အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း( ၁၃၇ )အထင်လွဲမှု
"တိရစ္ဆာန်..."
စင်အောက်မှ ဟိန်းဟောက်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
လူတိုင်း၏ အကြည့်က အသံလာရာဘက်သို့ ချက်ချင်း ရောက်ရှိသွားပြီး ဒေါသမီးတောက်ဂိုဏ်း၏ တိုက်ရိုက်တပည့် ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က ချန်လော့ကို နာကြည်းစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူမှာ အခြားသူ မဟုတ်ဘဲ ယန်ချုံထျန်းပင် ဖြစ်၏။
"မင်းက သူ့ကို သုံးကွက် အကျော ပေးမယ်လို့ အခုလေးတင် ပြောခဲ့တယ် မဟုတ်လား... ဘာလို့ တစ်ကွက်တောင် မပေးရတာလဲ..."
"မင်းက မိန်းကလေးတွေကိုတောင် လိမ်တယ်ပေါ့... အရှက်မရှိဘူးလား... မင်းက လုံးဝ အောက်တန်းကျပြီး အရှက်မရှိတဲ့ကောင်ပဲ..."
ဤသည်ကို ကြားသောအခါ ကျောက်မန်က ထောက်ခံသည့်အနေဖြင့် အပြင်းအထန် ခေါင်းညိတ်လိုက်၏။
သို့သော် ချန်လော့က ယန်ချုံထျန်း၏ မေးခွန်းထုတ်မှုများကို ရင်ဆိုင်ရချိန်တွင် တည်ငြိမ်နေဆဲပင် ဖြစ်သည်။
"မင်းစိတ် လောနေတယ် ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ အရမ်း မလောပါနဲ့..."
"ငါ သူ့ကို သုံးကွက် အခွင့်အရေး မပေးခဲ့ဘူး... ဒါပေမဲ့ အဲဒါက ဘာဖြစ်လို့လဲ..."
"ဘာလဲ... မင်းက မကျေနပ်လို့လား..."
ချန်လော့၏ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ထင်မြင်ပြီး ယုံကြည်ချက် ရှိသော အမူအရာကို မြင်သောအခါ ယန်ချုံထျန်းမှာ ပို၍ပင် ဒေါသထွက်လာတော့၏။
သူက လက်သီးကို တင်းကျပ်စွာ ဆုပ်၍ ရှေ့သို့ တစ်လှမ်း တိုးကာ ချန်လော့ဆီသို့ ပြေးဝင်ရန် ပြင်လိုက်သော်လည်း သူ့ဘေးရှိ တပည့် အချို့က တားဆီးလိုက်ကြသည်။
"စီနီယာအစ်ကို... စီနီယာအစ်ကို... စိတ်အေးအေးထားပါဦး..."
"စိတ်အလိုမလိုက်ပါနဲ့ စီနီယာအစ်ကို... စိတ်လိုက်မာန်ပါ လုပ်တာက မကောင်းပါဘူး..."
"တခြားသူတွေ ငါတို့ကို ရယ်စရာ ဖြစ်အောင် မလုပ်ပါနဲ့ စီနီယာအစ်ကို..."
...
ဒေါသမီးတောက်ဂိုဏ်းမှ တပည့် အချို့က သူ့ကို တားဆီးထားသဖြင့် ရှေ့သို့ တစ်လှမ်းမျှ မတိုးနိုင်တော့ပေ။
သူက ထိုလူအုပ်ကို တွန်းဖယ်ပစ်ချင်သော်လည်း အနောက်တွင် ဂိုဏ်းမှ အကြီးအကဲများ ရှိနေကြောင်း သတိရသွား၏။ တကယ်လို့ သူ့ကို တားဆီးနေသည့် ဤတပည့်တွေကို ကန်ထုတ်လိုက်လျှင် အကြီးအကဲ ကိုယ်တိုင် ဝင်ပါတော့မှာ သေချာသည်။
ထို့ကြောင့် သူက အံ ကြိတ်၍ ချန်လော့ကို အော်ဟစ်ရုံသာ တတ်နိုင်တော့၏။
"ချန်လော့... မင်း အောက်တန်းကျတဲ့ လူယုတ်မာ... မင်း ကတိဖျက်တယ်..."
သူက ချန်လော့ကို လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။
"မင်း... မင်း ကတိဖျက်တယ်..."
"ငါ ကတိဖျက်တော့ရော ဘာဖြစ်လဲ..."
ချန်လော့က မာနကြီးစွာဖြင့် ဆက်ပြောနေ၏။
"ကတိစကား ကို သူ ယုံတာ... သူ့ကိုယ်သူကလွဲရင် ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ..."
"ငါက အခု မင်းရဲ့ အဖေလို့ ပြောရင် မင်းက ဒူးထောက်ပြီး ငါ့ကို ကန်တော့ချင်လို့လား..."
ဤသည်ကို ကြားသောအခါ ယန်ချုံထျန်းမှာ တုန်ယင်သွားပြီး ဘေးရှိ တပည့် အချို့က ဆွဲမထားပါက သူသည် ပြေးဝင်သွားပြီး ချန်လော့နှင့် စတင် တိုက်ခိုက်နေလောက်ပြီ ဖြစ်၏။
နောက်ဆုံးတွင် ဒေါသမီးတောက်ဂိုဏ်းမှ အကြီးအကဲက ယန်ချုံထျန်းကို ဘေးသို့ ဆွဲခေါ်သွားပြီး ဆုံးမစကား ပြောလိုက်မှသာ အခြေအနေများ ငြိမ်သက်သွားတော့သည်။
သို့သော် ယန်ချုံထျန်းက ဒေါသပြေသွားပုံ မရပေ။
ချင်မုနှင့် မတိုက်ခိုက်မီ ချန်လော့ကို သူ ထပ်မံ လှည့်ကြည့်လိုက်၏။
"ချန်လော့... မင်းကို ခဏလောက် မာနကြီးခွင့် ပေးထားလိုက်မယ်..."
"ဒီအချီ ငါ နိုင်သွားရင် နောက်အချီကျရင် တကယ့် ရက်စက်မှု ဆိုတာ ဘာလဲဆိုတာကို မင်းကို ငါ ပြမယ်..."
ခဏ အကြာတွင် ယန်ချုံထျန်းက ချင်မု၏ ကန်ထုတ်ခြင်းကို ခံလိုက်ရပြီး ပြိုင်ကွင်းပေါ်မှ ကျသွားတော့၏။
ဤမြင်ကွင်းကို ကြည့်ရင်း မည်သူမျှ စကားမပြောကြပေ။
ယန်ချုံထျန်းက မြေပြင်ပေါ်မှ တိတ်တဆိတ် ထလာပြီး အဝတ်အစားများပေါ်ရှိ ဖုန်များကို ခါကာ ထွက်သွားလေသည်။
ယန်ချုံထျန်း၏ စိတ်ပျက်အားငယ်နေသော ပုံရိပ်ကို မြင်သောအခါ ကွင်းထဲရှိ လူများက မရယ်ဘဲ မနေနိုင်တော့ချေ။
"နောက်ဆုံး ပွဲစဉ်အတွက် ပြင်ဆင်ကြ..."
ယွီထျန်းစီက ပြိုင်ကွင်းဘေးရှိ အကြီးအကဲကို ပြောလိုက်၏။
နောက်ထပ် စောင့်ကြိုနေသည်မှာ မိစ္ဆာတာအို ပြိုင်ပွဲ၏ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်များအတွက် နောက်ဆုံးပိတ် အဆုံးအဖြတ်ပွဲစဉ်ပင် ဖြစ်သည်။ ဤပွဲသည် သာမန်တိုက်ပွဲတစ်ခု မဟုတ်ဘဲ အခြေခံတည်ဆောက်ခြင်းအဆင့်၏ "နံပါတ်တစ် ချန်ပီယံဆု" ကို မည်သူက ဆွတ်ခူးသွားမည်နည်းဆိုသည်ကို အဖြေရှာမည့် ဂုဏ်သိက္ခာအရှိဆုံး တိုက်ပွဲလည်း ဖြစ်ပေသည်။
"နောက်ပွဲစဉ်က..."
သို့သော် အကြီးအကဲ စကားမဆုံးခင်မှာပင် ချန်လော့က ရုတ်တရက် လက်ကို မြှောက်၍ ကွင်းထဲတွင် အော်ဟစ်လိုက်၏။
"ခဏလေး စောင့်ပါဦး... ကျွန်တော် အိမ်သာ သွားချင်လို့..."
ဤသည်ကို ကြားသောအခါ ယွီထျန်းစီက မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့ အခုလို အချိန်ကြီးမှ သွားရတာလဲ... အောင့်ထား... တိုက်ပွဲ ပြီးမှ သွား..."
ချန်လော့မှာ ချက်ချင်း မကျေမနပ် ဖြစ်သွား၏။
ကျစ်... သူတို့က ငါ့ကို အိမ်သာထဲမှာ နေခွင့် မပေးဘူး ဆိုရင် ငါ လုပ်ထားတဲ့ အဆိပ်တွေ အကုန် အလဟဿ ဖြစ်သွားမှာပေါ့..
တိုက်ပွဲ ပြီးမှ အဆိပ်က အာနိသင် ပြလာရင် ဘာအသုံးကျတော့မှာလဲ...
"ကျွန်တော် အိမ်သာ သွားကို သွားရမယ်..."
ချန်လော့က ထပ်မံ အော်ဟစ်လိုက်၏။
ယွီထျန်းစီက မျက်မှောင်ကြုတ်၍ ချန်လော့ကို သိသာထင်ရှားစွာ စိတ်မရှည်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"အောင့်ထားလိုက်စမ်းပါ..."
"အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က ချေးပါချင်တာလေးကို မအောင့်ထားနိုင်ဘူးလား..."
သို့သော် ချန်လော့ကလည်း ထပ်တူပင် အလျှော့မပေးပေ။
"ကျွန်တော့်ကို သွားခွင့် မပေးဘူး ဆိုရင် အခုချက်ချင်း ပြိုင်ကွင်းပေါ်မှာ ဘောင်းဘီ ချွတ်ပြီး ချန်ရှင်းဂိုဏ်းကို အရှက်ခွဲပစ်မယ်..."
အနီးနားတွင် ရပ်နေသော တပည့်များ အားလုံးက ချန်လော့ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
အဲဒီလို ပြောလို့ ရလို့လား...
ဤသည်ကို ကြားသောအခါ ယွီထျန်းစီ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားတော့၏။
ဒီကောင်လေးက လုံးဝ အရှက်မရှိဘူးပဲ...
သို့သော် ချန်လော့က ဤအဆင့်အထိ ရောက်နေပြီ ဖြစ်သဖြင့် သူ့ကို ဆက်၍ မတားရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် ချန်လော့က တကယ်ပဲ ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခုခုကို လုပ်လာမည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်၏။
သေချာသည်မှာ... ဘောင်းဘီချွတ်ပြီး ပြိုင်ကွင်းပေါ်တက်တိုက်မည်ဟူသော အကြံအစည်မှာ လက်တွေ့တွင် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ ချန်လော့ဆိုသည်မှာလည်း ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် အရှုံးခံမည့်သူမျိုး မဟုတ်ခဲ့။
သို့သော်လည်း ချန်လော့သည် တပည့်အချို့ကို ဖမ်းဆီးပြီး လူပုံအလယ်တွင် သူတို့၏ ဘောင်းဘီများကို ချွတ်ပစ်နိုင်သည့် အစွမ်းရှိသလို၊ ထိုသို့လုပ်ရန်အတွက်လည်း သတ္တိက အပြည့်အဝ ရှိနေလေသည်။
ခွင့်ပြုချက် ရရှိပြီးနောက် ချန်လော့က ပျော်ရွှင်စွာ ထွက်သွားလေ၏။
ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက ချန်လော့ကို အပြုံးတစ်ပွင့်ဖြင့် ကြည့်လိုက်သည်။
"ခင်ဗျားတို့ ဂိုဏ်းက တပည့်တွေ အားလုံးက အရမ်း ထူးခြားကြတာပဲ..."
ဤသည်ကို ကြားသောအခါ ယွီထျန်းစီမှာ အကူအညီမဲ့စွာ ပြုံးရုံသာ တတ်နိုင်တော့ပြီး ဘာမှ ထပ်မပြောတော့ချေ။
...
မိနစ်နှစ်ဆယ် ကြာပြီးနောက် ချန်လော့သည် အိမ်သာဘက်မှ ပြန်ရောက်လာ၏။ သို့သော် ချန်လော့၏ တိကျသော တွက်ချက်မှုများအရ အဆိပ် အာနိသင် ပြရန် အနည်းဆုံး ၁ မိနစ်မှ ၂ မိနစ်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။
စောစော ပြန်လာရခြင်း၏ အကြောင်းရင်းမှာ လူတိုင်း တစ်ပြိုင်နက်တည်း အိမ်သာ သွားချင်လာပါက ယွီထျန်းစီနှင့် အခြားသူများက ပြဿနာကို တွေ့ရှိသွားပြီး ပြိုင်ပွဲကို ဖျက်သိမ်းလိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ယခု ဆေးအာနိသင် ပြရန် တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ခန့် လိုသေးသဖြင့် ဆေးအာနိသင် ပြလာသည့် အချိန်အထိ ပြိုင်ပွဲကွင်းပေါ်တွင် အချိန်ဆွဲထားနိုင်မည်။
ချန်လော့က ချင်မုကို အနိုင်ယူနိုင်စွမ်း ရှိ၊ မရှိ သေချာ မသိသော်လည်း သူ့ကို တစ်မိနစ်၊ နှစ်မိနစ်ခန့် ထိန်းထားနိုင်မည်ဟု ယုံကြည်ချက် ရှိ၏။
"မင်း ပြန်မလာဘူး ဆိုရင် မင်းကို အိမ်သာထဲကနေ သွားဆယ်ဖို့ လူလွှတ်တော့မလို့..."
ယွီထျန်းစီက သူ့ကို ကြည့်၍ ပြောလိုက်၏။ ချန်လော့က အိမ်သာထဲတွင် မိနစ်နှစ်ဆယ်ကျော် ကြာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ချန်လော့က အနည်းငယ် ပြုံးလိုက်ပြီး ယွီထျန်းစီ၏ စကားကို မငြင်းဆိုခဲ့ပေ။ သူသည် ဤကဲ့သို့သော ကိစ္စများကို အာရုံမစိုက်ချင်တော့ချေ။
သူ ပြိုင်ကွင်းပေါ်သို့ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် မျက်နှာချင်းဆိုင်မှ ချင်မုကလည်း တက်လာ၏။
"မင်း ငါ့ကို လေးစားအားကျတယ် ဆိုတာ ငါ သိပါတယ်... အဲဒါကြောင့် ငါ အကောင်းဆုံး ကြိုးစားပါ့မယ်..."
ချင်မုက ပြောလိုက်သည်။
ဤသည်ကို ကြားသောအခါ ချန်လော့မှာ အံ့အားသင့်သွား၏။
"ငါ မင်းကို လေးစားအားကျတယ်..."
ချင်မုက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ငါတို့ ပထမဆုံး တွေ့တုန်းက မင်း ငါ့ကို လေးစားအားကျတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တာလေ..."
"နောက်တော့ မင်းက ငါ့ကို အထူးဟင်းလျာတွေ စားဖို့တောင် ခေါ်သွားသေးတယ်... ပြီးတော့ နောက်လည်း ခေါ်သွားဦးမယ်လို့ ကတိပေးခဲ့သေးတယ်... မင်း ငါ့ကို တကယ် တန်ဖိုးထားတာပဲ..."
"အဲဒါကြောင့် မင်းကို ငါ စိတ်မပျက်စေရပါဘူး... မင်းကို အနိုင်ယူဖို့ ငါ အကောင်းဆုံး ကြိုးစားပါ့မယ်..."
ချန်လော့က အကူအညီမဲ့စွာ ပြုံးလိုက်၏။
ဒီကိစ္စက လေးစားအားကျတာနဲ့ ဘာဆိုင်လို့လဲ...
သို့သော် သူက သိပ်ဂရုမစိုက်ဘဲ ချင်မုကို ကြည့်၍ ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... မင်း အသင့်ဖြစ်ပြီလား..."
"အသင့်ဖြစ်ပြီ..."
မင်း တကယ် အသင့်ဖြစ်ပြီလား...
"ငါ တကယ် အသင့်ဖြစ်ပါပြီ..."
“မင်း တကယ်၊ တကယ်၊ တကယ် အသင့်ဖြစ်ပြီလား...”
"ငါ တကယ်၊ တကယ်၊ တကယ် အသင့်ဖြစ်ပါပြီ..."
"မင်း တကယ်..."
"ဝှစ်..."
ကျောက်ခဲ တစ်လုံးက ချန်လော့ဆီသို့ ရုတ်တရက် လွင့်ပျံလာပြီး သူ၏ စကားကို ဖြတ်တောက်လိုက်၏။
ကံကောင်းထောက်မစွာဖြင့် ချန်လော့က လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။
လူတိုင်းက ကျောက်ခဲ လွင့်ပျံလာရာ အရပ်သို့ ကြည့်လိုက်ရာ ချန်ရှင်းဂိုဏ်း၏ ဂိုဏ်းချုပ် ယွီထျန်းစီက ဒေါသတကြီး အမူအရာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရ၏။
"မင်း ထပ်မေးကြည့်လိုက်စမ်း... ငါ အပေါ်တက်ပြီး မင်းကို အခုချက်ချင်း အသင့်ဖြစ်အောင် လုပ်ပေးလိုက်မယ်..."
ဤမြင်ကွင်းကို မြင်သောအခါ ချန်လော့ခမျာ သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။
"ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် ငါ့အချိန်တွေကို ဒီမှာ ဖြုန်းတီးနေရတာ... ဒါပေမဲ့ ငါ ရလိုက်တာက သူတို့ရဲ့ အေးစက်တဲ့ ဆက်ဆံမှုပဲ..."
"တကယ်တော့ ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ရတဲ့ သူတွေကို လောကကြီးက ဘယ်တော့မှ နားမလည်ပေးဘူး..."
အခန်း( ၁၃၈) တစ်ခုခုတော့ မှားနေပြီ
"ဒီနေ့တော့ ဘယ်သူ နိုင်တယ်၊ ဘယ်သူ ရှုံးတယ် ဆိုတာကိုပဲ ဆုံးဖြတ်ကြမယ်... ဘယ်သူ သေတယ်၊ ဘယ်သူ ရှင်တယ် ဆိုတာကို မဆုံးဖြတ်ဘူး...”
"ကောင်းပြီလေ... အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့..."
"ငါ မင်းကို လေးစားအားကျပါတယ်... အဲဒါကြောင့် မင်း အားကုန်ထုတ်တာ ပိုကောင်းမယ်..."
"ငါ လုပ်မှာပါ..."
"ငါတို့ရဲ့ တိုက်ပွဲကို ငါ တကယ် မျှော်လင့်နေပါတယ်..."
...
စင်ပေါ်တွင် ချန်လော့နှင့် ချင်မုတို့က အလှည့်ကျ သီချင်းဆိုနေကြ၏။
စင်အောက်တွင် ယွီထျန်းစီ၏ သွားများမှာ အမှုန့်ဖြစ်မတတ် ကြိတ်ခံနေရသည်။
ချန်လော့၏ ခေါင်းထဲတွင် မည်သည့်အကြံအစည်များ ရှိနေသည်ကို သူ လုံးဝ ခန့်မှန်း၍ မရတော့ပေ။ ချန်လော့သည် တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိလာသည်နှင့် ချက်ချင်းတိုက်ခိုက်ခြင်း မပြုပေ။ ထို့အပြင် နားဝင်ဆိုးပြီး နေရခက်စေသည့် စကားများကို တရစပ်ပြောဆိုကာ အချိန်ဆွဲနေခဲ့ရာ ထိုလုပ်ရပ်က သူ့ကို ဒေါသအမျက် ချောင်းချောင်းထွက်လုမတတ် ဖြစ်သွားစေခဲ့သည်။
"ဂိုဏ်းချုပ်... ကျွန်တော် ဗိုက်နာနေလို့ အိမ်သာ သွားချင်တယ်..."
တပည့်တစ်ယောက်က အနည်းငယ် ဖြူဖျော့နေသော မျက်နှာဖြင့် လျှောက်လာပြီး ပြောလိုက်၏။
ယွီထျန်းစီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး လက်ကာပြကာ သွားခွင့်ပြုလိုက်သည်။
ဤသည်ကို မြင်သောအခါ အခြား တပည့်များကလည်း လျှောက်လာပြီး အိမ်သာ သွားချင်ကြောင်း ပြောကြ၏။
ထိုအချိန်တွင် ယွီထျန်းစီမှာ ဒေါသထွက်နေသဖြင့် သိပ်ပြီး မတွေးတောခဲ့ပေ။ သူသည် လက်ကာပြလိုက်ရုံဖြင့် သူတို့ကို ထွက်သွားရန် အချက်ပြလိုက်သည်။
မကြာမီမှာပင် ကွင်းထဲရှိ တပည့် ရာပေါင်းများစွာ၏ တစ်ဝက်ကျော်ခန့် ထွက်သွားကြ၏။
ထိုအခိုက်အတန့်တွင် သူ၏ နေရာက ရုတ်တရက် ပိုမို ကျယ်ဝန်းသွားသလို ယွီထျန်းစီ သတိပြုမိသွားပုံရသည်။
"အိမ်သာ သွားတာက ကူးစက်ရောဂါ ရနေသလိုမျိုး ဘာလို့ ကူးစက်နေရတာလဲ..."
ထိုအချိန်တွင် ပြိုင်ကွင်းပေါ်၌...
"အခု ဘာပြဿနာမှ မရှိတော့ဘူး ဆိုတော့ စလိုက်ကြရအောင်..."
ချန်လော့က အလားတူ စကားမျိုး ပြောလိုက်ပြီး ဤစကားကို သူ ပြောခဲ့သည်မှာ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ရှိပြီ ဖြစ်၏။
သို့သော် သူသည် အဆက်မပြတ် အချိန်ဆွဲနေပြီး မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့ပေ။
ချန်လော့တစ်ယောကိ အဓိပ္ပာယ်မဲ့ စကားများ ပြောဆိုနိုင်စွမ်း ရှိရခြင်းမှာ သူ၏ ယခင် ကုမ္ပဏီတွင် အလုပ်လုပ်စဉ်က အငယ်တန်း မန်နေဂျာများ ပြုလုပ်သော အစည်းအဝေးများကြောင့် ဖြစ်သည်။
၎င်းမှာ အခြေခံအားဖြင့် ဘာပြဿနာမှလည်း မဖြေရှင်းနိုင်၊ ဘာကိုမှလည်း ရှင်းရှင်းလင်းလင်း မရှိလှဘဲ အချိန်ကိုသာ နာရီနှင့်ချီ၍ ဖြုန်းတီးပစ်တတ်သော အနှစ်မရှိသည့် အစည်းအဝေးတစ်ခုနှင့် တူလှသည်။ ချန်လော့သည် ထိုကဲ့သို့ အချိန်ဖြုန်းသည့်နေရာတွင်မူ တကယ့်ကို နံပါတ်တစ် ဆရာကြီးပင် ဖြစ်တော့သည်။
ထိုသို့သော အချိန်ဖြုန်းနည်းဗျူဟာထဲမှ သူ အားလုံး သင်ယူခဲ့မည် ဆိုလျှင် မိုးချုပ်သည်အထိတောင် စကားပြောလို့ ပြီးမည် မဟုတ်ပေ။
သူတို့ အချိန်အတော်ကြာ စကားပြောနိုင်ခဲ့ခြင်းမှာ ချန်လော့၏ စကားရှည်ရှည် ပြောနိုင်စွမ်းကြောင့်သာမက ချင်မုကြောင့်လည်း ဖြစ်၏။
တစ်ဖက်ရှိ ချင်မုကလည်း အတော်လေး ရိုးသားသော ကလေးတစ်ယောက် ဖြစ်သည်။ ချန်လော့က ဟန်ဆောင်နေခြင်း မဟုတ်ဘဲ သူနှင့် စကားပြောနေရုံသာ ဖြစ်သည်ကို မြင်သောအခါ သူက အဆက်မပြတ် ပြန်ဖြေနေခဲ့၏။
ထို့ကြောင့် မသိလိုက်ခင်မှာပဲ ချန်လော့နဲ့ စကားပြောနေတာ တစ်မိနစ်ကျော်သွား၏။
ဤအခိုက်အတန့်တွင် ချင်မုက ချန်လော့ကို ဆက်လက် ဖြေကြားရန် ပါးစပ် ဟလိုက်သော်လည်း ရုတ်တရက် သူ၏ ဝမ်းဗိုက်ထဲတွင် လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရပြီး မနှစ်မြို့ဖွယ် ခံစားချက် တစ်ခုက သူ၏ ရင်ထဲတွင် ပေါ်ပေါက်လာ၏။
"ချန်လော့... ငါ..."
ချန်လော့က ချင်မု၏ လက်ရှိ အခြေအနေကို ချက်ချင်း သတိပြုမိသွားပြီး သူ၏ မျက်နှာက ဝမ်းသာအားရ ဖြစ်သွား၏။ ထို့နောက် သူက အချိန်မဖြုန်းတော့ပေ။
"ငါတို့ ချက်ချင်း စလို့ ရပြီလား..."
"မင်း ဆက်မစောင့်နိုင်တော့ဘူး မဟုတ်လား... ကောင်းပြီလေ... တိုက်ပွဲကို စလိုက်ကြရအောင်”
အနည်းငယ်မျှ ချီတုံချတုံ မဖြစ်ဘဲ သူ၏ ရှည်လျားသော ဓားကို ချင်မုဆီသို့ လွှဲချလိုက်၏။
ဤသည်ကို မြင်သောအခါ ချင်မုမှာ ချက်ချင်း လန့်သွားပြီး အလျင်အမြန် နောက်ဆုတ်သွားသည်။
"ချန်လော့... ငါ ဆိုလိုတာက ငါ..."
"မင်း ငါ့ကို အားကုန်ထုတ်စေချင်တာလား... ကောင်းပြီလေ”
ချန်လော့က အော်ဟစ်လိုက်ပြီး သူ၏ တိုက်ခိုက်မှု အရှိန်က ပို၍ပင် မြန်ဆန်လာ၏။
ချန်လော့၏ အဆက်မပြတ် ဓားဖြင့် တိုက်ခိုက်မှုများကို ကြည့်ရင်း ချင်မု၏ မျက်နှာက မည်းမှောင်သွားသည်။
ထိုအခိုက်အတန့်တွင် ထိန်းချုပ်၍ မရနိုင်သော စွမ်းအားတစ်ခုက အဆက်မပြတ် ထွက်ပေါ်လာရန် ကြိုးစားနေသည်ကို သူ ခံစားလိုက်ရ၏။
ဤစွမ်းအားကို ဖိနှိပ်ထားရန်အတွက် ချန်လော့နှင့် တိုက်ခိုက်ရာတွင် သူ၏ စွမ်းအား အပြည့်အဝကို ထုတ်မသုံးရဲပေ။
အဘယ်ကြောင့်ဆိုသော် သူ ချန်လော့ကို အားကုန်ထုတ် တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်၏။
ထိုအချိန်ကျရင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာနိုင်သည်။
အဲဒီလိုသာ ဖြစ်သွားရင် သူ တစ်သက်လုံး ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး...
"ချန်လော့... ငါ... ငါ..."
"ငါ့ကို ပိုပြင်းပြင်း တိုက်ခိုက်စေချင်တာ မဟုတ်လား... ငါ နားလည်ပြီ”
ချန်လော့က ကျယ်လောင်စွာ ပြောလိုက်ပြီး ချင်မုဆီ ဆက်လက် ချဉ်းကပ်သွားသည်။ စကားဆုံးအောင်ပင် ပြောခွင့် မပေးခဲ့ချေ။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ချင်မု၏ မျက်နှာက ပိုပို၍ ဆိုးရွားလာ၏။
ချန်လော့ ဖော်စပ်ထားသော အဆိပ်က အတော်လေး ပြင်းထန်ကြောင်း သိသာလှသည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့..."
"ထွက်သွား... ငါ့ကို စကားမပြောနဲ့... သွားချင်ရင် သွား..."
ယွီထျန်းစီ၏ မျက်လုံးများက ပြိုင်ကွင်းကို စူးစိုက်ကြည့်နေပြီး အိမ်သာသွားသော တပည့်များကို အာရုံစိုက်ရန် စိတ်ဝင်စားမှု မရှိပေ။
အခြေအနေက ချန်လော့အတွက် အလွန် အကျိုးရှိနေပုံ ပေါ်သော်လည်း ချင်မုက ဘာကြောင့် မတိုက်ခိုက်ဘဲ အဆက်မပြတ် ရှောင်တိမ်းနေသနည်း ဆိုသည်ကို သူ မသိပေ။
ချန်လော့သာ အနိုင်ရလျှင် ယခုနှစ် မိစ္ဆာတာအို ပြိုင်ပွဲ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ချန်ပီယံမှာ သူတို့၏ ချန်ရှင်းဂိုဏ်း ဖြစ်လာမည် ဖြစ်၏။
ယန်ချင်းချွမ်က ရွှေမြုတေအဆင့် အသင်းမှာလည်း ရှိနေတော့ ငါတို့ သေချာပေါက် နိုင်မှာပဲ...
ဒီလိုဆိုရင် ချန်ရှင်းဂိုဏ်းက ချန်ပီယံဆု နှစ်ခုတောင် ရနိုင်မှာပေါ့..
ဤအကြောင်း တွေးလိုက်ရုံဖြင့် ယွီထျန်းစီ တစ်ယောက် သူ့နှုတ်ခမ်းပေါ်က အပြုံးကို ထိန်းမထားနိုင်တော့ပေ။
"ကြည့်ရတာ ငါတို့ ချန်ရှင်းဂိုဏ်းရဲ့ တပည့်က တခြားသူတွေထက် တစ်ပန်းသာနေတုန်းပဲ ထင်တယ်..."
ယွီထျန်းစီက သူ့ဘေးရှိ ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲကို ကြည့်၍ ရယ်မောလိုက်၏။
သို့သော် ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက အကြောင်းမပြန်ပေ။ ယင်းအစား သူသည် ပြိုင်ကွင်းပေါ်ရှိ လူနှစ်ယောက်ကို ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"ချင်မုရဲ့ မျက်နှာအမူအရာက နည်းနည်း ထူးဆန်းနေသလိုပဲ..."
ပြဿနာကို သူ အာရုံခံမိသွား၏။
သို့သော် ယွီထျန်းစီက တည်ငြိမ်စွာ ပြုံးလိုက်ရုံသာ ပြုလုပ်လိုက်သည်။
"ဒီလိုမျိုး ဖိနှိပ်ခံရပြီး ပြန်တိုက်ဖို့ အခွင့်အရေး မရှိတဲ့ သူတိုင်းက စိတ်မသက်မသာ ဖြစ်နေမှာပဲလေ..."
"မဟုတ်ဘူး... ငါ ဆိုလိုတာက အဲဒါ မဟုတ်ဘူး... ပြိုင်ပွဲကို ခဏ ရပ်ပေးလို့ ရမလား... ချင်မုက ပြဿနာ တစ်ခုခု ကြုံနေရပုံပဲ..."
ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
သို့သော် ယွီထျန်းစီက ဤသည်ကို ကြားသောအခါ ချက်ချင်း ခေါင်းခါလိုက်သည်။
"သွားစမ်းပါ... ချန်လော့က အသာစီး ရနေလို့ မင်းက အရှုံးမပေးချင်တာပဲ မဟုတ်လား... မင်း ဘာတွေ ပြောနေလဲ ဆိုတာကို ငါ မသိဘူးလို့ မထင်နဲ့နော်..."
ဤသည်ကို ကြားသောအခါ ရာက္ခသတံခါးဂိုဏ်းမှ အကြီးအကဲမှာ ယွီထျန်းစီကို ပါးရိုက်ချင်လောက်အောင် ဒေါသထွက်သွား၏။
သို့သော် နောက်ဆုံးတွင် သူက ထိန်းချုပ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာက တစ်ဖက်လူ၏ နယ်မြေ ဖြစ်သည် မဟုတ်လော။
သို့သော် ပြိုင်ပွဲကို ရပ်တန့်ရန် အကြံအစည်ကို သူ မစွန့်လွှတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ချင်မု၏ အမူအရာက တကယ်ကို ထူးဆန်းနေကြောင်း သူ မြင်နိုင်သောကြောင့် ဖြစ်၏။
ယခု ခံစားနေရသော "တစ်ခုခု မှားယွင်းနေပြီ" ဆိုသည့် ခံစားချက်မှာ အစွမ်းထက်သော ရန်သူနှင့် ထိပ်တိုက်တွေ့ပြီး လက်ဖျားပင် မလှုပ်နိုင်အောင် ဖိနှိပ်ခံရသည့် ခံစားချက်မျိုး မဟုတ်ပေ။ ၎င်းမှာ အပြင်သို့ အတင်းတိုးထွက်လာတော့မည့် အရာတစ်ခုခုကို မရမက တားဆီးနေရသကဲ့သို့ နာကျင်မှုနှင့်အတူ မသက်မသာဖြစ်နေသည့် ဝေဒနာမျိုးသာ ဖြစ်သည်။
သို့သော် သူနှင့် ယွီထျန်းစီတို့ ထိုခံစားချက်အကြောင်းကို တစ်ဦးနှင့်တစ်ဦး စကားပင် မဖလှယ်နိုင်သေးခင်မှာပင် ပြိုင်ကွင်းထက်ရှိ အခြေအနေများက ရုတ်ခြည်း ပြောင်းလဲသွားပြန်တော့သည်။
"ငါ... ငါ ဆက်မပြိုင်တော့ဘူး!"
ချင်မုက ရုတ်တရက် အော်ဟစ်လိုက်ပြီးနောက် သူ၏ ရှည်လျားသော ဓားကို ပစ်ချကာ ပြိုင်ကွင်းပေါ်မှ ခုန်ဆင်းသွားလေသည်။
ဤသည်ကို မြင်သောအခါ ယွီထျန်းစီနှင့် အခြား အကြီးအကဲများ အားလုံး အံ့အားသင့်သွားကြ၏။
သူတို့ ဘာလို့ ရုတ်တရက်ကြီး ပြိုင်ပွဲကို ရပ်လိုက်ကြတာလဲ" ဟု ကြည့်ရှုနေသူများအကြား ဝေခွဲမရဖြစ်ကုန်ကြသည်။ ချင်မုနှင့် ချန်လော့တို့သည် အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ မှန်သော်လည်း နှစ်ဦးစလုံးက တကယ့်စွမ်းအားအစစ်အမှန်ကို ထုတ်မသုံးကြသေးသည်မှာ အသိသာကြီးပင်။ သူတို့၏ ကိုယ်ပိုင်စွမ်းအား ၃၀ ရာခိုင်နှုန်းကိုတောင် အသုံးမပြုရသေးဟု အားလုံးက ယူဆနေကြသည်။
သို့သော် ပရိသတ်များ မသိခဲ့သည့်အရာမှာ ချန်လော့သည် လက်ရှိအခြေအနေတွင် စွမ်းအားကုန်သုံးရန် မလိုအပ်သေးဟု ခံစားရသောကြောင့် တမင်သက်သက် ထိန်းထားခြင်းဖြစ်ပြီး၊ ချင်မုကမူ သူ၏စွမ်းအားအစစ်အမှန်ကို ထုတ်သုံးလိုက်ပါက ထိန်းချုပ်ထားသည့်အရာ လွတ်ထွက်သွားမည်ကို စိုးရိမ်သောကြောင့် အစွမ်းကုန် မတိုက်ခိုက်ရဲဘဲ ဖြစ်နေခြင်းပင်။
ချင်မုက ပြိုင်ပွဲကို အရှုံးပေးလိုက်ရသည့် အကြောင်းရင်းမှာ ဤအတိုင်း ဆက်သွားပါက တစ်မိနစ်ပင် မကြာသော အချိန်အတွင်း ထိန်းချုပ်မရ ဖြစ်သွားမည်ကို သူ ကောင်းကောင်း သိသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ချင်မုက သူ၏ လူမှုအသိုင်းအဝိုင်းထဲတွင် မျက်နှာပျက်ရခြင်းနှင့် တိုက်ပွဲတွင် ရှုံးနိမ့်ခြင်းကြား လျင်မြန်စွာ ရွေးချယ်လိုက်၏။
ချင်မုသည် အိမ်သာဆီသို့ ရုတ်တရက် ပြေးသွားရာ သူ၏ အရှေ့တွင် တပည့်အုပ်စုကို တွေ့လိုက်ရပြီး ချက်ချင်း အော်ဟစ်လိုက်သည်။
"ဖယ်စမ်း... အားလုံး ဖယ်ကြစမ်း”
သူတို့သည် ပခုံးဖက်လျက် အိမ်သာသို့ အတူတူ သွားနေကြသော တပည့် တစ်စု ဖြစ်၏။
သူတို့သာ မြန်မြန် လျှောက်လိုက်ရင် မီတော့မှာ မဟုတ်ဘူးလို့ ခံစားရ၍ တမင်တကာ ဖြည်းဖြည်း လျှောက်နေကြသော်လည်း၊
မထင်မှတ်ဘဲ ချင်မုက ရုတ်တရက် ပြေးလာပြီး သူတို့ကို တွန်းဖယ်လိုက်၏။
"ချီးပဲ!"
ခွဲခြားဆက်ဆံခံရသော တပည့်တစ်ယောက်က အော်ဟစ်လိုက်ပြီး သူ၏ ဟန်ချက် ပျက်သွားကာ မြေပြင်ဆီသို့ လဲကျသွားသည်ကို ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် သူက လက်နှစ်ဖက်ကို ဆန့်ထုတ်၍ မြေပြင်ကို ထောက်ထားနိုင်ခဲ့သဖြင့် မျက်နှာနှင့် မြေကြီး မိတ်ဆက်ခြင်းမှ ရှောင်လွှဲနိုင်ခဲ့၏။
"အဆင်ပြေပါတယ်..."
တပည့်ဖြစ်သူက သက်ပြင်းချလိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
"ခဏလေး နေဦး”
"ဖူး~~"
ထိန်းချုပ်မှု လွတ်သွားသော သူ၏ စအိုကြွက်သားများက ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ချက်ချင်း ပေါက်ကွဲထွက်လာပြီး သူ၏ ဘောင်းဘီများက ဆေးသုတ်ခံလိုက်ရသည့်အလား မျက်စိတစ်မှိတ်အတွင်း လုံးဝ အင် ပြောင်းသွားတော့၏။
ထိုနေရာရှိ လူအားလုံးမှာ သူတို့ မြင်လိုက်ရသည့် အရာကြောင့် ဆွံ့အသွားကြသည်။
ထိုတပည့်မှာမူ ယုံကြည်မှုများ ဆုံးရှုံးသွားသည့်အလား ဘုန်းခနဲ လဲကျသွားတော့၏။