← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း ၂၄၉- Public Chat မှာ Dedicated လို့ ဝိုင်းရိုက်ကြစမ်း။

နောက်ဆုံးတွင် နှစ်နာရီကျော် ကြာပြီးနောက် လုပေါင်သည် ထွင်းထုထားသော ပဟေဠိပေါ်မှ သူ၏လက်ကို ဖယ်လိုက်သည်နှင့် တစ်ခန်းလုံး တုန်ခါသွားတော့သည်။

“ဂုန်း... ဂုန်း..”

ပြင်းထန်သော ဟိန်းဟောက်သံများနှင့်အတူ ခန်းမအတွင်း၌ လိုဏ်ခေါင်းဝင်ပေါက် သုံးခု ရုတ်တရက် ပေါ်လာတော့သည်။

“ဝူးဟူး... နောက်ဆုံးတော့ ပြီးသွားပြီဟေ့။”

လုပေါင် လက်ကို လွှတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ ယခုအချိန်တွင် လုပေါင်၏ ပတ်ဝန်းကျင်၌ အမျိုးမျိုးသော လျှို့ဝှက်လက်နက်များမှာ အထပ်လိုက် ကျနေတော့သည်။

“မင်းသာ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်က မွေးခဲ့ရင် ကျူးကော့လျန်က မြက်လှေနဲ့ မြားချေးနေစရာ မလိုဘူး မင်းကိုပဲ သုံးပြီး မြားသွားချေးလိုက်လို့ ရတယ်။”

လုပေါင်၏ ပေါ့ပါးသော အမူအရာကို ကြည့်ပြီး ပေါင်ရှင်းကျီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားကာ တိတ်တဆိတ် ဗြစ်တောက်ဗြစ်တောက် ပြောလိုက်သည်။ လုပေါင်ကတော့ သူ၏ စွမ်းဆောင်ရည်ကို ကျေနပ်နေသဖြင့် ခပ်ဖွဖွ ရယ်မောနေသည်။

“ပေါင်ရှင်းကျီ... ဝင်ပေါက်က သုံးခုတောင်။ တစ်ယောက်တစ်ပေါက်စီ ခွဲဝင်ကြမလား။”

အချိန်အတော်ကြာ စောင့်နေခဲ့ရသော ဖြူကြီးက မတ်တပ်ရပ်ကာ ပေါင်ရှင်းကျီကို မေးလိုက်သည်။ အကြာကြီး စောင့်နေရသဖြင့် သူ အနည်းငယ် ပျင်းလာခြင်းပင်။

“ငါ့အထင်တော့ ဒီဝင်ပေါက် သုံးခုထဲမှာ တစ်ခုပဲ အစစ်ဖြစ်ပြီး ကျန်တဲ့ နှစ်ခုက ထောင်ချောက်တွေ ဖြစ်လိမ့်မယ်။”

ပေါင်ရှင်းကျီ အသက်ပြင်းပြင်းရှုလိုက်ပြီး လုပေါင်ဆီသို့ တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

“ကောင်းပြီလေ... ကျွန်တော်ပဲ ထပ်လုပ်ရတော့မှာပေါ့။”

ပေါင်ရှင်းကျီ၏ အကြည့်ကို မြင်သည်နှင့် လုပေါင် ပုခုံးတွန့်လိုက်သည်။ သူကိုယ်တိုင် လူသားစမ်းသပ်ခံ ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သို့သော် လုပေါင် ငြင်းဆိုခြင်း မရှိပါ။ အခုထိ သူ မြင်တွေ့ခဲ့သမျှမှာ အန္တရာယ်ရှိသည်ဆိုသော်လည်း သူ့အတွက်တော့ ဘာမှ ဖိအားမရှိသလောက်ပင်။

ချက်ချင်းပင် သူသည် လှည့်ထွက်သွားပြီး အနီးဆုံး ဝင်ပေါက်ထဲသို့ လျှောက်ဝင်သွားတော့သည်။

“ဂျိ... ဂျောက်... ဒုန်း ဒုန်း ဒုန်း..”

လုပေါင် အထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လိုဏ်ခေါင်းအတွင်းမှ ဆူညံသံများစွာ ထွက်ပေါ်လာသည်။ ထိုအသံများကို နားထောင်ရုံနှင့်ပင် အတွင်း၌ ဖြစ်ပျက်နေသည်မှာ သာမန်ကိစ္စမဟုတ်ကြောင်း သိသာလှသည်။ သာမန် ဆရာ တစ်ယောက်သာ ဝင်သွားပါက အလောင်းတောင် အဖတ်တင်ဖို့ မလွယ်ကြောင်း ပေါင်ရှင်းကျီ ခန့်မှန်းလိုက်မိသည်။

“ဒါက ထောင်ချောက်ပဲ။ အဆုံးမှာ နံရံတစ်ခုပဲ ရှိတယ် ဘာမှ မရှိဘူး။”

ပေါင်ရှင်းကျီ တွေးတောနေစဉ်မှာပင် လုပေါင်က ဘာမှမဖြစ်သကဲ့သို့ ပြန်ထွက်လာသည်။ ထို့နောက် အိမ်နီးနားချင်းဆီ အလည်သွားသော အဘိုးကြီးတစ်ယောက်ကဲ့သို့ လက်နှစ်ဖက်ကို နောက်ပစ်ကာ နောက်ထပ် ဝင်ပေါက်တစ်ခုထဲသို့ အေးအေးလူလူ လျှောက်ဝင်သွားပြန်သည်။

“ဖြူကြီး...”

လုပေါင် ဝင်သွားသည်ကို ကြည့်ရင်း ပေါင်ရှင်းကျီက ဖြူကြီးကို လှမ်းခေါ်လိုက်သည်။ ဖြူကြီးက ပေါင်ရှင်းကျီကို ဇဝေဇဝါဖြင့် ပြန်ကြည့်သည်။

“ငါတို့ တကယ်ပဲ အိပ်မက် ထဲက နိုးမလာသေးဘဲ အဲဒီထဲမှာပဲ ရှိနေသေးတာ ဖြစ်နိုင်မလား။”

ပေါင်ရှင်းကျီ သူ၏ မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်သည်။ လုပေါင်၏ လက်ရှိ လုပ်ဆောင်ချက်များမှာ အလွန်အမင်း ထူးဆန်းလွန်းနေသောကြောင့်ပင်။ သူက အသက် ၂၁ နှစ်ပဲ ရှိသေးတာပင်။ပေါင်ရှင်းကျီ ထိုအသက်အရွယ်တုန်းကဆိုလျှင် ခါးခါးသီးသီး ကျင့်ကြံနေရဆဲပင်။ ဂုဏ်ထူးဆောင်ဆရာ များထဲတွင် ပါရမီအရှိဆုံးဆိုသော နတ်ဆရာကြီးဟောင်းပင်လျှင် လုပေါင်၏ အသက်အရွယ်တုန်းက လူသန်ကြီး တစ်ယောက်နှစ်ယောက်ကိုသာ ယှဉ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ လုပေါင်ကတော့..။

“ဖြောင်း”

ပေါင်ရှင်းကျီ တစ်ယောက် ဘဝကို သံသယဝင်နေစဉ်မှာပင် ဖြူကြီးက သူ၏ကျောကို လက်ဝါးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သဖြင့် မြေပြင်ပေါ်သို့ မှောက်ရက်လဲကျသွားတော့သည်။

“မင်း ဘာလုပ်တာလဲ...”

ပေါင်ရှင်းကျီကဖြူကြီးကို စိတ်ပျက်လက်ပျက် မော့ကြည့်လိုက်သည်။

“မင်းကို အတည်ပြုပေးတာလေ။ နာတယ်ဆိုရင် ဒါက အိပ်မက် မဟုတ်ဘူးပေါ့။”

ဖြူကြီးက မျက်တောင်ခတ်ကာ အပြစ်ကင်းစင်သော မျက်နှာဖြင့် ရှင်းပြလိုက်သည်။ ပေါင်ရှင်းကျီ၏ နှုတ်ခမ်းများ တွန့်သွားသည်။

“ဒါလည်း ထောင်ချောက်ပဲ။ နောက်ဆုံး တစ်ပေါက်ပဲ ကျန်တော့တယ်။”

ထိုခဏတွင် လုပေါင် လိုဏ်ခေါင်းထဲမှ ပြန်ထွက်လာပြီး သူတို့နှစ်ဦးကို လှမ်းခေါ်လိုက်သည်။ ထိုစကားကို ကြားသောအခါ ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့သည် အမူအရာ လေးနက်သွားပြီး ခေါင်းညိတ်လိုက်ကြသည်။ ဤမျှ ထောင်ချောက်များစွာ ချထားသည်ဆိုလျှင် အတွင်း၌ ကောင်းမွန်သော ရတနာများ ရှိနေမည်ကို သူတို့ လုံးဝ ယုံကြည်ထားကြသည်။

“

သူတို့ ဝင်တော့မည့်ဆဲဆဲမှာပင် လုပေါင်၏ ခေါင်းအထက်တွင် လုံးဝန်းသော အရာတစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းမှာ ရုပ်လုံးဖော်ထားသော စနစ်ပင် ဖြစ်သည်။

“ဟဲဟဲ... ကျွန်တော် ခဏလောက် Live လွှင့်မလို့။ ခင်ဗျားတို့ မျက်နှာ မပြချင်ဘူးဆိုရင်တော့ နည်းနည်း နောက်ဆုတ်နေပေးပါ။”

လုပေါင်က ရယ်မောရင်း သူတို့နှစ်ဦးကို ပြောလိုက်သည်။ ဖြူကြီး နှင့် ပေါင်ရှင်းကျီ တို့မှာ ခေတ်မီနည်းပညာများကို သိပ်နားမလည်ကြသဖြင့် ၎င်းမှာ လုပေါင်၏ အဆင့်မြင့် စက်ပစ္စည်းတစ်ခုဟုသာ ထင်မှတ်ပြီး သိပ်ဂရုမစိုက်ကြပေ။

“ရတယ် မင်းပဲ အရင်သွားပါ။ ဒီနေ့ အားလုံးက မင်းအပေါ်မှာပဲ မူတည်နေတာဆိုတော့ မင်း ကြိုက်တာယူပါ။ မင်း မယူချင်တာတွေကိုမှ ငါတို့ ယူတော့မယ်။”

ပေါင်ရှင်းကျီက ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး ဤအချက်ကို သဘောတူလိုက်သည်။

“မပူပါနဲ့ခင်ဗျားတို့အတွက်လည်းကောင်းတာလေးတွေ ချန်ပေးမှာပါ။”

ပေါင်ရှင်းကျီ၏ သနားစဖွယ် အမူအရာကို ကြည့်ပြီး လုပေါင် မရယ်ဘဲ မနေနိုင်တော့ပေ။ သေချာပေါက်ပင် သူ ဤသို့ပြောခဲ့သော်လည်းလုပေါင်၏ စရိုက်အရ တကယ့်ရတနာများ တွေ့သည့်အခါ တစ်ခုခု ကျန်မကျန်ဆိုသည်မှာတော့ ပဟေဠိတစ်ခုပင်။ ဖြူကြီး ကတော့ ဤအရာများကို စိတ်မဝင်စားသဖြင့် ဘာမှ ဂရုမစိုက်ပော

“ရတနာနတ်ဘုရား လွှင့်နေပြီဟေ့။”

Ocean Live Stream ဌာနချုပ်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်နေသော ရုံးခန်းမှာ ချက်ချင်းပင် လှုပ်ရှားသွားတော့သည်။ နေ့လယ်ခင်း လက်ဖက်ရည် သောက်နေသော လုလင်းဟွာ သည် သူ၏ စားပွဲကို ချက်ချင်း ရှင်းလင်းလိုက်ပြီး Live ကြည့်ရန် နေရာယူလိုက်သည်။ သူ့နောက်ကွယ်ရှိ Ansike ကုမ္ပဏီမှ လူစုမှာလည်း စတင် ရင်ခုန်လာကြသည်။

သူတို့ Ocean Live Stream အတွက် တည်ဆောက်ပေးထားသော စနစ်မှာ အသုံးစရိတ် ချွေတာထားသော ရိုးရှင်းသည့် ဗားရှင်းဖြစ်သဖြင့် ဝင်ရောက်ကြည့်ရှုသူ အလွန်များပါက မခံနိုင်ပေ။ သို့သော်လည်း အသုံးပြုသူ သန်း ၃၀ ထက် မကျော်သရွေ့တော့ System Crash ဖြစ်လိမ့်မည် မဟုတ်ပေ။

“အဲဒီလူရဲ့ ကြည့်ရှုသူ အရေအတွက်ကတော့ သတ်မှတ်ချက်ကို ကျော်မှာ မဟုတ်ပါဘူးနော်...”

Ansike ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌက အံကြိတ်ကာ တိုးတိုးလေး ဆုတောင်းနေသည်။

“ကျော်ဖို့ ခက်ပါလိမ့်မယ်။ တရုတ်ပြည်က လူဦးရေ များတယ်ဆိုပေမဲ့ Live ကြည့်သမျှ လူတိုင်းက လာကြည့်မှာ မဟုတ်ဘူးလေ။ သန်း ၃၀ ဆိုတာ နိုင်ငံငယ်လေး အတော်များများရဲ့ လူဦးရေ စုစုပေါင်းနဲ့ ညီမျှနေတာ။”

အန်နာဘဲလ်ကလည်း တိုးတိုးလေး ပြောလိုက်သည်။

သို့သော်လည်း ထိုသို့ပြောနေရင်းမှ အန်နာဘဲလ်သည် တစ်စုံတစ်ခုကို စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည်။ ထိုထူးခြားသော လူသားသည် အံ့ဖွယ်တစ်ခုကို ဖန်တီးပြနိုင်ကောင်း ပါရဲ့။

ယခုအချိန်တွင် လုပေါင်၌ သူ၏ ကိုယ်ပိုင် Tieba၊ Weibo topics၊ Douban groups များ ရှိနေပြီဖြစ်ပြီး လူမှုကွန်ရက် ပလက်ဖောင်း အားလုံးနီးပါးရှိ လုပေါင်အကြောင်း ဆွေးနွေးပွဲ အုပ်စုများမှာ အကြီးမားဆုံး အတိုင်းအတာသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ Live စလွှင့်သည်နှင့် ထိုနေရာအားလုံးတွင် ရတနာနတ်ဘုရား Live လွှင့်နေပြီဆိုသည့် သတင်းများဖြင့် ပြည့်နှက်သွားတော့သည်။ ဤမျှ ထိရောက်သော သတင်းပျံ့နှံ့မှုမှာ ပရော်ဖက်ရှင်နယ် PR အဖွဲ့တစ်ခုပင် တမင်လုပ်ယူရန် ခက်ခဲလှသည်။

လုပေါင် တင်ဆက်ပေးခဲ့သော Live များမှာ လူထုကြားတွင် အကြီးအကျယ် ရေပန်းစားနေသဖြင့် ပရိသတ်များအားလုံးမှာ အလိုအလျောက် သတင်းဖြန့်ချိသူများ ဖြစ်ကုန်ကြသောကြောင့် လူကြိုက်များမှုမှာ အံ့မခန်း မြင့်တက်နေခြင်း ဖြစ်သည်။

“ဘုရားရေ... ရတနာနတ်ဘုရား နောက်ဆုံးတော့ Live လွှင့်ပြီပေါ့ အောင်ပွဲခံတဲ့အနေနဲ့ ရတနာမြေပုံ၃၀ အရင် လက်ဆောင်ပေးလိုက်ပြီဟေ့။”

“ရတနာနတ်ဘုရား... အခုတလော ဘာသတင်းမှလည်း မကြားရဘူး။ ဗီဒီယိုလည်း အသစ်မတင်ဘူးနော်။”

“ဒီနေရာက ဂူတစ်ခုခုနဲ့ တူနေပါလား။”

Live လွှင့်ပြီး တစ်မိနစ်ပင် မပြည့်သေးမီ ကြည့်ရှုသူဦးရေမှာ တစ်သန်းသို့ ရောက်ရှိသွားတော့သည်။

“ညီကိုတို့... ကျွန်တော် အခုတလော Live လွှင့်ဖို့ အကြောင်းအရာအသစ်တွေ ရှာဖို့ တောင်ပေါ် ရောက်နေတာ။ နောက်ဆုံးတော့ ဒီလိုနေရာမျိုး ရှာတွေ့ခဲ့တယ်။ ဒီနေ့ ခင်ဗျားတို့ရဲ့ ရတနာနတ်ဘုရားက ခင်ဗျားတို့အားလုံးကို စွန့်စားခန်းဆီ ခေါ်သွားမယ်။”

လုပေါင်က လက်ဝှေ့ယမ်းကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ ဤစကားများဖြင့် သူ ပျောက်ကွယ်နေခဲ့သည့် အချိန်များအတွက် ဆင်ခြေပေးလိုက်ခြင်းပင်။

“ညီကိုတို့... Public Chat မှာ Dedicatedလို့ ဝိုင်းရိုက်ကြ။”

ချက်ချင်းဆိုသလိုပင် အများဆုံး လက်ဆောင်ပေးသူ က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် စာရိုက်လိုက်ပြီး ရတနာမြေပုံ ၅၀ ကို တိတ်တဆိတ် လက်ဆောင်ပေးလိုက်လေတော့သည်။

အခန်းး ၂၅၀- Room Manager… သူတို့ကို ကန်ထုတ်လိုက်စမ်း။

ဂူအတွင်း၌ မှောင်မည်းနေသော်လည်း စနစ်၏ Live stream အောက်တွင် ပတ်ဝန်းကျင်အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

“ရတနာနတ်ဘုရား... ခင်ဗျား ရှေးဟောင်းအပျက်အစီး တစ်ခုခုထဲ ရောက်နေတာလား။”

“ဒီကြမ်းပြင်က အုတ်ချပ်တွေကို ကြည့်ရတာ သာမန်တော့ မဟုတ်ဘူး။ ဒါ ဧကရာဇ်တစ်ပါးပါးရဲ့ အုတ်ဂူ ဖြစ်နေမလားလို့တောင် စိုးရိမ်မိတယ်။”

“ရတနာနတ်ဘုရားဆိုတဲ့အတိုင်းပဲ လှုပ်ရှားလိုက်တာနဲ့ ဒီလိုနေရာမျိုးတွေ ရောက်သွားတာပဲာ”

စာတန်းများတွင် လုပေါင် ရောက်ရှိနေသည့် နေရာနှင့် ပတ်သက်၍ အပြိုင်အဆိုင် ဆွေးနွေးနေကြသည်။ သူတို့ ဤသို့ ပြောနေကြခြင်းမှာ လုပေါင်၏ ခြေထောက်အောက်ရှိ ကြမ်းပြင်မှာ အပြာရောင် ကျောက်ပြားကြီးများဖြင့် အလွန်ညီညာစွာ ခင်းကျင်းထားသောကြောင့် ဖြစ်သည်။ ရှေးခေတ်ကာလက ဤကဲ့သို့ လက်ရာမျိုးမှာ အနည်းဆုံး ဧကရာဇ်အဆင့်ရှိသူများသာ ခံစားခွင့်ရှိသော ကုသိုလ်ပင် ဖြစ်သည်။

“ဘုရားရေ... ခင်ဗျားတို့ ခန့်မှန်းတာ မှန်နေမလားလို့တောင် စိုးရိမ်မိတယ်...”

လုပေါင်သည် အခြားအရာတစ်ခုကို ပြန်ပြောရန် ပြင်လိုက်စဉ် သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ လုပေါင်၏ ရှေ့တွင် ဂူအတွင်းရှိ လမ်းကြောင်းမှာ အဆုံးသို့ ရောက်သွားပြီဖြစ်သည်။ သူ၏လမ်းကို ပိတ်ဆို့ထားသည်မှာ ပေ ၃၀ ခန့် မြင့်မည့် ကြီးမားလှသော ကြေးဝါတံခါးကြီး နှစ်ချပ်ပင်။ လုပေါင်က ကင်မရာကို ထိုဘက်သို့ လှည့်လိုက်သည်နှင့် Live လွှင့်နေသော အခန်းမှာ ချက်ချင်းပင် ပွက်လောရိုက်သွားတော့သည်။

“ငါ့ရဲ့ ရတနာနတ်ဘုရား ဆိုတဲ့အတိုင်းပဲ၊ ဒါက မယုံနိုင်စရာပဲ မြန်မြန်... ဒါကို လူသိအောင် ထပ်လုပ်ကြစမ်း။”

Live stream ကို ကြည့်နေသော လုလင်းဟွာ သည်လည်း မှင်သက်သွားပြီး အလျင်အမြန်ပင် စီစဉ်မှုများ ပြုလုပ်တော့သည်။ လုပေါင်မှာ လုလင်းဟွာ၏ လက်ထဲတွင် အစွမ်းထက်ဆုံး ဖြစ်နေသဖြင့် သူသည် ရနိုင်သမျှသော အင်အားစုအားလုံးကို အသုံးချရန် ဝန်မလေးပေ။

မကြာမီမှာပင် လုပေါင် ရှေးဟောင်းကြေးဝါတံခါးကြီးများကို တွေ့ရှိခဲ့သည့် သတင်းမှာ လူမှုကွန်ရက်စာမျက်နှာ အသီးသီး၏ ထိပ်တန်းသတင်းများတွင် ချက်ချင်း ရောက်ရှိသွားတော့သည်။ နောက်ဆုံးအကြိမ် လုပေါင် Live လွှင့်ခဲ့သည်မှာ ပင်လယ်အောက် ချော်ရည်ပင်လယ်တွင် ဖြစ်သည်။ သူ Live ပိတ်သွားပြီးနောက်တွင်လည်း လူကြိုက်များမှုမှာ မြင့်တက်နေဆဲဖြစ်ပြီး လူအများအပြားမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်လိုက်ရသဖြင့် နောင်တရနေကြသည်။ ထို့ကြောင့် လုလင်းဟွာက လူဝင်အောင် ထပ်မံတွန်းအားပေးလိုက်သည်နှင့် ကြည့်ရှုသူဦးရေမှာ ဒုံးပျံကဲ့သို့ မြင့်တက်သွားတော့သည်။

“ဒေတာတွေ ဘယ်လိုရှိလဲ။”

Ansike ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌက အံကြိတ်ကာ တိုးတိုးလေး မေးလိုက်သည်။

“စလွှင့်ပြီး ၁၃ မိနစ်မှာပဲ အမှန်တကယ် ကြည့်ရှုသူဦးရေက ၉.၂၃ သန်း ရှိနေပါပြီ...”

အန်နာဘဲလ်က တံတွေးကို ခက်ခဲစွာ မျိုချရင်း ရေရွတ်လိုက်သည်။

ဤနေရာသို့ မလာမီက ထိုကဲ့သို့သော ဒေတာမျိုး ရရှိရန်မှာ မဖြစ်နိုင်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယခုအခါ ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါ လုပေါင်မှာ ထူးခြားသူဖြစ်ကြောင်း သိထားသော်လည်းသူတို့၏ ကမ္ဘာ့အမြင်မှာ ပြောင်းပြန်လှန်ခံလိုက်ရသလို ခံစားနေရသည်။

“ဒီတစ်ခေါက် Live မှာ ကြည့်ရှုသူ သန်း ၃၀ ထက် မကျော်ဖို့ပဲ ငါ ဆုတောင်းတယ်မဟုတ်ရင်တော့...”

ဒုတိယဥက္ကဋ္ဌက သက်ပြင်းတစ်ချက်ချရင်း မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။ ဤလုပ်ငန်းနယ်ပယ်တွင် ခေါင်းဆောင်ဖြစ်သည့် Ansike ကုမ္ပဏီမှာ အနောက်တိုင်းသားတို့၏ စရိုက်အတိုင်း မာနကြီးကြသည်။ Ocean Live Stream နှင့် စာချုပ်ချုပ်စဉ်က အကယ်၍ သူတို့ဘက်မှ စနစ်ပိုင်းဆိုင်ရာ ပြဿနာများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပါက ဘဝတစ်သက်တာ ဝန်ဆောင်မှု အခမဲ့ပေးမည့်အပြင် အခကြေးငွေ အားလုံးကို ပြန်အမ်းမည်ဟု ရေးသားထားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူတို့၏အမြင်တွင် တည်ငြိမ်သော နည်းပညာကြောင့် ပြဿနာဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ ဒါပေမဲ့ အခု လုပေါင်၏ ရှေ့တွင်တော့... အရာအားလုံးက ဖြစ်နိုင်နေသည်။

“ဒါက တော်တော် ခိုင်တယ် တွန်းဖွင့်ဖို့ မလွယ်လောက်ဘူး ထင်တယ်။”

လုပေါင်က ကြေးဝါတံခါးကြီးများရှေ့တွင် ရပ်ကာ အသာအယာ ခေါက်ကြည့်ရင်း ရေရွတ်လိုက်သည်။ ဖြူကြီး နှင့် ပေါင်ရှင်းကျီ တို့မှာမူ တံခါးကို တွန်းဖွင့်ရန် တံခါး၏ ဘေးတစ်ဖက်စီသို့ တိတ်တဆိတ် သွားလိုက်ကြသည်။ မူလက လုပေါင်တို့မှာ တံခါးပေါ်တွင် ယန္တရားတစ်ခုခု ရှိလိမ့်မည်ဟု ထင်ခဲ့ကြသည်။

“ကျိ...”

သို့သော် ဖြူကြီး နှင့် ပေါင်ရှင်းကျီ တို့က အားစိုက်လိုက်သည်နှင့် တံခါးမှာ အသံအနည်းငယ် ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း ပွင့်သွားတော့သည်။တံခါးပွင့်သွားသည့် အချိန်တွင် လုပေါင်၏ လက်မှာ တံခါးပေါ်သို့ ရောက်နေခဲ့သည်။ ၎င်းမှာ လုပေါင်က လက်တစ်ဖက်တည်းဖြင့် ထိုကြီးမားလှသော ကြေးဝါတံခါးကြီးကို တွန်းဖွင့်လိုက်သည့်အလား မြင်တွေ့နေရသည်။

“ဘုရားရေ... ရတနာနတ်ဘုရားကတော့ ကြမ်းပြီဟေ့ ဒါကြီးကိုတောင် တွန်းဖွင့်နိုင်တယ်။”

“ဝါး... ရတနာနတ်ဘုရား တံခါးကို မတွန်းပါနဲ့ ကျွန်မကိုပဲ တွန်းလိုက်ပါ...”

“ဟေး... Bullet chat မှာ စကားလေး ဘာလေး ဆင်ခြင်ကြဦး။”

ချက်ချင်းပင် Bullet chat များ၏ ပမာဏမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။

ကြေးဝါတံခါးကြီးများ လုံးဝ ပွင့်သွားသည့်အခါ လုပေါင်မှာ မှင်သက်သွားပြီး ထိတ်လန့်အံ့သြသော မျက်နှာဖြင့် ရှေ့သို့ ကြည့်နေမိသည်။

“ဘုရားရေ...”

လုပေါင်မှာ နေရာအနှံ့ ရောက်ဖူးပြီး ဗဟုသုတ ကြွယ်ဝသူဖြစ်သော်လည်း သူ့ရှေ့မှ မြင်ကွင်းကြောင့် မအံ့သြဘဲ မနေနိုင်တော့ပေ။ လုပေါင်တင်မကဘဲ အနားရှိ ပေါင်ရှင်းကျီ နှင့် ဖြူကြီး တို့မှာလည်း ထပ်တူညီသော အမူအရာများ ဖြစ်နေကြသည်။

ကြေးဝါတံခါးကြီးများ၏ နောက်ကွယ်တွင် လမ်းကြောင်းထဲကကဲ့သို့ မှောင်မည်းမနေတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တံခါးနောက်ကွယ်မှာ အလွန်ပင် လင်းထိန်နေသည်။၎င်းမှာ အလွန်ကျယ်ဝန်းသော အခန်းကြီးတစ်ခု ဖြစ်သည်။ အပြင်ဘက်နှင့် မတူသည်မှာ ဤအခန်းတစ်ခုလုံးကို သေသေချာချာ တည်ဆောက်ထားခြင်းပင်။ အကယ်၍ တစ်စုံတစ်ယောက်က ဤအခန်းထဲတွင် ရုတ်တရက် ရောက်လာခဲ့ပါက ၎င်းမှာ မြေအောက်ဂူအတွင်း၌ ရှိနေသည်ဟု လုံးဝ ထင်မှတ်မိမည် မဟုတ်ပေ။

ဤနေရာရှိ အလင်းရောင်မှာ နံရံများတွင် မြှုပ်နှံထားသော အလင်းထွက်ပုလဲများမှ လာခြင်းဖြစ်သည်။ ကြေးဝါတံခါးနှင့် တည့်တည့် နံရံတစ်ခုလုံးတွင် အလင်းထွက်ပုလဲများဖြင့် ပြည့်နှက်နေသည်။ သို့သော် ဤမျှသာ ဆိုပါက လုပေါင်တို့ကို ဤမျှ အံ့အားသင့်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့ကို အံ့သြစေခဲ့သည့် အဓိကအချက်မှာ ဤအခန်းအတွင်း၌ ရွှေတုံး များ၊ အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားသော ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းထည်များဖြင့် ပြည့်နှက်နေခြင်းပင်။တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဤနေရာမှာ ထိပ်တန်း ဘဏ္ဍာတိုက်ကြီးတစ်ခုနှင့် တူလှသည်။

ထိုခဏတွင် လုပေါင်သည် ကင်မရာကို အခန်းထဲသို့ တိတ်တဆိတ် လှည့်လိုက်သည်။

“ဘုရားရေ... ဒါက တကယ်ကြီးလား။”

“ကျွန်တော့်မိသားစုက ရတနာလုပ်ငန်း လုပ်တာပါ။ ဒီအရောင်အသွေးကို ကြည့်ရတာ ဒါတွေအားလုံးက အစစ်တွေပဲ။ အတုဖြစ်ဖို့ မရှိဘူး။”

“ရတနာနတ်ဘုရားဆိုတဲ့အတိုင်းပဲ အထဲက အရာတွေက သန်းပေါင်း ထောင်ချီ တန်မှာပဲ။”

ချက်ချင်းပင် Bullet chat များမှာ မီးဟုန်းဟုန်းတောက်သလို ဖြစ်သွားပြီး စာတန်းအရေအတွက်မှာလည်း အဆပေါင်းများစွာ တိုးလာတော့သည်။ တိတ်တဆိတ် ကြည့်နေမည့် ပရိသတ်အချို့ပင် ငြိမ်မနေနိုင်တော့ပေ။ လုပေါင်သည် ယခင်က ကျောက်မျက်တွင်းများမှ Live လွှင့်ခဲ့ဖူးသော်လည်း ထိုအရာများမှာ မြေအောက်တွင်းများသာ ဖြစ်သည်။ ယခုကဲ့သို့သော အချောထည်များနှင့် ယှဉ်လိုက်ပါက ကလေးကစားစရာကဲ့သို့ ဖြစ်သွားတော့သည်။

“မင်္ဂလာပါ Streamer… ကျွန်တော်တို့က ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲရေးဌာန ကပါ။ ဒီပစ္စည်းတွေကို ရှိတဲ့နေရာမှာပဲ ထားပေးပါ။ ကျွန်တော်တို့ ဝန်ထမ်းတွေ ခင်ဗျားဆီကို နောက်မှ ဆက်သွယ်ပါလိမ့်မယ်။”

Bullet chat များ ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်မှာပင် Live လွှင့်နေသော အခန်း၌ ထိပ်ဆုံးတွင် ကပ်ထားသော စာတန်းတစ်ခု ပေါ်လာတော့သည်။

“ဘုရားရေ... ကျွန်တော်တို့က နောက်နေတာ တကယ်ကြီး ၅၀၀ တန် ဆုလာဘ်နဲ့ အလံတော်ကြီးက ရောက်လာပြီလား။”

“ဒါက ကြောက်စရာကြီးပဲ ကျွန်တော်တော့ အရင်ထွက်တော့မယ်။”

“ရတနာနတ်ဘုရား... သတိထားဦးနော်မိုက်မဲတာတွေ မလုပ်နဲ့ဦး။”

ခဏအတွင်းမှာပင် Bullet chat များ၏ အရှိန်အဟုန်မှာ ပြောင်းလဲသွားသည်။ အများစုမှာ လုပေါင်ကို လှောင်ပြောင်နေကြသလို သတိပေးနေကြသူများလည်း ရှိသည်။ ထိုစာတန်းကို ကြည့်ရင်း လုပေါင် မျက်မှောင်ကြုတ်လိုက်သည်။

‘ဘာတွေလဲကွာာငါက ဒီကိုရောက်အောင် အပင်ပန်းခံ လာခဲ့ရတာကိုစာတစ်ကြောင်းတည်းနဲ့ ခင်ဗျားတို့ဟာ ဖြစ်သွားရမှာလား။’

ထို့အပြင် အကယ်၍ ဤအရာများမှာ အမှန်တကယ် ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်နေခဲ့ပါက မျိုးချစ်စိတ်အရ လုပေါင် လက်ခံနိုင်ပါသေးသည်။ သို့သော် ဤအရာများမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားသော ရွှေ၊ ငွေ နှင့် ကျောက်စိမ်းများ ဖြစ်သော်လည်း ၎င်းတို့မှာ သာမန်ရွှေတုံးများနှင့် မပြုပြင်ရသေးသော ကျောက်စိမ်းတုံးများသာ ဖြစ်သည်။ ဤကဲ့သို့သော အရာများမှာ ယဉ်ကျေးမှု အမွေအနှစ် တန်ဖိုး မရှိပေ။

“ကျွန်တော့်ကို လာမလုပ်နဲ့။ ခင်ဗျားတို့ တကယ် တတ်နိုင်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ရှာကြလေ။ Room Manager… သူတို့ကို ကန်ထုတ်လိုက်စမ်း။”

ချက်ချင်းပင် လုပေါင်က မျက်နှာပြင်ကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ သူ၏ Live stream မှ Room Manager များမှာ သေချာပေါက် Ocean Live Stream မှ ဝန်ထမ်းများပင် ဖြစ်သည်။

“ဥက္ကဋ္ဌလု... ကျွန်မတို့ ဘာလုပ်သင့်လဲလို့ ထင်ပါသလဲ။”

အတွင်းရေးမှူးမလေးက ဝေခွဲမရဖြစ်စွာဖြင့် လုလင်းဟွာကို မေးလိုက်သည်။

လုလင်းဟွာက အံကြိတ်ကာ လေးနက်သော အသံဖြင့်။

“Ban လိုက်စမ်း ရတနာနတ်ဘုရားက အစွမ်းထက်ပြီးသားပဲ သူက နိုင်ငံတော်အဆင့် ဆရာကြီး အဘိုးကျောက် နဲ့တောင် သိတာပဲ။ ဒီလိုကိစ္စမျိုးကို သူ ကိုင်တွယ်နိုင်ပါတယ်။”

All Chapters