← Chapters

နတ်ဘုရားသင်္ချိုင်းလျှို

Vol. 95 Ch. 1328

နတ်ဘုရားသင်္ချိုင်းလျှို

Vol. 95 Ch. 1328

အပြင်သူများ ဝရုန်းသုန်းကား ထွက်ပြေးနေကြစဉ် ယွီဝမ်ကျန်းမှာ ကြောင်အမ်းအမ်းဖြင့် အပြင်သူသုံးယောက် ယခုလေးတင် သေသွားခဲ့သည့် နေရာကို ကြည့်လိုက်သည်။ ထို့နောက် အရပ်လေးမျက်နှာတွင် ကြောက်လန့်တကြား ထွက်ပြေးနေသော အပြင်သူများကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ မန်ဟို့ကို ပြန်လှည့်ကြည့်လိုက်၏။

မန်ဟိုက ထွက်ပြေးနေသည့်အပြင်သူများကို မျက်နှာထားတင်းတင်းဖြင့် ကြည့်ပြီးနောက် ပလ္လင်ထံ ခြေတစ်လှမ်းလှမ်းလိုက်သည်။

ယွီဝမ်ကျန်းသည် ချီတုံချတုံဖြစ်နေပြီးနောက် ပြော၏။ “မင်းသိလား၊ အချိန်ဖြုန်းရာတော့ နည်းနည်းပါးပါးရောက်ပေမယ့် ငါတို့ ပြေးနေတဲ့ အပြင်သူသုံးဆယ်ရာခိုင်နှုန်းလောက်ကို သတ်နိုင်သေးတယ်”

မန်ဟိုက ချာခနဲလှည့်ကာ ပြန်ဖြေသည်။ “လူသတ်တာက နှလုံးသားကို သတ်တာလောက် မထိရောက်ဘူး။ စစ်ပွဲရဲ့ သော့ချက်က ရန်သူကို အနိုင်ပိုင်းဖို့လေးသက်သက်မဟုတ်ဘူး။ စိတ်ဓာတ်ရေးရာနဲ့လည်း ဆိုင်သေးတယ်

“အခု ငါ သူတို့ရဲနှလုံးသားကို သတ်လိုက်ပြီမလို့ သူတို့ သတ္တိမရှိကြတော့ဘူး။ သတ္တိမရှိတော့ရင် သူတို့ဟာ တောင်ပင်လယ်လောကသား ကျင့်ကြံသူတွေရဲ့ စိတ်ဓာတ်အားမာန်ကို မြှင့်တင်ရာမှာ ပထမဆုံးခြေနင်းကျောက်တုံး ဖြစ်လာလိမ့်မယ်”

ယွီဝမ်ကျန်းသည် မန်ဟို့ကို လေးစားသော်လည်း ဖွင့်ဟပြောချင်သော သူ့အမြင်တစ်ခုလည်း ရှိသေး၏။ “လူတစ်ယောက်တည်းရဲ့ အောင်မြင်မှု၊ လူတစ်ယောက်တည်းရဲ့ အင်အားက ... အဲဒီလိုလုပ်နိုင်ဖို့ မလုံလောက်လောက်ဘူး”

“မှန်တယ်။ အဲဒါကြောင့် နတ်ဘုရားသွေးကို ယူဖို့ နတ်ဘုရားသင်္ချိုင်းလျှိုထဲ ငါ တတ်နိုင်သမျှမြန်မြန် သွားဖို့ လိုနေတာ” မန်ဟိုသည် ပလ္လင်ကို နင်း၍ ကြယ်တာရာကောင်းကင်နှင့် ကောင်းကင်ဘုံ (၁) ဖြစ်သော မြေထုကြီးကို မော့ကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင် ရူးမိုက်သောမီးစအား သူ့မျက်ဝန်းများတွင် မြင်ရနိုင်သည်။

“ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်” မန်ဟိုက တိုးညင်းစွာ ပြောသည်။ “ကောင်းကင်ဘုံ (၁) က အပြင်သူတွေ မော့ကြည့်လိုက်လို့ သူတို့တစ်ကမ္ဘာလုံး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး အောက်ပြုတ်ကျလာတာ မြင်လိုက်ရတဲ့အခါ ဘာဖြစ်သွားမယ်ထင်လဲ။ သူတို့ရဲ့ စိတ်ဓာတ်အားမာန်၊ နှလုံးသားတွေ၊ သတ္တိတွေ ... နဂိုအတိုင်း ကျန်ခဲ့မယ်ထင်လား” သူ့အသံသည် တိုးညင်းသော်လည်း ၎င်းတို့နောက်ကွယ်ရှိ အဓိပ္ပါယ်သည် မိုးနှင့်မြေကို တသိမ့်သိမ့် တုန်သွားစေနိုင်သည်အထိ ထိတ်လန့်ဖွယ်ကောင်း၏။

ယွီဝမ်ကျန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ “မင်း ...” သူ့မှာ မိုးကြိုးဖြင့် ပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၍ စကားပင် မပြောနိုင်တော့ပေ။

မန်ဟိုက မျက်လုံးများကို ပိတ်သည်။ “စစ်ပွဲတစ်ပွဲကို အောင်နိုင်ဖို့အတွက် သော့ချက်က ... ရန်သူရဲ့ စိတ်ဓာတ်အားမာန်ကို ဖျက်စီးပစ်တာပဲ။ ဒီအပြင်သူတွေအတွက် ကောင်းကင်ဘုံ (၁) က သူတို့အိမ်၊ သူတို့ရဲ့အားမာန်ပဲ ... “ ထိုသို့ပြောပြီး သူက ပလ္လင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ယွီဝမ်ကျန်းသည် တုန်ရီလာ၏။ ကြောက်စိတ်ကြောင့်မဟုတ်၊ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်မှုကြောင့် ဖြစ်သည်။ မန်ဟို့စကားသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး အပြင်သူများကို တိုက်ခိုက်နေရင်းတန်းလန်း ခေါင်းမော့ကြည့်၍ ကောင်းကင်ဘုံ (၁) အစိတ်စိတ်အမြွှာမြွှာ ပျက်စီးပြိုကျလာသည်ကို မြင်လိုက်ရလျှင် မည်သို့ဖြစ်မည်လဲ စိတ်ကူးကြည့်မိလိုက်သည်။ သူ့အတွက် ၎င်းသည် လုံးလုံးလျားလျား ရင်ဖိုစိတ်လှုပ်ရှားကောင်းလိမ့်မည်။

ဆန့်ကျင်ဘက်တွင်တော့ အပြင်သူများအတွက် .... ကပ်ဘေးကြီး ဖြစ်လိမ့်မည်။

**

နတ်ဘုရားသင်္ချိုင်းလျှို

၎င်းသည် တကယ်တမ်း ရှေးဟောင်းစစ်မြေပြင်တစ်ခု၏ ကြေမွနေသော အပိုင်းလေးတစ်ပိုင်းဖြစ်၏။ တောင်ပင်လယ်လောက၏ စိတ်ဆန္ဒကိုပင် ဤနေရာတွင် မခံစားရပေ။ ဤနေရာတွင် တည်ရှိသည့် တစ်ခုတည်းသောအရာမှာ ... မဆုတ်မနစ် တိုက်ခိုက်လိုသော စိတ်ဆန္ဒသာ ဖြစ်ဟန်တူ၏။

မန်ဟို ဒိုင်မန်းရှင်းထဲ ဝင်လိုက်လျှင်ချင်း .... သူ့နားထဲတွင် မိုးခြိမ်းသံများသဖွယ် ပဲ့တင်ထပ်သွားသော အသံပေါင်းများစွာကို ကြားလိုက်ရသည်။

“တိုက်”

အသံသည် လူတစ်ယောက်တည်း၏အသံမဟုတ်၊ ဒိုင်မန်းရှင်းတစ်ခုလုံးနှင့် ဤနေရာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော အတိုက်အခိုက်စိတ်ဆန္ဒ၏အသံ ဖြစ်၏။

မကျွတ်မလွတ်သော ဝိညာဉ်များက ကောင်းကင်ဘုံများ၊ ကြယ်တာရာကောင်းကင်နှင့် မြေပြင်အားလုံးကို စိုးမိုးစားသုံးလိုစိတ်တို့ဖြင့် ခေါင်းနောက်လှန်၍ ဟိန်းဟောက်နေသည့်အလားပင်။

မန်ဟို၏နတ်ဘုရားအာရုံသာ ပါရာဂွန်အဆင့်၏ ရှစ်ဆယ်ရာခိုင်နှုန်းမျှ အားမကောင်းလျှင် ထိုအတိုက်အခိုက်စိတ်ဆန္ဒက သူ့အား ချက်ချင်း တစ်စုံတစ်ခုကို တိုက်ခိုက်အောင် လှုံ့ဆော်ခဲ့လိမ့်မည်။ သို့သော် ယခုတွင် ၎င်းက သူ့အပေါ် သက်ရောက်မှုသိပ်မရှိပေ။

သို့သော် ယွီဝမ်ကျန်းမှာတော့ ပေါ်လာလျှင်ချင်း တုန်ရီစပြုလာပြီး မျက်နှာတွင် သွေးမရှိတော့ပေ။ မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်မှ ယွီဝမ်ကျန်းမှာ နေသာထိုင်သာရှိသွားသည်။ ဘေးဘီဝဲယာကို ကြည့်ပြီးနောက် သူသည် မန်ဟို့ကို မျက်နှာချင်းဆိုင်လိုက်၏။

“ညီနောင်မန်၊ ဒါကို ငါ့ဘာသာငါ လုပ်နိုင်ပါတယ်" ထို့နောက် သူက လက်ယှက်ပြီးနောက် ခိုင်မာပြတ်သားမှုတို့ မျက်ဝန်းများတွင် တောက်ပနေလျက် တခြားဘက်သို့ တဟုန်ထိုး ထွက်သွားသည်။ မန်ဟိုသည် သူ ပေးထားသည့် အကာအကွယ်ဧရိယာမှ ယွီဝမ်ကျန်းထွက်သွားသည်ကို ကြည့်ပြီး ယွီဝမ်ကျန်း မည်မျှခက်ခက်ခဲခဲ လုပ်နေရပုံနှင့် သူ့ကို ထိုမျှအတိုင်းအတာအထိ ရူးမိုက်စေသော စိတ်ဆန္ဒကိုလည်း မြင်လိုက်ရ၏။ မန်ဟိုမှာ သက်ပြင်းချလိုက်သည်။

ယွီဝမ်ကျန်းတွင် သူ့လမ်းသူ ရှိသည်။ မန်ဟို ထိုအခြင်းအရာကို နားလည်သည့်အတွက် ဝင်စွက်ဖက်မည်မဟုတ်ပေ။ သူက ခေါင်းလှည့်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။

ဤနေရာရှိ မြေကြီးသည် မည်းနက်နေပြီး မရေမတွက်နိုင်သော အလောင်းများ ပြန့်ကြဲနေ၏။

တချို့သည် ကျောက်ရုပ်ကြွင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး အချို့အလောင်းများမှာတော့ ပုပ်သိုးဆွေးမြည့်နေဆဲ ဖြစ်သည်။ အမှန်တွင် လျှို၏အနက်ပိုင်းထဲ သွားလေလေ၊ ပုပ်သိုးဆွေးမြည့်နှုန်း နှေးလာလေလေဖြစ်၏။

နတ်သင်္ချိုင်းလျှိုကား စက်ဝိုင်းသဏ္ဍာန်တည်ရှိသည်၊ အပြင်ဧရိယာက ဘေးကင်းသော်လည်း အလယ်ဗဟိုအနား ရောက်သည်နှင့်အမျှ အန္တရာယ်များလေလေပင်။

ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်သော်လည်း ရုတ်တရက် ခေါင်းအထက်တွင် မိုးထစ်ချုန်းသံကြီး ဂျိန်းခနဲ မြည်ဟည်းသွားပြီး မရေမတွက်နိုင်သော မိုးကြိုးတန်းများက မိုးရွာကျသလို တဖွဲဖွဲရွာကျလာသည်။ သို့ထိတိုင် သူ့နားထဲတွင် အကျယ်ဆုံးက မိုးထစ်ချုန်းသံမဟုတ်ဘဲ စစ်၏ကြွေးကြော်သံဖြစ်သည်။

ဤနေရာသည် မိုးကြိုးလျှပ်စီးပင်လယ်ကြီးတစ်စင်းနှင့် တူ၏။ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေသည့် အရိပ်များကိုလည်း ၎င်းအတွင်း၌ မြင်ရနိုင်သည်။ ပုံမှန်အားဖြင့် တဖွဲဖွဲရွာကျနေသော မိုးကြိုးများက အောက်ရှိအရာအားလုံးကို ပျက်စီးစေမည်ဖြစ်သော်လည်း တိုက်ပွဲမှာ မိုးကြိုး၏သက်ရောက်မှုများကို လျစ်လျူရှုနိုင်သည်အထိပင် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ တိုက်ပွဲ၏ပြင်းထန်မှုက မိုးနှင့်မြေအားလုံးတွင် ကသောင်းကနင်း ပျက်စီးခြင်းများ လွှမ်းခြုံနေစေ၏။

တစ်နေရာတွင် လျှပ်စီးမီးပွား တဖျစ်ဖျစ်လင်းလက်လျက် ဟိုသည်ခုန်လွှားကာ မမြင်ရသည့်ရန်သူများကို တိုက်ခိုက်နေသော ဧရာမမိုးကြိုးဘီလူးကြီးတစ်ကောင်ကို မန်ဟို မြင်လိုက်ရသည်။

အဝေးတွင်လည်း ပျံသန်းနေသော စစ်ရထားများကို မြင်ရနိုင်သည်။ မိုးကြိုးများက စစ်ရထားများကို ထိုးဖောက်ပစ်ချနေသည့်တိုင် ၎င်းတို့က မိုးကြိုးများရှိပင်ရှိမနေသည့်အလား လျှပ်စီးများကြားမှ ဖြတ်သွားနေကြသည်။

မှော်စီးချင်းထိုးနေသော ကျင့်ကြံသူများကိုလည်း မြင်ရနိုင်ပြီး တိုက်ခိုက်သံများက အရာအားလုံးကို တုန်ရီနေစေသည့် စစ်ငြာသံဖြစ်လာသည်။

မြေပြင်ထက်တွင် မီတာသုံးသောင်းအရှည် သားရဲကြီးများနှင့်အတူ ရှေးဆန်ဆန်အဝတ်အစားများကို ဝတ်ဆင်ထားသော ကျင့်ကြံသူများကို မြင်ရနိုင်သည်။ စက္ကန့်နှင့်အမျှ နိမ့်ချည်၊ မြင့်ချည်ပြောင်းလဲနေသော တောင်တန်းများ၊ လမ်းကြောင်းသွေဖယ်နေသော မြစ်ချောင်းများလည်း ရှိနေသည်။

အားလုံးအထဲ မျက်စိနောက်ဖွယ်အကောင်းဆုံးကတော့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော ပုံရိပ်ယောင်မြို့များပင်။

သို့သော် ၎င်းတို့အားလုံးထက် ပို၍အံ့အားသင့်ဖွယ်ကောင်းသည်မှာ လျှို၏အလယ်တည့်တည့်၌ တည်ရှိသောအရာပင်။ နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်ပြီးနောက် မန်ဟိုသည် ... ထိုအလယ်၌ တောင်နှစ်လုံးရှိနေကြောင်း မြင်လိုက်ရ၏။

သို့စေကာမူ ၎င်းတို့ကား တောင်အစစ်များမဟုတ်ဘဲ ဘီလူးကြီးများဖြစ်နေသည်။ ဘီလူးတစ်ကောင်စီသည် ရှုပ်ထွေးဆန်းပြားမှော်သင်္ကေတများ ဖုံးနေသော အရေပြားကြမ်းကြမ်းများဖြင့် မီတာသုံးသိန်းမြင့်မား၏။ ၎င်းတို့နဖူးပေါ်၌ ကြယ်များက ထင်းလင်းနေသည်။

ထိုကြယ်များသည် အသက်မဲ့နေသည့်အလား မီးခိုးရောင်သမ်းနေ၏။ သို့ထိတိုင် ဤဘီလူးကြီးနှစ်ကောင်၏အလောင်းက ပုပ်သိုးမသွားခဲ့ဘဲ တောင်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။

ကြည့်ရသရွေ့ မှော်အတတ်တစ်မျိုးဖြင့် ၎င်းတို့ကို မူလအရွယ်အစား၏ တချို့တစ်ဝက်အထိ ချုံ့ထားခဲ့သယောင်ပင်။

မန်ဟိုသည် ဘီလူးကြီးနှစ်ကောင်နှင့် ကျန်အရာများကို ကြည့်ရင်း နဝမတောင်ပင်လယ်၏ အင်မော်တယ်အပျက်အစီးများနယ်ထဲက ဧရာမသစ်ပင်ကြီးနှင့် ၎င်းအောက်ရှိ အလောင်းမြေထုကြီးကို ရုတ်ခြည်း သတိရလိုက်၏။ (အပိုင်း ၈၆၅ နှင့် ၈၆၈ တွင် ထိုအလောင်းအကြောင်း ပြန်ဖတ်ကြည့်နိုင်)

ထိုအလောင်း၏အရှိန်အဝါထံမှ မန်ဟို ရရှိခဲ့သော ခံစားချက်သည် ဤဘီလူးကြီးနှစ်ကောင်မှ ရရှိလိုက်သော ခံစားချက်နှင့် လွန်စွာတူသည်။ မတူညီသည့်အရာဆို၍ အရွယ်အစားသာ ရှိသည်။

“ဒါက ... နတ်ဘုရားတွေလား” မန်ဟိုက မိုးကြိုးကမ္ဘာထဲ လှစ်ခနဲ ဝင်လိုက်ပြီး အေးအေးဆေးဆေး လမ်းလျှောက်သွားသည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အဆုံးမဲ့သောမိုးကြိုးများ ပစ်ချသည့်တိုင် မည်သည့်မိုးကြိုးမှ သူ့ကို ထိပင်မထိနိုင်ပေ။

ပုံရိပ်ယောင်စစ်ရထားများက ကြောက်ခမန်းလိလိ အတိုက်အခိုက်စိတ်ဆန္ဒဖြင့် သူ့ထံ ပြေးဝင်လာသော်လည်း မန်ဟိုသည် မရှောင်။ ၎င်းတို့ကို လာခွင့်ပြုထားပြီး ၎င်းတို့က သူ့ခန္ဓာကိုယ်ကို ဖြတ်သွားကြလေသည်။

သူ ဆက်လျှောက်နေစဉ် ဟိန်းဟောက်နေသော အံ့ဖွယ်သားရဲများ၊ လက်သီးများကို လွှဲရမ်းနေသော ဘီလူးကြီးများနှင့် မရေမတွက်နိုင်သော သတ္တဝါများ၊ ဖြစ်တည်မှုများကို မြင်လိုက်ရသည်။

အောက်ရှိ အလောင်းများကိုလည်း သူ မြင်သည်။ စစချင်း အလောင်းအများစုက ကျောက်ဖြစ်နေသော်လည်း ပုပ်သိုးနေသောအလောင်းများ တစတစ ပေါ်လာပြီးနောက်ဆုံး အလောင်းအားလုံး လတ်ဆတ်နေတော့သည်။

မကြာမီ မန်ဟိုသည် နတ်ဘုရားသင်္ချိုင်းလျှို၏ အပြင်ဧရိယာမှ အလယ်ဧရိယာသို့ ရောက်လာသည်။ ဤနေရာရှိ မည်သည့်ဖြစ်တည်မှုမှ သူ့ကို ဘာမှမလုပ်နိုင်ပေ။

ကြောက်မက်ဖွယ်ဖိအားမှာလည်း သူ့အတွက် လေပြေအေးလေးထက် မပို။

ရံဖန်ရံခါ သူသည် သူ့ပတ်ပတ်လည်တွင် တိုက်ခိုက်နေသော ပုံရိပ်များကို လေ့လာရန် ရပ်တတ်၏။ ထို့နောက် ဉာဏ်အလင်းအသစ် ရရှိခဲ့သည့်အလား သူ့မျက်လုံးများက မကြာခဏ လင်းလက်သွားတတ်သည်။ ရက်အနည်းငယ်ကြာသော် မန်ဟိုမှာ နတ်ဘုရားသင်္ချိုင်းလျှို၏ အလယ်ဗဟိုသို့ ရောက်လာခဲ့ကာ အလောင်းတစ်လောင်းကို မြင်လိုက်၏။

အလောင်းသည် သူ့ခြေထောက်အောက် မြေကြီးထဲတွင် မြှုပ်နှံခံထားရသော်လည်း ဧရိယာတစ်ခုလုံးမှာ မိုးကြိုးပေါင်းများစွာဖြင့် ပစ်ချခံနေရသဖြင့် ၎င်း၏အရေပြားတချို့ ပေါ်လာခဲ့သည်။ ၎င်းကား အနည်းဆုံးမီတာသုံးသောင်းမြင့်မားသော ဘီလူးကြီးတစ်ကောင် ဖြစ်သည်။

မန်ဟိုက ဒူးထောက်၍ မြေကြီးကို သူ့လက်ဝါးဖြင့် ရိုက်လိုက်သည်။ ပတ်ဝန်းကျင်ရှိ မြေကြီးများ ဝုန်းခနဲ လွင့်စင်ပြန့်ကြဲသွားကာ ဧရာမအလောင်းကြီးပေါ်လာသည်။

သူသည် ညာလက်ကို ဘီလူးကြီး၏ခေါင်းပေါ် တင်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း ဘီလူးကြီး၏မျက်နှာက သွေးရောင်သမ်းလာသည်။ တခဏကြာသော် ၎င်း၏နဖူးမှ သွေးစက်တစ်စက် ပျံထွက်ပြီး မန်ဟို့လက်ထဲ ကျရောက်သွားသဖြင့် ဘီလူးကြီး၏မျက်နှာသည် ဖျော့တော့ဖြူဆုပ်သွား၏။

မန်ဟိုက ရွှေရောင်သွေးစက်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

နောက်ဆုံးတွင် သူက ခေါင်းခါကာ ပြောသည်။ “အညစ်အကြေးများလွန်းတယ်၊ သန့်စင်တဲ့သွေးမဟုတ်ဘူး” ထို့နောက် သူသည် ရွှေရောင်သွေးစက်ကို သိမ်း၍ ဆက်လျှောက်လာခဲ့ရင်း နတ်ဘုရားသင်္ချိုင်းဂူ၏ အလယ်တည့်တည့်သို့ ရောက်လာခဲ့သည်။ ဤနေရာမှာ ဝင်ရောက်နိုင်ခဲ့သူမရှိသလောက်ရှားသော တားမြစ်နေရာအဖြစ် သတ်မှတ်၍ရလေသည်။

ခုနစ်ရက်ကြာခဲ့ပြီဖြစ်သည်။ ထိုအတောအတွင်း မန်ဟိုသည် နတ်ဘုရားသင်္ချိုင်းလျှိုအတွင်းရှိ နေရာများစွာသို့ လျှောက်သွားရှာဖွေခဲ့ပြီးနောက် မသန့်ရှင်းသောသွေးစက်တစ်ရာတိတိကို စုဆောင်းမိခဲ့၏။

သူက ဧရာမအလောင်းကြီးနှစ်လောင်းကိုပင် စူးစမ်းစစ်ဆေး၍ အရည်အသွေးမြင့်နတ်ဘုရားသွေးတချို့ ထုတ်နိုင်ခဲ့သည်။ သို့သော် ၎င်းတို့အားလုံးက သူ ရည်မှန်းထားသော အဆင့်ကို တက်လှမ်းဖို့ မလုံလောက်သေးပေ။

အခြားတစ်ဖက်တွင် ယွီဝမ်ကျန်းသည် သူ၏ကံကြမ္မာကောင်းကို ရှာတွေ့ခဲ့သည့်အတွက် လောလောဆယ်၌ သူ၏အပြင်အားကိုယ်က မိုးပြိုမြေပြိုစေနိုင်သော ပြောင်းလဲမှုများကို ကြုံတွေ့နေ၏။

မန်ဟိုမှာ အချိန်ထပ်ပေးသော်လည်း နတ်ဘုရားသွေးများ ထပ်မတွေ့တော့ပေ။ သူ့မျက်နှာသည် မှုန်ကုပ်နေပြီး သူ့မှာ စိတ်ပျက်နေသော်လည်း တစ်ချိန်တည်းမှာပင် မသင်္ကာဖြစ်နေ၏။

“အပြင်သူတွေက နတ်ဘုရားသင်္ချိုင်းလျှိုကို အစောင့်အပြည့်ချထားတောင်မှ အထဲကို သူတို့လူတွေ မလွှတ်ဘဲနေမှာမဟုတ်ဘူး။ ဟိုသုံးယောက်က ဓမ္မစောင့်ရှောက်သူအဖြစ် လုပ်ပေးနေတဲ့အချိန် အထဲမှာ ရောက်နေတဲ့ အပြင်သူတွေ ရှိကို ရှိရမယ်

“ဒါဖြင့် သူတို့က ဘယ်မှာလဲ” မန်ဟိုက အောက်ရှိ မြေပြင်များကို ငုံ့ကြည်နိုင်သည့်အမြင့်အထိ ပျံတက်လိုက်သည်။

သူ မြင်လိုက်ရသည့်အရာက သူ့ကို တုန်ရီသွားစေပြီး သူ့မျက်လုံးများကို တစ်မျိုးတစ်မည် တောက်ပလာစေသည်။ သူ မြင်လိုက်ရသည်မှာ နတ်ဘုရားသင်္ချိုင်းလျှိုကို ဖွဲ့စည်းပေးထားသော မြေပြင်များက ... နဝမတောင်ပင်လယ်၏ အင်မော်တယ်အပျက်အစီးများနယ်ထဲရှိ ကျောမှ ဧရာမသစ်ပင်ကြီးပေါက်နေခဲ့သည် ဘီလူးကြီးနှင့် အရွယ်အစားတူညီနေသည်ကိုပင်။

အမှန်တွင် နတ်ဘုရားသင်္ချိုင်းလျှိုက ထို့ထက်အတန်ငယ် ပိုကြီးမားသည်...

သို့သော် မန်ဟို့အတွက် အံ့အားသင့်စရာအကောင်းဆုံးမှာတော့ ... မြေပြင်၏အနေအထားက မျက်နှာပုံစံ ရှိနေခြင်းဖြစ်သည်။

အမြင့်ဆုံးတောင်က ထိုမျက်နှာကြီး၏နှာခေါင်းဖြစ်ပြီး အနိမ့်ဆုံးလျှိုက ပါးစပ်ဖြစ်သည်။

ထိုမျှသာမက ၎င်း၏နဖူးပေါ်တွင် ကြယ်ရှစ်လုံးအား မြင်ရနိုင်သည်။ လွန်စွာမှိန်ပျနေသော်လည်း တဖျပ်ဖျပ် လက်နေသေး၏။ ထိုကြယ်တစ်လုံးစီက မန်ဟို့ကို တုန်ရီသွားစေသော အခိုးအငွေ့များကို ထုတ်လွှတ်နေသည်။

“ဒီလိုကိုး” မန်ဟို၏မျက်လုံးများက လင်းလက်စွာ တောက်ပလာတော့သည်။

All Chapters