← Chapters

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အပိုင်း ( ၈၂၆ ) ဈေးဝယ်ထွက်ခြင်း

ပြင်းထန်ပြီး ပင်ပန်းဆင်းရဲတဲ့ လေ့ကျင့်ခန်းတွေက အဖွဲ့ဝင်တွေကို တစ်ဦးနဲ့တစ်ဦး ဘယ်လို ပူးပေါင်းတိုက်ခိုက်ရမလဲဆိုတာ သင်ကြားပေးနေသလို.. ဆန်နီ မှာလည်း အချိန်မီ အပြီးသတ်ရမယ့် တခြားတာဝန်တွေ အများကြီး ရှိနေခဲ့ပါတယ်..။ ဒီလို တပြိုင်တည်း ကျရောက်လာတဲ့ တာဝန်တွေအားလုံးကို လုပ်ဆောင်ရတာက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ကို စမ်းသပ်နေသလိုပါပဲ..။သို့ပေမဲ့ အံကြိတ်ပြီး လုပ်ဆောင်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိခဲ့ပေ..။

သူ့မှာ ရှိနေတဲ့ တာဝန်တွေထဲမှာ အရေးအကြီးဆုံးကတော့.. သူ့ရဲ့ ထောက်ပံ့မှု အမှတ်တွေကို ခွဲဝေပြီး အဖွဲ့ကို အားကောင်းစေမယ့် ပစ္စည်းအမျိုးတွေကို ဝယ်ယူဖို့ပါပဲ..။သို့ပေမဲ့ ဒါက ရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ပေ..။ သူ့လက်အောက်ငယ်သားတွေ ဘယ်လို တိုက်ခိုက်လဲဆိုတာကို ရက်အနည်းငယ်ကြာအောင် လေ့လာပြီး သူတို့ရဲ့ မှတ်သားမူ တွေနဲ့ အကျွမ်းတဝင် ရှိသွားပြီးတဲ့နောက်မှာတော့.. နောက်ဆုံးမှာ ဆန်နီ ဆုံးဖြတ်ချက် ချဖို့ အသင့်ဖြစ်သွားခဲ့ပါပြီ..။

ဒါကြောင့်.. သူက ရှေ့တန်းတိုက်စစ်မှူး သုံးယောက်ဖြစ်တဲ့ ဘယ်လီ၊ ဒွန်း နဲ့ ချီတင် တို့ အိပ်မက်ရူခင်း သေတ္တာတွေထဲမှာ အလုပ်ရှုပ်နေတဲ့ အချိန်ကို ရွေးပြီး.. ကျန်တဲ့ အဖွဲ့ဝင် သုံးယောက်ကို ခေါ်လိုက်တယ်..။

အမှန်တော့.. သူတို့ သုံးယောက်စလုံးက အဖွဲ့ရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ထောက်ပံ့ရေးမှာ ကျွမ်းကျင်သူတွေ ဖြစ်နေကြလို့ပါ..။ ကင်မ် က နည်းပညာရှင် ဖြစ်ပြီး၊ ဆမ်မာရာ ကတော့ စပဲလ်နည်းပညာ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ပါတယ်..။ လူစတာ ကတော့...

ကောင်းပြီလေ.. လူစတာ ကတော့ ထိပ်တန်း ဝေဟင် တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်ရမှာပါ..။ ဒီအခြေအနေမှာတော့ သူက သိပ်ပြီး အသုံးမဝင်သေးပေမဲ့.. ဆန်နီ အနေနဲ့ ဒီကောင်လေးကို တစ်ယောက်တည်း ချန်ထားခဲ့လို့ မရပေ..။

ကင်မ် နဲ့ ဆမ်မာရာ တို့ဆီက အကြံဉာဏ်တွေ ရယူပြီးတဲ့နောက်မှာတော့.. ထောက်ပံ့မှု အမှတ်တွေကို အကောင်းဆုံး အသုံးချနိုင်မယ့် နည်းလမ်းတွေကို သူ အများကြီး သိရှိသွားခဲ့တယ်..။

ရိုင်နို က ရိုးရိုး သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီးလို့ ထင်ရပေမဲ့.. တကယ်တော့ အဲဒီထက် အများကြီး ပိုပါတယ်..။ ဆန်နီ က စစ်ပွဲနဲ့ စစ်ဗျူဟာတွေအကြောင်း အများကြီး မသိပေမဲ့.. တိုက်ခိုက်ရေး အဖွဲ့တစ်ခုရဲ့ သက်ရောက်မှုကို ဆုံးဖြတ်တဲ့နေရာမှာ လှုပ်ရှားနိုင်စွမ်း က အရေးကြီးဆုံး အချက်တွေထဲက တစ်ခုဆိုတာကိုတော့ သူ သိနေခဲ့တယ်..။

အထူးသဖြင့် ပထမ အထူးတပ်ခွဲ ရဲ့ အဖွဲ့တွေအတွက် ဒါက ပိုပြီး အရေးကြီးပါတယ်..။ သူတို့က မြေပြင်တပ်ဖွဲ့တွေကို ကူညီဖို့အတွက် ပဋိပက္ခဖြစ်ပွားရာ နေရာအသီးသီးကို အဆက်မပြတ် သွားလာနေရမယ့် ထိပ်တန်း အဖွဲ့တွေ ဖြစ်လို့ပါပဲ..။

ဒါကြောင့်.. သူတို့ရဲ့ သံချပ်ကာ ယာဉ် ကို အဆင့်မြှင့်တင်ဖို့က အတော်လေး အရေးကြီးတဲ့ ကိစ္စပါ..။

မေးခွန်းကတော့ ရိုင်နို ရဲ့ ဘယ်အပိုင်းတွေကို အများဆုံး အဆင့်မြှင့်တင်ရမလဲ ဆိုတာပါပဲ..။

နောက်ဆုံးမှာတော့.. ဆန်နီ က အဓိက အဆင့်မြှင့်တင်မှု အချို့ကိုပဲ ရွေးချယ်လိုက်ပါတယ်..။ အဲဒါတွေက နည်းပညာ ကျွမ်းကျင်သူ နှစ်ယောက်နဲ့ မတိုင်ပင်ခင်က သူ ရွေးဖို့ တွေးထားခဲ့တဲ့နေရာတွေ မဟုတ်ခဲ့ပါဘူး..။ ရိုင်နို ရဲ့ ကိုယ်ထည်မှာ သံချပ်ကာတွေ ထပ်ဖြည့်တာ ဒါမှမဟုတ် ရှေ့ပိုင်းမှာ အားကောင်းတဲ့ အမြောက်ကြီး တပ်ဆင်တာမျိုးတွေထက်.. အဆင့်မြှင့်တင်မှု အများစုက အပြင်ပန်းက ကြည့်ရင် မမြင်ရတဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေ ဖြစ်သွားခဲ့တယ်..။

ရိုင်နို ဟာ အရင်ကတည်းက အားကောင်းပြီးသား ဖြစ်တဲ့ ပါဝါ ရီရက်တာ ကို ပိုပြီး အစွမ်းထက်တဲ့ အမျိုးအစားသစ်နဲ့ အစားထိုးကာ အလုံးစုံ ပြုပြင်မွမ်းမံမှုကို ရရှိခဲ့တယ်..။ ဒီအတွက် စွမ်းအင် ပေးပို့တဲ့ စနစ်တစ်ခုလုံးကိုပါ ဖယ်ရှားပြီး ပိုပြီး ကြံ့ခိုင်တဲ့ စနစ်တစ်ခုနဲ့ အစားထိုးလိုက်ရပါတယ်..။

တခြား အကျိုးကျေးဇူးတွေထဲမှာတော့.. ဒီအဆင့်မြှင့်တင်မှုက အဖွဲ့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးကို အများကြီး တိုးတက်စေမှာပါ..။ ဘာလို့လဲဆိုတော့ စပဲလ်နည်းပညာသုံး ရီရက်တာ အသစ်က သာမန်လောင်စာတွေ မလိုတော့ဘဲ လူစတာ ကနေတစ်ဆင့် စွမ်းအင် ဖြည့်သွင်းနိုင်လို့ပါပဲ..။

ဒီငနဲက နောက်ဆုံးတော့ တစ်နေရာရာမှာ အသုံးဝင်လာခဲ့ပါပြီ..။

ဒုတိယ အဓိက အဆင့်မြှင့်တင်မှုကတော့.. မထင်မှတ်ဘဲ ယာဉ်ရဲ့ နောက်ပိုင်းမှာ ရှိတဲ့ ကွပ်ကဲမှုနဲ့ ဆက်သွယ်ရေး စနစ်အစုအဝေး ကိုပဲ အဓိကထားလိုက်ပါတယ်..။ ဆန်နီ က အရင်က ဒါကို သိပ်ပြီး ဂရုမစိုက်ခဲ့ပေမဲ့.. ကင်မ် ရဲ့ အကြံပေးချက်ကို ရပြီးတဲ့နောက်မှာတော့.. ပိုကောင်းတဲ့ စနစ်တစ်ခု ရဖို့က ဘယ်လောက် အရေးကြီးလဲဆိုတာ သူ နားလည်သွားခဲ့တယ်..။

အန္တာတိက မှာ အိပ်မက်ဆိုး ဂိတ် တွေ အများကြီး ပွင့်လာတော့မှာ ဖြစ်တာကြောင့်.. တခြား တပ်ဖွဲ့တွေနဲ့ဖြစ်ဖြစ်၊ ကယ်ဆယ်ရေး တပ်မတော် ရဲ့ ကွပ်ကဲမှု ဌာနချုပ်နဲ့ဖြစ်ဖြစ် ဆက်သွယ်ဖို့က ငရဲကျသလို ခက်ခဲလာတော့မှာပါ..။ တည်ငြိမ်တဲ့ ဆက်သွယ်ရေးစနစ် တစ်ခု ရရှိထားဖို့က အထူးတပ်ဖွဲ့ဝင်တွေအတွက် ပိုတောင် အရေးကြီးပါသေးတယ်..။ ဘာလို့လဲဆိုတော့ သူတို့ အဖွဲ့တွေက မာစတာ ဂျက် ရဲ့ အဝေးကနေ ထိန်းချုပ်မှုကို ခံယူရင်းနဲ့ပဲ ကိုယ်ပိုင် လွတ်လပ်စွာ လှုပ်ရှားကြရမှာ မို့လို့ပါပဲ..။

ကံကောင်းတာက.. အဆင့်မြှင့်ထားတဲ့ ရီရက်တာက ဆက်သွယ်ရေး စနစ်အတွက် စွမ်းအင် အများကြီး ပေးနိုင်တာကြောင့်.. ဆန်နီ အနေနဲ့ ပိုမို ခေတ်မှီပြီး အားကောင်းတဲ့ ဆက်သွယ်ရေးစနစ်တစ်ခုနဲ့ အလွယ်တကူ အစားထိုးနိုင်ခဲ့ပါတယ်..။ ဒါက ဝင်ရောက်လာမယ့် နှောင့်ယှက်မှုတွေကို ဖောက်ထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရမှာပါ..။သူတို့တပ်ဆင်ထားတဲ့ အပြင်ဘက်

အင်တင်နာတွေဖြစ်တဲ့.. ရယ်ချင်စရာကောင်းအောင် မြင့်တဲ့ တယ်လီစကုပ် အင်တင်နာနဲ့ သေးငယ်တဲ့ ပါရာဘိုလစ် အင်တင်နာ တို့ကလည်း လိုအပ်တဲ့အချိန်မှာ သံချပ်ကာအောက်ထဲကို ပြန်ရုပ်သိမ်းပြီး ဝှက်ထားလို့ ရပါသေးတယ်..။

တတိယ အဆင့်မြှင့်တင်မှုကတော့ အဆန်းကြယ်ဆုံးနဲ့ နားလည်ရ ခက်ဆုံးပါပဲ..။ အဲဒါက အလွန်မြင့်မားတဲ့ စပဲလ်နည်းပညာတွေကို အသုံးချထားတာ ဖြစ်ပြီး ဆန်နီ ကိုယ်တိုင်လည်း သေချာ နားမလည်တာကြောင့်.. ဆမ်မာရာ ကိုပဲ အကောင်းဆုံး ရွေးခိုင်းလိုက်ပါတယ်..။

ဒါကတော့ အိပ်မက်ဆိုး ဂိတ် တွေကနေ ထွက်ပေါ်လာတဲ့ ဆိုးကျိုးတွေကနေ APC ရဲ့ အဓိက စနစ်တွေကို ကာကွယ်ပေးဖို့နဲ့ သီးခြားခွဲထုတ်ထားဖို့ပဲ ဖြစ်တယ်..။ အိပ်မက်ဆိုး ဂိတ် တွေက နည်းပညာနဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေကို ထူးဆန်းတဲ့ ပုံစံမျိုးတွေနဲ့ နှောင့်ယှက်တတ်တယ်ဆိုတာ သိကြပေမဲ့..ဘာကြောင့်လဲ ဆိုတာကိုတော့ လူနည်းစုပဲ နားလည်ကြပါတယ်..။

အိပ်မက်ဆိုး ကျွန်းစု ရဲ့ သဘောသဘာဝကို ထည့်တွက်ပြီး.. ရိုင်နို ဟာ အကြောင်းပြချက် မရှိဘဲ နေရာမှာတင် ရုတ်တရက် ရပ်တန့်သွားတာမျိုး မဖြစ်ဖို့ ဆန်နီ သေချာအောင် လုပ်ရပါလိမ့်မယ်..။ ဒါကြောင့်.. ထောက်ပံ့မှု အမှတ်တွေ အများကြီး ပေးလိုက်ရလို့ ရင်နာရပေမဲ့လည်း.. သူကတော့ ရှိသမျှထဲမှာ အကောင်းဆုံး ကာကွယ်ရေး ပစ္စည်းတွေကိုပဲ ဝယ်ယူလိုက်တယ်..။

ဆန်နီ ဟာ သူ့လက်အောက်ငယ်သားတွေ ကြည့်နေလို့သာ မျက်ရည်မကျအောင် ထိန်းထားနိုင်ခဲ့တာပါ..။

နည်းပညာရှင်တွေကို ပြန်မလွှတ်ခင်မှာပဲ.. သူ နောက်ထပ် တစ်ခု ထပ်ဝယ်လိုက်ပါသေးတယ်..။

ဆမ်မာရာ ရဲ့ စွမ်းရည်ကို သိနေတာကြောင့်.. သူမကို အကောင်းဆုံး လက်နက်တစ်ခု ပေးခြင်းအားဖြင့် သူမရဲ့ တိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ဆန်နီ ဆုံးဖြတ်လိုက်တယ်..။ ဒါကြောင့် ပထမ ကယ်ဆယ်ရွှေ့ပြောင်းရေး တပ်မတော် မှာ ရှိသမျှထဲမှာ အစွမ်းထက်ဆုံး လက်နက်တစ်ခုကို သူ ရယူပေးလိုက်ပါတယ်..။

ရလဒ်အနေနဲ့..သူတို့အဖွဲ့ဟာ အတော်လေး အစွမ်းထက်တဲ့.. စက်လက်နက်သုံး ရိုင်ဖယ် တစ်လက်ကို ရရှိခဲ့တယ်..။

ဒီ လက်နက်ကို အလွန်ခိုင်မာတဲ့ သတ္တုစပ် နဲ့ ပြုလုပ်ထားပြီး.. အတွင်းပိုင်း အစိတ်အပိုင်းတွေ တုန်ခါမှုဒဏ် ခံနိုင်အောင် ကာကွယ်ပေးထားတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်..။ ဒါက ဆမ်မာရာ ရဲ့ အရပ်လောက်ကို ရှည်လျားပြီး ကြောက်စရာကောင်းတဲ့ ပြောင်းဝကြီးလည်း ပါဝင်နေခဲ့တယ်..။ ဆန်နီ ဟာ အစပိုင်းမှာ ဒါကို ဒုံးခွင်းလက်နက် လို့ ထင်ခဲ့ပေမဲ့.. အမှန်တော့

ကွိုင်ဂန်း ဒါမှမဟုတ် ဂတ်စ်ရိုင်ဖယ် လို့ ခေါ်တဲ့ တခြား အမျိုးအစားတစ်ခု ဖြစ်နေခဲ့ပါတယ်..။

ဒီစကားလုံးတွေကို သူ ကြားဖူးပေမဲ့ ဘာကွာလဲဆိုတာတော့ သူ မသိပါဘူး..။ ဒါပေမဲ့ အဲဒါက အရေးမကြီးပေ..။ သူ သိထားဖို့ လိုတာကတော့.. ဒီရိုင်ဖယ်က အတော်လေး အစွမ်းထက်ပြီး သတ္တုကျည်တွေကို မယုံနိုင်စရာ အရှိန်နှုန်းနဲ့ ပစ်လွှတ်နိုင်တယ် ဆိုတာပါပဲ..။ ဒါကို အသံထက်နှေးတဲ့ စနစ်နဲ့ အသံထက်မြန်တဲ့ စနစ် ဆိုပြီး နှစ်မျိုး သုံးလို့ ရတာကြောင့်.. အဖွဲ့အနေနဲ့ တိတ်တဆိတ် လှုပ်ရှားချင်တဲ့အခါမျိုးမှာလည်း အသုံးဝင်နိုင်ပါတယ်..။

နည်းပညာအရ ပြောရရင်.. ဒီရိုင်ဖယ်က လူသားတစ်ယောက် ကိုင်တွယ်ဖို့အတွက် အလွန်လေးလံပြီး အစွမ်းထက်လွန်းပါတယ်..။ ဒါကို အိတ်ဆိုစကလက်တန် ဝတ်စုံ ဝတ်ထားတဲ့ စစ်သားတွေ သုံးဖို့ ဒါမှမဟုတ် လူသားပုံစံ စက်ရုပ်ငယ်တွေမှာ တပ်ဆင်ဖို့အတွက် ရည်ရွယ်ထားတာပါ..။ ဒါပေမဲ့ နိုးထသူ တစ်ယောက်အနေနဲ့ ဆမ်မာရာ က ဒါကို ကိုင်တွယ်နိုင်လောက်အောင် သန်မာနေခဲ့ပါတယ်..။

ဒီပစ္စည်းတွေကို ဝယ်ပြီးတဲ့နောက်မှာတော့.. ဆန်နီ က နည်းပညာရှင် သုံးယောက်ကို ပြန်လွှတ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ပွတ်လိုက်တယ်..။

ယင်းနောက်.. သူက ကျန်နေတဲ့ ထောက်ပံ့မှု အမှတ်တွေကို အထွေထွေ ပစ္စည်းတွေ ဝယ်ဖို့နဲ့.. ပိုအရေးကြီးတဲ့ သူ့ရဲ့ စစ်သားတွေအတွက် ပိုကောင်းတဲ့ မှတ်သားမူ တွေ ဝယ်ပေးဖို့အတွက် အသုံးပြုလိုက်ပါတယ်..။

ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ရူးသွပ်တဲ့ အပြုံးတစ်ခု ပေါ်လာပြီး.. သူ့ရဲ့ မျက်လုံးတွေကလည်း လောဘရိပ်တွေနဲ့ တောက်ပနေခဲ့တယ်..။

သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာကို ကြည့်ရင်း..

အကူညီမဲ့စွာပဲ ရယ်မောလိုက်ပါတယ်..။

"ကျေးဇူးမသိတဲ့ ကောင်စုတ်လေးတွေ.. ဖေဖေကြီးက မင်းတို့အတွက် လက်ဆောင်တွေ ယူလာပေးမယ်.. ဟီးဟီး.."

အပိုင်း ( ၈၂၆ ) ပြီး၏။

အပိုင်း ( ၈၂၇ ) ခက်ခဲလှတဲ့ တာဝန်

ဆန်နီ ဟာ မှတ်သားမူ တွေနဲ့ ပတ်သက်လာရင် စစ်တပ်က သူ့ကို ချပေးထားတဲ့ ထောက်ပံ့မှု

ရမှတ်တွေကို ဘယ်လို အကောင်းဆုံး အသုံးချရမလဲ ဆိုတာ အချိန်အတော်ကြာ စဉ်းစားခဲ့ရတယ်..။

သူ့ရဲ့ အဖွဲ့သားတွေက အန္တာတိက မှာ အိပ်မက်ဆိုး သတ္တဝါ အုပ်စုကြီးတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကိုတော့ သူ သံသယ မရှိပါဘူး..။ သူနဲ့

သူ့စစ်သားတွေ ရှင်သန်နိုင်မယ်လို့ မျှော်လင့်ရမှာပဲ..။ ဒီလို ရှင်သန်နိုင်ခဲ့ရင်လည်း စစ်ဆင်ရေး တစ်လျှောက်မှာ မှတ်သားမူ တွေ အများကြီး ရလာမှာ ဖြစ်သလို နောက်ဆုံးမှာ ထပ်တူညီမူ တွေတောင် ရလာနိုင်ပါတယ်..။

သို့ပေမဲ့.. သားရဲ အများစုက အိပ်စက်ခြင်း အဆင့် ဒါမှမဟုတ် နိုးထခြင်း အဆင့်တွေပဲ ဖြစ်နေမှာပါ..။ ဒီလို သတ္တဝါမျိုးတွေကို သတ်လို့ရလာတဲ့ မှတ်သားမူ က ဘယ်လောက်များအင်အားကြီးနိုင်မှာလဲ..။ ထပ်ပြောရရင် တိုက်ပွဲမှာ ရလာတဲ့ ဘယ်လို အကျိုးကျေးဇူးမဆို ကြုံသလို ရလာတာမျိုးပဲ ဖြစ်နေမှာပါ..။ တကယ်လို့ ဒါက သိသာထင်ရှားလောက်အောင် ​အားကောင်းမူ ရှိတယ်ဆိုရင်တောင်မှ.. ဒီအင်အားက အဖွဲ့ဝင်တွေနဲ့ အံဝင်ခွင်ကျ ဖြစ်လာမယ်လို့ ဘယ်သူ ပြောနိုင်မှာလဲ..။

ဒါကြောင့်.. အခုအချိန်က သူနဲ့ သူ့စစ်သားတွေအတွက် အကိုက်ညီဆုံး ဖြစ်မယ့် အစွမ်းထက် မှတ်သားမူ တွေကို ရယူဖို့ အကောင်းဆုံးနဲ့ တစ်ခုတည်းသော အခွင့်အရေးပါပဲ..။

သို့ပေမဲ့ ဘယ်အရာမှတော့ မလွယ်ကူခဲ့ပေ..။

အစိုးရက အတော်လေး ရက်ရက်ရောရော ပေးထားတယ် ဆိုပေမဲ့လည်း.. မာစတာအဆင့် မပြောနဲ့.. နိုးထသူ ခြောက်ယောက်ကို ပစ္စည်းအပြည့်အစုံ ဆင်ပေးဖို့က မသက်သာလှပါဘူး..။ တကယ်လို့ ဆန်နီ က ထောက်ပံ့မှု အမှတ် အများစုကို ရိုင်နို အဆင့်မြှင့်တင်တဲ့နေရာမှာ မသုံးခဲ့ဘူးဆိုရင်တော့.. အစွမ်းထက်တဲ့ လက်နက်အတော်များများကို ရယူနိုင်မှာပါ..။ လက်ရှိအခြေအနေမှာတော့ သူက ရန်ပုံငွေ အတော်လေး ပြတ်လပ်နေခဲ့တယ်..။

ဒါကြောင့် သူက နာကျင်စရာကောင်းတဲ့ ဆုံးဖြတ်ချက် အချို့ကို ချခဲ့ရပါတယ်..။ ပထမဆုံး အနေနဲ့.. သူကိုယ်တိုင် သုံးလို့ရမယ့် အရာတစ်ခုခု ရယူဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး.. သူ့လက်အောက်ငယ်သားတွေရဲ့ လိုအပ်ချက်တွေကိုပဲ အာရုံစိုက်ဖို့ ရွေးချယ်လိုက်တယ်..။

'ဒါက တကယ်ကို ခါးသီးတဲ့ အရသာမျိုးပဲ...'

ဆန်နီ ဝမ်းနည်းစွာနဲ့ သက်ပြင်းချလိုက်တယ်..။ ငြင်းလို့မရတဲ့ အချက်ကတော့.. သူ့ရဲ့ ကိုယ်ပိုင် လက်နက်တိုက်က အတော်လေးကို ထူးခြားပြောင်မြောက်နေပြီးသားပါ..။ သူ့ရဲ့ စစ်သား ခြောက်ယောက်က တစ်နည်းအားဖြင့် ဒီလက်နက်တိုက်ရဲ့ အစိတ်အပိုင်းတွေပဲလို့ တွေးပြီး သူ့ကိုယ်သူ ဖြေသိမ့်ခဲ့ရပါတယ်..။ သူတို့က သူ့ရဲ့ အစွမ်းအထက်ဆုံး လက်နက်တွေ ဖြစ်လာကြမှာပါ..။

ဒါကြောင့် သူတို့ကို အစွမ်းထက်အောင် လုပ်ပေးတာက သူ့ကိုယ်သူ အစွမ်းထက်အောင် လုပ်တာနဲ့ အတူတူပါပဲ..။

ဒုတိယ အချက်ကတော့.. ထပ်တူညီမူ တွေ ဝယ်ဖို့ကလည်း လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ..။

ဒီမှာ ရွေးချယ်စရာတွေ အများကြီး ရှိနေတယ် ဆိုပေမဲ့.. ကုန်ကျစရိတ်က အလွန်ကြီးမားလွန်းပါတယ်..။ ဆန်နီ အနေနဲ့ ဒီ ထပ်တူညီမူတွေ ကို အရိပ် အဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင်တော့ ဝယ်ဖို့ စဉ်းစားမိမှာပါ..။ ဒါပေမဲ့ ထပ်တူညီမူ တစ်ခုကို ပြောင်းလဲဖို့အတွက် သူ့ရဲ့ ဝိညာဉ်ပင်လယ်ထဲမှာ ကိုက်ညီတဲ့ အရိပ် ရှိနေဖို့က လိုအပ်ပါသေးတယ်။

ဒါကြောင့်.. သူ့ရဲ့ အဓိက ရည်မှန်းချက်က စစ်သည်တွေရဲ့ အသုံးအဆောင်တွေကို ထိထိရောက်ရောက် မြှင့်တင်ပေးဖို့ပါပဲ..။

ဝမ်းနည်းစရာကတော့.. အခုချိန်မှာ ဒီအရာကတောင် သူ့အတွက် လက်လှမ်းမမီတဲ့ နေရာမှာ ရှိနေခဲ့ပါတယ်..။

...ဒါကတော့ ဆန်နီ အနေနဲ့ ကပ်စေးမနဲခဲ့ဘူး

ဆိုရင်ပေါ့..။

'ဒါပေမဲ့ ငါက ဘာလို့ မလုပ်ရမှာလဲ..'

သူ့မျက်နှာပေါ်မှာ နိမိတ်မကောင်းတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

ဆန်နီ က တခြားသူတွေ ပေးရမယ့် ထောက်ပံ့ရေး အမှတ်တွေထက် သက်သက်သာသာနဲ့ သူလိုချင်တာတွေကို ရယူနိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်..။ ဘာပဲဖြစ်ဖြစ် သူက မှော်ဆရာတစ်ယောက်ပါ။

သူ့အတွက် အစွမ်းထက်တဲ့ မှတ်သားမူ တွေ အများကြီးကို ဝယ်ယူဖို့ မဖြစ်နိုင်ပေမဲ့.. ကံကောင်းရင်တော့ ဒီအရာတွေကို ဝယ်ဖို့ မလိုတော့ပါဘူး..။ ဥပမာအားဖြင့်.. ဘယ်လီ အတွက် အစွမ်းထက်တဲ့ တက်ရောက်မူ အဆင့် ဓားတစ်လက်ကို ဝယ်မယ်ဆိုရင် ကျန်နေတဲ့ ထောက်ပံ့မှု အမှတ် အတော်များများကို သုံးပစ်ရမှာပါ..။

ဒါပေမဲ့ သင့်တော်တဲ့ စွမ်းရည်ရှိတဲ့ အသွင်ပြောင်းခြင်း အဆင့် လက်နက်ကို ဝယ်မယ်ဆိုရင်တော့ အမှတ်တွေ အများကြီး မကုန်ပါဘူး..။ သူ လုပ်ရမှာက မှတ်သားမူ ရဲ့ ရက်လုပ်ကို လေ့လာပြီး.. အဲဒီ စွမ်းအားတွေကို ဒီ ဓားသမား လက်ရှိ ကိုင်နေတဲ့ ဓားဆီကို ပြောင်းရွှေ့ပေးလိုက်ဖို့ပါပဲ..။

တစ်နည်းအားဖြင့် ပြောရရင်.. ဆန်နီ က သူဝယ်ထားတဲ့ မှတ်သားမူ တွေကို လက်နက်တွေအဖြစ် မဟုတ်ဘဲ အစွမ်းထက် လက်နက်တွေ တည်ဆောက်မယ့် အစိတ်အပိုင်းတွေအဖြစ် သုံးဖို့ စီစဉ်ထားတာပါ..။ ဒီနည်းနဲ့ သူ ပိုင်ဆိုင်ထားတဲ့ ထောက်ပံ့ရေး အမှတ်တွေဆီကနေ ပိုပြီး တန်ဖိုးရှိတဲ့ အရာတွေကို ရနိုင်ပါလိမ့်မယ်..။

ဒီနည်းလမ်းရဲ့ တစ်ခုတည်းသော အားနည်းချက်က.. လာမယ့် ရက်သတ္တပတ်တွေမှာ ဆန်နီ အတွက် အလုပ် အရမ်းများသွားမှာပါပဲ..။ ဒါပေမဲ့လည်း သူ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ထားခဲ့တယ်..။ ရက်လုပ်မူတွေကို ပြောင်းရွှေ့တဲ့ သူ့ရဲ့ ကြိုးစားမှုတိုင်းက အောင်မြင်မှာ မဟုတ်ဘူးဆိုပေမယ့်.. သင့်တော်တဲ့ ပါဝင်ပစ္စည်းတွေကို ရွေးချယ်နိုင်ရင်တော့ လုံလောက်တဲ့ ပမာဏအထိ အောင်မြင်လိမ့်မယ်လို့ သူ ယုံကြည်

ပါတယ်။

ဆန်နီ ဟာ ရနိုင်တဲ့ မှတ်သားမူ စာရင်းအရှည်ကြီးကို ခနလောက် လေ့လာကြည့်ပြီးနောက်.. သက်ပြင်းချကာ အားကစားရုံကနေ ထွက်လာခဲ့လိုက်တယ်..။ သူက ကုန်ပစ္စည်းတွေကို ကိုယ်တိုင် စစ်ဆေးရပါလိမ့်မယ်..။ တစ်ခါတလေကျရင်.. နိုးထသူ အများစုကမှတ်သားမူ တွေရဲ့ အနှစ်သာရကို မြင်နိုင်စွမ်း မရှိဘူးဆိုတဲ့ အချက်နဲ့.. စွမ်းရည် တစ်ခုချင်းစီက ဘာလုပ်ပေးနိုင်လဲဆိုတဲ့ ဖော်ပြချက်ကို အခိုက်အတန့် ဆီကနေ မရရှိနိုင်ဘူးဆိုတာကို သူ မေ့နေတတ်ပါတယ်..။

ဒါက ဝီဗာ ရဲ့ မျက်လုံးကနေ ကျလာတဲ့ နတ်ဘုရားသွေးစက်ကို သောက်ခဲ့လို့ ရလာတဲ့ လက်ဆောင်ပါ..။ တစ်ချို့သော စွမ်းရည် တွေက လူအနည်းစုကို ဒီလို သိနိုင်တယ် ဆိုပေမဲ့လည်း.. နိုးထသူ အများစုကတော့ သူတို့မှတ်သားမူ တွေရဲ့ စွမ်းရည်ကို သိဖို့အတွက် ဝေဝါးတဲ့ ခံစားချက်တွေနဲ့ စမ်းသပ်မှုတွေအပေါ်မှာပဲ အားကိုးနေကြရပါတယ်။

အချိန်အတော်ကြာအောင် နားချခဲ့ရပြီးတဲ့နောက်မှာတော့.. နောက်ဆုံးမှာ ဆန်နီ ကို စစ်တပ်စခန်းရဲ့ အဓိက လက်နက်တိုက်ထဲကို ဝင်ခွင့်ပေးလိုက်ကြတယ်..။ ဒီမှာ စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ နိုးထသူ ပေါင်း ဒါဇင်နဲ့ချီပြီး ရှိနေခဲ့တယ်..။ စင်ပေါ်မှာတော့ မှတ်သားမူတွေ ထောင်ပေါင်းများစွာမျိုး မရှိခဲ့ပါဘူး..။

စနစ်တစ်ခုလုံးရဲ့ ထောက်ပံ့ပို့ဆောင်ရေးက တကယ့်ကို အိပ်မက်ဆိုးပါပဲ..။ ဘာလို့လဲဆိုတော့ မှတ်သားမူ တွေကို လူကိုယ်တိုင်ပဲ လွှဲပြောင်းပေးလို့ ရတာမို့လို့ပါ..။

ရလဒ်အနေနဲ့.. မှတ်သားမူ တစ်ခုချင်းစီကို နိုးထသူ ထောက်ပံ့ရေး အရာရှိတွေဆီမှာ အပ်နှံထားရပါတယ်..။ သူတို့က တောင်းဆိုလာတဲ့အခါ ရွေးချယ်ထားတဲ့ မှတ်သားမူ ကို လက်ခံမယ့်သူဆီ လူကိုယ်တိုင် သွားပေးရတာပါ..။ ဆန်နီ သာ ဒီအရာရှိ တစ်ယောက်ချင်းစီကို သူတို့မှာ ရှိသမျှ ပစ္စည်းတွေကို ထုတ်ပြဖို့ ပြောမယ်ဆိုရင် ငတုံးတစ်ယောက်လို ဖြစ်သွားမှာ ဖြစ်သလို.. ပြီးဆုံးနိုင်မှာလည်း မဟုတ်တော့ပါဘူး..။

ကံကောင်းတာက.. သူက ဈေးလည်းသက်သာပြီး အလားအလာရှိတဲ့ မှတ်သားမူ စာရင်းကို အတော်လေး ကျဉ်းမြောင်းသွားအောင် လုပ်ထားနိုင်ခဲ့တယ်..။ အခုတော့ သူက ရက်လုပ်မူအတွက် သင့်တော်ရဲ့လားနဲ့ ကူးယူဖို့ လွယ်ကူရဲ့လား ဆိုတာကို သေချာအောင် ကြည့်ဖို့ပဲ လိုပါတော့တယ်..။

ဆန်နီ မှာ ရည်မှန်းချက်တွေ အများကြီး ရှိပါတယ်..။ အဲဒါတွေက အောင်မြင်ဖို့ လွယ်ကူတဲ့အရာတွေကနေစလို့ အားစိုက်ထုတ်မှု အများကြီးလိုပြီး ကျရှုံးသွားနိုင်တဲ့အရာတွေအထိ ပါဝင်နေခဲ့တယ်..။

ဥပမာအားဖြင့်.. မုတ်ဆိတ်ရိတ်ဓား ပုံစံနဲ့ အသွင်ပြောင်းခြင်း အဆင့် မှတ်သားမူ တစ်ခု ရှိတယ်..။ အစိုးရရဲ့ အချက်အလက်တွေထဲက ဖော်ပြချက်အရတော့.. သူ့ရဲ့ တစ်ခုတည်းသော အစွမ်းက အလွန်တရာ ထက်မြက်တာပါပဲ..။ ဒီဓားသေးသေးလေးနဲ့ အိပ်မက်ဆိုး သတ္တဝါ တွေကို ခုတ်ဖို့ ကြိုးစားတာကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူပါလိမ့်မယ်..။ ဒါပေမဲ့.. ဘယ်လီ ရဲ့ ဓားကိုသာ ဒီလို သဘာဝလွန် ထက်မြက်မှုမျိုး ထည့်ပေးနိုင်ရင် ဘာဖြစ်လာမလဲ..။

ဝတ်ဆင်ထားသူရဲ့ အလေးချိန်ကို ကီလိုဂရမ် အနည်းငယ် လျော့နည်းသွားအောင် လုပ်ပေးတာကလွဲလို့ တခြား ဘာမှ မလုပ်ပေးနိုင်တဲ့ ဝတ်ရုံတစ်ခုလည်း ရှိပါသေးတယ်..။ သူ့ဘာသာသူဆိုရင်တော့ ဒီအစွမ်းက သိပ်ပြီး အသုံးမဝင်လှပေမဲ့.. ဒွန်း ရဲ့ ကိုင်ရခက်တဲ့ စစ်ပွဲတူကြီးမှာ ပေါင်းစပ်ပေးလိုက်ရင် ဘာဖြစ်လာနိုင်မလဲ..။

ဒီထက် ပိုကောင်းတာက.. မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံ မှာ ပါတဲ့ [အမှန်တရားရဲ့တောင်ပံ] စွမ်းရည် ကိုသာ ဒီ တူကြီးဆီ ပြောင်းရွှေ့ပေးနိုင်ရင် ဘယ်လိုဖြစ်သွားမလဲ..။ ဆန်နီ ဟာ တက်ရောက်သူ အဆင့် မှတ်သားမူ တွေရဲ့ ရှုပ်ထွေးလှတဲ့ ရက်လုပ်တွေ အတွက် အခက်အခဲ ရှိနေသေးတယ် ဆိုပေမဲ့လည်း.. အောင်မြင်ဖို့ အခွင့်အရေး ကောင်းကောင်း ရှိတယ်လို့ ခံစားနေရပါတယ်..။

ဈေးသက်သာတဲ့ အဆောင်လက်ဖွဲ့ ခြောက်ခုကို ဝယ်ပြီး.. ရေခဲ မှတ်သားမူ ကနေ ရတဲ့ အအေးဒဏ် ခံနိုင်ရည် အစွမ်းကို တစ်ခုချင်းစီမှာ ထည့်ပေးနိုင်ရင်ရော ဘယ်လိုလဲ..။ ကံကောင်းတာက.. ဒီလို ပြုပြင်ဖန်တီးမှုတွေအတွက် လိုအပ်တဲ့ ဝိညာဉ် အမြုတေ တွေကို ရဖို့အတွက်လည်း သူ့ရဲ့ ထောက်ပံ့မှု အမှတ်တွေကို သုံးလို့ ရပါတယ်..။

ဒါပေါ့.. ဒီတာဝန်က တကယ့်ကို ကြီးမားပြီး ရှုပ်ထွေးလှပါတယ်..။ ဆန်နီ ဟာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို စုဆောင်းဖို့ လိုအပ်ရုံတင် မကဘဲ.. အချိန်တွေနဲ့ အဆီအနှစ်တွေ အများကြီး သုံးပြီး မရေမတွက်နိုင်တဲ့ အဆီအနှစ် ကြိုးမျှင်တွေကိုလည်း ဖန်တီးရပါဦးမယ်..။ ရက်လုပ်မူ အသစ်တွေကို လေ့လာရမှာ ဖြစ်သလို.. အဲဒါတွေကို ပြန်လည် ဖန်တီးတဲ့နေရာမှာလည်း အမှန်တကယ် အောင်မြင်ဖို့ လိုပါတယ်..။ ဒါ့အပြင် တခြား အချက်တွေကိုလည်း သူ ထည့်သွင်းစဉ်းစားရပါဦးမယ်..။

အလိုအလျောက် အလုပ်လုပ်တဲ့ အစွမ်းနဲ့ ကိုယ်တိုင် လုပ်ဆောင်ရတဲ့ အစွမ်းတွေကြားက ကွာခြားချက်တွေ၊ ပြောင်းလဲမယ့် မှတ်သားမူ တွေရဲ့ ခံနိုင်ရည် ပမာဏ၊ ပိုပြီး အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှုတွေကို ထိန်းသိမ်းဖို့အတွက် သူ့ရဲ့ နိုးထသူ စစ်သည်တွေ အသုံးပြုရမယ့် အဆီအနှစ် ပမာဏ၊ ဒီအရာတွေကြားက အပြန်အလှန် အကျိုးပြုမှုတွေ... ဒီလို စိုးရိမ်စရာတွေအများကြီးက လူတစ်ယောက်ကို ရူးသွားအောင် လုပ်ဖို့ လုံလောက်ပါတယ်..။

ထပ်ပြောရရင်.. သူက ဒီလို ရည်မှန်းချက်ကြီးတဲ့ ပန်းတိုင်ကို အောင်မြင်ဖို့အတွက် အချိန် အနည်းငယ်ပဲ ရမှာပါ..။ ဒီ အချိန်အတွင်းမှာပဲ အဖွဲ့ရဲ့ လေ့ကျင့်ရေးကို ကြီးကြပ်ရမှာ ဖြစ်သလို တခြား အရေးကြီးတဲ့ တာဝန်တွေကိုလည်း ထမ်းဆောင်ရပါဦးမယ်။

အနည်းဆုံးတော့.. သူ့ရဲ့ အစပျိုးနေဆဲဖြစ်တဲ့ ရက်လုပ်မူ အတတ်ပညာ ကျွမ်းကျင်မှုက တိုးတက်လာမှာ မဟုတ်ဘူးလား..။

စိတ်ရှုပ်ထွေးနေကြတဲ့ ထောက်ပံ့ရေး အရာရှိတွေကို ကြည့်ရင်း.. ဆန်နီ သူ့မျက်နှာကို ပွတ်ပြီး ညည်းတွားလိုက်တယ်..။

'လုပ်စရာတွေ အရမ်းများနေပါလား.. ချီးပဲ.. ကပ္ပတိန် တစ်ယောက် ဖြစ်ရတာက ဒီလိုပဲ

စိတ်ဖိစီးနေရတာလား..'

အပိုင်း ( ၈၂၇ ) ပြီး၏။

အပိုင်း ( ၈၂၈ ) ခေါ်ဆိုသံ

ရက်အနည်းငယ် ကြာပြီးနောက်မှာတော့.. ဆန်နီ ဟာ စစ်တပ် ဘန်ကာရဲ့ စားသောက်ဆောင်ထဲမှာ ထိုင်နေခဲ့တယ်။သူက.. အစားအသောက် အတော်များများကို စိတ်မပါစွာ စားနေခဲ့တာပါ..။ ပထမ အထူးတပ်ခွဲ ရဲ့ တခြား ကပ္ပတိန် အချို့နဲ့ မာစတာ ဂျက် တို့ကတော့ အနည်းငယ် ပိုပြီး မြိန်ယှက်စွာ စားသောက်နေကြပါတယ်..။

ဆန်နီ့ ရဲ့ အခြေအနေက သိပ်ပြီး မကောင်းလှပေ..။ သူ့မျက်လုံးတွေက မျက်တွင်းညိုနေခဲ့ပြီး.. တစ်ကိုယ်လုံးကလည်း အသက်မဲ့ကာ အားအင်ပြတ်လပ်နေခဲ့ပါတယ်..။ ဒါကတစ်စုံတစ်ယောက် အဆီအနှစ်တွေ ကုန်ဆုံးလုနီးပါး ဖြစ်နေတဲ့ အချိန်မှာ ဖြစ်တတ်တဲ့ လက္ခဏာ တစ်ခုပါ..။

အဲ့အချိန်မှာပဲ.. ဝင်းတား က သူ့ကို မသင်္ကာသလို ကြည့်ပြီး မေးလာခဲ့တယ်..။

"နင်က ဘာဖြစ်နေတာလဲ..။နင့် ကြည့်ရတာ လဲကျတော့မယ့် ပုံစံ ဖြစ်နေပြီ.."

ဆန်နီ လက်ဝေ့ယမ်းပြလိုက်တယ်..။

"...ဘာမှမဟုတ်ဘူး..။ကျွန်တော်တို့ မထွက်ခွာခင် လုပ်စရာရှိတာတွေ အကုန်လုပ်နေရလို့ ပင်ပန်းနေတာပဲ..။ စစ်တပ် အရာရှိ ဖြစ်ရတာက ထင်သလောက် မလွယ်ပါလား..။ဘယ်သူက ဒီလိုထင်ထားမှာလဲ.."

အမျိုးသမီးက သူ့ကို ခဏလောက် စိုက်ကြည့်နေပြီးမှ ပြုံးလိုက်တယ်..။

"အိုး.. ဟုတ်သားပဲ..။ဒါက နင့်အတွက် ပထမဆုံးအကြိမ် ကွပ်ကဲမှု တာဝန်ယူဖူးတာဆိုတာ ငါ မေ့သွားတယ်..။ အလုပ်တွေကို လက်အောက်ငယ်သားတွေဆီ ခွဲဝေပေးရတဲ့ အရသာကို နင် မသိသေးဘူးပဲ.."

မာစတာ ရန်ဒဲလ် ကတော့ ခေါင်းခါလိုက်ပါတယ်..။

"သူများဆီ လွှဲပေးလို့မရတဲ့ အလုပ်တွေလည်း အများကြီး ရှိသေးတယ်..။ ပြီးတော့ အလုပ်တွေ ခွဲဝေပေးဖို့ဆိုတာက ကိုယ့်လက်အောက်ငယ်သားတွေ ဘာကိုလုပ်နိုင်ကြလဲ ဆိုတာကို အရင် သိဖို့ လိုတယ်လေ..။ ငါ့အထင်တော့ မင်း လုပ်နေတာ အဆင်ပြေပါတယ်.. ကောင်လေး.."

ဆန်နီ ဟာ သူက ကောင်လေး မဟုတ်ဘူးလို့ ပြန်ပြောချင်ပေမဲ့.. ဒီ ဝါရင့်စစ်သားကြီး ကို ကြည့်ပြီး စိတ်ကို ပြန်ထိန်းလိုက်တယ်..။ဒီလူရမ်းကား က သူ့အဖိုးအရွယ်လောက် ရှိနေပါပြီ..။ တကယ်လို့ တစ်စုံတစ်ယောက်က သူ့ကို လူငယ်တစ်ယောက်လို သဘောထားပိုင်ခွင့် ရှိတယ်ဆိုရင် အဲဒါက မာစတာ ရန်ဒဲလ် ပဲ ဖြစ်ပါလိမ့်မယ်..။

ဝင်းတား က ပခုံးတွန့်လိုက်တယ်..။

"အဲဒါတော့ ဟုတ်တယ်..။ တကယ်တော့ နင် ဖွဲ့စည်းနိုင်ခဲ့တဲ့ အဖွဲ့ကို ကြည့်ပြီး ငါ အထင်ကြီးမိပါတယ်..။ နင် ရွေးချယ်ခဲ့တဲ့ အချို့အချက်တွေကို အံ့သြမိပေမဲ့လည်း.. နင့်ရဲ့ အဖွဲ့က မထင်မှတ်ထားလောက်အောင် အရာရာ ပြည့်စုံနေတာပဲ.."

ဆန်နီ က မျက်ခုံးပင့်လိုက်တယ်..။

"တကယ်လား.. ဘာလို့လဲ.."

သူမက နောက်ကို မှီလိုက်ပြီး သူ့ကို ကြည့်လိုက်ပါတယ်..။ ဆန်နီ အနေနဲ့ သူမက သူ့ကို ကြည့်နေတယ်လို့ပဲ ယူဆထားလိုက်တယ်..။ အမှန်တော့ ဒီ အလှပိုင်ရှင်က သူမရဲ့ ရှေးခေတ်နေကာမျက်မှန် နောက်ကနေ ဘယ်နေရာကို ကြည့်နေလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး..။

"ငါ့ကို အထင်မလွဲလိုက်နဲ့ဦး.. ငါတို့ တစ်ယောက်ချင်းစီက ဘယ်လို အခြေအနေမျိုးမှာမဆို ထိရောက်မှုရှိမယ့် အဖွဲ့မျိုး ဖြစ်အောင် ကြိုးစားခဲ့ကြတာပဲ..။ ဒါပေမဲ့ ငါတို့မှာ ကိုယ်ပိုင် အယူအစွဲတွေ ရှိနေတော့.. နင့်အဖွဲ့ကလွဲလို့ ကျန်တဲ့ အဖွဲ့တွေက အနည်းငယ် အတိမ်းအစောင်းလေးတွေ ဖြစ်နေကြတယ်လေ..။ ဥပမာ ခြင်္သေ့ ရဲ့အဖွဲ့ကို ကြည့်လိုက်.. အဲဒီ ကောင်စုတ်က သူ့စာရင်းထဲမှာ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်တတ်တဲ့ လူထူးဆန်းတွေ အကုန်လုံးကို စုဆောင်းထားခဲ့တာ.."

ဆန်နီ က သူမကို စိတ်မပါစွာ စိုက်ကြည့်နေခဲ့တယ်..။

"...ကျွန်တော်လည်း အဲလို ပုန်းကွယ်ပြီး တိုက်ခိုက်တတ်တဲ့ လူထူးဆန်းပဲ ဆိုတာတော့ သိပါတယ်နော်.."

ယင်းနောက် သူ ခနလောက် ကြောင်သွားခဲ့တယ်..။

"ခနလေး.. ပြောတာ မှားသွားပြီ.. ကျွန်တော်ပြောချင်တာက...လျို့ဝှက်တိုက်ခိုက်တဲ့ နေရာမှာ ကျွမ်းကျင်တယ်လို့ ပြောချင်တာ.."

ဝင်းတား က နှာခေါင်းရှုံ့လိုက်တယ်..။

"တကယ်လား.. နင့်ပုံစံ ကြည့်ရတာတော့ နောက်ကျောကို ဓားနဲ့ ထိုးမယ့်သူနဲ့ မတူပါဘူး.."

ဆန်နီ က လက်ပိုက်လိုက်ပြီး သူမကို ပြုံးကာ ကြည့်လိုက်တယ်..။

"ဒါပေါ့.. ကျုပ်ပုံစံက နောက်ကျောကို ဓားနဲ့ ထိုးမယ့်သူနဲ့ တူနေရင်.. လူတွေက သူတို့ နောက်ကျောကို သတိထားနေကြတော့မှာလေ.. မဟုတ်ဘူးလား..။ အဲဒါဆိုရင် ရည်ရွယ်ချက်က ပျက်သွားမှာပေါ့.."

မာစတာ ရန်ဒဲလ် က အသံဩဩ နဲ့ ရယ်မောလာခဲါတယ်..။

"သူ ပြောတာ ဆီလျော်မူ ရှိသားပဲ.."

ဆန်နီ က ခေါင်းညိတ်ပြပြီး လေးလံစွာ သက်ပြင်း ချလိုက်တယ်..။

"အမှန်အတိုင်း ပြောရရင်.. အတိတ်မှာ အသက်ရှင် ဖို့အတွက် နောက်ကျောကို ဓားနဲ့ ထိုးခဲ့ရတာတွေ အများကြီး ရှိခဲ့ဖူးတယ်..။ ဒါပေမဲ့ ကျုပ် ရင်ဆိုင်ရတဲ့ အခြေအနေ အများစုက ဘေးပတ်ပတ်လည်ကနေ ဝိုင်းခံထားရတဲ့ အခြေအနေမျိုးတွေပါပဲ..။ တိတ်တဆိတ် တိုက်ခိုက်တာက အားကောင်းတဲ့ စွမ်းရည်တစ်ခု ဆိုပေမဲ့လည်း..သူ့မှာလည်း အကန့်အသတ် ရှိတယ်လေ..။ ဒါကြောင့်.. အရာရာ ပြည့်စုံတဲ့ အဖွဲ့တစ်ခုက အကောင်းဆုံး ရွေးချယ်မှုပဲလို့ ကျုပ်ထင်တယ်..။ ကံကောင်းတာက ကျုပ်ရဲ့ စွမ်းရည် က အခြေအနေအမျိုးမျိုးကို ထောက်ပံ့ပေးနိုင်လောက်အောင် စွယ်စုံသုံးလို့ ရနေတယ်.."

သူ ခနလောက် ငြိမ်သွားပြီးမှ စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်..။

"တခြား အဖွဲ့တွေကရော ဘာတွေမှာ ထူးချွန်ကြလဲ.. ကျုပ်က အလုပ်များနေတော့ ခင်ဗျားတို့ ဘာတွေ လုပ်နေလဲဆိုတာ မသိလိုက်ဘူး.."

ဝင်းတား က ဆန်းဝှစ် ကို တစ်ကိုက် ကိုက်လိုက်ပြီး ဖြည်းဖြည်းချင်း ဝါးကာ ပခုံးတွန့်ပြလိုက်တယ်..။

"အာ.. ထုံးစံအတိုင်းပဲပေါ့... ဒေးဗစ် ကတော့ တိတ်တဆိတ် တိုက်ခိုက်မယ့် နည်းလမ်းကိုပဲ ရွေးတယ်..။ ဒီက မာစတာ ရန်ဒဲလ် ကတော့ ပြင်းထန်တဲ့ အနီးကပ် တိုက်ပွဲတွေကို အသားပေးထားတယ်..။ မြင်းရိုင်း ကလည်း အနီးကပ် တိုက်ခိုက်တယ်ပဲ ဆိုပေမဲ့.. အမြန်နှုန်းနဲ့ နည်းစနစ်ပိုင်းကို ပိုပြီး ဦးစားပေးထားတာပဲ..။ ငါကတော့ အဝေးပစ် အားသာချက်ကို ယူတဲ့ အမျိုးသမီးပေါ့..။ ဒေးလ် ကတော့ နင်နဲ့ နည်းနည်းတူတယ်.. ဒါပေမဲ့ ခိုင်မာတဲ့ ခံစစ်ပိုင်းကို ပိုပြီး အသားပေးတယ်..။ ငါတို့ရဲ့ သတ္တိကောင်းတဲ့ ခေါင်းဆောင်ကြီးကတော့..."

သူမက မာစတာ ဂျက် ကို ကြည့်ပြီး ပြုံးလိုက်ပါတယ်..။

"...တကယ်တော့ ငါလည်း မသိဘူး..။ သူမရဲ့ အဖွဲ့က ထူးဆန်းတယ်.."

ဝိဥာဥ် ရိတ်သိမ်းသူ က သူတို့ကို ဂရုမစိုက်သလို တစ်ချက် ကြည့်လိုက်ပြီး

"သိပ်ပြီး မထူးဆန်းပါဘူး..။ ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို နည်းလမ်းမျိုးစုံနဲ့ မြှင့်တင်ပေးနိုင်မယ့် လူတွေကို ရွေးထားတာပဲ..။ သူတို့ရဲ့ အစွမ်းထက်ဆုံး လက်နက်ဖြစ်တဲ့ ငါ့ကို အထိရောက်ဆုံး နည်းလမ်းနဲ့ အသုံးချပြီး ရန်သူတွေကို အပြတ်ရှင်းနိုင်ဖို့ပဲလေ.."

သူမ ခနလောက် တိတ်သွားပြီးမှ

"ဘာပဲဖြစ်ဖြစ်.. ငါတို့ သင်္ဘောပေါ် တက်ဖို့အတွက် ရက်အနည်းငယ်ပဲ ကျန်တော့တယ်..။ သင်္ဘောပေါ် ရောက်သွားပြီဆိုရင် ငါတို့ရဲ့ ဆုံးဖြတ်နိုင်စွမ်းတွေက ပျောက်ကွယ်သွားလိမ့်မယ်..။ ပင်လယ်ထဲမှာ လုပ်နိုင်မယ့် ပြင်ဆင်မှုတွေကလည်း အကန့်အသတ် ရှိသွားနိုင်သေးတယ်..။ ဒါ့ကြောင့်.. အခု နင်တို့ လွဲချော်နေတာတွေ ရှိရင် ပြန်ပြင်ဆင်ဖို့ အတွက် နောက်ဆုံး အခွင့်အရေးပဲ.."

ကပ္ပတိန် တွေဟယ လေးနက်တဲ့ မျက်နှာအမူအရာတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်..။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့ ဆန်နီ မေးလိုက်ပါတယ်..။

"တစ်ခုခု အကြံပေးချင်တာ ရှိကြလား.."

မာစတာ ဂျက် က ခနလောက် စဉ်းစားလိုက်တယ်..။

"ဂိတ် တွေက ငါတို့အပေါ် ဘယ်လို သက်ရောက်မှု ရှိလဲဆိုတာ နင် သိပ်မရင်းနှီးသေးဘူး မဟုတ်လား.."

သူ ပခုံးတွန့်ပြလိုက်တယ်..။

"အခြေခံလောက်တော့ သိတယ် ထင်တာပဲ.."

ရန်ဒဲလ် ခေါင်းခါလိုက်ပါတယ်..။

"အဲလောက်နဲ့ မလုံလောက်ဘူး..။ ငါတို့လို အစိုးရ အရာရှိတွေအတွက်တော့ အိပ်မက်ဆိုး ဂိတ် တွေကို ထိန်းချုပ်ဖို့က အဓိက တာဝန်ဖြစ်လို့ ငါတို့က ဒီအကြောင်းကို ကောင်းကောင်းသိတယ်..။ မင်းက မာစတာ တစ်ယောက်ဆိုတော့ အနည်းဆုံး တစ်ကြိမ်လောက်တော့ 'ခေါ်​ဆိုသံ' ကို ခံစားဖူးမှာပဲ..။ ဟုတ်တယ်မလား.."

ဆန်နီ က သတိထားပြီး ခေါင်းညိတ်ပြလိုက်တယ်..။ ဂိတ် တွေနဲ့ မျိုးစေ့ တွေက နိုးထသူ တွေအပေါ် သက်ရောက်လာတဲ့ ထူးဆန်းတဲ့ ဆွဲငင်မှုကို သူ တကယ်ပဲ ခံစားဖူးပါတယ်..။ ဒါက အိပ်မက်ဆိုးကိုယ်တိုင်က သူ့ကို ခေါ်နေသလိုမျိုး ခံစားနေခဲ့ကြရတာပါ..။

ဝါရင့်စစ်သားကြီးက မျက်မှောင်ကြုတ်ပြီး ဆက်ပြောပါတယ်..။

"ကောင်းပြီလေ.. အဲဒီ ခေါ်ဆိုသံ က စိတ်ကိုပဲ သက်ရောက်တာ မဟုတ်ဘူး..။ ဒါက လက်တွေ့ ကမ္ဘာအပေါ်မှာလည်း သိသိသာသာ သက်ရောက်မှု ရှိတယ်..။ အတိအကျ ပြောရရင်.. အဲ့ဒါက မင်းရဲ့ ချိတ်ဆက်မှု နဲ့ အိပ်မက် ကမ္ဘာ ရဲ့ ကျောက်ဆူး ကို နှောင့်ယှက်နိုင်တယ်.."

ဆန်နီ က သူ့ခေါင်းနောက်ကို ကုတ်လိုက်တယ်..။ ဒီ ထူးဆန်းတဲ့ အခြေအနေအကြောင်းကို သူ သိပေမဲ့.. သူကိုယ်တိုင်တော့ တစ်ခါမှ မကြုံဖူးပါဘူး..။

"နှောင့်ယှက်မှုက ဘယ်လောက်အထိ ပြင်းထန်မှာလဲ.."

သက်ကြီး မာစတာ က ခနလောက် ငြိမ်သက်သွားခဲ့တယ်..။

"သိပ်တော့ မပြင်းထန်ပါဘူး.. ဒါပေမဲ့ ဂိတ် နဲ့ နီးကပ်လေလေ ပိုဆိုးလေလေပဲ..။ ဂိတ် ရဲ့ ပတ်ဝန်းကျင် ဧရိယာမှာတော့ ခေါ်ယူသံ က ချိတ်ဆက်မှုရော ကျောက်ဆူးကိုပါ လွှမ်းမိုးသွားလိမ့်မယ်..။ အဲဒါက ဘာကို ဆိုလိုတာလဲဆိုရင်.. တကယ်လို့ မင်းက အလုပ်လုပ်နေတဲ့ ဂိတ်ပေါက် တစ်ခု နားမှာ အိပ်မက် ကမ္ဘာထဲကို ကူးပြောင်းဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်.. မင်းရဲ့ ခံတပ် ဆီကို ရောက်မသွားဘဲ အဲ့ဒီ ဂိတ် ရဲ့ မျိုးစေ့ ဆီကိုပဲ ဆွဲခေါ်ခံရလိမ့်မယ်..။ အဲ့နားမှာ အိပ်ပျော်သွားတဲ့ နိုးထသူ တွေလည်း ထို့အတူပါပဲ.."

သူ ခေတ္တရပ်ပြီးမှ ထပ်ပြောပါတယ်..။

"တကယ်တော့ ငါတို့က အဲ့ဒီ ဂုဏ်သတ္တိကို မကြာခန အသုံးချတတ်ကြတယ်..။ လူနေထူထပ်တဲ့ နေရာမှာ ဂိတ် တစ်ခု ပွင့်လာပြီး အမြန်ဆုံး ပိတ်ဖို့ လိုအပ်လာပြီဆိုရင်.. ငါတို့က စိန်ခေါ်သူ အဖွဲ့တစ်ဖွဲ့ကို အဲ့ဒီ ခေါ်ဆိုသံ ကနေတစ်ဆင့် မျိုးစေ့ ဆီကို လွှတ်လိုက်ကြတယ်..။ သူတော်စင် တစ်ယောက်က သူတို့ကို ချက်ချင်း ရောက်သွားအောင် ကူညီပေးနိုင်သလို.. ဒါမှမဟုတ်လည်း ပထမ အသုတ် အိပ်မက်ဆိုး သားရဲ တွေကို အပြတ်ရှင်းပြီးတဲ့အထိ စောင့်ပြီးမှ ခန အိပ်လိုက်ရင်လည်း ရပါတယ်..။ ဒါပေမဲ့ ဒါက ပိုပြီး အန္တရာယ် များနေခဲ့တယ်.. ဘာလို့လဲဆိုတော့ စိန်ခေါ်သူတွေက အိပ်မက် ကမ္ဘာ ရဲ့ အန္တရာယ်များတဲ့ နယ်မြေထဲမှာ တစ်ယောက်ကိုတစ်ယောက် ရှာရမှာ ဖြစ်သလို မျိုးစေ့ ကိုလည်း ရှာဖွေရမှာ ဖြစ်လို့ပဲ.."

မာစတာ ဂျက် က သက်ပြင်းချလိုက်တယ်..။

"အခု အဲဒါက အရေးမကြီးဘူး..။ အများအားဖြင့်တော့ ခေါ်ယူသံ ရဲ့ ဆွဲခေါ်ခြင်းကနေ ရှောင်ရှားဖို့ မခက်ပါဘူး..။ နိုးထသူ တွေ လုပ်ရမှာက ဂိတ် နဲ့ ဝေးဝေးမှာ နေဖို့ပဲ..။ ဒါပေမဲ့..."

သူမရဲ့ မျက်နှာထားက မှောင်ကျသွားခဲ့တယ်..။

"အိပ်မက်ဆိုး ကျွန်းစု စစ်ဆင်ရေး တစ်လျှောက်မှာ ဂိတ် တွေ အများကြီး ပွင့်လာတော့မှာ ဆိုတော့.. အခြေအနေက ဘယ်လို ဖြစ်လာမလဲ ဘယ်သူ သိနိုင်မှာလဲ..။ ငါတို့က အဲ့ဒီ အန္တရာယ်ကို စိတ်ထဲမှာ ထည့်ထားပြီး ငါတို့ စစ်သားတွေ ဆွဲခေါ်မခံရအောင် သူတို့ရဲ့ အိပ်စက်ချိန်ကို သေချာ စီမံခန့်ခွဲရလိမ့်မယ်..။ အနည်းဆုံးတော့ မင်းတို့ တစ်ယောက်ချင်းစီက လှုံ့ဆော်ရေး ဆေးတွေကို အလုံအလောက် စုဆောင်းထားဖို့ ငါ အကြံပေးချင်တယ်.."

ဆန်နီ ဟာ အချိန်အတော်ကြာအောင် တိတ်တဆိတ် စဉ်းစားနေခဲ့တယ်..။ နောက်ဆုံးမှာတော့ သူက မျက်နှာကို ပွတ်လိုက်ပြီး လေးနက်တဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်..။

"..ဒါကို သေချာ မှတ်ထားပါ့မယ်.."

အပိုင်း ( ၈၂၈ ) ပြီး၏။

All Chapters