← Chapters

အခန်း (၉၀၃-၉၀၄)

Vol. 74 Ch. 903-904

အခန်း (၉၀၃-၉၀၄)

Vol. 74 Ch. 903-904

အခန်း ၉၀၃ - အရှေ့ပင်လယ်နဂါးနန်းတော်ကို ဖွင့်လှစ်ခြင်း၊ စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်နှင့် ဉာဏ်အလင်းပွင့်ခြင်း

ညမှောင်လာချေပြီ...။

ရှောင်းယီသည် သူ၏စာအုပ်ကို ပိတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့၏။ အန်းရန်က သူ့ကို ညစာစားရန် ခေါ်နေပြီဖြစ်သည်။

သူ အောက်ထပ်သို့ ရောက်သောအခါ ထမင်းစားပွဲတွင် လူစုံတက်စုံ ရှိနေကြလေသည်။ အားလုံး ရောက်နေသည်ကို မြင်သောအခါ ရှောင်းယီက ပြုံးကာ မေးလိုက်သည်။

“ဒီနေ့ ဘာလို့ လူစုံနေကြတာလဲ။”

ရှောင်းယီ၏အဖွဲ့သို့ အစောဆုံးဝင်ရောက်ခဲ့သူ အားလုံး ဤနေရာတွင် ရှိနေကြ၏။

“ဒီနေ့က စနေနေ့လေ။ မင်း မမှတ်မိဘူးလား။ ငါတို့အားလုံး စနေနေ့ညဆိုရင် မိသားစုစုံစုံလင်လင်နဲ့ ညစာစားရတာ အကျင့်ဖြစ်နေပြီလေ။”

အန်းယွဲ့က ပြုံးပြီး ပြန်ဖြေလိုက်သည်။ရှောင်းယီ မျက်တောင်ခတ်လိုက်မိ၏။ သူ ရက်စွဲတွေကို မေ့နေခဲ့သည်။

နောက်ထပ် ရက်သတ္တပတ်ကုန်တစ်ခု ရောက်ပြန်ပြီလား။

သူ၏ကျွန်းမှာ စတုရန်းကီလိုမီတာနှင့် တိုင်းတာရလောက်အောင် ကြီးထွားလာပြီးကတည်းက သူ ပြက္ခဒိန်ကို ကြည့်လေ့မရှိတော့ပေ။ အရင်တုန်းကတော့ ယီထျန်းဂရုထဲကလူများသည် စကားပြောရင်းနှင့် ရက်စွဲများကို သတိပေးလေ့ရှိသော်လည်း လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် စာဖတ်ခြင်း၌သာ အချိန်ကုန်ဆုံးနေပြီး ဂရုချတ်ကိုလည်း မကြည့်ဖြစ်သလောက် ဖြစ်နေသဖြင့် စနေနေ့ ရောက်နေပြီဆိုသည်ကို သူ တကယ်ပင် သတိမထားမိခဲ့ပေ။

“အချိန်တွေ ကုန်တာ မြန်လိုက်တာ။ ဒီကမ္ဘာကို ရောက်တာ ၁၃ ပတ်တောင် ရှိသွားပြီပေါ့။”

ရှောင်းယီက သက်ပြင်းချလိုက်သည်။

“အနောက်တိုင်းမှာတော့ ၁၃ ဆိုတာ ကံမကောင်းတဲ့ ဂဏန်းလို့ ပြောကြတယ်။”

ဒူခန်းက ရယ်မောရင်း မှတ်ချက်ပေးသည်။

“ငါတို့က တခြားကမ္ဘာကို ရောက်နေတာလေ။ ဘယ်သူက ဒီအယူသီးမှုတွေကို ဂရုစိုက်မှာလဲ။”

ယွမ်နွန်က ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။

ထိုစဉ် ဆုဝမ်က ဝင်ပြောလိုက်၏။

“၁၃ ပတ်၊ ၉၁ ရက်... ငါ့အတွက်တော့ နှစ်နဲ့ချီနေသလိုပဲ။”

“ဟုတ်တယ်။ အရင်ကမ္ဘာက ဘဝက ပိုကောင်းနေတုန်းပဲ။ ဒီမှာတော့ ငါတို့က အမြဲတမ်း အပြင်လူတွေလို ဖြစ်နေမှာပဲ။”

အန်းရန်က ထောက်ခံလိုက်သည်။

“ကဲ... စားကြရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

ယနေ့ည၏ ဟင်းပွဲများမှာ အလွန်ပင် ခမ်းနားလှ၏။ ကြက်သား၊ ငါး၊ အသား၊ ဥ... မစုံတာ မရှိပေ။

“ကျွန်းပိုင်ရှင်... မနက်ဖြန်မှာ တခြားကျွန်းတွေနဲ့ မြို့တွေက တာဝန်ခံတွေ အပတ်စဉ် အစည်းအဝေးအတွက် လာကြလိမ့်မယ်။ မင်း တက်မှာလား။”

အန်းယွဲ့က ထမင်းစားရင်း မေးလိုက်သည်။ ရှောင်းယီ အနည်းငယ် စဉ်းစားကြည့်လိုက်၏။

“ကျုပ် မတက်တော့ဘူး။ ထူးခြားတာရှိရင် မှတ်ထားပြီး နောက်မှ ကျုပ်ကို ပြန်ပြောပြပါ။”

“ကောင်းပါပြီ။”

“ကျွန်းပိုင်ရှင်... အရှေ့ပင်လယ်နဂါးနန်းတော်ကို လူအများအတွက် ဖွင့်ပေးဖို့ စဉ်းစားဖူးလား။”

ဒူခန်းက ရုတ်တရက် မေးလိုက်၏။ ထိုမေးခွန်းက ရှောင်းယီကို အံ့ဩသွားစေခဲ့သည်။

“မင်း တကယ်ပဲ အဲဒီနေရာကို ဖွင့်ပေးချင်တာလား။”

“သေချာတာပေါ့။ ဒီလောက် ဆန်းကြယ်တဲ့ ရေအောက်ကမ္ဘာကြီးကိုလေ။ ကျုပ်တို့ ရှားနိုင်ငံသားတွေအတွက်တော့ အရှေ့ပင်လယ်နဂါးနန်းတော်ဆိုတာ လူတိုင်းကြားဖူးပေမဲ့ တစ်ခါမှ မရောက်ဖူးတဲ့ နေရာပဲ။ လူတိုင်းက ဒီအခွင့်အရေးကို လက်လွှတ်ခံကြမှာ မဟုတ်ဘူး။”

ဒူခန်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်၏။

“ကောင်းပြီလေ။ ရေသူမျိုးနွယ်စုတွေကို အဲဒါကို နည်းနည်း ထပ်ချဲ့ခိုင်းလိုက်ဦးမယ်။ ပြီးမှ ငါတို့ ဖွင့်ကြတာပေါ့။”

ဤအရာသည်လည်း ဝင်ငွေရမည့် လမ်းစတစ်ခုပင်။ သညခအတိုင်း ပစ်ထားလိုက်ပါက နှမြောစရာကောင်းပေလိမ့်မည်။ သဘာဝကျကျပင် အရေးကြီးသော နေရာများကိုမူ အပြင်လူများ ဝင်ခွင့်မရအောင် ကန့်သတ်ထားရမည်ဖြစ်သည်။

ရှောင်းယီက သဘောတူလိုက်သဖြင့် ဒူခန်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့၏။

“ဟားဟား... အဲဒါသာ ဖွင့်လိုက်ရင် လူတွေအများကြီး လာကြည့်ချင်ကြမှာ သေချာတယ်။ အဲဒီနန်းတော်က တကယ်ကို အံ့ဩစရာကြီးပဲ။”

ညစာစားပြီးနောက် ရှောင်းယီသည် ဧည့်ခန်းတွင် ခဏစကားပြောကာ အနားယူပြီးနောက် အပေါ်ထပ်သို့တက်ကာ စာဆက်ဖတ်လိုက်သည်။ နောက်ထပ် နှစ်ရက်အတွင်း ထိုစာအုပ်များကို အလွတ်ရအောင် အပြီးသတ်ရန် သူ စီစဉ်ထားခဲ့သည်။

“ရန်ရန်... ရှောင်းယီက ကျောင်းတုန်းကလည်း ဒီလောက် စာကြိုးစားတာလား။”

လီယန်ရန်က သမီးဖြစ်သူကို တိုးတိုးလေး မေးလိုက်၏။ အန်းရန်က ပြုံးကာ ခေါင်းခါပြလိုက်သည်။

“လုံးဝ မဟုတ်ဘူး။ သူက စာကို အေးအေးဆေးဆေးပဲ ဖတ်တာ။ ဒါပေမဲ့ အမြဲတမ်း အမှတ်ကောင်းကောင်း ရတတ်တယ်။”

“ဒါပေမဲ့ အခု ကျွန်းပိုင်ရှင်က အဲဒီစာအုပ်တွေကို တကယ်ကို အာရုံစိုက်ပြီး ဖတ်နေတာပဲ။”

ကျန့်ရွှဲ့ကလည်း ဝင်ပြောလာခဲ့သည်။

အန်းမိသားစုက သူ့ကို လူကိုယ်တိုင်ရှိစဉ်တွင် “ရှောင်းယီ” ဟု ခေါ်နိုင်သော်လည်း ကျန့်ရွှဲ့ကမူ ထိုသို့ ရင်းရင်းနှီးနှီး မခေါ်ရဲပေ။

နားထောင်နေသော ကျန်းယွင်ထျန်းက လေးလေးနက်နက် ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ SSS အဆင့်ဆိုတာ အဆုံးသတ် မဟုတ်သေးလို့ပဲ။ အဲဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့က သူ့လက်ထဲက စာအုပ်တွေအပေါ်မှာ မူတည်နေပုံရတယ်။”

“ဘာ...။”

လူတိုင်း အံ့ဩသွားကြ၏။

“SSS အဆင့်က ထိပ်ဆုံးမဟုတ်သေးဘူး ဟုတ်လား။ ကျုပ်တို့ သိသမျှက SSS မှာပဲ လမ်းဆုံးသွားကြတာလေ။”

ဒူခန်းက ရေရွတ်လိုက်သည်။

“အတိအကျပဲ။ ငါတို့ ‘သိသမျှ’ ပေါ့။ ငါတို့က ဒီကမ္ဘာကြီးအကြောင်း ဘယ်လောက်များ သိနေလို့လဲ။”

ကျန်းယွင်ထျန်းက ပြန်မေးလိုက်သည်။

အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့၏။ အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းများသည် တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာလှပြီး အသစ်တွေ့ရှိထားသော တိုက်သစ်များသည်လည်း ကုန်းမြေပေါ်မှ ကြည့်လျှင် ပို၍ပင် ဝေးကွာလှသည်။ ထိုတိုက်သစ်များ၏ အလွန်မှာ ဘာရှိသနည်း။ မည်သူမျှ မသိပေ။

“ကျွန်းပိုင်ရှင်က အဲဒီစာအုပ်တွေကို ဒီလောက်အလေးအနက်ထားတယ်...။ဒါက ရှေ့မတိုးနိုင်တဲ့ အခြေအနေကို ကျော်ဖြတ်ဖို့ သော့ချက်ပဲဖြစ်ရမယ်။ ငါတို့ရဲ့ အဆင့်တွေက နိမ့်လွန်းနေလို့ သူ့ကို မကူညီနိုင်တာကတော့ နှမြောစရာပဲ။”

ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။ယွမ်နွန်ကလည်း ခေါင်းငြိမ့်လိုက်သည်။

“မှန်တယ်။ ငါတို့က သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသလိုပဲ။”

“ဒါဆိုရင် ငါတို့လည်း SSS အဆင့်ရောက်အောင် အစွမ်းကုန် ကြိုးစားကြတာပေါ့။ ဒါမှ သူဌေးရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေနိုင်မှာ။”

ဒူခန်းက မတ်တပ်ထရပ်ရင်း ကြွေးကြော်လိုက်၏။

လူတိုင်းကတော့ ခါးသက်သက် အပြုံးတစ်ခုကိုသာ ပြုံးလိုက်ကြလေသည်။ SSS အဆင့်ကို ရောက်ဖို့ဆိုသည်မှာ ပြောသလောက် မလွယ်ကူပေ။ ဒူခန်းကဲ့သို့ ပါရမီရှိသူက မြန်မြန်တက်နိုင်သော်လည်း ကျန်သူများမှာမူ မည်မျှပင် စိတ်လှုပ်ရှားနေပါစေ တစ်ဆင့်ချင်းသာ တက်လှမ်းနိုင်ကြမည်ဖြစ်သည်။

သူတို့ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ အန်းယွဲ့က လက်ခုပ်တီးလိုက်၏။

“အားတင်းထားကြစမ်းပါ။ ငါတို့ အဆင့်တွေ နောက်ကျနေနိုင်ပေမဲ့ ကျွန်းပိုင်ရှင် အဆင့်တက်ဖို့ အာရုံစိုက်နိုင်အောင် မဟာမိတ်အဖွဲ့ကို ငါတို့ တည်ငြိမ်အောင် လုပ်ပေးနိုင်တာကလည်း ထည့်ဝင်မှုတစ်ခုပဲ။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးကြနဲ့။ နဂါးခေါင်းက တစ်ခုပဲ ရှိရမယ်။ အဲဒါက ကျွန်းပိုင်ရှင်ပဲ။ ငါတို့က သူ့နောက်ကနေ လိုက်ရုံပဲ။”

လူတိုင်းက သဘောတူစွာဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။

ရှောင်းယီသည် ညသန်းခေါင်ယံအထိ စာဆက်ဖတ်ခဲ့၏။ နောက်တစ်နေ့ မနက် ၅ နာရီတွင် သူ နိုးလာပြီး မျက်နှာသစ်ကာ လက်မှတ်ထိုးဝင်လိုက်လေသည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ဘက်စုံသုံး စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်ပုံစံကွက် (SSS အဆင့်) ၁။”

အသုံးဝင်သော ဆုလာဘ်တစ်ခုပင်။ သူ ခေါင်းငြိမ့်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသုံးပြုလိုက်သည်။

ထို့နောက် သူသည် ဝရန်တာသို့ ထွက်လာပြီး လေညင်းအေးအေး၊ ထွက်ပြူစ နေဝန်းကြီး၊ မနက်ခင်း နှင်းစက်များနှင့် ငှက်ကလေူများ၏ တေးသံများကို ခံစားနေမိ၏။ သူသည် ထိုသဘာဝတရားနှင့် တစ်သားတည်း ဖြစ်သွားသလို ခံစားနေရသည်။

ဒေါက် ဒေါက် ဒေါက်

“မနက်စာ အဆင်သင့်ဖြစ်ပြီ။”

အန်းရန်၏ အသံက တံခါးဝမှ ထွက်ပေါ်လာပြီး သူ့ကို သဘာဝတရားနှင့် တစ်သားတည်း ဖြစ်နေသည့် အခြေအနေမှ ဆွဲထုတ်လိုက်၏။

ခဏလေးဟု သူ ခံစားလိုက်ရသော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်သောအခါ သူ မှင်တက်သွားသည်။

“နှစ်နာရီတောင် ကုန်သွားတာလား။”

သူ မယုံနိုင်အောင် ဖြစ်သွား၏။ အချိန်များက ပျောက်ကွယ်သွားသလိုပင်။

သူသည် ထိုအတွေ့အကြုံကို အံ့ဩနေဆဲဖြစ်သော်လည်း မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ ရှောင်းယီ၏ အံ့ဩနေသော မျက်နှာကို မြင်သောအခါ အန်းရန်က စူးစမ်းစွာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ။”

“ဘာမှမဟုတ်ပါဘူး။ ခဏလေး ငိုင်သွားတာ နှစ်နာရီတောင် ကြာသွားလို့ အံ့ဩနေတာ။”

သူက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

“ဟင်...။ ငါက နှစ်နာရီလုံး စာအုပ်ထဲမှာ ခေါင်းနှစ်ထားတာလို့ ထင်နေတာ။”

အန်းရန်က မျက်လုံးလေး ကလယ်ကလယ်နှင့် ပြောလိုက်သည်။

ထိုအချိန်တွင် အန်းယွဲ့နှင့် အခြားသူများမှာ အလုပ်သွားရန် ထွက်ခွာသွားကြပြီဖြစ်သည်။ မနက်စာစားပြီးနောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို သုံးကာ စစ်စခန်းသို့ ဦးတည်သွားလိုက်၏။ သူ ရရှိထားသော ဘက်စုံသုံး စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်သည် စစ်ရေးအတွက် အဓိကဖြစ်သဖြင့် ထိုနေရာတွင် စမ်းသပ်ကြည့်လိုနေလေသည်။

အခန်း ၉၀၄ - ရုပ်ဖျက်နည်းလေ့ကျင့်ခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်သော ရှောင်းယီ

စစ်စခန်းဘက်ရှိ တည်နေရာကူးပြောင်းခြင်း အမှတ်တွင် အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် ရှောင်းယီ၏ ပုံရိပ် ထွက်ပေါ်လာခဲ့လေသည်။

“ကျွန်းပိုင်ရှင်...။”

ဘေးနားရှိ ကင်းစောင့်စစ်သားက ချက်ချင်းပင် ရိုသေစွာ နှုတ်ဆက်လိုက်၏။

ရှောင်းယီက ခေါင်းညိတ်ပြပြီး ဘေးရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်လေသည်။ စစ်စခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ဗီလာပထမထပ်ရှိ ကျောက်တိုင်နှင့် အတူတူပင်ဖြစ်ပြီး ၎င်းတို့နှစ်ခုလုံးသည် စစ်စခန်းအတွင်းသို့ လှေငယ်တစ်စင်းကို တိုက်ရိုက်ဆွဲသွင်းထားပြီး ချိတ်ဆက်ထားခဲ့ခြင်းသည်။

ရှောင်းယီသည် ထိုကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် သံချပ်ကာယာဉ်တစ်စီးကို ဖန်တီးလိုက်သည်။

ထုတ်လုပ်မှု စာမျက်နှာကို ကြည့်ရင်း ရှောင်းယီက အံ့အားသင့်စွာသွားခဲ့၏။

“စနစ်ကပေးတဲ့ ပုံစံခွက်က တကယ်အားကိုးရတာပဲ။ အရွယ်အစားကိုတောင် ရွေးလို့ရသေးတယ်။ အရင်ဆုံး လူငါးယောက်စီး Off-road ကားတစ်စီးပဲ ရွေးလိုက်တာပေါ့။”

ကုန်ကြမ်းပစ္စည်းများ အဆင်သင့်ရှိနေခဲ့ရာ Off-road ကားမှာ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။

၎င်းသည် ပစ္စည်းများ တင်ဆောင်ရန် နောက်ခန်းပါသော ပစ်ကပ်ကားနှင့် တူပေသည်။ နောက်ခန်းတွင် လက်နက်တင်စင်တစ်ခုပင် ပါရှိသော်လည်း ယခုအချိန်တွင်မူ ထိုစင်မှာ အလွတ်ဖြစ်နေသေးသည်။

“စနစ်က တကယ်ကို ကပ်စေးနှဲတာပဲ။ ကားတောင် လုပ်ပေးပြီးပြီကို။ လက်နက်တွေပါ တစ်ခါတည်း ထည့်ပေးလိုက်ပါတော့လား။ ဘာလို့ လက်နက်စင်ကို အလွတ်ကြီး လုပ်ထားရတာလဲ။”

ရှောင်းယီက တိုးတိုးလေး ညည်းတွားလိုက်သည်။ သို့သော် စနစ်က ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေဆဲပင်။

ရှောင်းယီသည် သက်ပြင်းချရင်း ကားပေါ်တက်ကာ စစ်စခန်းအတွင်းသို့ မောင်းနှင်သွားတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ စစ်သားများသည် မြင့်မားသော ကိုယ်ထည်ရှိသည့် ထိုကားကို ကြည့်ကာ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေကြ၏။

“ဒါ သူတို့ပြောနေကြတဲ့ ကားဖြစ်မယ်။ အသစ်ထင်တယ်။ အရင်တစ်ခုက ဒီလောက်မမြင့်ဘူး။”

“ဟုတ်တယ်။ ကျွန်းပိုင်ရှင်တော့ ကောင်းတာတစ်ခုခု ထပ်ရသွားပြန်ပြီထင်တယ်။”

“လာ လာ... ငါ မင်းတို့ကို ရှင်းပြမယ်။ ဒါကို ကားလို့ ခေါ်တယ်။ အတိအကျပြောရရင် Off-road ကားပေါ့။ အဓိက ထူးခြားချက်က သူ့ရဲ့ မြင့်မားတဲ့ ကိုယ်ထည်ပဲ။ တောတောင်တွေက သွားရလာရ ခက်ခဲတဲ့အတွက် ဘယ်လိုမြေမျက်နှာသွင်ပြင်မျိုးမှာမဆို မောင်းလို့ရအောင် လုပ်ထားတာ။”

ပတ်ဝန်းကျင်ရှိ ဒေသခံစစ်သားများသည် ချက်ချင်းပင် ဝိုင်းအုံလာကြပြီး မေးခွန်းများ စတင်မေးမြန်းကြတော့သည်။

ရှောင်းယီသည် ကားကို လေ့ကျင့်ရေးကွင်းသို့ မောင်းလာခဲ့ရာ ဘေးမှ ကင်းစောင့်တစ်ဦးက ချက်ချင်း လျှောက်လာခဲ့လေသည်။ ရှောင်းယီဖြစ်ကြောင်း မြင်သောအခါ သူက အလေးပြုပြီး “ကျွန်းပိုင်ရှင်” ဟု နှုတ်ဆက်လိုက်သည်။

“အစ်ကိုကျန်း ဘယ်မှာလဲ။”

ရှောင်းယီက လက်ဝေ့ယမ်းပြရင်း မေးလိုက်သည်။

“သူက နည်းပြ ကျန်းနဲ့အတူ ရုပ်ဖျက်နည်းတွေကို လေ့ကျင့်နေပါတယ်။”

ကင်းစောင့်က ပြန်ဖြေလိုက်သည်။

ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်ပြီး လေ့ကျင့်ရေးကွင်းရှိ တောအုပ်ပုံစံ မြေပြင်ဆီသို့ တိုက်ရိုက်လျှောက်သွားလိုက်၏။

ဆာရာသည်လည်း လေ့ကျင့်မှုတွင် ပါဝင်နေပြီး သူမသည် ကျန်းယွက်ထျန်းနှင့် ကျန်းရွှဲ့တို့၏ ပုံရိပ်များကို ဂရုတစိုက် ရှာဖွေနေခဲ့သည်။

ဤအချိန်တွင် နတ်သူငယ်များသည် ယခင်ကကဲ့သို့ မာနထောင်လွှားခြင်း မရှိတော့ဘဲ တည်ငြိမ်မှုနှင့် ဂရုစိုက်မှုတို့သာ ရှိတော့ပေသည်။

ရှောင်းယီသည် ဆာရာ၏ ဘေးနားသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ ဆာရာက လှည့်ကြည့်လိုက်ရာ ရှောင်းယီကို မြင်လိုက်ရသဖြင့် လန့်သွားပြီး လက်များတုန်သွားကာ မြှားဖြင့် ပစ်မိတော့မတတ် ဖြစ်သွားခဲ့လေသည်။

“ရှင် ဘယ်တုန်းက ရောက်လာတာလဲ။”

ဆာရာက သူ၏လက်ထဲမှ လေးနှင့်မြှားကို ချရင်း ထိတ်လန့်တကြား မေးလိုက်သည်။

“ခုတင်ပဲ ရောက်တာ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေသည်။

“လမ်းလျှောက်တာ ဘာလို့ အသံတစ်စက်မှ မထွက်ရတာလဲ။”

ဆာရာက အကူအညီမဲ့စွာ ပြောလိုက်၏။

“စစ်မြေပြင်မှာ မင်းလုပ်မိတဲ့ အသံတိုင်းက ရန်သူ့ဆီကို သတင်းပေးသလို ဖြစ်သွားနိုင်တယ်လေ။”

ရှောင်းယီက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

ဆာရာသည် ခဏမျှ ကြောင်အသွားပြီးနောက် ခေါင်းငြိမ့်လိုက်၏။

“ကျွန်းပိုင်ရှင်က ဟိုနှစ်ယောက်ထက်တောင် ပိုတော်လိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး။”

သူမက လေးလေးနက်နက် ပြောလိုက်သည်။ ရှောင်းယီက ခေါင်းအသာခါယမ်းရင်း “လေ့ကျင့်နေကြတာလား” ဟု မေးလိုက်သည်။

“မဟုတ်ဘူး။ လေ့ကျင့်မှု ရလဒ်တွေကို စမ်းသပ်နေတာ။”

ဆာရာက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ဆက်လုပ်ကြပါ။”

ရှောင်းယီသည် ဘေးသို့ လျှောက်သွားပြီး သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်ကာ သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်လိုက်သည်။

သူသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း ဖတ်ခဲ့သော စာအုပ်များကို ပြန်လည်အမှတ်ရရင်း စိတ်ကို တည်ငြိမ်စွာ ထားလိုက်၏။

ဆာရာသည် ကျန်းယွင်ထျန်းတို့နှစ်ဦးကို ဂရုတစိုက် ထပ်မံရှာဖွေနေသော်လည်း ရှောင်းယီကို တိုက်ရိုက်မကြည့်သရွေ့ သူရှိနေသည်ကို သူမ လုံးဝ အာရုံမခံနိုင်ခဲ့ပေ။

ဆာရာက နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သောအခါ ရှောင်းယီမှာ ထိုနေရာတွင် ထိုင်နေဆဲဖြစ်ပြီး အဆိပ်ပြင်းမြွေတစ်ကောင်မှာ ရှောင်းယီဆီသို့ ချဉ်းကပ်နေသည်ကို မြင်လိုက်ရလေသည်။

ဆာရာသည် ချက်ချင်းပင် လေးနှင့်မြှားကို အသင့်ပြင်လိုက်သော်လည်း နောက်တစ်အခိုက်တွင် ပြန်ချလိုက်၏။

အကြောင်းမှာ ထိုအဆိပ်မြွေသည် ရှောင်းယီ၏ ဘေးတွင် အခွေလိုက်လေး ငြိမ်သက်စွာ အောင်းနေသောကြောင့်ပင်။

“ဘာတွေ ဖြစ်နေတာလဲ။”

ဆာရာသည် ရှောင်းယီအား လုံးဝ နားမလည်နိုင်တော့ပေ။

လူတစ်ယောက်က ဘေးနားမှာ ရှိနေသည်ကို မျက်စိနှင့် မမြင်ရလျှင် အဘယ်ကြောင့် အာရုံမခံနိုင်ရသနည်း။

“သူသာ နည်းနည်းလောက် ရုပ်ဖျက်ထားရင် ဘယ်သူက ရှာတွေ့နိုင်မှာလဲ။”

ဆာရာ ရုတ်တရက် တွေးလိုက်မိ၏။

“ကျွန်းပိုင်ရှင်က တကယ်ကို အစွမ်းထက်တာပဲ။”

ထို့နောက် ဆာရာသည် အကြည့်ကို ပြန်လွှဲလိုက်ပြီး သူမ၏ လေ့ကျင့်ရေးတာဝန်ကိုသာ ဂရုတစိုက် ဆက်လုပ်လိုက်လေသည်။

နာရီဝက်ခန့် အကြိမ်ကြိမ် ရှာဖွေပြီးနောက် ဆာရာသည် ရုပ်ဖျက်ထားသော ကျန်းရွှဲ့ကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့သည်။

သို့သော် ဆာရာ၏ မျက်နှာမှာ မကောင်းလှပေ။ အကြောင်းမှာ သူမ၏ အဆင့်မှာ ကျန်းရွှဲ့ထက် အများကြီး မြင့်သော်လည်း သုံးကြိမ်တိုင်တိုင် ရှာဖွေပြီးမှသာ တွေ့ရခြင်းကြောင့်ပင်။

ကျန်းရွှဲ့၏ လူကိုယ်ထည် ပေါ်လာပြီးနောက် သူမက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“ငါသာ မင်းကို ချောင်းမြောင်းတိုက်ခိုက်မယ်ဆိုရင် အသေမသတ်နိုင်ရင်တောင် အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်တယ်။”

ဆာရာက ဘာမှပြန်မပြောဘဲ ခေါင်းငြိမ့်လိုက်သည်။

သို့သော် ကျန်းယွင်ထျန်းကိုမူ ဆာရာအပါအဝင် နတ်သူငယ်များအားလုံး ရှာမတွေ့ကြသေးပေ။

“နည်းပြ ကျန်း(ကျန်းရွှဲ့)...ကျွန်မတို့ နည်းပြ ကျန်းကို ရှာမတွေ့ဘူး။”

ဆာရာက အကူအညီမဲ့စွာ ပြောလိုက်သည်။ ကျန်းရွှဲ့ကလည်း သက်ပြင်းချလိုက်သည်။

“မင်းတို့ ရုပ်ဖျက်နည်းလေ့ကျင့်မှုကို ပိုပြီး အားစိုက်ဖို့ လိုသေးတယ်။”

ဆာရာက ညည်းတွားရင်း ရှောင်းယီကို လှမ်းကြည့်လိုက်ရာ သူက ဘုန်းကြီးအိုတစ်ပါးကဲ့သို့ တည်ငြိမ်နေဆဲပင်။ ထိုစဉ် ဆာရာက စိတ်ကူးပေါက်သွားကာ အကြံပေးလိုက်၏။

“နည်းပြ ကျန်း ကျွန်းပိုင်ရှင်ကို ရှာခိုင်းကြည့်ရင်ရော ဘယ်လိုလဲ။”

ကျန်းရွှဲ့ အံ့သြသွားခဲ့သည်။

“ကျွန်းပိုင်ရှင်လား။ သူက အခု အလုပ်ရှုပ်နေမှာပေါ့။”

“မဟုတ်ဘူး၊ သူ ဟိုမှာ။”

ဆာရာက ရှောင်းယီရှိရာဘက်ကို လက်ညှိုးထိုးပြလိုက်၏။ ကျန်းရွှဲ့ အံ့သြတကြီး လှမ်းကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထိုနေရာတွင် တကယ်ပဲ လူတစ်ယောက် ရှိနေခြင်းပေလော။

သူ ဘယ်လိုလုပ်လိုက်တာလဲ။ ဒီလိုမျိုး လုပ်ကြံမယ်ဆိုရင် သူမတောင် တုံ့ပြန်ဖို့ အချိန်ရလိုက်မှာ မဟုတ်ဘူး။

“ကျွန်းပိုင်ရှင် ဘယ်တုန်းက ရောက်နေတာလဲ။”

ကျန့်ရွှယ်က လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။ ထိုအခါမှ ရှောင်းယီက မျက်လုံးဖွင့်လိုက်သည်။ သူ၏ဘေးတွင် ခွေနေသော အဆိပ်ပြင်းမြွေသည် ခေါင်းထောင်ကာ နှောင့်ယှက်သူကို လျှာထုတ်ပြပြီးနောက် မြူခိုးများကြားတွင် ပျောက်ကွယ်သွားတော့သည်။

“ရောက်နေတာ ကြာပြီ။ လေ့ကျင့်ရေး တာဝန်တွေ ပြီးသွားပြီလား။”

ရှောင်းယီက ပြုံးကာ မေးလိုက်သည်။

“ကျွန်မတို့ နည်းပြ ကျန်းရွှဲ့ကိုပဲ တွေ့သေးတယ်။ နည်းပြ ကျန်းကို ရှာမတွေ့ဘူး။ ကျွန်းပိုင်ရှင်ပဲ ကူပြီး ရှာပေးပါလား။”

ဆာရာက ချက်ချင်းပင် တောင်းဆိုလိုက်သည်။

ဘုရင်မဖြစ်သည့် ဆာရာတစ်ဦးတည်းသာ ဤကဲ့သို့ အကြံပြုရဲခြင်းပင်။ ရှောင်းယီသည် အနည်းငယ် ကြောင်အသွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ။ ရုပ်ဖျက်ရှာတဲ့ ကစားနည်း မကစားရတာ အတော်ကြာပြီ။ အစ်ကိုကျန်းရဲ့ အရည်အချင်းတွေ ကျသွားပြီလားဆိုတာ ကြည့်ရသေးတာပေါ့။”

ကျွန်းပိုင်ရှင်ကိုယ်တိုင် ပါဝင်မည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ နတ်သူငယ်များက စတင်ဆွေးနွေးကြတော့သည်။

“ကျွန်းပိုင်ရှင်က တကယ်ရော ရှာနိုင်ပါ့မလား။ ငါတို့အများကြီး ရှာတာတောင် မတွေ့တာကို သူတစ်ယောက်တည်းဆိုရင် တစ်နေ့လုံး ကြာနေမှာ မဟုတ်ဘူးလား။”

“ဟုတ်တယ်။ ကျွန်းပိုင်ရှင် တိုက်ခိုက်တာကို ငါတစ်ခါမှ မမြင်ဖူးသေးဘူး။ သူ ဘယ်လောက် အစွမ်းထက်လဲ မသိဘူး။ တောထဲက အဆိပ်ရှိတဲ့ သတ္တဝါတွေ အကိုက်မခံရပါစေနဲ့။”

“မဖြစ်နိုင်ဘူး။ ခုနက သစ်ပင်ပေါ်မှာ မြွေတစ်ကောင်ရှိနေတာတောင် သူ့ကို မကိုက်ဘူးလေ။ ကျွန်းပိုင်ရှင်မှာ တစ်ခုခုတော့ ပါမှာပါ။”

နတ်သူငယ်များ၏ ပြောဆိုသံများကြားတွင် ရှောင်းယီသည် တောအုပ်ထဲသို့ အေးအေးဆေးဆေး လျှောက်ဝင်သွားခဲ့၏။ သူ့ပုံသံမှာ လူရှာနေသည့် ပုံစံနှင့်ပင် မတူပေ။

“ကျွန်းပိုင်ရှင်က တကယ်ပဲ လူရှာနေတာလား။ အပျော်ခရီး ထွက်နေသလိုပဲ။”

နတ်သူငယ်တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။

သို့သော် ရှောင်းယီသည် နေရာတစ်ခုသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်ပြီး လမ်းကြောင်းတစ်ခုကို ကြည့်ကာ ပြောလိုက်သည်။

“အစ်ကိုကျန်း မင်းရဲ့ ရုပ်ဖျက်နည်းအတတ်က နည်းနည်းတော့ ကျသွားပြီနော်။”

ဆာရာနှင့် နတ်သူငယ်များသည် ရှောင်းယီကြည့်နေသော ဘက်သို့ ပဟေဠိသော မျက်နှာများဖြင့် လှမ်းကြည့်လိုက်ကြ၏။

ဘာတွေဖြစ်နေတာလဲ။ အဲဒီမှာ တကယ်ပဲ လူရှိနေတာလား။

သူတို့အမြင်တွင် ရှောင်းယီကြည့်နေသော နေရာမှာ စိမ်းလန်းစိုပြေနေသော မြက်ပင်များသာ ရှိနေပေသည်။

All Chapters