← Chapters

အခန်း (၆၅၇)

Vol. 55 Ch. 657

အခန်း (၆၅၇)

Vol. 55 Ch. 657

“အချိန်ရောက်လို့ မင်းငါ့ကို ဖမ်းဆီးနိုင်ခဲ့ရင်တောင် မင်းတို့လည်း ကြီးမားတဲ့တန်ကြေးပေးရလိမ့်မယ်”

နန်ပါးထျန်းမှ ခက်ထန်တင်းမာစွာ ပြောသည်။

ထိုအခါ ခုနကမှ အသက်ဝအောင်ရှူနိုင်လိုက်သည့် ချင်းယင်သည် ချက်ချင်း ချေပပြောဆိုလာသည်။

“နန်ပါးထျန်း ခင်ဗျား ဘာပေါက်ကရတွေပြောနေတာလဲ။ သခင်ကြီးယဲ့လုက ခင်ဗျားကို ဖမ်းဆီးချင်နေမှတော့ ဒုက္ခခံရသက်သာအောင် ဒီတိုင်း အညံ့ခံလိုက်ပါတော့လား။ ဘယ်လိုဖြစ်ဖြစ် ခင်ဗျားမှာ လွတ်လမ်းမှ မရှိတော့ဘဲ”

နန်ပါးထျန်းသည် မျက်နှာမည်းမှောင်လျက် ချင်းယင်ကို ကြည့်လိုက်ပြီး ပြောသည်။

“ချင်းယင် ငါမင်းကိုသတ်မယ်”

ဤတစ်ကြိမ်တွင်တော့ နန်ပါးထျန်း၏ သတ်ဖြတ်လိုခြင်းအငွေ့အသက်မှာ ကြောက်မက်ဖွယ်ဖြစ်သည်။ သူ၏မျက်လုံးများသည် ချင်းယင်ထံမှ အကြည့်မလွှဲဘဲ သူ၏ ချင်းယင်၏အသက်ကိုနုတ်ယူမည့် ဆုံးဖြတ်ချက်မှာ အလွန်ပြတ်သားကြောင်း ထင်ရှားလှသည်။

ချင်းယင် ကြောက်လန့်သွားပြီး နောက်တစ်လှမ်းဆုတ်လိုက်သည်။

ထိုအခါ ယဲ့လုဖုန်းမှ ရှေ့တိုးလာပြီး ပြောသည်။

“နန်ပါးထျန်း အညံ့ခံလိုက်တော့။ ငါမင်းကို ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့်ပြုမယ်”

ထိုစကားတွင် နန်ပါးထျန်း အားရပါးရ ရယ်မောလိုက်သည်။

“ဂုဏ်သိက္ခာရှိရှိတဲ့လား။ ဟားဟားဟား ဂုဏ်သိက္ခာရှိရှိတဲ့လား။ ကျုပ်က ဘာလို့ ခင်ဗျားရဲ့ ဂုဏ်သိက္ခာရှိရှိသေဆုံးစေမယ့်ဆိုတဲ့ စကားလုံးလေးနည်းနည်းကို ယုံကြည်ကိုးစားရမှာတဲ့လဲ။ မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး”

ယဲ့လုဖုန်း ခေါင်းခါလိုက်သည်။

“ပြုပြင်လို့မရနိုင်ဘူးပဲ။ ခေါင်းဆောင်လျို၊ ချီမုကော၊ ချန်ကျိုစစ် မင်းတို့သုံးယောက်လုံး အတူတိုက်ခိုက်ပြီး သူ့ကိုဖမ်းဆီးကြစမ်း”

“ဟုတ်ကဲ့”

ထိုအခါ သုံးဦးစလုံး ရှေ့တက်လိုက်ကြသည်။

နန်ပါးထျန်းသည် ကြီးမားသည့်ဖိအားကို ရုတ်ချည်း ခံစားလိုက်ရသည်။ ထိုသုံးယောက်စလုံးမှာ တစ်ယောက်မှ ရင်ဆိုင်ရမလွယ်ကူပေ။

လေးဦးသည် မျက်နှာချင်းဆိုင်နေကြသည်။ အချိန်အတော်ကြာသည်အထိ မည်သူမျှ စ မလှုပ်ရှားကြပေ။

ထိုစဉ် အနီးအနားရှိ အိမ်ခေါင်မိုးထက်၌ ကျောက်ယာသည် ခြေနှစ်ဖက်ဆန့်ထိုင်ကာ ခေါက်ယပ်တောင်ကို ဖြန့်၍ ယပ်ခပ်နေသည်။

“ဒီနန်ပါးထျန်းက တကယ်ကို တစ်ခုခုပဲ”

ကျောက်ယာ အလေးမထားဘဲ မှတ်ချက်ပြုလိုက်သည်။

ထိုအခါ အားသာ့မှ ပြောသည်။

“အင်း သူရဲ့စွမ်းအင်ပြောင်းလဲခြင်းအဆင့်အင်အားက အထင်ကြီးစရာပဲ။ နောက်ထပ်နည်းနည်းလောက်ဆို သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကို စဝင်တော့မှာ”

အားအာ့မှ ပြောသည်။

“သူကျင့်ကြံတဲ့ ရေခဲသိုင်းကျင့်စဉ်က ရင်းနှီးနေသလိုပဲ။ အဲဒါက ရေခဲစိတ်စွမ်းအင်သိုင်းလို့ ခေါ်တာမလား”

အားစန်းမှ ပြောသည်။

“ရေခဲစိတ်စွမ်းအင်သိုင်းလား။ အဲဒါက ရွှမ်းပင်းအကြီးအကဲနှစ်ပါးကျင့်ကြံတဲ့ သိုင်းကျင့်စဉ်မဟုတ်လား”

ကျောက်ယာမှ ပြန်ပြောသည်။

“မဟုတ်ဘူး။ နန်ပါးထျန်းကျင့်ကြံတဲ့ ရေခဲစိတ်စွမ်းအင်သိုင်းက ရွှမ်းပင်းအကြီးအကဲနှစ်ပါးရဲ့ သိုင်းကျင့်စဉ်နဲ့ မတူဘူး။ ဒါပေမဲ့ သူ့ရဲရေခဲစိတ်စွမ်းအင်သိုင်းက သူနဲ့ကိုက်ညီတဲ့အတွင်းအားကျင့်စဉ်မရှိဘဲ နည်းနည်း မပြည့်စုံနေသလို ခံစားရတယ်။ အဲဒါကြောင့်ပဲ သူ့ကျင့်ကြံမှုက ဒီလိုဖြစ်နေတာ”

“ရွှမ်းပင်းအကြီးအကဲနှစ်ပါးပြောဖူးတဲ့အကြောင်းကို သတိရမိသွားတယ်။ အရင်က သူတို့ဂိုဏ်းကနေ ရေခဲသိုင်းကျင့်စဉ်တစ်ဝက်ကို ခိုးယူထွက်ပြေးသွားပြီး သိုင်းလောကထဲ လှည့်လည်သွားလာနေတဲ့ ဂိုဏ်းတပည့်တစ်ယောက်ရှိတယ်ဆိုတာလေ။ နောက်တော့ အဲဒီဂိုဏ်းတပည့်က အသတ်ခံလိုက်ရပြီး သိုင်းကျင့်စဉ်ကလည်း သိုင်းလောကမှာ ပျံ့နှံ့သွားပြီး ဂိုဏ်းအတော်များများက အဲဒီသိုင်းကျင့်စဉ်ကို ရသွားကြတယ်တဲ့”

“အကြီးအကဲနှစ်ပါးက သိုင်းကျင့်စဉ်ရသွားတဲ့ လူတစ်ယောက်ချင်းစီတိုင်းကို လိုက်နှိမ်နင်းဖို့ အလုပ်ရှုပ်မခံချင်တာကြောင့် သိုင်းကျင့်စဉ်ကို သိုင်းလောကမှာ ဒီတိုင်း ပျံ့နှံ့ခွင့်ပေးထားလိုက်တယ်။ ကြည့်ရတာ နန်ပါးထျန်းရဲ့သိုင်းက သိုင်းလောကထဲကိုပျံ့နှံ့သွားတဲ့ အဲဒီသိုင်းကျင့်စဉ်ဖြစ်လိမ့်မယ်”

ထိုအခါ အားအာ့မှ ပြောသည်။

“ဒီရေခဲစိတ်စွမ်းအင်သိုင်းက ထူးခြားတယ်။ သင့်တော်တဲ့အတွင်းအားကျင့်စဉ်မရှိရင် ကျောက်ကပ်ပျက်စီးနိုင်ခြေ မြင့်မားတယ်တဲ့”

ထိုအခါ အားသာ့၊ အားအာ့နှင့် အားစန်းတို့သုံးဦး၏ မျက်နှာထက်တွင် အံ့ဩမှုအရိပ်အယောင်အချို့ ထင်ဟပ်သွားခဲ့သည်။

အားသာ့သည် သူတို့ဘေးတွင် ခရိုင်မင်းသမီးရှိနေသည်ကို သတိရသွားသဖြင့် ဤသို့စနောက်သည့်စကားများမှာ မသင့်တော်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် အားအာ့ကို ဆူလိုက်သည်။

“အားအာ့ အပြုအမူကို သတိထားစမ်း”

အားအာ့မှ အမြန်တုံ့ပြန်သည်။

“ခရိုင်မင်းသမီး ဒီငယ်သား သေသင့်ပါတယ်”

ကျောက်ယာသည် လက်ဝှေ့ရမ်းလိုက်ရင်း ပြောသည်။

“တော်ပြီ။ ထပ်မပြောနဲ့တော့။ အဲဒီသုံးယောက်က နန်ပါးထျန်းကို ဖမ်းနိုင်မယ်ထင်လား”

အားစန်းမှ ပြန်ပြောသည်။

“ပြောရခက်တယ်။ ရေခဲစိတ်စွမ်းအင်သိုင်းက အရမ်းအင်အားကြီးမားတယ်။ ပြီးတော့ အဲဒီသုံးယောက်ရဲ့သိုင်းပညာတွေကိုလည်း ကျွန်တော်တို့ သိမထားဘူးလေ”

အားအာ့မှလည်း ပြောသည်။

“ဟုတ်တယ်။ နန်ပါးထျန်းကို ဖမ်းနိုင်ဖို့က သူတို့အထူးပြုကျင့်ကြံတဲ့ သိုင်းပညာအပေါ်မှာ မူတည်တယ်”

ကျောက်ယာ အားအာ့ကို ကြည့်လိုက်ပြီး မေးသည်။

“နန်းပါးထျန်းကို မင်းတို့ဖမ်းမယ်ဆိုရင် သိုင်းကွက်ဘယ်နှကွက်လောက် သုံးရနိုင်လဲ”

အားအာ့မှ ပြန်ပြောသည်။

“ကျွန်တော်နဲ့ အတွင်းအားချင်း ယှဉ်မယ်ဆိုရင်တော့ တစ်ချက်တည်းနဲ့ သူ့ကို ဒဏ်ရာအပြင်းအထန်ရစေနိုင်တယ်။ ဒါပေမဲ့ သိုင်းကွက်ဖလှယ်မှာဆိုရင်တော့ သိုင်းကွက်၅ကွက်လောက်တော့ လိုအပ်မယ်ထင်တာပဲ”

ထို့နောက် အားစန်းမှ ပြောသည်။

“ကျွန်တော်ကတော့ သုံးကွက်”

အားအာ့ မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“လေကြီးနေတာ”

အားစန်းမှ ပြန်ချေပသည်။

“မယုံဘူးလား။ ခရိုင်မင်းသမီး ကျွန်တော် သွားဖမ်းလိုက်ရမလား”

ကျောက်ယာမှ ပြန်ပြောသည်။

“နင့်မှာ သူတို့ဖမ်းဆီးနေတာကို ဝင်နှောင့်ယှက်ခွင့်မရှိဘူး။ အားစန်း နင်အမြဲတမ်း ဒီလိုမျိုး အလွန်အကျွံစိတ်အားထက်သန်နေတော့မှာလား။ နင့်ပုံစံက ဓားပြကြီးလိုပဲ”

အားစန်းမှ ပြန်ပြောသည်။

“အွန်း”

အားသာ့မှ ပြောသည်။

“ကြည့်၊ စတိုက်ခိုက်ကြတော့မယ်”

မျှော်လင့်ထားသည့်အတိုင်း မြင်ကွင်းမှာ တိုက်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လျိုလောင်ကွေ့၊ ချီမုကောနှင့် ချန်ကျိုစစ်တို့သည် နန်ပါးထျန်းကို ဝိုင်းလိုက်ကြသည်။

နန်ပါးထျန်းသည် လက်များကို နှိပ်နယ်ရင်း သူတို့သုံးဦးကို သတိကြီးစွာ ကြည့်နေသည်။ သူ၏မျက်လုံးအကြည့်များမှာ သတိနိုးကြားနေပေသည်။

ထိုသုံးဦးစလုံးမှာ သူအနိုင်တိုက်ဖို့ လွယ်ကူသူများ မဟုတ်ကြပေ။ သူတစ်ယောက်တည်းနှင့် ထိုသုံးယောက်ကို ရင်ဆိုင်ရခြင်းမှာ သူ့အတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်သည်။

မျန့်ရွှေ၏နံပါတ်တစ်အဖြစ် သတ်မှတ်ခံရသည့် နန်ပါးထျန်းပင်လျှင် အလွန်တရာ ဖိအားများရသည်။

ထိုစဉ် ချန်ကျဲ့တို့သုံးဦးသည် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြပြီး အသာခေါင်းညိတ်လိုက်ကြသည်။

လှုပ်ရှားဖို့အချိန်ကျပြီ။

ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် မီးနဂါးလှံကို အသင့်ပြင်လိုက်သည်။ လှံ၏ထိပ်ဖျားမှာ ချီစွမ်းအင်များ စုစည်းနေလျက် နန်ပါးထျန်းကို ဦးတည်တိုက်ခိုက်လေသည်။

နန်ပါးထျန်း အမြန်ရှောင်တိမ်းလိုက်သည်။

ထိုအချိန်၌ ချီမုကောသည်လည်း သူ၏တစ်ဖက်သွားဓားဖြင့် နန်ပါးထျန်းကို တိုက်ခိုက်သည်။

ချီမုကော၏ဓားမှာ အဖြူရောင်ချီစွမ်းအင်များ လွှမ်းခြုံနေခဲ့သည်။ တစ်ဖက်သွားဓားကို အလေးပေးကျင့်ကြံသူဖြစ်သည့် ချီမုကောသည် ဓားရေးတွင် အသက်နုတ်နိုင်လောက်အောင်သော အင်အားမျိုးကို ပိုင်ဆိုင်သည်။

နန်ပါးထျန်းသည် တိုက်ရိုက်ခုခံမှုမပြုရဲဘဲ ရှောင်ရုံသာ ရှောင်တိမ်းနေသည်။ သူရှောင်တိမ်းနေစဉ် သူ၏နောက်ကျောဘက်မှ သူ့ထံ ဦးတည်လာနေသည့် မီးလျံစွမ်းအားကို ခံစားမိလိုက်သည်။

နန်ပါးထျန်း လှည့်ကြည့်လိုက်ရာ လျိုလောင်ကွေ့မှ သူ၏မီးလျံသိုင်းကို အသုံးပြုနေခြင်းဖြစ်ပေသည်။ လျိုလောင်ကွေ့သည် လက်ဝါးမှ မီးလျံများ ထုတ်လွှတ်ကာ နန်ပါးထျန်းသို့ ဦးတည်တိုက်ခိုက်သည်။

နန်ပါးထျန်းသည် အလွန်ထိတ်ပျာသွားလျက် လက်တွင် အအေးဓာတ်ချီစွမ်းအင်များကို အမြန်စုစည်းလိုက်ပြီး လျိုလောင်ကွေ့ဘက်သို့ ပစ်လွှတ်လိုက်သည်။

ထိခတ်မိသည့် အသံနှင့်အတူ သူတို့နှစ်ဦးစလုံး နောက်သို့ နှစ်လှမ်းဆုတ်သွားကြသည်။ လျိုလောင်ကွေ့၏တိုက်ခိုက်မှုကို ခုခံပြီးရုံမျှ ရှိသေးသည်၊ နန်ပါးထျန်းမှ နောက်ကျောဆီမှ ကျောချမ်းဖွယ် ဓားအရှိန်အဝါကို ခံစားလိုက်ရပြန်သည်။

၎င်းမှာ ချီမုကောမှ ဒုတိယအကြိမ် ဓားသိုင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။ နန်ပါးထျန်း နောက်ဆုတ်သွားချိန်တွင် ဓားချက်သည် အချိန်ကိုက်ဝင်လာသည်။

နန်ပါးထျန်းမှာ ချီမုကော၏တိုက်ခိုက်မှုကို လှည့်၍ မခုခံရသေးမီ၌ပင် ဘေးဘက်မှ ချဉ်းကပ်လာနေသည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို ခံစားလိုက်ရပြန်သည်။

All Chapters