အခန်း (၉၄၉-၉၅၀)
Vol. 78 Ch. 949-950
အခန်း ၉၄၉ - လိုက်လျောညီထွေရှိသော ကျည်အိမ်ပုံစံခွက်နှင့် ဒေသခံများ ရောက်ရှိလာခြင်း
“ကောင်းပြီ။ ငါ အခုချက်ချင်း လာခဲ့မယ်။”
ရှောင်းယီ ဘာကို ဆိုလိုသလဲဆိုသည်ကို ကျန်းယွင်ထျန်း အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။
သိသာသည်မှာ ဤမေးခွန်းနှစ်ခု၏ အဖြေသည် မဟာမိတ် အနောက်ဘက်ကျွန်းဘက်၌ ကွဲပြားခြားနားနေသည်ဟူ၍ ဖြစ်၏။
ကျန်းယွင်ထျန်းသည် မြို့ပြန်ကျောက်ကို တိုက်ရိုက်အသုံးပြုကာ အနောက်ဘက်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။ အနောက်ဘက်ကျွန်း၏ ရှေ့တန်းစစ်မျက်နှာသို့ ရောက်သည်နှင့် သူ မှင်သက်သွားရတော့လေသည်။
မြေပြင်ခံစစ်ကြောင်းပေါ်တွင် စစ်သားအားလုံးသည် ကတုတ်ကျင်းများထဲ၌ ထိုင်ကာ စကားစမြည် ပြောနေကြပြီး အချို့မှာ ပေါင်မုန့်ပင် စားနေကြသေးသည်။
ကျန်းယွင်ထျန်း ရောက်လာသည်ကို မြင်သောအခါ သူတို့သည် ချက်ချင်းပင် မတ်တပ်ရပ်ကာ အလေးပြုကြ၏။
ကျန်းယွင်ထျန်းက လက်ကာပြကာ မေးလိုက်သည်။
“ဒီက အခြေအနေက ဘာလဲ။ အရိုးစုတွေ ဘယ်ရောက်ကုန်ပြီလဲ။”
“သတင်းပို့ပါတယ် နည်းပြ။ အရိုးစုတွေကို ကျုပ်တို့ အကုန်နီးပါး ရှင်းပစ်လိုက်ပါပြီ။ ကျန်နေတဲ့ အနည်းအကျဉ်းကလည်း ဒီဘက်ကို ရောက်မလာကြပါဘူး။”
တပ်စိတ်မှူးတစ်ဦးက ချက်ချင်း ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းသည် တစ်ဖက်ရှိ မသေမျိုးကျွန်းကို အံ့အားသင့်စွာ ကြည့်လိုက်ရာ အမှန်တကယ်ပင် အရိုးစုတစ်ကောင်မှ မမြင်ရတော့ပေ။
“ဒါက ဘယ်လိုဖြစ်ရတာလဲ။”
ကျန်းယွင်ထျန်း တုန်လှုပ်သွားမိသော်လည်း ရှေ့တန်းက စစ်သားများအနေနှင့် ဘာဖြစ်သွားသည်ကို သိရှိလိမ့်မည်မဟုတ်ကြောင်း သူနားလည်ပေသည်။
ထို့ကြောင့် ကျန်းယွင်ထျန်း ရှောင်းယီထံ ဖုန်းထပ်ဆက်လိုက်တော့သည်။
“ကျွန်းပိုင်ရှင် ဒါက တကယ်ပဲ ဘယ်လိုဖြစ်တာလဲ။”
ရှောင်းယီက တစ်ညလုံး သူလုပ်ဆောင်ခဲ့သည်များကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်ရာ ကျန်းယွင်ထျန်းက အံ့အားသင့်သွားခဲ့တော့သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကိုယ်တိုင်ပြန်လည်ပြုပြင်နေတဲ့ အခြေအနေမှာသာ ထားနိုင်ရင် နောက်ထပ် မသေမျိုးတွေ အသစ်ဖြစ်လာမှာ မဟုတ်ဘူးပေါ့။”
“ဟုတ်တယ်။ အနည်းဆုံးတော့ အခုတွေ့ရှိထားတဲ့ ပုံစံအရဆိုရင် အဲ့လိုပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မထူးဆန်းတော့ပါဘူး။ ဒါဆို တခြားကျွန်းခွဲတွေကိုလည်း ဒီနည်းလမ်းအတိုင်း အရင်လုပ်လိုက်ရမလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“ဟုတ်တယ်။ မင်း အရင်အနားယူလိုက်ဦး။ မင်း နိုးလာမှ ကျန်တဲ့ကျွန်းခွဲတွေကို ဒီနည်းအတိုင်း ကိုင်တွယ်ကြတာပေါ့။ အနည်းဆုံးတော့ မသေမျိုးကျွန်းတွေပေါ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို အရင်ရှာထားရမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေပြီးနောက် အနားယူရန် ဗီလာသို့ ပြန်သွားခဲ့သည်။
အောက်ဘက်ရှိ အရိုးစုများသည် အမြောက်ဆန်များကြောင့် လုံးဝဥဿုံ ပျက်စီးသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ပေါ်ထွက်လာသည်ကို ရှောင်းယီ ကြည့်နေလိုက်သည်။
[သတိပေးချက်: ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ကိုယ်တိုင်ပြန်လည်ပြုပြင်နေသည့် အခြေအနေတွင် ရှိနေပါသည်။]
နောက်ဆုံးအရိုးစု ပျက်စီးသွားသည်နှင့် ကောင်းကင်မှာ လုံးဝလင်းထိန်သွားတော့သည်။
နောက်တစ်ဆင့်အနေနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုယ်တိုင်ပြန်လည်ပြုပြင်ပြီးသည်အထိ စောင့်ကြည့်ရန်သာ လိုတော့သည်။
ရှောင်းယီသည် ဘေးနားရှိ ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- လိုက်လျောညီထွေဖြစ်မှုမြင့်မားသော ကျည်အိမ်ပုံစံခွက် (SSS အဆင့်) ၁။”
“ကျည်အိမ်လား။”
ရှောင်းယီ အနည်းငယ် မှင်သက်သွား၏။ သေနတ်ပုံစံခွက်သာ တိုက်ရိုက်ရသင့်သည် မဟုတ်ပါလော။
သို့သော်လည်း ဆီမီးအော်တိုနှင့် အော်တိုမတ်တစ်လက်နက်များ ပေါ်ထွက်လာသည်နှင့်အမျှ ကျည်အိမ်များမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ဆံ့ဝင်မှုမြင့်မားသော ကျည်အိမ်များကသာ ဆီမီးအော်တိုလက်နက်များ၏ အားသာချက်ကို အပြည့်အဝ အသုံးချနိုင်ပေလိမ့်သည်။
ဤပုံစံခွက်ရှိလျှင် အနာဂတ်တွင် မည်သည့် အလိုအလျောက် သို့မဟုတ် တစ်ပိုင်းအလိုအလျောက် လက်နက်များအတွက်မဆို ကျည်အိမ်ပြဿနာကို စိုးရိမ်စရာ မလိုတော့ပေ။
ဤသည်မှာလည်း ကောင်းမွန်သော လက်မှတ်ထိုးဝင်ခြင်း ဆုလာဘ်တစ်ခုပင် ဖြစ်သည်။
ရှောင်းယီ ခေါင်းခါလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ယီထျန်းဂရုကို ကြည့်လိုက်သည်။
“နောက်ဆုံးတော့ မိုးလင်းလာပြီပဲ။ အခု ငါ နေထွက်လာမှာကို တကယ် မျှော်လင့်နေမိပြီ။”
“နေလား။ အဲဒီကြယ်ကို နေလို့ခေါ်တာ သေချာလို့လား။”
“အတည်ပြောရရင် ဒီအချိန်မှာ ဒီအသေးစိတ်အချက်ကို လိုက်ပြီး ငြင်းခုန်နေစရာ မလိုဘူးမလား။ အားလုံး နေလို့ပဲ စုပေါင်းခေါ်လိုက်ကြရအောင်။ လူတိုင်း နားလည်တာပဲလေ။ အဲ့လောက်လည်း ဇီဇာကြောင်မနေကြပါနဲ့။”
“ဟားဟသား ကျုပ်က ပျင်းလို့ လျှောက်ပြောနေတာပါ။ အပေါ်က ညီအစ်ကို စိတ်ထဲမထားပါနဲ့။”
“မနေ့က တကယ်ပဲ ကောင်းကောင်းအိပ်ပျော်ခဲ့တယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ကြေးစားစစ်သားတွေရှိတော့ ငါတို့ရဲ့ လူနေမှုဘဝ အရည်အသွေးက အများကြီး တိုးတက်လာတယ်။”
“မင်းတို့ မဟာမိတ်အဖွဲ့က ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ အစောင့်အရှောက် ၅၀၀၀၀ တောင် တစ်ခါတည်း ငှားလိုက်တယ်လို့ ကြားတယ်။ မင်းတို့ကိုယ်တိုင်ရော ဘာခံစစ်မှ မပြင်ဆင်ထားဘူးလား။”
“ပြင်ထားတာပေါ့။ မဟာမိတ်အဖွဲ့က စစ်သားအားလုံးကို အားလပ်ရက် ပေးမယ်လို့ မနေ့ကတည်းက ပြောထားပြီးသားပဲ။ ကတိကတော့ တည်ရမယ်လေ။”
“အစ်ကိုကြီး မင်းတို့အဖွဲ့မှာ လူလိုသေးလား။ ကျွန်တော်လည်း မင်းတို့အဖွဲ့ထဲ ဝင်ချင်လို့။”
“ဒါမျိုးမလုပ်တာ ပိုကောင်းမယ်ထင်တယ်။ ယီရန်ပင်း သူဌေးရဲ့ အဖွဲ့က တကယ့်ကို အားကိုးရတာ မှန်ပေမယ့် ငါတို့အနေနဲ့ သူဌေးကိုပဲ အမြဲတမ်းအားကိုးနေလို့ မရဘူးလေ။”
“ရပါတယ်။ ငါတို့အဖွဲ့မှာ အုတ်မြစ်ကျောက်တွေ အများကြီးရှိတယ်။ အကြာကြီး ခံနိုင်ရည်ရှိဖို့တော့ လုံလောက်ပါတယ်။”
“ဒါပေမယ့် သူဌေးဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေရင်ကော။ နောက်ဆုံးကျရင် ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ကာကွယ်ရမှာပဲ။”
“အုတ်မြစ်ကျောက် ဘယ်လောက်ပဲရှိရှိ သူဌေးက အလုပ်လက်မခံရင် မင်းက အတင်းအကျပ် ခိုင်းလို့ရမှာမို့လို့လား။”
“အင်း... အဲဒါလည်း ဟုတ်တာပဲ။ ကိစ္စမရှိပါဘူး။ သူဌေးက သင်တန်းတွေ ဖွင့်တော့မယ် မဟုတ်လား။ သင်တန်းတက်ဖို့ လူတွေ အများကြီး ပို့လိုက်မယ်။ ငါတို့အဖွဲ့က လူတွေက သူဌေးတို့တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ရဲ့ ထက်ဝက်လောက် ရှိရင်တောင် ဒီမသေမျိုးတွေကို အလွယ်တကူ ခုခံနိုင်မှာပါ။”
“ဒါကလည်း နည်းလမ်းတစ်ခုပဲ။ ဒါပေမယ့် အုတ်မြစ်ကျောက်တွေတော့ အများကြီး ကုန်မှာပဲ။”
“လူတိုင်းမှာ အုတ်မြစ်ကျောက်တွေ ရှိနေတာပဲ။ ဒါက ဘာမှမဟုတ်ပါဘူး။”
“ဟူး... ချမ်းသာဖို့ပဲ လိုတယ်။”
ဂရုထဲမှ စိတ်အေးလက်အေး ရှိနေသော အခြေအနေကို ကြည့်ပြီးနောက် ရှောင်းယီသည် ချက်ဘောက်စ်ကို ပိတ်လိုက်တော့သည်။
ထိုအချိန်တွင် စွန်းကုထောင်ထံမှ ဖုန်းဝင်လာ၏။
“ကျွန်းပိုင်ရှင် မနေ့က လာခဲ့တဲ့ လန်ဖုန်းအင်ပါယာ (လေပြာ) က လူက ကျုပ်တို့ မဟာမိတ်ခေါင်းဆောင်နဲ့ တွေ့ချင်နေပါတယ်။”
ရှောင်းယီ အနည်းငယ် မှင်သက်သွားပြီးနောက် တစ်ဖက်လူ ဘာလုပ်ချင်နေသလဲဆိုသည်ကို သိရရန်အတွက် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူသည် မြို့ပြန်ကျောက်ကို သုံးကာ မြောက်ဘက်ကျွန်းသို့ ရောက်ရှိလာပြီးနောက် လန်ဖုန်းအင်ပါယာ၏ သင်္ဘောဆီသို့ အပျော်စီးရွက်သင်္ဘောဖြင့် ထွက်ခွာလာခဲ့သည်။
တစ်ဖက်သင်္ဘောအနီးသို့ ရောက်သောအခါ ရွက်သင်္ဘောက ရပ်တန့်လိုက်သည်။
လန်ဖုန်းအင်ပါယာ သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ယခင်က အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသား ရှိနေဆဲပင်။ ရှောင်းယီ၏ ရွက်သင်္ဘောကို မြင်သောအခါ သူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဒါက ဘယ်လိုသင်္ဘောမျိုးလဲ။ ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ။ ကိုယ်ထည်က သေးငယ်ပြီး လေးလံတဲ့ လက်နက်တွေလည်း မပါဘူး။ ရေတပ်စစ်ပွဲအတွက်တော့ မသင့်တော်ဘူး။”
ထိုသူ ရွက်သင်္ဘောကို အကဲဖြတ်နေစဉ်မှာပင် ရှောင်းယီသည် ရွက်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ လျှောက်လာပြီး တစ်ဖက်လူကို ကြည့်ကာ မေးလိုက်သည်။
“မင်း ငါ့ကို ရှာနေတယ်လို့ ကြားတယ်။”
“မင်းက ဒီမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်လား။”
ထိုသူက သံသယဝင်နေဟန်ဖြင့် မေးလိုက်သည်။
“ဘာလဲ။ ပြဿနာရှိလို့လား။”
ရှောင်းယီက ပြန်မေးလိုက်သည်။ ထိုသူက ခေါင်းခါပြလိုက်သည်။
“မင်းတို့ မဟာမိတ်ခေါင်းဆောင်က အရမ်းငယ်လွန်းတော့ နည်းနည်း အံ့ဩသွားလို့ပါ။”
“ပြောပါ၊ ဘာကိစ္စလဲ။”
ရှောင်းယီသည် အချိန်ဖြုန်းမနေချင်ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
“ငါ့ဆီမှာ မသေမျိုးတွေရဲ့ သေခြင်းစွမ်းအင်နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ ရှိတယ်။ မင်းဆီက အဆင့်မြင့်အစားအစာအချို့နဲ့ ကုန်သွယ်ချင်တယ်။”
ထိုသူက ခေါင်းညိတ်ပြီး တိုက်ရိုက်ပြောလိုက်သည်။
“အင်း... မင်းဆီက အချက်အလက်က ဒီသေခြင်းစွမ်းအင်တွေကို ဘယ်လိုခုခံရမလဲဆိုတာနဲ့ ငါတို့ကျွန်း ကူးစက်မခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ မဟုတ်ပါဘူးနော်။”
ရှောင်းယီက သိနေသော်လည်း တစ်ဖက်လူတွင် ပို၍ထူးခြားသော အချက်အလက်များ ရှိနေမလားဆိုသည်ကို သိရရန် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
“မင်း သိပြီးသားလား။”
ထိုသူက ရှောင်းယီကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။
“သိတာပေါ့။ မဟုတ်ရင် မင်းက ဘာလို့ ဒီလောက်ကြာမှ ရောက်လာမှာလဲ။ ငါတို့ကျွန်းကဖြင့် ကုန်တော့မယ်။ အခုမှ သိတော့ ဘာထူးမှာလဲ။”
ရှောင်းယီက ဆွံအသွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့ အင်ပါယာရဲ့ မှော်ဆရာက မင်းတို့ မသိဘူးလို့ ပြောထားတာပဲ။”
ထိုသူက ယုံရခက်နေဆဲပင်။
“မင်းတို့ မှော်ဆရာရဲ့ သတင်းစနစ်က အရမ်းခေတ်နောက်ကျနေပြီပဲ။ မင်းဆီမှာ ထပ်တိုးအချက်အလက်တွေ မရှိရင်တော့ ငါတို့ ဆက်ပြီး ကုန်သွယ်နိုင်မှာ မဟုတ်ဘူး။”
ရှောင်းယီက ပုခုံးတွန့်ပြကာ ပြန်ပြောလိုက်သည်။
ထိုလူ မျက်မှောင်ကြုတ်သွား၏။ ရှောင်းယီ၏ ပုံစံကို ကြည့်ရသည်မှာ ဤမဟာမိတ်အဖွဲ့သည် သေခြင်းစွမ်းအင်အား မည်သို့ခုခံရမည်ကို အမှန်တကယ် သိနေပုံရသည်။ ထို့ကြောင့်လည်း သူက ဤမျှ တည်ငြိမ်နေခြင်းပင်။
“ကောင်းပြီ။ ငါတို့ဆီမှာ နောက်ထပ် အချက်အလက်သစ်တွေ ရှိလာရင် ပြန်လာပြီး မင်းနဲ့ ကုန်သွယ်မယ်။”
ထိုလူသည်လည်း အချိန်ဆွဲမနေတော့ဘဲ ပြတ်ပြတ်သားသားပင် ပြန်လှည့်ရန် ဆုံးဖြတ်လိုက်၏။
တစ်ဖက်လူက ဤမျှ ပြတ်ပြတ်သားသား ပြန်လှည့်သွားသည်ကို မြင်ရသည်မှာ ရှောင်းယီအတွက် တကယ်ပင် အံ့ဩစရာ ဖြစ်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ထိုလူက သူနှင့် တစ်ခုခု ကုန်သွယ်ရန် ကြိုးစားလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
အခန်း ၉၅၀ - အခြားသော မစ်ရှင်များ
အရင်းအမြစ်ပင်လယ်၏ ဤဒေသရှိ ဒေသခံများတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ ရှိ၊ မရှိ ရှောင်းယီ သေချာမသိပေ။
အကယ်၍ ၎င်းတို့တွင် ရှိပါက ရိက္ခာဖြည့်တင်းမှုနှင့် ပတ်သက်၍ စိုးရိမ်စရာမလိုသောကြောင့် အခြေအနေမှာ သိပ်မဆိုးလှပေ။ သို့သော် မရှိပါကမူ ၎င်းတို့ မည်မျှကြာအောင် တောင့်ခံနိုင်မည်ကို သူ မသိနိုင်ချေ။
ဤကုန်သွယ်မှုအတွင်း ထိတွေ့ဆက်ဆံမှုအရ တစ်ဖက်လူသည် သူနှင့် ကုန်သွယ်ရန် အလွန်အမင်း အရေးတကြီး ဖြစ်နေပုံမရကြောင်း ရှောင်းယီ ခံစားမိပေသည်။
၎င်းမှာ သူတို့တွင် လက်ရှိ ရိက္ခာအလုံအလောက်ရှိနေ၍ အလျင်မလိုခြင်း ဖြစ်နိုင်သလို ၎င်းတို့တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိနေ၍ ရိက္ခာပြဿနာ လုံးဝမရှိဘဲ အဆင့်မြင့်အစားအစာအချို့ကိုသာ လဲလှယ်လိုခြင်းလည်း ဖြစ်နိုင်သည်။
ဤသို့တွေးမိစဉ်မှာပင် ရှောင်းယီသည် တစ်ခုခု လွဲချော်နေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့၏။
တစ်ဖက်လူတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသည်ဟု ယူဆပါက ၎င်းမှာ ယခင်က အသက်ရှင်ကျန်ရစ်သူတစ်ဦးဦး ယူဆောင်လာခဲ့ခြင်းသာ ဖြစ်နိုင်သည်။ ထိုအသက်ရှင်ကျန်ရစ်သူ ထွက်ခွာသွားပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် အသစ်ပြန်ဖြစ်ကာ အစမှ ပြန်စမည်ဖြစ်သော်လည်း အခြေခံ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း လုပ်ဆောင်ချက်နှင့် အရှိန်မြှင့်တင်ခြင်း လုပ်ဆောင်ချက်များမှာမူ ရှိနေဦးမည်ဖြစ်သည်။
သို့မဟုတ်ပါက ချီလင်ကို ရှာဖွေတွေ့ရှိခဲ့သည့် ကျွန်းသည် SSS အဆင့် အဆင့်မြင့်သတ္တဝါများဖြင့် ပြည့်နှက်နေလိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် အဆင့်မြင့်အစားအစာများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အနီးတွင် အလိုအလျောက် အသစ်ဖြစ်ပေါ်လာနိုင်သဖြင့် သူနှင့် ကုန်သွယ်ရန်ပင် လိုအပ်မည်မဟုတ်ချေ။
ယခုမူ အခြားအသက်ရှင်ကျန်ရစ်သူများ၏ သတင်းများအရဖြစ်စေ၊ သူ့ဘက်တွင်ဖြစ်စေ ဒေသခံများက သတင်းအချက်အလက်များကို အဆင့်မြင့်အစားအစာနှင့် လဲလှယ်ရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။
“ဒါဆိုရင် ဒီဒေသခံတွေမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် လုံးဝမရှိဘူးပဲ။”
ရှောင်းယီ နောက်ဆုံးတွင် ထိုသို့ကောက်ချက် ချလိုက်တော့သည်။
ထိုစဉ် ဘေးတွင် ရပ်နေသော စွန်းကုထောင်က မေးလိုက်သည်။
“ဒီဒေသခံတွေက တကယ်ပဲ အဆင့်မြင့်အစားအစာတွေ အဲ့လောက်တောင် ပြတ်လပ်နေတာလား။”
“သူတို့မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိလို့ ဖြစ်လိမ့်မယ်။ ဒါကြောင့် အဆင့်မြင့်အစားအစာကို သူတို့ ကိုယ်တိုင်မရနိုင်ဘူး။ အဲ့ဒါကြောင့် ငါတို့ဆီက ဝယ်ချင်နေကြတာ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိဘူးလား။”
စွန်းကုထောင်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။
“ဒါဆိုရင် သူတို့က ကျုပ်တို့ကို ကူညီဖို့ ဒီလောက်အဝေးကြီးက လာတာဆိုတော့ သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးက ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။”
“မပြေနိုင်ဘူးလေ။ အဲ့ဒါကြောင့် သူတို့က ကူညီဖို့လာတာအပြင် အခြားမစ်ရှင်တွေလည်း ရှိနိုင်တယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“အခြားမစ်ရှင်တွေ ဟုတ်လား။”
စွန်ူကုထောင်တစ်ယောက် အနည်းငယ် ကြက်သေသေသွားပြီးနောက် မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်သည်။
“ဆိုလိုတာက သူတို့က ကျုပ်တို့ရဲ့ ကျွန်းတွေကို သိမ်းပိုက်ချင်နေကြတာလား။”
“ဟုတ်တယ်။ အတိအကျပြောရရင် သူတို့က ငါတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို လုယူချင်တာ ဖြစ်လိမ့်မယ်။”
ရှောင်းယီက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် အရင်က ပြောခဲ့သလိုဆိုရင် ကျုပ်တို့က ပထမဆုံး အသက်ရှင်ကျန်ရစ်သူတွေ မဟုတ်ဘူးမလား။ အရင်ကလူတွေ လာတုန်းက ဒီကဒေသခံတွေက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို လုယူတဲ့နေရာမှ တစ်ခါမှ မအောင်မြင်ခဲ့ဘူးလား။”
စွန်းကုထောင်က စပ်စုလိုစွာ မေးမြန်းသည်။ ထိုအခါ ရှောင်းယီက ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
“ဘယ်သူသိမှာလဲ။ ငါတို့ သူတို့ကို သေသေချာချာ စောင့်ကြည့်ထားတာ အကောင်းဆုံးပဲ။”
“ဟုတ်ကဲ့။”
စွန်းကုထောင်က တုံ့ပြန်လိုက်သည်။
ထိုအချိန်တွင် အနောက်တိုင်းဝတ်စုံနှင့် လူသည် သူ၏ရေတပ်စုထံ ပြန်ရောက်သွားပြီဖြစ်ပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။
“မှော်ဆရာဆီကို ကြေးနန်းရိုက်လိုက်။ တစ်ဖက်လူက မသေမျိုးမျိုးနွယ်တွေရဲ့ သေခြင်းစွမ်းအင်ကို ဘယ်လိုခုခံရမလဲဆိုတာ သိနေပြီဖြစ်တဲ့အတွက် အဲ့ဒါကိုသုံးပြီး ကုန်သွယ်လို့ မရတော့ဘူးလို့ ပြောလိုက်။”
“ဟုတ်ကဲ့။”
ကြေးနန်းရိုက်သူသည် လန်ဖုန်းအင်ပါယာဆီသို့ ထိုသတင်းကို ချက်ချင်း ပေးပို့လိုက်တော့သည်။
အနောက်တိုင်းဝတ်စုံနှင့် လူသည် သူ၏ရှေ့မှ ဇွန်ဘီကျွန်းနှင့် ၎င်းနှင့် ဆက်သွယ်ထားသော အသက်ရှင်ကျန်ရစ်သူကျွန်းကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ အတွေးနက်သွားခဲ့သည်။
“ဒီမဟာမိတ်အဖွဲ့က မရိုးရှင်းဘူး။ အထက်လူကြီးတွေကို သူတို့ရဲ့ မဟာဗျူဟာကို ပြောင်းလဲဖို့ အကြံပြုတာက ပိုကောင်းမယ်ထင်တယ်။”
သူက နောက်ဆုံးတွင် သက်ပြင်းချရင်း ပြောလိုက်သည်။
ရှောင်းယီသည် မြောက်ဘက်ကျွန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ သွားကာ ထုတ်လုပ်ရေး စာမျက်နှာသို့ ပြောင်းလိုက်၏။ ထို့နောက် သူသည် စနစ်သိုလှောင်ခန်းထဲမှ လိုက်လျောညီထွေမှုမြင့်မားသော ကျည်အိမ်ပုံစံခွက်ကို ထုတ်ယူကာ အသုံးပြုလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အလတ်စား ရေငုပ်သင်္ဘောတစ်စီးကို တိုက်ရိုက် ထုတ်လုပ်လိုက်သည်။
“ထုတ်လုပ်မှု အောင်မြင်ပါသည်။ ကျေးဇူးပြု၍ ထားရှိမည့်နေရာကို ရွေးချယ်ပါ။”
ရှောင်းယီသည် ၎င်းကို မြောက်ဘက်ကျွန်းရှိ ဖုံးကွယ်ထားသော ပင်လယ်အော်တစ်ခုတွင် တိုက်ရိုက် ထားရှိလိုက်သည်။
နေရာချပြီးသည်နှင့် ရှောင်းယီသည် ထိုပင်လယ်အော်ရှိရာသို့ သွားလိုက်ရာ စွန်းကုထောင်ကလည်း သူ့နောက်က လိုက်ပါလာခဲ့သည်။
၎င်းတို့နှစ်ဦး ပင်လယ်အော်သို့ ရောက်ရှိလာသောအခါ ရှည်လျားပြီး အနက်ရောင်ရှိသော ရေငုပ်သင်္ဘောကြီးတစ်စီး ထွက်ပေါ်လာတော့သည်။
“အလတ်စား ရေငုပ်သင်္ဘော (SSS အဆင့်)- ရိုးရှင်းသော တိုက်ခိုက်ရေးနှင့် စူးစမ်းရှာဖွေရေး ကိရိယာများ တပ်ဆင်ထားသည်။ အမြန်နှုန်း ၇၀ ကီလိုမီတာ/နာရီ၊ ငုပ်လျှိုးနိုင်သည့် အနက်...၊ အသံဆူညံမှု လျှော့ချစနစ် အထူးကောင်းမွန်သည်။ ကိုယ်ထည် အလွန်ခိုင်ခံ့ပြီး အခြားလက်နက်နှင့် ကိရိယာများ တပ်ဆင်နိုင်သည်။”
စွန်းကုထောင်သည် ရေငုပ်သင်္ဘောများကို တီဗီထဲတွင်သာ မြင်ဖူးခဲ့ခြင်း ဖြစ်၏။ သူ့ရှေ့က အရာသည် ရေငုပ်သင်္ဘောဆိုသည့် စကားလုံးနှင့်သာ ထိုက်တန်သည်ဟု ခံစားရသော်လည်း သူက မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဒါက ရေငုပ်သင်္ဘောလား။”
ရှောင်းယီက ခေါင်းညိတ်ပြပြီး အပေါ်သို့ တက်သွားလိုက်သည်။ စွန်းကုထောင်သည်လည်း နောက်က အပြေး၍ လိုက်ပါသွားခဲ့သည်။ သူသည် ရေငုပ်သင်္ဘောထဲသို့ တစ်ခါမှ မရောက်ဖူးသဖြင့် အထဲဝင်ကြည့်ရန် စိတ်အားထက်သန်နေခဲ့သည်။
ရေငုပ်သင်္ဘောပေါ်သို့ ရောက်သောအခါ ထိန်းချုပ်မှုစနစ်များမှာလည်း ဤကမ္ဘာ၏ စည်းမျဉ်းများအရ ရိုးရှင်းအောင် ပြုလုပ်ထားသည်ကို တွေ့လိုက်ရလေသည်။
စနစ်၏ လမ်းညွှန်ချက်များအတိုင်း ရှောင်းယီသည် ရေငုပ်သင်္ဘောကို ရိုးရှင်းစွာပင် မောင်းနှင်နိုင်ခဲ့၏။
၎င်းတို့နှစ်ဦးသည် ရေငုပ်သင်္ဘောကို မောင်းနှင်ကာ ပင်လယ်အောက်သို့ ငုပ်လျှိုးသွားခဲ့ကြသည်။
“ဒီ...ဒီ... ရေငုပ်သင်္ဘော၏ အောက်ခြေသို့ ရွေ့လျားနေသော သက်ရှိအရာကြီးတစ်ခု ချဉ်းကပ်လာသည်ကို တွေ့ရှိရပါသည်။ တိုက်မိမည်ကို သတိပြုပါ။”
ရေငုပ်သင်္ဘော၏ သတိပေးသံပင် မဆုံးသေးမီ ဂလောင်ဟူသော အသံတစ်ခုကို ရေငုပ်သင်္ဘောထဲ၌ ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
ဤရေငုပ်သင်္ဘောသည် အထူးပြုလုပ်ထားခြင်းဖြစ်ပြီး အပြင်ဘက်မှ တိုက်မိသံများ အထဲသို့ ရောက်ရှိရန်မှာ အလွန်ခက်ခဲကြောင်း သိထားရမည်ဖြစ်သည်။
ရေဒါစကင်ဖတ်စက်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ ရေငုပ်သင်္ဘောအောက်တွင် ကြီးမားသော အရာဝတ္ထုတစ်ခုကို တွေ့လိုက်ရသည်။ ပုံသဏ္ဌာန်အရဆိုလျှင် ၎င်းမှာ လိပ်ကြီးတစ်ကောင် ဖြစ်ရမည်။
“ရွှမ်းဝူ မင်းလား။ ဒါက ငါတို့မဟာမိတ်အဖွဲ့ရဲ့ ရေငုပ်သင်္ဘောပဲ။ အဲ့ဒါကို ခေါင်းနဲ့ မတိုက်နဲ့။”
ရှောင်းယီက စာချုပ်စွမ်းအင်ကို အသုံးပြု၍ ချက်ချင်း ပြောလိုက်သည်။
အပြင်ကလိပ်ကြီးမှာ တကယ်ပင် ရွှမ်းဝူ ဖြစ်နေခဲ့လေသည်။ ၎င်းသည် ဤနေရာတွင် ထူးဆန်းသော အရာတစ်ခုကို အာရုံခံမိ၍ လာရောက်စစ်ဆေးခြင်း ဖြစ်သည်။
ရလဒ်အနေနှင့် ၎င်းသည် မိမိထက်ပင် ပိုရှည်လျားသော အနက်ရောင် တုတ်ချောင်းကြီးကို တွေ့ရှိခဲ့သဖြင့် နှာခေါင်းဖြင့် တစ်ချက် တွန်းကြည့်လိုက်ခြင်း ဖြစ်သည်။
အတည်ပြောရလျှင် ၎င်းမှာ တော်တော်လေး မာကျောလှပေသည်။
သူသည် ၎င်း၏ ကျောပေါ်ရှိ ရွှမ်းရှဲကို သုံးပြီး ထိုအရာကို ရစ်ပတ်ကာ ဆွဲထုတ်သွားရန် ပြင်ဆင်နေစဉ် ရှောင်းယီ၏ အသံကို စိတ်ထဲ၌ ကြားလိုက်ရခြင်းဖြစ်သည်။
“ဒီဟာက တကယ်ပဲ သခင်ကြီးရဲ့ ပစ္စည်းလား။”
ရွှမ်းဝူက ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။ရှောင်းယီ၏ မျက်နှာတွင် ဒေါသအလင်းတန်းများ ဖြတ်ပြေးသွားခဲ့သည်။
“ကောင်းပြီ။ တခြားနေရာကို သွားပြီး ကင်းလှည့်တော့။”
ရွှမ်းဝူက ခေါင်းခါကာ အဝေးသို့ ကူးခတ်သွားတော့သည်။
အကယ်၍ ၎င်းကို ဤနေရာတွင် ဆက်ထားပါက အခြား မည်သည့် ထိတ်လန့်စရာ စကားများ ပြောဦးမည်ကို မသိနိုင်ပေ။
ဤစကားပြောဆိုမှုများသည် ရှောင်းယီနှင့် ရွှမ်းဝူတို့ကြား စိတ်ချင်းဆက်သွယ်မှုသာ ဖြစ်၏။ အကယ်၍ စွန်းကုထောင်သာ ကြားခဲ့ပါက တစ်မဟာမိတ်အဖွဲ့လုံး သိသွားပေလိမ့်မည်။
ရှောင်းယီသည် ရွှမ်းဝူကို လွှတ်လိုက်ပြီးနောက် ရေငုပ်သင်္ဘောကို ဆက်လက်မောင်းနှင်ခဲ့လိုက်သည်။
ရွှမ်းဝူအပြင် အခြားသော ပင်လယ်သတ္တဝါများလည်း ဤဧရာမအရာကြီးကို မတော်တဆ တိုက်မိခဲ့ကြသော်လည်း ၎င်းကို အနည်းငယ်မျှပင် မရွေ့လျားစေနိုင်ကြချေ။
အချို့မှာ ထိုသို့တိုက်မိခြင်းကြောင့် အသက်ပင် ဆုံးရှုံးသွားခဲ့ကြသည်။
ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ရေငုပ်သင်္ဘောကို လန်ဖုန်းအင်ပါယာ ရေတပ်စုရှိရာသို့ မောင်းနှင်ရန် ထိန်းချုပ်လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ရေငုပ်သင်္ဘောသည် လန်ဖုန်းအင်ပါယာ ရေတပ်စု၏ အောက်သို့ ရောက်ရှိလာခဲ့၏။ ပင်လယ်ရေပြင်ပေါ်ရှိ သင်္ဘောများ ဖြန့်ကြက်ထားပုံကို ရေငုပ်သင်္ဘော၏ ရေဒါပေါ်တွင် ရှင်းလင်းစွာ မြင်နေရသည်။
အကယ်၍ ရှောင်းယီသာ သူတို့ကို တိုက်ခိုက်လိုပါက ၎င်းတို့၏ သင်္ဘောကိုယ်ထည်အောက်မှ တိုက်ရိုက် ပေါ်ထွက်လာပြီး မိမိစိတ်ကြိုက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
“ရေတပ်စစ်ပွဲမှာ ရေငုပ်သင်္ဘောရဲ့ အခန်းကဏ္ဍက တကယ့်ကို အရေးပါတာပဲ။”
ရှောင်းယီ စိတ်ထဲတွင် တွေးတောရင်း အဝေးသို့ ဆက်လက်မောင်းနှင်သွားလိုက်သည်။
“ဒီ...ဒီ... ရှေ့တွင် ကျုပ်တို့ဆီသို့ ချဉ်းကပ်လာသော ရွေ့လျားနေသည့် ပစ်မှတ်အမြောက်အမြားကို တွေ့ရှိရပါသည်။”
ရေငုပ်သင်္ဘော၏ ရေဒါက ထပ်မံသတိပေးလာခဲ့သည်။ ဤသတိပေးချက်မှာ ယခင်တစ်ခုနှင့် လုံးဝကွဲပြားခြားနားနေပေသည်။
ယခင်တစ်ခေါက်က သက်ရှိအရာကြီးတစ်ခု ဟု ပြောသော်လည်း ယခုမူ ရွေ့လျားနေသည့် ပစ်မှတ်အမြောက်အမြားဟုသာ ဆိုနေခဲ့သည်။ ဆိုလိုသည်မှာ ထိုပစ်မှတ်များသည် သက်ရှိများ မဟုတ်ပါချေ။
“ဒါတွေက ပင်လယ်ထဲက ငါးတွေနဲ့ တူနေတုန်းပဲ မဟုတ်ဘူးလား။”
စွန်းကုထောင်ကလည်း သတိပေးချက်၏ ကွဲပြားမှုကို ကြားသိသွားပြီး ဇဝေဇဝါဖြင့် ပြောလိုက်သည်။
ဤရေငုပ်သင်္ဘောသည် ပုံရိပ်ကြမ်းများကိုသာ ပြသနိုင်ပြီး မည်သည့်သတ္တဝါမျိုးဖြစ်သည်ကို အတိအကျ မပြနိုင်သောကြောင့် သူတို့သည် ပုံရိပ်များကို ကြည့်၍ ခန့်မှန်းရုံသာ တတ်နိုင်ကြသည်။
“ငါတို့ ရန်သူအသစ်နဲ့ ထပ်ပြီး ရင်ဆိုင်ရတော့မယ် ထင်တယ်။”
ရှောင်းယီက ရေဒါစခရင်ပေါ်မှ ရွေ့လျားနေသော ပစ်မှတ်များကို ကြည့်ကာ လေးလံသောလေသံဖြင့် ပြောလိုက်သည်။