← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉)

ရုပ်ရှင်ကြည့်လျှင် ပေါက်ပေါက်က မရှိမဖြစ် လိုအပ်၏

ရုပ်ရှင်ကြည့်ရမည်ဆိုသည့် စကားကြောင့် လူတိုင်း စိတ်လှုပ်ရှားနေကြပြီး ဧည့်သည်များ အမြန်ပြန်သွားရန် ခါတိုင်းထက် ပို၍ မျှော်လင့်နေကြသည်။

နောက်ဆုံးတွင် ပစ္စည်းများ အကုန်ရောင်းထွက်သွားပြီးနောက် မော့ချွမ်း တံခါးကို အမြန်ပိတ်လိုက်သည်။

အချိန်စောသေးသဖြင့် အားမန်လည်း ရုပ်ရှင်ကြည့်ရန် နေခဲ့သည်။

ဟွာကျွင်း အာလူးကြော်၊ ကိုကာကိုလာနှင့် မုန့်အချို့ကို ထုတ်ယူလာပြီးနောက် ခဏစဉ်းစားကာ ပြောလိုက်၏။

“ပေါက်ပေါက် မပါဘဲနဲ့ ရုပ်ရှင်ကြည့်လို့ ဘယ်ဖြစ်မလဲ”

ယခင် ပစ္စည်းဝယ်စဉ်က ဆိုင်ရှင်ပေးလိုက်သည့် ပေါက်ပေါက်လုပ်ရန် ပြောင်းဖူးစေ့ နှစ်အိတ်ရှိသည်ကို သူမ သတိရသွားသည်။ ၎င်းမှာ အပူပေးရုံဖြင့် အလွယ်တကူ ပေါက်သွားနိုင်သည့် အမျိုးအစားဖြစ်သည်။

သူမ ညွှန်ကြားချက်များကို ဖတ်ကြည့်ပြီးနောက် ဒယ်အိုးတစ်လုံးကို ထုတ်ကာ ပြောင်းဆီ အနည်းငယ် ထည့်လိုက်သည်။ ထို့နောက် ပြောင်းဖူးစေ့များ ထည့်ကာ မီးအသင့်အတင့်ဖြင့် ဖြည်းဖြည်းချင်း မွှေပေးနေသည်။

ဟွာရှန့် သိချင်စိတ်ဖြင့် မေးလိုက်၏။

“ပြောင်းဖူးစေ့တွေကို ဒီအတိုင်း စားလို့ရတာပဲ။ ဘာလို့ ဆီနဲ့ ကြော်နေတာလဲ”

သူမ စကားပင် မဆုံးသေးမီ “ဖောက်” ခနဲ အသံနှင့်အတူ ပထမဆုံး ပြောင်းဖူးစေ့မှာ အိုးထဲတွင် ပေါက်ထွက်သွားသည်။

ဘေးတစ်ဖက်တွင် ရပ်နေသော ဟွာရှန့်နှင့် အားမန်တို့မှာ လန့်သွားကြ၏။

ဟွာကျွင်း အိုးအဖုံးကို အုပ်လိုက်ပြီး မီးကို လျှော့ကာ အိုးကို အဆက်မပြတ် လှုပ်ပေးနေသည်။ ချက်ချင်းပင် အိုးထဲမှ နှစ်သစ်ကူးပွဲတော်ကဲ့သို့ တဖျောက်ဖျောက် တဖြုန်းဖြုန်း အသံများ ထွက်ပေါ်လာတော့သည်။

မော့ချွမ်း ခေါင်းပြူကြည့်ကာ မေးလိုက်၏။

“ခင်ဗျားတို့ ဗြောက်အိုးဖောက်နေတာလား၊ အတော်လေး စည်ကားနေတာပဲ”

“ခဏနေရင် ရှင်သိရမှာပေါ့”

မကြာမီမှာပင် အိုးထဲမှ အသံများ တဖြည်းဖြည်း တိတ်သွားသည်။ ဟွာကျွင်း မီးပိတ်ပြီး အဖုံးကို ဖွင့်လိုက်ရာ မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာသည်။ မူလက မာကျောသော ပြောင်းဖူးစေ့လေးများသည် ပွင့်အာနေသော ပန်းဖြူလေးများကဲ့သို့ နူးညံ့သည့် ပေါက်ပေါက်များအဖြစ် ပြောင်းလဲသွားပြီး အိုးထဲတွင် ပြည့်နှက်နေသည်။

“ဝါး၊ မှော်ပညာလိုပဲ။ ပြောင်းဖူးစေ့တွေက ပန်းပွင့်လေးတွေ ဖြစ်သွားတာပဲ”

ဟွာရှန့် အံ့သြတကြီး အော်လိုက်၏။

“ဒါတင် မကသေးဘူးနော်”

ဟွာကျွင်းသည် အခြားသံအိုးတစ်လုံးကို ယူကာ ရေအေးနှင့် သကြားဖြူ ထည့်လိုက်သည်။ ထို့နောက် အိုးထဲတွင် ပူဖောင်းများစွာ ထွက်လာသည်အထိ မီးအပူပေးလိုက်၏။ ထိုအချိန်တွင် ထောပတ်တုံးလေးတစ်တုံးကို ထည့်ကာ ဖြည်းဖြည်းချင်း အရည်ဖျော်လိုက်သည်။

မကြာမီ ထောပတ်များ လုံးဝ အရည်ပျော်သွားသည့်အခါ ပေါက်ပေါက်များကို အိုးထဲသို့ ပြန်ထည့်ကာ တစ်စေ့ချင်းစီတွင် ထောပတ်များ နံ့သွားအောင် သေချာမွှေပေးလိုက်သည်။ အဖြူရောင် ပေါက်ပေါက်လေးများသည် ရွှေဝါရောင်သို့ ပြောင်းလဲသွားမှသာ လုံးဝ ပြီးစီးသွားတော့သည်။

ထိုအချိန်တွင် စားပွဲပေါ်၌ မုန့်အချို့ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ ဟွာကျွင်း ပရိုဂျက်တာကို ယူလာပြီး နံရံပေါ်၌ ရုပ်ရှင်ပြသလိုက်၏။

ဟွာကျွင်းသည် မည်သည့်ရုပ်ရှင်ကို ရွေးချယ်ရမှန်း မသိသဖြင့် အခက်တွေ့နေသည်။ နိုင်ငံခြားရုပ်ရှင်များမှာ မဖြစ်နိုင်ပေ။ သူတို့ စကားပြောကို နားလည်မည်မဟုတ်သကဲ့သို့ စာတန်းထိုးများကိုလည်း နားလည်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

သူမ ကွန်ပျူတာပေါ်ရှိ ရွေးချယ်စရာများကို ရှာဖွေကြည့်ပြီးနောက် နောက်ဆုံးတွင် သိုင်းကားတစ်ကားကို ရွေးချယ်လိုက်သည်။

ရုပ်ရှင်ကို နံရံပေါ်သို့ အောင်မြင်စွာ ပြသနိုင်သည့်အခါ ဟွာကျွင်း မီးများကို ပိတ်လိုက်ပြီး ထိုင်ရန် နေရာရှာလိုက်၏။

လုမင်လီ အလယ်ဗဟိုတည့်တည့်တွင် ထိုင်ပြီး မော့ချွမ်းက သူ့ညာဘက်တွင် ထိုင်သည်။ အားမန်နှင့် ဟွာရှန့်တို့က သူ့ဘယ်ဘက်ထိုင်ခုံကို နားလည်မှုရှိရှိဖြင့် ချန်ထားပေးကြသည်။

ထို့ကြောင့် ဟွာကျွင်း ပြန်လာသည့်အခါ သူမ သူ့ဘေးတွင် သဘာဝကျကျ ဝင်ထိုင်လိုက်သည်။

သူနှင့် ဤမျှနီးကပ်စွာ ပထမဆုံးအကြိမ် ထိုင်ဖူးခြင်းဖြစ်သဖြင့် ဟွာကျွင်း အနည်းငယ် နေရခက်နေသည်။ သူမသည် သက်သောင့်သက်သာရှိမည့် အနေအထားကို ရှာရင်း ကိုယ်ကို လှုပ်စိလှုပ်စိ လုပ်နေမိ၏။

လုမင်လီ ဘာမှမပြောသော်လည်း အမှောင်ရိပ်ထဲတွင် ဟွာကျွင်း၏ လှုပ်ရှားမှုတိုင်းကို သူ သိနေသည်။

သူမ လျှောက်လာသည်။ သူမ သူ့ဘေးတွင် ထိုင်လိုက်သည်၊၊ သူမ၏ အဝတ်စများက သူ့အင်္ကျီလက်နှင့် ထိတွေ့သွားသည်။

လုမင်လီ၏ နှလုံးသားမှာ ရုတ်တရက် ခုန်လှုပ်သွား၏။

လူတို့သည် နေရခက်သည့်အခါ တစ်ခုခုကို အလုပ်ရှုပ်ဟန် ဆောင်တတ်ကြသည်မှာ အမှန်ပင်။ သူ စားပွဲပေါ်မှ ပေါက်ပေါက်ဘူးကို ယူကာ ဟွာကျွင်း ရှေ့သို့ ချပေးလိုက်သည်။

ဟွာကျွင်း ဘူးကို မယူဘဲ ပန်းကန်ထဲသို့ လက်နှိုက်ကာ အနည်းငယ် ယူလိုက်၏။ လုမင်လီကလည်း ဘာမှမပြောဘဲ ဘူးကို စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။

‘ငါတို့ကြားမှာ နားလည်မှု တစ်ခု ရှိနေသလိုပဲ’

ဟွာကျွင်း တွေးလိုက်မိသည်။

သူမ လက်ထဲမှ ပေါက်ပေါက်လေးများကို ငုံ့ကြည့်ကာ ရေတွက်နေဟန် ဆောင်လိုက်၏။ ၎င်းမှာ သူမ ထိန်းမထားနိုင်ဘဲ ထွက်ပေါ်လာမည့် အပြုံးကို ဖုံးကွယ်ရန်အတွက်သာ ဖြစ်သည်။

ကံကောင်းထောက်မစွာ မော့ချွမ်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“စပြီ၊ စပြီ”

လူတိုင်း၏ အာရုံမှာ နံရံဆီသို့ တပြိုင်နက် ရောက်ရှိသွားကြ၏။

ဇာတ်ကားမှာ သူရဲကောင်းအချို့ စုပေါင်းပြီး ချင်းဘုရင်ကို လုပ်ကြံရန် ကြံစည်ကြသည့် အကြောင်းဖြစ်သည်။ ဇာတ်ကားတစ်ကားလုံး၏ အရောင်အသွေးနှင့် အစီအစဉ်များမှာ ထိပ်တန်းအဆင့်ဖြစ်ပြီး ဇာတ်လမ်းမှာလည်း ရိုးရှင်းပါသည်။

သို့သော်လည်း သူတို့လေးယောက်မှာ အံ့သြတကြီးဖြင့် တိတ်ဆိတ်စွာ ကြည့်နေကြသည်။

မြင်းပေါင်းတစ်သောင်း ပြေးလွှားလာသည့် အဖွင့်ဇာတ်ဝင်ခန်းမှစ၍ သူတို့ လွန်စွာ တုန်လှုပ်သွားကြသည်။ မော့ချွမ်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ပြောလိုက်၏။

“ဒီပုံရိပ်တွေက တကယ် အသက်ဝင်တာပဲ။ စစ်သည်တစ်ထောင်နဲ့ မြင်းပေါင်းတစ်သောင်းက တကယ်ပဲ ကျွန်တော်တို့ ရှေ့မှာ ပြေးလွှားနေသလိုပဲ”

ဟွာရှန့်နှင့် အားမန်တို့ မယုံနိုင်သကဲ့သို့ ကြည့်နေကြပြီး နံရံပေါ်မှ မြင်းများ ပြေးထွက်လာမည်ကို စိုးရိမ်သကဲ့သို့ နောက်သို့ ဆုတ်ထိုင်နေကြသည်။

ထို့နောက် တံတိုင်းများကို ကျော်တက်ခြင်း၊ အမိုးများပေါ်မှ ခုန်လွှားခြင်းနှင့် ဓားချက်များ ဝေ့ဝဲနေသည့် အခန်းများ ပါဝင်လာသည်။ တစ်ခါတစ်ရံ ရင်ဖိုစရာကောင်းလှသကဲ့သို့ တစ်ခါတစ်ရံတွင်လည်း ဇာတ်ကောင်များ၏ အခြေအနေအတွက် စိုးရိမ်ပူပန်နေကြသည်။

ရုပ်ရှင်ပြီးသွားသည့်တိုင် သူတို့မှာ ဇာတ်လမ်းထဲတွင် နစ်မျောနေကြဆဲ ဖြစ်သည်။ အတော်ကြာမှ လုမင်လီ သတိပြန်ဝင်လာပြီး ပြော၏။

“ဒါက တကယ့်ကို အံ့မခန်းပဲ။ ဒီနေ့ မြင်ခဲ့ရတာတွေက တခြားဘဝတစ်ခုကို ဖြတ်သန်းလိုက်ရသလိုပဲ”

ဟွာရှန့် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“ဒါက ပုံပြောတာထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်”

အားမန်မှာ သူမ၏ ဘေးတွင် တိတ်တဆိတ် ငိုရှာနေသည်။

မော့ချွမ်းက နားမလည်သဖြင့် မေးလိုက်၏။

“သူတို့ ချင်းဘုရင်ကို မသတ်ချင်ဘူးဆိုရင် ဘာလို့ ဒီလောက် ခက်ခဲပင်ပန်းခံပြီး လူပေါင်းများစွာရဲ့ အသက်ကို ရင်းပြီးတော့မှ ချင်းဘုရင်ရဲ့ နန်းတော်ကို ရောက်အောင် သွားကြတာလဲ”

လုမင်လီက ပြန်ဖြေလိုက်သည်။

“သူရဲကောင်းတစ်ယောက်ဆိုတာ နိုင်ငံနဲ့ ပြည်သူအတွက် အလုပ်အကျွေးပြုရတယ်။ သူတို့က ချင်းဘုရင်ရဲ့ အာဏာကို တားဆီးလို့ မရမှန်း သိခဲ့ကြတယ်။ ဒါကြောင့် တစ်လောကလုံးအတွက် သူတို့ရဲ့ အသက်တွေကို ပေးဆပ်ပြီး ကန့်ကွက်ခဲ့ကြတာပဲ”

“ဒါပေမဲ့ ဒီလောက် အစွမ်းထက်တဲ့ သူရဲကောင်းတွေ အသက်ဆုံးရှုံးသွားတာက တန်လို့လား”

လုမင်လီ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

“အမှန်တရားအတွက် သေဆုံးခြင်း၊ တိုက်ပွဲမှာ သေဆုံးခြင်း၊ အမိမြေနဲ့ နိုင်ငံအတွက်ဆိုရင် ဒါတွေ အားလုံးက တန်ပါတယ်”

ဟွာရှန့်က ထိုအရာများကို ဂရုမစိုက်ပေ။ လှပသော ပုံရိပ်များရှိနေခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ သူမ ဘေးတွင် ထိုင်ကာ ပေါက်ပေါက်များကို အဆက်မပြတ် ယူစားနေ၏။

မော့ချွမ်း လှည့်ကြည့်လိုက်ရာ ပေါက်ပေါက် အနည်းငယ်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။ သူသည် ကျန်ရှိသမျှ ပေါက်ပေါက်များကို သိမ်းကျုံးယူရန် အမြန်ခုန်အုပ်လိုက်ပြီး ဟွာရှန့်နှင့် ငြင်းခုံနေတော့သည်။

လုမင်လီ ဟွာကျွင်းဘက်သို့ လှည့်ကာ ပြောလိုက်၏။

“ရုပ်ရှင်က တကယ်ကို ကြည့်ကောင်းပါတယ်။ မင်း ဘာလို့ အတူတူ စားသောက်တာ၊ စကားပြောတာတွေနဲ့ ဒီရုပ်ရှင်ကြည့်တာကို တန်းတူထားသလဲဆိုတာ ကိုယ် မအံ့သြတော့ပါဘူး”

“ရှင် ကြိုက်ရဲ့လား”

လုမင်လီက ခေါင်းညိတ်ပြ၏။ အချိန်နှောင်းနေပြီ ဖြစ်သဖြင့် သူ ပြန်ရတော့မည်။

သူသည် မခွဲခွာချင်သေးပေ။ ဟွာကျွင်းနှင့် အချိန်အနည်းငယ် ဖြတ်သန်းရခြင်းမှာ ခဲယဉ်းလှပြီး နှစ်ယောက်တည်း မဟုတ်သော်လည်း သူ အလွန်ပျော်နေမိသည်။

သူ ထရပ်လိုက်ပြီး အရေးကြီးသော ကိစ္စတစ်ခုကို သတိရသွားသည်။

“နောက်ရက်နည်းနည်းကြာရင် မြို့ထဲမှာ အစားအသောက် ပြိုင်ပွဲတစ်ခု ကျင်းပလိမ့်မယ်။ ဟွာကျွင်းမုန့်ဆိုင်ကနေ တစ်ယောက်ယောက် လာပြိုင်မလားဆိုတာ မေးပေးဖို့ မြို့တော်ဝန်ကျောက်က ကိုယ့်ကို ခိုင်းလိုက်တယ်”

ဟွာကျွင်း ဘာမှမစဉ်းစားဘဲ ပြောလိုက်သည်။

“မလာဘူးလို့ပဲ ကျွန်မအတွက် ငြင်းပေးလိုက်ပါ”

လုမင်လီ ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။

မော့ချွမ်းက နားမလည်သဖြင့် မေးလိုက်၏။

“ဘာလို့ ငြင်းလိုက်တာလဲ”

“ငါတို့ ဆိုင်က ဟင်းခတ်အမွှေးအကြိုင် တစ်ဘူးတင် သူတို့ကို အသာလေး အနိုင်ယူသွားမှာလေ။ ငါတို့သာ သွားပြိုင်ရင် သူတို့က ငါတို့ အနိုင်ကျင့်တယ်လို့ ပြောကြမှာကို စိုးရိမ်လို့ပါ”

ထိုကိစ္စ ပြီးသွားပြီဟု သူမ ထင်ထားသော်လည်း မမျှော်လင့်ဘဲ နောက်တစ်နေ့တွင် ထိုကိစ္စနှင့် ပတ်သက်၍ ဆိုင်သို့ လူတစ်ယောက် ထပ်မံ ရောက်ရှိလာသည်။

ထိုသူမှာ အသက် (၆၀) ခန့်ရှိမည့် ဆံပင်ဖြူဖြူနှင့် အဘိုးကြီးတစ်ဦး ဖြစ်၏။

သူသည် ဆိုင်ကို လှည့်ပတ်ကြည့်ရှုကာ ရိုးရှင်းလှသော အပြင်အဆင်နှင့် ထူးခြားမှုမရှိကြောင်း သတိပြုမိလိုက်သည်။ အစားအသောက်များမှာလည်း ထူးဆန်းနေပြီး ဘာကြောင့် လူများ ဤမျှ စည်ကားနေရသနည်းဟု တွေးတောနေမိသည်။ ထိုသို့ တွေးရင်း သူ နှာခေါင်းရှုံ့လျက် အထင်သေးစွာ ကြည့်လိုက်၏။

မော့ချွမ်း လျှောက်လာပြီး ပြောလိုက်သည်။

“အဘိုး၊ အရင်ဆုံး နံပါတ်ယူပေးပါဦး”

သူသည် အင်္ကျီလက်ကို ခါလိုက်ပြီး မောက်မာသော လေသံဖြင့် ဆို၏။

“ဒီအဘိုးကြီးက အစားစားဖို့ လာတာ မဟုတ်ဘူး၊ ပိုင်ရှန်းဆောင်က ကျန့်ချင်းယွမ်က တစ်ခုခု ဆွေးနွေးဖို့ လာတယ်လို့ ခင်ဗျားတို့ သူဌေးကို သွားပြောလိုက်စမ်း”

မော့ချွမ်း ဂရုမစိုက်ဘဲ ပြောလိုက်သည်။

“ကျန့်ချင်းယွမ် ဟုတ်လား။ တစ်ခါမှ မကြားဖူးဘူး။ အဘိုးက အစားစားဖို့ လာတာ မဟုတ်ရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ”

ထို့နောက် သူသည် အပြင်သို့ ထွက်ရန် လက်ဟန်ပြလိုက်သည်။

အဘိုးကြီးမှာ ဒေါသထွက်လွန်း၍ မုတ်ဆိတ်မွေးများပင် တလှုပ်လှုပ် ဖြစ်သွားပြီး မော့ချွမ်းကို နောက်သို့ တွန်းထုတ်ကာ အော်လိုက်၏။

“မင်းလို စားပွဲထိုးလေးက တော်တော် ရိုင်းတာပဲ၊ ငါက ဘယ်သူလဲဆိုတာ မင်း သိရဲ့လား”

“အဘိုး ဘယ်သူဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော်က အဘိုးကြီးတွေကို ရိုက်ရတာ အတော်လေး ကျွမ်းကျင်တယ်လို့ ပြောထားမယ်နော်။ အရေပြားပဲ နာအောင် လုပ်တတ်တယ်၊ အရိုးကိုတော့ ဘာမှ မဖြစ်စေရဘူး”

အခန်း (၁၃၀)

အစားအသောက်ပြိုင်ပွဲ

ဟွာကျွင်း အပြေးအလွှား ထွက်လာချိန်တွင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသဖြင့် မော့ချွမ်းကို မေးလိုက်သည်။

“ရှင်တို့ ဘာဖြစ်နေကြတာလဲ”

မော့ချွမ်းက မချေမငံ ပြောလိုက်၏။

“ဒီအဘိုးကြီးက သူ့နာမည် ကျန့်ချင်း...တစ်ခုခု ဆိုပဲ၊ ခင်ဗျား ကို ရှာနေတာ”

ကျန့်ချင်းယွမ် ဟွာကျွင်းကို အကဲခတ်လိုက်သည်။ မိန်းကလေးတစ်ယောက် ဖြစ်ပါလျက် စနစ်တကျ အိမ်ထောင်ပြု သားသမီးမွေးရမည့်အစား မုန့်ဆိုင်ဖွင့်နေသည်မှာ အမြင်မတော်စရာပင်။ သူ ဤမုန့်ဆိုင်ကို ပို၍ပင် အထင်သေးသွားတော့သည်။

“မင်း က ဆိုင်ရှင်လား။ ဒီအဘိုးကြီးက မင်းကို ဟင်းချက်ပြိုင်ပွဲမှာ ပါဝင်ဖို့ လာဖိတ်တာ။ ငါ့စကားတော့ ပါးပြီးပြီ။ နောက်တစ်ပတ်နေရင် မင်ယွဲ့စားသောက်ဆိုင် ရှေ့မှာ ကျင်းပလိမ့်မယ်။ အချိန်မှန်မှန် လာခဲ့”

ဟွာကျွင်း ပြုံးလျက် ပြော၏။

“ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မတို့ ငြင်းထားပြီးသားမို့ ဒီပြိုင်ပွဲမှာ မပါဝင်တော့ပါဘူး”

ကျန့်ချင်းယွမ်က ပြောလိုက်သည်။

“ဆိုင်ရှင်ဟွာ အနေနဲ့ မငြင်းခင် သေချာစဉ်းစားစေချင်တယ်။ ဒီဟင်းချက်ပြိုင်ပွဲက တစ်နှစ်မှ တစ်ကြိမ်ပဲ ကျင်းပတာ၊ နှစ်ပေါင်း (၂၀) သမိုင်းကြောင်း ရှိခဲ့တယ်။ မြို့ထဲက နာမည်ကြီး မုန့်ဆိုင်တွေဆိုတာ ဒီပြိုင်ပွဲမှာ ပါဝင်ရတာကို ဂုဏ်ယူစရာလို့ မှတ်ယူကြတာ။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မင်း အတွက် အကျိုးပဲ ရှိမှာပါ”

“ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မတို့ မပါချင်လို့ပါ”

“ကလေးမ ဘာလို့ ဒီလောက် နားမလည်ရတာလဲ။ မင်း က မင်း ရဲ့ နယ်မြေလေးထဲမှာပဲ အားရကျေနပ်ပြီး လူတွေအများကြီး ဆွဲဆောင်နေတာပဲ။ လူအများကြီးက မင်းကို မကျေမနပ် ဖြစ်နေတာ ကြာပြီ။ အခုက မင်း ကိုယ် မင်း သက်သေပြရမဲ့ အချိန်ပဲ။ ဒါကို မင်း က ငြင်းနေတာလား”

“ရှင် ဒီလိုပြောတာတော့ မမှန်ဘူးနော်။ ဝယ်သူတွေမှာ ခြေထောက်ရှိတယ်၊ သူတို့ သွားချင်တဲ့နေရာ သွားကြမှာပဲ။ ကျွန်မ က ဘယ်လိုလုပ်ပြီး သူတို့ကို ‘ဆွဲဆောင်’ လို့ ရမှာလဲ”

ကျန့်ချင်းယွမ် နှာခေါင်းရှုံ့ရင်း ပြောသည်။

“ငါ ပြောစရာရှိတာ ပြောပြီးပြီ။ သွားခြင်း၊ မသွားခြင်းကတော့ မင်းအပိုင်းပဲ။ မြို့ဝန်ကျောက်က မင်း ရဲ့ မုန့်ဆိုင်ကို အရမ်းချီးကျူးထားလို့ နှမြောဖို့ကောင်းလိုက်တာ။ အခုတော့ နာမည်ပဲ ရှိပုံရတယ်။ ဒီလောက် ချဲ့ကားပြောမယ်လို့ ငါ မထင်ထားခဲ့ဘူး”

‘အံ့သြစရာပဲ၊ ငါတို့ ပြိုင်ပွဲဝင်လာအောင် မြို့ဝန်ကျောက်ကိုတောင် ဆွဲထည့်နေတာလား။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ’

“ကောင်းပြီလေ။ ဒီလောက်တောင် ပြောနေမှတော့ ရှင် ကျွန်မတို့ကို မရမက ပြိုင်ခိုင်းနေတာပဲ မဟုတ်လား။ ရတယ်၊ ကျွန်မ သဘောတူတယ်”

ထို့နောက် သူမ မေး၏။

“ဒီပြိုင်ပွဲအတွက် ကိုယ်ပိုင်ကုန်ကြမ်းတွေ ယူသွားလို့ ရမလား”

ကျန့်ချင်းယွမ် တွေးလိုက်၏။

‘ဒီပြိုင်ပွဲရဲ့ ပထမဆုက အတွင်းထဲမှာ ဆုံးဖြတ်ပြီးသား၊ မင်း ဘာလုပ်လုပ် ဘာမှပြောင်းလဲမှာ မဟုတ်ဘူး’

“ဒါပေါ့၊ ရတာပေါ့။ ဒါက ဟင်းချက်ပြိုင်ပွဲလေ၊ ဆိုင်တစ်ဆိုင်ချင်းစီက လူလွှတ်ပြီး သူတို့ရဲ့ နာမည်ကြီးဟင်းလျာကို ကိုယ်တိုင်ချက်ပြကြရတာ၊ ရင်းနှီးမှုချင်း ဖလှယ်ကြဖို့ပါပဲ”

ဟွာကျွင်း လွယ်လွယ်ပင် သဘောတူလိုက်သည်။

“ကောင်းပါပြီ”

ကျန့်ချင်းယွမ်၏ တင်းမာနေသော မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး ပြောသည်။

“ဒါဆို ဒီအဘိုးကြီးက ဆိုင်ရှင်ဟွာကို စောင့်နေပါ့မယ်”

သူ မုန့်ဆိုင်မှ ထွက်ကာ အပြင်တွင် စောင့်နေသော မြင်းလှည်းထဲသို့ တိုက်ရိုက်ဝင်သွားသည်။ မြင်းလှည်းထဲရှိ လူတစ်ယောက်က သူ့ကို မြင်သည်နှင့် စိုးရိမ်တကြီး မေးလိုက်သည်။

“ဘယ်လိုလဲ၊ သူ သဘောတူရဲ့လား”

ကျန့်ချင်းယွမ်က ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါမှသာ ထိုလူ သက်ပြင်းချနိုင်တော့သည်။

“တကယ်ပဲ အဘိုးကျန့် ထွက်လုပ်မှ အမှားအယွင်း မရှိတော့တယ်။ သူ ပါဝင်လာသရွေ့တော့ ကိုင်တွယ်ရ လွယ်သွားပြီ။ သူတို့ကို ပြိုင်ပွဲမှာ ရှုံးခိုင်းပြီး နှိမ်လိုက်ကြတာပေါ့”

သူ တစ်ခဏစဉ်းစားပြီးနောက် မေး၏။

“ဒါပေမဲ့ ဒီမိန်းကလေးက လုမင်လီနဲ့ အမြဲ ပတ်သက်မှုရှိနေတယ်လို့ ကြားတယ်။ မင်ယွဲ့စားသောက်ဆိုင်ကကော...”

“ပထမဆုဆိုတာ ငါတို့ မိသားစုသုံးစုကြားမှာ နှစ်တိုင်း အလှည့်ကျ ယူနေကြတာပဲ။ ဒီနှစ် မင်းတို့ မိသားစု အလှည့်လေ။ ကလေးတွေကသာ နားမလည်တာ၊ မင်ယွဲ့စားသောက်ဆိုင်ကတော့ စည်းကမ်းဖောက်ဖျက်ရလောက်အောင်အထိ နားမလည်ဘဲ မနေပါဘူး”

ထိုလူ နောက်ဆုံးတွင် စိတ်အေးသွားပြီး မြင်းလှည်းမောင်းသမားကို မြို့ထဲသို့ ပြန်မောင်းရန် ခိုင်းလိုက်သည်။

ဟွာကျွင်း သူတို့ သုံးယောက်ဘက်သို့ လှည့်ကြည့်ကာ နောက်ဆုံးတွင် အားမန်ဆီသို့ အကြည့် ရောက်သွား၏။

“အားမန်၊ နင် ပြိုင်ချင်လား”

အားမန် ဟွာကျွင်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ညာဘက်လက်ဖြင့် သူမ မျက်နှာကို ဖြည်းဖြည်းချင်း ထိတွေ့မိသည်။ သူမ အနည်းငယ် ဝေခွဲမရ ဖြစ်နေ၏။

သူမသည် မုန့်ဆိုင်ကို ကိုယ်စားပြုပြီး ဤပြိုင်ပွဲတွင် တကယ် ပါဝင်ချင်သည်။ အကယ်၍ သူမ အနိုင်ရခဲ့လျှင် မုန့်ဆိုင်၏ နာမည်ကို မြှင့်တင်ပေးနိုင်ရုံသာမက မိမိကိုယ်ကိုလည်း သက်သေပြနိုင်မည်။

သို့သော် သူမတွင် စိုးရိမ်မှုများစွာ ရှိနေသည်။ အကယ်၍ သူမ ရှုံးသွားခဲ့လျှင်ကော။ သူမ၏ မျက်နှာကို လူတိုင်း မြင်သွားလျှင်ကော။ သူတို့ သူမကို ခွဲခြားဆက်ဆံပြီး မုန့်ဆိုင်ကို ထိခိုက်သွားစေနိုင်သလား။

ဟွာကျွင်း သူမစိတ်ကို နားလည်၍ ပြောလိုက်၏။

“မကြောက်ပါနဲ့။ သွားကစားတယ်လို့ပဲ သဘောထားလိုက်။ ရှုံးသွားလည်း ကိစ္စမရှိဘူး၊ တို့ မုန့်ဆိုင်က အရောင်းအဝယ်အတွက် စိုးရိမ်နေရတာမှ မဟုတ်တာ”

ဟွာကျွင်း၏ စကားကို ကြားရသည့်အခါ အားမန် စိတ်သက်သာရာ ရသွားပြီး ခေါင်းညိတ်ပြလိုက်သည်။

မီးဖိုချောင် အလုပ်မများသည့် အချိန်ကို အခွင့်ကောင်းယူကာ ပြိုင်ပွဲဝင်မည့် ဟင်းလျာအကြောင်းကို သူတို့ ဆွေးနွေးကြသည်။

မော့ချွမ်း ကြွားလုံးထုတ်လိုက်သည်။

“ဒီလို ပြိုင်ပွဲမျိုးကို ဘာကြောက်နေစရာ လိုလို့လဲ။ မုန့်ဆိုင်က ဘယ်ဟင်းကိုပဲ ယူသွားယူသွား၊ သေချာပေါက် နိုင်မှာပဲ မဟုတ်လား”

ဟွာကျွင်း ရယ်မောရင်း ပြော၏။

“ရှင် ကတော့ အရမ်းရိုးလွန်းတာပဲ။ အဘိုးကြီးကျန့်က တို့တွေ ကိုယ်တိုင်ချက်ပြရမယ်လို့ ပြောသွားတာလေ”

မော့ချွမ်းက ပြောသည်။

“ဒါပေမဲ့ အားမန်က ဆယ်စုနှစ်နဲ့ချီပြီး ဟင်းချက်လာတဲ့ စားဖိုမှူးကြီးတွေကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ တို့က မိုက်ခရိုဝေ့ဖ်နဲ့ မီးဖို တွေကို ယူသွားလို့မှ မရတာ။ နိုင်ဖို့ အခွင့်အရေးက သိပ်မရှိဘူး”

ဟွာရှန့်က ပြောလိုက်သည်။

“အားမန်ရဲ့ ဟင်းချက်စွမ်းရည်က ဘယ်သူ့ထက်မှ မနိမ့်ပါဘူးလို့ သမီး ထင်တာပဲ။ သူ့ ကြက်ဥထမင်းကြော်က ဘယ်လောက် အရသာရှိလဲ။ သမီးဆို နေ့တိုင်းစားလည်း မရိုးဘူး”

မော့ချွမ်း ပြော၏။

“အရသာရှိတာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဘယ်သူက ဟင်းချက်ပြိုင်ပွဲမှာ ကြက်ဥထမင်းကြော် ယူသွားပြိုင်မှာလဲ။ ဒီလိုပြိုင်ပွဲတွေက ဟင်းတွေဆိုတာ သေချာပေါက် ခက်ခဲနက်နဲလေ ကောင်းလေပဲ”

အားမန် ကြက်ဥထမင်းကြော်ဖြင့် အမှန်တကယ် ပြိုင်ချင်နေသည်။ အရာတစ်ခုက ရိုးရှင်းလေ ၎င်းကို ထူးကဲကောင်းမွန်အောင် လုပ်ဖို့ ပိုခက်ခဲလေဖြစ်သည်။ ထို့အပြင် သူမ ဤအချိန်အတောအတွင်း ၎င်းကို အမြဲလေ့ကျင့်နေခဲ့သဖြင့် မရင်းနှီးသော ဟင်းလျာများထက် ဤအရာတွင် ပို၍ ယုံကြည်မှု ရှိနေသည်။

သူမ၏ စိတ်ကူးကို စာရွက်ပေါ်တွင် ရေးပြလိုက်ရာ ဟွာကျွင်း ဖတ်ပြီးနောက် သူမ အကြံကို သဘောတူလိုက်သည်။

ကြက်ဥထမင်းကြော်က ရိုးသည်ဖြစ်စေ၊ မရိုးသည်ဖြစ်စေ မည်သူမှ ဂရုမစိုက်ပေ။ သူတို့တွင် ပဲငံပြာရည်နှင့် ကြက်သားမှုန့်များ ရှိပေသည်။ သူတို့ မရှုံးနိုင်ပေ။

သို့သော် အားမန် သဘောမတူပေ။ သူမသည် တရားမျှတသော ပြိုင်ပွဲကို လိုချင်သည်။ အကယ်၍ သူမ ဤခေတ်ထက် သာလွန်သော ဟင်းခတ်အမွှေးအကြိုင်များကို သုံးခဲ့လျှင် အနိုင်ရသည့်တိုင် စိတ်ဖြောင့်မည် မဟုတ်ပေ။

“ငတုံးမလေး ရှင် တို့ရဲ့ ဟွာကျွင်းမုန့်ဆိုင်ကို ကိုယ်စားပြုနေတာလေ။ ဆိုင်ရဲ့ အထူးလက်ရာကို ချက်ပြဖို့ မလိုဘူးလား”

အားမန် စဉ်းစားကြည့်ရာ မှန်ကန်သည်ဟု ထင်သဖြင့် ခေါင်းညိတ်လိုက်၏။

ဟွာကျွင်း ဆက်မေးသည်။

“ဟွာကျွင်းမုန့်ဆိုင်ရဲ့ အထူးလက်ရာက ဘာလဲ”

မော့ချွမ်းက ပြော၏။

“ဒါကိုတော့ ကျွန်တော် သိတယ်။ အထူးလက်ရာက အရသာရှိတာပဲ”

ဟွာရှန့်လည်း ပြောလိုက်သည်။

“မဟုတ်ဘူး၊ အထူးလက်ရာက အမျိုးအစား အများကြီးရှိပြီး အရသာရှိတာ”

ဟွာကျွင်း ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဟွာကျွင်းမုန့်ဆိုင်ရဲ့ အထူးလက်ရာက ‘ဖြတ်လမ်းနည်း’ သုံးတာပဲ”

“သူတို့က ငါတို့ကို မရမက ပြိုင်ခိုင်းနေမှတော့ ငါတို့ ဖိနှိပ်မှုကို ခံဖို့ ပြင်ထားကြရမှာပေါ့။ ဒီလောကမှာ ဘယ်မှာ တရားမျှတမှု ရှိလို့လဲ။ ကိုယ့်ဆီမှာ အစွမ်းရှိရဲ့သားနဲ့ မသုံးတာ အမျှော်အမြင် မရှိတာပဲ”

အားမန်၏ ကိုယ်ပိုင် ပဲငံပြာရည်ချက်မည့် စိတ်ကူးကို ဖျောင်းဖျရန် အတော်လေး ကြိုးစားလိုက်ရသည်။

ဤရက်များအတွင်း အားမန်၏ အလုပ်မှာ ကြက်ဥထမင်းကြော် လုပ်ရန်သာ ဖြစ်သည်။ ဟွာကျွင်း လက်တွေ့လေ့ကျင့်မှု များများလုပ်ဖို့ အလွန်အရေးကြီးကြောင်း ပြောခဲ့၏။ ပစ္စည်းဖြုန်းတီးမိမည်ကို မကြောက်ရန်နှင့် မော့ချွမ်း အများကြီး စားနိုင်သည်ဟု ပြောထားသည်။

ထို့ကြောင့် သူမ မီးအပူချိန်နှင့် လက်မောင်းအားကို ထိန်းချုပ်ရန် လေ့ကျင့်ရင်း ဟင်းခတ်အမွှေးအကြိုင် တစ်စက်ချင်းစီကို တိကျစွာ ချိန်ညှိကာ အမှားအယွင်း အနည်းဆုံးဖြစ်အောင် တစ်ပွဲပြီးတစ်ပွဲ ကြော်နေတော့သည်။

ပထမဆုံး အရှုံးပေးလိုက်ရသူမှာ မော့ချွမ်း ဖြစ်သည်။

“ကျွန်တော် တကယ် မခံစားနိုင်တော့ဘူး။ ခင်ဗျား ကျွန်တော့်ကို ထမင်းကြော်တွေ ထပ်ကျွေးမယ်ဆိုရင် ကျွန်တော် ခင်ဗျား ရှေ့မှာတင် အန်ထုတ်မိတော့မယ်လို့ ကျိန်ပြောရဲတယ်”

မော့ချွမ်း အမှန်တကယ် မစားနိုင်တော့သည်ကို မြင်သောအခါ ဟွာကျွင်း မုန့်ဆိုင်၏ မီနူးကို ကြက်ဥထမင်းကြော် တစ်မျိုးတည်းသာ ဖြစ်အောင် ပြင်ဆင်လိုက်သည်။

နှစ်ရက်မျှ ကြာပြီးနောက် ဝယ်သူများလည်း မခံနိုင်တော့ပေ။

“ဆိုင်ရှင်ဟွာ၊ ကြက်ဥထမင်းကြော်က အရသာရှိပါတယ်၊ အားမန်ကိုလည်း ထောက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တွေ လာတိုင်း ကြက်ဥထမင်းကြော် တစ်မျိုးတည်း မဟုတ်ဘဲ တခြားဟာလေးတွေ စားလို့ မရဘူးလား။ ဝယ်သူတွေ ဆုံးရှုံးသွားမှာကို မကြောက်ဘူးလား”

ဟွာကျွင်းက သူတို့စိတ်ခံစားချက်ကို ချော့မော့လိုက်ရုံသာ တတ်နိုင်တော့သည်။

“အားလုံးပဲ ခဏလောက် သည်းခံပေးကြပါဦး။ နောက်ထပ် ရက်နည်းနည်းပဲ လိုတော့တယ်၊ ပြိုင်ပွဲပြီးရင်တော့ ဒါတွေ ပြီးသွားပါပြီ”

ပြိုင်ပွဲမတိုင်မီ ညတွင် ဟွာကျွင်း အားမန်ကို လိုအပ်သည့် ပစ္စည်းများအားလုံးကို သေသေချာချာ ထုပ်ပိုးရန် ကူညီပေးသည်။

ကြက်ဥထမင်းကြော်အတွက် လိုအပ်သည့်အရာများမှာ ရိုးရှင်းပါသည်။ သူမ တစ်ခုချင်းစီကို စစ်ဆေးပြီး ထုပ်ပိုးလိုက်၏။

ထိုင်းမွှေးရနံ့ ဆန်၊ ရွှေတံဆိပ် ပဲငံပြာရည်၊ ဝက်နက်မှ ရရှိသော ဝက်ဆီ၊ ဝက်အူချောင်း၊ ကြက်သွန်မြိတ် လတ်လတ်ဆတ်ဆတ် ပြောင်းဖူးစေ့နှင့် မုန်လာဥနီစေ့များပင်။

အရာအားလုံး အဆင်သင့် ဖြစ်သွားတော့၏။ ဟွာကျွင် ပြုံးကာ ပြောလိုက်သည်။

“မနက်ဖြန်ည ကျွန်မ လာတဲ့အခါ ရှင် ပထမဆုံး ပြိုင်ပွဲက ပြီးနေလောက်ပြီ။ ရှင့်ဆီက သတင်းကောင်းကို စောင့်နေပါ့မယ်”

All Chapters