကို ကြားရသည်။ ဆုပိုင်က လှည့်ကြည့်လိုက်၏။
ထို့အခါ ကျလာသော သစ်ပင်တစ်ပင်ကြောင့် အဖိခံလိုက်ရသည့် မီးသတ်သမားတစ်ယောက်ကို မြင်ရသည်။
ထို့နောက် လူနှစ်ယောက်က ထို့နေရာသို့ တုံ့ဆိုင်းမနေဘဲ အပြေးသွားလေသည်။
“ထိန်းထားအုန်း။ ငါတို့ ခေါ်ထုတ်ပေးမယ်”
ဖစ်က အသက် ၂၀ အစောပိုင်းခန့်သာ ရှိလောက်မည့် လူငယ်လေးကို ကြည့်ပြီး အသံကို မြှင့်ကာ အော်သည်။
လောင်ကျွမ်းနေသော မီးတောက်များကိုပင် သူဟာ လျစ်လျူရှုလိုက်ပြီး သစ်ပင်ကို လက်နှစ်ဖက်လုံးဖြင့် တင်းတင်းဖက်ကာ ဘေးဘက်သို့ ဆွဲတွန်းဖယ်ရန် ကြိုးစားသေးသည်။
“အသင်းခေါင်းဆောင်”
“ငါ မရတော့ဘူး။ အခုပဲ ထွက်သွားတော့”
“သွား။ ငါရဲ့ခြေထောက်က ကျိုးနေပြီ။ ငါ မထနိုင်တော့ဘူး။ ဒီတော့ ငါ့ကို ထားခဲ့ပြီး သွားကြတော့”
လူငယ်၏ခေါင်းပေါ်မှ ဆံပင်မွှေးများ အားလုံးက လောင်ကျွမ်းပြီး ပြောင်စင်နေပြီ ဖြစ်သည်။ သူ၏ နှစ်ဖက်လုံးတွင် ရှိသမျှ မျက်ခုံးများကလည်း ကွေးတက်နေသည်။
“မဟုတ်ဘူး”
298 03
“အား”
“မဟုတ်ဘူး။ သူက ပရဟိတသမား တစ်ယောက် သက်သက်ပဲ။ သူက ဒီမီးငြိမ်းဖို့အတွက်နဲ့ တစ်နာရီမှာ ဩစတေးလျဒေါ်လာ ၂၀ ကိုပဲ ရတာ။ ဒါကို မင်းက …”
သူ၏အရှေ့မှ လူငယ်ကို စိုက်ကြည့်ရင်း သူဟာ မျက်လုံးကို တဖြည်းဖြည်းချင်းစီ မှိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို မီးများက လွှမ်းခြုံလာ၏။
ဖစ်က မြေပြင်တွင် ထိုင်ချရင်း အော်သည်။
“ခေါင်းဆောင် သွား သွား သွားပါတော့”
“ဒါက ငါတို့ရဲ့အိမ်ပဲ။ ဒီနေရာမှာ ဘာမှ မဖြစ်နိုင်ပါဘူး”
“မိုရာကို ပြောလိုက်။ ငါ သူမကို ချစ်ပါတယ်လို့။ သွားတော့”
“အားးး”
ထို့အချိန်တွင် မီးတောက်များက လူငယ်၏ခြေထောက်များထံမှ အပေါ်သို့ မြှောက်တက်လာနေပြီ ဖြစ်သည်။ သူမ၏မျက်လုံးထဲမှ မျက်ရည်များနှင့် ထိုသူက အော်ဟစ်ရင်း ဘေးဘက်ရှိ သစ်ပင်ကို ခေါင်းဖြင့် ဝင်တိုက်သည်။
“ငါတို့ ဒီမွေးရပ်မြေကို ကာကွယ်ရမယ်။ ငါတို့ သေချာပေါက် …”
“ဟူး”
အနောက်ဘက်မှ အော်သံများကို ကြားနေရသည့် ဆုပိုင်က ထိုလူငယ်ကို အမှန်တကယ် လေးစားမိသွားသည်။ ထို့နောက် သူဟာ လေးနက်စွာ ဂါရဝပြုလိုက်၏။
“သောက်ကျိုးနည်းသော မီး”
ဖစ်က ဆဲသည်။ သူဟာ မျက်ရည်များကို ခပ်မြန်မြန်သုတ်ပြီး အံကိုကြိတ်လျှက် တစ်ဖက်သို့လှည့်ကာ လမ်းဖက်သို့ အပြေးထွက်သည်။
မီးစတင် လောင်နေသည်မှာ ၃ နာရီကြာသွားပြီဖြစ်သည်။
မီးသတ်သမား ၁၀ ယောက်ကျော်ကလွဲပြီး မည်သည့်တရားဝင် အစိုးရ အဖွဲ့အစည်းကမှ ရောက်ရှိလာခဲ့ခြင်း မရှိသေးချေ။
ရေအရင်းအမြစ်ကပင် မထိန်းထားနိုင်ခဲ့ချေ။ ထိုအခြေအနေက ဆုပိုင်ကို အလွန် စိုးရိမ်စေသည်။
ထိုအခြေအနေက မြေကမ္ဘာတွင် ၄ လဆက်တိုက် လောင်ကျွမ်းနေခဲ့သော မီးကိုပင် သတိရသွား မိစေသည်။
ထိုအချိန်က ကုန်းမြေ၏နယ်မြေ ၄ ပုံ ၃ ပုံခန့်က လောင်ကျွမ်းသွားခဲ့သည်။
လောင်ကျွမ်းမှုက အဆုံးထိ ရောက်ရှိသွားသောအခါ လူသားများက ကိုင်တွယ်နိုင်သည့် ထိန်းချုပ်မှုကို လွတ်ကင်းသွားတတ်သည်။
အဆုံးသတ်တွင် လူသားများကလည်း ဆုတောင်းရုံမှတပါး ဘာမှ မတတ်နိုင်တော့သည့် ကြီးမားသော ကပ်ဘေးကြီးကို ရင်ဆိုင်ရမှန်း နားလည်သွားကြသည်။ ထို့အပြင် တိရစ္ဆာန်များက မလွတ်မြှောက်နိုင်ကြပေ။
လူတစ်ယောက်ကို တွေ့မိတဲ့အခါ ဆုပိုင်က အရှိန်နှုန်းကို မြှင့်လိုက်သည်။
ဒီတစ်ကြိမ် တာဝန်က နှစ် ၁၀၀ တွင် တစ်ကြိမ် ထလောင်တတ်သည့် မဟာမီးကြီးကို ငြိမ်းသတ်ခြင်း ဖြစ်နေမည့် အခြေအနေကို စိုးရိမ်ရသည်။
သို့သော် …
ဆုပိုင်ကလည်း စနစ်မှ တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိပ္ပာယ်ကို နားလည်သည်။ ဒါဟာ လူတိုင်းကို သတိပေးနေပြီး သတိကပ်ထားအောင် လုပ်ပြပေးနေခြင်း ဖြစ်သည်။
ဒီလိုကြီးမားလွန်းသော ကပ်ဘေးကြီးကို ကြည့်ရှုခြင်းအားဖြင့် အသိစိတ်ရလာလောက်သည်။
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်းရှုပြီး ခပ်မြန်မြန် ထွက်သည်။
လမ်းတောက်လျှောက် လဲကျနေသော သစ်ပင်များနှင့် တောထဲမှ မကြာခဏဆိုသလို ဆက်လာသော အော်သံများကိုလည်း ကြားနေရသည်။ သူဟာ အံကိုကြိတ်လိုက်သည်။ ကြိတ်ထားရလွန်းသဖြင့် သူ၏သွားက ဆက်တိုက်ဆိုသလို နာကျင်နေ၏။
ဒီနေရာတွင် သတ္တဝါအများကြီး ရှိနေသည်။ သားပိုက်ကောင်များအပြင် အနှေးကွေးဆုံး လှုပ်ရှားနိုင်သည့် ကိုအာလာများလည်း ရှိနေသေးသည်။
ထို့ကြောင့် သူတို့သည် မီးတောက်ထဲမှ မလွတ်နိုင်ပေ။
ငါ လုပ်နိုင်သမျှက … မီးက တဖြည်းဖြည်းချင်းစီ လောက်မြိုက်သွားတာကို ကြည့်နေရုံပဲ။
သေသွားတဲ့အထိ။
++++++ 299 01
အခန်း 299
“ကျိုးဝမ်”
ဆုပိုင်က လမ်းပေါ်သို့ အပြေးတက်သွားပြီးနောက်တွင် သူ၏အရှေ့မှ ကြောက်လှန့်နေသော လူအုပ်ကို တစ်ချက်ကြည့်ကာ အော်သည်။
ထို့နောက် သိပ်မဝေးသော မြေပြင်တစ်နေရာတွင် ငေးစိုက်စွာဖြင့် ထိုင်နေသော ပုံရိပ်တစ်ခုကို မြင်ရသည်။ သူမ၏ခန္ဓာကိုယ်က အနည်းငယ်တုန်နေ၏။ သူဟာ တစ်ဖက်သူ၏အနားကို တဖြည်းဖြည်းချင်းစီ လျှောက်သွားသည်။
“ဝူး ဝူး။ ငါ တောင်းပန်ပါတယ်”
“ငါ တောင်းပန်ပါတယ်။ ငါ နင့်ကို မကယ်နိုင်ဘူး”
“ငါ တကယ် တောင်းပန်ပါတယ်။ ဘာလို့လဲ”
သူမ၏အရှေ့မှ ကိုအာလာလေးက သူမ၏လက်မောင်းကို ခပ်တင်းတင်း ဖက်တွယ်ထားသည်။ သို့သော် မျက်လုံးကမှု တဖြည်းဖြည်း မှိတ်နေပြီ ဖြစ်သည်။ ပြင်းထန်လွန်းသော ဒဏ်ရာများထက် ကိုအာလာကို မကယ်နိုင်ခဲ့ချေ။
ဆုပိုင်က ကျိုးဝမ်ကို ညှင်သာစွာ ပုတ်ကာ နှစ်သိမ့်ပေးလိုက်ရင်း ခပ်တိုးတိုး မေးသည်။
“နင် ကယ်ဆယ်ရေးအသင်းကို ဝင်ဖူးလား”
“ဒါမှမဟုတ် ဆရာဝန် …”
“ငါရဲ့လက်မောင်းထဲက အကောင်လေးက အရမ်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ။ ဒါကြောင့် သူ့ကို အချိန်မှီ မကုသဘူးဆို ငါ စိုးရိမ်တာက …”
“ငါ သိတယ်”
“ဟိုမှာ”
ကျိုးဝမ်က ဆုပိုင်လက်ထဲမှ အကောင်ငယ်လေးကို တစ်ချက်ကြည့်ပြီးနောက် မြေပြင်မှ ခပ်မြန်မြန်ထကာ သူမရဲ့လက်မောင်းကို ဖက်ထားသော ကိုအာလာအလောင်းလေးကိုလည်း တဖန်ပြန်ကိုင်ရင်း အဝေးရှိ ငွေဖိရောင်ဆံပင်များနှင့် မိန်းမအိုကြီးကို ညွှန်ပြရင်း ပြောသည်။
“သူမက ပြောတယ်။ နေမကောင်းတဲ့လူကို ကုသပေးနိုင်တယ်တဲ့”
ဆုပိုင်က တခြား ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ လူအုပ်ကို အတင်းကျော်ဖြတ်ပြီး ထိုနေရာသို့ အပြေးသွားသည်။
“မြန်မြန်လေး ကြည့်ပေးပါအုန်း”
အယ်လ်မာကလည်း ထိုလူငယ်၏လက်မောင်းထဲမှ ကိုအာလာလေးကို တစ်ချက်ကြည့်ပြီး ခပ်မြန်မြန် လှမ်းယူသည်။
ထို့နောက် သူ၏အနောက်ဘက်မှ ရိုးရှင်းသော ဆေးရုံကုတင်လေးပေါ်သို့ တင်လိုက်ပြီး စတင်ကာ စစ်ဆေးကြည့်သည်။
“လက်တွေကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းထားတယ်”
“မျက်နှာကိုလည်း ပြင်းပြင်းထန်ထန် လောင်ကျွမ်းထားတယ်”
“ခြေထောက်တွေကိုလည်း ပြင်းပြင်းထန်ထန် လောင်ကျွမ်းထားတယ်”
“တစ်ကိုယ်လုံးက ..”
ဆုပိုင်က ထိုအမျိုးသမီးက တုန်ယင်စွာ ရေရွတ်နေသော စကားကို နားထောင်းရင်း သူ၏နှလုံးသားက လေးလံလာသည်။
“ကွတ် ကွတ် ကွတ်”
299 02
မြို့ငယ်လေးတွင် နေထိုင်သူများကလည်း ထိုအနီးအနားတွင် ဝိုင်းလာကြပြီး နိုင်ငံရတနာ သတ္တဝါလေးကို ရင်နာစွာကြည့်နေကြသည်။ သူတို့၏မျက်နှာတွင် ဝမ်းနည်းမှုများက ပြည့်နှက်နေသည်။
“ငါ”
“ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူး”
“ဒဏ်ရာတွေက ကယ်တင်ဖို့ တအား ပြင်းထန်လွန်းတယ်”
အချိန်တွေ ကြာပြီးနောက်တွင် အယ်လ်မာကလည်း ထိုအရှေ့မှ အကောင်ငယ်လေး၏လောင်ကျွမ်းနေသော အမွှေးများကို အသာပွတ်သပ်ပေးပြီး တုန်ယင်သော လေသံနှင့် ပြောသည်။
“အခု တော်တော်လေးကို နာကျင်နေရမှာ။ ငါတို့တွေ ဒီထက်စောင့်နေမယ်ဆိုရင် သူနာကျင်လွန်းပြီး သေသွားလိမ့်မယ်”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ကျိုးဝမ်က မျက်လုံး ပြူးလာသည်။ သူမ၏မျက်လုံးထဲတွင် မျက်ရည်များက ပြည့်နှက်နေပြီး စိတ်လှုပ်ရှားစွာ အော်သည်။
“စောင့်ကြည့်ရအောင်။ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ”
“ကယ်လို့ ရနိုင်မှာပါ။ ဟုတ်တယ်မှတ်လား”
“ကယ်လို့ ရမှာပါ”
ဟူး။
အယ်လ်မာက သူမရဲ့ပုခုံးကို ညှင်သာစွာလာပုတ်ပြီး အသက်ပြင်းပြင်း ရှုကာ ပြောသည်။
“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခြားနည်းလမ်း မရှိဘူး။ အခုက အနာကျင်ရဆုံးအချိန်ပဲ။ သူရဲ့ကိုယ်တွင်းအင်္ဂါတွေကို မီးက လောင်ကျွမ်းထားတယ်။ ဒီတော့ အခြား နည်းလမ်း မရှိဘူး”
“မင်း ရေချိုးလိုက်ပါလား”
“ဒီလိုဆိုရင် မနာတော့ဘူး”
ဟူး ဟူး။
အရှေ့မှ လူအိုကြီး၏အသံကို နားထောင်နေရင်း ဆုပိုင်က အသက်ပြင်းပြင်း ရှုလိုက်ကာ သေဆုံးခါနီး ဖြစ်နေသည့် ကိုအာလာလေးကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ကွက် ကွက် ကွက်”
“နာတယ်။ နာတယ်။ ဝူး ဝူး နာတယ်”
သူ၏အရှေ့မှ ကိုအာလာလေး နာကျင်နေသောပုံစံကို မြင်သောအခါ ရှိနေသမျှသော လူတိုင်း၏ နှာခေါင်းများက ကျိန်းတက်လာကာ မျက်လုံးများက နီလာကြသည်။
အရာအားလုံးက ဒီသောက်ကျိုးနည်း မီးကြောင့်ပဲ။
ဒီတောမီးကြောင့်သာ မဟုတ်ရင် ဒီကိုအာလာတွေက ဒီလိုကြုံတွေ့စရာအကြောင်းကို မရှိတာ။
“ဝူး ဝူး ဝူး ဝူး ဝူး။ မေ့ဆေး။ အရမ်း နာတယ်”
“ဘယ်သူက မီးရှို့တာလဲ။ သေစမ်း”
“အမေ အရမ်း သနားကောင်းဖို့ ကောင်းတာပဲ။ ငါတို့ ကယ်လို့ မရတော့ဘူးလား”
လူအများစုက ဆက်ပြီး မကြည့်နိုင်တော့ကြပဲ ခေါင်းကို လွှဲသွားကြသည်။
“ဒါက နင်ရဲ့ နာကျင်မှုကို သက်သာစေဖို့ မျှော်လင့်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားပါ”
“နောက်တစ်ကြိမ်မှာ ငါ သေချာပေါက် ကယ်ပေးမယ်”
အပ်ထိပ်က ထိုအကောင်ငယ်လေး၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်းစီ စိုက်ဝင်သွားပြီးနောက်တွင် ကိုအာလာလေးက တည်ငြိမ်သွားသည်။ သူဟာ မျက်လုံးကို ဖွင့်ရင်း အရှေ့မှ လူတိုင်းကို ကြည့်ကာ ဆေးရုံခုတင်မှ တဖြည်းဖြည်းချင်းစီ ထထိုင်လေသည်။ ထို့နောက် ခေါင်းကို ငုံရင်း အသက်ကို အငမ်းမရ ရှုသည်။ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက်
“ဝူး ဝူး ဝူး”
299 03
ကျိုးဝမ်က အသံပင် ပျောက်သွားသော ကိုအာလာလေးကို ကြည့်ပြီး ဆုပိုင်၏ရင်ခွင်ထဲသို့ အတင်းပစ်ဝင်ကာ ငိုလေသည်။
“ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်လေးကို အရမ်း သနားဖို့ကောင်းတာပဲ”
“ဒီနေရာက လူတွေက ဘာဖြစ်တာလဲ။ သူတို့က ဒီလောက် တောမီးကြီး လောင်နေတာတောင်မှ တုံ့ပြန်တာ တအားနှေးတယ်။ ဒီအတိုင်း ဆက်ပျံ့နေရင် တိရစ္ဆာန်တွေ အားလုံး သေကုန်တော့မယ်”
“မင်းတို့ မြင်လိုက်ကြလား။ ဒီအကောင်ငယ်လေးက မသေခင်အထိ အရှေ့က တောကို ကြည့်နေတာ သူ ထွက်သွားဖို့ တွန့်ဆုတ်နေတာ ဖြစ်မယ်”
“ငါ ငိုတာ မရပ်တော့ဘူး။ အရမ်း ဝမ်းနည်းဖို့ကောင်းလွန်းတယ်။ ဒီတောမီးက ဒီတိရစ္ဆာန်တွေအပေါ် ဒီလောက်အထိ ကြီးမားတဲ့ သက်ရောက်မှုရှိမယ်လို့ မထင်ထားဘူး”
“ငါတို့ သေချာပေါက် သတိကပ်ထားရမယ်။ အနာဂတ်မှာ ငါတို့ တိုင်းပြည်က တိရစ္ဆာန်တွေ ပိုများလာတဲ့အခါ ဒီလိုအခြေအနေမျိုးတွေ ထပ်မဖြစ်အောင် ကြိုးစားရမယ်။ ဒါက ကြည့်ရုံနဲ့သာ အရမ်းကို စိတ်ဓာတ်ကျဖို့ ကောင်းလွန်းနေသေးတယ်။ ဒါက ဘဝတစ်ခုလေ။ အရမ်းကို နာခံသိတတ်လွန်းတဲ့ တိရစ္ဆာန်တစ်ကောင်”
“ဒါက ကိုအာလာတဲ့။ အဲဒီမှာ ဘယ်လောက်တောင် သေသွားကြလဲ”
….
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူပေါင်းများစွာက ထိုအခြေအနေကို ကြည့်ရင်း အော်ငိုနေကြသည်။
ထို့သို့ဖြင့် လူတိုင်း၏အရှေ့တွင် အသက်တစ်သက်က ထွက်ခွာသွားလေသည်။
ထို့နောက် …
သူဟာ သေဆုံးသွားသည့်အထိ မည်သည့်အတွက်ကြောင့် တောမီးလောင်ကျွမ်းခဲ့ကြောင်း နားလည်သေးပုံ မရချေ။
သူတို့ နေထိုင်ခဲ့တဲ့နေရာက တကယ်ပဲ ဘာလို့ ဒီလို ဖြစ်သွားတာလဲ။
ဒါက …
အဲဒီအပေါင်းအဖော်တွေက လွတ်သွားလား။ ဒါမှမဟုတ် သူတို့လည်းပဲ ..။ အိမ်ပြန်ဖို့ ဘယ်တော့မှ အခွင့်အရေး မရှိတော့မှာလား။
သစ်ပင်တွေပေါ်တက်ပြီး အရွက်တွေကို ပြန်မစားနိုင်တော့ဘူးလား။
“မြန်မြန်။ ဖစ် ထွက်လာပြီ”
ထိုအချိန်တွင် လမ်းအပြင်ဘက်မှ စောင့်နေသော မီးသတ်သမားတစ်ဖွဲ့က ရေပိုက်ဘားနှင့်အတူ အပြေးသွားပြီး ဖစ်တို့၏ကိုယ်ပေါ်သို့ ရေများလောင်းချပေးသည်။
“ဒိုင်း”
“မင်းတို့အားလုံး ထွက်လာပြီဆိုရင် မာတင်က ဘယ်မှာလဲ”
“ဘာလို့ မာတင် ထွက်မလာတာလဲ”
အယ်လ်မာက သူမ၏အရှေ့တွင် ရပ်နေသော လူများကို ကြည့်လိုက်သောအခါ ထိုလူများအားလုံးက ခေါင်းငုံလျှက် တိတ်ဆိတ်နေကြောင်း မြင်လိုက်ရသည်။ သူမက ကြောင်သွား၏။ ထို့နောက် သူမ၏ လက်နှစ်ဖက်လုံးဖြင့် ခုတင်ကို ကိုင်ထားရင်း မျက်နှာက ဖျော့တော့သွားသည်။ သူမက ခပ်တိုးတိုး ရေရွတ်၏။
“သူ အနောက်မှာ မဟုတ်လား။ ဟုတ်တယ်မှတ်လား”
“မဟုတ်ဘူးနော်။ မဖြစ်နိုင်ဘူး”
“သူ ဒဏ်ရာ ရထားလို့ နောက်ကျနေတာလား”
“ငါ့ကိုပြော။ ငါ့ကိုပြော။ ငါ့သား ထွက်လာမှာလား”
“သူ ဒဏ်ရာရထားတာဖြစ် ဟုတ်ရမယ်။ သူ အဲဒီလိုပဲ ဖြစ်လိမ့်မယ်”
“ဝူး ဝူး ဝူး။ ငါ တောင်းပန်ပါတယ်။ ငါ တောင်းပန်ပါတယ်”
ဖစ်က ခေါင်းကို မော့လာချိန်တွင် သူ၏မျက်နှာက မျက်ရည်များ ပြည့်နှက်နေသည်။ သူ၏အသံကပင် တုန်နေ၏။
“မာတင် သူ”
ဘန်း။
သူ၏စကားက မဆုံးလိုက်ခင် အယ်လ်မာက မျက်လုံးလှန်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
“ငါရဲ့သား။ ဘာလို့။ ငါရဲ့သား”
++++++ 300 01
အခန်း 300
အားလုံးကလည်း ဆက်တိုက်ဆိုသလို တစ်ယောက်တည်း ရေရွတ်နေသော အယ်လ်မာကိုကြည့်ရင်း တိတ်တဆိတ် ငိုနေကြလေသည်။
ဒါဟာ သူတို့၏မြို့မှာ ပထမဉီးဆုံး သေသွားသော လူဖြစ်သည်။ ထို့အပြင် အသက် ၂၀ သာ ရှိသေးသော လူငယ်လေး ဖြစ်သည်။ ဒါက …
ဆုပိုင်က အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အံကိုကြိတ်သည်။ သူဟာ မီးတောက်ကို ပြန်ကြည့်၏။
ပြင်းထန်သောလေကြောင့် ထိုမီးဟာ လမ်းကိုပင် ကျော်လာပြီး တခြားတစ်ဖက်ခြမ်းရှိ တောသို့ဆက်လက် ပျံ့နှံ့နေသည်။ သေသွားသော မီးခိုးလုံးများက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနေ၏။
“မကောင်းတော့ဘူး”
“ဒီထက် ဆက်ပြီး လောင်နေရင် သားပိုက်ကောင်ကျွန်းဆီ ရောက်တော့မယ်”
“အဲဒီမှာ ကိုအာလာတွေ အများကြီးပဲ”
ရုတ်တရက် တစ်စုံတစ်ယောက်က မီးတောက်ကို ညွှန်ပြရင်း အော်သည်။
“ဟူး”
ဖစ်က မျက်ရည်များကို သုတ်ပြီး တစ်ဖက်သို့လှည့်ကာ အနောက်ဘက်မှ မီးသတ်သမား ၁၀ ယောက်ကျော်ကိုကြည့်ကာ လေးနက်သော လေသံနှင့် ပြောသည်။
“အားလုံးပဲ အသင့်ပြင်”
“ပစ္စည်းတွေကို ချက်ချင်း စစ်ဆေး။ ငါတို့တွေ … သားပိုက်ကောင်ကျွန်းကို သွားမယ်”
“အစိုးရဘက်က လူဘယ်လောက် လွှတ်လွှတ်၊ ဒါဟာ ငါတို့ရဲ့ အိမ်ပဲ။ ငါတို့ရဲ့ အသက်တွေကို ရင်းပြီး ကာကွယ်ရမယ်”
“ဟုတ်ကဲ့”
လူတိုင်းက တစ်ဖက်သို့ လှည့်လျှက် အဝေးရှိ မီးသတ်ကားများထံသို့ အပြေးသွားကြသည်။
“မသွားနဲ့။ နင်က ဒီအတိုင်း ဝင်ရောက်ကူညီသူတစ်ယောက် သက်သက်ပဲ။ တစ်ခုခု ဖြစ်လာခဲ့ရင် ငါတို့ ဘယ်လိုလုပ်ရမလဲ"
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက်က ကောက်ျားဖြစ်သူကို အတင်းဆွဲရင်း အသနားခံသည်။
“ကျေဇူးပြုပြီး မသွားပါနဲ့”
“ဝူး ဝူး ဝူး။ နင် တစ်ခုခုဖြစ်သွားခဲ့ရင် ငါ ဒီကလေးနဲ့ ဘယ်လို ရှင်ရမှာလဲ”
“ငါရဲ့ကလေးက သူတို့ရဲ့အဖေ မရှိဘဲ မနေနိုင်ဘူး”
“ငါ … သွားရမယ်”
အသက်လတ်ပိုင်းအရွယ်လူကြီးက သူ၏အရှေ့တွင် ဒူးထောက်နေသော ဇနီးဖြစ်သူကို ကြည့်ပြီး အံကိုကြိတ်ကာ သူမကို ဆွဲထူသည်။ ထို့နောက် နူးညံ့သော လေသံနှင့် ပြောလိုက်သည်။
“ငါ မင်းတို့အားလုံးကို ချစ်ပါတယ်”
“ဒါပေမဲ့ ငါတို့ရဲ့အနောက်မှာ ငါတို့ရဲ့ မြို့လေ။ ဒါက ဒီအတိုင်း (17:06) စိတ်ရင်းပေးပြီး ကူညီပေးတာဆိုပေမဲ့လည်း ဒီလိုအခြေအနေမျိုးမှာ နောက်ဆုတ်လို့ မရဘူး။ ငါသာ နောက်ဆုတ်လိုက်မယ်ဆိုရင် သူတို့ ဘာဖြစ်သွားမလဲ”
“မစိုးရိမ်နဲ့။ ငါ သေချာပေါက် ပြန်လာမှာ။ ငါ့ကိုစောင့်နေ”
300 02
သူဟာ ထိုသို့ပြောပြီးနောက် အသက်လတ်ပိုင်းလူကြီးက ဇနီးဖြစ်သူ၏နဖူးကို ခပ်ကြမ်းကြမ်း နမ်းသည်။ ထို့နောက် နောက်လှည့်မကြည့်တော့လေပဲ မီးသတ်ကားရှိရာဘက်သို့ အပြေးသွားလေသည်။
လူတိုင်းကလည်း ထိုမြင်ကွင်းကို ကြည့်ပြီး အလွန်ခံစားသွားရသည်။
ဟုတ်တယ်။ သူတို့ရဲ့ အနောက်မှာ သူတို့ရဲ့အိမ်။ နောက်ပြီး သူတို့ကို နေ့တိုင်းလိုလို အဖော်ပြုပေးနေတဲ့ နိုင်ငံရတနာတွေရှိတယ်။ လူတိုင်းကသာ နောက်ဆုတ်နေကြမယ်ဆို။ ဒါဆိုရင် ..
ဘာကို ကာကွယ်နိုင်ပါအုန်းမလဲ။
“ငါလည်း သွားရအုန်းမယ်”
“ဟုတ်တယ်။ ငါတို့အားလုံးက ကောက်ျားတွေပဲ။ သွားကြစို့။ ငါတို့ ဒီမီးကို မငြိမ်းနိုင်ရင်တောင်မှ တိရစ္ဆာန်တွေကို ကယ်လို့ရသေးတယ်”
“ကောင်းတယ်။ မြန်မြန် လုပ်ကြရအောင်။ ဘယ်သူတွေ သွားချင်ကြလဲ။ အားလုံးအတူ စုစည်းပြီး သွားရအောင်။ တိရစ္ဆာန်တွေကို ကယ်တင်ရမယ်”
“အရင်ဆုံး ရေနည်းနည်းစီ သောက်သွားကြ”
“တက် တက် တက် ”
တစ်ခေါင်းလုံး ဖြူဖွေးနေသော ဆံပင်များနှင့် လူအိုကြီးတစ်ယောက်ဟာ သူ၏အင်္ကျီလက်များကို လိမ်တင်လိုက်ပြီး မီးသတ်ကားဆီ အပြေးသွားလေသည်။
အနောက်ဘက်မှ လူများအားလုံးကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်ကြပြီး အပြေးလိုက်ကြသည်။
ထို့အခိုက်အတန့်တွင် မြို့ထဲမှ လူများအားလုံးက လှုပ်ရှားကြသည်။ သူတို့ဟာ မည်သည့်လုပ်ငန်းကို လုပ်ဆောင်နေများဖြစ်စေကာမှု ထို့အခိုက်အတန်တွင် အားလုံးက ယာယီ ကူညီသူများ ဖြစ်သွားသည်။
ထို့နောက် …
ထို့ကဲ့သို့သော ကူညီသော သူများက လျော်ကြေးငွေရရှိမည် မဟုတ်သလို အာမခံချက်လည်း မရှိချေ။ အကာအကွယ်ပစ္စည်းများကိုလည်း မပိုင်ဆိုင်ထားချေ။
“သွားပြီး ကူညီရအောင်။ ငါတို့ မြို့ကိုသွားပြီး လိုအပ်တဲ့ ပစ္စည်းတွေကို သွားပြီး စုဆောင်းကြမယ်။ အဲဒီနောက် သူတို့ကို ပေးနိုင်တဲ့ အထောက်အပံ့ပေးကြတာပေါ့”
ထိုအခြေအနေကို မြင်သောအခါ အမျိုးသမီးများကလည်း စတင်ကာ လှုပ်ရှားပြီး ကလေးများကို ခေါ်၍ မြို့သို့ အပြေးသွားသည်။ ထို့သို့ဖြင့် နေထိုင်သူများအားလုံးက လှုပ်ရှားကြသည်။ လူတိုင်းကလည်း သူတို့၏အင်အားများ အားလုံးကို အသုံးပြုလျှက် ကူညီပေးကြလေသည်။
…
“မြန် မြန် မြန် မြန် မြန်”
“ရဟတ်ယာဉ်ပေါ်တက်။ ငါတို့ တောမီးရဲ့ အစစ်မှန် အခြေအနေကို ကြည့်ရှုဖို့ လိုအပ်တယ်”
“အဲဒီလိုမှမဟုတ်ရင် အဲဒီသောက်ကျိုးနည်း အရာရှိတွေက အလေးနက်ထားမှာ မဟုတ်ဘူး”
ဘွန်နီရယ်က အော်ဟစ်ရင်း ရဟတ်ယာဉ်ပေါ်သို့ အပြေးတက်သွားသည်။
ဗုန်း။
သိပ်မကြာခင်တွင် ရဟတ်ယာဉ်က လေထဲသို့ မြှောက်တက်သွားပြီးနောက်တွင် အဝေးမှ တောက်လောင်နေသော မီးခိုးများရှိရာဘက်သို့ ဉီးတည်လေသည်။
“တကယ်ပဲ လူ ၇၀၀ ကို စုစည်းနိုင်မှာလား”
“ဒါက မီးကိုငြိမ်းဖို့ ဘယ်လို လုံလောက်မှာလဲ။ မီးက ထိန်းချုပ်မှု လွှတ်သွားပြီ။ သိပ်မကြာခင် သားပိုက်ကောင်ကျွန်းကို လောင်ကျွမ်းတော့မှာ။ ဒါက ငါတို့တိုင်းပြည်က တည်ထောင်ထားတဲ့ နိုင်ငံ့ရတနာ စခန်းလေ။ အဲဒီနောက် အနောက်မှာ မြို့လည်း ရှိတယ်။ ဒါကိုသာ ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးဆိုရင် တစ်မြို့လုံးက ဖျက်စီးခံရလိမ့်မယ်”
“သေစမ်း”
ဘွန်နီရယ်က သူ၏မိတ်ဆွေဖြစ်သူက ပြောသမျှ စကားများကို နားထောင်နေရင်း လေယာဉ်ထိုင်ခုံကို ခပ်ကြမ်းကြမ်းရိုက်သည်။ ထို့နောက် မျက်လုံးကို ပြူးကျယ်စွာ ဖွင့်ကာ အော်သည်။
300 03
“သောက်ကျိုးနည်း အသုံးမကျတဲ့ အရာရှိတွေ”
“ငါတို့က ဘယ်အကြောင်းပြချက်ကို ပေးရမှာလဲ”
“ခေါင်းဆောင်က ပြည်ပကို ခရီးထွက်သွားလို့တဲ့ ဟုတ်လား။ ရယ်ရတယ်။ ငါတို့တိုင်းပြည်မှာ ဒီခေါင်းဆောင်တစ်ယောက်ပဲ ရှိတာလား။ တိုင်းပြည်က မီးလောင်နေတာ သူက သူရဲ့မိသားစုကိုတောင် ခေါ်ပြီး ခရီးထွက်သွားသေးတယ် ဟမ်။ ဘယ်လောက် ထူးဆန်းလိုက်သလဲ”
“သောက်ကျိုးနည်းကို သားရဲကောင်”
အော်ဟစ်ကာ ကြိမ်ဆဲပြီးနောက်တွင် ဘွန်နီရယ်က အသက်ကိုပြင်းပြင်း ရှူသည်။ ထို့နောက် အောက်ဘက်မှ ပင်လယ်နီးနီး တောက်လောင်နေသော မီးတောက်များကိုကြည့်ကာ လေးနက်သော လေသံနှင့် ပြောသည်။
“ဒီတော့ ငါတို့ အချိန်နဲ့ တစ်ပြေးညီ အခြေအနေကို ပြန်ပြီး တင်ပြနိုင်ရမယ်။ ဒီမီးက တအားကြီးတယ်။ အရင် မီးလောင်တဲ့ ဖြစ်စဉ်တိုင်းထက် အရမ်းကို ပြင်းထန်လွန်းတယ်။ ငါတို့သာ စောစော မတားနိုင်ဘူးဆိုရင် တစ်တိုင်းပြည်လုံး ကုန်မှာပဲ”
“ဒီလိုဆိုရင် လူဘယ်လောက်ကများ သူတို့ရဲ့အိမ်ကို ပြန်ရနိုင်မလဲ။ တိရစ္ဆာန် ဘယ်လောက်ကများ မသေဘဲ ကျန်နိုင်ခဲ့မလဲ”
“ဒီသောက်ကျိုးနည်း ခေါင်းဆောင်က အနားယူပြီး ခရီးထွက်သွားတယ်။ ကျန်တဲ့လူတွေက အမိန့် မပေးနိုင်တော့ဘူးပေါ့”
“သတိထား”
ထိုအချိန်တွင် သူ၏အပေါင်းအဖော်က အော်သည်။ သူဟာ မျက်လုံးကို ခပ်မြန်မြန် ပြူးရင်း ရဟတ်ယာဉ်ပေါ်မှ ခုန်ဆင်းလေသည်။
သူရဲ့အရှေ့မှ မြင်ကွင်းကလည်း ကြမ်းတမ်းသော နီရဲမှုအဖြစ် ပြောင်းလဲသွားသည်။ မည်သည့်အရာကိုမှ ရှင်းလင်းစွာ မမြင်ရတော့ချေ။
“အလယ်ကို အမိန့်ပေး”
ဘွန်နီရယ်က လေယာဉ်ပေါ်မှ ဆက်သွယ်ရေးခလုတ်ကို ကောက်ယူလိုက်ပြီး ခပ်မြန်မြန် လှမ်းပြောသည်။
“ငါတို့ အခု တောမီးရဲ့ အထက်တည့်တည့်ကို ရောက်နေပြီ။ မြင်နိုင်ချေကတော့ အရမ်းကို နိမ့်တယ်”
“မီးက ထိန်းချုပ်မှု လွတ်သွားပြီ။ ငါတို့ အထောက်အပံ့ လိုတယ်။ ငါတို့ အထောက်အပံ့ လိုတယ်”
“ဒီမြို့ထဲမှာ မီးသတ်သမား အယောက် ၃၀ တောင် ပြည့်တာ မဟုတ်ဘူး။ ငါတို့ အကူအညီလိုတယ်”
ထို့နောက် တစ်ဖက်ခြမ်းမှ တုံ့ပြန်မှုကို ကြားရသည်။
“ငါတို့ တင်ပြရုံပဲ တတ်နိုင်မယ်။ အမိန့်ပေး စင်တာက ဒီလို အဓိက ကပ်ဘေးအရေးပေါ် အကြံအစည်တွေကို အသက်သွင်းနိုင်တဲ့အာဏာမျိုး မရှိဘူး”
“ငါ ထပ်ပြောမယ်။ ငါတို့မှာ ဒီလို အဓိက ကပ်ဘေးအရေးပေါ်အကြံအစည်ကို အသက်သွင်းနိုင်တဲ့ အာဏာ မရှိဘူး။ ဒီတော့ ပြည်နယ်ခေါင်းဆောင်ရဲ့ အမိန့်ကို လိုအပ်တယ်”
“ငါ သတင်းပို့ရုံပဲ တတ်နိုင်မယ်”
“ခေါင်းဆောင်ကို ဖယ်ရှားလိုက်တော့”
ဘွန်နီရယ်က ခပ်ကြမ်းကြမ်း အော်ဆဲလိုက်ပြီး ထပ်ပြောသည်။
“အောက်ဘက်က အခြေအနေကို မြင်လား”
“အဲဒီမှာ တိရစ္ဆာန် ဘယ်လောက်များများ သေနေလဲ မြင်လား”
“ခေါင်းဆောင်ကို စောင့်မယ် ဟုတ်လား။ အဲဒီခေါင်းဆောင်က အခုအချိန်ဆို ရှန်ပိန်သောက်ပြီး ရေကန်ထဲမှာ စိမ်နေလောက်ပြီ။ ငါ ထပ်ပြောမယ်။ အမြှင့်ဆုံး ကပ်ဘေး အရေးပေါ်အကြံအစည်ကို တစ်နာရီအတွင်း အသက်သွင်းဖို့ ငါတောင်းဆိုတယ်”
“လူတိုင်းက မီးလောင်ပြီး သေကြတော့မှာ။ မင်းက ဘာကို စောင့်နေမှာလဲ”
အော်သံတစ်ချက်နှင့်အတူ ဘွန်နီရယ်က ထိုစက်ကို ချလိုက်သည်။
လေယာဉ်ထိုင်ခုံပေါ်တွင် ထိုင်နေရင်း သူဟာ အမောတကော အသက်ရှုနေသည်။
“ကြည့်အုန်း”
300 04
“ဒီလူတွေက သားပိုက်ကောင်ကျွန်းကို အပြေးသွားနေတယ်”
ရုတ်တရက် သူ၏အပေါင်းအဖော်တစ်ယောက်က လမ်းအောက်ဘက်ရှိ မီးခိုလုံးများအကြားသို့ လှမ်းကြည်ရင်း အော်ပြောသည်။
“ဒီကယ်ဆယ်ရေးအသင်းက ဘယ်နေရာက ရောက်လာတာလဲ”
“ဒါ …”
ဘွန်နီရယ်က အောက်သို့ တစ်ချက်ကြည့်သည်။
ဉီးဆောင်နေသော မီးသတ်ကား ၁၀ စီးကျော်ခန့်ကို မြင်ရသလို့ မီးလောင်ထားသော အခြေအနေများကိုလည်း မြင်ရသည်။
သူတို့၏ အနောက်ဘက်တည့်တည့်တွင် …
မရေမတွက်နိုင်သော သီးသန့်ကားများကိုမြင်ရသည်။ သူတို့၏ အမိုးများတွင်လည်း အမျိုးမျိုးသော ကယ်ဆယ်ရေး ပစ္စည်းများက ပြည့်နှက်နေသည်။ အများစုက သောက်သုံးနိုင်သော ရေဗူးများ ဖြစ်သည်။
ထိုအသင်း၏ အင်အားက ကြီးသည်။ မီတာ တစ်ထောင်ကျော်၏။
“ဒါက ဒီမြို့ငယ်လေးက လူတွေ ဖြစ်မယ်။ သူတို့အားလုံးက ကိုယ်တိုင် ကိုယ်ကျ မီးငြိမ်းသတ်ဖို့ ကူညီပေးကြတာ။ ဒီလိုနဲ့ သားပိုက်ကောင်ကျွန်းဆီ သွားပြီး ကယ်ဆယ်ဖို့ ကြိုးစားကြတာပဲ”
ဘွန်နီရယ်က ခပ်တိုးတိုး ရေရွတ်သည်။
ထို့နောက် သူဟာ ခပ်မတ်မတ် ထထိုင်လိုက်ပြီး ဆက်သွယ်ရေး ပစ္စည်းကို ကောက်ကိုင်ပြန်ကာ အမိန့်ပေးစင်တာနှင့် ပြန်ဆက်သွယ်လိုက်သည်။
“မင်းတို့ မြင်လား”
“မြင်လား ဒါ … “
“ဒီမြို့ငယ်လေးက လူတွေက မီးငြိမ်းဖို့ အလိုအလျှောက် ထွက်လာကြတယ်။ ငါတို့တိုင်းပြည်က ဘာဖြစ်တာလဲ။ လူတွေအားလုံး သေကုန်ပြီလား”
“လူကြီးတွေဆိုရင် ထားလိုက်ပါတော့။ အားနည်းတဲ့လူတွေလည်း ထားလိုက်တော့။ နေမကောင်းတဲ့လူတွေလည်း ထားလိုက်တော့။ ကျိုးကန်းနေတဲ့လူတွေလည်း ထားလိုက်တော့။ မိန်းမတွေလည်း ထားလိုက်တော့။ ဒါပေမဲ့ ဒီလူတွေ အကုန်လုံးက အရှေ့ဆုံးကထွက်ပြီး မီးငြိမ်းဖို့ လုပ်နေကြတယ်။ ငါတို့က မကယ်တင်ပေးနိုင်ဘူးလား”
ထို့သို့ ပြောနေရင်း ဘွန်နီရယ်က ရုတ်တရက် မျက်ရည်များ ကျလာသည်။
သူဟာ ဖုန်းကို ပြန်ချလိုက်ပြန်ပြီး အသက်ကို ပြင်းပြင်းရှုကာ သူ၏ အပေါင်းအဖော်ကို ကြည့်ရင်း လေးနက်သော လေသံနှင့် ပြောသည်။
“ငါတို့လည်း သားပိုက်ကောင်ကျွန်းကို သွားမယ်။ အထက်က အကူအညီ ပို့ပို့ မပို့ပို့၊ ငါတို့ကိုယ်ပိုင် အင်အားကို သုံးပြီး ရှေ့တန်းကနေ တိုက်ခိုက်ကြတာပေါ့”
“ငါတို့မှာ ရဟတ်ယာဉ်ရှိတယ်။ ဒီတိရစ္ဆာန်တွေ များများပို့ကယ်နိုင်လိမ့်မယ်”
“မြန်မြန်”
ထိုရဟတ်ယာဉ်က တစ်ဖက်သို့ ခပ်မြန်မြန် လှည့်ပြီးနောက်တွင် သားပိုက်ကောင်ကျွန်းဆီသို့ သွားသည်။
…
++++++