အခန်း (၉၀၁-၉၀၂)
Vol. 74 Ch. 901-902
အခန်း ၉၀၁ - ဗန်ပိုင်းယားတပ်ဖွဲ့များ ကျူးကျော်ခြင်းနှင့် ဖြစ်စဉ်ပုံစံကို ဆွေးနွေးခြင်း
ထိုသူသည် တစ်ဖက်လူ၏ ပုံမှန်အသားအရေနှင့် နေရောင်ခြည်ကို မကြောက်လန့်ပုံအား မြင်လိုက်ရသဖြင့် သူ၏သေနတ်ကို နှိမ့်ချလိုက်ပြီး ပြန်ပြောလိုက်သည်။
“မင်း ဘာလို့ ဝတ်ရုံကြီးခြုံထားတာလဲဆိုတာကို ငါက သိချင်ရုံတင်ပါ။ ငါတို့ အသက်ရှင်ကျန်ရစ်သူအချင်းချင်း လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားဖို့ တကယ်ပဲ မလိုဘူး မဟုတ်လား။”
“အဲဒီလိုတော့ ပြောလို့မရဘူးလေ။ ရန်သူတွေရှိလာတဲ့အခါ ဂရုစိုက်ရတာပေါ့။”
ထိုသူသည် သူ၏ဝတ်ရုံကို ပြန်ခြုံလိုက်ပြီး တည်နေရာကူးပြောင်းခြင်းအမှတ်မှ ထွက်ခွာသွားတော့သည်။
နောက်ပိုင်းတွင် ဝတ်ရုံခြုံထားသည့် လူအတွဲလိုက်ကြီးများသည် ပေါ်တယ်ထဲမှ ဆက်တိုက်ထွက်ပေါ်လာခဲ့ကြသော်လည်း စစ်ဆေးမေးမြန်းပြီးနောက် ကင်းစောင့်များက ၎င်းတို့ထဲတွင် ဗန်ပိုင်းယားတစ်ဦးမှ မပါဝင်ကြောင်း အတည်ပြုခဲ့ကြသည်။
ဤတိုက်သစ်၏ တည်နေရာကူးပြောင်းခြင်းအမှတ်သည် မည်သည့်မဟာမိတ်အဖွဲ့ကိုမျှ အပြည့်အဝ ဖွင့်လှစ်ပေးထားခြင်း မရှိပေ။ အသက်ရှင်ကျန်ရစ်သူများသည် ဤဂိတ်တံခါးမှတစ်ဆင့်သာ တိုက်သစ်ထဲသို့ ရောက်ရှိနိုင်ပြီး ထိုအခွင့်အရေးအတွက် အုတ်မြစ်ကျောက်များ ပေးဆောင်ကြရ၏။
“သခင်... ကင်းစောင့်တွေက ဝတ်ရုံခြုံထားတဲ့ လူတိုင်းကို စစ်ဆေးနေပါတယ်။ သူတို့ရဲ့ သတိဝီရိယကို လျော့ပါးသွားအောင် ကျုပ်တို့ ဝတ်ရုံခြုံထားတဲ့လူတွေ အများကြီး စေလွှတ်လိုက်ပေမဲ့ သူတို့က တစ်ယောက်ချင်းစီကို စစ်ဆေးနေတုန်းပဲ။ ကျုပ်တို့ ခိုးဝင်လို့မရလောက်ဘူးထင်တယ်။”
အမှောင်ရိပ်ကျနေသော တဲအိမ်လေးတစ်ခုအတွင်းရှိ အသားဖြူဖျော့ဖျော့နှင့် လူတစ်ဦးကို စစ်သားတစ်ယောက်က အစီရင်ခံလိုက်သည်။
“ဒါဆိုရင် သူတို့ကို အခုလောလောဆယ် ကျွန်းကို စူးစမ်းခိုင်းထားလိုက်ဦး။ မြို့စားမင်းက ဟိုဘက်တိုက်က သူ့ကိစ္စတွေကို အပြီးသတ်သွားရင် သူကိုယ်တိုင် လာလိမ့်မယ်။”
“ဟုတ်ကဲ့ပါ သခင်။”
တစ်ချိန်တည်းမှာပင် ယီထျန်းဂရုချတ်ထဲတွင်လည်း ဤအကြောင်းအရာကို ဆွေးနွေးနေခဲ့ကြလေသည်။
“အခုတလော ဝတ်ရုံနက်ခြုံထားတဲ့ လူတွေ အများကြီး တွေ့နေရတယ်နော်။”
“အာ... ငါတို့ဆီမှာ ဗန်ပိုင်းယားတွေ ဒီလောက်တောင် များနေပြီလား။ ကြောက်စရာကောင်းလိုက်တာ။”
“မဟုတ်ဘူး။ တိုက်သစ်ဂိတ်တစ်ခုမှာ ကင်းစောင့်တွေက လူတိုင်းကို စစ်ဆေးနေတာ ငါတွေ့ခဲ့တယ်။ အဲဒီဝတ်ရုံခြုံထားတဲ့လူတွေထဲမှာ ဗန်ပိုင်းယား တစ်ယောက်မှ မပါဘူး။”
“တကယ်လား။ ဒါဆိုရင် သူတို့က ရှုပ်ထွေးအောင် လုပ်နေတာပေါ့။ သူတို့က ဗန်ပိုင်းယား မဟုတ်ရင် ဘာလို့ ဝတ်ရုံခြုံထားတာလဲ။”
“ဝတ်စားဆင်ယင်တာကတော့ သူတို့လွတ်လပ်ခွင့်ပဲလေ။ ငါတို့ ဘာမှပြောလို့မရဘူး။”
“မဟုတ်ဘူး။ ဗန်ပိုင်းယားတွေက ငါတို့ရဲ့ သတိဝီရိယကို ထုံထိုင်းသွားအောင် လုပ်နေတာလို့ ငါထင်တယ်။ ဂိတ်က စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ရမယ်။ တစ်ယောက်မှ လွတ်မသွားစေနဲ့။”
“ဟုတ်တယ်၊ ဟုတ်တယ်။ ဘေးကင်းတာက အကောင်းဆုံးပဲ။ ဗန်ပိုင်းယားတွေက တကယ်ကြောက်ဖို့ကောင်းတယ်။”
“အခု ကြောက်ဖို့ကောင်းတာက ဗန်ပိုင်းယားတင် မဟုတ်တော့ဘူး။ တခြား မဟာမိတ်အဖွဲ့တစ်ခုက ရှေးဦးသတ္တဝါကြီးတစ်ကောင်နဲ့ တိုးခဲ့တယ်လို့ ငါကြားခဲ့တယ်။”
“ဘာ...ပြီးခဲ့တဲ့အကြိမ်ကတင် ရိရန်ပင်းသူဌေးက ဒီအကြောင်းကို မေးခဲ့တာလေ။ အခု ဒုတိယအကြိမ် ထပ်တွေ့ပြန်တာလား။”
“ဟုတ်တယ်။ အဲဒါက ဧရာမ မိုဆာဆောရတ်စ်တစ်ကောင်လို့ ငါကြားတယ်။”
“မိုဆာဆောရတ်စ်လား။ နဂါးကြီးလား။ နဂါးတွေ တကယ်ရှိတာလား။”
“အပေါ်ကလူ... မင်းဘာမှမသိရင်လည်း နည်းနည်းပဲပြောစမ်းပါ။ အမှားတွေပြောနေတာ ရှက်ဖို့ကောင်းတယ်။”
“ဘာကို မသိတာလဲ။ ငါက ဘာကို ရှက်ရမှာလဲကွ။ ငါ လုံးဝမရှက်ဘူး။ မင်းက ဘာတွေပြောနေတာလဲ။”
“တကယ်ပဲ... ယိုသူမရှက် မြင်သူရှက်ပါလားဟ။”
“မိုဆာဆောရတ်စ် ဆိုတာက ရှေးဦးသတ္တဝါကြီးတစ်မျိုးပဲ။ ဒိုင်နိုဆောတွေလိုပဲ အရမ်းကြီးပေမဲ့ သူက ရေထဲမှာ နေတာ။”
“ဒါဆို ဒိုင်နိုဆောပေါ့။ ငါက ငါတို့ ရှားနိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ သတ္တဝါကြီးလို့ ထင်နေတာ။”
“အဲဒီ သမိုင်းမတင်မီ သတ္တဝါကြီးက ငါတို့ကျွန်းတွေကို ဘာလို့ တိုက်ခိုက်တာလဲ။ အဲဒါကြီးကို ငါတို့က ဘယ်လိုလုပ်ပြီး လုပ်တိုက်နိုင်မှာလဲ။”
“သူတို့က အဲဒီ မိုဆာဆောရတ်စ်ကို နှိမ်နင်းဖို့အတွက် သူဌေးဆီကနေ တော်ပီဒိုတွေ ဝယ်ခဲ့ကြတယ်လို့ ကြားတယ်။”
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါတို့ကို ကယ်နိုင်တာ သူဌေးပဲရှိတယ်။ ဒါပေမဲ့ အရင်တုန်းက အဲဒီသတ္တဝါတွေက သူဌေးရဲ့ ရွက်သင်္ဘောကိုပဲ ပစ်မှတ်ထားခဲ့တာ မဟုတ်ဘူးလား။”
“အခု သူတို့ ပစ်မှတ်ထားစရာ မရှိတော့လို့ ငါတို့ကျွန်းတွေကို ပစ်မှတ်ထားလာတာများလား။”
“မဖြစ်နိုင်ဘူး။ အဲဒီသတ္တဝါကြီးက တစ်ခါက ငါ့ကျွန်းနားမှာ ပေါ်လာဖူးတယ်။ ဒါပေမဲ့ ကျွန်းကို မတိုက်ခိုက်ခဲ့ဘူး။”
“အပေါ်ကလူ... မင်း အတည်ပြောနေတာလား။”
“တကယ်ပြောတာ။ ငါ သူဌေးရဲ့ ရွက်သင်္ဘောကို ငှားပြီး လမ်းကြောင်းလွဲသွားလို့ အဲ့သတ္တဝါကြီး ရောက်လာတာ။ နောက်ဆုံးအချိန်ကျမှ ငါက ရွက်သင်္ဘောကို ပြန်အပ်လိုက်တာ။ ပစ်မှတ်ပျောက်သွားတော့ အဲဒီသတ္တဝါက ငါ့ကျွန်းကို ဘာမှမလုပ်ဘဲ ထွက်သွားတယ်။”
“အဲ့ဒါ ဘယ်တုန်းက ဖြစ်တာလဲ။”
“လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်ကထင်တယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။”
“ဟာ... လွန်ခဲ့တဲ့ တစ်လ၊ နှစ်လက စည်းမျဉ်းတွေက အခုနဲ့ တခြားစီ ဖြစ်နေနိုင်တာပဲ။ ယေဘုယျဆန်ဆန် တွေးလို့မရဘူး။”
“ဟုတ်တယ်။ ဖြစ်နိုင်တာက သူတို့ တစ်ခုခုကို သွားပြီး လှုံ့ဆော်မိလို့ ဖြစ်မယ်။ ဟေ့... တိုက်ခိုက်ခံရတဲ့ ကျွန်းတွေကလူတွေ မင်းတို့ ဘာလုပ်မိလဲဆိုတာ ပြောပြကြပါဦး။”
ဤနေရာတွင် မည်သူမျှ ပြန်မဖြေကြပေ။ သို့သော် ကျိမိသားစုဝင်တစ်ဦးက ဤအချက်အလက်ကို အထက်သို့ အစီရင်ခံလိုက်ပြီဖြစ်သည်။
“တစ်ခုခုကို လှုံ့ဆော်မိလို့ဟုတ်လား။”
ကျိပါ့ထျန်းက မျက်မှောင်ကျုံ့လိုက်၏။
“ထူးခြားတာ ဘာမှမရှိခဲ့သလိုပဲ။”
ထိုစဉ် ကျိကျန့်ထျန်းက ဝင်ပြောလာခဲ့သည်။
“ရိရန်ပင်း မဟာမိတ်အဖွဲ့က ကျန်းယွင်ထျန်းက တစ်ခါက ငါ့ကို မေးဖူးတယ်။ ငါတို့ကျွန်းမှာ ထူးခြားတာတွေ ဖြစ်နေလားလို့။ သူတို့လည်း အဲ့ဒီသတ္တဝါတွေ တိုက်ခိုက်တဲ့ ပုံစံကို ရှာနေတာ ဖြစ်နိုင်တယ်။”
ကျိပါ့ထျန်း ခေါင်းငြိမ့်ပြီး စဉ်းစားခန်းဝင်သွားခဲ့သည်။
“ရိရန်ပင်းက အသက်ရှင်ကျန်ရစ်သူတွေကို ဦးဆောင်နေတာ။ တစ်ကိုယ်ရည်စွမ်းရည်ပဲဖြစ်ဖြစ်၊ အဆင့်မြင့်လက်နက်တွေပဲဖြစ်ဖြစ်... ငါတို့ရဲ့ ရှေးဟောင်းသိုင်းပညာမိသားစုက ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာပဲ အသာစီးထားရတယ်။ ဒါကြောင့်လည်း ယင်အာက SSS အဆင့်ကို ဒီလောက်မြန်မြန် ရောက်သွားခဲ့တာ။”
“ဟုတ်တယ်...။ ဒါဆိုရင် ဖြစ်နိုင်တာက...”
ကျိပါ့ထျန်း ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။ ကျိကျန့်ထျန်းလည်း သဘောပေါက်သွားပုံရပြီး လွှတ်ခနဲ ပြောလိုက်၏။
“ကျိယင်းကြောင့်လား။”
ကျိပါ့ထျန်း အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
“ဖြစ်နိုင်ခြေ အများဆုံးပဲ။ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ လတ်တလော အကြီးမားဆုံး အပြောင်းအလဲက ယင်းအာ SSS အဆင့်ကို တက်သွားတာပဲ။”
“ဒါပေမဲ့ အဲဒါကြောင့်ဆိုရင် ရိရန်ပင်းလည်း SSS အဆင့်ကို ရောက်နေပြီပေါ့။”
ကျိကျန့်ထျန်း မျက်မှောင်ကျုံ့လိုက်သည်။
“သူက တကယ်ပဲ ကျိယင်းထက် မြန်နေတာလား။”
“ဖြစ်နိုင်တယ်။ သူ့ဆီမှာ အဆင့်မြင့် အစားအသောက်တွေ ဒီလောက်အများကြီး ရှိနေတာ။ ခန္ဓာကိုယ်အဆင့်တွေ မြန်မြန်တက်တာက အဓိပ္ပာယ်ရှိပါတယ်။”
ကျိပါ့ထျန်းက ပြောလိုက်၏။
“ယင်းအာရဲ့ ပြိုင်ဘက်ကို တကယ်ပဲ အထင်သေးလို့ မရဘူး။”
ကျိကျန့်ထျန်း ခေါင်းငြိမ့်လိုက်သည်။ ကျိပါ့ထျန်းသည် ခေတ္တစဉ်းစားပြီးနောက် ကျိကျိယင်းကို ခေါ်ခိုင်းလိုက်လေသည်။
“အဖေ၊ ဘာကိစ္စလဲ။”
ကျိကျိယင်းသည် အမျိုးသမီးနှစ်ဦးနှင့်အတူ ဘဝ၏အဓိပ္ပာယ်ကို ရှာဖွေနေစဉ် ဆင့်ခေါ်ခံလိုက်ရသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့၏။
ထိုအခါ ကျိပါ့ထျန်းက သူတို့၏ ကောက်ချက်ကို ဂရုတစိုက် ရှင်းပြလိုက်သည်။ ထိုအရာကို ကြားလိုက်ရသောအခါ ကျိကျိယင်း အံ့ဩသွားခဲ့။
“အဖေပြောချင်တာက ရိရန်ပင်းလည်း SSS အဆင့်ကို တက်သွားပြီလို့လား။”
“အင်း...ပြီးတော့ ဒီသတ္တဝါကြီးတွေက မင်းတို့နှစ်ယောက် SSS အဆင့်ကို ရောက်တာနဲ့ ဆက်စပ်နေပုံရတယ်။”
ကျိပါ့ထျန်းက ပြန်ဖြေလိုက်သည်။
“အဲကောင်က တကယ်ပဲ ဒီလောက်တောင် သန်မာတယ်ပေါ့။”
ကျိကျိယင်း သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
“ဒါကြောင့် မင်း ပေါ့ပေါ့ဆဆ နေလို့မရသေးဘူး။”
ကျိပါ့ထျန်းက ဆုံးမလိုက်၏။။ကျိကျိယင်း ကလေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။ SSS အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိပြီးနောက် သူသည် အမှန်တကယ်ပင် ပျော်ပါးနေခဲ့မိသည်။ ဤကမ္ဘာ၏ အမြင့်ဆုံး ရုပ်ခန္ဓာအဆင့်သည် SSS အဆင့်ဖြစ်သဖြင့် သူက တောင်ထိပ်သို့ ရောက်ပြီဟု ယူဆကာ အနားယူပြီး ရှုခင်းကြည့်ရန်ပင် စဉ်းစားခဲ့၏။
ယခုမူ ထိုတောင်ထိပ်တွင် တစ်စုံတစ်ယောက်က ရောက်နှင့်နေပြီဆိုသည်ကို သူ ရုတ်တရက် သိလိုက်ရပြီဖြစ်သည်။ သဘာဝကျကျပင် သူသည် ထိုသူကို တောင်အောက်သို့ ကန်ချရန် ကြိုးစားရပေလိမ့်မည်။
ကျိမိသားစုသည် ဤအကြောင်းရင်းကို ခန့်မှန်းမိသော်လည်း ယီထျန်းဂရုချတ်တွင် မျှဝေခြင်း မပြုခဲ့ပေ။ သို့သော် ဆုဝမ်က ဂရုထဲရှိ လူတိုင်း၏ မေးခွန်းများကို မြင်တွေ့လိုင်ရသဖြင့် ရှောင်းယီထံသို့ ထိုမေးခွန်းကို ပို့ပေးလိုက်တော့လေသည်။
ထိုပြဿနာကို ကြားလိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီး ယီထျန်းဂရုချတ်တွင် ရှင်းပြလိုက်သည်။
“အားလုံးပဲ...သတ္တဝါကြီးတွေ တိုက်ခိုက်တဲ့ နောက်ကွယ်က အခြေအနေအမှန်ကို ကျုပ်လည်း အတိအကျ မသိသေးဘူး။ ဒါပေမဲ့ ကျုပ်မှာ ခန့်မှန်းချက်တစ်ခု ရှိတယ်။ နားထောင်ကြည့်ကြပါ။”
“ကောင်းပြီ...နောက်ဆုံးတော့ သူဌေး စကားပြောလာပြီပဲ။ ကျုပ်တို့ နားထောင်နေပါတယ်။”
“ခန့်မှန်းချက်ဆိုရင်လည်း ရပါပြီ။ ကျုပ်တို့ကို ပြောပြပါ။ အတူတူ ဆွေးနွေးကြတာပေါ့။ ဒါဆိုရင် ပိုပြီး ရှင်းလင်းတဲ့ ပုံရိပ်တစ်ခု ရနိုင်မလားလို့ပါ။”
အခန်း ၉၀၂ - စည်းမျဉ်းများ ကြေညာခြင်းနှင့် ချာလီက ရှောင်ပိုင်ကို ကြောက်လန့်ခြင်း
ရှောင်းယီက ယီထျန်းဂရုထဲတွင် ဆက်ပြောလိုက်သည်။
“လက်ရှိ ကျုပ်ဆီမှာရှိတဲ့ အချက်အလက်တွေအရ ကျွန်းပေါ်မှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ယောက်က SSS အဆင့်ကို တက်လှမ်းသွားတာကြောင့် ဧရာမသတ္တဝါကြီးက ကျွန်းကို လာရောက်တိုက်ခိုက်တာလို့ ကျုပ် ခန့်မှန်းထားတယ်။”
“ဘာ...အသက်ရှင်ကျန်ရစ်သူတစ်ယောက်က SSS အဆင့်ကို တက်သွားတာလား။”
“ဒါက ထူးဆန်းလို့လား။ သူဌေးက သေချာပေါက် SSS အဆင့်ကို ရောက်နေတာပဲလေ။ ဒါပေမဲ့ တခြားမဟာမိတ်အဖွဲ့ကလူတစ်ယောက်ပါ အဆင့်တက်သွားတယ်ဆိုတာက ပိုထူးဆန်းနေတယ်။”
“ဟုတ်တယ်။ သူဌေး အဆင့်တက်တာက ဘာမှ မထူးဆန်းဘူး။ သူ့မှာက ကောင်းတဲ့အရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တခြားမဟာမိတ်အဖွဲ့က ဘယ်လိုလုပ်ပြီး အဆင့်တက်သွားတာလဲ။”
“အဲ့ဒါ ဘယ်မဟာမိတ်အဖွဲ့လဲဆိုတာကို ငါပိုသိချင်နေမိတယ်။”
“ငါလည်း အတူတူပဲ။”
“ဒါပေမဲ့... SSS အဆင့်ကို တက်တာက ဧရာမသတ္တဝါကြီးတွေကို ဆွဲဆောင်တယ်ဆိုရင်တော့ ငါအဆင့်မတက်တာ ပိုကောင်းမယ်ထင်တယ်။ အန္တရာယ် အရမ်းများလွန်းတယ်။”
“မင်းရဲ့ သတ္တိနည်းပုံကို ကြည့်စမ်းပါ။ သတ္တဝါကြီးတစ်ကောင်ကြောင့်နဲ့ အဆင့်တက်ဖို့ လက်လျှော့လိုက်တာလား။ ဒါ့အပြင် ငါတို့မှာ သတ္တဝါကြီးတွေကို နှိမ်နင်းဖို့ ကူညီပေးမယ့် သူဌေးရှိနေတာပဲ။ ဘာကို ကြောက်နေတာလဲ။”
“မှန်တယ် တတ်နိုင်သမျှ မြန်မြန် SSS အဆင့်ရောက်အောင် လုပ်တာက ပိုကောင်းတယ်။ ဒါပေမဲ့ ငါက အခုမှ A အဆင့်ပဲ ရှိသေးတာဆိုတော့ အဝေးကြီး လိုပါသေးတယ်။”
“ဟူး... ငါလည်း အတူတူပဲ။ SSS အဆင့်ဆိုတာ အလှမ်းဝေးလွန်းနေသေးတယ်။”
လူတိုင်း၏ ဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။
“အားလုံးပဲ... ဧရာမသတ္တဝါကြီးတွေက ရင်ဆိုင်ရတာ တကယ်ကို ခက်ခဲပါတယ်။ ကျုပ် ကူညီမယ်ဆိုရင်တောင် တော်ပီဒို အချို့ပဲ ပေးနိုင်မှာ။ ဒီနှစ်ကြိမ် သတ္တဝါကြီးတွေကို နှိမ်နင်းနိုင်ခဲ့တာက ကံတရားလည်း နည်းနည်းပါတယ်။ ကျုပ်အပေါ်ကိုပဲ အကုန်လုံး ပုံမအပ်ထားကြပါနဲ့။”
“တကယ်ကြီးလား။ သူဌေးတောင်မှ ခက်ခဲတယ်လို့ ပြောလာပြီရင်တော့ ဒါက တကယ့်ကို မလွယ်တဲ့ကိစ္စပဲ။ ငါတို့ ဘာလုပ်ကြမလဲ။”
“ကျုပ်ကတော့ အမြင့်ဆုံးအဆင့်ကို အရမ်းမြန်မြန် မတက်ဖို့ ယာယီ ဆုံးဖြတ်လိုက်ပြီ။”
“ဟက်... မင်းက SSS အဆင့်ကို မြန်မြန်တက်နိုင်တဲ့အတိုင်း ပြောနေတာပဲ။ စိတ်မပူပါနဲ့။ မင်း တက်ချင်ရင်တောင် ဒီလောက်မြန်မြန် တက်နိုင်မှာ မဟုတ်ဘူး။”
ရှောင်းယီသည် ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်ပြီး စာဖတ်ရန် သူ၏စားပွဲသို့ ပြန်သွားလိုက်လေသည်။ ဂရုထဲတွင် ဆွေးနွေးမှုများ ဆက်လက်ရှိနေသေးသော်လည်း ၎င်းတို့အားလုံးက ရှောင်းယီနှင့် မသက်ဆိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် တိုက်သစ်ပေါ်၌ ဗန်ပိုင်းယား ချာလီသည် ရှောင်းယီ၏ တည်နေရာကူးပြောင်းခြင်းအမှတ်အနီးသို့ ရောက်ရှိနေပြီး သံချပ်ကာ စစ်သင်္ဘောကြီးကို စောင့်ကြည့်နေခဲ့သည်။
“မြို့စားမင်း... ဒီသင်္ဘောကို ကျုပ်တို့ သိမ်းပိုက်လိုက်ရမလား။”
သူ၏ဘေးနားရှိ စစ်သားတစ်ဦးက မေးလိုက်သည်။ ချာလီက သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
“အဲ့ဒီသင်္ဘောပေါ်မှာ အရမ်း အစွမ်းထက်တဲ့ အရှိန်အဝါတစ်ခု ရှိနေတယ်။ ငါတောင်မှ အဲဒါကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်။”
ထိုအခါ သူ့ဘေးကစစ်သားက ထိတ်လန့်သွားခဲ့၏။
“မြို့စားမင်းထက်တောင် အစွမ်းထက်တဲ့လူ ရှိနေတာလား။”
“လူမဟုတ်ဘူး။”
ချာလီက ပြန်ဖြေလိုက်သည်။
“လူမဟုတ်ဘူးလား။ ဒါဆို ဘာလဲ။”
စစ်သားက စူးစမ်းစွာ မေးပြန်လိုက်သည်။ချာလီက လှောင်ပြုံးပြုံးလိုက်၏။
“မင်း တကယ်သိချင်တာလား။”
စစ်သားက ခေါင်းငြိမ့်ပြလိုက်သည်။
ချာလီသည် ထိုစစ်သားကို ချက်ချင်းပင် အပြင်သို့ ပစ်ထုတ်လိုက်၏။ သင်္ဘောပေါ်ရှိ ကင်းစောင့်များက စစ်သားကို ချက်ချင်းမြင်သွားပြီး “ဘယ်သူလဲ” ဟု အော်ဟစ်လိုက်ကြသည်။ စစ်သားမှာ ကြောင်အမ်းသွားတော့သည်။
သံချပ်ကာ သင်္ဘောပေါ်တွင်မူ ကျားတစ်ကောင်သည် အခန်းထဲ၌ အားကိုးရာမဲ့စွာ လဲလျောင်းနေပြီး အလွန်စိတ်ပျက်နေပုံရ၏။ ထိုကျားမှာ ရှောင်ပိုင်ပင် ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ကျားဖြူလေး၏ အစားအစာကို ခိုးယူပြီးကတည်းက သားရဲဘုရင်သည် ၎င်းအား ဤမဟာမိတ်အဖွဲ့၏ တည်နေရာကူးပြောင်းခြင်းအမှတ်ကို စောင့်ကြပ်ရန် တာဝန်ပေးထားခဲ့လေသည်။
ရှောင်းယီသည် တိုက်သစ်ပေါ်ရှိ တည်နေရာကူးပြောင်းခြင်းအမှတ်တစ်ခုစီတွင် SSS အဆင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်စီကို စောင့်ကြပ်ရန် စီစဉ်ထားလေ့ရှိသည်။ သို့မှသာ အဆင့်မြင့်ရန်သူနှင့် တွေ့ခဲ့လျှင်ပင် သူရောက်လာသည်အထိ တောင့်ခံထားနိုင်မည်ဖြစ်သည်။
ထို့ကြောင့် သားရဲဘုရင်သည် သူမ၏ခင်ပွန်းကိုယ်စား လျှောက်ထားလာသောအခါ ရှောင်းယီက သဘာဝကျကျပင် သဘောတူခဲ့ပြီး ရှောင်ပိုင် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သေချာသည်မှာ ၎င်းသည် ဤနေရာတွင် ထာဝရနေရမည်မဟုတ်ဘဲ အခြားအိမ်မွေးတိရစ္ဆာန်များက အလှည့်ကျ စောင့်ကြပ်ကြမည်ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်ရှိ စစ်သားများ၏ မျက်နှာပေါ်မှ အပြုံးဖျော့ဖျော့လေးများကြောင့် ရှောင်ပိုင် အလွန်မပျော်မရွှင် ဖြစ်နေခဲ့၏။
ငါက သားရဲတွေရဲ့ ဘုရင်ကွ။ ငါ့သားလေးမျက်နှာကြောင့်သာ မဟုတ်ရင် ငါ့မိန်းမကို ဒီလောက် လိုက်လျောနေပါ့မလား။ မဖြစ်နိုင်ဘူး။
သို့သော် ရှောင်ပိုင်သည် သူ မည်မျှပင် အော်ဟစ်နေပါစေ ဤလူသားအသိဉာဏ်မရှိသူများက နားလည်မည်မဟုတ်ကြောင်း သိထား၏။ ကျွန်းပိုင်ရှင်သာလျှင် သူ၏စကားကို နားလည်နိုင်ပေသည်။
သူ၏ ယောက်ျားပီသမှုကို သက်သေပြရန် ဤလူသားများကို အန္တရာယ်ပြု၍လည်း မရပေ။ ထို့ကြောင့် သူသည် အခန်းထဲတွင် စိတ်ပျက်စွာ လဲလျောင်းပြီး သူ၏ တာဝန်ချိန်ကုန်ဆုံးရန်သာ စောင့်နေရတော့သည်။
ရုတ်တရက် အပြင်ဘက်မှ “ဘယ်သူလဲ” ဟု အော်သံကို သူကြားလိုက်ရ၏။
ရှောင်ပိုင် ချက်ချင်း နိုးကြားသွားခဲ့သည်။
နောက်ဆုံးတော့ သူ၏ သန်မာမှုကို သက်သေပြဖို့ လူတစ်ယောက် ရောက်လာပြီလား။
“ဝေါင်း...” ဆိုသည့် အသံနှင့်အတူ ရှောင်ပိုင်သည် အပြင်သို့ ပြေးထွက်သွားတော့သည်။
အခန်းထဲရှိ လူများမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် ရှောင်ပိုင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ကြရ၏။
“ဟူး... ဒီကျားလေးလည်း ခက်ခဲနေရှာမှာပဲ။”
သက်ပြင်းချသံတစ်ခု ကြားလိုက်ရရာ ရှောင်ပိုင်မှာ ချော်လဲလာမတတ်ပင် ဖြစ်သွားခဲ့လေသည်။
စိတ်ကို ပြန်ထိန်းလိုက်ပြီးနောက် ရှောင်ပိုင်သည် ရောက်ရှိလာသူကို တောအုပ်တစ်ခုလုံး တုန်ခါသွားစေလောက်သည့် အသံကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။
ချာလီ ပစ်ထုတ်လိုက်သော စစ်သားမှာမူ အသည်းငယ်ကာ သတိလစ်မတတ် ကြောက်လန့်သွားခဲ့၏။ ၎င်းသည် တင်စားထားခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် ဖြစ်သည်။
ကျားကို မြင်လိုက်ရသောအခါ ချာလီသည် သူ၏လူများကို ခေါ်ပြီး ချက်ချင်း ထွက်ပြေးသွားတော့သည်။ သူ ပစ်ထုတ်လိုက်သော စစ်သားအတွက်မူ စိတ်မကောင်းပါချေ။ သူ့ထံ၌ စွန့်ပစ်ပြီးသား အရာကို ပြန်ကောက်လေ့ရှိသော အကျင့်မရှိပေ။
စစ်သားက ဘာမှမပြောသည်ကို မြင်သောအခါ ရှောင်ပိုင်က အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။ ရှောင်ပိုင် ချဉ်းကပ်လာသည်ကို မြင်ရုံနှင့် စစ်သားသည် မျက်လုံးများလန်ကာ သတိလစ်သွားတော့သည်။
ရှောင်ပိုင်သည် မျှော်လင့်ချက်ကင်းမဲ့စွာ နှာမှုတ်လိုက်ပြီး သင်္ဘောပေါ်သို့ ဖြည်းဖြည်းချင်း ပြန်လျှောက်သွားလိုက်တော့လေသည်။
သင်္ဘောပေါ်ရှိ ကင်းစောင့်များက ထိုလူကို ဖမ်းဆီးကာ မဟာမိတ်အဖွဲ့သို့ ပြန်ပို့လိုက်ကြ၏။ ကျန်းယွင်ထျန်း သည် ထိုစစ်သားကို ချက်ချင်းပင် စစ်ဆေးမေးမြန်းတော့သည်။
စစ်သားသည် ကျန်းယွင်ထျန်း၏ နှိပ်စက်မှုများကို မခံနိုင်ဘဲ သူသိသမျှ အကုန်လုံးကို အမြန်ပင် ပြောပြလိုက်ရ၏။ စစ်ဆေးမှုပြီးနောက် ကျန်းယွင်ထျန်းသည် ရှောင်စယီကို ချက်ချင်း သွားရှာလိုက်လေသည်။
“ကျွန်းပိုင်ရှင်... ဒီနေ့ တိုက်သစ်ပေါ်မှာ ချာလီရဲ့ လူတစ်ယောက်ကို ဖမ်းမိခဲ့ပါတယ်။”
ကျန်းယွင်ထျန်းက အကျဉ်းချုပ် တင်ပြလိုက်သည်။
“ဘယ်နေရာမှာလဲ။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“ငါတို့ သင်္ဘောနားမှာပါ။”
ကျန်းယွင်ထျန်းက ပြန်ဖြေသည်။
“စစ်ဆေးချက်တွေအရ ချာလီက ရှောင်ပိုင်ကို သတိထားနေပုံရတယ်။ အဲ့ဒါကြောင့် သင်္ဘောကို တိုက်ရဲတဲ့ပုံမရဘူး။”
“ဟမ့်...သူ သေချာပေါက် သတိထားရမှာပေါ့။ ဗန်ပိုင်းယားတွေမှာ အထူးစွမ်းရည်တွေ ရှိပေမဲ့ သူက SS အဆင့်ပဲ ရှိသေးတာ။ သူ ရှောင်ပိုင်ကို တိုက်ချင်တယ်ဆိုရင် SSS အဆင့်ရောက်မှ အခွင့်အရေးရှိလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ချာလီက ငါတို့ သင်္ဘောနဲ့ အရမ်းနီးနေပြီဆိုတော့ ငါတို့ဘက်က စပြီး တိုက်ခိုက်သင့်သလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“သူ ထွက်ပြေးသွားလောက်ပါပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
“သူက သူ့လူကိုတောင် ပစ်ထုတ်ခဲ့တာပဲလေ။ ရှောင်ပိုင်ကို မြင်လိုက်ရင် သူ ယှဉ်နိုင်မှာမဟုတ်ဘူးဆိုတာ ပိုသိသွားမှာပဲ။ သူ ထွက်သွားလောက်ပြီ။”
“ဒါဆိုရင် ချာလီက သူ မယှဉ်နိုင်ဘူးလို့ ထင်ပြီး ဒီတိုက်ကနေ တိုက်ရိုက် ထွက်မသွားနိုင်ဘူးလား။”
ကျန်းယွင်ထျန်း မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီတိုက်ပေါ်က ရတနာသေတ္တာတွေကိုတော့ သူ လက်လွှတ်မှာ မဟုတ်ဘူး။ ခဏတော့ ဆက်နေဦးမှာပဲ။ သူက ရှောင်ပိုင်တို့ကို မနိုင်ပေမဲ့ ငါတို့လို အပြင်လူတွေကို ရင်ဆိုင်ဖို့တော့ ယုံကြည်ချက် အပြည့်ရှိနေမှာပဲ။”
ရှောင်းယီက စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် နတ်သူငယ်တွေ သင်တန်းဆင်းတာကို စောင့်ပြီး ချာလီကို အတူတူ ဝိုင်းပြီး နှိမ်နင်းကြမလား။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“အင်း ဗန်ပိုင်းယားတွေက ထွက်ပြေးတဲ့နေရာမှာ ကျွမ်းကျင်တယ်။ အဲ့ဒါကြောင့် အချိန်ကျရင် သူ့ကို ပိတ်ဆို့ထားဖို့ လိုလိမ့်မယ်။”
“ကောင်းပြီ စိတ်မပူပါနဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေပြီး ဗီလာထဲမှ ထွက်ခွာသွားတော့သည်။
ရှောင်းယီသည် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“မင်း ဒီတိုက်သစ်ကြီးကနေ အရမ်းမြန်မြန် မထွက်သွားဖို့ ငါမျှော်လင့်တယ်။ မင်းအတွက် ဒီမှာ အကြီးမားဆုံးစပရိုက်တစ်ခု ငါပြင်ဆင်ထားတယ်။”
တိုက်သစ်ကြီး၏ အတွင်းပိုင်းသို့ ဦးတည်သွားနေသော ချာလီသည် ရုတ်တရက် နှာချေလိုက်ရသည်။
“ဘယ်သူက ငါ့အကြောင်း ဒီလောက်တောင် တွေးနေပါလိမ့်။”