← Chapters

အခန်း (၆၅၅)

Vol. 55 Ch. 655

အခန်း (၆၅၅)

Vol. 55 Ch. 655

၆၅၅

ချင်းယင်သည် အအေးဓာတ်ကြောင့် နာကျင်သွားသဖြင့် အမြန်လက်လွှတ်လိုက်သည်။ သို့သော် သူ၏လက်ဖဝါးမှာ အအေးဓာတ်ကြောင့် ဒဏ်ရာရသွားခဲ့လေပြီ။

ချင်းယင် ပြန်မတုံ့ပြန်နိုင်သေးမီ၌ နန်ပါးထျန်းမှ ဒေါသတကြီး ပြောဆို၏။

“ချင်းယင် သေလိုက်တော့”

ချင်းယင်သည် နန်ပါးထျန်းကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။ နန်ပါးထျန်း၏လက်ဖဝါးသည် သူ၏နဖူးသို့ တန်းတန်းမတ်မတ် ဦးတည်လာနေခဲ့သည်။ ၎င်းမှာ သူ၏ဦးခေါင်းကို ဖရဲသီးတစ်လုံးကဲ့သို့ ဖောက်ခွဲပစ်ရန် လုံလောက်သည့် တိုက်ခိုက်မှုဖြစ်ပေသည်။

ချင်းယင်သည် ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူဖျော့သွားရကာ အလျင်အမြန်ပင် မြေပြင်ထက် ခြေဆောင့်ကာ လက်များကို လင်းယုန်အတောင်ပံဖြန့်သကဲ့သို့ ဖြန့်လိုက်သည်။ ထို့နောက် နောက်ပြန်ပျံသန်း၍ ရှောင်တိမ်းသည်။

ချင်းယင်သည် နန်ပါးထျန်းနှင့်သူ့ကြား အကွာအဝေးတစ်ခု ဝေးကွာစေရန် ကြိုးစားနေခဲ့သည်။ သို့သော် နန်ပါးထျန်းသည် သူ့ကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ကြောင်းကိုလည်း သူသိနေပါသည်။

နန်ပါးထျန်းသည် ချင်းယင်နောက်သို့ လိုက်နေခဲ့ပြီး လက်ဝါးသိုင်းကွက်ကို နှစ်ကြိမ်ဆက်တိုက် ထုတ်လွှတ်တိုက်ခိုက်သည်။

ထိုသစ္စာဖောက်ကောင်ကို နေရာတွင် ပွဲချင်းပြီးသတ်ပစ်ရမည်။

ထိုစဉ် သူ့ထံ နီးကပ်လာနေသည့် လက်ဝါးသိုင်းကွက်ကို မြင်သောအခါ ချင်းယင်၏မျက်နှာမှာ ဖြူဖျော့သွားရပြီး အဆုတ်ကွဲမတတ် အော်ပြောလိုက်သည်။

“သခင်ကြီးယဲ့လု ကယ်ပါဦး”

ထိုအခါ ယဲ့လုဖုန်းသည် ချီမုကောကို ကြည့်လိုက်သည်။ ချီမုကောသည် ချက်ချင်း လှုပ်ရှားလိုက်သည်။

လေခွင်းသံနှင့်အတူ ဓားချီစွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့ကာ နန်ပါးထျန်းကို ဦးတည်ခုတ်ပိုင်းလိုက်သည်။

နန်ပါးထျန်း ထိတ်လန့်သွားပြီး ဘေးသို့ အမြန်တိမ်းရှောင်လိုက်သည်။

သို့ဖြင့် ချင်းယင်သည် အမဲလိုက်ခံရခြင်းမှ လွတ်မြောက်သွားပြီး သူ၏ညာလက်ကို စစ်ဆေးကြည့်လိုက်သည်။ သူ၏ညာလက်မှာ အအေးဓာတ်ကြောင့် တံတောင်ဆစ်အထိ ပြာနှမ်းနေခဲ့လေပြီ။

ကြောက်ဖို့ကောင်းလိုက်တဲ့ အအေးဓာတ်ချီစွမ်းအင်ပဲ။

ချင်းယင်သည် သူ၏လက်မောင်းအတွင်း စိမ့်ဝင်နေသည့် အအေးဓာတ်ချီများကို တွန်းထုတ်နိုင်ရန် သူ၏ချီစွမ်းအင်ကို အားကုန်အသုံးပြုလိုက်သည်။ ချင်းယင်မှာ တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ လက်သည် ပုံမှန်အရောင်အသွေးပြန်ဖြစ်သွားသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

အအေးဓာတ်ချီစွမ်းအင်က တကယ်ကြောက်ဖို့ကောင်းတာပဲ။

နန်ပါးထျန်းသည် ချီမုကော၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး ချင်းယင်ကို စူးရဲစွာ ကြည့်လျက် ပြောသည်။

“ချင်းယင် အောက်တန်းစားကောင်၊ မင်းက ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ။ သေလိုက်တော့”

ထိုသို့ပြောလျက် နန်ပါးထျန်းသည် ချင်းယင်နောက်သို့ ထပ်လိုက်သည်။ သူ ထိုသစ္စာဖောက်ကို အသက်နုတ်ချင်သည်။

နန်ပါးထျန်းသည် လုံးဝ ဒေါသပေါက်ကွဲနေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် သူသတ်ချင်သူများကို အစဉ်လိုက် နာမည်စီရပါက ချင်းယင်သည် စာရင်း၏ထိပ်ဆုံးတွင် ရှိနေလိမ့်မည်မှာ မလွဲမသွေပင်။

ချင်းယင်သည် ကြောက်လန့်တကြား အော်ဟစ်၏။

“တပ်မှူးချီမုကော ကျွန်တော့်ကို ကူညီပါဦး”

ထိုအခါ ချီမုကောသည် ချင်းယင်ကို ချက်ချင်း သွားမကူညီပေ။

နန်ပါးထျန်းက ချင်းယင်ကို ဒီလောက်သတ်ချင်နေမှတော့ ချင်းယင်ကို လိုက်သတ်ရင်း သူ့ချီစွမ်းအင်တွေ ကုန်ခမ်းအောင် သုံးခိုင်းလိုက်မယ်လေ။

ထိုသုံးစားမရသည့်ချင်းယင်အတွက်မူ ချီမုကောသည် တစ်ခါတလေ ချင်းယင်မှာ သည်းမခံနိုင်လောက်အောင် စိတ်ပျက်ဖို့ကောင်းသည်ဟု တွေးမိပေသည်။ ယခုလည်း စိတ်ပါတစ်ဝက် မပါတစ်ဝက် အားစိုက်ထုတ်မှုလေးဖြင့် အကျိုးအမြတ်က ယူချင်သေးသည်။

ချင်းယင်မှာ နန်းပါးထျန်းက နောက်မှလိုက်တိုက်ခိုက်နေသောကြောင့် အရှိန်လျှော့ချင်လျှင်ပင် လျှော့မရပေ။ အသက်ရှင်ရေးအတွက် ထွက်ပြေးနေရင်း တခြားသူများကို ကူညီပေးပါရန် တစ်ချိန်လုံး အော်ဟစ်ကာ အကူအညီတောင်းခံနေသည်။ သို့သော် လျိုလောင်ကွေ့နှင့် ချန်ကျိုစစ်သည် သူတို့ကြားထဲ ဝင်မပါချင်ပေ။

လျိုလောင်ကွေ့သည် နန်ပါးထျန်းကို သဘောမကျပေ။ ချင်းယင်သည် နန်ပါးထျန်း၏လက်အောက်ခံဖြစ်ခဲ့စဉ်က ခွေးတစ်ကောင်ကဲ့သို့ ပြုမူခဲ့သည်။ နန်ပါးထျန်း၏ သေရေးရှင်ရေးအခြေအနေတွင် သစ္စာဖောက်သွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

အမှန်အတိုင်းပြောရလျှင် လျိုလောင်ကွေ့သည် နန်ပါးထျန်းကို အနည်းငယ်မျှတော့ လေးစားမှုရှိသေးသည်။ သို့သော် သစ္စာဖောက်များကိုတော့ အလွန်စက်ဆုပ်ရွံရှာသည်။

သစ္စာဖောက်ကများ ဒီလိုအချိန်မှာ ကူညီပေးဖို့မျှော်လင့်နေတယ်ပေါ့လေ။ ကူညီမပေးနိုင်တာ စိတ်မကောင်းပါဘူး။

ချန်ကျိုစစ်သည်တော့ ဤသို့အချိန်မျိုးတွင် ထိုင်ခုံလေးတစ်ခုံချကာ ကွာစေ့ထိုင်စားရင် လက်ဖက်ရည်တစ်အိုးတည်ခင်းကာ ခွေးအချင်းချင်းကိုက်ဖြတ်စားသောက်ပွဲကြီးကို ကြည့်ရှုလိုပေသည်။

ထို့ပြင် ချန်ကျဲ့သည် နန်ပါးထျန်းမှ ချင်းယင်ကို အသေသတ်လိုက်ရန် မျှော်လင့်သည်။ အကြောင်းမှာ ခုနက ယဲ့လုဖုန်း၏စကားအသွားအလာတွင် တစ်စုံတစ်ရာ ထူးခြားနေသည်ကို သူသတိထားမိလိုက်သောကြောင့် ဖြစ်သည်။

ချင်းယင်သည် ယဲ့လုဖုန်း၏လူဖြစ်သွားလေရာ နန်ပါးထျန်းမရှိတော့သည်နှင့် ချင်းယင်သည် သေချာပေါက် ဝေစုတချို့ ရရှိလိမ့်မည်။

ထို့ပြင် ယဲ့လုဖုန်း၏ ဟန်ချက်ထိန်းသိမ်းရခြင်းကို နှစ်ခြိုက်သည့်အကျင့်အရ သူ့ကို နန်ပါးထျန်း၏ဇာတ်ရုပ်တွင် အစားထိုးပြီး ချင်းယင်ကို သူ၏ဇာတ်ရုပ်တွင် အစားထိုးလိုက်နိုင်ပေသည်။

သူသည် ဒုတိယနန်ပါးထျန်းဖြစ်လာပြီး ချင်းယင်သည် ဒုထိယကျားဖြူခန်းမအရှင်သခင်ဖြစ်လာလိမ့်မည်။ ယဲ့လုဖုန်းသည် ချင်းယင်ကို အသုံးချပြီး သူ၏အင်အားကို စောင့်ကြည့်စစ်ဆေးနေလိမ့်မည်။

ချန်ကျဲ့သည် အတိတ်သမိုင်းကြောင်းကို တစ်ပတ်ပြန်မလည်စေချင်ပေ။ သူသည် ကြီးမားသည့် အင်အားအာဏာကို လိုချင်သည်။ ထို့ကြောင့် ချင်းယင် အသက်ရှင်လို့ မဖြစ်ပေ။ ငါးဖမ်းကုန်သည်အဖွဲ့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းတည်ဆောက်ရန် လိုအပ်သည်။

တကယ်တော့ နန်ပါးထျန်း၏လုပ်ရပ်များသည် မမှားယွင်းပေ။ နန်ပါးထျန်းမှ ဖန်းရှစ်ကျုံးကို ဖယ်ရှားချင်သည့် အကြောင်းအရင်းမှာ ငါးဖမ်းကုန်သည်အဖွဲ့ကို တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းပြီး ပို၍ကြီးမားသည့် အင်အားအာဏာကို ရယူရန်အတွက် ဖြစ်သည်။

နန်ပါးထျန်း၏ရည်ရွယ်ချက်မှာ မှန်ကန်သော်ငြား ပစ်မှတ်မှာ မှားယွင်းသွားခဲ့သည်။ နန်ပါးထျန်းမှ တစ်ဖက်လူကို ဖယ်ရှားရှင်းလင်းပစ်ချင်ပါက ခုခံရသူမှာ အလိုအလျောက်ပင် ချန်ကျဲ့ဖြစ်သွားရသည် မဟုတ်ပါလော။

သို့သော် နန်ပါးထျန်း၏ အဆုံးသတ်ရည်ရွယ်ချက်သည်တော့ မှန်ကန်ပါသည်။ ငါးဖမ်းကုန်သည်အဖွဲ့သည် ပြန်လည်ပေါင်းစည်းရန် လိုအပ်သည်။

ဤသည်မှာ ချင်ရှစ်ဟွမ်နှင့် လျိုပန်းတို့နှင့် ဆင်တူပေသည်။ ချင်ရှစ်ဟွမ်၏ရည်ရွယ်ချက်သည် ပြည်နယ်၆ခုကို ပေါင်းစည်းပြီး ဗဟိုမှ ပေါင်းစည်းအုပ်ချုပ်သည့် စနစ်ကို ကျင့်သုံးချင်ခဲ့သည်။ လျိုပန်း၏ရည်ရွယ်ချက်သည်လည်း ပေါင်းစည်းအုပ်ချုပ်ခြင်းစနစ်ကို အခိုင်အမာ ထောက်ခံခြင်းဖြစ်သည်။

သူတို့၏ရည်ရွယ်ချက်များသည် တူညီကြသော်လည်း လျိုပန်းသည် ချင်အုပ်ချုပ်မှုကို ဖြတ်ချခဲ့သည်။

ဤသည်မှာ ချန်ကျဲ့နှင့် နန်ပါးထျန်းတို့၏ အခြေအနေနှင့် အနည်းငယ် ဆင်တူပေသည်။

သေချာပေါက်ပင် နန်ပါးထျန်းကို ချင်ရှစ်ဟွမ်နှင့် နှိုင်းယှဉ်ခြင်းမှာ ချင်ရှစ်ဟွမ်အတွက် အဆိုးရွားဆုံး စော်ကားမှုကြီး ဖြစ်ပေလိမ့်မည်။ နန်ပါးထျန်းသည် ချင်ရှစ်ဟွမ်၏ ခြေဖျားကိုပင် မမီပါချေ။

ချန်ကျဲ့နှင့် လျိုပန်းကို နှိုင်းယှဉ်ခြင်းအတွက်မူ ချန်ကျဲ့သည် တစ်နေ့တွင် လျိုပန်းကဲ့သို့ ဖြစ်မြောက်ကောင်း ဖြစ်မြောက်လာနိုင်ပါသည်။ ကျော်လွန်သွားသည်ပင် ဖြစ်နိုင်သေးပါ၏။

သို့ဖြင့် သိုင်းပညာရှင်ကြီးသုံးဦးသည် ချင်းယင်အား ဆက်လက်၍ အသည်းအသန် ထွက်ပြေးနေစေပြီး ကြားဝင်မကူညီကြပေ။

“ခေါင်းဆောင် ကျွန်တော့်ကို လိုက်ဖမ်းမနေပါနဲ့တော့။ ထွက်ပြေးဖို့အတွက် အင်အားချန်ထားဦးလေဗျာ”

ချင်းယင်သည် ကြောက်လန့်တကြား ထွက်ပြေးနေရင်း အော်ဟစ်ပြောဆိုသည်။

သို့သော် နန်ပါးထျန်းမှ ပြန်ပြောသည်။

“ချင်းယင် ခွေးကောင်၊ ငါက မင်းအပေါ် ကောင်းကောင်းဆက်ဆံပေးခဲ့တာကို မင်းက ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ။ အဲဒီမှာရပ်ပြီး ငါ့ကို ဘာလို့ သစ္စာဖောက်ရသလဲဆိုတာ ရှင်းပြစမ်း”

ချင်းယင်သည် လိုက်လံဖမ်းဆီးခံရခြင်းကို ထပ်သည်းမခံနိုင်တော့ဘဲ မကျေချမ်းစွာဖြင့် ပြန်အော်ပြောသည်။

“နန်ပါးထျန်း ကျွန်တော်ဘာလို့ ခင်ဗျားကိုသစ္စာဖောက်ရလဲ ခင်ဗျားစိတ်ထဲ မသိဘူးလား”

“ငါက ဘယ်လိုလုပ်သိမှာလဲ”

နန်ပါးထျန်းသည်လည်း မတရားခံရသည်ဟု ခံစားနေရပေသည်။ ချင်းယင်မှ ပြောသည်။

“ခင်ဗျားက ကျုပ်တို့က ညီနောင်တွေပါလို့ အမြဲပြောနေပေမဲ့ ခင်ဗျားဘယ်တုန်းကများ ကျုပ်တို့ကို ညီနောင်တစ်ယောက်လို ဆက်ဆံဖူးလို့လဲ။ ခင်ဗျားက ကျုပ်ကို ခွေးတစ်ကောင်လို ဆက်ဆံပြီး ကိစ္စတွေ ခင်ဗျားစိတ်အလိုကျမဖြစ်တိုင်း ကျုပ်ကို အပြစ်တင်တယ်။ ဟုတ်တယ်၊ ခင်ဗျား ကျုပ်ကို တစ်ကြိမ်ကူညီပေးခဲ့ဖူးတယ်။ ဒါပေမဲ့ ကျုပ် ဒီနှစ်တွေအတွင်းမှာ ခင်ဗျားအတွက် အရာရာလုပ်ဆောင်ပေးခဲ့တယ်။ ကျုပ်ကလည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး အစောင့်အရှောက်ကြီး၁၃ဦးထဲက တစ်ယောက်ပါပဲ။ မျန့်ရွှေစီရင်စုက ဘယ်တစ်ယောက်ကများ ကျုပ်ကို လေးစားမှုမရှိ ဆက်ဆံလို့လဲ”

အခန်း ၆၅၆

“ခင်ဗျားတစ်ယောက်ပဲ နေ့တိုင်း ကျုပ်ကို အမှိုက်ကောင်လို့ခေါ်ပြီး သေသင့်တယ် သေသင့်တယ်နဲ့ ပြောနေတာ”

ချင်းယင်သည် သူ၏ မကျေချမ်းမှုများအားလုံးကို ထုတ်ပြောတော့သည်။

“ကျုပ် နေ့တိုင်း ခင်ဗျားရဲ့ကျွန်တစ်ယောက်လို လုပ်ပေးခဲ့တာကို ခင်ဗျားကတော့ ကျုပ်ကို တကယ်ကြီး ခွေးတစ်ကောင်လို ဆက်ဆံခဲ့တယ်။ ကျုပ်စိတ်ထဲ ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေနိုင်မှာလဲ”

ထိုအခါ နန်ပါးထျန်း တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ဒေါသတကြီး ကြိမ်းမောင်း၏။

“အဲဒါလေးကြောင့်နဲ့ မင်းက ငါ့ကို သစ္စာဖောက်တယ်ပေါ့လေ”

“အဲဒါက အသေးအမွှားလေးမလို့လား။ ကျုပ် ခင်ဗျားကို နေ့တိုင်း အခြေအနေအချိန်အခါမရွေးဘဲ ခွေးအိုကြီးလို့ ခေါ်မယ်လေ။ ခင်ဗျား ဒေါသမထွက်ဘဲ နေနိုင်မလား”

ချင်းယင်ပြောသည်မှာ မှန်ပေသည်။ ထိုသို့အပြုအမူများသည် သူ၏မာနကို ထိခိုက်စေခဲ့သည်။ သို့သော် ဤသည်မှာ ချင်းယင် နန်ပါးထျန်းကို သစ္စာဖောက်ရသည့် အဓိကအကြောင်းအရင်း မဟုတ်ပေ။ အဓိကအကြောင်းအရင်းမှာ နန်ပါးထျန်းပြိုလဲတော့မည်ဟူသည့်အချက် ဖြစ်သည်။

ဉာဏ်ပညာရှိသည့်ငှက်သည် သူနားနေမည့် သစ်ပင်ကို ရွေးချယ်သကဲ့သို့ပင် နန်ပါးထျန်းမှာ ပြိုလဲတော့မည်ဖြစ်ရာ သူသည်လည်း သခင်ပြောင်းသင့်သည် မဟုတ်ပါလော။

သို့သော် ချင်းယင်သည် ထိုအကြောင်းအရင်းကို ထုတ်ပြောလို့မဖြစ်ပေ။ ၎င်းကို ထုတ်ပြောလိုက်ပါက သူ့အား ကျေးဇူးမသိတတ်သူအဖြစ် မကောင်းသည့်ဂုဏ်သတင်းကို ရရှိစေလိမ့်မည်။ သို့ဖြစ်ရာ အခြားအသေးအမွှားကိစ္စများကို အလေးပေးပြောဆိုရတော့သည်။

နန်ပါးထျန်းသည် ချင်းယင်၏ စော်ကားပြစ်တင်ခြင်းခံလိုက်ရရာ မထိန်းချုပ်နိုင်စွာ ဒေါသထွက်လာတော့သည်။ ထို့နောက် ရေခဲစိတ်စွမ်းအင်သိုင်းဖြင့် ချင်းယင်ကို လက်ဝါးတိုက်ကွက်တစ်ကွက်ဖြင့် တိုက်ခိုက်လိုက်သည်။ တစ်ချက်ထိရုံဖြင့်ပင် ချင်းယင်မှာ ဒဏ်ရာအပြင်းအထန်ရသွားနိုင်သည်။

သို့သော် ချင်းယင်၏ ကိုယ်ဖော့သိုင်းသည် အတော်ကောင်းမွန်၏။ နန်ပါးထျန်း၏တိုက်ကွက်များကို တစ်ချက်မှ မထိဘဲ ငှက်တစ်ကောင်အလား လျင်မြန်စွာ ရှောင်တိမ်းနိုင်လေသည်။

သို့သော်ငြား ချင်းယင်သည် အဖေအမေကို တမ်းတရသည်အထိ နောက်မှလိုက်ဖမ်းခံနေရဆဲဖြစ်သည်။ နောက်ဆုံးတွင်တော့ အသက်တစ်ချက်ရှူချိန်ရလိုက်သဖြင့် အော်ဟစ်လေသည်။

“ခေါင်းဆောင် ခေါင်းဆောင် စိတ်အေးအေးထားပါ စိတ်အေးအေးထားပါ။ ကျွန်တော် ခေါင်းဆောင်ကို သစ္စာဖောက်မိတာ ကျွန်တော်မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုသတ်မယ်လို့ကြုံးဝါးပြီး နောက်က လိုက်ဖမ်းနေတာကို ရပ်လိုက်ပါတော့။ ခေါင်းဆောင် သေချာစဉ်းစားကြည့်ပါဦး။ ခေါင်းဆောင် ဒီနေ့ ဒီလိုအခြေအနေဖြစ်သွားရတဲ့ တကယ့်အကြောင်းအရင်းက ဘယ်သူကြောင့်ပါလဲ”

ချင်းယင် ဒေါသတကြီး အော်ပြောလိုက်သည်။ နန်ပါးထျန်း ခဏမျှတန့်သွား၏။ ကြည့်ရသည်မှာ ချင်းယင်၏စကားများကို နားဝင်သွားပုံရသည်။ ချင်းယင်မှ ချက်ချင်း ဆက်အော်ပြောသည်။

“ခေါင်းဆောင် စဉ်းစားကြည့်ပါ။ ခေါင်းဆောင် ဒီနေ့ ဒီလိုဖြစ်သွားရတာ အကုန်လုံးက ချန်ကျိုစစ်ကြောင့်ပဲ”

“သူ ခေါင်းဆောင်ကို အကြိမ်ကြိမ်ထောင်ချောက်ဆင်နေတာကြောင့်သာ မဟုတ်ခဲ့ရင် ခေါင်းဆောင်က အန္တရာယ်ကိုစွန့်စားပြီး ဒီအခြေအနေအထိ ရောက်သွားပါ့မလား။ ခေါင်းဆောင် ကျွန်တော်သာ ခေါင်းဆောင်နေရာမှာဆိုရင် ကျိန်းသေပေါက် ချန်ကျိုစစ်ကို အရင်သတ်မှာ”

ချင်းယင်၏အသံမှာ ကြောက်ရွံ့ထိတ်လန့်နေကြောင်း သိသာနေကာ ချန်ကျိုစစ်ထံ အပြစ်လွှဲချရန်ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာလှသည်။

သူ၏ပစ်မှတ်မှာ ချန်ကျိုစစ်ဖြစ်သည်။

ချင်းယင် တစ်ကိုယ်တည်း တွေးတောလိုက်သည်။

အကုန်လုံး ငါ့ကိုပဲ လာအပြစ်တင်လို့မရဘူး။ ငါသေရမယ်ဆိုရင် မင်းလည်း အတူသေရမယ်။

ချင်းယင်၏စကားအဆုံး၌ နန်ပါးထျန်းမှ အော်ဟစ်ကြိမ်းမောင်းသည်။

“ချင်းယင် ပေါက်ကရပြောနေတာ ရပ်လိုက်တော့။ ငါချန်ကျိုစစ်ကို သတ်ချင်တာမှန်တယ်။ ဒါပေမဲ့ မင်းလိုသစ္စာဖောက်ကောင်ကို ပိုသတ်ချင်တယ်။ ခွေးကောင် ငါမင်းကို ဘယ်တုန်းကများ မတရားဆက်ဆံဖူးလို့လဲ။ ငါက မင်းကို ညီနောင်တစ်ယောက်လို မဆက်ဆံခဲ့ဘူးလို့ မင်းပြောတယ်နော်။ မင်းနဲ့မင်းညီတွေ ငတ်ပြတ်နေတုန်းက ဘယ်သူက မင်းတို့ကို ကုန်သည်အဖွဲ့ထဲ ခေါ်လာခဲ့တာလဲ”

“အခုကျ ငါ မင်းကို အကြိမ်နည်းနည်းလောက် ဆူပူမိတဲ့အကြောင်းပြချက်လေးနဲ့ မင်းက ငါ့ကိုသစ္စာဖောက်သွားတယ်။ ငါ့နောက်ကျောကိုလည်း ဓားနဲ့ထိုးလိုက်သေးတယ်။ မင်းက တိရစ္ဆာန်ကောင်ပဲ သစ္စာဖောက်ခွေးကောင်”

နန်ပါးထျန်းသည် ချင်းယင်ကို လက်ဝါးသိုင်းဖြင့် တိုက်ခိုက်ရင် အကြိမ်ကြိမ် အော်ဟစ်ပြောဆိုသည်။

သူ၏လက်ဝါးသိုင်းကွက်များသည် ချင်းယင်အား လွတ်လမ်းမရှိတော့လုနီးပါး ပိတ်ဆို့ထားခဲ့သည်။ ချင်းယင်သည် ထိတ်ပျာလျက် လက်မြှောက်ကာ နန်ပါးထျန်း၏ လက်ဝါးသိုင်းကို ခုခံလိုက်သည်။

မမျှော်လင့်စွာဖြင့် ချင်းယင်သည် ထိုလက်ဝါးသိုင်းကွက်ကို မခုခံနိုင်ခဲ့ဘဲ သွေးတစ်ပွက်အန်ထွက်သွားရလေသည်။

သို့သော် တန်ပြန်အားကို အသုံးပြု၍ အကွာအဝေးတစ်ခုအထိ ထွက်ပြေးနိုင်ခဲ့သည်။ ထို့နောက် အော်ဟစ်မြည်းတမ်းလေသည်။

“ခေါင်းဆောင် ခင်ဗျားဘာလို့ အမှားနဲ့အမှန်ကို မခွဲခြားနိုင်ရတာလဲ။ ချန်ကျိုစစ်က ခင်ဗျားကို ထောင်ချောက်ဆင်ခဲ့တာကို ခင်ဗျားက ကျုပ်ကိုသတ်ဖို့ပဲ စွဲလမ်းနေတယ်။ ကျုပ်က တစ်ချိန်လုံး ခင်ဗျားရဲ့ညီနောင်ကောင်းတစ်ယောက်ဖြစ်ခဲ့တာ။ ခင်ဗျားရဲ့ဆုံးဖြတ်ချက်တိုင်းကို ကျုပ် ထောက်ခံအားပေးခဲ့တယ်။ ခင်ဗျား ကျုပ်ကို ဒီလိုမျိုး ဆက်တိုက်လိုက်ဖမ်းနေလို့ မရဘူးလေ”

“ခင်ဗျား ကျုပ်ကို သေအောင်ရိုက်သတ်လိုက်လို့ရော ခင်ဗျားအတွက် ဘာအကျိုးရှိသွားမှာလဲ။ ခင်ဗျားက ကျုပ်အတွက်နဲ့ ခင်ဗျားရဲ့ချီစွမ်းအင်တွေကို အလဟသဖြုန်းတီးပစ်နေတာပဲ။ ခင်ဗျား ပြီးရင် လျိုလောင်ကွေ့၊ ချီမုကော၊ ချန်ကျိုစစ်တို့နဲ့ တိုက်ခိုက်ရဦးမှာလေ။ ခင်ဗျား အခုနေ ထွက်ပြေးရင် အခွင့်အရေးရှိနိုင်သေးတယ်”

“ထွက်ပြေးရမယ်တဲ့လား။ ငါထွက်ပြေးမယ်ဆိုလည်း အရင်ဆုံး မင်းကိုသတ်သွားမယ် သစ္စာဖောက်ခွေးကောင်။ ငါမင်းကို လုံးဝခွင့်မလွှတ်ဘူး။ ရေခဲစိတ်စွမ်းအင်လက်ဝါးသိုင်း”

နန်ပါးထျန်းသည် ချင်းယင်ကို နောက်တစ်ကြိမ်တိုက်ခိုက်ပြန်သည်။

ထိုအခါ ချင်းယင်သည် ရွေးချယ်စရာမရှိတော့ဘဲ သူ၏ချီစွမ်းအင်အားလုံးကို စုစည်းလိုက်ရကာ ဒေါသတကြီး အော်ဟစ်တော့သည်။

“နန်ပါးထျန်း ကျုပ်က ခင်ဗျားကို တကယ်ကြီး ကြောက်မယ်ထင်နေလား။ သေပေတော့ သွေးလင်းယုန်လက်သည်း”

ဂါးးး

ချီစွမ်းအင်များ လှိုက်တက်လာကာ သွေးလင်းယုန်လက်သည်းသိုင်းဖြင့် နန်ပါးထျန်းကို ဦးတည်တိုက်ခိုက်သည်။

တစ်ပြိုင်နက်တည်း၌ နန်ပါးထျန်း၏လက်ဝါးသိုင်းကွက်မှာလည်း အအေးဓာတ်ချီစွမ်းအင်များအပြည့်ဖြင့် ချင်းယင်သို့ ဦးတည်သွားသည်။

လက်ဝါးသိုင်းကွက်နှင့် လက်သည်းသိုင်းတို့ ထိခတ်သွားပြီး ချီစွမ်းအင်များ ပေါက်ကွဲထွက်ကုန်သည်။

ဘုန်းခနဲ အသံကျယ်ကြီးနှင့်အတူ ချင်းယင်သည် လွင့်ထွက်သွားတော့သည်။ ချင်းယင်သည် နောက်တစ်ကြိမ် သွေးအန်ထွက်သွားရသော်ငြား မျက်နှာမှာ ပြုံးရယ်နေဆဲပင်။

အကြောင်းမှာ လက်သည်းသိုင်းကွက်သည် ဟန်ပြသာ ဖြစ်သည်။ သူ့တွင် နန်ပါးထျန်းနှင့် အသေအကြေတိုက်လိုစိတ် မရှိပေ။ သို့သော် ဤနည်းဖြင့် နန်ပါးထျန်း၏ ဒေါသတကြီးတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

အဟွတ်…

ချင်းယင်သည် ယဲ့လုဖုန်း၏ရှေ့သို့ ပြုတ်ကျလာကာ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။

သို့သော် သူ၏မျက်နှာမှာ အရိုင်းဆန်သည့် အပြုံးတစ်ခုဖြစ်တည်နေခဲ့သည်။

“ဟားဟားဟား… ဟားဟားဟား… နန်ပါးထျန်း နန်ပါးထျန်း အဟွတ် အဟွတ်၊ မင်း ငါ့ကို မသတ်နိုင်သေးဘူး။ ငါအသက်ရှင်နေသေးတယ် အသက်ရှင်နေသေးတယ်”

ချင်းယင်သည် ယဲ့လုဖုန်း၏ရှေ့တွင် ပြုတ်ကျသွားခဲ့သည့်အတွက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဤသည်မှာ နန်ပါးထျန်းလိုက်မလာနိုင်သည့် အလုံခြုံဆုံးနေရာဖြစ်သည်။

ထိုအခိုက်အတန့်၌ နန်ပါးထျန်းသည်လည်း ၎င်းကိုနားလည်သွားပြီး ကျယ်လောင်စွာရယ်မောနေသည့် ချင်းယင်ကို ကြည့်လိုက်သည်။ ချင်းယင်သည် သူ၏လက်များထဲ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပွေ့ဖက်ထားသည့်အလား လက်နှစ်ဖက်ကို ဖြန့်ကျက်ကာ ရယ်မောနေလေသည်။

နန်ပါးထျန်း၏မျက်နှာမှာ အေးစက်သွားခဲ့ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သို့သော် ချီမုကော၏ ဟန့်တားခံလိုက်ရသည်။ ချီမုကောသည် နန်ပါးထျန်းမှ ချင်းယင်ကို လိုက်သတ်နေသည့်မြင်ကွင်းအား ရပ်ကြည့်နေနိုင်သော်ငြား ယဲ့လုဖုန်းအနီးသို့ တိုးကပ်သွားခြင်းကိုဖြင့် ရပ်ကြည့်မနေနိုင်ပေ။

နန်ပါးထျန်း ရပ်တန့်လိုက်ပြီး ချီမုကောကို ကြည့်လိုက်သည်။

“ဖယ်စမ်း၊ ငါ ချင်းယင်ကိုသတ်မလို့”

ချီမုကောမှ ပြန်ပြောသည်။

“ခေါင်းဆောင်နန် ခင်ဗျား အညံ့ခံလိုက်တာ ကောင်းလိမ့်မယ်”

နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်ပြီး ချီမုကောကို ပြောသည်။

“တပ်မှူးချီမုကော မင်း ငါ့ကိုဖမ်းချင်တယ်ဆိုရင် ငါ့မှာ အသက်ရှင်နိုင်တဲ့အခွင့်အရေးရှိနိုင်သေးလို့လား”

ချီမုကောမှ ဖြေသည်။

“သခင်ကြီးယဲ့လုက မင်းအတွက်ဆုံးဖြတ်ပေးပါလိမ့်မယ်”

နန်ပါးထျန်း အေးစက်စက် လှောင်ရယ်လိုက်သည်။

“ငါ ငါက အမြဲတမ်း ကိုယ့်ကံကြမ္မာကို ကိုယ့်လက်နဲ့ စီစဉ်တဲ့သူပဲ။ ဘယ်တုန်းကမှ တစ်ပါးသူရဲ့ သနားညှာတာမှုကို အားမကိုးခဲ့ဖူးဘူး။ အဲဒါကြောင့် ချီမုကော.. မင်း တကယ်ပဲ ငါ့ကိုဖမ်းချင်တယ်ဆိုရင် ကြည့်ရတာ ဒီနေ့တော့ ပြင်းထန်တဲ့တိုက်ပွဲကြီးကို ရှောင်လွှဲလို့ မရနိုင်လောက်တော့ဘူးပဲ”

All Chapters