← Chapters

အခန်း (၉၄၃-၉၄၄)

Vol. 78 Ch. 943-944

အခန်း (၉၄၃-၉၄၄)

Vol. 78 Ch. 943-944

အခန်း ၉၄၃ - ပိုးသတ်ဆေးရည်၊ ဆီမီးအော်တို ပစ္စတိုနှင့် အကူအညီတောင်းခံခြင်း

အဖြူရောင် အလင်းတန်းတစ်ခုနှင့်အတူ အန်းရန်သည် စမ်းသပ်ပြွန်တစ်ခုကို ဆုပ်ကိုင်လျက် မဟာမိတ် အနောက်ဘက်ကျွန်းပေါ်၌ ပေါ်လာခဲ့သည်။

“ကျွန်းပိုင်ရှင် ဒါက အဲ့ဒီဘက်တီးရီးယားတွေကို အမြစ်ပြတ်သတ်ဖို့ ဓာတ်ခွဲခန်းက ပေးလိုက်တဲ့ ဆေးရည်ပါ။”

အန်းရန်က ပြွန်ကို ကမ်းပေးလိုက်သည်။

[ပိုးသတ်ဆေးရည် (S-အဆင့်): သေခြင်းစွမ်းအင်အတွင်းရှိ အဏုဇီဝပိုးမွှားများကို သတ်ပစ်နိုင်သည်။]

ရှောင်ယီသည် စနစ်၏ သတိပေးချက်ကို ကြည့်ကာ ပြုံးရွှင်သွားပြီး ဆေးရည်ကို လှမ်းယူရင်း ပြောလိုက်သည်။

“ဒါကို အများအပြား ထုတ်လုပ်ဖို့ ဓာတ်ခွဲခန်းကို ပြောလိုက်ပါ။”

“ဟုတ်ကဲ့။”

အန်းရန်က ပြန်လည်ဖြေကြားပြီး အမိန့်ကို သွားရောက်ပေးဆောင်ပို့ရန် ပြန်လည်ကူးပြောင်းသွားခဲ့သည်။

ရှောင်းယီသည် မီးနံရံဆီသို့ လျှောက်သွားပြီး ဂေါ်ပြားဖြင့် မသေမျိုးကျွန်းဘက်မှ မြေကြီးကို တစ်ဝက်ခန့် ခပ်ယူလိုက်သည်။

ထို့နောက် သူသည် ပိုးသတ်ဆေးရည်ဘူးကို ဖွင့်ကာ မြေကြီးပေါ်သို့ စတင်လောင်းချလိုက်တော့သည်။

ထူးခြားသော ဖြစ်စဉ်တစ်ခုမျှ မပေါ်ပေါက်လာခဲ့ဘဲ ဆေးရည်သည် မြေကြီးထဲသို့ စိမ့်ဝင်သွားရုံသာ ဖြစ်သည်။ အခြားသူများ၏ အမြင်တွင်မူ မြေကြီးမှာ ဘာမှမပြောင်းလဲဘဲ ရှိနေဆဲပင်။

“ကျွန်းပိုင်ရှင် ဒါက သေခြင်းစွမ်းအင်ထဲက အဏုဇီဝပိုးတွေကို တကယ်သတ်ပစ်နိုင်တာ သေချာလား။”

ကျန်းယွင်ထျန်းက အသက်မဲ့နေသော မြေကြီးကို ကြည့်ရင်း မေးလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။ အရင်က မြေကြီးတွင် ခံစားနေရသော စိတ်မသက်မသာဖြစ်စရာ အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို သူ ခံစားလိုက်ရသည်။ ထိုခံစားချက်မျိုးမှာ သူ မသေမျိုးကျွန်းပေါ်သို့ ပထမဆုံးခြေချစဉ်က ခံစားခဲ့ရသော ခံစားချက်မျိုးဖြစ်သည်။

ထိုစဉ် စနစ်၏အသိပေးသံ ထွက်ပေါ်လာခဲ့သည်။

“မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးမွှားများကို ဖယ်ရှားပြီးပါပြီ။ အပင်များ ပုံမှန်အတိုင်း ပြန်လည်ပေါက်ရောက်နိုင်ပြီး သေခြင်းစွမ်းအင်များ တဖြည်းဖြည်း ကင်းစင်သွားလိမ့်မည်။”

ထိုသတိပေးချက်ကို ဖတ်ပြီးနောက် ရှောင်းယီ မျက်မှောင်ကြုတ်သွားခဲ့သည်။ ၎င်းက အဏုဇီဝပိုးများကိုသာ ဖယ်ရှားပေးခြင်းဖြစ်ပြီး သေခြင်းစွမ်းအင်ကို တိုက်ရိုက်ဖယ်ရှားပေးခြင်းမျိုး မဟုတ်ပေ။ ၎င်းကို ဖယ်ရှားရန်အတွက် အသက်စွမ်းအင်ကို လိုအပ်နေဆဲဖြစ်သည်။

သို့သော် သူက ပခုံးတွန့်လိုက်၏။ အဏုဇီဝပိုးများကို ဖယ်ရှားနိုင်ခြင်းကပင် တိုးတက်မှုတစ်ခုဖြစ်သည်။

“ဓာတ်ခွဲခန်းက ပိုးသတ်ဆေးရည်တွေကို အမြောက်အမြား ထုတ်လုပ်ပေးနိုင်ပြီဆိုရင် ငါတို့ရဲ့ ရှေ့တန်းစစ်မျက်နှာကို ရှေ့တိုးလိုက်တော့။”

သူက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ညစ်ညမ်းနေသော ကျောက်တိုင်ကို ပြန်လည် မပြုပြင်နိုင်လျှင်ပင် ကြားခံနယ်မြေကို ပိုမိုနက်ရှိုင်းအောင် လုပ်ထားခြင်းက စစ်ဗျူဟာအရ အနိုင်ရရှိခြင်းပင် ဖြစ်သည်။

ဓာတ်ခွဲခန်းက အမြောက်အမြား စတင်ထုတ်လုပ်နေသည်ကို စောင့်ဆိုင်းနေရင်း ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖွင့်ကာ ယီထျန်းဂရုချက်ကို စစ်ဆေးကြည့်လိုက်၏။

ခေါင်းတစ်လုံးထက် အများကြီးက ပိုကောင်းသည် မဟုတ်ပါလော။ ပုံမှန်စကားပြောဆိုမှုများကြားတွင် တစ်ဦးဦးက အသုံးဝင်သော အကြံဥာဏ်တစ်ခုခုတော့ ပေးလာနိုင်သည်လေ။

“ငါတို့ရဲ့ အရိုးစုကျွန်းကို အခုလေးတင် စမ်းသပ်ကြည့်ပြီးပြီ။ ဒီနေ့ သူတို့ လက်နက်တွေ ပြောင်းသွားပြီ။”

“ဘာတွေ ပြောင်းသွားတာလဲ။”

“အရိုးဓားရှည်တွေပဲ။”

“အဲ့လောက်တောင် ကြမ်းတာလား။ မနေ့က အရိုးလှံ၊ ဒီနေ့ အရိုးဓား။ မနက်ဖြန်ဆိုရင် ဒူးလေးတွေ ဒါမှမဟုတ် သေနတ်တွေ ဖြစ်လာတော့မှာလား။”

“ဒီအတိုင်းဆိုရင် နောက်ဆို လေယာဉ်တွေ၊ တင့်ကားတွေ၊ အမြောက်တွေတောင် တွေ့ရတော့မယ်...။ အညံခံလိုက်တာပဲ ကောင်းမယ် ထင်တယ်။”

“ဟုတ်တယ်။ သူတို့က လက်နက်အေးတွေပဲ သုံးနိုင်ရမှာပေါ့။ အရိုးစုတစ်ကောင်က AK နဲ့ ပစ်နေတာကို မြင်ယောင်ကြည့်စမ်းပါ။”

“မင်းပြောမှပဲ အဲ့ဒါက တကယ် လန်းမယ့်ပုံပဲ။”

“လန်းတယ်ဟုတ်လား။ အဲ့ဒီလို လန်းတာက လူကို သေစေနိုင်တယ်ကွ။”

“စိတ်အေးအေးထားပါ။ သူတို့ ကိရိယာတွေ ကောင်းလာသလို ငါတို့လည်း ကောင်းလာတာပဲလေ။ ဒါကို ကြည့်လိုက်ပါဦး။ [မော်ဆာ ရိုင်ဖယ် ထုတ်လုပ်မှုပုံစံ (A-အဆင့်)] ၁။”

“၆၆၆...အဲ့ဒီထုတ်လုပ်မှုပုံစံက တကယ်မိုက်တယ်။ မော်ဆာ(Mauser) တဲ့။”

“ငါကျတော့ ဘာလို့ လက်နက်ထုတ်လုပ်မှုပုံစံတွေ တစ်ခါမှ မရတာလဲ။”

“ညည်းမနေစမ်းပါနဲ့။ ငါရတာက အဆင့်နိမ့်တယ်။ [ပင်ဖိုင်းယား ရိုင်ဖယ် ထုတ်လုပ်မှုပုံစံ (B-အဆင့်)] ၁။ သူဌေး ရထားတဲ့ဟာလောက် မကောင်းပေမဲ့ ဒါလည်း သေနတ်ပဲလေ။”

“လူတိုင်း တစ်ခုခုတော့ ရထားကြပုံပဲ။ ငါ့ဟာကို ကြည့်ပါဦး။ [ဘော်ချက် (Borchardt) ဆီမီးအော်တို ပစ္စတို ထုတ်လုပ်မှုပုံစံ (S အဆင့်)] ၁”

“ဝိုး ဆရာကြီးပဲဟ။ အဲ့ဒီ ဆီမီးအော်တိုကို ရောင်းမလား။ အုတ်မြစ်ကျောက် ဘယ်လောက်ပေးရမလဲ ပြော။”

“မရောင်းဘူး။ ဒါက အသက်ရှင်ကျန်ရစ်သူတွေထဲမှာ ပထမဆုံးရတဲ့ ဆီမီးအော်တို ဖြစ်လောက်တယ်။”

“သေချာတယ်။ သူဌေးဆီမှာသာ မရှိသေးရင်ပေါ့။”

ရှောင်းယီသည်လည်း အနည်းငယ် အားကျသွားမိပြီး စာရိုက်လိုက်သည်။

“ငါ့ဆီမှာလည်း ဆီမီးအော်တို လက်နက်တွေ မရှိသေးဘူး။”

“သူဌေးကိုယ်တိုင် ပြောပြီဆိုတော့ ဒါက တကယ့်ကို ပထမဆုံးပဲ။”

“ဆီမီးအော်တိုဆိုရင် ဆက်တိုက်ပစ်လို့ရတယ်။ အရေးကြုံရင် အသက်ကယ်ပေးနိုင်တာမျိုးပဲ။”

“ဟုတ်တယ်။ အမြန်ပစ်လို့ရတာကွာ တောက်...။ ငါတော့ တိုင်ချက်ဖွင့်ချင်လာပြီ။ ငါ ရိက္ခာသေတ္တာတွေ အများကြီးဖွင့်ခဲ့တာတောင် ဘာမှမရဘူး။ ကမ္ဘာ့စည်းမျဉ်းတွေက ငါ့ကို မုန်းနေတာပဲဖြစ်ရမယ်။”

“လူအများစုက ကမ္ဘာ့စည်းမျဉ်းတွေက သူတို့ကို မုန်းတယ်လို့ ထင်ကြတာပါပဲ။ တကယ်တော့ စည်းမျဉ်းတွေက သူတို့ကို လှည့်တောင်မကြည့်ဘူး။”

“မှန်တယ်။ အခွင့်အရေးက သေးငယ်ပေမဲ့ ငါတို့ ဆီမီးအော်တိုခေတ်ကို ရောက်နေပြီဆိုတာကို ပြနေတာပဲ။”

“ငါကတော့ အမြဲတမ်း ကံမကောင်းဘူး။ ဆရာကြီးတစ်ယောက်ယောက်က ဆီမီးအော်တို ပုံစံခွက်ရလို့ အဲ့ဒါကို ပြန်ပွားမှ ဝယ်နိုင်ဖို့ပဲ ဆုတောင်းရတော့မယ်။”

“မင်းတို့ဆီမှာ အုတ်မြစ်ကျောက်တွေ ရှိသေးလို့လား။ ငါ့ဟာတွေက ကုန်သလောက်ရှိနေပြီ။ အဆင့်မြင့်သေနတ်တွေကို ဘယ်လိုဝယ်နိုင်မှာလဲ။”

“ဘာလို့ ကုန်ရမှာလဲ။ ငါတို့ ရှာတွေ့ထားတဲ့ တိုက်သစ်ကို စူးစမ်းတာ တစ်ခါမှ မရပ်ဖူးဘူးလေ။”

“ငါတို့လည်း အဲ့လိုပဲ။ ငါတို့ရဲ့ မဟာမိတ်ကျွန်းတွေကို ဒေသခံအဖွဲ့တွေက ကာကွယ်ပေးထားတယ်။”

“ကျစ်... မင်းတို့ဆီမှာ လူအင်အားတွေ ပိုနေတာလား။ ငါတို့မှာတော့ ကင်းထောက်အားလုံးကို ပြန်ခေါ်ထားတာတောင် လူမလောက်ဘူး။ ငါ့ကျွန်းကို အရမ်းကြီးအောင် လုပ်ခဲ့မိတာ နောင်တရလိုက်တာ။”

“ဟားဟား တစ်ခါတလေ ဒီစည်းမျဉ်းတွေက အဓိပ္ပာယ်မရှိသလိုပဲ။ ဒါပေမဲ့ တစ်ခါတလေကျတော့လည်း မျှတသလို ခံစားရတယ်။”

“မင်းမှာ လူမရှိပေမဲ့ အုတ်မြစ်ကျောက်တွေ ပေါနေရင် ဖြေရှင်းဖို့နည်းလမ်း ရှိပါတယ်။”

“ဘာနည်းလမ်းလဲ။”

“သူဌေးဆီမှာ စစ်ကူတောင်းလိုက်လေ။ သူ့ရဲ့ တပ်မတော်က အကြီးကြီးပဲ။ အုတ်မြစ်ကျောက်သာ ပေးနိုင်ရင် ဘာမဆို ညှိနှိုင်းလို့ရတယ်။”

“အကြံကောင်းပဲ။ @ယီရန်ပင်း သူဌေး စစ်ကူတပ်ဖွဲ့တွေ ပေးနိုင်မလား။ အုတ်မြစ်ကျောက်နဲ့ ပေးချေပါ့မယ်။”

ရှောင်းယီသည် တဟားဟား ရယ်မောရင်း ပြန်ဖြေလိုက်သည်။

“ရပါတယ်။ ငါ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ဆေးကြည့်ပြီး ဈေးနှုန်းသတ်မှတ်ပေးမယ်။”

“ကျေးဇူးပါ သူဌေး။ သန်းခေါင်ယံမတိုင်ခင်တော့ အသိပေးပါနော်။”

တစ်ယောက်က စတင်ပြောဆိုလိုက်သည်နှင့် စစ်ကူတောင်းသူများ ပိုမိုများပြားလာခဲ့သည်။

ထိုအခါ ရှောင်းယီက စာပြန်ပို့လိုက်သည်။

“ခဏလောက် စောင့်ပေးကြပါ။ အရေအတွက်နဲ့ ဈေးနှုန်းတွေကို မကြာခင် ကြေညာပေးပါ့မယ်။”

“ကျေးဇူးပါ သူဌေး။ စစ်ကူမီနူးကို စောင့်နေပါ့မယ်။”

“ဈေးသက်သာဖို့ မျှော်လင့်ရတာပဲ။ ငါ့စစ်သားတွေ အနားယူဖို့ လိုနေပြီ။”

“သူဌေးက ဈေးကြီးရင်ကြီးမယ်။ ဒါပေမဲ့ အနည်းဆုံးတော့ သူက မျှတပါတယ်။”

အခန်း ၉၄၄ - စစ်ကူစျေးနှုန်း၊ ကြွယ်ဝသော အရင်းအမြစ်များနှင့် စုပ်ယူခြင်း

ရှောင်းယီသည် ယီထျန်းဂရုချက်အတွင်းရှိ စကားပြောဆိုမှုများကို ဂရုမစိုက်တော့ဘဲ သူ၏လက်ကိုင်ဖုန်းရှိ ဂရုငယ်လေးထဲသို့ စာတစ်စောင် ပေးပို့လိုက်သည်။

“တချို့ မဟာမိတ်အဖွဲ့တွေက ငါတို့အဖွဲ့ဆီကနေ စစ်ကူတောင်းချင်နေကြတယ်။ သူတို့က အုတ်မြစ်ကျောက်တွေနဲ့ အခကြေးငွေပေးဖို့ အဆင်သင့်ပဲတဲ့။”

ထိုစာကို မြင်သည်နှင့် ကျန်းယွင်ထျန်းက ချက်ချင်းပြန်ဖြေလိုက်သည်။

“ကောင်းတာပေါ့။ ငါ့ဘက်ကတော့ ပြဿနာမရှိဘူး။ ငါတို့ရဲ့ အဆင့်လိုက် လေ့ကျင့်ရေးစနစ်က အခိုင်အမာရှိပြီးသားပဲ။ တခြားမဟာမိတ်အဖွဲ့တွေဆီက အဆင့်နိမ့်တဲ့ မသေမျိုးမျိုးနွယ်စုတွေကို သုံးပြီး ငါတို့စစ်သားတွေကို လေ့ကျင့်ပေးလို့ရသလို တစ်ခါတည်း မဟာမိတ်အဖွဲ့အတွက် အုတ်မြစ်ကျောက်တွေလည်း ရှာလို့ရတယ်။ ဘာလို့ ငြင်းရမှာလဲ။”

“ဟုတ်တယ်၊ ကျန်းယွင်ထျန်း ပြောတာကို ငါသဘောတူတယ်။”

အန်းယွဲ့ကလည်း ဝင်ပြောလာခဲ့သည်။

အခြားသူများကလည်း ကျန်းယွင်ထျန်း၏ အမြင်ကို ထောက်ခံကြသည်။

“ဒါဆိုရင် ဈေးနှုန်းကို ဘယ်လိုသတ်မှတ်မလဲဆိုတာ ဆွေးနွေးကြရအောင်။”

ရှောင်းယီက အုပ်စုစာတိုတွင် ဆက်ပြောလိုက်သည်။

“အချိန်၊ မသေမျိုးတွေရဲ့ အဆင့်နဲ့ လူအင်အားအပေါ်မှာ အခြေခံရမယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဥပမာ B အဆင့် မသေမျိုးတွေကို တစ်နာရီကြာ တားဆီးပေးဖို့ လူသုံးရာအတွက် အုတ်မြစ်ကျောက် သုံးရာ ကျသင့်မယ်။ အဆင့်တစ်ဆင့် မြင့်သွားတိုင်း ဈေးနှုန်းကို နှစ်ဆတိုးမယ်။”

“အဲဒါက နည်းနည်းနည်းမနေဘူးလား။ အခု စစ်ကူတောင်းတဲ့လူတွေဆီမှာ အုတ်မြစ်ကျောက်တွေ အများကြီးရှိမှာပဲလေ။”

အန်းယွဲ့က ဆိုသည်။

ရှောင်းယီ ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“လူတွေ ပေးနိုင်တဲ့ပမာဏကိုလည်း ထည့်တွက်ရမယ်။ အုတ်မြစ်ကျောက် နှစ်ဆရတဲ့ အစီအစဉ်က ပြီးတာ တစ်ရက်ပဲ ရှိသေးတယ်။ အမြတ်နည်းနည်းပဲယူပြီး အရေအတွက်များများနဲ့ သွားကြတာပေါ့။”

“သဘောတူတယ်။”

လူတိုင်းက တပြိုင်နက်တည်း ပြန်ဖြေကြသည်။

ထို့ကြောင့် ရှောင်းယီသည် ကျန်းယွင်ထျန်း သတ်မှတ်ပေးသော ဈေးနှုန်းကို ယီထျန်း ဂရုချက်ထဲသို့ တင်ပေးလိုက်သည်။

“ကုန်ကျစရိတ် ကန့်သတ်ချက်တွေကြောင့် အနည်းဆုံး လူသုံးရာကနေ စပါမယ်။ စစ်ကူတောင်းမယ်ဆိုရင် အဲ့ဒီအရေအတွက်ထက် မနည်းရပါဘူး။ မဟာမိတ်အဖွဲ့တစ်ခုကို အများဆုံး လူငါးသောင်းအထိပဲ ပေးနိုင်မယ်။”

ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။

ကျန်းယွင်ထျန်း၏ စစ်စခန်းတွင် စစ်သားများစွာ ရှိနေသေးသော်လည်း မဟာမိတ်အဖွဲ့တစ်ခုချင်းစီအတွက် ကန့်သတ်ချက်ထားရှိရန် လိုအပ်နေဆဲဖြစ်သည်။

“ဒါဆို B အဆင့် မသေမျိုးတွေအတွက် တစ်ယောက်ကို တစ်နာရီ အုတ်မြစ်ကျောက် တစ်ခုပေါ့နော်။ မဆိုးဘူး...သူဌေး ကျုပ်ဆီကို လူငါးသောင်း ပို့ပေးပါ။ ဒီည ကျုပ်ရဲ့မဟာမိတ်အဖွဲ့က ကာကွယ်ရေးသမားတွေကို အနားပေးလိုက်တော့မယ်။”

“သေစမ်း အပေါ်ကလူက တကယ့်သူဌေးပဲဟေ့။”

“ငါ အရင်က ပြောဖူးတယ်မဟုတ်လား။ ငါ့ရဲ့ ရတနာမြေပုံကနေ ဆင့်ပွားလိပ်စာ ရခဲ့လို့ သူဌေးနဲ့ အုတ်မြစ်ကျောက် အပုံလိုက်လဲထားတာလေ။ အမှန်အတိုင်းပြောရရင် ငါ့မဟာမိတ်ကျွန်းတွေကို တိုးချဲ့တာကို တော်တော်လေး ထိန်းထားခဲ့ပေမဲ့ နည်းနည်းတော့ လက်လွန်သွားတယ်။ အခု ကာကွယ်ရတာ တော်တော်ပန်းနေပြီ။”

“အုတ်မြစ်ကျောက်တွေ တောင်လိုပုံနေတဲ့ သူဌေးတွေကို တကယ်အားကျမိတယ်။”

“အားကျနေစရာ ဘာရှိလို့လဲ။ အုတ်မြစ်ကျောက်တွေ အများကြီးရှိပေမဲ့ အင်အားမရှိရင် နောက်ဆုံးတော့ ဒီအုတ်မြစ်ကျောက်တွေက အင်အားကြီးတဲ့ မဟာမိတ်အဖွဲ့တွေဆီပဲ ပြန်ရောက်သွားမှာပဲ။ ငါကတော့ သူဌေးဆီကိုပဲ ပြန်ပေးလိုက်မယ်။”

ပထမဆုံး မဟာမိတ်အဖွဲ့က အင်အားအများဆုံး စစ်ကူအား ချက်ချင်းတောင်းဆိုလိုက်သည်ကို မြင်သောအခါ ရှောင်းယီ အံ့အားသင့်သွားသည်။

သို့သော် ထိုသူ၏ အိုင်ဒီကို မြင်လိုက်ရသောအခါ သူ ချက်ချင်းပင် နားလည်သွားတော့သည်။ ထိုလူသည် အရင်က ဆင့်ပွားလိပ်စာကို ရှောင်းယီနှင့် လဲလှယ်ခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။ ထိုသူသည် ထိုအရောင်းအဝယ်မှ အုတ်မြစ်ကျောက် ဘီလီယံတစ်ရာကျော် ရရှိထားသူဖြစ်ရာ ဤမျှပမာဏမှာ သူ့အတွက် ဘာမှမဟုတ်ပေ။

ရှောင်းယီသည် ထိုလူကို စစ်စခန်းရှိ ကျောက်တိုင်ထံသို့ လွှဲပြောင်းပေးလိုက်ပြီး ကျန်းယွင်ထျန်းကို စစ်ကူများ စီစဉ်ပေးရန် လွှဲအပ်လိုက်သည်။

ကျန်းယွင်ထျန်းက ချက်ချင်း ဖုန်းဆက်ခဲ့လာသည်။

“ကျွန်းပိုင်ရှင် ပထမဆုံး ဖောက်သည်က အကုန်ပုံအောနေပြီလား။ စစ်ကူ ငါးသောင်းတောင် ချက်ချင်းကြီးလား။”

“အေး...။ သူက ငါ့ဆီကနေ အရင်က အုတ်မြစ်ကျောက် ဘီလီယံတစ်ရာကျော် ယူထားတာလေ။ တစ်နာရီ ငါးသောင်းဆိုတော့ သူ ခဏလောက်တော့ တောင့်ခံနိုင်မှာပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အာ သူက ရတနာမြေပုံကနေ ဆင့်ပွားလိပ်စာ ရခဲ့တဲ့လူလား။”

ကျန်းယွင်ထျန်းက ရှောင်းယီ ပြောပြဖူးသည်ကို မှတ်မိသွားခဲ့သည်။

“အင်း၊ စီစဉ်ပေးလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“သူက ဒီလောက်ထိ ရက်ရောနေမှတော့ ငါတို့လည်း လက်မတွန့်သင့်ဘူး။ ရှီခုန်းကိုပါ ထည့်လွှတ်လိုက်။ စစ်သားတွေကို လွယ်လွယ်ကူကူ ရွှေ့ပြောင်းနိုင်အောင် တည်နေရာကူးပြောင်းခြင်း အစီအရင် တစ်ခုကိုပါ အဲ့ဒီဘက်ကို ရွှေ့လိုက်မယ်။”

“နားလည်ပါပြီ။”

ကျန်းယွင်ထျန်းက ဝန်ခံကတိပြုလိုက်သည်။

“ပြီးတော့ အဲဒီ တည်နေရာကူးပြောင်းခြင်း အစီအရင်ကို တစ်ယောက်ယောက်ကို စောင့်ကြည့်ခိုင်းထားဦး။ တခြားဘက်က လုမသွားစေနဲ့။”

ရှောင်းယီက ထပ်လောင်းမှာကြားလိုက်သည်။

“နားလည်ပါပြီ။”

ဤသူဌေးကြီးအပြင် အခြားသော မဟာမိတ်အဖွဲ့များကလည်း စစ်ကူတောင်းခဲ့ကြသော်လည်း မည်သူမျှ ထိုမျှအထိ အသုံးအဖြုန်း မကြီးကြပေ။

“သူဌေး ကျုပ်တို့က ညသန်းခေါင်ကနေ မနက် ခြောက်နာရီအထိ ညရဲ့ ဒုတိယပိုင်းကို ကာကွယ်ဖို့အတွက် စစ်ကူတစ်ထောင်လောက် လိုချင်ပါတယ်။”

“ကျုပ်တို့ကတော့ လူသုံးရာလောက် လိုပါတယ်။ ညရဲ့ ဒုတိယပိုင်းအတွက်ပါပဲ။”

အကူအညီတောင်းသော မဟာမိတ်အဖွဲ့တိုင်းနီးပါးသည် ည၏ ဒုတိယပိုင်းအတွက်သာ လိုချင်ကြခြင်းဖြစ်သည်။

အကြောင်းမှာ သူတို့သည် နေ့ခင်းဘက်တွင် ဗုံးကြဲခြင်းဖြင့် ည၏ ပထမပိုင်းရှိ မသေမျိုးများ၏ တိုက်ခိုက်မှုကို လျှော့ချနိုင်သော်လည်း ဒုတိယပိုင်းမှာမူ မဟာမိတ်အဖွဲ့၏ အင်အားပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသောကြောင့် ဖြစ်သည်။

ထိုတောင်းဆိုချက်အားလုံးကို ကျန်းယွင်ထျန်းထံ လွှဲပြောင်းပေးလိုက်ပြီး ရှောင်းယီမှာမူ သေခြင်းစွမ်းအင် ကူးစက်ခံထားရသော ကျောက်တိုင်အား မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို စဉ်းစားနေရဆဲဖြစ်သည်။

ရှောင်းယီသည် သူ၏ကျောက်တိုင်ရှိရာမှ ထွက်ခွာပြီး ဓာတ်ခွဲခန်းသို့ ဦးတည်သွားလိုက်သည်။

“ပိုးသတ်ဆေးရည် ဘယ်လောက် ထုတ်လုပ်ပြီးပြီလဲ။”

သူက ရောက်ရောက်ချင်း မေးလိုက်သည်။

ထိုအခါ စက်ရုပ်တစ်ရုပ်က ရှေ့သို့ထွက်လာပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ကျုပ်တို့ တစ်တန်လောက် ပြင်ဆင်ပြီးပါပြီ။ ဆက်ပြီးတော့လည်း ထုတ်လုပ်နေပါတယ်။”

“ကောင်းပြီ။ အဲ့ဒီတစ်တန်ကို အရင်ပေးလိုက်ပါ။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

ထိုအခါ စက်ရုပ်သည် ဆေးရည်ဖော်စပ်နေသော အဖွဲ့များထံ ဆက်သွယ်ပြီး အသင့်ဖြစ်နေသော တစ်တန်ကို လှည်းဖြင့် တိုက်ထုတ်လာစေလိုက်သည်။

ထို့နောက် ရှောင်းယီသည် ကျောက်တိုင်ရှိရာသို့ ပြန်သွားပြီး ပိုးသတ်ဆေးရည်ကို မဟာမိတ် အနောက်ဘက်ကျွန်းသို့ လဲလှယ်ပို့ဆောင်လိုက်ကာ မြို့ပြန်ကျောက်တုံးကို သုံး၍ ထိုကျွန်းသို့ ပြန်သွားလိုက်သည်။

“ပိုးသတ်ဆေးရည်တွေကို လေကြောင်းခံတပ်ပေါ် တင်လိုက်ကြ။”

သူက ညွှန်ကြားလိုက်ပြီး လေကြောင်းခံတပ်ပေါ်သို့ တိုက်ရိုက်တက်သွားလိုက်သည်။

“ကျွန်းပိုင်ရှင် ခင်ဗျားက ဒီပိုးသတ်ဆေးရည်ကို သုံးပြီး ကျောက်တိုင်က သေခြင်းစွမ်းအင်ကို ရှင်းထုတ်မလို့လား။”

ပိုင်ချီက မေးလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

ပိုင်ချီက ဆက်ပြော၏။

“ဒါက အဏုဇီဝပိုးတွေကိုပဲ သတ်နိုင်ပြီး သေခြင်းစွမ်းအင်ကို မသတ်နိုင်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။”

“အရင်ဆုံး ပိုးသတ်ကြည့်ကြတာပေါ့။ ဒီအတိုင်း ထိုင်နေလို့တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား။”

ရှောင်းယီက ပြန်ပြောလိုက်သည်။ ပိုင်ချီက အသာအယာ ခေါင်းညိတ်ပြီး ရှောင်းယီနောက်သို့ လိုက်သွားကာ အရိုးစုကျွန်း၏ အလယ်ဗဟိုသို့ ထပ်မံ ထွက်ခွာလာခဲ့ကြသည်။

မကြာမီ လွန်ခဲ့သော နာရီပိုင်းက သူတို့ ကျောက်တိုင် ရှာတွေ့ခဲ့သော နေရာသို့ ရောက်ရှိလာသော်လည်း ကျောက်တိုင်မှာ အဝါရောင်သဲများဖြင့် ထပ်မံ ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရသဖြင့် သူတို့ အံ့အားသင့်သွားခဲ့ကြသည်။

“မသေမျိုးမျိုးနွယ်စုတွေက ကျောက်တိုင်ကို ပြန်ပြီးမြှုပ်ပစ်ရမယ်ဆိုတာတောင် သိနေတာလား။”

ရှောင်းယီက အံ့သြတကြီး ပြောလိုက်သည်။

“ပြန်ပြီး ဗုံးကြဲလိုက်ရမလား။”

ပိုင်ချီက မေးလိုက်သည်။

“အင်း...။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အမြောက်ကျည်တွေ ကြဲချလိုက်တော့။”

“ဟုတ်ကဲ့။”

ဝုန်း ဝုန်း ဝုန်း

ပစ်မှတ်က တိကျနေသောကြောင့် သူတို့၏အလုပ်ကို မြန်ဆန်စေခဲ့ပြီး မကြာမီပင် နက်ရှိုင်းသော ကျင်းကြီးတစ်ခု ပွင့်ထွက်သွားကာ မြှုပ်နေသော ကျောက်တိုင်မှာ ထွက်ပေါ်လာတော့သည်။

ကျောက်တိုင် ပေါ်လာသည်နှင့် ရှောင်းယီသည် ပိုးသတ်ဆေးရည်များကို ၎င်းပေါ်သို့ ချက်ချင်း စတင်လောင်းချလိုက်တော့သည်။

ရှဲ...

ဆေးရည်သည် ကျောက်တိုင်ပေါ်သို့ ထိမှန်သွားသည်နှင့် ရှောင်းယီသည် အံ့အားသင့်ဖွယ်ရာ တစ်ခုကို တွေ့လိုက်ရ၏။

ကျောက်တိုင်က ထိုပိုးသတ်ဆေးရည်များကို အမှန်တကယ်ပင် စုပ်ယူနေခြင်းဖြစ်သည်။ အစပိုင်းတွင် နှေးကွေးသော်လည်း နောက်ပိုင်းတွင် သိသိသာသာ ပို၍မြန်လာခဲ့သည်။

ပိုင်ချီလည်း ထိုအခြင်းအရာကို သတိပြုမိသွားပြီး အံ့သြတကြီး မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ကျောက်တိုင်က... ပိုးသတ်ဆေးရည်တွေကို စုပ်ယူနေတာလား။”

ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။

“သူ့ကိုယ်သူ သေခြင်းစွမ်းအင် ကူးစက်ခံထားရတယ်ဆိုတာကို သိလို့ ဒီပိုးသတ်ဆေးရည်ကို အတွင်းထဲကို ဆွဲသွင်းနေတာဖြစ်မယ်။”

“ဒါက ဗိုင်းရပ်စ်သတ်ဖို့အတွက် ချွတ်ဆေး သောက်တာနဲ့ အတူတူပဲ။ ဒါက ကျုပ်တို့ ကမ္ဘာဟောင်းတုန်းက USA ရဲ့ ခေါင်းဆောင်တစ်ယောက် ပြောခဲ့တဲ့ ရယ်စရာကောင်းတဲ့ စကားကို သတိရသွားစေတယ်။”

ပိုင်ချီက သူ၏ နှုတ်ခမ်းကို တွန့်လိမ်လိုက်ရင်း ပြောလိုက်သည်။

All Chapters