← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း ၂၄၃- ပေါင်ရှင်းကျီ၏ အကူအညီတောင်းသံကို လက်ခံရရှိခြင်း။

ချန်ချုံရှန်းသည် လူအများ၏ အကြည့်များကို ဂရုမစိုက်ဘဲ လုပေါင်၏ ဘေးတွင် လာရပ်လိုက်သည်။

"ဒါကတော့ ကျွန်တော်တို့ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ အကြံပေးအရာရှိချုပ် လုပေါင်ပဲ ဖြစ်ပါတယ်။"

သူသည် လုပေါင်ကို လက်ညှိုးညွှန်ပြကာ ရှင်းလင်းပြတ်သားသော အသံဖြင့် ကြေညာလိုက်သည်။

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ မျက်နှာတွင် အံ့အားသင့်တုန်လှုပ်သွားသော အရိပ်အယောင်များ ပေါ်လာတော့သည်။ ကျောင်းအုပ်ကြီး၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားရသည်။

'ငါတို့ကျောင်းမှာဒီလောက်အဓိကကျတဲ့ ပုဂ္ဂိုလ်မျိုး ရှိနေတာလား။ဒီလောက်အရွယ်နဲ့ အကြံပေးအရာရှိချုပ်တဲ့... နောက်ခံကလည်း ဒီလောက်တောင့်လိုက်တာ။'

ဤသို့တွေးလိုက်မိသည်နှင့်သူသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိတော့သည်။

ထိုအတန်းပိုင်ဆရာကြီးမှာမူ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဆိုသည်မှာ ဘာမှန်းမသိသော်လည်း သူ၏သမက်ဖြစ်သူ ကျောင်းအုပ်ကြီးနှင့် ကျန်လူများ၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် တစ်ခုခုတော့ မှားနေပြီဆိုသည်ကို ရိပ်မိလိုက်သည်။

"အာ... ဟားဟားဟား နားလည်မှုလွဲတာပါ၊ တကယ့်ကို နားလည်မှုလွဲတာပါ။ ကျောင်းသား လုပေါင်က ကျွန်တော်နဲ့ နောက်နေတာပါ။ ကဲ... ခင်ဗျားတို့ပဲ ဆက်ပြောကြပါဦး။"

သူသည် ခဏမျှ မှင်သက်သွားပြီးနောက် အတင်းအကျပ် အော်ဟစ်ရယ်မောရင်း ပြောလိုက်သည်။ စကားပြောနေစဉ်မှာပင် တံခါးဘက်သို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားလေတော့သည်။

ထိုဆရာကြီး၏ တုံ့ပြန်မှုကို ကြည့်ပြီး လုပေါင်ပင်လျှင် ထိုလူ၏ မျက်နှာပြောင်တိုက်နိုင်မှုမှာ အတော်လေး လွန်ကဲလှသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း လုပေါင် သူ့ကို မတားဆီးခဲ့ပေ။ အခုဆိုလျှင် ထိုလူက သူ့နောက်ခံကို သိသွားပြီဖြစ်ရာ နောင်တွင် သူ၏မိသားစုကို ကြည့်ရှုစောင့်ရှောက်ရန် ပို၍လွယ်ကူသွားပေလိမ့်မည်။

"ထားလိုက်ပါတော့ ဒါက ကြားဖြတ်ဝင်လာတဲ့ ကိစ္စလေးတစ်ခုပါပဲ။ အဓိကကိစ္စကတော့ ဒီလိုပါ။"

ထိုခဏတွင် လုပေါင်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ကျောင်းအုပ်ကြီးကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ အဓိကအချက်မှာ လုပေါင်၏ လက်ရှိအဆင့်အတန်းမှာ ထူးခြားနေသဖြင့် သူသည် ကျောင်းတွင် အချိန်ပြည့် ရှိနေနိုင်မည်မဟုတ်ပေ။ သို့သော်လည်း လုပေါင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို လျှို့ဝှက်ထားရန်အတွက် ကျောင်းအနေဖြင့် သူ့ကို ကျောင်းခေါ်ချိန် အပြည့်ပေးထားရမည်ဖြစ်ပြီး ဘာသာရပ်တိုင်းတွင်လည်း အမှတ်ကောင်းကောင်း ပေးထားရမည်ဖြစ်သည်။

လုပေါင်သည် ဤအချက်အားလုံးကို မနေ့ညကတည်းက တွေးတောထားခြင်းဖြစ်သည်။ ချန်ချုံရှန်းကို ခေါ်လိုက်မှတော့ သူ့အတွက် အခွင့်အရေးကောင်းအချို့ကို ရယူထားသင့်သည်မဟုတ်ပါလား။ ချန်ချုံရှန်းသည်လည်း ဤခေါင်းဆောင်များကို ဤကိစ္စအတွက် အထူးခေါ်လာခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျောင်းသားတစ်ယောက်၏ အမှတ်များကို ပြုပြင်ရန်အတွက် ဤလူများ သိထားရန် လိုအပ်သောကြောင့်ပင်။

လုပေါင်၏ တောင်းဆိုချက်ကို ကြားသောအခါ မည်သူမျှ မငြင်းရဲဘဲ အားလုံးက ခေါင်းကို အဆက်မပြတ် ညိတ်လိုက်ကြသည်။ ကျောင်းအုပ်ကြီးမှာ သက်ပြင်းတစ်ချက်ချကာ တဟားဟား ရယ်မောရင်း။

"ပြဿနာမရှိပါဘူး ကျွန်တော်တို့ အမိန့်အတိုင်း အသေအချာ ဆောင်ရွက်ပေးပါ့မယ်။"

ချန်ချုံရှန်း ရှိနေသဖြင့် နောက်ဆက်တွဲကိစ္စအားလုံးမှာ အလွန်ပင် ချောမွေ့သွားတော့သည်။ ယခုဆိုလျှင် ကျောင်းမှာ လုပေါင်အတွက် နောက်ဖေးဥယျာဉ်တစ်ခုလို ဖြစ်သွားပြီသူ လာချင်တဲ့အချိန်လာ သွားချင်တဲ့အချိန် သွားနိုင်ပြီဖြစ်သည်။

"ကျေးဇူးပဲ မဟုတ်ရင် ဒါကို ငါကိုယ်တိုင် ဖြေရှင်းဖို့ဆိုရင် တကယ် ခေါင်းကိုက်စရာ ဖြစ်မှာ။"

ဤအချိန်တွင် လုပေါင်သည် ချန်ချုံရှန်းနောက်သို့ လိုက်ကာ ကျောင်း၏ ကားပါကင်သို့ ရောက်လာသည်။

"ဒါက ကိစ္စအသေးအမွှားလေးပါကွာ။ မင်းက အရင်တုန်းက ကျိုင်းကောင်ဘေးဒုက္ခကိုတောင် ကူညီဖြေရှင်းပေးခဲ့တာပဲ ဒါက ဘာပြောစရာ ရှိလို့လဲ။"

ချန်ချုံရှန်းက လက်ဝှေ့ယမ်းကာ ပြုံးလျက် ပြောလိုက်သည်။ သို့သော် ထိုခဏတွင် ချန်ချုံရှန်း၏ မျက်လုံးများက ဖျတ်ခနဲ လှုပ်ရှားသွားပြီး တိုးတိုးလေး မေးလိုက်သည်။

"အရင်က မင်းပြောခဲ့တဲ့ အဲဒီ ပုရွက်ဆိတ်တွေနဲ့ ကြွက်တွေအကြောင်းကရော..."

"အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော် ခုထိ လေ့လာနေတုန်းပဲ။ စိတ်ချရတဲ့ နည်းလမ်းတစ်ခု တွေ့ပြီဆိုတာနဲ့ သူတို့ကို ခင်ဗျားဆီ လွှဲပေးပါ့မယ်။"

ခေတ္တမျှ တွေးတောပြီးနောက် လုပေါင်က ချန်ချုံရှန်းကို ပြန်ပြောလိုက်သည်။ မီးပုရွက်ဆိတ်နီတပ်ဖွဲ့နှင့် ကြွက်တပ်ဖွဲ့တို့မှာ လောလောဆယ်တွင် သူ့စကားကို နားထောင်ကြသော်လည်း သူတို့သာ သူ့ဆီကနေ ထွက်သွားပါက ဘာဖြစ်လာမည်ကို လုပေါင် မသိပေ။ ဘာပဲဖြစ်ဖြစ် သူတို့တစ်ဦးချင်းစီ၏ ဖျက်ဆီးနိုင်စွမ်းမှာ အလွန်မြင့်မားလှသည်။ ထို့ကြောင့် စိတ်ချရသော နည်းလမ်းမရှိမချင်း လုပေါင် သူတို့ကို အလွယ်တကူ လွှဲပေးမည်မဟုတ်ပေ။

လုပေါင်၏ စကားကို ကြားရသည့်အခါ ချန်ချုံရှန်းက ပြုံးလျက် ခေါင်းညိတ်ကာ ကားမောင်းထွက်သွားတော့သည်။ လုပေါင်မှာမူ သူ၏ကားဆီသို့ ပြန်သွားပြီး ရွှေရောင်ကမ်းခြေ သို့ သွားရန် ပြင်လိုက်သည်။ ပြောရမည်ဆိုလျှင် သူသည် နေ့တိုင်း Live လွှင့်နေကျဖြစ်ရာ ရက်အတော်ကြာ Live မလွှင့်ရသဖြင့် လုပေါင်မှာ တစ်ခုခုလိုနေသလို ခံစားနေရသည်။

ရွှေရောင်ကမ်းခြေသို့ ပြန်လာစဉ် လမ်းခုလတ်တွင် လုပေါင်၏ ဖုန်းမြည်လာသည်။ သူ ကားကို ရပ်လိုက်ပြီး ဖုန်းကို ကြည့်လိုက်ရာ မသိသော ဖုန်းနံပါတ်တစ်ခု ဖြစ်နေသည်။ လုပေါင် မျက်တောင်ခတ်လိုက်မိသည်။ သူသည် ယခုအခါ လူသိများသူတစ်ဦး ဖြစ်နေပြီဖြစ်ရာ တစ်စုံတစ်ယောက်က သူ့ဖုန်းနံပါတ်ကို ရှာတွေ့သွားခြင်းမှာ သဘာဝကျပါသည်။

"ငါပါ..."

ဖုန်းကို ကိုင်လိုက်သည်နှင့် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ လိုင်းမကောင်းသည့်အတွက် တရှဲရှဲ အသံများကိုလည်း ကြားနေရသည်။ သို့သော်လည်း လုပေါင် မှတ်မိလိုက်သည်။

'ဒါပေါင်ရှင်းကျီ ရဲ့ အသံပဲ။'

"ပေါင်ရှင်းကျီလား ဘာကိစ္စရှိလို့လဲ။"

လုပေါင် လန့်သွားပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။ သဘာဝကျကျဆိုလျှင် ပေါင်ရှင်းကျီသည် ဖြူကြီး နှင့်အတူ ပျားရည်ဆမ်းခရီး ထွက်နေရမည် မဟုတ်ပါလား။

"ဟို... ဟိုလေ..."

ယခုတစ်ကြိမ်တွင်မူ ပေါင်ရှင်းကျီသည် ဝေခွဲမရဖြစ်နေပုံရသည်။

"ငါပဲ ပြောလိုက်တော့မယ်၊ ဘာရှက်နေစရာ ရှိလို့လဲာ"

သို့သော် အလွန်လျင်မြန်စွာပင် ဖြူကြီး၏ အသံမှာ တစ်ဖက်မှ ထွက်ပေါ်လာသည်။ ယခုမူ လုပေါင်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။

'ဘာတွေ ဖြစ်နေတာလဲ။ ပေါင်ရှင်းကျီက ဖြူကြီးကို အနိုင်မတိုက်နိုင်လို့ ငါ့ဆီမှာ နည်းလမ်းကောင်းတွေ ရှိမှန်းသိလို့ တိုင်းရင်းဆေးနည်း လာတောင်းတာများလား။'

လုပေါင်မေးစေ့ကို ပွတ်လိုက်သည်။.

'အင်း.. အဲဒါ ဖြစ်နိုင်ချေ အများကြီးရှိတယ်။'

သို့သော် ထိုခဏမှာပင် ဖြူကြီးက ဖုန်းကို လုယူလိုက်ပုံရပြီး လေးနက်သော အသံဖြင့်။

"မင်းအခု ဘယ်မှာလဲ ငါတို့ကို လာကယ်ပါဦး။"

"ဘာဖြစ်လို့လဲ။ ခင်ဗျားတို့ ဘယ်မှာလဲ။"

ထိုစကားများ ထွက်လာသည်နှင့် လုပေါင်၏ မျက်မှောင်မှာ ချက်ချင်း ကြုတ်သွားတော့သည်။

"ဟာ... သွားပြီ သူတို့ ဘယ်လိုဖြစ်ပြီး ပြန်လိုက်လာတာလဲ။"

"ပေါင်ရှင်းကျီ အနောက်ဆုတ်တော့။"

ထိုခဏတွင် တစ်ဖက်မှ သူတို့နှစ်ဦး၏ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ တရှဲရှဲ အသံများကိုမှလွဲ၍ ဘာမှ ထပ်မကြားရတော့ပ။

"ခင်ဗျားတို့ သိပ်မဝေးသေးဘူး မဟုတ်လား။"

လုပေါင် မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်ပြီး ဖုန်းကို ချကာ ချန်ချုံရှန်း၏ နံပါတ်ကို ပြန်ခေါ်လိုက်သည်။

ခဏအကြာတွင် လုပေါင်သည် အနီးအနားရှိ ကော်ဖီဆိုင်သို့ ရောက်လာရာ ချန်ချုံရှန်းမှာ စောင့်နှင့်နေပြီဖြစ်သည်။

"မစ္စတာလု... ဘာကိစ္စရှိလို့ ကျွန်တော့်ကို ဒီလောက် အရေးတကြီး လာရှာရတာလဲ။"

လုပေါင် ရုံးခန်းထဲသို့ ဝင်လာသည်ကို မြင်သည်နှင့် ချန်ချုံရှန်းက ချက်ချင်းထရပ်ကာ တိုးတိုးလေး မေးလိုက်သည်။

ထိုအခါ လုပေါင်က ခေါင်းကို အသာညိတ်ကာ။

"ပေါင်ရှင်းကျီနဲ့ ဖြူကြီးတို့ တစ်ခုခု ဖြစ်နေပြီ။"

"ဘာ"

ချန်ချုံရှန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး

"အတိအကျပြော ဘာဖြစ်တာလဲ။"

ထပ်ခါတလဲလဲမေးတော့သည်။

လုပေါင်သည် ခုနက ပေါင်ရှင်းကျီထံမှ အကူအညီတောင်းသံ ရရှိခဲ့ပုံ အဆင့်ဆင့်ကို ပြန်ပြောပြလိုက်သည်။ သူ ပြောပြီးသွားသည့်အခါ ချန်ချုံရှန်း၏ မျက်မှောင်မှာလည်း ကြုတ်သွားတော့သည်။

"ဒါကတော့ ခက်ပြီ။ ခင်ဗျား သိတဲ့အတိုင်းပဲ ဒီ ဂုဏ်ထူး‌ဆောင်တရာကြီးတွေကို ထိန်းချုပ်ရတာ မလွယ်ဘူး။ သူတို့ ဘယ်သွားမလဲဆိုတာ ကျွန်တော်တို့ကို ကြိုပြောလေ့ မရှိဘူးလေ။"

ချန်ချုံရှန်းက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ဆံပင်ကို ပွတ်ရင်း ပြောလိုက်သည်။ သူ တကယ်ကို စိုးရိမ်နေသည်မှာ ထင်ရှားပါသည်။

ဘာပဲဖြစ်ဖြစ် ပေါင်ရှင်းကျီတို့နှစ်ယောက်မှာ သူ၏ အထူးတပ်ဖွဲ့ထဲ မဝင်ထားသော်လည်း သူတို့သည် တရုတ်ပြည်၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများ မဟုတ်ပါလား။ သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း တစ်ခုခုဖြစ်သွားခြင်းမှာ ကောင်းသော လက္ခဏာမဟုတ်ပေ။

"ဒီလိုလုပ်ရအောင် ကျွန်တော်တို့ အဆက်အသွယ် မပြတ်စေနဲ့။ ကျွန်တော် အခုချက်ချင်း ပြန်သွားပြီး သူတို့ရဲ့ နောက်ဆုံး ဖုန်းလိုင်းပေါ်ခဲ့တဲ့ နေရာကို ခြေရာခံဖို့ နည်းလမ်းရှာလိုက်ဦးမယ်။"

ခဏမျှ တွေးတောပြီးနောက် ချန်ချုံရှန်းက အလျင်အမြန် ထရပ်ကာ လုပေါင်ကို လေးလေးနက်နက် ပြောလိုက်သည်။ ထိုစကားများကို ကြားရသည့်အခါ လုပေါင်က သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်လိုက်သည်။

ယခုအခါ သူကိုယ်တိုင်လည်း တော်တော်လေး စိုးရိမ်နေပြီဖြစ်သည်။ ပေါင်ရှင်းကျီမှာ ထိပ်တန်း ဂုဏ်ထူးဆောင်တရာ တစ်ဦးဖြစ်ပြီး ဖြူကြီးလည်း ရှိနေသေးသည်။ ထိုကဲ့သို့သော လူနှစ်ယောက်ကတောင် မာန်မာနကို ဘေးချိတ်ပြီး သူ့ကို အကူအညီတောင်းလာသည်ဆိုလျှင် သူတို့ ကြုံတွေ့နေရသော အန္တရာယ်မှာ မသေးလှကြောင်း သက်သေပြနေခြင်းပင်ဖြစ်၏။

"ဒါဆိုရင် အဲဒီလိုပဲ လုပ်ကြတာပေါ့။ မြန်မြန်သွားတော့။"

လုပေါင်က ခေါင်းကို အဆက်မပြတ် ညိတ်ရင်း တိုက်တွန်းလိုက်သည်။ ချန်ချုံရှန်းလည်း အခြေအနေမှာ အရေးကြီးကြောင်း သိသဖြင့် ဘာမှထပ်မပြောတော့ဘဲ ရုံးခန်းထဲမှ အမြန်ပြေးထွက်သွားတော့သည်။

"တီ စနစ်၏ တာဝန်အသစ်ကို ရရှိပါပြီ..."

တစ်ချိန်တည်းမှာပင် စနစ်၏ အသံ ထွက်ပေါ်လာလေတော့သည်။

အခန်း ၂၄၄- ဒါက အလကားကြည့်လို့ရတဲ့ မြင်ကွင်းမျိုးလား။

“တီ စနစ်၏ တာဝန်အသစ်ကို ရရှိပါပြီ- ပေါင်ရှင်းကျီ၏ စိတ်အာရုံနယ်ပယ် တွင် လက်မှတ်ထိုးဝင်ရန်။ တာဝန်ပြီးဆုံးရမည့်အချိန်- ဆယ်ရက်အတွင်း။”

စနစ်၏ အသံထွက်ပေါ်လာသည်နှင့် လုပေါင် ခေတ္တမျှ မှင်သက်သွားသည်။

“စနစ်လေးရေ... မင်းကို တကယ်ချစ်ဖို့ကောင်းတာပဲ။”

ချက်ချင်းဆိုသလိုပင် လုပေါင်သည် စားပွဲကို ရိုက်ကာ ထရပ်ပြီး ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။

ကံကောင်းသည်မှာ သူက သီးသန့်ခန်းထဲတွင် ရောက်နေခြင်းဖြစ်သည်။မဟုတ်လျှင် အပြင်လူများက လုပေါင်ကို အရူးဟု ထင်ကြပေလိမ့်မည်။ လုပေါင်သည် မူလက ပေါင်ရှင်းကျီကို ရှာမတွေ့မှာ စိုးရိမ်နေခဲ့သော်လည်း ယခုမူ တာဝန်အသစ် ရောက်လာပြီဖြစ်ရာ ဘာမှပူစရာ မလိုတော့ပေ။

စိတ်အာရုံနယ်ပယ်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူ သေချာမသိသော်လည်း ပေါင်ရှင်းကျီကို ရှာတွေ့ဖို့သာ အဓိကဖြစ်သည်မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် စနစ်၏တာဝန်ထဲတွင် သွားရမည့်နေရာသို့ လမ်းညွှန်ချက် ပါဝင်နေသည်။

ထို့နောက် လုပေါင်သည် ပြန်ထိုင်ကာ စနစ်ကိုဖွင့်ပြီး လမ်းကြောင်းကို စစ်ဆေးလိုက်သည်။ ပေါင်ရှင်းကျီတို့ နှစ်ယောက်မှာ ကွန်လွန်တောင်တန်းအနီးရှိ ကျယ်ပြောလှသော လူသူမနီးသည့် အရပ်ဒေသတွင် ရောက်ရှိနေကြောင်း သူ တွေ့ရှိလိုက်ရသည်။

“သူတို့ အဲဒီမှာ ဘာသွားလုပ်နေတာလဲ။ရတနာ သွားရှာနေတာလား။”

ဤသို့ တွေးလိုက်မိသည်နှင့် လုပေါင်၏ စိတ်ဝင်စားမှုမှာ တစ်ဖန် ပြန်လည်နိုးကြားလာပြန်သည်။

“လူလည်းကယ် ရတနာလည်းရှာဆိုတော့ တကယ်ကို အံ့သြစရာကောင်းတဲ့ အစီအစဉ်ပဲ။”

အတိအကျတည်နေရာကို ရသွားပြီဖြစ်ရာ လုပေါင်သည် ချန်ချုံရှန်းကို ဖုန်းပြန်ဆက်ကာ ထပ်ရှာနေစရာ မလိုတော့ကြောင်း ပြောပြီး ကော်ဖီဆိုင်မှ ထွက်ခွာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လုပေါင်သည် ဝိုင်ချက်စက်ရုံ သို့ ကားမောင်းသွားလိုက်သည်။

ကားရပ်ပြီးသည်နှင့် သူသည် တွင်းနက်ထဲမှ လင်းနို့ကြီးကို ဆင့်ခေါ်ကာ ၎င်းပေါ်သို့ ခွစီးပြီး ကွန်လွန်တောင်တန်းဆီသို့ ပျံသန်းထွက်ခွာသွားတော့သည်။

ကွန်လွန်တောင်တန်း၏ အနောက်ဘက်ခြမ်းလူသူမနီးသော ဒေသ။

ဤနေရာမှာ အလွန်ကျယ်ပြောလှပြီး လူသူအရောက်အပေါက် မရှိသလောက်ပင် ဖြစ်သည်။ နှင်းဖုံးနေသော တောင်တန်းများ၊ လွင်ပြင်များနှင့် မြေပုံစာများဖြင့်သာ ပြည့်နှက်နေသည်။ ဤမျှ ဝေးလံခေါင်ဖျားသော နေရာမျိုးသို့ မည်သူမျှ ရောက်ရှိရန် ခဲယဉ်းလှသလို ဖုန်းလိုင်းမှာလည်း အလွန်ပင် ဆိုးရွားလှသည်။

ယခုအခါ ထိုဒေသရှိ တောင်ကုန်းတစ်ခုပေါ်တွင် လူရိပ်နှစ်ခုမှာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးလွှားနေကြသည်။ တစ်ယောက်မှာ အရှေ့မှဖြစ်ပြီး တစ်ယောက်မှာ အနောက်မှသေသေချာချာ ကြည့်လိုက်ပါက ၎င်းတို့မှာ လူသားတစ်ဦးနှင့် မျောက်ဝံဖြူကြီးတစ်ကောင် ဖြစ်နေသည်ကို တွေ့ရမည်။

ထိုသူနှစ်ဦးမှာ အခြားသူမဟုတ် ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့ပင် ဖြစ်သည်။

“သူတို့က ဘာလို့ ခုထိ လိုက်နေတုန်းလဲ မပြီး နိုင်တော့ဘူးလား။”

ပေါင်ရှင်းကျီက အံကြိတ်ကာ ဆဲဆိုရင်း ပြေးနေသည်။ ထိုခဏတွင် အရှေ့မှ ပြေးနေသော ဖြူကြီးက လက်လှမ်းကာ ပေါင်ရှင်းကျီကို တားလိုက်သည်။ ထိုအခိုက်အတန့်မှာပင် သူတို့ရှေ့ရှိ မြေပြင်မှာ အနည်းငယ် တုန်ခါလာတော့သည်။

ချက်ချင်းဆိုသလိုပင် ခွေးတစ်ကောင်ခန့် အရွယ်အစားရှိသော ကင်းမြီးကောက်ကြီးများမှာ မြေအောက်မှ တွားသွားထွက်လာကြသည်။

“တောက်... သူတို့ ပြန်လာပြန်ပြီ။”

ပေါင်ရှင်းကျီက အသက်ကို ခပ်ပြင်းပြင်းရှုကာ ဖြူကြီးနှင့်အတူ ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်တိုက်ခိုက်တော့သည်။

ဤအချိန်တွင် လုပေါင်မှာ လင်းနို့ကြီးကို စီးကာ ထိုဒေသ၏ အစွန်အဖျားသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိလိုက်သည်။ ၎င်းမှာ Live လွှင့်မည့် ဆာဗာအားလုံး အဆင်သင့်ဖြစ်ပြီဖြစ်ရာ သူ Live စတင်လွှင့်နိုင်ပြီဟူသော သတင်းစကားဖြစ်သည်။

မက်ဆေ့ခ်ျကို ကြည့်ရင်း လုပေါင်က မျက်ခုံးပင့်လိုက်သည်။ အချိန် နေရာနှင့် အခြေအနေအားလုံးက တကယ်ကို ကွက်တိကျလှသည်။ သူ Live မလွှင့်တာလည်း ကြာပြီဖြစ်သလို၊ ဗီဒီယိုအောက်က မှတ်ချက် တွေမှာလည်း Live လွှင့်ပေးဖို့ တောင်းဆိုနေကြသူတွေ အများကြီး ရှိနေသည်မဟုတ်ပါလား။

“သခင်... နောက် ဘယ်ကို သွားရမလဲ။”

ထိုခဏတွင် လင်းနို့ကြီးက လုပေါင်ကို မေးလိုက်သည်။

“ငါ ခိုင်းတဲ့အတိုင်းသာ လိုက်ခဲ့။”

လုပေါင်က တိုးတိုးလေး ပြောလိုက်သည်။ ယခုဆိုလျှင် သားရဲယဉ်ပါးစေခြင်းအတတ်ကြောင့် လုပေါင်သည် သူ၏ အတွေးများကို လင်းနို့ကြီးထံ တိုက်ရိုက် ပို့လွှတ်နိုင်ပြီဖြစ်သည်။ ချက်ချင်းပင် လမ်းကြောင်းကို ထပ်မံအတည်ပြုပြီးနောက် လုပေါင်သည် စိတ်အာရုံဖြင့် လမ်းညွှန်ချက်များကို ပေးလိုက်သည်။ လင်းနို့ကြီး၏ လမ်းကြောင်းမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး လူသူမနီးသော ဒေသ၏ အနောက်ဘက်ခြမ်းသို့ ပျံသန်းသွားတော့သည်။

၎င်း၏ အရှိန်မှာ အလွန်မြန်လှရာ ဆယ်မိနစ်ပင် မပြည့်မီ စနစ်က ပြထားသော နေရာသို့ ရောက်ရှိသွားသည်။ သို့သော် ထိုနေရာသို့ ရောက်သည့်အခါ လုပေါင်၏ မျက်မှောင်မှာ ကြုတ်သွားရသည်။ ဤနေရာမှာ ဘာအဆောက်အဦးမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ ယခုအခါ လင်းနို့ကြီးမှာ အမြင့် ပေ ၃၀၀၀ ခန့်တွင် ရှိနေသဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ပါက အလွန်ကျယ်ပြောသော မြင်ကွင်းကို တွေ့နိုင်သော်လည်းလုပေါင်မှာ လူရိပ်တစ်ရိပ်ကိုမျှ မတွေ့ရပေ။

“စနစ်... မင်း တစ်ခုခု မှားနေတာလား။ပေါင်ရှင်းကျီက ဒီမှာ မရှိပါဘူး။ ငါ သူ့ကို ဘယ်လို ကယ်ရမှာလဲ။”

လုပေါင် ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဤစနစ်သည် ဘယ်သောအခါမျှ မှားယွင်းခြင်း မရှိပါ။”

ချက်ချင်းပင် စနစ်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။ ထိုစကားကို ကြားသောအခါ လုပေါင်၏ နှုတ်ခမ်းဖျားမှာ အနည်းငယ် တုန်ခါသွားသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤစနစ်မှာ အလွန်စွမ်းအားကြီးလွန်းလှရာ မှားနိုင်စရာ အကြောင်းမရှိပေ။

ဒီအောက်မှာ ပေါင်ရှင်းကျီတို့နှစ်ယောက်ကို ကယ်ဖို့ နည်းလမ်းတစ်ခုခု ရှိနေမှာပဲ။

ဤသို့ တွေးကာ လုပေါင်သည် လင်းနို့ကြီးကို အောက်သို့ ဆင်းခိုင်းလိုက်သည်။ ထို့နောက် လင်းနို့ကြီးကို နက်ရှိုင်းသောတွင်းနက်ထဲ ပြန်သိမ်းကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုတော့သည်။

ဤနေရာမှာ သာမန်တောင်ကုန်းလေးများသာ ဖြစ်ပြီး ထူးခြားမှု ဘာမှမရှိပေ။ လုပေါင်သည် အသက်ကို ခပ်ဖြည်းဖြည်းရှုကာ မျက်စိမှိတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောဝိညာဉ်စွမ်းအား များကို စတင်လှည့်ပတ်လိုက်သည်။ သဘာဝကျကျဆိုလျှင် ပေါင်ရှင်းကျီတို့ အန္တရာယ်နှင့် ကြုံနေရပါက သူတို့၏ ကိုယ်ခံပညာများကို အသုံးပြုနေရမည်ဖြစ်ရာ သူတို့ ဤနေရာတွင် ရှိနေခဲ့ပါက လေထုထဲတွင် သူတို့၏ စွမ်းအားအကြွင်းအကျန်များကို လုပေါင် ခံစားမိရမည်ဖြစ်သည်။

သို့သော် ကြာမြင့်စွာ စောင့်ကြည့်ပြီးသည့်တိုင်အောင် စွမ်းအားအကြွင်းအကျန် အစအနလေးကိုပင် မတွေ့ရပေ။

“မဖြစ်နိုင်တာ... စနစ်က မှားစရာ မရှိဘူး...”

လုပေါင်က မျက်မှောင်ကြုတ်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ယခု စနစ်၏ လမ်းညွှန်ချက် ပေါ်တွင် အစက်ကလေးမှာ အနည်းငယ် လှုပ်ရှားနေသည်ကို သူ တွေ့နေရသည်။ လုပေါင် ခန့်မှန်းချက်အရ သူသည် ပေါင်ရှင်းကျီနှင့် ပေအနည်းငယ်သာ ကွာတော့သည်။ သို့သော် သူ ဘာလူရိပ်ကိုမျှ မတွေ့ရသလို စွမ်းအားအတက်အကျကိုလည်း မခံစားရပေ။

ခဏမျှ တွေးတောပြီးနောက် လုပေါင်၏ စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး ချက်ချင်းပင် အလင်းပွင့်မျက်လုံး ကို စတင် အသက်သွင်းလိုက်သည်။ ထိုအခိုက်အတန့်မှာပင် လုပေါင်၏ မျက်လုံးထဲ၌ ဝိညာဉ်အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး သူ၏ရှေ့မှ မြင်ကွင်းမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ဘာမှမရှိသော သူ၏ရှေ့တွင် အရိပ်နှစ်ခု ပေါ်လာတော့သည်။ ထိုအရိပ်နှစ်ခုမှာ အခြားသူမဟုတ် ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့ပင် ဖြစ်သည်။ သို့သော် သူတို့၏ ပုံစံမှာ ပေါင်ရှင်းကျီမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ဖြူကြီး၏ အရိပ်မှာ သူနှင့် ထပ်တူနီးပါး ဖြစ်နေကာ ပေါင်ရှင်းကျီ၏ အပေါ်တွင် ထိုင်နေသကဲ့သို့ ဖြစ်နေသည်။

“ဘုရားရေ... ဒါက နည်းနည်းတော့ လွန်နေပြီလား...။”

လုပေါင်သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး။

“စနစ်က ငါ့ကို ပေါင်ရှင်းကျီကို ဖြူကြီးရဲ့ လက်ထဲကနေ ကယ်ခိုင်းတာများလား။”

တစ်ဖက်တွင်မူ။

ပေါင်ရှင်းကျီ၏ ရင်ဘတ်ပေါ်တွင် တောက်ပနေသော တက်တူးပုံစံတစ်ခု ရှိနေသည်။ ဤပုံစံကြောင့် ပေါင်ရှင်းကျီမှာ အလွန်အမင်း နာကျင်ခံစားနေရပုံရပြီး အကြိမ်ကြိမ် အော်ဟစ်နေရသည်။ ဖြူကြီးမှာမူ ပေါင်ရှင်းကျီ၏ အပေါ်တွင် ကုန်းထိုင်ကာ ထိုတက်တူးပုံစံကို စိုးရိမ်တကြီး ကြည့်နေခြင်းဖြစ်သည်။

“ငါ ဘယ်လို ကူညီပေးရမလဲ။”

ဖြူကြီးက လေးနက်သော အသံဖြင့် မေးလိုက်သည်။

“မင်း ကူညီလို့ မရဘူး... ငါ့ကို သတိလစ်သွားအောင် လုပ်လိုက်... ငါ့ကို ရိုက်လိုက်စမ်းပါ...”

ပေါင်ရှင်းကျီ၏ အသံမှာ အသနားခံနေသည့်အလား ထွက်ပေါ်လာသည်။

ပေါင်ရှင်းကျီ၏ နာကျင်နေသော စကားများကို ကြားရသောအခါ ဖြူကြီးမှာ ခေတ္တမျှ ဝေခွဲမရဖြစ်သွားသည်။ သူ၏မျက်နှာတွင် မချင့်မရဲ ဖြစ်နေသော်လည်း နောက်ဆုံးတွင် သူ၏လက်ကို ရုတ်တရက် မြှောက်လိုက်ကာ ပေါင်ရှင်းကျီ၏ မျက်နှာကို ဝါးကနဲ ရိုက်ချလိုက်တော့သည်။ ချက်ချင်းပင် ပေါင်ရှင်းကျီ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သတိလစ်သွားလေတော့သည်။

လုပေါင် ဘက်တွင်မူ။

ဖြူကြီးကလက်ဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်သည်ကို မြင်လိုက်ရသည့်အခါ လုပေါင်မှာ အသက်ပင် မရှုနိုင်တော့ဘဲ

“ဘုရားရေ... ဖြူကြီးက အတင်းအဓမ္မ လုပ်နေတာပဲ။ ဒါက ငါ အလကားကြည့်လို့ရတဲ့ မြင်ကွင်းမျိုးလား။”

All Chapters