← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း(97)

လုရှောင်ဖေး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရင်လာခဲ့၏။

ဤတစ်ကြိမ်တွင်တော့ ကြောက်ရွံ့မှုကြောင့်ပင် ဖြစ်ပေသည်။

ယောင်ပင်း၏စကားအရ ထိုသူက အရာအားလုံးကို သိရှိနေခြင်း ဖြစ်၏။

သို့သော် အစပိုင်းတွင် ယောင်ပင်းက မည်သည့်အရာကိုမှ မသိနားမလည်ဘဲ အပြစ်ကင်းစင်ဟန် ဆောင်နေခဲ့ပြီး၊ သူမ၏ စနောက်မှုများကြောင့် အလွယ်တကူ စိတ်လှုပ်ရှားနေခဲ့သည် မဟုတ်ပါလား။

ထိုသူမှာ သူ၏ အသက်အရွယ်နှင့်အညီ စိတ်လိုက်မာန်ပါ လုပ်တတ်သော လူငယ်တစ်ဦးကဲ့သို့ပင် ဖြစ်ခဲ့သည်။

မတိုင်မီအချိန်လေးက သူမ ယောင်ပင်းအား ဖက်လိုက်ချိန်မှာပင် သူသည် အနည်းငယ် တုန်ရင်နေဆဲ ဖြစ်ပေသည်။

သူက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။

“ရှင်... ရှင်က အစကတည်းက ဟန်ဆောင်နေခဲ့တာလား”

လုရှောင်ဖေးမှာ ခဏမျှ မှင်သက်သွားပြီးမှ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

“မင်းကလည်း အစကတည်းက ဟန်ဆောင်နေခဲ့တာပဲလေ ကျွန်တော်တို့ နှစ်ယောက်လုံး အတူတူပါပဲ”

ယောင်ပင်းက ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။

“မင်းက တစ္ဆေတစ်ကောင်ပဲ၊ အစကတည်းက လူ့လောကက လက်ခံနိုင်စရာ မရှိတဲ့သူ ဖြစ်နေပြီ၊ ဒါကို ယုတ်မာတဲ့ လူတွေနဲ့ ပူးပေါင်းပြီး မကောင်းမှုတွေကို ထပ်ပြီး လုပ်ဆောင်ခဲ့တယ်

ဒီနေ့တော့ မင်းကို အသက်ရှင်ခွင့် ပေးလို့ မရတော့ဘူး”

“လုရှောင်ဖေးရဲ့ ဒီလောက်လှပတဲ့ ရုပ်ရည်ကို နှမြောဖို့ ကောင်းလိုက်တာ”

လုရှောင်ဖေးက ရုတ်တရက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ လှောင်ပြုံးပြုံးလိုက်သည်။

“ရှင်.. ရှင်က ကျွန်မကို သတ်နိုင်မယ်လို့ ထင်နေတာလား”

သူမသည်က နှစ်ပေါင်းရာနှင့်ချီ၍ ကျင့်ကြံထားသော တစ္ဆေမိစ္ဆာတစ်ဦး ဖြစ်သရ်။

၏ဤကောင်လေးတစ်ယောက်ကို အမှန်တကယ်ပင် ကြောက်နေရမည်လား။

သူမ၏ အလှတရားဖြင့် ယောင်ပင်းအား မသတ်နိုင်မှတော့၊ သူမအနေဖြင့် လက်တွေ့ အရေးယူရန်မှလွဲ၍ အခြားမရှိတော့ပေ။

ယောင်ပင်းက လှောင်ပြုံးပြုံးလိုက်သည်။

“ဒါဆိုရင်တော့ စမ်းကြည့်ရမှာပေါ့”

သူ စကားပြောမဆုံးမီမှာပင် ယောင်ပင်းက လုရှောင်ဖေး၏ အနားသို့ ရုတ်ခြည်း ချဉ်းကပ်သွားပြီး သူမ၏ ဦးခေါင်းထိပ်ကို လှမ်းဆုပ်ကိုင်လိုက်လေသည်။

ထို့နောက် ရုတ်တရက် တစ်စုံတစ်လုကုာဆွဲနှုတ်လိုက်၏။

နီရဲသော အရာတစ်ခုမှာ လုရှောင်ဖေး၏ ခေါင်းထိပ်မှ ရုတ်ခြည်း ဆွဲနှုတ်ခြင်း ခံလိုက်ရလေသည်။

“အား...!”

လုရှောင်ဖေးထံမှ နာကျင်လွန်းသည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

မလှမ်းမကမ်းရှိ အပေါ်ထပ်တွင် :

ကန်းခွိုက်လဲ့ နှင့် မာစတာလျို့တို့မှာ လုရှောင်ဖေး လှုပ်ရှားတော့မည်ကို သိရှိထားကြပြီး၊ ယောင်ပင်းအား တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြလေသည်။

“ညီလေးကန်း.. အဲဒီ မိစ္ဆာမလေးရဲ့ အစွမ်းက ဘယ်လောက်ရှိလဲ၊ သူ အောင်မြင်ပါ့မလား”

လုရှောင်ဖေး လှုပ်ရှားလိုက်သည်နှင့် မာစတာလျို့က စိုးရိမ်တကြီး မေးမြန်းလိုက်၏။

သူသည်က ယောင်ပင်းမှ မြေအောက်အရာရှိများကို အမိန့်ပေးခြင်းနှင့် ယမမင်းအား နှိမ်နင်းခြင်းတို့ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူ ဖြစ်ကာ ကြီးမားသော အစွမ်းကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပေသည်။

ထို့ကြောင့် ကန်းခွိုက်လဲ့အား မပေါ့ဆရန် သူ သတိပေးရခြင်း ဖြစ်၏။

မမျှော်လင့်ဘဲ သူ၏ သတိပေးမှုကို ကန်းခွိုက်လဲ့က လက်ယမ်းပြကာ လျစ်လျူရှုလိုက်သည်။

“စိတ်မပူပါနဲ့၊ ဒီလောက် လှပတဲ့ အမျိုးသမီးတစ်ယောက် ရှေ့မှာတော့ ဒီကောင်လေးရဲ့ အသက်ကို နှုတ်ယူဖို့ကေိုတာက ကလေးကစားစရာအဆင့်ပဲရှိတာ။

ဒါ့အပြင် ဒီမိစ္ဆာမလေးက နှစ်ပေါင်းရာနဲ့ချီ ကျင့်ကြံထားတာလေ၊ သာမန် တ်ိိိဆရာတွေဆိုရင်တောင် သူမရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ ခင်ဗျား အေးအေးဆေးဆေးသာ စောင့်ကြည့်နေလိုက်”

သူ စကားမဆုံးမီမှာပင် လုရှောင်ဖေး၏ အသည်းခိုက်မတတ် နာကျင်သော အော်ဟစ်သံမှာ ဆေးရုံ၏ နောက်ဖေးဥယျာဉ်မှ ပဲ့တင်ထပ်လာခဲ့လေ၏။

ကန်းခွိုက်လဲ့ နှင့် မာစတာလျို့တို့မှာ ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။

ထို့နောက် ယောင်ပင်းက ထိုမိစ္ဆာမလေး၏ ဦးခေါင်းမှ “တစ္ဆေအနှစ်သာရ”ကို အေးအေးလူလူ ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရလေသည်။

တစ္ဆေအနှစ်သာရ မရှိတော့လျှင် ထိုမိစ္ဆာမှာ အဆုံးသတ်သွားခဲ့ပြီပင်။

ကန်းခွိုက်လဲ့ နှင့် မာစတာလျို့တို့မှာ မယုံကြည်နိုင်စွာဖြင့် အချိန်အတော်ကြာအောင် ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

အေးစက်သော အထိအတွေ့တစ်ခုမှာ သူတို့၏ ကျောရိုးတစ်လျှောက် ဖြည်းဖြည်းချင်း တက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။

နှစ်ပေါင်းရာချီ ကျင့်ကြံထားသော မိစ္ဆာတစ်ဦး၊ တာအိုဆရာ အတော်များများကို ယှဉ်နိုင်သောသူ ဖြစ်သော်လည်း ယောင်ပင်းက သူမကို လက်တစ်ဖက်တည်းနှင့် သတ်ပစ်လိုက်နိုင်ခဲ့သည်။

ထိုမိစ္ဆာမှာ တိုက်ခိုက်ရန်ပင် အခွင့်အရေး မရရှိခဲ့ပေ။

သူတို့၏ ချောင်းမြောင်း တိုက်ခိုက်မှုအကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ပေ။

ယောင်ပင်းသည်က သူတို့အား တိုက်ခိုက်ရန် အခွင့်အရေး အနည်းငယ်မျှပင် မပေးခဲ့ပါချေ။

ဤသည်က အလွန်ပင် ကြောက်စရာ ကောင်းလှနေခဲ့သည်။

အခန်းထဲရှိ လေထုမှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် ဖိအားများနေလေ၏။

ကန်းခွိုက်လဲ့ နှင့် မာစတာလျို့တို့မှာ အချိန်အတော်ကြာ မှင်သက်နေကြပြီး သတိပြန်မဝင်နိုင်ဖြစ်နေကြရလေသည်။

ခဏအကြာတွင် မာစတာလျို့က ရုတ်တရက် အော်ဟစ်လိုက်သည်။

“အဲဒီကောင်လေး ဘယ်ရောက်သွားတာလဲ၊ သူ ဘယ်တုန်းက ပျောက်သွားတာလဲ!”

ကန်းခွိုက်လဲ့လည်း ထိတ်လန့်သွားပြီး ဆေးရုံ၏ နောက်ဖေးဥယျာဉ်ဆီသို့ အလျင်အမြန် ကြည့်လိုက်လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင်။

နောက်ဖေးဥယျာဉ်မှာ ဗလာသာ်သက်ဖြစ်နေပြီး မည်သူမျှ မရှိတော့ပေ။

ယောင်ပင်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

“သူ ဘယ်ကို သွားနိုင်မှာလဲ”

ကန်းခွိုက်လဲ့၏ အသံမှာ ခြောက်ကပ်နေပြီး သူ၏နှလုံးမှာလည်း ပြင်းထန်စွာ ခုန်လှုပ်နေခဲ့သည်။

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့ ထိတ်လန့်တုန်လှုပ်သွားသည်မှာ မဆန်းပေ။

သူတို့မှာ ခဏမျှသာအံ့သြသွားခဲ့ရသည့်အချိန်တွင် နောက်ဖေးဥယျာဉ်ထဲရှိ ယောင်ပင်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။

သူတို့၏ နှလုံးသားများမှာ လည်ပင်းဝသို့ ရောက်ရှိလာခဲ့ချေပြီ။

ယောင်ပင်း ပျောက်ကွယ်သွားသလို လုရှောင်ဖေးလည်း မရှိတော့ပေ။

သူတို့ ဘာဖြစ်သွားကြတာလဲ။

သူတို့ ယောင်ပင်းအား အသည်းအသန် ရှာဖွေနေစဉ်မှာပင်၊ ကြီးမားလွန်းသော တစ်စုံတစ်ခုမှာ သူတို့၏ ပြတင်းပေါက်ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။

ထို့နောက် ထိုကြီးမားသောအရာမှာ သူတို့ရှေ့မှ ပြတင်းပေါက်ကို ပြင်းထန်စွာ ဆောင့်ဝင်လာခဲ့၏။

ဝုန်း!

နားကွဲမတတ် ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာချေသည်။

သူတို့ရှေ့မှ မှန်များမှာ ကြေမွသွားခဲ့ပြီ ဖြစ်၏။

ရေတွက်၍မရနိုင်သော မှန်စများမှာ စူးရှသော မြားများကဲ့သို့ ရုတ်ခြည်း ပေါက်ကွဲလွင့်စင်လာခဲ့လေသည်။

“သောာက်ကျိုးနည်းပဲ”

“သတိထား!”

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့ာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး အလျင်အမြန် နောက်ဆုတ်လိုက်ကြ၏

သူတို့၏ တုံ့ပြန်မှုမှာ လျင်မြန်ပေသည်။

သို့သော်လည်း ရုတ်တရက် မှန်ကွဲထွက်လာမှုကို သူတို့ ရှောင်လွှဲ၍ မရနိုင်ခဲ့ဘဲ ရေတွက်၍မရနိုင်သော မှန်စများမှာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့လေသည်။

အထူးသဖြင့် မာစတာလျို့ပင် ဖြစ်၏။

သူသည်က အလွန် အိုမင်းနေပြီဖြစ်၍ ရှောင်တိမ်းလိုက်ချိန်မှာပင် ရေတွက်၍မရနိုင်သော မှန်စများမှာ သူ၏မျက်နှာပေါ်သို့ သံမှိုများကဲ့သို့ စိုက်ဝင်သွားခဲ့သည်။

အလွန်အမင်း နာကျင်လွန်းသောကြောင့် သူ အော်ပင်အော်မိလုနီးပါး ဖြစ်သွားခဲ့ရပေသည်။

သို့သော် မာစတာလျို့က တည်ငြိမ်အောင် အတင်းအကျပ် ကြိုးစားလိုက်၏။

သူက ချက်ချင်းပင် အလျင်အမြန် ဆုတ်ခွာသွားခဲ့ပြီး ပုန်းကွယ်ရန် သီးသန့်နေရာတစ်ခုကို ရှာဖွေလိုက်လေသည်။

သူသည် ကန်းခွိုက်လဲ့ကိုပင် ဂရုမစိုက်နိုင်တော့ပေ။

ကန်းခွိုက်လဲ့မှာတော့ မာစတာလျို့ ပုန်းကွယ်သွားသည်ကိုပင် သတိမထားမိခဲ့ဘဲ၊ သူ၏အာရုံမှာ အတွင်းသို့ ပစ်သွင်းခံလိုက်ရသော ကြီးမားသည့် အရာဝတ္ထုပေါ်သို့သာ ရောက်ရှိနေခဲ့၏။

ထိုအရာကို ငုံ့ကြည့်လိုက်သောအခါ ကန်းခွိုက်လဲ့တစ်ယောက် အသက်ရှူပင် မှားသွားခဲ့ရသည်။

အတွင်းသို့ ပစ်သွင်းခံလိုက်ရသော ထိုကြီးမားသည့်အရာမှာ အခြားသူမဟုတ်ဘဲ လုရှောင်ဖေးပင် ဖြစ်နေခဲ့သည်။

“သူက ငါတို့ ဒီမှာရှိနေတာကို သိနေတာပဲ”

ကန်းခွိုက်လဲ့မှာ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိ၏။

သူတို့မှာ ဤအဆောက်အအုံ၏ ရှစ်ထပ်မြောက်တွင် ရှိနေခြင်းဖြစ်ပြီး၊ ဆေးရုံနောက်ဖေးဥယျာဉ်နှင့် လမ်းတစ်ဖက်လုံး ခြားနေသည် မဟုတ်ပါလား။

ယောင်ပင်းသည်က လုရှောင်ဖေးအား သူတို့၏ ပြတင်းပေါက်ရှေ့သို့ ရောက်အောင် ပစ်သွင်းနိုင်ရုံတင်မက မှန်ကိုပါ ခွဲပစ်နိုင်ခဲ့ချေပြီ။

ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုးလဲ!

ထို့အပြင် သူနှင့် မာစတာလျို့တို့မှာ ကောင်းမွန်စွာ ပုန်းကွယ်ထားခဲ့ပါလျက်နှင့်၊ ယောင်ပင်းက ၎င်းတို့အား ရှာတွေ့အောင် ရှာနိုင်ခဲ့သေးသည်။

ဤယောင်ပင်းဆိုသူမှာ လူလား၊ နတ်ဘုရားလား။

ပထမဆုံးအကြိမ်အဖြစ် ကန်းခွိုက်လဲ့မှာ ကြောက်ရွံ့မှုကို ခံစားလိုက်ရပေသည်။

ကန်းခွိုက်လဲ့ အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီးနောက်၊ အသံတစ်ခုက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“အမှန်ပဲ၊ မင်းတို့ ဒီမှာရှိနေတာကို ငါ သိတယ်”

“ဒါဆို ဘာလို့..”

ကန်းခွိုက်လဲ့မှာ စောဒကတက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တောင့်ခဲသွားခဲ့ပြီး၊ အသံထွက်ပေါ်လာရာ အရပ်သို့ခေါင်းကို ရုတ်ခြည်း လှည့်ကြည့်လိုက်လေသည်။

မာစတာလျို့၏ အသံမှာ အိုမင်းပြီး စူးရှသော်လည်း၊ မတိုင်မီက စကားပြောလိုက်သော အသံမှာတော့ ငယ်ရွယ်ပြီး တက်ကြွနေခဲ့လေသည်။

မတိုင်မီက စကားပြောလိုက်သူမှာ မာစတာလျို့ မဟုတ်ပေ။

သူ ဦးခေါင်းကို ရုတ်ခြည်း လှည့်ကြည့်လိုက်လျှင် မလှမ်းမကမ်းတွင် ရပ်နေသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။

ထိုပုံရိပ်မှာ အရပ်ရှည်ပြီး ခိုင်မာတောင့်တင်းနေခဲ့သည်။ မာစတာလျို့ လုံးဝ မဟုတ်ပါချေ။

“မင်းပဲ”

ကန်းခွိုက်လဲ့သည်ကား လူငယ်မျိုးဆက်များကြားတွင် အထူးချွန်ဆုံး တာအိုဆရာတစ်ဦး ဖြစ်သည်နှင့်အညီ ခဏမျှ အံ့အားသင့်သွားပြီးနောက် လျင်မြန်စွာပင် တည်ငြိမ်အောင် လုပ်နိုင်လိုက်လေသည်။

သူ၏လေသံမှာ ရုတ်တရက် အေးစက်သွားခဲ့ပြီး ရင်ဘတ်ကို မတ်လိုက်သည်။

“မင်း ရောက်လာပြီပေါ့”

မလှမ်းမကမ်းတွင် ရပ်နေသော ထိုပုံရိပ်မှာ ယောင်ပင်းပင် ဖြစ်ပေသည်။

ကန်းခွိုက်လဲ့ လျင်မြန်စွာ တည်ငြိမ်သွားသည်ကို မြင်သောအခါ ယောင်ပင်းက အနည်းငယ် ပြုံးလိုက်သည်။

“အမှန်ပဲ၊ ငါပဲလေ.. ငါ့အသက်ကို ဘယ်သူ လိုချင်နေတာလဲဆိုတာကို လာကြည့်တာ”

ယောင်ပင်း စကားပြောနေချိန်မှာပင် ခြေလှမ်းများကို ရပ်တန့်မထားဘဲ ကန်းခွိုက်လဲ့ထံသို့ တစ်လှမ်းချင်း မှန်မှန် ချဉ်းကပ်လာခဲ့လေသည်။

“ယောင်ပင်း... ငါ ကန်းခွိုက်လဲ့ က အမြဲတမ်း စကားတည်တဲ့လူပဲ၊ ဟုတ်တယ် ငါ မင်းရဲ့အသက်ကို နှုတ်ယူဖို့ လုပ်နေတာ”

ကန်းခွိုက်လဲ့သည်ကား ငယ်စဉ်ကတည်းက ထူးချွန်ခဲ့သူဖြစ်ပြီး မာနကြီးသူ ဖြစ်သောကြောင့် ယောင်ပင်း သူ့ထံ ရောက်လာသောအချိန်တွင် သူ၏ရှုံးနိမ့်မှုကို လိုလိုလားလားပင် ဝန်ခံလိုက်လေသည်။

“ဒါပေမဲ့ မင်း ဒီနေ့ ငါ့ကို တိုက်ခိုက်မယ်ဆိုရင်တော့ နည်းနည်း မတရားသလို ဖြစ်နေလိမ့်မယ်”

သူ စကားပြောမဆုံးမီမှာပင် ကန်းခွိုက်လဲ့မှာ ရုတ်တရက် စတင် တိုက်ခိုက်လိုက်တော့သည်။

သူသည်က ဦးစွာတိုက်ခိုက်ခြင်းကို ယုံကြည်သူ ဖြစ်ပေသည်။

အနက်ရောင် မီးခိုးငွေ့တစ်ခုမှာ ကန်းခွိုက်လဲ့၏ လက်အတွင်းမှ လျင်မြန်စွာ ထွက်ပေါ်လာပြီးနောက်၊ ရုတ်ခြည်း ကျယ်ပြန့်သွားကာ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် ယောင်ပင်းထံသို့ တိုးဝင်လာခဲ့လေသည်။

ယောင်ပင်း ခြေလှမ်းရပ်လိုက်ပြီး အေးစက်စွာ လှောင်ပြုံးပြုံးလိုက်၏။

“အို... ဒါကို မင်းက တရားမျှတမှုလို့ ခေါ်တာလား”

*

အခန်း(98)

ယောင်ပင်း မလှုပ်မယှက်ဘဲ ထိုနေရာ၌ပင် တည်ငြိမ်စွာ ရပ်တန့်လျက် တစ်ဖက်လူ၏ တိုက်ကွက်ကိုစောင့်ဆိုင်းနေခဲ့သည်။

ထိုအနက်ရောင် မီးခိုးငွေ့များ သူ၏အနားသို့ ရောက်ရှိလာချိန်အထိပင်။

နောက်ဆုံးတွင်တော့ ယောင်ပင်း လှုပ်ရှားလိုက်ချေပြီ။

သူာ လက်ဝါးကို အသာအယာပင် တွန်းထုတ်လိုက်၏။

ထိုကြီးမားလှသော အနက်ရောင် မီးခိုးငွေ့မှာ ယောင်ပင်း၏ သာမန်လက်ဝါးရိုက်ချက်ကြောင့် အမှန်တကယ်ပင် နောက်သို့ ပြန်ကန်ထွက်သွားခဲ့ရလေသည်။

ဝုန်း!

ရုတ်တရက် နောက်သို့ ပြန်ကန်ထွက်သွားသော အနက်ရောင် မီးခိုးငွေ့များမှာ ကန်းခွိုက်လဲ့ကို ပြန်လည်ထိမှန်သွားခဲ့၏။

ကန်းခွိုက်လဲ့မှာ ထိုမီးခိုးငွေ့ထံမှ ထိမှန်သွားသဖြင့် နောက်သို့ ယိုင်တိယိုင်ထိုး ဆုတ်သွားခဲ့ရပြီး၊ မမျှော်လင့်ဘဲ ပြတင်းပေါက်အပြင်ဘက်သို့ လွင့်စင်ကျသွားခဲ့လေတော့သည်။

ဘန်း!

ထို့နောက် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ပြင်းထန်သည့် အသံတစ်ခုက အောက်ထပ်မှ ပဲ့တင်ထပ်လာခဲ့၏။

“ယောင်ပင်း... ဒါကို ငါ မှတ်ထားမယ်”

ကန်းခွိုက်လဲ့၏ နာကျည်းနေသော အသံမှာ အောက်ထပ်မှ လျင်မြန်စွာ ထွက်ပေါ်လာခဲ့လေသည်။

“ဒီစာရင်းကို နောက်တစ်နေ့မှာ ငါ မင်းနဲ့ အပြတ်ရှင်းမယ်”

ယောင်ပင်း ပြတင်းပေါက်နားသို့ သွားကြည့်လိုက်လျှင် အဆောက်အအုံပေါ်မှ ပြုတ်ကျသွားသော ကန်းခွိုက်လဲ့မှာ လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားသည်ကို မြင်လိုက်ရ၏။

ယောင်ပင်း အနောက်မှ လိုက်မဖမ်းခဲ့ပေ။

သူ့ကို သေစေချင်နေသူမှာ ကန်းခွိုက်လဲ့ မဟုတ်ဘဲ တခြားတစ်ဦး ဖြစ်ပေသည်။

သူသည်က ကန်းခွိုက်လဲ့ကို အသုံးချပြီး သူ့ကို အမှန်တကယ် သေစေချင်နေသော လူကို ပေါ်လာအောင် လုပ်ဆောင်ချင်ခဲ့သည်။

အကယ်၍ ထိုလူသည်က သူ့ကို သေစေချင်နေသည်ဆိုလျှင် သူ့ကို အစွမ်းထက်လာအောင် မည်သည့်အချိန်တွင်မျှ ခွင့်ပြုမည်မဟုတ်ပေ။

ယခုအခါတွင် သူသည်က ထိုလူအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။

ကန်းခွိုက်လဲ့ ထွက်သွားသည်ကို ကြည့်ပြီးနောက်၊ ယောင်ပင်းာ မာစတာလျို့ ပုန်းကွယ်နေသော နေရာကို တစ်ချက် လှည့်ကြည့်လိုက်ပြီးမှ အဆောက်အအုံအတွင်းမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့လေသည်။

သူသည်ကား တစ်စုံတစ်ယောက်က အမှောင်ထဲတွင် ပုန်းနေသည်ကို သိရှိသော်လည်း၊ ပုန်းနေသူမှာ သူ ရှာဖွေနေခဲ့သော မာစတာလျို့ပင် ဖြစ်ကြောင်းကိုတော့ သူ မသိရှိခဲ့ပါချေ။

မိုမိသားစု နေအိမ်။

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့မှာ စာကြည့်တိုက်ခန်းအတွင်း၌ ခေါင်းငုံ့လျက် ရပ်နေကြပြီး စကားတစ်ခွန်းမျှပင် မပြောဝံ့ကြပေ။

မိုလီချွမ်၏ မျက်နှာမှာ တင်းမာနေပြီး သူတို့အား အေးစက်စက် တစ်ချက် ကြည့်လိုက်လေသည်။

သူ၏လေသံမှာ တင်းမာနေခဲ့သည်။

“မင်းတို့တွေက သောက်ရမ်း ပေါ့ဆတာပဲ၊ ငါ မင်းတို့ကို အကြိမ်ကြိမ် သတိပေးခဲ့တာတောင် အဲဒီကောင်လေးဘက်က လက်ပူးလက်ကြပ် မိအောင်အထိ အလုပ်လုပ်ခဲ့ကြတယ်ပေါ့

ဒီနေ့ကစပြီး မင်းတို့ရဲ့ ဒဏ်ရာတွေကိုပဲ ကုသဖို့ အာရုံစိုက်ကြတော့၊ အဲဒီကောင်လေးကို လောလောဆယ် လုံးဝ မထိနဲ့တော့”

မာစတာလျို့မှာ မကျေမနပ်ဖြစ်လျက် ဝင်ပြောလိုက်သည်။

“မစ္စတာမို... အဲဒီကောင်လေးကို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား”

ယောင်ပင်းသည်က ၎င်းတို့၏ အစီအစဉ်များကို ဖျက်ဆီးခဲ့ရုံတင်မက သူ၏ တပည့်အများအပြားကိုလည်း သေစေခဲ့သူ ဖြစ်၏။

သူသည် ယောင်ပင်းအပေါ် ပြန်လည် မကျေအေးနိုင်သော မုန်းတီးမှုများ ရှိနေသည့်အတွက် ဤအတိုင်း မည်သို့ လက်လျှော့နိုင်ပါမည်နည်း။

“အဘိုးကြီးက ဒီကိစ္စကို သိသွားပြီ ထင်တယ်”

မိုလီချွမ်၏ အမူအရာမှာ ပို၍ပင် တင်းမာသွားခဲ့၏။

“သူ့ကို အခု လုံးဝ ထိလို့မရဘူး ဒါပေမဲ့ ငါ နည်းလမ်းရှာလိုက်မယ်”

လွန်ခဲ့သော ရက်အနည်းငယ်က အဘိုးကြီးက သူ့ထံသို့ ရုတ်တရက် ရောက်လာခဲ့ပြီး သူ၏စကားလုံးများမှာလည်း သတိပေးချက်များဖြင့် ပြည့်နှက်နေခဲ့ပေသည်။

အကယ်၍ သူသာ ယခု မဆင်မခြင် လှုပ်ရှားမိမည်ဆိုလျှင် အဘိုးကြီး၏ သံသယကို ပို၍ ကြီးထွားစေမည် ဖြစ်ပေ၏။ သို့ဆိုလျှင် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။

သူသည်က လက်တလောတွင် ငြိမ်သက်နေရန်သာ တတ်နိုင်ပေသည်။

ကန်းခွိုက်လဲ့က ခေါင်းမော့လိုက်ပြီး သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။

“မစ္စတာမို... တခြား အစီအစဉ် ရှိသေးလား၊ ကျွန်တော်တို့ အကြာကြီး မစောင့်နိုင်ဘူးနော်.. အဲဒီကောင်လေးရဲ့ အစွမ်းက အခုတောင် ကြောက်စရာကောင်းလောက်အောင် ရှိနေပြီ

အချိန်တွေ ထပ်ကုန်သွားမယ်ဆိုရင် ကျွန်တော်တို့တွေ သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး”

သူသည်က ငယ်စဉ်ကတည်းက ထူးချွန်ခဲ့သူဖြစ်ပြီး ရှုံးနိမ့်ခြင်းဆိုသည်ကို မသိခဲ့သူ ဖြစ်ပေသည်။

သို့သော် ယောင်ပင်းနှင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပြီးနောက်တွင် ကန်းခွိုက်လဲ့အတွက် ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်မှုကို ခံစားလိုက်ရခြင်း ဖြစ်၏။

ထို့ကြောင့် သူက ယောင်ပင်းကဲ့သို့သော လူတစ်ယောက် တည်ရှိနေခြင်းကို သည်းမခံနိုင်ပေ။

သူ၏ကမ္ဘာတွင် သူသည်သာ အတော်ဆုံး ဖြစ်နေရမည် မဟုတ်ပါလား။

“အဲဒီကောင်လေးက လျို့ချင်းရဲ့ လူတွေနဲ့ ရန်ငြိုးရှိထားတယ်”

မိုလီချွမ်က ယုံကြည်မှုအပြည့်နှင့် ရက်စက်သော အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

“ငါတို့က အဲဒီရန်ငြိုးကို ပိုပြီး နက်ရှိုင်းအောင် လုပ်ပေးလိုက်ရုံပါပဲ”

လျို့ချင်း၏ အင်အားမှာ ယောင်ပင်းနှင့် ရင်ဆိုင်ရန် လုံလောက်ပေလိမ့်မည်။

သူတစ်ပါးကို အသုံးချ၍ ညစ်ပတ်သော အလုပ်ကို လုပ်ဆောင်ခိုင်းခြင်း : ဤသည်မှာ အကောင်းဆုံးပင် ဖြစ်ပေသည်။

ကန်းခွိုက်လဲ့နှင့် မာစတာလျို့တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ သူတို့၏ မျက်နှာများပေါ်တွင် ရက်စက်သော အပြုံးများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့တော့သည်။

ငါးရက် ကြာပြီးနောက်။

ကျင့်ဟွမ်ကလပ်။

သခင်လေးမာက ကလပ်၏ တံခါးဝတွင် ရပ်တန့်လျက် တက်ကြွစွာ စောင့်ဆိုင်းနေခဲ့၏။

ယနေ့သည်က သူ၏ မွေးနေ့ ဖြစ်ပေသည်။ သူသည်က မွေးနေ့ပွဲ ကျင်းပရခြင်းကို မည်သည့်အခါမျှ မနှစ်သက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ထူးခြားသော အကြံတစ်ခုကို ရရှိခဲ့သည်။

ထို့ကြောင့် ကျင့်ဟွမ်ကလပ်တွင် သူ၏သူငယ်ချင်းများနှင့်အတူ ပျော်ပျော်ပါးပါး လူစုရန်စီစဥ်ထားခဲ့လေ၏။

ဤမတိုင်မီက သခင်လေးမာမှာ သူ၏သူငယ်ချင်းများကို အလွန်ထူးခြားသော ဧည့်သည်တစ်ဦး ယနေ့ လာရောက်မည်ဖြစ်ကြောင်း အကြိမ်ကြိမ် ကြွားဝါခဲ့ဖူးလေသည်။

သခင်လေးမာက ကလပ်တံခါးဝတွင် ရပ်လျက် ပတ်ဝန်းကျင်ကို အမြဲမပြတ် ကြည့်နေသည်ကို မြင်သောအခါ သူ၏သူငယ်ချင်းများက သူ့အား စနောက်ကြသည်။

“မာရှောက်... မင်းရဲ့ အဲဒီ ထူးခြားတဲ့ သူငယ်ချင်းက ဘယ်သူလဲ၊ မင်းရဲ့ ရည်းစားများလား”

“ဟုတ်တယ်၊ မင်း ဒီလောက်အထိ စိတ်ဝင်တစား ရှိနေတာ ရှားတယ်နော်၊ ငါ လောင်းကြေးထပ်ရဲတယ်၊ အဲဒီသူငယ်ချင်းက မင်းရဲ့ရည်းစား မဟုတ်ရင် သူဌေးသား တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်၊

မဟုတ်ရင် မာရှောက် က ဘာလို့ ဒီလောက်အထိ အလေးအနက်ထားနေမှာလဲ”

…

မာရှောက်က လက်ယမ်းပြကာ ငြင်းဆိုလိုက်သည်။

“ရည်းစားနဲ့ သူဌေးသားလား၊ မင်းတို့တွေကတော့ တကယ့်ကို အပေါစားဆန်တာပဲ ၊ ငါ မင်းတို့ကို ပြောပြမယ်၊ ငါ့သူငယ်ချင်းက အဲဒီသူဌေးသားတွေထက် အများကြီး ပိုပြီး ခန့်ညားထည်ဝါတာ

အဲဒီ လူချမ်းသာ ဒုတိယမျိုးဆက်တွေ၊ တကယ့် သူဌေးကြီးတွေရဲ့ သားသမီးတွေဆိုတာ သူ့ရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ဘူး”

သူ၏စကားကြောင့် သူငယ်ချင်းများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စပ်စုလိုစိတ်မှာ ပို၍ပင် မြင့်တက်လာခဲ့လေသည်။

“သူဌေးကြီးတွေရဲ့ သားသမီးတွေထက် ပိုပြီး ခန့်ညားတာလား၊ ဘယ်သူများလဲ”

“လျှို့ဝှက်မနေပါနဲ့တော့၊ ဘယ်သူလဲဆိုတာ ပြောပြစမ်းပါ၊ မဟုတ်ရင် ငါတို့တွေ စပ်စုချင်စိတ်နဲ့ သေတော့မယ်”

…

မာရှောက်၏ သူငယ်ချင်းများက သူ့အား တိုက်တွန်းနေကြလေသည်။

မာရှောက်မှာ အတော်လေး ဆိုးရွားပျက်စီးနေသော သူဌေးသား တစ်ဦး ဖြစ်ပြီး ယခု ပုဂ္ဂိုလ်မှာ သူ ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်း အထင်ကြီး လေးစားမိသူ ဖြစ်ပေသည်။

ထို့ကြောင့် မာရှောက်ပြောဆိုနေသော အံ့မခန်းဖွယ်ရာပုဂ္ဂိုလ်၏ အကြောင်းကို သူ၏သူငယ်ချင်း အားလုံးက သိလိုနေကြခြင်း ဖြစ်ပေသည်။

ထိုအချိန်မှာပင် တံခါးဝတွင် တက်ကြွစွာ စောင့်ဆိုင်းနေသော မာရှောက်၏ မျက်နှာမှာ ရုတ်တရက် တောက်ပသွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

“သူ ရောက်လာပြီ”

ထိုသို့ အော်ဟစ်ပြီးနောက် ထိုရောက်လာသူအား သူကိုယ်တိုင် သွားရောက် ကြိုဆိုရန် ကလပ်တံခါးဝဆီသို့ ချက်ချင်း ပြေးထွက်သွားလေတော့သည်။

သူ၏သူငယ်ချင်းများမှာလည်း ထိုသူမှာ မည်သူဖြစ်ကြောင်းနှင့် မာရှောက်ထံမှ ဤမျှ မြင့်မားသော ချီးကျူးမှုကို မည်သို့ ရရှိထားသည်ကို သိရှိရန် ကလပ်တံခါးဝဆီသို့ ချက်ချင်းပင် ဝိုင်းအုံ လိုက်သွားကြလေသည်။

သို့သော် ရောက်ရှိလာသူအား မြင်လိုက်ရသောအခါ ၎င်းတို့အားလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြရသည်။

ထိုသူမှာ နွမ်းပါးစွာ ဝတ်ဆင်ထားပြီး၊ သာမန်ကာလျှံကာဟု သာ ထင်ရပေ၏။

ဤလူငယ်လေးမှာ မာရှောက် ပြောဆိုနေသည့် အံ့မခန်းဖွယ်ရာ ပုဂ္ဂိုလ်ဆိုသည်မှာ ဟုတ်ပါ၏လော။

ရောက်ရှိလာသူအား မြင်လိုက်ရသောအခါ သခင်လေးမာ၏ သူငယ်ချင်းများအားလုံးမှာ စိတ်ပျက်သွားကြလေသည်။

သူ၏ တစ်ကိုယ်လုံးဝတ်ထားသမျှ အဝတ်အစားတန်ဖိုး၏ စုစုပေါင်းမှ ယွမ်တစ်ရာပင် မပြည့်လောက်ပေ။ ဤကောင်လေးက မတိုင်မီက မာရှောက် ကြွားဝါပြောဆိုနေသည့် အံ့မခန်းဖွယ်ရာ ပုဂ္ဂိုလ်ဖြစ်နိုင်ပါမည်လား။

အဲဒီတစ်ယောက်က အရမ်းကို နိမ့်ပါးလွန်းတဲ့အဆင့်အတန်းထဲက မဟုတ်ဘူးလား။

လူတချို့မှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်ကာ မျက်စိမှိတ်ပြလိုက်ကြ၏။

ထိုအချိန်တွင်တစ်ဦးက လှောင်ပြုံးများဖြင့် မေးမြန်းလိုက်သည်။

“မာရှောက်... မင်း သူ့ကို မိတ်မဆက်ပေးရသေးဘူး၊ ဒါက ဘယ်သူလဲ”

“ဟုတ်တယ်၊ ဟုတ်တယ် မြန်မြန် မိတ်ဆက်ပေးစမ်းပါဦး၊ မာရှောက် ဒီလောက်တောင် ကိုးကွယ်နေရတဲ့သူက ဘယ်သူလဲဆိုတာ ငါတို့ကိုလည်း သိခွင့်ပေးပါဦး၊ အမြင်ကျယ်သွားအောင်လို့”

မကြာမီမှာပင် တစ်စုံတစ်ယောက်က ထပ်မံ၍ ထောက်ခံပြောဆိုလိုက်လေသည်။

လူတိုင်း၏ လေသံမှာ လှောင်ပြောင်သရော်မှုများ ပါဝင်နေချေသည်။

မည်သည့် အသိုင်းအဝိုင်းတွင်မဆို အပြင်လူအား ဖယ်ကျဉ်လိုသော စိတ်ဓာတ်များ ရှိတတ်ကြသည်။

အထူးသဖြင့် လူချမ်းသာ ဒုတိယမျိုးဆက်များ၏ အသိုင်းအဝိုင်းတွင် ပို၍ ဆိုးပေသည်။

မာရှောက်၏ သူငယ်ချင်းများမှာ ချမ်းသာကြွယ်ဝသူများ ဖြစ်ကြပေ၏။ သူတို့သည်ပ အမြဲတစေ တစ်ပါးသူအား အထင်သေးတတ်ကြပြီး၊ မောက်မာရိုင်းစိုင်းကာ စိတ်ဆတ်သူများ ဖြစ်ကြသည်။

မာရှောက်က ဤကဲ့သို့သော ဆင်းရဲသားကောင်လေးတစ်ဦးကို ရုတ်တရက် ဖိတ်ခေါ်လာချိန်တွင် သူတို့က တစ်ဖက်လူအား ချက်ချင်းပင် စနောက်လှောင်ပြောင်ရန် ကြံစည်ကြတော့သည်။

တခြားသူများထက် ကိုယ့်ကိုယ်ကိုယ် သာလွန်သည်ဟု ယူဆထားခြင်းမှာ သူတို့၏ ပုံမှန် စိတ်နေစိတ်ထားပင် ဖြစ်၏။

မာရှောက်မှာတော့ သူ၏သူငယ်ချင်းများ လှောင်ပြောင်နေသည်ကို သတိမထားမိဘဲ စိတ်လှုပ်ရှားစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။

“ဒါက ယောင်ပင်းတဲ့၊ ငါ့ရဲ့ ဆရာပေါ့”

“ငါ မင်းတို့ကို ပြောပြမယ်၊ သူက တကယ့်ကို အစွမ်းထက်တာ”

သူ မြင်တွေ့ခဲ့သမျှ အကြောင်းအရာများကို ပြောပြရမည်ဆိုလျှင် သုံးရက်သုံးည ပြောလျှင်ပင် ကုန်နိုင်မည် မဟုတ်ပေ ။

မမျှော်လင့်ဘဲ သူ၏ဘေးမှလူက သူ့အား တစ်ချက် စိုက်ကြည့်လိုက်သောကြောင့် မာရှောက်မှာ ချက်ချင်း သတိဝင်သွားပြီး သူ၏စကားလမ်းကြောင်းကို အလျင်အမြန် ပြောင်းလဲလိုက်လေသည်။

“လာကြ၊ လာကြ၊ အပေါ်ထပ်ကို သွားကြစမ်းစို့”

*

All Chapters