← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း။ ၆၉

ကုယွမ်သည် လိပ်အိုကြီးကို ပလိုင်းထဲမှထုတ်၍ လွှတ်ပေးလိုက်သည်။

လိပ်အိုကြီးမှာ သူ၏ဦးခေါင်းနှင့် ခြေလက်များကို အခွံအတွင်းမှ ဖြည်းညှင်းစွာ ထုတ်လိုက်

သည်။

သူ၏ တောက်ပနက်မှောင်သော မျက်လုံးအစုံမှာ ကုယွမ်ကို တစ်ချက်ဝှေ့ကြည့်ရုံသာ ကြည့်ပြီး မည်သည့်ထိတ်လန့်ကြောက်ရွံ့မှုမျှ မရှိဘဲ အလွန်အေးဆေးတည်ငြိမ်နေသည်။

ကုယွမ် ခံစားလိုက်ရသည်မှာ ဤအရာသည် လိပ်တစ်ကောင်နှင့်မတူဘဲ လောကဓံကို ကောင်းကောင်းကြီး သိမြင်နားလည်ထားသည့် စိတ်အေးလက်အေးရှိသော အဘိုးအိုတစ်ဦးနှင့် ပို၍တူနေသည်။

လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ပညာရှိလာသကဲ့သို့ တိရစ္ဆာန်များသည်လည်း သက်တမ်းကြာရှည်လာသည်နှင့်အမျှ ပို၍အသိဉာဏ်ရှိလာကြစမြဲပင်။

အထူးသဖြင့် ဤလိပ်အိုကြီးမှာ သာမန်မျိုးစိတ်မဟုတ်ဘဲ သူ၏ ဝိညာဉ်အသိဉာဏ်မှာ သိသိသာသာ ပိုမိုထက်သန်နေသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကုယွမ်သည် လင်းကျိုးပေးသော သတင်းများအတိုင်း မြို့ပြင်ရှိ ချင်းရွှေမြစ်ကမ်းဘေးနှင့် မြို့တောင်ဘက်မှ ရေတွင်းဟောင်းများသို့ သွားရောက်ရှာဖွေခဲ့သည်။

သူသည် လိပ်အချို့ကို အမှန်တကယ်ပင် တွေ့ရှိခဲ့သည်။ အထူးသဖြင့် ရေတွင်းဟောင်းမှ လိပ်များမှာ သက်တမ်းအတော်ကြာနေပြီဖြစ်သည်။

သို့သော် ကုယွမ်တွင် ဝိညာဉ်သားရဲစနစ်ရှိနေသည့်အပြင် သူ၏ သားရဲလေးသုံးကောင်နှင့် အမြဲထိတွေ့နေရသဖြင့် ဝိညာဉ်သားရဲများကို ရွေးချယ်ရာတွင် အတွေ့အကြုံနှင့် အာရုံခံနိုင်စွမ်းများ ရရှိနေပြီဖြစ်သည်။

ထိုလိပ်အိုကြီးများမှာ ကောင်းမွန်သော်လည်း ကုယွမ်အတွက် တစ်ခုခု လိုအပ်နေသလို ခံစားနေရဆဲပင်။

ယခု ဤလိပ်အိုကြီးကို မြင်လိုက်ရချိန်မှသာ သူ၏စိတ်မှာ လှုပ်ရှားသွားပြီး ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်။

ဤလိပ်မှာ သက်တမ်းကြာရုံတင်မကဘဲ သူ၏ပုံပန်းသဏ္ဌာန်မှာလည်း လျှို့ဝှက်ဆန်းကြယ်

သည့် ရှေးဟောင်းအငွေ့အသက်များ ရှိနေပြီး ဝိညာဉ်လိပ်သွေးပါဝင်နိုင်သည်ဟု သူ ယူဆလိုက်သည်။

"မပူပါနဲ့... ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူး။ မင်းကိုလည်း ဒုက္ခမပေးပါဘူး"

လိပ်အိုကြီး နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ကုယွမ်က လေးလေးနက်နက် ပြောလိုက်သည်။

"မင်းကို ဝယ်လာတာက ငါက ဝိညာဉ်သားရဲတွေ မွေးရတာ ဝါသနာပါလို့ပါ။ မယုံရင် သူတို့ကို ကြည့်လိုက်ဦး..."

စကားအဆုံးတွင် သူက စိတ်ဖြင့် စေခိုင်းလိုက်သည်။

ကျိ... ကျိ... ကျိ

သံသွားကြွက် အားဟွမ်က ထောင့်တစ်နေရာမှ ပြေးထွက်လာပြီး ကုယွမ်၏ အင်္ကျီပေါ်မှတစ်ဆင့် ပခုံးပေါ်သို့ တက်ရန် ပြင်လိုက်သည်။

သို့သော် လိပ်အိုကြီးကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး ကုယွမ်၏ နောက်ဘက်သို့ အလိုအလျောက် ပုန်းလိုက်သည်။

သို့သော် လိပ်အိုကြီးမှာ အန္တရာယ်မရှိကြောင်း လျင်မြန်စွာပင် အာရုံခံမိသွားပြီး စူးစမ်းလိုစိတ်ဖြင့် အနားသို့ ချဉ်းကပ်ကာ လိပ်ခွံကို သူ၏လက်ကလေးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ ၎င်းမှာ ရန်လိုခြင်းမဟုတ်ဘဲ ခင်မင်စွာ နှုတ်ဆက်သည့် သဘောပင်။

သံကျောကင်းခြေများ အားဝူမှာလည်း နံရံထောင့်မှ ထွက်လာသည်။ သူသည် လိပ်အိုကြီးကို မြင်သောအခါ သူ၏အာရုံခံအင်တင်နာများကို အကြိမ်အနည်းငယ် လှုပ်ယမ်းပြပြီးနောက် သူ၏ ထုံးစံအတိုင်း အေးစက်စက် အမူအရာဖြင့် ကျောက်တုံးအောက်သို့ ပြန်ဝင်ပုန်းသွားတော့သည်။

ဤသည်ကို မြင်လိုက်ရသောအခါ လိပ်အိုကြီး၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားပြီး သိသိသာသာ အံ့ဩသွားဟန် ပေါ်လာသည်။

ထို့နောက် သူက ကုယွမ်ကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်ရာ ကုယွမ်ကို လက်ခံအတည်ပြုလိုက်သည့်အလားပင်။

"ဒါ တကယ့်ကို ထက်မြက်လွန်းတာပဲ..."

ကုယွမ်မှာလည်း အံ့ဩသွားမိသည်။

ချက်ချင်းပင် ကုယွမ်၏ မျက်စိရှေ့တွင် သတင်းအချက်အလက်တစ်ခု ပေါ်လာတော့သည်။

[သင်သည် နက်မှောင်ချပ်ဝတ် အောင်းလိပ်အစိမ်းရောင်အဆင့်ကို ဖမ်းဆီးရမိထားသည်။ ၎င်းကို ယဉ်ပါးအောင် ပြုလုပ်လိုပါသလား]

ကုယွမ် ခေတ္တမျှ မှင်တက်သွားမိသည်။ သူ ဘာမှမလုပ်ရသေးခင်မှာပင် ဝိညာဉ်သားရဲစနစ်က ဖမ်းဆီးအောင်မြင်ကြောင်း ပြသနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤလိပ်အိုကြီးက သူ့ကို အသိအမှတ်ပြုလိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။

ထို့ပြင် ဤလိပ်၏ အမည်မှာလည်း ထူးခြားလှသည်။ ၎င်းကို လိပ်ဟု မခေါ်ဘဲ အောင်းဟု ခေါ်နေခြင်းပင်။

အောင်းဆိုသည်မှာ ဒဏ္ဍာရီလာ ဧရာမလိပ်ကြီးဖြစ်ပြီး အလွန်ကြီးမားသော အရွယ်အစားနှင့် မကုန်ခမ်းနိုင်သော သက်တမ်းရှိသည်။

နတ်ဘုရားတောင်တန်းများကို ကျောပိုးထားနိုင်ပြီး ကျယ်ပြောလှသော သမုဒ္ဒရာ ဟင်းလင်းပြင်ကြီးကို ဂုဏ်ယူစွာ ဖြတ်သန်းနိုင်စွမ်းရှိသည်။

ကုယွမ် ဖတ်ဖူးသော စာအုပ်များအရ ယနေ့ခေတ်တွင် ပင်လယ်ရပ်ခြား၌ ဧရာမ အောင်းလိပ်ကြီး ကျောပိုးထားသော နတ်ဘုရားကျွန်းတစ်ကျွန်း ရှိသည်ဟု ပြောကြသည်။

အခြားပြောစကားတစ်ခုအရ နဂါး၏သားကိုးယောက်တွင် အောင်းမှာ အကြီးဆုံးဖြစ်ပြီး နဂါးသွေးပါဝင်သော နတ်ဘုရားလိပ်တစ်ကောင် ဖြစ်သည်ဟု ပြောပြန်သည်။

မည်သို့ပင်ဖြစ်စေ အောင်းဟူသည်မှာ သာမန်မဟုတ်သော အရာတစ်ခု ဖြစ်သည်မှာ သေချာလှသည်။

သူ့ရှေ့ရှိ နက်မှောင်ချပ်ဝတ် အောင်းလိပ်မှာ ထိုကဲ့သို့ နတ်ဘုရားတစ်ပါး မဟုတ်သည်မှာ မှန်သော်လည်း အောက်းလိပ်၏ ဝိညာဉ်သွေးအနည်းငယ် ပါဝင်နေနိုင်သည်။

ထို့ကြောင့်ပင် သာမန်လိပ်အိုများတွင် မရှိသော ဝိညာဉ်အသိဉာဏ်နှင့် ဉာဏ်ပညာကို ပိုင်ဆိုင်ထားခြင်းပင်။

"အတည်ပြုမယ်"

ကုယွမ်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ စကားအဆုံးတွင် သူ၏ စိတ်စွမ်းအင်များမှာ တရိပ်ရိပ် ထွက်ပေါ်လာပြီး ထူးဆန်းသော အရောင်အဝါများ ဝင်းလက်နေသည့် လျှို့ဝှက်အင်းစာလုံးတစ်ခုအဖြစ် စုစည်းသွားသည်။

ထိုအင်းစာလုံးမှာ အလင်းတစ်ချက် လက်သွားပြီးနောက် နက်မှောင်ချပ်ဝတ် အောင်းလိပ်၏ ဦးခေါင်းပေါ်သို့ ကျရောက်ကာ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စိမ့်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။

ကုယွမ်သည် သူနှင့် ရှေ့မှ လိပ်အိုကြီးကြားတွင် သိပ်မသိသာသော စိတ်ချင်းဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

သူသည် လိပ်အိုကြီး၏ တည်ငြိမ်အေးချမ်းသော စိတ်ခံစားမှုနှင့် ထက်မြက်သော ဉာဏ်ပညာတို့ကိုပါ ထိတွေ့ခံစားနေရပြီဖြစ်သည်။

[ယဉ်ပါးအောင် ပြုလုပ်ခြင်း အောင်မြင်သည်။ သင်သည် နက်မှောင်ချပ်ဝတ် အောင်းလိပ်ကို အိမ်မွေးသားရဲအဖြစ် ရရှိလိုက်ပါပြီ]

ထိုအချိန်တွင် ဝိညာဉ်သားရဲစနစ်မှ အချက်အလက်များ ထပ်မံပေါ်ထွက်လာသည်။

[အမည်:နက်မှောင်ချပ်ဝတ် အောင်းလိပ် (အစိမ်းရောင်အဆင့်)]

[ဖော်ပြချက်:နတ်ဘုရား အောင်းလိပ်၏ သွေးမျိုးဆက် အနည်းငယ်ပါဝင်သော ဝိညာဉ်လိပ်

ဖြစ်သည်။ သက်တမ်းရှည်ကြာပြီး ဇီဝခွန်အား ကြွယ်ဝကာ သူ၏အခွံမှာ သံနက်ကဲ့သို့ မာကျောပြီး ကာကွယ်ရေးစွမ်းအား မြင့်မားသည်။ အသိဉာဏ် အလွန်ထက်မြက်သည်]

[ဆင့်ကဲပြောင်းလဲမှု:နက်မှောင်ချပ်ဝတ် ဝိညာဉ်အောင်းလိပ်အဖြစ် ပြောင်းလဲရန် အရွယ်ရောက်သည့်အဆင့်သို့ ရောက်ရှိရမည်ဖြစ်ပြီး တာအိုအနှစ်သာရအမှတ်၁၂၀၀ ကုန်ကျမည်

ဖြစ်သည်]

[အခြေအနေ:ပုံမှန်]

[အဆင့်:ကြီးထွားမှုအဆင့် (၉၁%)]

[အထူးရရှိမှု:သင်သည် နက်မှောင်ချပ်ဝတ် အောင်းလိပ်၏ ပင်ကိုယ်စွမ်းရည်ဖြစ်သော လိပ်

အသက်ရှူခြင်းအပိုဆောင်းဆုလာဘ်ကို ရရှိသည်။

...

ယဉ်ပါးအောင် ပြုလုပ်ပြီးနောက်တွင်လည်း လိပ်အိုကြီးမှာ ထူးထူးခြားခြား လှုပ်ရှားမှုမရှိပေ။ သူသည် ကုယွမ်ကို ပိုမိုနွေးထွေးပြီး ရင်းနှီးသော အကြည့်မျိုးဖြင့်သာ ကြည့်နေသည်။

၎င်းမှာ ကုယွမ်အတွက် ထူးဆန်းသော ခံစားမှုတစ်ခုကို ပေးစွမ်းနေ၏။

သူရှေ့တွင် ရှိနေသည်မှာ လိပ်တစ်ကောင်မဟုတ်ဘဲ ကြင်နာတတ်ပြီး တည်ငြိမ်သော လူကြီးသူမတစ်ဦး ရှိနေသည့်အလား ခံစားနေရခြင်းပင်။

အမှန်စင်စစ် ဤလိပ်အိုကြီးမှာ သက်တမ်းအလွန်ရင့်ပြီး စိတ်နေစိတ်ထား နူးညံ့သိမ်မွေ့သဖြင့် "လူကြီးသူမ" ဟု တင်စားလျှင်လည်း မမှားပေ။

"လိပ်အသက်ရှူခြင်း"

ကုယွမ်သည် ဤစကားလုံးကို ချက်ချင်း သတိပြုမိလိုက်သည်။ သူ၏ စိတ်ထဲတွင် လိပ်ကဲ့သို့ သက်တမ်းရှည်ခြင်းဟူသော စကားပုံများ ပေါ်လာသည်။

လိပ်များ၏ သက်တမ်းရှည်ကြာမှုမှာ သူတို့၏ အသက်ရှူနှုန်းနှင့် များစွာ သက်ဆိုင်နေကြောင်း ရှေးလူတို့ ပြောစကားရှိခဲ့ဖူးသည်။

"လူတွေက လိပ်ရဲ့ အသက်ရှူပုံကို အတုယူပြီး ကျန်းမာရေး လေ့ကျင့်ခန်းတွေ၊ အိပ်စက်နည်းတွေကို ဖန်တီးခဲ့ကြပေမဲ့ အခု ငါရလိုက်တဲ့ စွမ်းရည်ကတော့ ဘယ်လောက်တောင် အစွမ်းထက်မလဲ မသိဘူး"

သူသည် ဤစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် သူ၏ နှလုံးခုန်သံမှာ တဖြည်းဖြည်း နှေးကွေးသွားသည်ကို သတိပြုမိလိုက်သည်။ သူ၏ အသက်ရှူနှုန်းမှာလည်း နှေးကွေးနက်ရှိုင်းလာပြီး ခန္ဓာကိုယ်အနှံ့ရှိ သွေးသားအင်အားများကို ကြွက်သား၊ အရိုးနှင့် အရေပြားများဆီသို့ ဟန်ချက်ညီညီ စီးဆင်းစေကာ အာဟာရဖြည့်တင်းပေးနေသည်။

ကုယွမ်၏ စိတ်အခြေအနေမှာလည်း အလွန်အမင်း တည်ငြိမ်အေးချမ်းသွားပြီး လောကီပူပန်မှုများ ကင်းဝေးကာ တစ်ကိုယ်လုံး နေလို့ထိုင်လို့ ကောင်းသွားတော့သည်။

သူ၏ အသက်ရှူသံမှာ သဲ့သဲ့သာ ကျန်တော့ပြီး သူ၏ အရှိန်အဝါများမှာလည်း ခန္ဓာကိုယအတွင်းသို့ ကျုံ့ဝင်သွားရာ သူသည် လေဒဏ်မိုးဒဏ်နှင့် အချိန်ကာလကို လျစ်လျူရှုထားသော ကျောက်တုံးကြီးတစ်တုံး သို့မဟုတ် လိပ်အိုကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။

အချိန်တော်တော်ကြာပြီးနောက် နေဝင်ချိန်ရောက်မှသာ ကုယွမ်သည် ထိုအခြေအနေမှ နိုးထလာခဲ့သည်။ ဤအခြေအနေထဲတွင် ရှိနေစဉ် သူသည် အချိန်ကုန်ဆုံးသွားသည်ကိုပင် သတိမထားမိခဲ့ပေ။

သူသည် ယခင်ကကဲ့သို့ပင် ဖြစ်နေသည်ဟု ထင်ရသော်လည်း အသေးစိတ် ဆန်းစစ်ကြည့်သည့်အခါ သိသိသာသာ ကွာခြားသွားသည်ကို တွေ့ရသည်။ ယခင်က သူသည် အရေပြား၊ အကြောနှင့် အရိုးများကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သဖြင့် သူ၏ အရှိန်အဝါမှာ ထက်မြက်လွန်းပြီး ရန်လိုသည့်ပုံစံ ပေါက်နေခဲ့သည်။

အင်အားကြီးသည်မှာ မှန်သော်လည်း ဟန်ချက်မညီဘဲ အလွန်အမင်း တောင့်တင်းလွန်းနေခဲ့သည်။

ယခုမူ သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ပိုမိုဟန်ချက်ညီသွားပြီး သူ၏ ထက်မြက်မှုများကို အတွင်းထဲတွင် တည်ငြိမ်စွာ ဝှက်ထားနိုင်ပြီဖြစ်သည်။

ကြွက်သားနှင့် အရိုးများသာမက သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ပိုမိုကြံ့ခိုင်လာခဲ့သည်။ ဤပြောင်းလဲမှုများမှာ သိပ်မသိသာသော်လည်း ကုယွမ်ကိုမူ အလွန်ပင် အံ့အားသင့်စေခဲ့သည်။

အခန်း။ ၇၀

ကုယွမ်သည် လက်ရှိတွင် သိုင်းဆရာတစ်ဦး၏ အရိုးသန့်စင်ခြင်းအဆင့်မှာသာ ရှိသေးသည်။

သို့သော် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့်မှာမူ သိုင်းဆရာတစ်ဦးမှသည် ပင်ကိုယ်စွမ်းရည်ရှင် သိုင်းပညာရှင်အဆင့်သို့ ကူးပြောင်းနိုင်မည့် အဆင့်ပင်။

ကိုယ်တွင်းအင်္ဂါများကို သန့်စင်ပြီးသည်နှင့် သူသည် ပင်ကိုယ်စွမ်းရည်ရှင် သိုင်းပညာရှင်အဖြစ် တိုက်ရိုက် တိုးတက်သွားမည်ဖြစ်သည်။

ထိုအဆင့်သို့ မရောက်မီတွင် ကိုယ်တွင်းအင်္ဂါများမှာ အလိုအလျောက် အနည်းငယ် ကြံ့ခိုင်လာခြင်းသာ ရှိပြီး သိသာသော တိုးတက်မှုမှာ အကန့်အသတ်ရှိသည်။

သိုင်းပညာလမ်းစဉ်သည် များသောအားဖြင့် အရေပြား၊ အကြော၊ အရိုး နှင့် ကိုယ်တွင်းအင်္ဂါဟူ၍ တစ်ဆင့်ချင်း အနိမ့်မှ အမြင့်သို့ သွားရစမြဲပင်။ ၎င်းမှာ သိုင်းလောကသားအားလုံး လက်ခံထားသော အခြေခံဥပဒေသဖြစ်သည်။

သို့သော် ယခု လိပ်အသက်ရှူခြင်းစွမ်းရည်မှာ ကုယွမ်အား အရေပြား၊ အကြော၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများကို တစ်ပြိုင်နက်တည်း သန့်စင်စေပြီး ဘက်ပေါင်းစုံမှ တိုးတက်အောင် ပြုလုပ်ပေးနေခြင်းပင်။

ထို့တင်မကသေးဘဲ ဤစွမ်းရည်မှာ သူ၏ စိတ်ဝိညာဉ်နှင့် နာမ်ဝိညာဉ်ကိုပါ အာဟာရဖြည့်တင်းပေးနေသေးသည်။

ဒါက တကယ့်ကို မယုံနိုင်စရာပင်။ စိတ်ဝိညာဉ်ကျင့်စဉ်များကို ပင်ကိုယ်စွမ်းရည်ရှင် သိုင်းပညာရှင်များမှသာ လေ့ကျင့်နိုင်ခြင်းဖြစ်ပြီး ၎င်းမှာ နတ်ဘုရားပညာရပ်များ၏ လျှို့ဝှက်

ချက်တစ်ခုဟုပင် ပြောကြသည်။

သို့သော် ကုယွမ်မှာမူ သိုင်းဆရာအဆင့်မှာပင် သူ၏ စိတ်ဝိညာဉ်ကို စတင်ကြံ့ခိုင်အောင် လုပ်

နိုင်နေပြီဖြစ်သဖြင့် တခြားသော သိုင်းဆရာများထက် အပြတ်အသတ် သာလွန်သွားသည်။

လိပ်အသက်ရှူခြင်းစွမ်းရည်မှာ တကယ်ပင် အစွမ်းထက်လွန်းလှသည်။

နက်မှောင်ချပ်ဝတ် အောင်းလိပ်မှာ ပါးစပ်ကြီးနှင့် အားဟွမ်တို့ကဲ့သို့ အဆင့်မြင့် (အစိမ်းရောင်)အဆင့်ဖြစ်သော်လည်း သူ၏ မျိုးရိုးမှာမူ နတ်ဘုရား အောင်းလိပ်၏ သွေးမျိုးဆက်

ဖြစ်သဖြင့် အလားအလာမှာ ပို၍ပင် ကြီးမားသည်။

"လူအချင်းချင်းကြားမှာတောင် ကွာခြားချက်က ဒီလောက်ကြီးနေတာ။ မျိုးစိတ်အချင်းချင်းကြားမှာဆိုရင်တော့ ဘယ်လောက်တောင် ကွာခြားလိုက်မလဲ"

"မင်းက သက်တမ်းလည်း အတော်ကြီးနေပြီ။ ငါမွေးထားတဲ့ သားရဲတွေထဲမှာ မင်းက အသက်အကြီးဆုံးနဲ့ အတည်ငြိမ်ဆုံးပဲ။ ဒါကြောင့် မင်းကို အောင်းကြီးလို့ပဲ ခေါ်တော့မယ်"

ကုယွမ်သည် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသော လိပ်အိုကြီးကို ကြည့်ပြီး အမည်တစ်ခု ပေးလိုက်သည်။

လိပ်အိုကြီးကလည်း နားလည်သည့်အလား တည်ငြိမ်စွာ ခေါင်းညိတ်ပြပြီး သူ၏ ဦးခေါင်းကို အခွံထဲသို့ ပြန်သွင်းလိုက်သည်။

သူက သဘောတူသည်ကို မြင်သောအခါ ကုယွမ်သည် အဝါရောင်ဝိညာဉ်ဆေးမြစ်ကို ထုတ်ယူ၍ သားရဲများကို ကျွေးလိုက်ပြီး သူ၏ ပါးစပ်ထဲတွင်လည်း ဆေးမြစ်တစ်စုံကို ငုံထားလိုက်သည်။ ထို့နောက် သူသည် တရားထိုင်သည့်ပုံစံဖြင့် ထိုင်လိုက်ပြီး နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ထဲမှ နက်မှောင်လိပ် စိတ်ကူးပုံဖော်ပုံကို စတင် ကျင့်ကြံတော့သည်။

ဤရက်ပိုင်းအတွင်း သူသည် ဤကိုယ်ခံပညာကျင့်စဉ်ကို အကြိမ်ကြိမ် ဖတ်ရှုခဲ့ပြီး လေ့ကျင့်ပုံအဆင့်ဆင့်ကို အလွတ်ရနေပြီဖြစ်သည်။

ယခု လိပ်အသက်ရှူခြင်းစွမ်းရည်ကို ရထားချိန်တွင် ကျင့်ကြံရန်မှာ အကောင်းဆုံး အချိန်ပင်။ ဤကျင့်စဉ်၏ အဓိကသော့ချက်မှာ နက်မှောင်လိပ်၏ လေးလံသော၊ ခိုင်ခံ့သော၊ အရှိန်အဝါကို ဝှက်ထားတတ်သော စိတ်ဓာတ်ကို နားလည်သဘောပေါက်ရန် ဖြစ်သည်။

"ဟူး..."

ကုယွမ်သည် စိတ်ကူးပုံဖော်နေရင်း လိပ်အသက်ရှူခြင်းအခြေအနေသို့ ဝင်လိုက်ရာ သူ၏ အသက်ရှူသံမှာ တဖြည်းဖြည်း နှေးကွေးနက်ရှိုင်းသွားသည်။

ထိုအချိန်တွင် သူ၏ စိတ်ထဲမှ နက်မှောင်လိပ်၏ ပုံရိပ်မှာ အောင်းကြီး၏ ပုံစံသို့ ပြောင်းလဲသွားတော့သည်။

လိပ်ခွံ၏ အသေးစိတ်အမှတ်အသားများ၊ အကြောအဆစ်များ၊ ခြေလက်များနှင့် အမြီးတို့မှာ အလွန်ပင် ရှင်းလင်းပြတ်သားလာသည်။

ထိုလိပ်ကြီးမှာ ရှေးဟောင်းဆန်ပြီး ခံ့ညားထည်ဝါသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ ကျင့်စဉ်နှင့် စွမ်းရည်တို့ ပေါင်းစပ်သွားမှုကြောင့် ဤကိုယ်ခံပညာကျင့်စဉ်မှာ ပိုမိုနက်ရှိုင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ကုယွမ်သည် စိတ်အာရုံထဲတွင် သူကိုယ်သူ မြစ်ကြီးတစ်စင်း၏ ဘေးတွင် ရှိနေသော တောင်တစ်လုံးခန့် ကြီးမားသည့် နက်မှောင်လိပ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရတော့သည်။

နေ့စဉ်ရက်ဆက်ဆိုသလို အိပ်စက်လိုက်၊ အစာရှာလိုက်၊ လမ်းလျှောက်လိုက်နှင့် နေပူစာလှုံလိုက်ဖြင့် ကုယွမ်၏ လှုပ်ရှားမှုတိုင်းက သဘာဝတရားနှင့် တစ်သားတည်း ကျလာခဲ့သည်။

ဤအခြေအနေတွင် ကုယွမ်၏ ဇီဝခွန်အားများသည် သူ၏ အကြောအဆစ်၊ အရိုး၊ အရေပြားနှင့် အသားစိုင်များကို ထူးခြားဆန်းပြားသော နည်းလမ်းဖြင့် သန့်စင်ပေးနေသည်။

သို့သော် သူ၏ အားအင်များမှာလည်း လျင်မြန်စွာ ကုန်ဆုံးလာနေ၏။

ကံကောင်းထောက်မစွာပင် သူ၏ပါးစပ်ထဲတွင် ငုံထားသော အဝါရောင်ဝိညာဉ်ဆေးမြစ်မှာ အရည်ပျော်လာပြီး ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲကာ ကုန်ဆုံးသွားသော အားအင်များကို ပြန်လည်ဖြည့်တင်းပေးနေသည်။

သူ့ရှေ့ရှိ အောင်းကြီးမှာ ဦးခေါင်းကို အပြင်သို့ထုတ်၍ ကုယွမ်ကို စောင်းကြည့်ကာ မျက်တောင်တဖျတ်ဖျတ် ခတ်နေသည်။

သူ၏ သခင်အသစ်ထံမှ သူတို့မျိုးနွယ်စု၏ အရှိန်အဝါအချို့ ထွက်ပေါ်နေသည်ကို သူ အာရုံခံမိပုံရသဖြင့် အနည်းငယ် အံ့ဩနေပုံပင်။

...

နေဝင်ရီတရောအချိန်သို့ ရောက်သောအခါ ကုယွမ်သည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ အကြည့်တို့မှာ နူးညံ့တည်ငြိမ်နေပြီး ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးလေများကို အပြင်သို့ မှုတ်ထုတ်လိုက်သည်။

သူ မတ်တပ်ရပ်လိုက်သည်နှင့် တစ်ကိုယ်လုံးရှိ အရိုးများမှာ ဗြောက်အိုးဖောက်သကဲ့သို့ တဖျောက်ဖျောက် မြည်ဟည်းသွားတော့သည်။

သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ကာ သူ၏ကိုယ်လုံးမှာ ထွားကျိုင်းမနေဘဲ သွယ်လျနေသော်လည်း အလွန်ပင် သွက်လက်ဖျတ်လတ်ပုံပေါ်ကာ ကြွက်သားများမှာ အရိုးများနှင့် တင်းကျပ်စွာ ကပ်နေပြီး ကြည့်ကောင်းသော အချိုးအစားမျိုး ရှိနေသည်။

သူ၏ ဖြူဝင်းသော အရေပြားအောက်တွင် အပြာရောင် သွေးကြောကွန်ရက်လေးများကို မြင်နေရပြီး ထိုအရေပြားမှာ နူးညံ့ပုံရသော်လည်း ပေါက်ကွဲအားပြင်းသော ခွန်အားများ ကိန်းအောင်းနေသည်။

တစ်ချက်ကြည့်လိုက်လျှင် သူသည် ကြေးညို သို့မဟုတ် သံမဏိဖြင့် သွန်းလုပ်ထားသော ရုပ်တုတစ်ခုအလား အစွမ်းထက်သည့် အသွင်ကို ဆောင်နေတော့သည်။

ကုယွမ်သည် ထက်မြက်သော ဓားမြှောင်တစ်စင်းကို ကောက်ယူကာ သူ၏ခွန်အား ၂၀ ရာခိုင်နှုန်းခန့်ကို သုံး၍ လက်မောင်းပေါ်တွင် ဓားဖြင့် လှီးဖြတ်လိုက်သည်။

ရှပ်...

သူ၏ လက်မောင်းပေါ်တွင် အဖြူရောင် အစင်းကြောင်းလေးတစ်ခုသာ ပေါ်လာသည်။ နူးညံ့ပုံရသော သူ၏ အရေပြားမှာ အံ့ဩစရာကောင်းလောက်အောင် ခိုင်ခံ့လွန်းလှသည်။

ဖောက်... ဖောက်... ဖောက်

ကုယွမ်သည် နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ကို အပြည့်အဝ အသုံးချလိုက်ရာ သူ၏ ကြွက်သားနှင့် အရိုးများမှာ သတ္တုချင်း ပွတ်တိုက်သည့်အလား ကျယ်လောင်စွာ မြည်ဟည်းသွားသည်။

သူ၏ ကြွက်သားများမှာ ဖောင်းကြွလာပြီး တစ်ကိုယ်လုံးမှာ လေထိုးထားသည့်အလား ကြီးမားလာခဲ့သည်။

နူးညံ့သော အရေပြားမှာ ချက်ချင်း တင်းကျပ်သွားကာ တစ်ကိုယ်လုံး ညိုမည်းသောအရောင်သို့ ပြောင်းလဲသွားပြီး၊ အရေပြားမျက်နှာပြင်ပေါ်တွင် ကျောက်စိမ်းရည် သုတ်ထားသည့်အလား တလက်လက် တောက်ပနေတော့သည်။

ထို့နောက် ကုယွမ်သည် ဓားဦးကို အရေပြားပေါ်တွင် ပြန်တင်ကာ သူ၏ခွန်အား ၄၀ ရာခိုင်နှုန်းကို သုံး၍ ဖိချလိုက်သည်။ ထိုအခါမှသာ ဓားဦးမှာ အရေပြားကို အနည်းငယ် ဖောက်ဝင်သွားပြီး သွေးစအချို့ ထွက်လာတော့သည်။

"၄၀ ရာခိုင်နှုန်း ခွန်အား..."

ကုယွမ်က တွေးတောနေမိသည်။

"ငါ့ရဲ့ ၄၀ ရာခိုင်နှုန်း ခွန်အားဆိုတာ အရေပြားသန့်စင်ခြင်းအဆင့်ကို အထွတ်အထိပ် ရောက်နေတဲ့ သိုင်းဆရာတစ်ယောက်ထက် နှစ်ဆ၊ သုံးဆလောက် ပိုအားကောင်းတယ်။

ဆိုလိုတာက သာမန်သိုင်းဆရာတွေ လက်နက်နဲ့ တိုက်ခိုက်ရင်တောင် ငါ့ကို အနာတရဖြစ်အောင် လုပ်ဖို့ ခက်လိမ့်မယ်။ နတ်ဘုရားလက်နက်တွေ သုံးမှပဲ ရနိုင်လိမ့်မယ်"

"အခုမှ စရုံပဲ ရှိသေးတာတောင် ကာကွယ်ရေးက ဒီလောက် အစွမ်းထက်နေပြီ။ အကယ်၍ ဒီကျင့်စဉ်သာ အသေးစား အောင်မြင်မှုအဆင့်ကို ရောက်သွားရင် ပင်ကိုယ်စွမ်းရည်ရှင်အဆင့်အောက်မှာ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ အတော်လေး နည်းသွားလိမ့်မယ်..."

အမှန်စင်စစ် ကုယွမ်သည် ယနေ့ မွန်းတည့်ချိန်မှ ယခုအထိ အချိန်တိုအတွင်းမှာပင် ဤကျင့်စဉ်၏ အခြေခံကို တိုက်ရိုက် အောင်မြင်သွားခြင်းပင်။

ဤကျင့်စဉ်လမ်းညွှန်အရဆိုလျှင် ဤမျှအထိ မြန်ဆန်ရန်မှာ မဖြစ်နိုင်ပေ။

ပုံမှန်အားဖြင့် လိပ်ပုံရိပ်ကို အကြိမ်ကြိမ် စိတ်ကူးပုံဖော်ပြီး သူ၏ အနှစ်သာရကို နားလည်ရန် ရက်ပေါင်း တစ်ရာခန့် ကြာမြင့်မှသာ အခြေခံအဆင့်သို့ ရောက်ရှိနိုင်ခြင်းပင်။

သို့သော် ကုယွမ်မှာမူ နာရီအနည်းငယ်သာ ကြာခဲ့သည်။ ၎င်းမှာ သူရရှိထားသော လိပ်အသက်ရှူခြင်းစွမ်းရည်နှင့် သူ၏ အားကောင်းသော အရိုးတည်ဆောက်ပုံတို့ကြောင့်ပင်။ ထို့ပြင် ဤကျင့်စဉ်သည် ကုယွမ်၏ ခန္ဓာကိုယ်နှင့် တစ်ထပ်တည်း ကျနေသဖြင့် မူလစာအုပ်ထဲတွင် ဖော်ပြထားသည်ထက်ပင် ပိုမိုအစွမ်းထက်သော နက်မှောင်ချပ်ဝတ်ကျင့်စဉ်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဤသို့ အသွင်ပြောင်းသွားသော ကျင့်စဉ်မှာ အထွတ်အထိပ် သိုင်းပညာအဆင့်သို့ ရောက်ရှိသွားပြီလား ဆိုသည်ကိုမူ သူ မသိနိုင်သေးပေ။

All Chapters