← Chapters

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အပိုင်း ( ၈၂၉ ) တိုက်ပွဲဒဏ်ရာများ

ပထမ ကယ်ဆယ်ရွှေ့ပြောင်းရေး တပ်ဖွဲ့ မထွက်ခွာမီ နောက်ဆုံးနှစ်ရက် အလိုမှာတော့.. ဆန်နီ နဲ့ သူ့အဖွဲ့သားတွေဟာ လုပ်စရာ သိပ်မရှိတော့ပါဘူး..။ သူတို့ အသုံးပြုခဲ့တဲ့ အားကစားရုံကလည်း မနေ့ညကတည်းက ဖျက်သိမ်းလိုက်ပြီ ဖြစ်တာကြောင့်.. ဆက်ပြီး လေ့ကျင့်ဖို့က မဖြစ်နိုင်တော့ပေ..။

ဒါပေါ့.. ဆန်နီ အနေနဲ့ သူ့စစ်သားတွေကို ပိုပြီး ဒုက္ခရောက်အောင် လုပ်မယ့် တခြားနည်းလမ်းသစ်တွေကို စဉ်းစားလို့ ရပေမဲ့လည်း.. နောက်ဆုံးမှာတော့ သူ ဒီလို မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်..။ အဲဒီအစား.. သူက အဖွဲ့သားတွေကို ဆိပ်ကမ်းခံတပ်ရဲ့ တံတိုင်းပေါ်မှာ စုရပ်လုပ်ပြီး အစီအစဉ်မရှိတဲ့ ပျော်ပွဲစားလေး တစ်ခု လုပ်ပေးလိုက်ပါတယ်..။

မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေကနေ ထွက်ခွာရမှာက ကြီးကျယ်တဲ့ အခမ်းအနားတစ်ခုပါပဲ။.. အထူးသဖြင့် သူတို့က စစ်ပွဲဆီ သွားနေကြတာပါ..။ ဒါက သူတို့အတွက် လုံးဝ ဘေးကင်းတဲ့ နေရာမှာ အပန်းဖြေဖို့ နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်တာကြောင့်.. ဒါကို လက်လွှတ်လိုက်ရရင် နှမြောစရာ ကောင်းပါလိမ့်မယ်..။

အဖွဲ့သားတွေဟာ ဆန်နီ က အရာရှိ စားသောက်ဆောင်ကနေ အပိုင်စီးလာတဲ့ အရသာရှိတဲ့ ဟင်းပွဲမျိုးစုံနဲ့ ခမ်းနားတဲ့ အစားအစာတွေကို စားသောက်ခဲ့ကြတယ်..။သူတို့မှာ စစ်တပ် စည်းမျဉ်းတွေအရ ၊ နည်းပညာအရ တားမြစ်ထားတဲ့ သောက်စရာတွေတောင် ပါဝင်နေခဲ့ပါတယ်..။ ဒါတွေက နိုးထသူ တွေအပေါ် သက်ရောက်မှု သိပ်မရှိဘူး ဆိုရင်တောင်မှပေါ့..။

သူတို့ ခုနစ်ယောက်ဟာ ကြီးမားတဲ့ သင်္ဘောကြီးတွေပေါ်ကို ကုန်သေတ္တာ အလေးကြီးတွေ တင်နေတာကို လွမ်းဆွတ်တမ်းတတဲ့ တိတ်ဆိတ်မှုနဲ့ ကြည့်နေခဲ့ကြတယ်..။ ကောင်းပြီလေ.. အနည်းဆုံးတော့ ခြောက်ယောက်ကပေါ့..။

လူစတာ ကတော့ အဲဒီအချိန်မှာ ဆမ်မာရာ ကို တိတ်တဆိတ် ခိုးကြည့်နေခဲ့ပါတယ်..။

ခနလောက် တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့.. အရပ်ရှည်တဲ့ အမျိုးသမီးက ရုတ်တရက် တည်ငြိမ်တဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။

"နင် ဘာကို ကြည့်နေတာလဲ.."

လူငယ်လေးက တွန့်ခနဲ ဖြစ်သွားပြီး အနေရခက်စွာနဲ့ အကြည့်လွှဲလိုက်တယ်..။

"အဲဒါက.. ဟို.. ဆမ်.. နင့်မှာ ရှိတဲ့ အဲဒီ အမာရွတ်က တကယ့် ကြောက်စရာကြီးပဲနော်..။ ဘယ်လိုဖြစ်တာလဲ.."

ဆမ်မာရာ မှာ ပုခုံးကနေ လက်ဖျံအထိ ရှည်လျား ထင်ရှားတဲ့ အမာရွတ်တစ်ခု ရှိနေခဲ့တာ အမှန်ပါပဲ..။ သူမရဲ့ ဝတ်စုံလက်တွေကို အပေါ်လိပ်တင်ထားတာကြောင့် ဒီ အမာရွတ်ရဲ့ တစ်စိတ်တစ်ပိုင်းက ပေါ်နေခဲ့ပါတယ်..။

သူမက လက်မောင်းကို ခနလောက် ငုံ့ကြည့်လိုက်ပြီး ပခုံးတွန့်ပြလိုက်တယ်..။

"ငါ နင့်အရွယ်လောက်တုန်းက.. မပြီးသေးတဲ့ မြို့ပြ အတားအဆီးတစ်ခုရဲ့ အပေါ်မှာ ဂိတ် တစ်ခု ပွင့်ခဲ့တယ်..။ အဲဒီနေရာနဲ့ အနီးဆုံးမှာ ရှိနေတဲ့ နိုးထသူ တစ်ယောက်အနေနဲ့ ငါက ပထမဆုံး ရောက်သွားတဲ့သူတွေထဲမှာ ပါခဲ့တာပေါ့..။ ဆောက်လုပ်ရေး အဖွဲ့တွေ ထွက်ခွာသွားတဲ့အထိ ငါတို့က အိပ်မက်ဆိုး သတ္တဝါ တွေကို ခုခံထားခဲ့ကြတယ်..။ နောက်​ဆုံး.. အဲဒီမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပြီး ငါက အစွန်းကနေ လွင့်ကျသွားခဲ့တယ်လေ..။ ကံကောင်းတာက ငါ့လက်က ငြမ်းစင်တစ်ခုမှာ သွားချိတ်မိနေတာပဲ..။ အဲဒါက ငရဲလို နာကျင်ရပေမဲ့.. အနည်းဆုံးတော့ ငါ မြေပြင်ပေါ်ကို အရှိန်နဲ့ ကျပြီး ရွှံ့တွေလို ဖြစ်မသွားခဲ့ဘူး.."

လူစတာ က မျက်တောင် နှစ်ချက်လောက် ခတ်လိုက်ပြီးမှ ပြုံးလိုက်တယ်..။

"အဲဒါက ဘာမှ မဟုတ်ပါဘူး..။ ငါဆိုရင် တစ်ခါက ညာဘက်လက် တစ်ဖက်လုံး အကိုက်ခံလိုက်ရဖူးတယ်..။ ကျောက်တုံး ကပ်ပါးကောင်ကြီး တစ်ကောင်က ငါ ကျောက်ဆူး ချထားတဲ့ ခံတပ် ရဲ့ အောက်ကနေ ဘယ်လို ရောက်လာလဲ မသိဘူး..။သူက မြေအောက်ကနေ ထွက်လာပြီး ထွက်ပေါက် ကို တစ်ချက်တည်းနဲ့ မျိုချပစ်လိုက်တာ..။ အသက်ရှင်ကျန်ရစ်တဲ့ ငါတို့တွေက အဲ့ဒီကောင်ကို ပြန်တိုက်ခဲ့ရတယ်.. ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ကျောက်တုံးပုံတွေပေါ်မှာ ပိတ်မိသွားပြီး.. ကပ်ပါးကောင်ငယ်လေးတွေရဲ့ ဝိုင်းထားတာကို ခံလိုက်ရတယ်.."

သူ့မျက်နှာ အနည်းငယ် ဖြူလျော့သွားခဲ့တယ်..။

"...ပထမ တစ်ကောင်နဲ့ ယှဉ်ရင်တော့ သေးတာပေါ့လေ..။ တကယ်တော့ တစ်ကောင်ချင်းစီက အနည်းဆုံး ၁၀ မီတာလောက် ရှည်တယ်..။ အဲဒီ ကောင်စုတ်တွေရဲ့ တစ်ခုတည်းသော အားသာချက်က သူတို့က မြေကြီးထဲမှာပဲ သွားလာနိုင်တာ.. ဒါကြောင့် ကျောက်တုံးကြီးတွေပေါ်မှာ နေသရွေ့ ငါတို့ ဘေးကင်းတယ်..။ အဲဒီလိုနဲ့ ငါတ်ို့ ရက်သတ္တပတ် အနည်းငယ်လောက် နေခဲ့ကြတာ..။ ဒါပေမဲ့ ငါတို့ရဲ့ အစားအသောက်နဲ့ ရေ ကုန်သွားတဲ့အခါမှာတော့ ထွက်ပြေးဖို့ ကြိုးစားရတော့တာပေါ့..။ ငါကိုယ်တိုင် ကပ်ပါးကောင် တစ်ကောင်ကို သတ်ပစ်ခဲ့ရသေးတယ်။.. အဲဒီ ကောင် ငါ့လက်ကို အရင် မျိုမပစ်ခင်မှာပေါ့.."

လူစတာ က သူ့ရဲ့ လက်ကို အိပ်မက် ကမ္ဘာ ထဲမှာ ဆုံးရှုံးခဲ့ရလို့ ကံကောင်းတယ်လို့ ဆိုရမှာပါ..။ ဒါက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိခိုက်မှု အများကြီး ဖြစ်စေမှာ ဖြစ်ပေမဲ့.. တစ်သက်လုံး ဒုက္ခိတ ဖြစ်မသွားခဲ့ပါဘူး..။

လူငယ်လေးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဘယ်လီ ကို မထီမဲ့မြင် အပြုံးနဲ့ ကြည့်လိုက်တယ်..။

"ခင်ဗျားကော.. အဆိုးဆုံး ဒဏ်ရာရခဲ့တာ ဘယ်ချိန်ကလဲ.."

ဓားသမားက ခဏလောက် စဉ်းစားလိုက်တယ်..။

"ကောင်းပြီလေ.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထင်တယ်..။ ငါက လူသူဝေးတဲ့ တောရိုင်းထဲက သုတေသန စခန်းတစ်ခုမှာ တာဝန်ကျနေတာ..။ ငါတို့နားမှာ ဂိတ် တစ်ခု ပွင့်လာပြီး စခန်းတစ်ခုလုံး အသိမ်းခံလိုက်ရတယ်..။ ငါ တစ်ယောက်တည်းပဲ အသက်ရှင်ကျန်ရစ်ခဲ့တာ.. ဒါပေမဲ့ အိပ်မက်ဆိုး သတ္တဝါ တွေက ငါ့နောက်ကို တကောက်ကောက် လိုက်နေခဲ့ကြတယ်..။ ငါ့မှာ ဌာနချုပ်နဲ့ ဆက်သွယ်ဖို့ နည်းလမ်းလည်း မရှိသလို.. အနီးဆုံး လူနေထိုင်တဲ့ နေရာကလည်း ကီလိုမီတာ ငါးရာလောက် ဝေးတယ်.."

သူ့မျက်နှာပေါ်မှာ ရယ်ချင်စရာကောင်းတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

"အဲဒီနေရာကို ခြေကျင်ရောက်ဖို့ ငါ တစ်လလောက် အချိန်ယူခဲ့ရတယ်..။ နောက်က လိုက်လာတဲ့ မိစ္ဆာကောင်တွေကို ကိုင်တွယ်ရတာက လွယ်ပေမဲ့.. လေထုကတော့.. အဲဒီ ခရီးအဆုံးမှာ ငါက အဆက်မပြတ် ချောင်းဆိုးရင်း အဆုတ် အပိုင်းအစတွေကို ထွေးထုတ်နေခဲ့ရတယ်လို့ပဲ ပြောရမှာပဲ..။ အဲဒါက ငါ အဆိုးဆုံး ဒဏ်ရာရခဲ့တာပါပဲ..။ ကံကောင်းတာက ကြင်နာတတ်တဲ့ တက်ရောက်သူ အဆင့် ကုသရေးသမား တစ်ယောက်က ငါ့ကို ပြန်ကောင်းလာအောင် ကူညီပေးခဲ့ပါတယ်.."

အဖွဲ့သားတွေကြားမှာ ထိတ်လန့်စရာ တိတ်ဆိတ်မှုတစ်ခု ဖြစ်သွားခဲ့တယ်..။ ခနအကြာမှာတော့ ဒွန်း က ရုတ်တရက် နှာခေါင်းရှုံ့လိုက်ပြီး

"အဲဒါက ငါ့ရဲ့ ဆောင်းဦး အချိန် ကို ပြန်သတိရစေတယ်..။ ငါ ပထမဆုံး တွေ့ဖူးတဲ့ အိပ်မက်ဆိုး သတ္တဝါ က ငါ့ခြေထောက် နှစ်ဖက်လုံးကို အသားကုန် နင်းခြေပစ်ခဲ့တာ..။ ငါက အနီးဆုံး ခံတပ် ဆီ ရောက်ဖို့အတွက် ရွှံ့နွံတွေထဲမှာ နှစ်ပတ်လုံးလုံး နာကျင်စွာနဲ့ တွားသွားခဲ့ရတယ်..။ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပေါ့လေ.. ဒါပေမဲ့ အဲ့အချိန်ကစပြီး ဘယ်မိစ္ဆာကောင်မှ ငါ့ကို အဲ့လောက်ထိ ဒဏ်ရာရအောင် မလုပ်နိုင်တော့ပါဘူး.."

အားလုံးက သူတို့ရဲ့ တိုက်ပွဲဒဏ်ရာတွေအကြောင်း ကြွားလုံးထုတ်ချင်နေပုံ ရတာကြောင့်.. ချီတင် က ခနလောက် တုံ့ဆိုင်းနေပြီးမှ သူ့ရဲ့ ဇာတ်လမ်းကို ပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

"ငါက တစ်ခါက ပင့်ကူကြီးနဲ့ တူတဲ့ အိပ်မက်ဆိုး သတ္တဝါ တစ်ကောင်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးတယ်..။ အဲ့ဒီကောင်က ငါ့ကို ဖောက်ထွင်းလို့မရတဲ့ ပိုးအိမ်ထဲ ထည့်ထားပြီး.. ပင့်ကူတွေ ထုံးစံအတိုင်း ငါ့ကို အလွယ်တကူ စားလို့ရတဲ့ အရည်အဖြစ် ပြောင်းဖို့ အစာခြေရည်တွေနဲ့ ဖြည့်ထားခဲ့တာ..။ ပြဿနာက အက်စစ်က ငါ့ကို အရည်ဖျော်တာထက် ငါက နည်းနည်းလေး ပိုမြန်အောင် ကိုယ့်ကိုကို ပြန်ကုသနိုင်နေတာပဲ..။ ဒါတောင်မှ ရက်သတ္တပတ် အတော်ကြာပြီးတဲ့နောက်မှာတော့ ငါ့ရဲ့ စိတ်ရှည်မှုက အတော်လေး ကုန်ဆုံးသွားခဲ့တယ်.."

ကင်မ် က သူ့ကို ထိတ်လန့်တကြား ကြည့်လိုက်တယ်..။

"ခင်.. ခင်ဗျား ဘယ်လို လွတ်လာတာလဲ.."

ခန့်ညားတဲ့ အမျိုးသားက ပြုံးပြလိုက်ပြီး

"အက်စစ်က ငါ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း တိုက်စားနေတဲ့ အချိန်မှာ.. ငါကလည်း ပိုးအိမ်ကို ဖြည်းဖြည်းချင်း ပြန်တိုက်စားနေခဲ့တာလေ..။ ကံကောင်းလို့ ငါ့ထက် အဲ့ဒီ ပိုးအိမ်က အရင် ပြတ်သွားခဲ့တယ်..။ ဒါပေမဲ့ ငါ တခြား သူတွေအတွက် ကလဲ့စားမချေနိုင်ခဲ့သလို အဲဒီ ပင့်ကူကိုလည်း မသတ်နိုင်ခဲ့ဘူး.. အဲဒီကောင်က တစ်နေရာရာမှာ ရှိနေတုန်းပဲ..။ တစ်နေ့ကျရင် ငါတို့ ပြန်ဆုံကြမယ်လို့ မျှော်လင့်ရတာပဲ.."

ကင်မ် က ငုံ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်..။

"ငါကတော့.. အမှန်အတိုင်း ပြောရရင် အဲ့ဒီလောက်ကြီး ဒဏ်ရာ မရဖူးပါဘူး..။ ဒါပေမဲ့ တစ်ခါက ငါ့ရဲ့ အဖွဲ့သား တစ်စုလုံး ထူးဆန်းတဲ့ ကပ်ရောဂါတစ်ခု ကူးစက်ခံရဖူးတယ်..။ အဲ့ဒါက.. တကယ့်ကို ဆိုးဝါးတဲ့ ရောဂါပဲ.. ခံတပ် တစ်ခုလုံးကိုလည်း မြန်မြန်ဆန်ဆန် ပြန့်သွားခဲ့တာ..။ လူအတော်များများ နာကျင်စွာနဲ့ သေဆုံးခဲ့ကြရတယ်..။ နောက်ဆုံးတော့ အဲဒီ ကပ်ရောဂါက ထူးဆန်းတဲ့ တယ်ရာ တစ်ကောင်ရဲ့ ရုပ်သွင်ဖော်ခြင်း ဆိုတာကို ငါတို့ သိလိုက်ရတယ်လေ..။ အဲဒါကို သိပြီးတဲ့နောက်မှာတော့ ဆောင်ကလန် ရဲ့ သူတော်စင် တစ်ယောက် ရောက်လာပြီး အဲ့ဒီကောင်ကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်..။ ငါနဲ့ အသက်ရှင်ကျန်ရစ်သူတွေ အသက်ဘေးက လွတ်ခဲ့ရတာပေါ့.."

လူစတာ က လူငယ်အမျိုးသမီးလေးရဲ့ ပုခုံးကို ပုတ်ပေးလိုက်တယ်..။

"နင် တော်ပါတယ်.. ကင်မ်မီ.."

ယင်းနောက် သူက ဆန်နီ ကို ကြည့်လိုက်ပြီး ခနလောက် တုံ့ဆိုင်းနေပြီးမှ သတိထားကာ မေးလိုက်တယ်..။

"အင်း.. ကပ္ပတိန် ကော..ဆိုးဆိုးဝါးဝါး ဒဏ်ရာရဖူးတာမျိုး ရှိလား.."

ဆန်နီ က သူ့ခေါင်းနောက်ကို ကုတ်လိုက်တယ်..။

"အို.. စဉ်းစားကြည့်လိုက်ဦးမယ်.. တစ်ခါက ငါ့ရဲ့ နံရိုးတွေ အကုန်လုံး ကြေမွသွားဖူးတယ် ထင်တာပဲ..။ ပြီးတော့ ငါ့ဗိုက် ပွင့်ထွက်သွားတာ၊ အဆိပ်မိတာ၊ မီးလောင်တာနဲ့ ရေနစ်တာတွေလည်း ကြုံဖူးတယ်..။ တစ်ခါကဆိုရင် မီးလောင်တာနဲ့ ရေနစ်တာကို တစ်ပြိုင်တည်းတောင် ကြုံခဲ့ရသေးတယ်.."

လူစတာ မျက်တောင်ခတ်လိုက်တယ်..။

"ဘယ်သူက မီးလောင်တာနဲ့ ရေနစ်တာကို တစ်ပြိုင်တည်း ကြုံနိုင်မှာလဲ.."

ဆန်နီ သူ့ကို သဘောတဲ့ အပြုံးနဲ့ ပြုံးပြလိုက်ပါတယ်..။

"လွယ်လွယ်လေးပဲလေ.. မင်းက ချော်ရည်ပူတွေ တွေထဲမှာ နစ်နေရုံပဲ..။ ဒါပေမဲ့ ငါ ရခဲ့ဖူးသမျှ အဆိုးဆုံး ဒဏ်ရာကတော့..အင်း.. ခေါင်းဖြတ်ခံရတာ ဖြစ်မှာပဲ..။ အဲဒါက တကယ့်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်နေတာ..။ အမှန်အတိုင်း ပြောရရင် မင်းတို့ ရှောင်လို့ရရင် ခေါင်းဖြတ်မခံရအောင် ကြိုးစားကြလို့ ငါ အကြံပေးချင်တယ်..။ အဲဒါက တကယ်ကို မထိုက်တန်ဘူး..။ အခြေအနေ အများစုမှာပေါ့လေ.."

နိုးထသူ ခြောက်ယောက်စလုံးက သူ့ကို ထူးဆန်းတဲ့ မျက်နှာတွေနဲ့ စိုက်ကြည့်နေခဲ့ကြတယ်..။

ဆန်နီ က ချောင်းတစ်ချက် ဟန့်လိုက်ပြီး

"ဘာလဲ. ဒါက တကယ်မကောင်းဘူး..။ ငါ့ကို ယုံစမ်းပါ.. ငါက အသိဆုံးပဲ.."

အပိုင်း ( ၈၂၉ ) ပြီး၏။

အပိုင်း ( ၈၃၀ ) ထွက်ခွာခြင်း

နောက်တစ်နေ့မှာတော့.. မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေကနေ ပထမ ကယ်ဆယ်ရွှေ့ပြောင်းရေး တပ်မတော်ကြီး စတင်ထွက်ခွာခဲ့ကြပါတယ်..။

ဆန်နီ နဲ့ တခြား ကပ္ပတိန် တွေဟာ ဆိပ်ကမ်းခံတပ်ရဲ့ မြင့်မားလှတဲ့ တံတိုင်းပေါ်ကနေ.. အောက်ခြေမရှိသလို ထင်ရတဲ့ သံမဏိ ဝေလငါးကြီး အစီးလေးဆယ်ရဲ့ ကုန်တင်ခန်းတွေထဲကို လူအုပ်ကြီး၊ စက်ယန္တရားတွေနဲ့ ကုန်သေတ္တာတွေ စီးဝင်သွားတာကို စောင့်ကြည့်နေခဲ့ကြတယ်..။ သူတို့ ခြောက်ယောက်စလုံးဟာ လေးနက်တဲ့ အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေခဲ့ကြသလို.. မာစတာ ဂျက် ကလည်း ဘာမှ မပြောခဲ့ပါဘူး..။

သူတို့ရဲ့ နောက်ကွယ်မှာတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ လူတွေနဲ့ စည်ကားနေခဲ့တဲ့ စခန်းကြီးက လုံးဝ ဖျက်သိမ်းပြီး ပျောက်ကွယ်သွားခဲ့ပါပြီ..။ သူတို့ရဲ့ ရှေ့မှာတော့ အဆုံးမရှိတဲ့ မီးခိုးရောင် ပင်လယ်ပြင်ကြီးနဲ့ မရေရာတဲ့ အနာဂတ်က စောင့်ကြိုနေခဲ့တယ်..။

ဒီနေ့မှာတော့ ဒီဆိပ်ကမ်းကနေ တောင်ဘက်ကို ရွက်လွှင့်မယ့် ကယ်ဆယ်ရေးတပ်ဖွဲ့ဟာ တစ်ခုလုံးရဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိသေးပေမဲ့.. တစ်ခုလုံးရဲ့ အတိုင်းအတာကတော့ တကယ့်ကို ကြီးမားလွန်းလှပါတယ်..။ ကြောက်မက်ဖွယ်ကောင်းတဲ့ သင်္ဘောကြီးတွေနဲ့ အပေါ်ကို တက်နေတဲ့ စစ်သားအုပ်ကြီးကို ကြည့်ပြီး ဆန်နီ တစ်ယောက် အနည်းငယ်တော့ အံ့ဩမိနေခဲ့တယ်။

ဒီလောက် ကြီးမားတဲ့ အင်အားစုကြီးကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ဖို့က လွယ်ကူနေခဲ့ပါတယ်..။

...ဒါပေမဲ့ သူကတော့ အဒီထက် ပိုပြီး သိနေခဲ့ပြီးသားပါ..။

ခနအကြာမှာတော့ မာစတာ ဂျက် က သက်ပြင်းချလိုက်တယ်..။

"ကဲ.. သွားရမယ့် အချိန် ရောက်ပြီ..။ မင်းတို့ အဖွဲ့သားတွေနဲ့ ပြန်စုပြီး သတ်မှတ်ထားတဲ့ သင်္ဘောတွေဆီ သွားကြတော့..။ လမ်းခရီးမှာ သင်္ဘောအုပ်စုက ဘေးအန္တရာယ်နဲ့ ကြုံရရင် ဘာလုပ်ရမလဲဆိုတာ အားလု သိပြီးသားပဲ..။ အသက်ရှင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြပါ..။ တကယ်လို့ အလံတင်သင်္ဘော နစ်မြုပ်သွားပြီး ငါပါ ပါသွားခဲ့ရင်တော့ စစ်တပ်ရဲ့ အဆင့်ဆင့် ကွပ်ကဲမှုအတိုင်း လိုက်နာကြရလိမ့်မယ်..။ ငါ မရှိတဲ့ အချိန်မှာ ရန်ဒဲလ် က တပ်ခွဲကို ဦးဆောင်လိမ့်မယ်.."

မာစတာ ရန်ဒဲလ် က သူမကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာပျက်သွားခဲ့တယ်..။

"အဲဒီလို ဖြစ်မလာဖို့ပဲ မျှော်လင့်ရမှာပဲ.."

ဒီသင်္ဘောအုပ်စုကို ညအိမ်တော် ရဲ့ သံတမန်တွေက လမ်းပြပေးမှာ ဖြစ်ပေမဲ့.. သင်္ဘောအားလုံး အန္တာတိက ကို ရောက်မယ်လို့တော့ အာမမခံနိုင်ပါဘူး..။ ပင်လယ်ရေကြောင်း သွားလာမှုက အမြဲတမ်း အန္တရာယ် များလှသလို.. ပထမ တပ်မတော် ရဲ့ နိုးထသူ တွေနဲ့ တက်ရောက်သူ တွေ အများစုက ရေအောက် တိုက်ပွဲတွေမှာ ဘာမှ အသုံးမကျတာကြောင့်ပါပဲ..။

အဲဒီထဲမှာ ဆန်နီ လည်း ပါဝင်နေခဲ့ပါတယ်..။

သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နောက်ဆုံးအကြိမ် တစ်ချက် ကြည့်လိုက်ပြီး.. သူက အရိပ်တွေထဲကနေ တစ်ဆင့် လူစည်ကားတဲ့ ဆိပ်ခံတံတားနားကို ရောက်သွားခဲ့တယ်..။ သူ့အဖွဲ့သားတွေကို ရှာရတာ မခက်ပါဘူး.. ဘာလို့လဲဆိုတော့ လူအများစုက သူတို့ကို လေးစားသမှုနဲ့ နေရာနည်းနည်း ဖယ်ပေးထားကြလို့ပါပဲ..။

သူတို့ဆီ လျှောက်သွားရင်း.. ဆန်နီ က ယုံကြည်မှုရှိတဲ့ မျက်နှာဖုံးကို တပ်ဆင်လိုက်ပြီး ပေါ့ပေါ့ပါးပါး လေသံနဲ့ မေးလိုက်ပါတယ်..။

"အားလုံး အဆင်သင့်ပဲလား.."

အားလုံးက ခေါင်းညိတ်ပြကြပေမဲ့.. လူစတာ ကတော့ ရုတ်တရက် စိုးရိမ်နေပုံ ရနေခဲ့တယ်..။

"ဟို.. တကယ်တော့ ကျွန်​တော် သင်္ဘော တစ်ခါမှ မစီးဖူးဘူး..။ ကျွန်တော် ကားမူးသလိုမျိုး.. သင်္ဘောမူးနေမှာ မဟုတ်ဘူးမလား.."

ဆန်နီ က သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ ပခုံးတွန့်ပြလိုက်တယ်..။

"မင်းက နိုးထသူ တစ်ယောက်ပဲလေ.. မဟုတ်ဘူးလား..။ နိုးထသူ တွေက ဒီလို အရာတွေကို ခံနိုင်ရည် ရှိရမှာပေါ့..။ ဒီတောါ..စောင့်ကြည့်ကြတာပေါ့.."

လူစတာ မျက်နှာ ပျက်သွားခဲ့တယ်..။ သူက ခနလောက် တုံ့ဆိုင်းနေပြီးမှ သက်ပြင်းချလိုက်ပါတယ်..။

"...တစ်နည်းနည်းနဲ့တော့ ကပ္ပတိန် က ကျွန်တော်ကို သိပ်သဘောမကျဘူးလို့ ခံစားနေရတယ်နော်.."

ဆန်နီ ကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး..။ ဒါပေမဲ့ ဘယ်လီ က လူငယ်လေးရဲ့ ပုခုံးကို ရုတ်တရက် ပုတ်ပေးလိုက်ပါတယ်..။

"ကဲပါ.. ငါကတော့ မင်း ငါတို့နဲ့ အတူရှိနေတာကို တကယ် ဝမ်းသာပါတယ်.."

လူစတာ မျက်နှာ တောက်ပသွားခဲ့တယ်..။

"တကယ်လား.."

ဓားသမားက သူ့ကို ခင်မင်တဲ့ အပြုံးနဲ့ ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်ပါတယ်..။

"ဒါပေါ့.. မင်းလို လူမျိုးက အနားမှာ ရှိနေတာ အရမ်း တန်ဖိုးရှိတာပဲ..။ ငါ ဆိုလိုတာက.. မင်းကို တစ်ချက် ကြည့်လိုက်ရုံနဲ့တင် မင်းက အရင်ဆုံး သေမယ့်သူ ဆိုတာ သိသာနေတာပဲလေ..။ အဲ့ဒီတော့ အဲ့ဒါက ငါ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့..။ ငါ အခုတောင် စိတ်လက် ပေါ့ပါးသွားပြီ "

လူငယ်လေးက သူ့ကို စိုက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်..။

"အဲလို နောက်မနေနဲ့ဗျာ.. မရယ်ရဘူး.."

ဘယ်လီ က မျက်တောင် နှစ်ချက်လောက် ခတ်လိုက်ပြီးမှ

"...ငါ နောက်နေတာ မဟုတ်ဘူးလေ.."

အဲဒီအချိန်မှာတော့ ဆန်နီ က အပြုံးကို ဖုံးကွယ်ဖို့အတွက် ခေါင်းခါကာ အကြည့်လွှဲလိုက်တယ်..။

"တော်ကြတော့..သွားကြစို့.."

သူတို့အားလုံး ရှည်လျားတဲ့ ဆိပ်ခံတံတားပေါ်ကို တက်ပြီး အဝေးက သင်္ဘောကြီးဆီကို လျှောက်သွားခဲ့ကြတယ်..။ လူအုပ်ကြီးက သူတို့ကို လမ်းဖယ်ပေးကြပြီး သူတို့ ကျော်သွားတာနဲ့ ရေလိုပဲ ပြန်ပိတ်သွားခဲ့ကြတယ်..။ ဒါက အနည်းငယ်တော့ စိတ်ကူးယဉ်ဆန်နေသလိုပါပဲ..။

မကြာခင်မှာပဲ စစ်သင်္ဘောကြီးရဲ့ ခိုင်မာတဲ့ သံမဏိထုကြီးက ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့တယ်..။ သင်္ဘောကြီးရဲ့ ထူထဲတဲ့ အရိပ်က သူ့ကို လွှမ်းခြုံထားတာကို ခံစားလိုက်ရတော့.. ဆန်နီ ရုတ်တရက် အနည်းငယ် စိတ်တည်ငြိမ်သွား သလိုပါပဲ.။

သူက အောက်က မီးခိုးရောင် လှိုင်းလုံးတွေကို တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းချကာ.. ဆိပ်ခံတံတားနဲ့ သင်္ဘောကြီးကို ဆက်သွယ်ထားတဲ့ ကျယ်ပြန့်တဲ့ တံတားပေါ်ကို လှမ်းတက်လိုက်ပါတယ်..။

စက္ကန့်အနည်းငယ် အကြာမှာတော့ ကုန်တင်ခန်းရဲ့ မှောင်မည်းနေတဲ့ အပေါက်ကြီးက သူနဲ့ သူ့လူတွေကို ဝါးမျိုသွားခဲ့ပါပြီ..။

သင်္ဘောပေါ် ရောက်တာနဲ့ အဖွဲ့သားတွေက တာဝန်ကိုယ်စီ ခွဲဝေယူလိုက်ကြတယ်..။ ကင်မ်၊ လူစတာ နဲ့ ဆမ်မာရာ တို့က အဖွဲ့အတွက် သတ်မှတ်ပေးထားတဲ့ ရိက္ခာတွေကို သွားစစ်ကြတယ်..။ ဒီထဲမှာ အထူးပြုပြင်ထားတဲ့ ရိုင်နို လည်း ပါဝင်ပြီး.. အဲဒါက ဒီသင်္ဘောကြီးရဲ့ ကုန်တင်ခန်းငယ် တစ်ခုထဲမှာ ရှိနေတာ အတော်ကြာပါပြီ..။ ဒီနေ့မတိုင်ခင်အထိ သူတို့ အဲ့ဒါကို ကိုင်တွယ်ခွင့် မရခဲ့တာကြောင့် စစ်ဆေးမှုတွေ အများကြီး လုပ်ဖို့ လိုအပ်နေခဲ့တာပါ..။

ဘယ်လီ၊ ဒွန်း နဲ့ ချီတင် တို့ကတော့ အဖွဲ့အတွက် နေထိုင်စရာ နေရာကို အတည်ပြုဖို့နဲ့ ပတ်ဝန်းကျင် အခြေအနေကို သိအောင် လုပ်ဖို့အတွက် သင်္ဘောရဲ့ ထောက်ပံ့ရေး အရာရှိ တစ်ယောက်နောက်ကို လိုက်သွားကြတယ်..။ ဆန်နီ ကတော့ အပေါ်ထပ် ကုန်းပတ်ပေါ်ကို လျှောက်သွားခဲ့ပါတယ်..။

အပေါ်မှာတော့ သူက အစွန်းနားကို လျှောက်သွားပြီး မြင့်မားတဲ့ လက်ရန်းကို မှီရင်း.. ဝေးကွာလှတဲ့ ရေမျက်နှာပြင်ကို ငုံ့ကြည့်နေခဲ့တယ်..။ မေ့ပျောက်ကုန်းမြေ နဲ့ မှောင်မည်းနေတဲ့ ပင်လယ်ပြင်ကြီးရဲ့ ပုံရိပ်တွေက သူ့မှတ်ဉာဏ်ထဲကနေ ပြန်ပေါ်လာတာကြောင့် သူ တုန်ရီသွားခဲ့ပါတယ်..။

ဆန်နီ ဟာ သင်္ဘောအုပ်စုကြီး ထွက်ခွာမှာကို စောင့်နေရင်း.. သူ့ရဲ့ အရိပ်တွေကို စစ်သင်္ဘောကြီးအနှံ့ လွှတ်ပြီး စူးစမ်းခိုင်းထားတယ်..။ လမ်းခရီးမှာ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီး ဒါမှမဟုတ် ရေအောက်က ကြီးမားတဲ့ ထိတ်လန့်ဖွယ်ရာ တစ်ခုခုက တိုက်ခိုက်လာရင် သူ သိပ်ပြီး အသုံးမဝင်ဘူး ဆိုရင်တောင်မှ.. ဒီ သံမဏိ ခေါင်းတလားကြီးရဲ့ အပေါက်အယံတိုင်းကို အလွတ်မှတ်ထားဖို့ သူ ဆုံးဖြတ်ထားပါတယ်..။ ကြုံလာခဲ့ရင် သုံးရအောင်လို့ပေါ့..။

ကိုယ့်အသက်ကို တစ်ခြားသူ လက်ထဲ အပ်ထားရမယ့် အရေးက ဆန်နီအတွက်တော့ မနှစ်မြို့စရာ ကောင်းလှပါတယ်..။ ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ သိပ်မရှိပါဘူး..။ လာမယ့် နှစ်ပတ် သုံးပတ်အတွင်းမှာ စစ်သင်္ဘောရဲ့ သင်္ဘောသားတွေနဲ့ ဒီသင်္ဘောအုပ်စုကို တာဝန်ယူထားတဲ့

ညလမ်းလျှောက်သူတွေကပဲ သူတို့အားလုံး အသက်ရှင်မလား သေမလားဆိုတာကို ဆုံးဖြတ်ပေးကြပါလိမ့်မယ်..။

'ချီးတဲ့မှပဲ...'

ရေကူးတာနဲ့ ပတ်သက်တဲ့ အစွမ်းထက် မှတ်သားမူ တွေ မရယူထားခဲ့မိတဲ့ အချက်ကို ဆန်နီ ရုတ်တရက် အတော်လေး မကျေမနပ် ဖြစ်သွားခဲ့တယ်..။ အဲဒါက သူ့ကို ဘေးကင်းတယ်ဆိုတဲ့ စိတ်ကူးယဉ်မှုလေးပဲ ပေးနိုင်ရင်တောင်မှ.. ဘာမှမရှိတာထက်စာရင် ပိုကောင်းဦးမှာပါ..။

'အန္တာတိက ရောက်ရင်တော့ ဒါကို ဦးစားပေး လုပ်ရမယ် ထင်တယ်..။ ငါ အခုလို ရေပြင်ကျယ်ကြီးတွေကို ဖြတ်ကျော်ရမှာ ဒါ နောက်ဆုံးအကြိမ် မဟုတ်လောက်ဘူး..။ စဉ်းစားကြည့်ရင်.. ငါကိုယ်တိုင်က ရေကြောင်း သွားလာမှုကို ဒီလောက်အထိ လျစ်လျူရှုထားမိတာ ထူးဆန်းနေသလိုပဲ..။ မှောင်မည်းနေတဲ့ ပင်လယ်ကြီးကနေ လွတ်မြောက်ဖို့ အချိန်အတော်ကြီး ပေးခဲ့ရပြီးတဲ့အချိန်မှာ.. ငတုံးတစ်ယောက်ဆိုရင်တောင် ရေကို လေးစားဖို့ သင်ယူပြီးလောက်ပြီ..'

ဒါပေမဲ့ အဲဒါကပဲ အကြောင်းရင်း ဖြစ်နိုင်ပါတယ်..။ မေ့ပျောက်ကုန်းမြေ ပေါ်မှာတုန်းက ဆန်နီ ဟာ ရေနက်ပိုင်းကို သေခြင်းတရားလို သတ်မှတ်ဖို့ အတော်လေး ကျင့်သားရနေခဲ့တာပါ..။ ဒီအတွက်ကြောင့် သူက ပင်လယ်ကို တခြား ဘာအဖြစ်မှ မစဉ်းစားခဲ့ဖူးပါဘူး..။

ဖြည်းဖြည်းချင်းပဲ ပထမ ကယ်ဆယ်ရွှေ့ပြောင်းရေး တပ်မတော် ရဲ့ နောက်ဆုံး ကျန်နေတဲ့သူတွေဟာ သံမဏိ ဝေလငါးကြီးတွေပေါ်ကို တက်သွားကြတယ်..။ ကုန်တင်ခန်း တံခါးတွေ ပိတ်သွားသလို.. အပေါက်တွေ အားလုံးကိုလည်း တင်းကျပ်စွာ ပိတ်လိုက်ကြပါပြီ..။ ကျောက်ဆူးတွေကို မတင်လိုက်တဲ့အခါမှာတော့ ကြီးမားတဲ့ သံကြိုးကြီးတွေက ဆူညံစွာ မြည်ဟိန်းသွားခဲ့တယ်..။

သူ့အောက်က စစ်သင်္ဘောကြီး တစ်ခုလုံးကတော့ အင်အားကြီးမားတဲ့ ဓာတ်ပေါင်းဖိုတွေ အလုပ်လုပ်လာတာကြောင့် တုန်ခါလာခဲ့ပါတယ်..။ အစပိုင်းမှာ ဖြည်းဖြည်းချင်း ဖြစ်ပေမဲ့.. နောက်ပိုင်းမှာတော့ ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ သင်္ဘောအုပ်စုကြီး စတင်ရွေ့လျားလာခဲ့တယ်..။ သံမဏိ သဘော်ကြီး အစီးလေးဆယ်ဟာ ရှေ့ကို ရွက်လွှင့်လာကြပြီး.. သူတို့ရဲ့ ဦးပိုင်းတွေက လှိုင်းလုံးတွေကို ဓားကြီးတွေလို ဖြတ်ကျော်သွားခဲ့ကြတယ်..။ ထောင်ပေါင်းများစွာသော လူတွေက ဒီ သံမဏိ သတ္တဝါကြီးတွေကို အသက်သွင်းရင်း လှုပ်ရှားနေကြတာပါ..။

ဆန်နီ က ဆိပ်ကမ်းခံတပ်ကြီး ဖြည်းဖြည်းချင်း သေးငယ်သွားတာကို ကြည့်နေခဲ့တယ်..။ မကြာခင်မှာပဲ ကမ်းခြေဟာ မြူနှင်းတွေကြားထဲမှာ ဖုံးလွှမ်းပြီး လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်..။

ပထမ ကယ်ဆယ်ရွှေ့ပြောင်းရေး တပ်မတော်ကြီးဟာ မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေကနေ ထွက်ခွာသွားခဲ့ပါပြီ..။

အပိုင်း ( ၈၃၀ ) ပြီး၏။

အပိုင်း ( ၈၃၁ ) မာစတာ နေဗီ

ခနအကြာမှာတော့.. လှိုင်းလုံးကြီးတွေ ရိုက်ခတ်နေတဲ့ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကလွဲလို့ သင်္ဘောအုပ်စုရဲ့ ပတ်ပတ်လည်မှာ ဘာမှ မရှိတော့ပါဘူး..။ တိုက်ခိုက်ရေး သင်္ဘောကြီး အစီးလေးဆယ်ဟာ ကျဉ်းမြောင်းတဲ့ ပုံစံနဲ့ ရွေ့လျားနေကြပြီး.. ကြောက်မက်ဖွယ်ကောင်းတဲ့ အလံတင်သင်္ဘောကြီးကတော့ စူးစမ်းလေ့လာရေး ရေယာဉ်စုရဲ့ ဦးဆောင်သူ အဖြစ် တာဝန်ယူထားပါတယ်..။ ရာပေါင်းများစွာသော အမြောက်ကြီးတွေက အရပ်မျက်နှာအနှံ့ကို ဦးတည်ထားခဲ့ကြတယ်။.. သူတို့ရဲ့ ပစ်ခတ်မှု ဧရိယာတွေက တစ်ခုနဲ့တစ်ခု ထပ်တူကျနေတာကြောင့် စစ်ကြောင်းရဲ့ ပတ်ပတ်လည်မှာ သေစေနိုင်တဲ့ တားမြစ်နယ်မြေတစ်ခုကို ဖန်တီးထားခဲ့တယ်..။

ဒါတောင်မှ.. ဆန်နီ ကတော့ စိတ်မအေးနိုင်သေးပါဘူး..။

သူက အောက်က လှုပ်ခတ်နေတဲ့ ရေမျက်နှာပြင်ကို နက်မှောင် မျက်နှာ နဲ့ အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။ သူတို့ရဲ့ ခရီးစဉ်က ခမ်းနားကြီးကျယ်လွန်းလှပေမဲ့.. သင်္ဘောအုပ်စုကတော့ အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်စွာနဲ့ပဲ ရွေ့လျားနေခဲ့ပါတယ်..။ တကယ်လို့ အားကောင်းတဲ့ သင်္ဘောဦးပိုင်းတွေက ရေပြင်ကို ခွဲထုတ်ပြီး သံမဏိချပ်ဝတ်တွေကို လာရိုက်ခတ်တဲ့ ရေသံသာ မရှိရင်.. ဆန်နီ အနေနဲ့ မျက်လုံးမှိတ်ထားရင်း သူ့ဘေးနားမှာ တခြားသင်္ဘောတွေ မရှိဘူးလို့တောင် စိတ်ကူးယဉ်မိနိုင်ပါတယ်..။

ပိုပြီး ယုံကြည်စိတ်ချရတဲ့ ဒီရေကြောင်းသွား သင်္ဘောတွေပေါ်မှာထက်.. ပျံသန်းနိုင်တဲ့ သင်္ဘောတွေပေါ်မှာ နေရတာက ပိုပြီး သက်သောင့်သက်သာရှိတယ်လို့ ခံစားနေရတာက ထူးဆန်းမနေဘူးလား..။

သူ သက်ပြင်းချလိုက်ပြီးနောက်.. သူ့ရဲ့ ဆက်သွယ်ရေးစက်ကို ဖွင့်ကာ ပထမ တပ်မတော် ရဲ့ အဖွဲ့ဝင်တိုင်းကို ပေးထားတဲ့ ရေကြောင်း ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်တွေကို ဖတ်ရှုလိုက်တယ်..။ ပြီးခဲ့တဲ့ အပတ်တွေတုန်းက လူတိုင်းဟာ ဒီစာရွက်စာတမ်း အတော်များများကို လေ့လာခဲ့ရသလို.. ပင်လယ်ပြင်ရဲ့ ထူးဆန်းတဲ့ စည်းကမ်းတွေကို ရင်းနှီးကျွမ်းဝင်အောင် ပင်ပန်းခက်ခဲတဲ့ လေ့ကျင့်ခန်းအချို့ကိုလည်း လုပ်ဆောင်ခဲ့ကြရပါတယ်..။

ဆန်နီ က တခြားသူတွေထက် မှတ်ဉာဏ် ပိုကောင်းတာကြောင့် ဒီလမ်းညွှန်ချက်တွေကို အလွတ်နီးပါး ရနေခဲ့ပါပြီ..။ အထွေထွေ ဖွဲ့စည်းပုံကတော့ နားလည်ရ လွယ်ကူပြီး သင်္ဘော ဒါမှမဟုတ် ရေယာဉ်စုတစ်ခုလုံးကို သတိပေးချက် ထုတ်ပြန်လာရင် ခရီးသည်တွေ ဘာလုပ်ရမလဲဆိုတာကို ရှင်းပြထားတာ ဖြစ်ပေမဲ့.. အဲ့ဒီထဲမှာ ထူးဆန်းပြီး နားလည်ရခက်တဲ့ စည်းကမ်းတွေလည်း အများကြီး ပါဝင်နေခဲ့ပါတယ်..။

ဥပမာအားဖြင့် လမ်းညွှန်ချက်ထဲမှာ "တကယ်လို့ မင်းက ထပ်တလဲလဲ ဖြစ်နေတဲ့ အိပ်မက်ဆိုးတွေကို မက်လာရင် ဒါမှမဟုတ် အဆက်မပြတ် ကြားယောင်နေတဲ့ အသံတွေကို ခံစားလာရရင် အနီးဆုံး ရေတပ်အရာရှိဆီကို ချက်ချင်း အစီရင်ခံပါ" ဆိုတာမျိုးတွေ.. ဒါမှမဟုတ် "သတိပေးချက် အဆင့်က အနက်ရောင် အထိ မြင့်တက်လာရင် လှုပ်ရှားမှုနဲ့ အလုပ်အားလုံးကို ရပ်ဆိုင်းလိုက်ပါ၊ ဘယ်လို အသံ၊ နှောင့်ယှက်မှု ဒါမှမဟုတ် တုန်ခါမှုကိုမှ မဖန်တီးပါနဲ့၊ မှတ်သားမူ တွေကို ဆင့်ခေါ်ခြင်း မပြုပါနဲ့၊ အဓိက အချက်အနေနဲ့ ဝိဥာဉ် အဆီအနှစ်တွေကို အတင်းအကြပ် လည်ပတ်ခြင်း မလုပ်ပါနဲ့" စတာတွေ ပါဝင်နေခဲ့တယ်..။

သတိပေးချက် အဆင့်တွေကိုတော့ အရောင်တွေနဲ့ ခွဲခြားထားပါတယ်..။ အနက်ရောင် က အမြင့်ဆုံးနဲ့ အဆိုးရွားဆုံး အဆင့်တွေထဲက တစ်ခုဖြစ်ပြီး.. ရေယာဉ်စုတစ်ခုလုံး တိုက်ပွဲဝင်ဖို့ ပြင်ဆင်ရမယ့် အနီရောင် အခြေအနေ တစ်ခုတည်းရဲ့ အောက်မှာပဲ ရှိတော့တာပါ..။ ဒါပေမဲ့ ဒီလို သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ စည်းကမ်းတွေလည်း အများကြီး ရှိနေပါသေးတယ်..။

ဒီစည်းကမ်း အများစုက ဘာတွေ ဖြစ်မလာအောင် တားဆီးဖို့လဲဆိုတာ ဆန်နီ မသိပေမဲ့လည်း.. ဒါတွေကို သိထားရတာက သူ့ကို အနည်းငယ်တော့ ပိုပြီး တည်ငြိမ်စေပါတယ်..။

'သင်္ဘောတွေက နယ်မြေတွေကြားမှာ အမြဲတမ်း သွားလာနေကြတာပဲ..။ ချီးပဲ.. အန္တာတိက အနောက်ပိုင်းနဲ့ တောင်အမေရိက ကြားမှာ အမြဲတမ်း ခရီးသွားနေတဲ့ သင်္ဘောတွေတောင် ရှိတာပဲကို..။ အများကြီး စိုးရိမ်ဖို့ မလိုပါဘူး..'

သူ သက်ပြင်းချလိုက်ပြီး.. စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါကာ အပေါ်ထပ် ကုန်းပတ်ကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်..။ ဆန်နီ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ.. နောက်လာမယ့် ရက်သတ္တပတ် အတော်ကြာကို ပင်လယ်ထဲမှာပဲ ကုန်ဆုံးရတော့မှာပါ..။ စိုးရိမ်စိတ်တွေ လွှမ်းမိုးခံနေရတာက ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး..။

သူ့မှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်..။ ရိုင်နို ကို သွားစစ်ဆေးတာကနေ.. ဒီအန္တရာယ်များတဲ့ ခရီးစဉ်အတွင်းမှာ အဖွဲ့သားတွေအတွက် ဘယ်လို အသုံးအဆောင်တွေ ရနိုင်မလဲဆိုတာ ရှာဖွေရမှာတွေ နဲ့.. လေ့ကျင့်ရေး အစီအစဉ်ကို ပြုပြင်ပြောင်းလဲတာတွေ အထိပေါ့..။ သူ့စစ်သားတွေရဲ့ မှတ်သားမူ တွေကို အဆင့်မြှင့်တင်ပေးဖို့နဲ့ အားဖြည့်ပေးဖို့ကိစ္စတွေကိုတော့ ပြောနေစရာတောင် မလိုတော့ပါဘူး..။

သူက အနီးဆုံး တံခါးပေါက်ဆီ လျှောက်သွားနေတုန်းမှာပဲ.. သင်္ဘောဦးပိုင်းမှာ တစ်ယောက်တည်း ရပ်ပြီး.. အစောတုန်းက သူ့လိုပဲ.. ကျယ်ပြောတဲ့ ရေပြင်ကို စိုက်ကြည့်နေတဲ့ လူတစ်ယောက်ကို ဆန်နီ ရုတ်တရက် မြင်လိုက်ရတယ်..။

ဒီလူက အရပ်ရှည်ပြီး လေထဲမှာ တဖျတ်ဖျတ် လွင့်နေတဲ့ အပြာရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပါတယ်..။ အောက်ဘက်မှာတော့ ဆန်နီ လိုပဲ အနက်ရောင် ဝတ်စုံကို ဝတ်ထားပေမဲ့ အနည်းငယ်တော့ ကွာခြားနေခဲ့တယ်..။ အဲဒါက ထူးဆန်းတဲ့ ပစ္စည်းတစ်ခုနဲ့ လုပ်ထားတာ ဖြစ်ပြီး.. ချပ်ဝတ်အောက်မှာ ဝတ်ရမယ့် အဝတ်အစားထက် ရေငုပ်ဝတ်စုံနဲ့ ပိုပြီး တူနေခဲ့ပါတယ်..။

သူစိမ်းက အဝေးမှာ ရပ်နေတာ ဖြစ်ပေမဲ့လည်း.. ဆန်နီ အနေနဲ့ သူ့ရဲ့ တည်ရှိမှုကို တံခါးပေါက်နားကနေတောင် ခံစားနေရတယ်..။ အဲဒါက ငြိမ်သက်ပြီး နက်ရှိုင်းကာ လျှို့ဝှက်ချက်တွေ ပြည့်နေသလို ဖြစ်နေခဲ့တာပါ..။

ဆန်နီ အနေနဲ့ သူက တခြား မာစတာ တစ်ယောက်ကို ကြည့်နေရတယ်ဆိုတာကို လုံးဝ မသံသယ မရှိခဲ့ပါဘူး..။

သူ ခနလောက် တုံ့ဆိုင်းနေပြီးမှ.. ပခုံးတွန့်လိုက်ကာ ဒီ မရင်းနှီးတဲ့ တက်ရောက်သူ ဆီကို ချဉ်းကပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ သူ ချဉ်းကပ်သွားတဲ့အခါမှာတော့ ဒီလူက လှည့်လာပြီး ဆန်နီ့ကို သတိထားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။

သူက အသက်သုံးဆယ် ဝန်းကျင်လောက် ရှိပြီး.. ချောမောခန့်ညားတဲ့အပြင် ထူးဆန်းလှပတဲ့ နက်ပြာရောင် မျက်လုံးတွေ ရှိနေခဲ့ပါတယ်..။ ထူးဆန်းစွာပဲ သူ့ရဲ့ အနက်ရောင် ဆံပင်တွေကလည်း နေရောင်နဲ့ တိုက်ရိုက် ထိတွေ့တဲ့အခါမှာ အပြာရင့်ရောင် အစက်အပြောက်လေးတွေ ရှိနေပုံ ရတယ်..။ ဒီလောက် နီးကပ်တဲ့ အကွာအဝေးမှာတော့.. သူစိမ်းဆီက ဖြာထွက်နေတဲ့ လျှို့ဝှက်တဲ့ ခံစားချက်က ပိုပြီး သိသာလာခဲ့ပါတယ်..။ သူ့ရဲ့ အစိတ်အပိုင်း အများစုက မြင်ကွင်းကနေ ကွယ်ပျောက်နေသလိုပါပဲ..။

ဆန်နီ ကတော့ သူ ဘယ်သူ့ကို ကြည့်နေရလဲဆိုတာ ရိပ်မိနေပါပြီ..။ သူ ခနလောက် စဉ်းစားလိုက်ပြီးမှ ရိုးရိုးရှင်းရှင်းပဲ နှုတ်ဆက်လိုက်တယ်..။

"ကောင်းသောနေ့လေးပါ..။ ကျွန်တော်က ပထမ နိုးထသူ အထူးတပ်ခွဲ ရဲ့ တက်ရောက်သူ

ဆန်းလပ်စ် ပါ.."

ဒီလူက သူ့ကို ခဏလောက် စိုက်ကြည့်ပြီး လေ့လာနေခဲ့တယ်..။ သူ့ရဲ့ နက်ပြာရောင် မျက်လုံးတွေက တစ်စုံတစ်ခုကို ရှာဖွေနေသလိုပါပဲ..။

...ယင်းနောက်.. မမျှော်လင့်ဘဲ သူ့ရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ ကြီးမားတဲ့ အပြုံး တစ်ခု ပေါ်လာခဲ့ပါတယ်..။

"အာ.. ငါက ညအိမ်တော် က တက်ရောက်သူ

နေဗီ ပါ.."

သူက ဆန်နီကို ထူးဆန်းတဲ့ အမူအရာနဲ့ ခနလောက် စိုက်ကြည့်နေပြီးမှ.. ရုတ်တရက် လွှတ်ခနဲ ပြောမိလိုက်ပါတယ်..။

"နင် ရူးနေတာလား.."

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်မိပါတယ်..။ အဲ့အချိန်မှာတော့ နေဗီ က သဘောကျစွာ ရယ်မောပြီး သူ့လက်ကို လေထဲမှာ ဝေ့ယမ်းလိုက်တယ်..။

"ဆောရီး ဆောရီး..ငါက အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး..။ ငါ့သမီးလေးက မင်းရဲ့ အကြီးမားဆုံး ပရိတ်သတ် ဖြစ်နေတာလေ.."

'...ဘာလဲဟ.."

ဆန်နီ လုံးဝ အံ့အားသင့် နေတုန်းခဲ့ပြီး.. နာမည်ကျော် နိုက်ကလန် ရဲ့ အဖွဲ့ဝင်ကို ကြည့်ကာ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ရတယ်..။ နောက်ဆုံးမှာတော့ သူက အနည်းငယ် လှုပ်ရှားလိုက်ပြီး မေးခွန်းတစ်ခုကို မေးလိုက်

ပါတယ်..။

"ခင်ဗျား သမီးက.. အသက် ဘယ်လောက်ရှိပြီ

မို့လို့လဲ.."

နေဗီ ပြုံးလိုက်တယ်..။

"ကလေး က ငါးနှစ် ရှိပြီလေ..။ 'အလင်းနဲ့ အမှောင်ရဲ့ သီချင်း' က သူမ အကြိုက်ဆုံး ရုပ်ရှင်ပဲ..။ သူမ အဲဒါကို အခါတစ်ရာလောက် ကြည့်ပြီးလောက်ပြီ..။ဒါပေမဲ့ ဆင်ဆာ ဖြတ်ထားတဲ့ ဗားရှင်း ပေါ့လေ..။ သမီးက မင်းရဲ့ ဇာတ်ကောင်ကို တကယ့်ကို စွဲလမ်းနေတာ..။ မင်းက သူမရဲ့ အိုင်ဒေါပဲလေ...။ အာ.. တကယ်ပဲ တောင်းပန်ပါတယ် မာစတာ ဆန်းလပ်စ် ..။ ငါ့ရဲ့ ယဉ်ကျေးမှု မရှိတာကို ခွင့်လွှတ်ပါ..။ ငါ တကယ်.. စိတ်လှုပ်ရှားသွားလို့ပါ.."

ညအိမ်တော် ရဲ့ အဖွဲ့ဝင်ဟာ ခနလောက် တိတ်သွားပြီးမှ.. ရုတ်တရက် ဘယ်ကနေမှန်းမသိ စက္ကူတစ်ရွက်နဲ့ ဘောပင်တစ်ချောင်းကို ထုတ်ပြီး ဆန်နီကို ကမ်းပေးလိုက်ပါတယ်..။

ဆန်နီ ကတော့ မျက်နှာသေနဲ့ ငုံ့ကြည့်လိုက်ပြီး မျက်ခုံးပင့်တင်လိုက်တယ်..။

"အင်း..ကျွန်တော်က ဒါနဲ့ ဘာလုပ်ရမှာလဲ.."

မာစတာ နေဗီ က သူ့ကို အတော်ကြာအောင် အနေရခက်စွာနဲ့ စိုက်ကြည့်နေခဲ့ပြီးမှ..

"အဲဒါက.. လက်မှတ်လေး တစ်ချက်လောက် ထိုးပေးလို့ ရမလား..။ ကျေးဇူးပြုပြီး..သိတယ်မလား.. ငါ့သမီးဆီမှာ အမှတ်ယူချင်လို့ပါ.."

အပိုင်း ( ၈၃၁ ) ပြီး၏။

All Chapters