← Chapters

အခန်း (၉၄၇-၉၄၈)

Vol. 78 Ch. 947-948

အခန်း (၉၄၇-၉၄၈)

Vol. 78 Ch. 947-948

အခန်း ၉၄၇- ရေအောက်ရှိ ရွှမ်းဝူနှင့် အားဖြည့်တိုက်ခိုက်ရေးစွမ်းအား

ဂရုထဲမှ လူတိုင်း၏ ဆွေးနွေးမှုများကို ကြည့်ခြင်းအားဖြင့် ရေအောက်မှ တိုက်ခိုက်ခံရမည်ကို လူတိုင်း စိုးရိမ်နေကြပုံရသည်။

သို့သော် ရှောင်းယီကမူ လုံးဝမစိုးရိမ်ပေ။ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ရေအောက်တွင် SSS အဆင့် ရွှမ်းဝူ တစ်ကောင်နှင့် ချင်းလုံ ချန်ထားခဲ့သော ဝေလငါးအုပ်စု ရှိနေသည်။

ရှောင်းယီ၏ အခါအားလျော်စွာ ကျွေးမွေးသည့် အဆင့်မြင့်အစားအစာများကြောင့် ထိုဝေလငါးများ၏ အဆင့်မှာလည်း လျင်မြန်စွာ တိုးတက်နေခဲ့သည်။

ထိုဝေလငါးအုပ်စု၏ အုပ်စုခေါင်းဆောင်မှာ SSS အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အုပ်စုအတွင်း၌ SS အဆင့် သုံးကောင်ပင် ရှိသည်။ အရေးအကြီးဆုံးမှာ ၎င်းတို့သည် ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်နိုင်ကြသဖြင့် လျှော့တွက်၍မရသော အင်အားစုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်ရက်က လက်မှတ်ထိုးဝင်ရာမှ ရရှိခဲ့သည့် ရေငုပ်သင်္ဘောကိုမူ ပြောနေစရာပင်မလိုတော့ပေ။ ဤမျှများပြားသော ရေအောက်သုံး ကိရိယာတန်ဆာပလာများ ရှိနေသဖြင့် ရေအောက်တိုက်ခိုက်မှုများအတွက် စိုးရိမ်စရာ မလိုတော့ခြင်း ဖြစ်သည်။

ရှောင်းယီသည် ကောင်းကင်ခံတပ်ပေါ်တွင် တစ်နေ့ကုန်နီးပါး နေထိုင်ခဲ့ပြီးနောက် မိုးချုပ်လာခဲ့သည်။

နေဝင်သွားသည်နှင့်အမျှ အရိုးစုကျွန်းသည် ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့ပြန်သည်။ မြေကြီးထဲမှ အရိုးစုများစွာ ထိုးထွက်လာကြပြီး ၎င်းတို့လက်ထဲရှိ လက်နက်များသည်လည်း အရိုးဓားများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

ထိုအခါ ရှောင်းယီက တည်ငြိမ်လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

“အပေါ်တက်...။ မြေပြင်ပေါ်က အရိုးစုတွေနဲ့ အကွာအဝေးကို ထိန်းထား။”

“ဟုတ်ကဲ့။”

လေကြောင်းခံတပ်မှာ ချက်ချင်းပင် အထက်သို့ မြင့်တက်သွားခဲ့သည်။ ထိုအချိန်မှာပင် မြေပြင်ပေါ်ရှိ အရိုးစုများက ၎င်းတို့လက်ထဲမှ အရိုးဓားများကို လေကြောင်းခံတပ်ဆီသို့ လှမ်းပစ်ကြတော့သည်။

ဝှစ် ဝှစ် ဝှစ်

ထိုအရိုးဓားများသည် လေကြောင်းခံတပ်ဆီသို့ လျင်မြန်စွာ ပျံတက်လာသော်လည်း ခံတပ်၏အရှိန်မှာ ပိုမြန်နေဆဲပင်။ အရိုးဓားများသည် ခံတပ်၏အောက်ခြေကိုသာ ထိမှန်ပြီး ဂလောင် ဂလောင်ဟူသော မြည်သံများသာ ထွက်ပေါ်လာခဲ့သည်။

လေကြောင်းခံတပ်၏ အောက်ခြေကို သတ္တုများဖြင့် အားဖြည့်ထားသောကြောင့် ထိုအရိုးဓားများဖြင့် ဖျက်ဆီးရန်မှာ ခက်ခဲလှပေသည်။

သို့သော် အပေါ်ဘက်ရှိ ဆိုင်းထိန်းစနစ်ကိုသာ ထိမှန်အောင် ပစ်နိုင်ပါက ပျက်စီးမှုအချို့တော့ ဖြစ်စေနိုင်မည်ဖြစ်သည်။

အရိုးစုများသည် အရိုးဓားများကို တစ်ချီသာ ပစ်ခတ်နိုင်ခဲ့ပြီးနောက် ခံတပ်မှာ ၎င်းတို့ တိုက်ခိုက်၍မရနိုင်သော အမြင့်သို့ ရောက်ရှိသွားခဲ့သည်။

အရိုးစုများမှာ အတော်ပင် ပြတ်သားကြ၏။ တိုက်ခိုက်၍မရတော့သည်ကို သိသည်နှင့် ချက်ချင်း လက်လျှော့လိုက်ပြီး မဟာမိတ် အနောက်ဘက်ကျွန်းဆီသို့ ဦးတည်ကာ လျှောက်သွားကြတော့သည်။

ထိုအချိန်တွင် ပိုင်ချီက အောက်ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် မြန်မြန်ကြည့်ပါဦး။ သူတို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မြေမြှုပ်နေကြပြီ။”

ရှောင်းယီက ခေါင်းညိတ်ပြပြီး အမိန့်ပေးလိုက်သည်။

“အမြောက်တွေ ဆက်ပစ်။”

“ဟုတ်ကဲ့။”

ပိုင်ချီနှင့် အခြားသူများက တုံ့ပြန်လိုက်ကြသည်။

ယခုအချိန်တွင် ချိန်ရွယ်နေစရာပင် မလိုတော့ပေ။ ကျွန်းတစ်ခုလုံးတွင် အရိုးစုများ ပြည့်နှက်နေသဖြင့် အောက်သို့ ပစ်ချလိုက်ရုံသာ ဖြစ်သည်။

၎င်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဗုံးဒဏ်ဖြင့် ဖော်ထုတ်နိုင်ခြင်း မရှိစေဦးတော့ မြေပြင်တပ်ဖွဲ့များအပေါ် ကျရောက်နေသည့် မသေမျိုးမျိုးနွယ်၏ တိုက်ခိုက်မှု အရှိန်အဝါကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

ဝုန်း... ဝုန်း... ဝုန်း

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မြေမြှုပ်နေသော အရိုးစုများသည် အမြောက်ဆန်များကြောင့် တခဏအတွင်းမှာပင် အရိုးစုပုံများအဖြစ် ကြေမွသွားတော့သည်။

သို့သော် အခြားနေရာများမှ အရိုးစုများသည် ထိုနေရာသို့ တဖြည်းဖြည်းချင်း ရွှေ့လျားလာကြကာ ၎င်းတို့၏ ဓားရှည်များဖြင့် မြေကြီးယက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဆက်လက် မြေမြှုပ်ကြပြန်သည်။

ကောင်းကင်မှ ကျဆင်းလာသော အမြောက်ဆန်များသည်လည်း ခဏတာမျှပင် မရပ်တန့်ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အနီးတစ်ဝိုက်ရှိ နေရာများကို ရှင်းလင်းပစ်နေ၏။

ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်ရာ တစ်ဝက်ခန့် ပြန်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ စနစ်၏ အချက်ပေးစာတွင်မူ “ကိုယ်တိုင် ပြန်လည်ပြုပြင်နေသည်” ဟု ပြနေဆဲဖြစ်သဖြင့် သူ သက်ပြင်းချကာ ခေါင်းခါလိုက်မိသည်။

“ဒီနေ့တော့ ဒီမှာပဲ နားရတော့မယ် ထင်တယ်။”

ရှောင်းယီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ပိုင်ချီ မင်းတို့ လူစုခွဲပြီး နားလိုက်ကြတော့။ တခြားလူတွေကို လာပြီး လူစားလဲခိုင်းလိုက်ပါ။”

“ဟုတ်ကဲ့။”

ပိုင်ချီသည် အခြားသူများကို လူစားလဲရန် စီစဉ်ပေးလိုက်သော်လည်း သူကိုယ်တိုင်ကမူ ကျန်ရစ်နေခဲ့သည်။

“မင်းလည်း သွားနားသင့်တယ်။”

ပိုင်ချီ မသွားသေးသည်ကို မြင်သောအခါ ရှောင်းယီက အံ့သြစွာ ပြောလိုက်သည်။

“ရပါတယ်။ ကျုပ် ဒီမှာပဲ နားလို့ရတယ်။”

ပိုင်ချီက အခန်းအတွင်းပိုင်းကို ညွှန်ပြကာ ပြန်ပြောလိုက်သည်။

“အင်း... ဒါဆိုလည်း ခဏသွားနားလိုက်ဦး။ ပြီးမှ ငါနဲ့ လာလဲပေါ့။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့။”

မသေမျိုးမျိုးနွယ်၏ တိုက်ခိုက်မှုများ စတင်နေချိန်တွင် ယီထျန်းဂရုချက်မှာ အလွန်ပင် စည်ကားနေပေသည်။ ခေါင်းဆောင်အများစုမှာ ၎င်းတို့၏ ကွန်ပျူတာရှေ့တွင် ထိုင်ရင်း အဝေးမှ အမိန့်ပေးနေကြပုံရသည်။

“စောစောက သူဌေးရဲ့ အဖွဲ့ကို သံသယဝင်နေတဲ့သူတွေ ဘယ်မှာလဲ။ ငါ ဗီဒီယို ပို့ပေးရမလား။”

“ဘာဗီဒီယိုလဲ။ မြင်းတပ်လား၊ ခြေလျင်တပ်လား။”

“သွားစမ်း...ငါက ယီရန်ပင်း မဟာမိတ်အဖွဲ့ဝင်တွေ တိုက်ခိုက်နေတဲ့ ဗီဒီယိုကို ပြောတာကွ။”

“တိုက်ပွဲကို ဘယ်သူမမြင်ဖူးလို့လဲ။ အဲ့ဒါက ဘာထူးခြားလို့လဲ။”

“မင်းမြင်ဖူးတဲ့ တိုက်ပွဲတွေက မင်းတို့အဖွဲ့တွေ တိုက်တာလေ။ တကယ့် စနစ်ကျတဲ့ စစ်တပ်တစ်ခု တိုက်ခိုက်တာကို မင်းမြင်ဖူးလို့လား။”

“ပုံမပါရင် ငါ မယုံဘူး။ ဗီဒီယိုသာ မြန်မြန်တင်လိုက်စမ်းပါ။”

ထိုသူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ယီရန်ပင်း ဂရုချက်တွင် ဗီဒီယိုတစ်ခုကို အမှန်တကယ်ပင် တင်လိုက်သည်။

ဗီဒီယိုထဲတွင် ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်ထားသော စစ်သည်တစ်ရာခန့်သည် အဝေးမှ ချဉ်းကပ်လာသော မသေမျိုးမျိုးနွယ်ကို ခုခံနေကြ၏။

၎င်းတို့ ပစ်ခတ်လိုက်သော မြားတိုင်းသည် ဆန့်ကျင်ဘက်ရှိ မသေမျိုးတစ်ကောင်စီတိုင်းကို လဲကျစေခဲ့သည်။

ထို့အပြင် ၎င်းတို့၏ အပြန်အလှန် ပစ်ကူပေးမှုမှာ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံလှသဖြင့် မသေမျိုးများသည် ဤလူတစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသော ခံစစ်စည်းကို လုံးဝ ဖောက်ထွက်နိုင်ခြင်း မရှိကြပေ။

“အရင်က ငါတို့ မဟာမိတ်အဖွဲ့ထဲမှာ စစ်သည် ငါးရာလောက် ထားတာတောင် ကောင်းကောင်း မခုခံနိုင်သလို ခံစားရတယ်။ အခု သူတို့ ခုခံနေတာကို ကြည့်ပါဦး။ ဘယ်လောက်တောင် သက်သောင့်သက်သာရှိလိုက်သလဲ။ စောစောက သူဌေးရဲ့ တပ်ဖွဲ့ကို ဝေဖန်နေတဲ့သူ ထွက်လာခဲ့ပါဦး။ ဒီမှာ လာကြည့်လိုက်စမ်း။ ဒါမှမဟုတ်ရင် မင်းတို့ မဟာမိတ်တပ်ဖွဲ့ရဲ့ ခံစစ်ဗီဒီယိုကို ရိုက်ပြီး တင်ကြည့်လေ။ နှိုင်းယှဉ်ကြည့်ရအောင်။”

“အား...သူဌေးရဲ့ တပ်ဖွဲ့ထဲက လူတိုင်းက နတ်ဘုရားမြားသည်တော်တွေလား။”

“အဲ့ဒီလို တကယ် ထင်ရတယ်။ ခုနက ဗီဒီယိုထဲမှာ ပစ်ချက်တိုင်း ဘယ်သူမှ လွဲသွားသွားတယ်ရယ်လို့ မရှိဘူး။ တစ်ချက်ပစ်ရင် တစ်ကောင်လဲပဲ။”

“သူဌေးရဲ့ စစ်သည်တွေကို ဘယ်လို လေ့ကျင့်ပေးထားတာလဲ။ ဘယ်လိုလုပ် ဒီလောက်တောင် တိကျနေရတာလဲ။”

“ဒါက ရှင်းနေတာပဲလေ။ ယီရန်ပင်း သူဌေးရဲ့ တပ်ဖွဲ့ကို ကျန်းယွင်ထျန်းက လေ့ကျင့်ပေးထားလို့ ဒီအဆင့်ကို ရောက်နေတာနေမှာပေါ့။”

ထိုအချိန်တွင် စွန်းယောင်က ဂရုထဲတွင် မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

“မင်းတို့က အဲ့ဒီလူတွေ မြားပစ် တိကျတာကိုပဲ အားကျနေကြတာကိုး။ သူတို့ လေ့ကျင့်တုန်းက ဘယ်လောက်တောင် ပင်ပန်းဆင်းရဲခဲ့ကြရသလဲဆိုတာရော သိကြရဲ့လား။”

စွန်းယောင်၏ စာကို မြင်သောအခါ လူတိုင်း စပ်စုချင်လာခဲ့ကြသည်။

“ဆေးဆရာအတု မင်းစာမတင်တာ ကြာပြီနော်။ ပေါ်လာတာနဲ့ လေးနက်တဲ့ စကားတွေ ပြောနေတော့တာပဲ။”

“အေးလေ မင်း အခု လျူဝေ့တိဟွမ်းဝမ် မရောင်းတော့ဘူးလား။”

“ဆေးဆရာ မင်းလည်း ယီရန်ပင်း မဟာမိတ်ရဲ့ စစ်စခန်းမှာ သွားပြီး လေ့ကျင့်ခဲ့တာ မဟုတ်လား။”

စွန်းယောင်၏ အိုင်ဒီမှာ ယခင်အတိုင်း ‘ဆေးဆရာ’ ပင် ဖြစ်သည်။ သူသည် ယခင်က ဆေးလုံးများကို အဆက်မပြတ် လိုက်ရောင်းခဲ့သော်လည်း ယခုအခါ မဟာမိတ်အဖွဲ့တွင် သီးသန့် ‘နိုင်ငံခြားရေးဌာန’ ရှိနေပြီဖြစ်သဖြင့် သူသည် ဂရုထဲတွင် စကားပြောခဲသွားခြင်း ဖြစ်သည်။

စွန်းယောင်တစ်ယောက် ဂရုထဲမှ မေးခွန်းများကို မြင်သောအခါ ပြန်လည်ဖြေကြားလိုက်သည်။

“ဒါပေါ့။ ငါတို့အားလုံး စစ်စခန်းမှာ လေ့ကျင့်ခဲ့ရတယ်။ ဒါပေမယ့် ငါတို့က အခြေခံလေ့ကျင့်ခန်းတွေပဲ လုပ်ခဲ့ရတာ။ စစ်မြေပြင်ကို တကယ်သွားရမယ့် စစ်သည်တွေကတော့ တစ်နေ့ကို အနည်းဆုံး အကြိမ်တစ်ထောင် မြားပစ်ကျင့်ရတယ်။ လူအများကြီး နေ့စဉ်လေ့ကျင့်ခန်း ပြီးသွားရင် လက်တောင် မချီနိုင်တော့ဘူး။”

“လူအများရှေ့မှာ တင့်တင့်တယ်တယ် နေချင်ရင် ကွယ်ရာမှာ ဒုက္ခခံရမှာပဲ။”

“ငါ သက်ပြင်းချမိပါတယ်။ ဒါက တကယ်ကို ဖြတ်လမ်းမရှိဘူးပဲ။ ဆေးဆရာအတု ပြောတာကြားတော့ ငါ့လူတွေကို စေလွှတ်ဖို့တောင် နည်းနည်း ကြောက်လာပြီ။ လေ့ကျင့်ခန်း လုပ်ရင်းနဲ့ သေကုန်ရင် ဘယ်လိုလုပ်မလဲ။”

“အဲ့ဒီလောက်တော့လည်း မနုလောက်ပါဘူး။ မင်းတို့ ကြည့်ကြည့် ယီရန်ပင်း မဟာမိတ်အဖွဲ့ထဲမှာ ရုပ်ခန္ဓာကြံ့ခိုင်မှု နည်းနည်းအားနည်းတဲ့သူတွေတောင် တောင့်ခံနိုင်သေးတာပဲ။ ငါတို့က ဘာလို့ မရရမှာလဲ။”

“ဟုတ်တယ်၊း။ ယီရန်ပင်းသူဌေး သင်တန်းတွေ ဖွင့်ပေးမယ့်နေ့ကိုပဲ စောင့်ကြရအောင်။ ဖွင့်တာနဲ့ ချက်ချင်း နာမည်ပေးလိုက်မယ်။”

ဂရုထဲရှိ လူတိုင်းက ယီရန်ပင်း မဟာမိတ်အဖွဲ့ထံ လာရောက်ပြီး လေ့ကျင့်လိုကြောင်း ပြောဆိုနေကြသည်။ ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ကျန်းယွင်ထျန်းထံသို့ ဖုန်းဆက်လိုက်တော့သည်။

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် အခြားကျွန်းခွဲတစ်ခု၏ တိုက်ပွဲကို ညွှန်ကြားနေခဲ့သည်။

“အစ်ကိုကျန်း။ စောစောက ဂရုထဲမှာ ငါတို့စစ်သည်တွေရဲ့ စွမ်းဆောင်ရည်ကို လူတိုင်း သဘောကျနေကြပြီး ငါတို့ဆီမှာ လာပြီး လေ့ကျင့်ချင်နေကြတယ်။”

ရှောင်းယီက ပြောလိုက်သည်။ ကျန်းယွင်ထျန်းတစ်ယောက် အနည်းငယ် ကြောင်အသွားပြီးနောက် ပြန်မေးလိုက်၏။

“ကျွန်းပိုင်ရှင်ရဲ့ သဘောထားကရော ဘယ်လိုလဲ။”

“သူတို့ကို လေ့ကျင့်ပေးတာ ကောင်းမယ်လို့ ငါထင်တယ်။ သင်တန်းကြေး ယူကြတာပေါ့။ ရှားနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ရှင်သန်မှုနှုန်း မြင့်တက်လာတာက ငါတို့အတွက်လည်း အကျိုးရှိတာပဲလေ။”

ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ။ ငါ့ဘက်က သင်တန်းတွေ စဖို့ ပြင်ဆင်လိုက်ပါ့မယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်လေသည်။

အခန်း ၉၄၈ - ကိုယ်တိုင်ပြန်လည်ပြုပြင်နေသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသစ်ပြန်လည် ဖြစ်ပေါ်တော့မည်မဟုတ်

ကျန်းယွင်ထျန်းနှင့် ဖုန်းပြောပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အောက်ဘက်တွင် မနားမနေ မြေမြှုပ်ရန် ကြိုးစားနေကြသည့် အရိုးစုများကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။

“သူတို့က တကယ် ဇွဲကောင်းတာပဲ။”

ဝုန်း...။

အမြောက်ဆန်တစ်လုံးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိသည့်နေရာသို့ ကျရောက်သွားပြီး အနားသို့ ချဉ်းကပ်လာသော အရိုးစုများကို အပိုင်းပိုင်းအစစ ဖြစ်သွားစေခဲ့သည်။

ထို့နောက် ရှောင်းယီသည် သေခြင်းစွမ်းအင် ကူးစက်ခံထားရသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တစ်ဖန်ပြန်မြင်လိုက်ရသည်။ ယခုတစ်ကြိမ်တွင်မူ စနစ်၏ အချက်ပေးစာသားမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“ဘာလို့ ပျောက်သွားတာလဲ။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်၏။

“အရိုးစုတွေ မြေမြှုပ်ပစ်လိုက်လို့လား။”

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် အန်းရန်ထံသို့ ဖုန်းဆက်လိုက်သည်။

“ရန်ရန် ဓာတ်ခွဲခန်းကနေ ပိုးသတ်ဆေးပုံး ကြီးတစ်ပုံးလောက် ယူပြီး ငါ့ဆီကို ပို့ပေးပါဦး။”

“ကောင်းပြီ။”

အန်းရန်က ပြန်ဖြေပြီး ဓာတ်ခွဲခန်းသို့ ချက်ချင်း သွားလိုက်သည်။

မကြာမီမှာပင် ပိုးသတ်ဆေးပုံးတစ်ပုံး ရောက်ရှိလာခဲ့သည်။ ရှောင်စယီသည် ၎င်းကို လက်ခံရရှိပြီးနောက် လူများကို ချက်ချင်းပင် အောက်သို့ လောင်းချခိုင်းလိုက်တော့သည်။

အရိုးစုများက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မြေမြှုပ်ရန် ဆက်တိုက်လာနေကြသောကြောင့် ပိုးသတ်ဆေးများမှာ ၎င်းတို့အပေါ်သို့ မလွဲမသွေ ဖိတ်စင်ကုန်၏။

မြေကြီးပေါ်သို့ လောင်းချစဉ်က ထူးခြားသော တုံ့ပြန်မှုမရှိသည့် ပိုးသတ်ဆေးများမှာ အရိုးစုများအပေါ်သို့ ကျရောက်သွားသည်နှင့် တရှဲရှဲ မြည်သံများ ထွက်ပေါ်လာတော့သည်။

အရိုးစုများသည် ပိုးသတ်ဆေးနှင့် ထိတွေ့မိသောအခါ မီးလောင်ခံရသကဲ့သို့ တဆတ်ဆတ် တုန်ခါသွားကြပြီး မလိုလားအပ်ဘဲ နောက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။

“ကျွန်းပိုင်ရှင် ဒီပိုးသတ်ဆေးက အရိုးစုတွေကိုတောင် နှင်ထုတ်နိုင်တာလား။”

စစ်သားတစ်ဦးက အံ့အားသင့်စွာ မေးလိုက်သည်။

“ဒီပိုးသတ်ဆေးက သူတို့အပေါ်မှာရှိတဲ့ အဏုဇီဝပိုးမွှားတွေကို သတ်ပစ်နိုင်လို့ ဖြစ်လိမ့်မယ်။ ဒါက ငါတို့ရဲ့ ဒဏ်ရာကို ပိုးသတ်တဲ့အခါ နာကျင်တာ၊ မသက်မသာ ဖြစ်တာမျိုးနဲ့ အတူတူပဲ။”

ရှောင်ယီက ရိုးရှင်းစွာ ရှင်းပြလိုက်သည်။

ဘေးနားရှိ စစ်သားများက ခေါင်းညိတ်လိုက်ကြသည်။ ၎င်းတို့၏ လေ့ကျင့်ရေးကာလအတွင်း ထိခိုက်ဒဏ်ရာရခြင်းမှာ သာမန်ကိစ္စဖြစ်သဖြင့် ဒဏ်ရာပိုးသတ်သည့် ခံစားချက်ကို နားလည်ကြပေသည်။

သို့သော် မကြာမီမှာပင် အရိုးစုများသည် ပိုးသတ်ဆေး၏ ဒဏ်ကို အောင့်အည်းသည်းခံကာ ပေါက်ကွဲမှုကြောင့် ပွင့်ထွက်သွားသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အပေါ်ပိုင်းကို ပြန်လည်မြေမြှုပ်ရန် ဝိုင်းလာကြပြန်သည်။

“ပိုးသတ်ဆေး မလောင်းသေးနဲ့ဦး။ အရင်ဆုံး ဗုံးခွဲပြီး ဖွင့်ထုတ်လိုက်။”

ရှောင်းယီက ထပ်မံ အမိန့်ပေးလိုက်သည်။

ရှောင်းယီက ခေါင်းမာပြီး အရိုးစုများနှင့် ငြင်းခုန်နေခြင်း မဟုတ်ပေ။ အကယ်၍ ၎င်းတို့ကို မြေမြှုပ်ခွင့်ပေးလိုက်ပါက သူအရင်က လုပ်ဆောင်ခဲ့သမျှ အရာအားလုံး အလဟဿ ဖြစ်သွားနိုင်သည်ဟု သူခံစားနေရသောကြောင့်ပင်။

သေခြင်းစွမ်းအင်များ ပါဝင်သည့် မြေကြီးအောက်တွင် တစ်ညလုံး မြှုပ်နှံခံထားရပါက ၎င်းသည် မူလအခြေအနေသို့ ပြန်ရောက်သွားနိုင်ခြေ ရှိပေသည်။

ထို့ကြောင့် ရှောင်းယီသည် ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ ဗုံးများနှင့် ပိုးသတ်ဆေးများကို ဆက်တိုက်ကို အသုံးပြုနေခြင်းပင်။

တစ်ဖက်က ဆက်တိုက် ဗုံးခွဲပြီး ဖွင့်ထုတ်နေသလို အခြားတစ်ဖက်ကလည်း မနားတမ်း ပြန်လည် မြေမြှုပ်နေကြသည်။

ဗုံးခွဲပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မြင်လိုက်ရသည်နှင့် ရှောင်းယီသည် သူ့လူများကို ပိုးသတ်ဆေးများ လောင်းချခိုင်းလိုက်ပြန်သည်။

ယခု လောင်းချခြင်းသည့်အခါတွင်လည်း နေ့ခင်းဘက်က ကဲ့သို့ပင် ချက်ချင်းပင် စုပ်ယူခြင်း ခံလိုက်ရပြန်သည်။ အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အခြေအနေသည် [ကိုယ်တိုင်ပြန်လည်ပြုပြင်နေသည်] ဟု ထပ်မံပြောင်းလဲသွားခဲ့လေသည်။

ယခုတစ်ကြိမ်တွင် ပိုးသတ်ဆေး တစ်တန်ပင် မကုန်ခဲ့ပေ။ ဆိုလိုသည်မှာ ဤကျွန်းပေါ်ရှိ သေခြင်းစွမ်းအင်နှင့် အဏုဇီဝပိုးမွှားများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပြန်လည် ကူးစက်နိုင်စွမ်း ရှိနေသေးသည်။ အကယ်၍ ရှောင်းယီသာ ထိုအရိုးစုများနှင့် ဆက်လက် မယှဉ်ပြိုင်ခဲ့ပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ကူးစက်ခံရသည့် အခြေအနေသို့ လုံးဝ ပြန်လည်ရောက်ရှိ သွားနိုင်ပေသည်။

မိမိ၏ ကြိုးစားမှုများ အရာထင်လာသည်ကို မြင်သောအခါ ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဒီည သူတို့ကို အဆုံးထိ တိုက်မယ်။”

“ဟုတ်ကဲ့။”

ဘေးနားရှိ စစ်သားများက တုံ့ပြန်လိုက်ကြသည်။

ထိုသို့ ယှဉ်ပြိုင်တိုက်ခိုက်နေရင်း အချိန်မှာ သန်းခေါင်ယံသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

ပိုင်ချီသည်လည်း နိုးလာပြီဖြစ်ကာ ရှောင်းယီ၏ ဘေးသို့ လျှောက်လာပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ခဏလောက် အနားယူလိုက်ပါဦး။ ကျုပ် စောင့်ကြည့်ပေးပါ့မယ်။”

“သန်းခေါင်ကျော်သွားပြီလား။”

ရှောင်းယီက မေးလိုက်သည်။

“ဟုတ်ကဲ့။”

ရှောင်းယီသည် အောက်ဘက်ရှိ ကျဲပါးနေဆဲဖြစ်သော အရိုးစုများကို ကြည့်ကာ အံ့အားသင့်စွာ မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“ဒီည သူတို့ အသစ်ပြန်ပေါ်မလာတော့ဘူးလား။”

ပိုင်ချီသည်လည်း အောက်ဘက်ရှိ အရိုးစုများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

“သန်းခေါင်ကျော်ပြီးတဲ့နောက် အရင်ကလို အများကြီး အသစ်ပေါ်မလာတော့တာတော့ သေချာသလောက်ပဲ။”

“မင်း အရင်စောင့်ကြည့်ထားလိုက်။ မှတ်ထား။ အဲဒီအရိုးစုတွေကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မြေမြှုပ်ခွင့်မပေးနဲ့။ ဗုံးခွဲတာကို ဆက်လုပ်ထား။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ပေါ်လာတာနဲ့ ပိုးသတ်ဆေးလောင်းလိုက်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ပိုင်ချီက ပြန်ဖြေလိုက်သည်။ ထို့နောက် ရှောင်းယီသည် သင်္ဘောခန်းထဲသို့ ပြန်ဝင်လာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ခေတ္တမျှ ရပ်နေပြီးနောက် ဂရုချက်တွင် မေးလိုက်သည်။

“သန်းခေါင်ကျော်ပြီးနောက်ပိုင်း မသေမျိုးမျိုးနွယ်တွေရဲ့ တိုက်ခိုက်မှုက ပိုပြင်းထန်လာလား။”

“ပိုပြင်းထန်လာပါတယ်။ မနေ့ကအတိုင်းပါပဲ။ ထူးခြားတာက ဒီည လေကြောင်းတိုက်ခိုက်ရေးသမားတွေ မတွေ့ရတာပဲ။”

“အေး ဟုတ်တယ်။ ဘာလို့ ဒီည လေကြောင်းတိုက်ခိုက်ရေးသမားတွေ မရှိတာလဲ။ ထူးဆန်းလိုက်တာ။”

“မရှိတာ ပိုကောင်းတာပေါ့။ ကျည်းတပ်ဖွဲ့တွေနဲ့တင် ငါတို့ကို တော်တော် ဒုက္ခပေးနိုင်နေပြီ။”

အဖွဲ့ထဲက တုံ့ပြန်မှုများကို ကြားရသောအခါ ရှောင်းယီ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အခြေအနေကို ‘ကိုယ်တိုင်ပြုပြင်နေသည်’ သို့ ပြောင်းလဲလိုက်ပြီးနောက် မသေမျိုးမျိုးနွယ်များ အသစ်ပြန်ပေါ်လာသည့် လုပ်ဆောင်ချက် ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်သည်။

အကယ်၍ ထိုအတိုင်းသာ အမှန်တကယ် ဖြစ်ခဲ့လျှင် ယနေ့ သူအရိုးစုများနှင့် ဇွဲနပဲဖြင့် တိုက်ခိုက်ခဲ့ရခြင်းမှာ ပို၍ အဓိပ္ပာယ်ရှိသွားပေလိမ့်မည်။

အဖွဲ့ထဲတွင် လေကြောင်းတိုက်ခိုက်ရေးသမားများအကြောင်း ပြောခဲ့ကြသည်။ အမှန်တကယ်ပင် ယနေ့ညတွင် လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ပေ။ ၎င်းသည် တစ်ကြိမ်သာ လာခြင်းလော။

သို့မဟုတ် အသက်ရှူပေါက် ပေးထားခြင်းလော။

ရှောင်းယီက ဒုတိယအချက်ကို ပို၍ ယူဆမိသည်။ ဤသည်မှာ ကမ္ဘာ့စစ်မြေပြင် ဖြစ်သောကြောင့် တိုက်ခိုက်မှုမှာ တစ်ကြိမ်တည်းနှင့် ရပ်သွားလိမ့်မည် မဟုတ်ပေ။

အခန်းထဲသို့ ပြန်ရောက်သောအခါ ရှောင်းယီအတွက် အထူးပြင်ဆင်ထားသော အလွန်သားနားလှသည့် အခန်းတစ်ခန်း ရှိနေသည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့၏ သင်္ဘောကြီးတိုင်းတွင် ရှောင်းယီအတွက် အခန်းတစ်ခန်းကို ကြိုတင်ပြင်ဆင်ထားလေ့ရှိသည်။

ရှောင်းယီသည် ကုတင်ပေါ်တွင် လှဲလျော်ရင်း စိတ်တည်ငြိမ်စေမည့် ဂါထာကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။

“မိမိနှလုံးသားကို ကြည့်ရှုလော့၊ နှလုံးသားသည် နှလုံးသားမရှိ။ မိမိရုပ်သဏ္ဌာန်ကို ကြည့်ရှုလော့၊ ရုပ်သဏ္ဌာန်သည် ရုပ်သဏ္ဌာန်မရှိ။ အရာဝတ္ထုများကို အဝေးမှ ကြည့်ရှုလော့၊ အရာဝတ္ထုများသည် အရာဝတ္ထုမရှိ။ ဤသုံးပါးကို နားလည်သောအခါ၊ ဆိတ်သုဉ်းခြင်း ကိုသာ မြင်ရတော့သည်...”

ငါးနာရီခန့်အကြာတွင် ရှောင်းယီ နိုးလာခဲ့ပြီး လန်းဆန်းတက်ကြွစွာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။

“အခြေအနေ ဘယ်လိုလဲ။”

လေကြောင်းခံတပ်၏ အစွန်းမှ အောက်ဘက်ကို စောင့်ကြည့်နေသော ပိုင်ချီကို ရှောင်းယီက မေးလိုက်သည်။

“အထူးကောင်းမွန်ပါတယ်။ ကျုပ်တို့ အရိုးစုတွေကို အကုန်လုံးနီးပါး ရှင်းထုတ်နိုင်ခဲ့ပြီ။”

ပိုင်ချီက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။

နေထွက်ခါနီး မှိန်ပျပျအလင်းရောင်အောက်တွင် အောက်ဘက်ရှိ မသေမျိုးကျွန်းသည် အမှန်တကယ်ပင် ပို၍ ဟာလာဟင်းလင်း ဖြစ်နေသည်ကို ရှောင်းယီ သတိထားမိလိုက်သည်။

ထိုအချိန်တွင် ကျည်းတပ်ခံစစ်ကြောင်းမှ သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။

“ကျွန်းပိုင်ရှင် မြေပြင်ခံစစ်ကြောင်း အနားက အရိုးစုတွေကို အကုန်နီးပါး ရှင်းလင်းပြီးပါပြီ။ တစ်ကောင်စ၊ နှစ်ကောင်စ ကျန်နေသေးပေမယ့် ကျုပ်တို့ရဲ့ ခံစစ်ကြောင်းအတွက် ဘာခြိမ်းခြောက်မှုမှ မရှိတော့ပါဘူး။”

“ကျွန်းပိုင်ရှင် ဒါက နေမထွက်ခင်မှာ မသေမျိုးမျိုးနွယ်တွေရဲ့ တိုက်ခိုက်မှုကို ကျုပ်တို့ကိုယ်တိုင် ရှင်းနိုင်ခဲ့တဲ့ ပထမဆုံးအကြိမ်ပဲ။”

ပိုင်ချီက အလွန်ဝမ်းသာနေခဲ့သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“မှန်တယ်။ ဒါက ငါတို့ရဲ့ ကြိုးစားမှုတွေ အလဟဿ မဖြစ်ဘူးဆိုတာကို ပြသနေတာပဲ။”

ထို့နောက် ရှောင်းယီသည် သူ၏ဖုန်းကို ထုတ်ယူကာ ကျန်းယွင်ထျန်းထံ ဖုန်းဆက်လိုက်ပြီး မေးလိုက်သည်။

“မင်း အခု ဘယ်မှာလဲ။”

“မဟာမိတ် တောင်ဘက်ကျွန်းမှာပါ။ အဲ့ဒီမှာ ပြဿနာ တစ်ခုခု ရှိလို့လား။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ငါ့မှာ မေးစရာ နှစ်ခု ရှိတယ်။ သန်းခေါင်ကျော်ပြီးနောက်ပိုင်း မင်းတို့ဆီမှာ မသေမျိုးတွေရဲ့ တိုက်ခိုက်မှု အပြောင်းအလဲ ရှိလား။”

“ရှိတာပေါ့။ သန်းခေါင်ကျော်ပြီးနောက်ပိုင်း ပိုပြင်းထန်လာတယ်လေ။ ဒါကို မင်းသိပြီးသား မဟုတ်ဘူးလား။”

ရှောင်ယီက အင်း... ဟု အသံပြုပြီး ဆက်မေးလိုက်သည်။

“ဒုတိယမေးခွန်းက မင်းတို့ တိုက်ပွဲ အပြတ်အသတ် နိုင်သွားလား။”

“ဟမ်...။”

ထိုမေးခွန်းကြောင့် ကျန်းယွင်ထျန်း တစ်ယောက် ကြောင်အသွားခဲ့သည်။

နေထွက်ရန်မှာ တစ်နာရီခန့် လိုသေးပြီး မသေမျိုးတွေ ဒီလောက်များနေတာကို တိုက်ပွဲက ဘယ်လိုလုပ် ပြီးနိုင်မှာလဲ။

ကျန်းယွင်ထျန်း၏ ဇဝေဇဝါဖြစ်နေသော အသံကို ကြားရသောအခါ ရှောင်းယီသည် အဖြေကို သိသွားခဲ့တော့သည်။

“အဲ့ဒီကလူတွေ သူတို့ဘာသာသူတို့ ကိုင်တွယ်နိုင်ရင် မင်း မဟာမိတ် အနောက်ဘက်ကျွန်းကို လာခဲ့ပြီး အခြေအနေကို လာကြည့်လိုက်။”

All Chapters