← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 9 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 9 Ch. 135-136

အခန်း ၁၃၅ ။ ပြင်းရှသောအကြည့်

ကျင်းယွမ်ဟန် တစ်ခေါက် ပြန်ရောက်လာပြန်သည်။ သို့သော် သူခေါ်လာသည့်လူမှာ အားလုံးကို အံ့အားသင့်သွားစေခဲ့၏။

ချင်အဖေမှာမူ နှုတ်ခမ်းများပင် တွန့်သွားရသည်။ “သူ့ရဲ့ စီးပွားဖက် တစ်ယောက်ယောက်လို့ ထင်နေတာ၊ တကယ်တော့...”

လင်းယန် မေးစေ့ကို ပွတ်ရင်း- “ဒါက နည်းနည်းတော့ ငယ်လွန်းတယ် မဟုတ်လား။”

ယန်ကျင်းလီမှာလည်း မျက်မှောင်ကြုတ်လျက်- “သိနေတဲ့သူပဲ။”

ကားပေါ်မှ ဆင်းလာသည့် အမျိုးသမီးမှာ လေတိုက်သဖြင့် လွင့်တက်နေသော သူမ၏ အဖြူရောင် ဂါဝန်ရှည်လေးနှင့် ဦးထုပ်ကို အလျင်အမြန် ဖိထားရသည်။ သူမနှင့် ကျင်းယွမ်ဟန်တို့ကြားမှ အပြုအမူများမှာလည်း အလွန်ပင် ရင်းနှီးလွန်းလှ၏။ အသက်အရွယ်မှာမူ ကျင်းယွမ်ဟန်၏ သားဖြစ်သူနှင့် မရှေးမနှောင်းပင် ရှိပေလိမ့်မည်။

ကျင်းယွမ်ဟန်၏ မျက်နှာတွင်မူ နွေဦးသစ် တစ်ဖန်ပြန်လည် ရောက်ရှိလာသည့်အလား အပြုံးများ ဝေဆာနေသည်။ သူသည် ချင်အဖေကို ကြည့်ကာ မျက်စိတစ်မှိတ် ပြလိုက်ခြင်းမှာ မိမိ၏ ပိုင်ဆိုင်မှုကို ကြွားဝါနေသကဲ့သို့ပင်။

လင်းယန်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်မိသည်။ 'သူဌေးကြီးတွေရဲ့ ဘဝကတော့... တကယ့်ကို ပျင်းရိစရာ ကောင်းတာပဲ'

ရက်အနည်းငယ်အတွင်းမှာပင် 'အငယ်' တစ်ယောက်ကို ရှာလာနိုင်သည် မဟုတ်လား။ သူ့သားဖြစ်သူ ပြန်လာသည့်အခါ ဤမိထွေးလေးကို ဘယ်လိုများ ရင်ဆိုင်မလဲ မသိပေ။

ပြဿနာမှာ... ထိုအမျိုးသမီးက လင်းယန်ကို ကြည့်နေသည့် အကြည့်များမှာ အလွန်ပင် ပြင်းရှနေခြင်းပင် ဖြစ်၏။ ကျင်းယွမ်ဟန်ကတော့ ထိုအချက်ကို သတိမထားမိဘဲ မိတ်ဆက်ပေးလာသည်။

“ဒါက ရွှယ်ယင်း တဲ့။ ဇာတ်ကားတချို့မှာ ပါဖူးတယ်။ မင်းကို အရမ်း စိတ်ဝင်စားနေလို့ လိုက်ကြည့်ချင်တယ်ဆိုတာနဲ့ ခေါ်လာတာ။”

လင်းယန်က အသာအယာ ပြုံးပြလိုက်သည်။ သေချာသည်မှာ ကျင်းယွမ်ဟန် ခေါ်လာသူမှာ နာမည်ကြီး မင်းသမီးငယ်လေး တစ်ဦးပင်ဖြစ်၏။ သူတို့နှစ်ဦးကြားမှ ပတ်သက်မှုမှာ မည်သည့်အဆင့်အထိ ရောက်နေပြီလဲ ဆိုသည်မှာတော့ ပြောရန် ခက်လှသည်။ လင်းယန်ကို ကြည့်နေသည့် သူမ၏ အကြည့်များမှာ အလွန်ပင် ပြင်းရှလွန်းလှသော်လည်း၊ လင်းယန်မှာမူ စိုးစဉ်းမျှ စိတ်ဝင်စားခြင်း မရှိပေ။

“မင်းကို ချင်အဖေကပဲ လိုက်ပြပါလိမ့်မယ်၊ ငါက တောင်ပေါ် ခဏ သွားစရာရှိလို့။”

ကျင်းယွမ်ဟန်အပေါ် လင်းယန်၏ အမြင်မှာ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း၊ သူခေါ်လာသည့် အမျိုးသမီးမှာမူ ရိုးသားသည့် ရည်ရွယ်ချက် မရှိမှန်း သိသာလှသည်။ အကယ်၍ သူမသာ ရိုးရိုးသားသား ဖြစ်ခဲ့လျှင် လင်းယန်အနေဖြင့် မိတ်ဆက်ပေးမှုကို လက်ခံမိပေလိမ့်မည်။ သို့သော် သူမ၏ ပြင်းရှလှသော အကြည့်များကို ကျင်းယွမ်ဟန်မှလွဲ၍ ကျန်သည့်သူများမှာ တစ်ခုခုမှားနေပြီဟု ခံစားမိနေကြသည်။

ကျင်းယွမ်ဟန်သည် လင်းယန်၏ ကျောပြင်ကို ကြည့်ရင်း ချင်အဖေ၏ဘေးသို့ တိုးကာ တိုးတိုးလေး မေးလိုက်၏။ “ငါ တစ်ခုခု မှားလုပ်မိလို့များလား?”

ချင်အဖေက ချောင်းနှစ်ချက် ဟန့်ကာ အမြန် ခေါင်းယမ်းလိုက်သည်။ “မဟုတ်ပါဘူး၊ သူက မင်းလုပ်ပေးတာတွေကို အရမ်း သဘောကျပါတယ်။ သူ... တကယ် အလုပ်ရှိလို့ပါ။”

ကျင်းယွမ်ဟန်၏ အမျိုးသမီးမှာ ဘေးတွင်ရှိနေသဖြင့် ချင်အဖေလည်း အမှန်အတိုင်း ထုတ်မပြောရဲပေ။ အနှစ်ချုပ်ရလျှင် ကျင်းယွမ်ဟန်၏ လုပ်နိုင်စွမ်းမှာ အပြစ်ပြောစရာ မရှိသော်လည်း၊ အမျိုးသမီး ရွေးချယ်မှုတွင်မူ... ရှင်းပြရန် ခက်ခဲလှပေသည်။ ဇနီးဟောင်းမှာလည်း ထူးဆန်းသူဖြစ်ခဲ့သလို၊ ယခု တစ်ယောက်မှာလည်း... ဘာကြီးလဲ?

သူ့ကို လှေကားထစ်သဖွယ် အသုံးချပြီး လင်းယန်ကို မြူဆွယ်ချင်နေသည်မှာ သိသာလှသည်။ သူမ၏ ရည်ရွယ်ချက်မှာ လုံးဝ မရိုးသားပေ။ ထားလိုက်ပါတော့... နောက်မှ အခွင့်သာလျှင် ကျင်းယွမ်ဟန်ကို သတိပေးလိုက်ရမည်။

ချင်အဖေသည် လင်းယန်၏ကျောပြင်ကို ဝမ်းနည်းရိပ်သန်းစွာ ကြည့်နေသော ရွှယ်ယင်း၏ အကြည့်များကို လျစ်လျူရှုကာ၊ သူမကို ဧည့်ခံရန် ပြင်လိုက်သည်။ သို့သော်... လင်းအိမ်တော်ထဲတွင်တော့ နေရာ မပေးပေ။ သီးသန့် အိမ်ဝင်းလေးတစ်ခုတွင်သာ နေရာချပေးလိုက်ခြင်းမှာ ကျင်းယွမ်ဟန်တို့ နှစ်ယောက်တည်း အေးအေးဆေးဆေး နေနိုင်ရန်ဟု အကြောင်းပြချက် ပေးလိုက်၏။ ကျင်းယွမ်ဟန်ကတော့ မိမိ တစ်ခုခုမှားနေသလားဟု ဇဝေဇဝါ ဖြစ်နေဆဲပင်။

ထိုအချိန်တွင် လင်းယန်သည် လမ်းဘေးတွင် လျှောက်ရင်း လယ်ထဲမှ ကျောင်းသားများနှင့် စစ်သားများကို ကြည့်နေသည်။ စနစ်ထဲမှ ဆုလာဘ်များမှာလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။

'ငါ့ရဲ့ ပိုင်ဆိုင်မှုက အခု ၆ ဘီလီယံနား ကပ်နေပြီ'

'ဒါပေမဲ့ ငါကိုယ်တိုင် လယ်မစိုက်တာ ကြာလို့လား မသိဘူး၊ တာဝန်တွေ လုံးဝ မတက်လာတော့ဘူး'

ဤအချက်မှာ သူ့ကို အနည်းငယ် နှမြောတသ ဖြစ်စေသည်။ ဘေးမှ လိုက်ပါလာသော ယန်ကျင်းလီကမူ သူ့စိတ်ကို ကြည်လင်စေ၏။

“အဲ့ဒီ အမျိုးသမီးက ရှင့်ကို ကြည့်တာ မရိုးဘူးနော်။”

“သဝန်တိုနေတာလား?”

ယန်ကျင်းလီ နှာခေါင်းလေး ရှုံ့လိုက်ကာ သူ၏ ရင်ဘတ်ကို လက်သီးဖြင့် အသာထိုးလိုက်သည်။ “သူက ရှင့်ကို မြူဆွယ်နေတာ ရှင် မသိတာလား?”

လင်းယန် ရယ်လိုက်မိသည်။ “သူက အရမ်းလှလို့လား? ငါတော့ မခံစားရပါဘူး။”

သူမ၏ မျက်နှာမှာ မိတ်ကပ်များ အရမ်း ထူလွန်းလှသဖြင့်၊ သေသေချာချာ မမှတ်မိနိုင်ပေ။ အိမ်တွင် အလှနတ်ဘုရားမလေးများ များပြားလှသဖြင့် လင်းယန်မှာမူ အလှအပအပေါ် ကျင့်သားရနေပြီ ဖြစ်သည်။

ယန်ကျင်းလီ နှုတ်ခမ်းဆူလိုက်ကာ- “သူ့ရဲ့ Follower တွေက ကျွန်မထက် အများကြီး ပိုများတယ်၊ ပြီးတော့ သူက အရမ်းလည်း ပါးနပ်တယ်။ အဲ့ဒီ ကျိုင်းဥက္ကဌကို သတိပေးလိုက်တာ ကောင်းမယ် ထင်တယ်နော်။”

လင်းယန်ကတော့ ပြုံးနေဆဲပင်။ ကျင်းယွမ်ဟန်၏ အမျိုးသမီး ရွေးချယ်မှုအပေါ် သူ ဘာမှ ထပ်မပြောလိုတော့ပေ။ ကျင်းယွမ်ဟန်သည် အမျိုးသမီးများနှင့် ကံမပါသူဟုသာ သူ သတ်မှတ်လိုက်တော့သည်။ ရှေ့တစ်ယောက်က ကွာရှင်းသွားသည်၊ ယခု တစ်ယောက်ကလည်း... ထားလိုက်ပါတော့။

“အဲ့ဒီ အမျိုးသမီးကို လွှဲထုတ်ပစ်လို့ ရမလား?”

ယန်ကျင်းလီ၏ မျက်လုံးများ တောက်ပသွားသော်လည်း ချက်ချင်းပင် ပြန်မှိန်သွားသည်။ “မလွယ်ဘူး ထင်တယ်၊ သူက အရှက်မရှိတဲ့သူမျိုးလေ။”

လင်းယန်လည်း ဘာပြောရမှန်း မသိတော့ပေ။ ဤကိစ္စကို ကျင်းယွမ်ဟန်နှင့်လည်း ပြောရန် ခက်လှသည် မဟုတ်လား။ ‘ခင်ဗျား သဘောကျနေတဲ့ မိန်းကလေးက ကျွန်တော့်ကို မျက်စိကျနေတယ်’ ဟု မည်သို့ ပြောနိုင်ပါမည်နည်း။

ထိုအရာများထက်စာလျှင် ကတုံးချန်တို့တစ်သိုက်ကို ကြည့်ရသည်မှာ ပို၍ စိတ်အေးရသည်။ ယခုအခါ သူတို့အားလုံးမှာ နေလောင်ထားသဖြင့် ပြောင်လက်နေပြီး၊ တကယ့် လယ်သမား စစ်စစ်များ ဖြစ်နေကြပြီ ဖြစ်၏။ လူမိုက် အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

လင်းယန်သည် မြင်းဇက်ကြိုးကို လွှတ်လိုက်ကာ ယန်ကျင်းလီ၏ ခါးလေးကို ဖက်လိုက်သည်။ ထိုအခါ မြင်းလေး ဝူးယာမှာ ကြောင်အမ်းအမ်းဖြင့် ကြည့်နေရှာ၏။ မိမိ၏ သခင်က မိမိကို ဘာကြောင့် ပစ်ထားရသနည်းဟု သူ နားမလည်ပေ။ မြင်းလေးက ဇက်ကြိုးကို ကိုက်ကာ လင်းယန်၏ လက်ထဲသို့ အတင်း ပြန်ထည့်ပေးလိုက်သောအခါ၊ သာယာနေသော အခိုက်အတန့်လေးမှာ ပျက်စီးသွားရတော့သည်။

“ဒီမြင်းကတော့...” ယန်ကျင်းလီက ဗိုက်ကို နှိပ်ကာ ရယ်မောတော့သည်။ “အရမ်း အ တာပဲ။”

ဝူးယာမှာမူ နှာမှုတ်သံ ပေးကာ သူတို့ကို ကြည့်နေ၏။ ငါက ဘာလို့ အ ရတာလဲ?

……

သူတို့နှစ်ဦး တောင်ပေါ်တွင် လျှောက်လည်နေစဉ်မှာပင်၊ လင်းယန် ရောင်းချခဲ့သော မုန်ညင်းစေ့များကို ပြည်ပ အင်အားစုများက သုတေသန စတင် လုပ်ဆောင်နေကြပြီဖြစ်သည်။

“ဒီလင်းယန်ဆိုတဲ့ လူကတော့ တကယ် မရိုးရှင်းဘူးပဲ။” ဂျပန် ပညာရှင်များက စူပါမုန်ညင်းစေ့၏ အစွမ်းကို အံ့ဩနေကြ၏။

ပစ္စည်းများကို ပြည်ပသို့ သယ်ဆောင်ခွင့် မရှိသဖြင့် ဤပညာရှင်များသည် ခရီးသွားအဖြစ် ဟန်ဆောင်ကာ ဤမြေပြင်သို့ ရောက်ရှိလာပြီး၊ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနေကြခြင်း ဖြစ်သည်။ အချက်အလက်များကို ရရှိသွားပါက ဂျပန်တွင် ပြန်လည် ပုံတူကူးယူရန် ကြိုးစားကြမည် ဖြစ်သည်။ မျိုးစိတ်သစ်များစွာ ထုတ်လုပ်ဖူးသော သူတို့အတွက် ဤသည်မှာ ခက်ခဲမည် မဟုတ်ဟု ယူဆထားကြသော်လည်း...

“လင်းယန်ရဲ့ မျိုးစိတ်သစ်တွေက ငါတို့ သိထားတာတွေနဲ့ လုံးဝ မတူဘူး။”

“ဒါက နောက်ထပ် လမ်းကြောင်းသစ်တစ်ခုပဲ၊ ငါတို့ လက်ရှိ သိပ္ပံပညာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်။”

“မျိုးစိတ် ဖန်တီးမှုမှာ သူက ငါတို့ကို အဝေးကြီး ကျော်တက်သွားပြီ။”

“ဒီစူပါမုန်ညင်းစေ့က... နတ်ဘုရားတွေ ဖန်တီးထားတဲ့ အရာနဲ့တောင် တူနေသေးတယ်။ နားလည်ရ ခက်လွန်းတယ်။”

ဆယ်ရက်ကျော် သုတေသန လုပ်ပြီးနောက်တွင်မူ ပညာရှင်များမှာ ဦးနှောက်ခြောက်ကာ ပျို့အန်ချင်စိတ်များပင် ဖြစ်ပေါ်လာရသည်။ အသက် ၇၀ ကျော် အရွယ် ပညာရှင်တစ်ဦး သွေးအန်ကာ လဲကျသွားသည့် အခါမှသာ သုတေသနကို ခေတ္တ ရပ်နားလိုက်ကြရသည်။

“ခက်ခဲလွန်းတယ်!

ငါတို့ မျိုးစေ့ထဲက လျှို့ဝှက်ချက်တွေကို ခိုးယူနိုင်မှ အခွင့်အရေး ရှိမယ်။ ဒါကိုသာ ဖော်ထုတ်နိုင်ရင်... ငါတို့ မျိုးနွယ်စုအတွက် ယဉ်ကျေးမှု အသစ်တစ်ခုကိုတောင် တည်ထောင်နိုင်လိမ့်မယ်။”

***

wunzinnosp

စူပါ-ဖမ်း(SFS)

SFS 136

အခန်း ၁၃၆ ။ ကလေးတွေမှသာ ရွေးချယ်မှု လုပ်ကြတာ

ဂျပန်ပညာရှင်များ၏အမြင်တွင် လင်းယန်၏ မျိုးစေ့များမှာ ပညာရပ်နယ်ပယ်အသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်စွမ်း ရှိသည်ဟု ယူဆကြသည်။ ၎င်းမှာ အလွန်ပင် ပြည့်စုံလွန်းလှပေ၏။ အသေးစိတ် ဂရုစိုက်တတ်သော သူတို့ပင်လျှင် ဤမျိုးစေ့၏ ပြီးပြည့်စုံသော တည်ဆောက်ပုံကြားတွင် နစ်မျောသွားရသည်။

ထို ‘ရူးသွပ်သူ’ များ၏ မျက်လုံးထဲတွင် ဤမျိုးစေ့မှာ လင်းယန် ကိုယ်တိုင် ‘ဒီဇိုင်း’ ထုတ်ထားခြင်း ဖြစ်သည်ဟု ယူဆကြသည်။ လက်တွေ့လောကတွင် ဤမျှ ပြီးပြည့်စုံသော မျိုးစေ့မျိုး မရှိနိုင်ဟု သူတို့ ထင်မှတ်နေကြခြင်း ဖြစ်၏။ ဂျပန်လူမျိုးများသည် အားကြီးသူကို အမြဲ ရိုသေတတ်ကြသည် ဖြစ်ရာ၊ ယခုအခါ လင်းယန်သည် သူတို့၏ လေးစားမှုကို အပြည့်အဝ ရရှိသွားခဲ့လေပြီ။

“ငါတို့နိုင်ငံက မြေရှားပေမဲ့ လူဦးရေ များတယ်။ ဒီမျိုးစေ့ရဲ့ လျှို့ဝှက်ချက်ကိုသာ ဖော်ထုတ်နိုင်ရင်၊ ကိုယ့်ဘာသာ ဖူလုံဖို့ဆိုတာ ပြဿနာ မဟုတ်တော့ဘူး။”

“ဒါပေမဲ့ ဘယ်သူမှ မလုပ်နိုင်ကြသေးဘူး။ တစ်ခုတည်းသော နည်းလမ်းကတော့ မျိုးစေ့ကို တရားဝင် ဝယ်ယူဖို့ပဲ။ ဒါပေမဲ့ ရောင်းခြင်း၊ မရောင်းခြင်းကတော့ တစ်ဖက်လူရဲ့ လက်ထဲမှာ ရှိနေတာ။”

အချက်အလက်များကို ဖော်ထုတ်နိုင်ခြင်း မရှိသဖြင့် ပညာရှင်များမှာ အလွန် စိတ်ဓာတ်ကျနေကြရသည်။ သူတို့သည် အဖွဲ့အစည်း စိတ်ဓာတ်ပြင်းထန်သူများ ဖြစ်ရာ၊ အလုပ်မအောင်မြင်သည့်အတွက် မိမိကိုယ်မိမိ အဆုံးစီရင်ကာ အပြစ်ပေးလိုစိတ်များပင် ဖြစ်ပေါ်နေကြ၏။ ကံကောင်းထောက်မစွာဖြင့် အချိန်မီ ဆေးရုံပို့နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။

“လင်းယန်ရဲ့ ဇီဝနည်းပညာကို ငါတို့ ဘယ်လိုနည်းနဲ့မဆို ရအောင် ယူရမယ်!”

“သူက မိန်းကလေးတွေကို သဘောကျတယ်လို့ ကြားတယ်။ ငါတို့ဆီက အမျိုးသမီးတွေက သူ့အကြိုက် ဖြစ်နိုင်မလား။”

ဤဂျပန်လူမျိုးများသည် အစာရေစာ ပြဿနာနှင့် ညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် လင်းယန်၏ နည်းပညာကို ရရှိဖို့ အပြင်းအထန် ကြိုးစားနေကြတော့သည်။ သူတို့၏ စီမံချက်ကို ‘Sky Fox’ ဟု အမည်ပေးထား၏။ မြေပဲခင်းထဲမှ သီးနှံများကို ခိုးယူလေ့ရှိသော မြေခွေးကဲ့သို့ပင်၊ သူတို့လည်း ကံကောင်းခြင်းများ ရရှိရန် မျှော်လင့်နေကြခြင်းဖြစ်သည်။

ချင်းရှန်းရွာတွင်မူ လင်းယန်သည် ဤလူများ၏ အကြံအစည်များကို လုံးဝ မသိပေ။ စစ်သားများက ရွာကို သေချာ ကာကွယ်ထားသဖြင့် ပြင်ပလူများမှာ လင်းယန်ကို အလွယ်တကူ ချဉ်းကပ်၍ မရနိုင်ပေ။ လင်းယန်မှာမူ လက်ရှိတွင် ရွာ၏ စည်ကားလာမှုအပေါ် စိုးရိမ်နေမိသည်။

“ဘယ်နေရာ ကြည့်ကြည့် လူတွေချည်းပဲ။”

ကျောင်းသားများနှင့် စစ်သားများက သူ့ကို အမြဲ နှုတ်ဆက်နေကြသဖြင့် ယန်ကျင်းလီ၏ လက်ကို ဆုပ်ကိုင်ထားရသည်မှာပင် အနည်းငယ် အနေရခက်နေ၏။ အရင်က ချင်းရှန်းရွာနှင့် မတူတော့ပေ။ အရင်က သီးသန့်နေရာများစွာ ရှိသော်လည်း အမျိုးသမီး မရှိခဲ့ပေ။ ယခု အမျိုးသမီးများ ရှိလာသည့် အခါတွင်မူ... သီးသန့်နေရာများ ပျောက်ကွယ်သွားခဲ့လေပြီ။ မြက်တောထဲတွင်ပင် စစ်သားများ ရှိနေနိုင်သည် မဟုတ်လား။

“အိမ်ဝင်းက မကျယ်သေးဘူးပဲ။” ဟု လင်းယန်က ရေရွတ်လိုက်သည်။

ဘဝတွင် ရွေးချယ်မှုများစွာ ရှိသည်ဟု သူ ကြားဖူးသော်လည်း၊ လင်းယန်အတွက်မူ... 'ကလေးတွေမှသာ ရွေးချယ်မှု လုပ်ကြတာ၊ ငါကတော့ အကုန်လုံး လိုချင်တယ်'

ယန်ကျင်းလီမှာမူ ထိုအရာများကို သတိမထားမိဘဲ မြင်းလေး ဝူးယာ၏ အမွှေးအမျှင်များကို ပျော်ရွှင်စွာ ပွတ်သပ်ပေးနေသည်။

“အမွှေးတွေက တကယ်ကို ပြောင်လက်နေတာပဲ၊ ငါ မြင်ဖူးသမျှ မြင်းတွေထဲမှာ အလှဆုံးပဲ။”

“မင်း မြင်းတွေ အများကြီး မြင်ဖူးလို့လား?”

“နည်းနည်းပါးပါးပေါ့။” လင်းယန် နှုတ်ခမ်းတွန့်သွားရသည်။ ပြောရမယ်ဆိုရင် မမြင်ဖူးသလောက်ပါပဲ။

သို့သော် လင်းယန်လည်း သတိထားမိသည်မှာ သူ၏ မြင်းမှာ အလွန်ပင် ပါးနပ်လွန်းလှသည်။ အိမ်က ခွေးကြီးနှင့်ပင် ယှဉ်နိုင်သည့် အဆင့်ရှိ၏။ ထို့ပြင် အမွှေးအမျှင်များမှာလည်း အမည်းရောင် ပိုးသားကဲ့သို့ အပြစ်ပြောစရာ မရှိအောင် လှပနေသည်။

“သူက မြေပဲရိုးတွေကိုပဲ အမြဲ စားနေတာလေ။ ဝူယင်းရဲ့ ဓာတ်ခွဲချက်အရဆိုရင် အဲ့ဒီထဲမှာ ပါတဲ့ အာဟာရဓာတ်တွေက မြင်းတွေအတွက် တကယ်ကို အစွမ်းထက်တယ်တဲ့။”

ယန်ကျင်းလီ ချက်ချင်း သဘောပေါက်သွားသည်။ “ဒါကြောင့်ကိုး... မမရှောင်ချီ ရဲ့ မြင်းကလည်း အဲ့ဒီလို ဖြစ်နေတာ။ Follower တွေက ဘာကျွေးလဲဆိုပြီး ဝိုင်းမေးနေကြတာလေ။” သူမ၏ မျက်လုံးများ တောက်ပလာသည်။ “ငါတို့ မြေပဲရိုးတွေကို ရောင်းကြမလား? ဒါက သာမန် မြင်းစာတွေထက် အများကြီး ပိုကောင်းပြီး ပိုက်ဆံရမှာ သေချာတယ်။”

“ဘယ်လောက်အထိ ရနိုင်မှာလဲ?”

ယန်ကျင်းလီ ခေတ္တ စဉ်းစားလိုက်ပြီး- “မြင်းကစားတဲ့သူတွေက ပိုက်ဆံကို ပိုက်ဆံလို့ မထင်ကြဘူးလေ။ မြင်းကို လူထက်တောင် ပိုကောင်းအောင် ကျွေးကြတာ။ ငါတို့ရဲ့ မြေပဲရိုးတွေကိုသာ ရောင်းရင်တော့ သေချာပေါက် ပေါက်မှာပဲ။”

လင်းယန်လည်း ထိုစကားကို သဘောကျသွားသည်။ မြေပဲရိုး ဆိုသည်မှာ ဘေးထွက်ပစ္စည်းသာ ဖြစ်သည်။ မြေပဲများကိုတော့ အဘိုးစူးက အကုန် ကြိုတင်မှာယူထားပြီး ဖြစ်သော်လည်း ဧက ရာချီရှိသော မြေပဲရိုးများမှာမူ အသုံးမဝင်ဘဲ ရှိနေသည်။ ၎င်းသည် မြင်းများအတွက် အလွန် အကျိုးရှိလှသည်။

“စမ်းပြီး ရောင်းကြည့်တာပေါ့။”

လင်းယန် သဘောတူလိုက်သော်လည်း စိုးရိမ်စိတ် အနည်းငယ်တော့ ရှိနေသည်။ ၎င်းမှာ... ဤအရာများကို စားသုံးသည့် တိရစ္ဆာန်များမှာ ပါးနပ်လွန်းသွားကြခြင်းပင်။ ၎င်းသည် တိရစ္ဆာန်များ၏ ဦးနှောက် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည်ဟု သူ သံသယရှိနေမိသည်။

ဘာပဲဖြစ်ဖြစ်... နိုင်ငံတော် တည်ထောင်ပြီးနောက်ပိုင်း တိရစ္ဆာန်များကို နတ်ဝင်သည်အထိ ပါးနပ်ခွင့် မပြုထားသည် မဟုတ်လား...

***

All Chapters