← Chapters

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အပိုင်း ( ၈၃၂ ) မုန်တိုင်း၏ အမွေခံများ

ဆန်နီ က စာရေးတတ်ပါတယ်..။ ဒါပေမဲ့ လက်နဲ့ရေးတဲ့ အတွေ့အကြုံ သိပ်မရှိသလို.. လက်မှတ်ဆိုတာလည်း သူ့မှာ မရှိပါဘူး..။ ဘာလို့လဲဆိုတော့ အပြင်လောကက လူတွေ၊ အထူးသဖြင့် ဆင်ခြေဖုံးရပ်ကွက်က လူတွေဟာ အချက်အလက်တွေကို လက်ဆင့်ကမ်းဖို့ စက္ကူနဲ့ ဘောပင်ကို မသုံးသလောက် ဖြစ်နေလို့ပါပဲ..။ အရာအားလုံးက ဒီဂျစ်တယ်စနစ်နဲ့ သိမ်းဆည်းထားတာပဲလေ.. ဘာလို့ အဲ့ဒါတွေကို သုံးနေတော့မှာလဲ..။

ဒါပေမဲ့ သူက တခြားသူတွေထက်စာရင်တော့ အခြေအနေ ပိုကောင်းပါတယ်..။ အိပ်မက် ကမ္ဘာ ထဲမှာတော့ စွန့်ပစ်ခံထားရတဲ့ ရိုးရာဓလေ့တွေက ပြန်လည် အသက်ဝင်လာတတ်တာကြောင့်.. ဆန်နီ ဟာ စက္ကူပေါ်မှာ သူ့နာမည်ကို အတော်လေး ကြည့်ကောင်းအောင် ရေးခြစ်ပေးနိုင်ခဲ့တယ်..။

ဒါကို ညအိမ်တော် ရဲ့ မာစတာ နေဗီ ဆီ ပြန်ပေးရင်းနဲ့ သူက အနေရခက်စွာ ပြုံးလိုက်ပါတယ်..။

"ဒီမှာ.. ခင်ဗျား ရဲ့ သမီးလေး သဘောကျမယ်လို့.. မျှော်လင့်ပါတယ်.."

မျိုးနွယ်စုကြီးရဲ့ အနွယ်ဝင်ကတော့ စက္ကူလေးကို ကျေးဇူးတင်စွာနဲ့ လက်ခံယူပြီး သူ့ကုတ်အင်္ကျီ အိတ်ကပ်ထဲ ထည့်လိုက်တယ်..။

"တကယ်ကို ကျေးဇူးတင်ပါတယ်..။ ငါက အပြင်ထွက်နေရတာ များတော့.. ဒါက အများကြီး အထောက်အကူ ဖြစ်မှာပါ..။ နောက်တစ်ခါ သမီးကို ပြန်တွေ့ရင် သူက ခြောက်နှစ်တောင် ပြည့်နေလောက်ပြီ..။ ပြီးတော့ ငါ အကြာကြီး ပျောက်နေလို့ တော်တော်လေး စိတ်ကောက်နေမှာ သေချာတယ်..။ လက်ဆောင်တစ်ခုနဲ့ ပြန်သွားတာကတော့ အကူအညီ ဖြစ်မှာပါ.."

သူက ဆန်နီကို စစ်မှန်တဲ့ ပျော်ရွှင်မှုတွေနဲ့ ကြည့်လိုက်တယ်..။ ယင်းနောက် သူ့ရဲ့ ထူးဆန်းတဲ့ နက်ပြာရောင် မျက်လုံးတွေထဲမှာ တစ်စုံတစ်ခုကို သိနားလည်သွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့တယ်..။

နေဗီ က ပင်လယ်ပြင်ကြီးကို လက်ညှိုးညွှန်ပြပြီး မေးလိုက်ပါတယ်..။

"မင်းက ရေပြင်ပေါ်မှာဆိုရင် သိပ်ပြီး သက်သောင့်သက်သာ မရှိဘူး မဟုတ်လား.."

ဆန်နီ ခနလောက် တုံ့ဆိုင်းသွားပြီးမှ နှာခေါင်းရှုံ့လိုက်တယ်..။

"ခင်ဗျားကိုယ်တိုင်လည်း ရုပ်ရှင် ကြည့်ဖူးမှာပဲလေ..။ ကျုပ်က ပင်လယ်နဲ့ ပတ်သက်ရင် ရှုပ်ထွေးတဲ့ ဆက်ဆံရေး ရှိနေတာက အံ့ဩစရာ ဖြစ်နေလို့လား.."

ချောမောတဲ့ မာစတာ က ပြုံးလိုက်ပါတယ်..။

"အိုး.. ဟုတ်သားပဲ.. ငါ ဒါကို မစဉ်းစားလိုက်မိဘူး.. ဆောရီးပါ..။ ဒါပေမဲ့.. အနည်းဆုံးတော့ မင်းက ဒါကို ရင်းနှီးနေတာပဲလေ..။ လူအများစုကတော့ ဒါကို အမှန်တကယ် နားမလည်ကြဘူး.."

လူတွေ ဘာကို နားမလည်ကြတာလဲဆိုတာကိုတော့ သူ အတိအကျ ပြောစရာ မလိုပါဘူး..။ ခနတာအတွင်းမှာပဲ ဒီလူသား နှစ်ယောက်ကြားမှာ ထူးဆန်းတဲ့ ရင်းနှီးမှု တစ်ခု ဖြစ်ပေါ်သွားခဲ့တယ်..။ သူတို့ နှစ်ယောက်စလုံးက ရေနက်ပိုင်းရဲ့ နားမလည်နိုင်တဲ့ ထိတ်လန့်စရာတွေကို သိထားကြတာကြောင့်ပါပဲ.. ။အဲဒါက ဒီဘက်ခေတ်မှာတော့ ရှားပါးတဲ့ အရာတစ်ခု ဖြစ်နေခဲ့ပါပြီ..။

ဆန်နီ သက်ပြင်းချလိုက်ပြီး.. သံမဏိ သင်္ဘောကြီးတွေရဲ့ ကြီးမားလှတဲ့ ပုံရိပ်တွေကို ခနလောက် စောင့်ကြည့်နေရင်း မေးလိုက်တယ်..။

"အင်း.. ကျွန်တော်တို့တွေ အန္တာတိက ကို အသက်ရှင်လျက် ရောက်ဖို့ အခွင့်အလမ်း ဘယ်လောက် ရှိနိုင်မလဲ.."

နေဗီ က ရယ်မောလိုက်ပါတယ်..။

".. ငါသာ မင်းနေရာမှာဆိုရင် သိပ်စိုးရိမ်နေမှာ မဟုတ်ဘူး..။ ဒါပေါ့.. ဘာမဆို ဖြစ်နိုင်တာပဲလေ..။ ဒါပေမဲ့ ဒီသင်္ဘောအုပ်စုကတော့ ငါတို့ လုပ်နိုင်သလောက် အလုံခြုံဆုံး ဖြစ်အောင် လုပ်ထားတာပဲ.."

သူက သင်္ဘောအုပ်စုရဲ့ အရှေ့ဆုံးကနေ ရွေ့လျားနေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်သင်္ဘောကြီးကို လက်ညှိုးညွှန်ပြလိုက်တယ်..။

"အဲဒီ အလံတင်သင်္ဘော ပေါ်မှာ ညအိမ်တော် ရဲ့ သူတော်စင် တစ်ယောက် ပါတယ်..။ ပြီးတော့ တခြားသင်္ဘောတွေပေါ်မှာလည်း ငါ့လိုမျိုး ညလမ်းလျှောက်သူ တွေ အများကြီး ရှိနေသေးတယ်လေ..။ သင်္ဘောတိုင်းမှာလည်း ငါ့မျိုးနွယ်စုက အတွေ့အကြုံရှိတဲ့ နိုးထသူ စစ်သည်တွေ အနည်းဆုံး တစ်ဖွဲ့စီ ရှိကြတယ်..။ ငါတို့က ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိတာကြောင့်.. ဒီရေယာဉ်စုကို ခြိမ်းခြောက်နိုင်တဲ့ အရာက သိပ်မရှိပါဘူး..။ အန္တာတိက ကို အရောက်သွားမှာပါ.. သံသယ မဖြစ်ပါနဲ့.."

မျိုးနွယ်စုကြီးရဲ့ အနွယ်ဝင်က ခနလောက် တိတ်ဆိတ်သွားပြီးမှ.. ပိုပြီး လေးနက်တဲ့ လေသံနဲ့ ဆက်ပြောလာခဲ့ပါတယ်..။

"ငါတို့က ဒီခရီးစဉ်ကို အကြိမ်ပေါင်းများစွာ သွားရမှာလေ..။ ဒုက္ခသည်တွေကို ခေါ်ထုတ်လာရမယ်.. ပြီးတော့ အစိုးရစစ်တပ်အတွက် စစ်ကူတွေနဲ့ ပြန်သွားရမယ်..။ ဒီရေယာဉ်စု လေးခုစလုံးကို မပျက်စီးနိုင်လောက်အောင် တည်ဆောက်ထားတာပဲ..။ ဒါပေမဲ့.. အဲဒါနဲ့ပဲ ခရီးသည်တွေ အေးအေးဆေးဆေး နေလို့ရတယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်..။ သတိဝီရိယ ရှိရှိ နေပါ မာစတာ ဆန်းလပ်စ် .. ။ပြီးတော့ ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်ထဲက စည်းကမ်းတွေကိုလည်း သေချာ မှတ်ထားပါ..။ ငါတို့က အကြောင်းရှိလို့ ဒါတွေကို ထည့်ထားတာလေ.."

ဆန်နီ က ချောမောတဲ့ လူကို ကြည့်ပြီး ပြုံးလိုက်တယ်..။

"အိုး.. ဒီအတွက်တော့ ခင်ဗျား စိုးရိမ်စရာ မလိုပါဘူး..။ ကျုပ် တစ်ခုလုံးကို အလွတ်နီးပါး မှတ်ထားပြီးသားပဲ..။ကျွန်တော်မှာ အားနည်းချက်တွေ အများကြီး ရှိနိုင်ပေမဲ့.. အကြောင်းပြချက်မရှိဘဲ ကြောက်စိတ်လွန်ကဲတာကတော့ အဲဒီထဲမှာ မပါပါဘူး.."

နေဗီ က ပြုံးပြလိုက်ပါတယ်..။

"ဒါက တကယ်ကို ထူးခြားတဲ့ အရည်အချင်းပဲ..။ လူတွေ အားလုံးကသာ အဲဒီလိုမျိုး အကြောင်းပြချက်မရှိဘဲ မကြောက်တတ်ကြရင် ကောင်းမှာပဲ.."

ဆန်နီ ဟာ ညလမ်းလျှောက်သူ နဲ့ နောက်ထပ် မိနစ်အနည်းငယ်လောက် စကားပြောပြီးမှ ထွက်လာခဲ့တယ်..။ မာစတာ နေဗီ က မမျှော်လင့်ဘဲ ဖော်ရွေပြီး ပေါင်းသင်းလို့ ကောင်းတဲ့သူ ဖြစ်နေခဲ့ပါတယ်..။ သူက တခြား အင်အားကြီး မျိုးနွယ်စုတွေရဲ့ မောက်မာတဲ့ ကိုယ်စားလှယ်တွေနဲ့ လုံးဝ မတူပါဘူး..။

စကားပြောပြီးတဲ့နောက်မှာတော့ ဆန်နီ့ရဲ့ အခြေအနေက အများကြီး ပိုကောင်းသွားတယ်လို့ ခံစားလိုက်ရတယ်..။ သူက ညအိမ်တော် အပေါ်မှာလည်း အနည်းငယ် စိတ်ဝင်စားသွားခဲ့ပါတယ်..။

ဒီ တတိယမြောက် မျိုးနွယ်စုကြီးက သူ့အတွက် အမြဲတမ်း ပဟေဠိ တစ်ခု ဖြစ်နေခဲ့တာပါ..။ ညလမ်းလျှောက်သူ တွေက အုပ်စိုးသူ တစ်ယောက်ရဲ့ စောင့်ရှောက်မှုကို မရရှိကြပေမဲ့.. အစားထိုးလို့မရတဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားကြတယ်..။ အဲဒီ ထူးခြားတဲ့ အားသာချက်ကပဲ သူတို့ကို လူသားတွေရဲ့ ထိပ်ဆုံး အဆင့်အတန်းမှာ နေရာတစ်ခု ရစေခဲ့တာပါ..။

ဒါပေမဲ့ အဲဒီ အားသာချက်က အတိအကျ ဘာလဲ..။

ညအိမ်တော် ရဲ့ အနွယ်ဝင်တစ်ယောက်နဲ့ ကိုယ်တိုင် တွေ့ဆုံပြီးတဲ့နောက်မှာတော့ ဆန်နီ့ရဲ့ သံသယက အတော်လေး အတည်ဖြစ်သွားခဲ့တယ်..။ နေဗီ ဆီက ရတဲ့ ခံစားချက်က သူ အရင်က နှစ်ကြိမ် ကြုံဖူးခဲ့တဲ့ ခံစားချက်နဲ့ အတော်လေး ဆင်တူနေလို့ပါပဲ..။ တစ်ကြိမ်က အနက်ရောင် တာဝါ ရဲ့ စတုတ္ထအဆင့်က နတ်စင်မှာ ဖြစ်ပြီး.. နောက်တစ်ကြိမ်ကတော့ ညဘုရားကျောင်း ရဲ့ ခန်းမဆောင်ကြီးထဲမှာ ဖြစ်နေခဲ့တာပါ..။

နှစ်ခုစလုံးက မုန်တိုင်းနတ်ဘုရား ကို ရည်စူးထားတာ ဖြစ်ပြီး.. သူကတော့ ရေနက်ပိုင်း၊ သမုဒ္ဒရာ၊ အမှောင်ထု၊ ကြယ်တာရာ၊ ခရီးသွားလာခြင်း၊ လမ်းညွှန်ခြင်းနဲ့ ဘေးအန္တရာယ်တွေရဲ့ နတ်ဘုရားပါပဲ..။ ကောင်းကင် နတ်ဘုရားမ ရဲ့ စွမ်းရည်တွေ အားလုံးက ညအိမ်တော် က လူသားလူ့အဖွဲ့အစည်းမှာ လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍနဲ့ ထူးဆန်းစွာ ဆက်စပ်နေတာကြောင့်.. ဒါက တိုက်ဆိုင်မှုတစ်ခုလို့ ဆန်နီ မထင်ပါဘူး..။

သူ အရင်က ခန့်မှန်းခဲ့တာက မှန်ကန်ပုံ ရပါတယ်..။ မျိုးနွယ်စုကြီးကို တည်ထောင်သူ ဖြစ်တဲ့.. လျှို့ဝှက်ဆန်းကြယ်တဲ့ နိုးထသူ "ညလမ်းလျှောက်သူ" ဟာ မုန်တိုင်းနတ်ဘုရား ရဲ့ သွေးမျိုးဆက်ကို ဆက်ခံနိုင်ခဲ့ပြီး.. အဲဒီ စွမ်းအားကို ညအိမ်တော် ရဲ့ ကျန်တဲ့သူတွေဆီတစ်နည်းနည်းနဲ့ မျှဝေထားတာကတော့ အသေအချာပါပဲ..။

'ဒါဆိုရင်.. နတ်ဘုရား ခြောက်ပါးစလုံးရဲ့ သွေးမျိုးဆက်တွေက ပေါ်လာပြီပေါ့..'

ညအိမ်တော် က မုန်တိုင်းနတ်ဘုရား ရဲ့ သွေးမျိုးဆက်ကို ဆက်ခံခဲ့တယ်..။

အင်မော်တယ် မီးတောက် က နေနတ်ဘုရား ရဲ့ သွေးမျိုးဆက်ကို ဆက်ခံခဲ့တယ်..။

ဗာလာ က စစ်နတ်ဘုရား ရဲ့ သွေးမျိုးဆက်ကို ဆက်ခံခဲ့တယ်..။

ဆောင်ကလန် ကတော့ သားရဲနတ်ဘုရား ရဲ့ သွေးမျိုးဆက်ကို ဆက်ခံထားတာ ဖြစ်နိုင်ခြေ အရှိဆုံးပါပဲ..။ အဲဒါက ကီဆောင် ရဲ့ မွေးစားသမီးဖြစ်တဲ့ ဆိုင်ရှန် အကြောင်း သူ သိထားတာတွေအရ ရှင်းလင်းနေခဲ့ပါတယ်..။

ဆန်နီ ကတော့ အရိပ်နတ်ဘုရား ရဲ့ သွေးမျိုးဆက်ကို ဆက်ခံဖို့ ဖြစ်ခဲ့ပေမဲ့.. အဲဒါက ဝီဗာသွေး ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပါတယ်..။

ဒါဆိုရင် နတ်ဘုရား ခြောက်ပါးထဲမှာ ရှာဖွေရ အခက်ဆုံးဖြစ်တဲ့ နှလုံးသားနတ်ဘုရား ပဲ ကျန်ပါတော့တယ်..။ ပြီးတော့ အုပ်စိုးသူတွေထဲမှာ ရှာဖွေရ အခက်ဆုံးဖြစ်တဲ့ အက်စတာရီယွန် ..။

ဒါပေါ့.. ဆန်နီ မှားရင်လည်း မှားနိုင်ပါတယ်..။ ကီဆောင် က နှလုံးသားနတ်ဘုရား ရဲ့ အမွေခံ ဖြစ်နိုင်ပြီး.. အက်စတာရီယွန် က သားရဲနတ်ဘုရား ရဲ့ အမွေခံ ဖြစ်နေတာမျိုး.. ဒါမှမဟုတ် သွေးမျိုးဆက် လုံးဝ မရှိတာမျိုးလည်း ဖြစ်နိုင်တာပါပဲ..။

ဒါပေမဲ့ ဒီလို ဖြစ်လာဖို့ အခွင့်အလမ်းက ဘယ်လောက် ရှိမှာလဲ..။

'ဒါက ကောင်းပါတယ်..။ ဒါပေမဲ့ ဒါတွေ အားလုံးက ဘာကို ဆိုလိုတာလဲ..'

နတ်ဘုရား သွေးမျိုးဆက်တွေက အတိအကျ ဘာတွေကို ဆိုလိုတာလဲ..။ သူတို့ကို ပိုင်ဆိုင်တဲ့သူတွေကို အားကောင်းတဲ့ စွမ်းအားတွေ ပေးတာကလွဲလို့ တခြား ရည်ရွယ်ချက် ရှိသေးလား..။ သူတို့က ရှေးဟောင်း သွေးမျိုးဆက်တွေရဲ့ အကြွင်းအကျန်တွေပဲလား.. ဒါမှမဟုတ် အကြောင်းပြချက် တစ်ခုခုကြောင့် ချန်ထားခဲ့တာလား..။

ပိုပြီး အရေးကြီးတာက.. အခုဆိုရင် နတ်ဘုရား သွေးမျိုးဆက် ခြောက်ခုထဲက တစ်ခုကို မိစ္ဆာ တစ်ကောင်ရဲ့ တားမြစ်ထားတဲ့ သွေးမျိုးဆက်က လုယူသွားပြီဆိုတော့.. ဘာတွေ ဆက်ဖြစ်လာမှာလဲ..။

ဆန်နီ ဘာမှ မသိပါဘူး..။

သူ ခေါင်းခါလိုက်ပြီး.. ကြီးမားလှတဲ့ စစ်သင်္ဘောကြီးရဲ့ သံမဏိ အောက်ခြေတွေထဲကို ဆင်းသွားကာ.. ဒီအချိန်အတောအတွင်း သင်္ဘောကြီးကို စူးစမ်းနေခဲ့တဲ့ သူ့ရဲ့ အရိပ်တွေနဲ့ ပြန်ပေါင်းစည်းလိုက်တယ်..။

'နောက်ကျရင် တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ သိလာမှာပဲ..။ အခုလောလောဆယ်တော့.. ငါ တကယ်ပဲ ရိုင်နို ကို သွားကြည့်သင့်ပြီ..'

ဆန်နီ ခြေလှမ်းတွေကို မြှင့်တင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်..။

'ရမှတ်တွေ ဒီလောက် အကုန်ကျခံထားပြီးမှတော့.. ဒီကောင်က ကောင်းနေမှ ဖြစ်မယ်..'

အပိုင်း ( ၈၃၂ ) ပြီး၏။

အပိုင်း ( ၈၃၃ ) ရိုင်နို

စစ်သင်္ဘောကြီး ပေါ်က ယာဉ် ဟာ ကုန်တင်ခန်းငယ် တစ်ခုလုံးကို နေရာယူထားပါတယ်..။ဒီနေရာကို ကုန်တင်ခန်းငယ်လို့ ခေါ်ပေမဲ့လည်း.. တကယ်တမ်းတော့ စက်ယန္တရားကြီးတွေနဲ့ လူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျယ်ဝန်းလှတဲ့ သံမဏိခန်းမကြီး တစ်ခုပါပဲ..။

ခြေလှမ်းတိုင်းမှာ ကြမ်းပြင်က အနည်းငယ် ယိမ်းထိုးနေတာကို ခံစားရင်း.. ဆန်နီ ဟာ စစ်ပွဲသုံး အင်ဂျင်အမျိုးမျိုး တပ်ဆင်ထားတဲ့ စင်တွေကြားထဲကနေ လျှောက်လာခဲ့လိုက်တယ်။.. နောက်ဆုံးမှာတော့ သူ့အဖွဲ့အတွက် သတ်မှတ်ထားတဲ့ နေရာဆီကို ရောက်လာခဲ့ပါတယ်..။

ဒီနေရာမှာတော့ သူက ရိုင်နို ကို နောက်ဆုံးတော့မြင်တွေ့ခွင့်ရပါပြီ..။

ဆန်နီ ဟာ ခနလောက် ငြိမ်သက်နေပြီးတော့ ဒီခိုင်မာတောင့်တင်းလှတဲ့ ယာဉ်ကြီးကို အကဲခတ်နေခဲ့တယ်..။

ဒီ သံချပ်ကာ လူတင်ယာဉ်က ထောင့်မှန်ကျကာ တုတ်ခိုင်ပြီး.. ခိုင်ခံ့တဲ့ ကိုယ်ထည်ပေါ်မှာ အဆင့်မြင့် သတ္တုစပ် သံချပ်ကာပြားတွေနဲ့ ဖုံးအုပ်ထားပါတယ်..။ သူ့ရဲ့ ဒီဇိုင်းက ကြံ့ခိုင် ပြောင်လက်နေသလို.. တစ်ခုခုကို အမဲလိုက်တော့မယ့် သားရဲတစ်ကောင်လိုလည်း ထူးဆန်းစွာ ခံစားနေရတယ်..။ စက်ယန္တရား တစ်ခုလုံးက ရထားတွဲ တစ်တွဲနီးပါးလောက် ကြီးမားပြီး.. သူ့ရဲ့ အလွန်အမင်း လေးလံတဲ့ အလေးချိန်ကိုတော့ အားကောင်းတဲ့ ဘီးကြီး ခြောက်ဘီးက ထိန်းထားပေးပါတယ်..။

ကြီးမားတဲ့ ဘီးတစ်ဘီးစီဟာ လူတစ်ယောက်လောက် မြင့်မားသလို.. ရိုင်နို ရဲ့ သံမဏိကိုယ်ထည်လိုပဲ မာကျောလှပါတယ်..။ ဒီ ယာဉ်ကြီးကို အတတ်နိုင်ဆုံး လျင်မြန်အောင် လုပ်ဖို့အတွက် အင်ဂျင်နီယာ အတတ်ပညာတွေ အများကြီး အသုံးပြုထားခဲ့ရတာပါ..။ ဘီးတွေကို အလွန်ခိုင်ခံ့တဲ့ ဆိုင်းထိန်းစနစ်နဲ့ ချိတ်ဆက်ထားရုံတင် မကဘဲ.. ကိုယ်ထည်ကနေ ထွက်လာနိုင်တဲ့ တိုတောင်းတဲ့ ခြေလက်အင်္ဂါတွေနဲ့လည်း တွဲထားတာကြောင့် ယာဉ်ရဲ့ အနိမ့်အမြင့်နဲ့ လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်..။

ဒီ ယာဉ်ကြီးမှာ အားကောင်းတဲ့ တွန်းကန်စက်တွေလည်း ပါဝင်တာကြောင့်.. အချိန်တိုအတွင်းမှာ ကိုယ်ပိုင် ပျံသန်းနိုင်စွမ်း ရှိသလို.. အကွာအဝေး အနည်းငယ်ကို ခုန်ကျော်တာ ဒါမှမဟုတ် မြင့်တဲ့နေရာက ဆင်းသက်တဲ့အခါမှာလည်း ရိုက်ချက်တွေကို လျှော့ချပေးနိုင်ပါတယ်..။ထပ်​ပြောရရင် ဒီယာဥ်က ရေပေါ်မှာပါ သွားလာနိုင်တဲ့ ယာဉ်အဖြစ် အသုံးပြုလို့ ရပေမဲ့.. ဆန်နီ ကတော့ အဲ့ဒီလို လုပ်ဖို့ အစီအစဉ် မရှိပါဘူး..။

ရိုင်နို ဆိုပြီး ထူးဆန်းစွာ နာမည် ပေးထားရတဲ့ အဓိက အချက်ကတော့.. သူ့ရဲ့ ကျယ်ပြန့်တဲ့ ယာဉ်ဦးပိုင်းမှာ အပေါ်ကို အနည်းငယ် ကြွနေတဲ့ ကြီးမားတဲ့ သံမဏိ သပ်ပြားကြီးကြောင့်ပါပဲ..။ ဒီ သံမဏိပြားကြီးကို မြေပြင်အထိ နှိမ့်ချလိုက်ရင်တော့ ဒီ ယာဉ်ကြီးဟာ လေးလံတဲ့ ဝိုင်းရံတိုက်ခိုက်ရေး တူကြီး တစ်ခုလို ဖြစ်သွားပါလိမ့်မယ်..။ အဲဒီ ထက်မြက်တဲ့ သံမဏိပြားကြီးကို ချလိုက်တဲ့အခါမှာတော့.. ဒီ သတ္တုသားရဲကြီးဟာ နံရံတွေ၊ အပျက်အစီးပုံတွေ၊ သဘာဝ အတားအဆီးတွေနဲ့ အိပ်မက်ဆိုး သတ္တဝါ တွေရဲ့ အသားတွေကို အလွယ်တကူ ထိုးဖောက်ဖျက်ဆီးပစ်နိုင်မယ့် ပုံစံမျိုး ပေါက်နေခဲ့ပါတယ်..။

ဆန်နီ ကတော့ ဒါကိုကြည့်ပြီး ကျေနပ်အားရစွာနဲ့ အကဲခတ်နေခဲ့တယ်..။

'ကောင်းပြီလေ.. ဟုတ်ပြီ..။ .. ဒါက တကယ်ကို ကြည့်ကောင်းတယ် ဆိုတာတော့ ဝန်ခံရမှာပဲ '

သူက အောက်ကို့ ငုံ့လိုက်ပြီး ယာဉ်ကို စစ်ဆေးနေတဲ့ ကင်မ် နဲ့ ဆမ်မာရာ တို့ကို ကြည့်လိုက်တယ်..။ သူက သူ့ရဲ့ နည်းပညာရှင်တွေဆီ လျှောက်သွားပြီး ခပ်အေးအေး လေသံနဲ့ မေးလိုက်ပါတယ်..။

"ကဲ.. အခြေအနေ ဘယ်လို ရှိလဲ.."

ဆမ်မာရာ က သူမရဲ့ ဆက်သွယ်ရေးစက် မျက်နှာပြင်ကနေ အကြည့်လွှဲကာ လှမ်းကြည့်လိုက်တယ်..။ဆက်သွယ်ရေးစက် မျက်နှာပြင်ပေါ်မှာတော့ ရှုပ်ထွေးတဲ့ စမ်းသပ်မှု ရလဒ်တွေကို ဖော်ပြနေခဲ့တာပါ..။ သူမက သူ့ကို ပြုံးပြလာခဲ့ပြီး...

"အားလုံး အဆင်ပြေပါတယ် ကပ္ပတိန် ..။ သူက တကယ့် သားရဲကြီး တစ်ကောင်ပဲ.."

ကင်မ် ကတော့ မီးခိုးရောင် ခြယ်ထားတဲ့ ယာဉ်ရဲ့ မျက်နှာပြင်ကို ချစ်ခင်မြတ်နိုးစွာနဲ့ ပုတ်ပေးနေခဲ့တယ်..။

"ဒါက တကယ့်ကို အဆင့်မြင့် စက်ယန္တရားကြီးပဲ..။ ရိုင်နို က လေးလံတဲ့ သံချပ်ကာတွေ တပ်ဆင်ထားတာတောင် တကယ်ကို မြန်လွန်းတယ်..။ လှုပ်ရှားရတာလည်း အရမ်း သွက်လက်ပြီး အတွင်းပိုင်း အစိတ်အပိုင်းတွေကလည်း တကယ့်ကို ခံနိုင်ရည် အပြည့်ရှိတယ်..။ ကျွန်မတို့ ဝယ်ထားတဲ့ ဈေးကြီးတဲ့ အဆင့်မြှင့်တင်မှုတွေနဲ့ဆိုရင်တော့ သူက တကယ့် သားရဲကြီး တစ်ကောင် ဖြစ်နေပြီ.."

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်မိတယ်..။ သူ့ရဲ့ လူတင် ယာဉ်ကြီးကို "သူ" လို့ အခေါ်ခံရတဲ့ အချက်ကိုတော့ သူ လက်ခံနိုင်အောင် ကြိုးစားလိုက်ရပါတယ်..။

အဲ့အချိန်မှာပဲ ကင်မ် က လှုပ်ရှားနေရင်း တုံ့ဆိုင်းတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

"ဟို.. ကပ္ပတိန် .. အတွင်းထဲကို ဝင်ကြည့်ချင်သေးလား.."

ဆန်နီ က သူမကို ပေါ့ပေါ့ပါးပါးပဲ ကြည့်ပြီး ပခုံးတွန့်ပြလိုက်ပါတယ်..။

"ကြည့်ရအောင်လေ.."

'ကြည့်ချင်တာပေါ့..ဒါက မေးနေစရာ လိုလို့လား.."

သူက ဖွင့်ထားတဲ့ တံခါးကနေတစ်ဆင့် ရိုင်နို ထဲကို ဝင်လိုက်ပြီး.. မတ်စောက်တဲ့ လှေကားထစ်တွေအတိုင်း တက်သွားတဲ့အခါမှာတော့ ဒီ ကြီးမားတဲ့ ယာဉ်ကြီးရဲ့ အတွင်းပိုင်းကို ရောက်သွားခဲ့ပါတယ်..။

အတွင်းထဲက အရာအားလုံးက ရိုးရှင်းပြီး အသုံးချဖို့ သက်သက်ပဲ ဖြစ်သလို.. အတတ်နိုင်ဆုံး ကြာရှည်ခံအောင် ဒီဇိုင်းထုတ်ထားတာပါ..။ ဒါက စစ်တပ်သုံး စက်ယန္တရား တစ်ခုဆိုတာ ရှင်းနေပေမဲ့လည်း.. ဆန်နီ အနေနဲ့တော့ သူက တကယ့်ကို ဇိမ်ခံပစ္စည်းတွေကြားမှာ ရောက်နေသလို ခံစားနေရတယ်..။

ကြည့်ရတာတော့ ဒီ ရိုးရိုးရှင်းရှင်း ပစ္စည်းတွေက ဘယ်လောက်တောင် ဈေးကြီးလဲဆိုတာ သူ သိနေလို့ ဖြစ်ပါလိမ့်မယ်။

ရိုင်နို ရဲ့ အရှေ့ပိုင်းကတော့ အနည်းငယ် မြင့်တဲ့ မောင်းနှင်သူ အခန်း ဖြစ်ပြီး.. အဲဒီနေရာမှာ

လူစတာ က ခလုတ်တွေနဲ့ ထိန်းချုပ်ရေးစနစ်တွေကို စိတ်လှုပ်ရှားစွာနဲ့ လေ့လာနေခဲ့ပါတယ်..။ သူ့ဘေးမှာ နောက်ထပ် ထိုင်ခုံ နှစ်ခုံစာလောက် နေရာလွတ်လည်း ရှိနေပါသေးတယ်..။ အားဖြည့်ထားတဲ့ ရှေ့မှန်ကြီးက ရှည်လျားပြီး ကျဉ်းမြောင်းပေမဲ့လည်း.. ပတ်ဝန်းကျင် တစ်ခုလုံးကို မြင်နိုင်တဲ့ မြင်ကွင်းကျယ်ကိုတော့ ပေးစွမ်းနိုင်ပါတယ်..။

ထပ်ပြောရရင် အပြင်ဘက်က ကင်မရာတွေနဲ့ အာရုံခံကိရိယာတွေကနေ တဆင့် ပြသပေးနေတဲ့ မော်နီတာတွေလည်း အများကြီး ရှိနေပါသေးတယ်..။

ယာဉ်ရဲ့ အလယ်ပိုင်းကတော့ ရိုးရှင်းတဲ့ နေထိုင်စရာ နေရာတစ်ခုပါ..။ အဖွဲ့သားတွေ အနားယူပြီး အတူတူ အချိန်ကုန်ဆုံးနိုင်မယ့် ဧည့်ခန်းလေးတစ်ခု၊ ကျဉ်းကျဉ်းကျပ်ကျပ် မီးဖိုချောင်လေးတစ်ခုနဲ့ သန့်ရှင်းရေး လုပ်နိုင်တဲ့ အခန်းငယ်လေး တစ်ခု ပါဝင်ပါတယ်..။ဘေးဘက်က နံရံတွေမှာတော့ အိပ်စရာ နေရာ ခြောက်ခု ရှိနေခဲ့တယ်..။ ဘယ်သူက အောက်ထပ် အိပ်ရာကို ရမလဲဆိုပြီး ပြိုင်ဆိုင်ကြမယ့် ပုံရိပ်ကို ဆန်နီ အခုကတည်းက မြင်ယောင်နေပါပြီ..။

ဒါပေါ့.. ဒီ "အိပ်ရာ" တစ်ခုစီက လိုအပ်လာရင် အိပ်စက်ခြင်း သေတ္တာ အဖြစ်လည်း အသုံးပြုလို့ ရပါသေးတယ်..။

ဧည့်ခန်းရဲ့ နောက်ဘက်မှာတော့ လက်နက်တိုက်အဖြစ် အသုံးပြုနိုင်တဲ့ ကုန်တင်ခန်း ရှိပြီး.. အဲ့ဒီမှာ အဆင့်မြင့် အင်ဂျင်နီယာ အလုပ်နေရာ တစ်ခုလည်း ပါဝင်ပါတယ်..။ အင်ဂျင်နီယာ အခန်းကတော့ ကြမ်းပြင်အောက်မှာ ရှိနေပြီး ယာဉ်ရဲ့ အစကနေ အဆုံးအထိ ရှည်လျားစွာ တည်ရှိနေခဲ့တာပါ..။

နောက်ဆုံးအနေနဲ့ ရိုင်နို ရဲ့ အနောက်ဘက်ဆုံးမှာတော့ ကွပ်ကဲရေးနဲ့ ဆက်သွယ်ရေး အခန်းတစ်ခု ရှိနေခဲ့တယ်..။ အဲ့နေရာမှာ ကြီးမားတဲ့ ဟိုလိုဂရမ် စားပွဲတစ်ခု၊ ယာဉ်ရဲ့ အင်တင်နာတွေနဲ့ ချိတ်ဆက်ထားတဲ့ အားကောင်းတဲ့ ကွန်ပျူတာစနစ်တစ်ခုနဲ့ မောင်းနှင်သူ အခန်းက မော်နီတာတွေလိုပဲ အချက်အလက်တွေ ပြသပေးမယ့် မော်နီတာတွေ ရှိနေပါတယ်..။

အရေးအကြီးဆုံး အချက်ကတော့..

ဒီနောက်ကွယ်မှာ ဆန်နီ့ရဲ့ ကိုယ်ပိုင် အိပ်ရာ ရှိတဲ့ အခန်းငယ်လေး ရှိနေတာပါပဲ..။ အဲဒီမှာ သီးသန့်ဖြစ်အောင် ကာထားတဲ့ နံရံနဲ့ ကိုယ်ပိုင် ပစ္စည်းသိမ်းဆည်းစရာ နေရာလည်း အပြည့်အစုံ ပါဝင်ပါတယ်..။

အိပ်ရာကတော့ ပထမ ကယ်ဆယ်ရွှေ့ပြောင်းရေး တပ်မတော် က ပေးနိုင်တဲ့ အကောင်းဆုံး အိပ်ရာပါပဲ..။

သူက ဒီ အိပ်ရာပေါ်မှာ အိပ်ရတာ ဘယ်လောက်တောင် သက်သောင့်သက်သာ ရှိမလဲဆိုတာကို တွေးပြီး ပြုံးလိုက်မိတယ်..။

'ဒါက ငါ့အိမ်မှာ ရှိတာထက်တောင် ပိုကောင်းနေသလိုပဲ...'

ဒီလိုမျိုး ထည့်သွင်းထားတာက အရာရှိတွေကို စိတ်ကျေနပ်အောင် လုပ်ပေးရုံသက်သက် မဟုတ်ပါဘူး..။ တက်ရောက်သူ တစ်ယောက်အနေနဲ့ ဆန်နီ ဟာ သူ့ရဲ့ စစ်သားတွေမှာ မရှိတဲ့ စွမ်းရည်တစ်ခု ရှိနေပါတယ်..။ အဲဒါကတော့ သူ အိပ်ပျော်သွားတိုင်း အိပ်မက် ကမ္ဘာ ထဲကို သွားစရာ မလိုတာပါပဲ..။

ဒါက ဘာကို ဆိုလိုတာလဲဆိုရင်.. သူ့ရဲ့ စစ်သားတွေဟာ အိပ်ပျော်နေတဲ့အချိန်မှာ လုံးဝ ခုခံနိုင်စွမ်း မရှိတော့တာပါ..။ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးက ရိုင်နို ကို တိုက်ခိုက်လာရင်တောင်မှ သူတို့ နိုးလာမှာ မဟုတ်ပါဘူး..။ ဘာပဲဖြစ်ဖြစ် အဖွဲ့ကို စောင့်ရှောက်နိုင်တဲ့သူက သူတစ်ယောက်တည်းပဲ ရှိပါတယ်..။

အိပ်ချိန်တွေကို ခွဲဝေထားတာက ဒီပြဿနာကို အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ပေမဲ့.. ဆန်နီ ကတော့ သူ ဘယ်လောက် အနားရမလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်မနေတော့ပါဘူး..။ ဆိုလိုတာက သူ နားရမယ့် ရှားပါးတဲ့ အချိန်လေးတွေမှာ အတတ်နိုင်ဆုံး သက်သောင့်သက်သာနဲ့ အကျိုးရှိရှိ နားဖို့ လိုအပ်နေတာပါ..။

ဆန်နီ ဟာ ရိုင်နို ထဲမှာ ခနလောက် ပတ်ကြည့်နေရင်း.. ကျေနပ်နေတဲ့ အပြုံးကို ဖုံးကွယ်ဖို့ ကြိုးစားနေခဲ့တယ်..။ နောက်ဆုံးမှာတော့ သူက သူ့ရဲ့ ကိုယ်ပိုင် အခန်းငယ်လေးထဲကို ဝင်ပြီး

အိစက်နေတဲ့ အိပ်ရာပေါ်မှာ ထိုင်လိုက်ပါတယ်..။

ဒီနေရာမှာတော့ သူက သူ့ရဲ့ အရိပ်တွေကို လှမ်းကြည့်ပြီး ပြုံးပြလိုက်တယ်..။

"မဆိုးဘူး မဟုတ်လား.."

အရိပ်တွေကတော့ သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ကြတယ်..။ ခနအကြာမှာတော့ ပျော်ရွှင်နေတဲ့ အရိပ်က လက်နှစ်ဖက်လုံးကို မြှောက်ပြီး လက်မနှစ်ချောင်း ထောင်ပြလာခဲ့ပါတယ်..။

ဆန်နီ ခေါင်းညိတ်ပြလိုက်တယ်..။

"အင်း.. ဟုတ်တယ်..။ ငါလည်း ဒါကို တကယ် သဘောကျတယ်.."

အပိုင်း ( ၈၃၃ ) ပြီး၏။

အပိုင်း ( ၈၃၄ ) စည်းလုံးညီညွတ်မှု

နောက်ထပ် ရက်အနည်းငယ်အတွင်းမှာတော့.. ဆန်နီ ဟာ ကြီးမားလှတဲ့ သံမဏိ သဘော်ကြီးပေါ်က ဘဝကို အနည်းငယ်တော့ ရင်းနှီးလာခဲ့တယ်..။ ဒါပေါ့.. အဆုံးမရှိတဲ့ ရေနက်ပိုင်းနဲ့ သူတို့ရဲ့ ကြားထဲမှာ သတ္တုချပ်လွှာ အနည်းငယ်ပဲ ခြားထားတယ်ဆိုတဲ့ အတွေးက သိပ်ပြီး စိတ်အေးစရာတော့ မဟုတ်ပါဘူး..။သို့ပေမဲ့ အနည်းဆုံးတော့ သူ ဒါကို အရင်လို အများကြီး မတွေးမိတော့ပါဘူး..။

ဆန်နီကို အကူအညီအဖြစ်ဆုံး အချက်ကတော့.. သူဟာ အတွေးလွန်နေဖို့ အချိန်မရလောက်အောင်ကို အလုပ်များလွန်းနေတာပါပဲ..။

သူ့ရဲ့ အချိန်ဇယားက အကန့်အသတ်အထိ ပြည့်နှက်နေခဲ့တယ်..။ လုပ်စရာတွေကလည်း အရမ်းကို များပြားလွန်းနေခဲ့ပါတယ်..။

သူ့ရဲ့ နေ့ရက်အတော်များများကိုတော့ အဖွဲ့ဝင်တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းလာအောင် လေ့ကျင့်ပေးရင်းနဲ့ပဲ ကုန်ဆုံးနေခဲ့တာပါ..။ အခုဆိုရင် သူတို့က မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း ကနေ ထွက်လာခဲ့ပြီ ဖြစ်တာကြောင့် လေ့ကျင့်ဖို့အတွက် ကျယ်ဝန်းတဲ့ အားကစားရုံမျိုးလည်း မရှိတော့ပါဘူး..။အိပ်မက်ရူခင်း သေတ္တာတွေကလည်း အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ..။

ဒါပေါ့.. ဒီစစ်သင်္ဘောကြီးပေါ်မှာရော.. အပေါ်ထပ် ကုန်းပတ်ပေါ်မှာပါ အသုံးအဆောင် အချို့ ရှိနေသေးပေမဲ့.. အဲဒါတွေက ထိပ်တန်း နိုးထသူ စစ်သည် ခြောက်ယောက်ကို လေ့ကျင့်ပေးဖို့အတွက်တော့ မလုံလောက်ပါဘူး..။ သို့ပေမဲ့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို အလုပ်လုပ်ရမလဲဆိုတာ သင်ယူဖို့အတွက်တော့ လုပ်နိုင်တဲ့ အရာတွေ အများကြီး ရှိနေပါသေးတယ်..။

ပြင်းထန်မှုနည်းတဲ့ လေ့ကျင့်ခန်းတွေကနေ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေနဲ့ ဂိမ်းတွေအထိ.. အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်တွေကို တခြားသူတွေ သိမြင်လာစေမယ့် ဘယ်လိုအရာမျိုးမဆိုက မှန်ကန်တဲ့ ခြေလှမ်းတွေပါပဲ..။ ဆန်နီ့အနေနဲ့ အရိပ်ကခုန်မူကနေတစ်ဆင့် ရရှိထားတဲ့ အမြင်တွေကလည်း အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်..။

နှေးကွေးပေမဲ့ သေချာတဲ့ အရှိန်အဟုန်နဲ့ပဲ.. သူ့ရဲ့ စစ်သားတွေဟာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ တည့်လာပြီး ဘေးချင်းယှဉ် တိုက်ခိုက်တတ်လာကြပါပြီ ..။ ဘယ်လီ ရဲ့ လျင်မြန်ပြီး ဖျတ်လတ်တဲ့ သဘာဝ၊ ဒွန်း ရဲ့ ခိုင်မာပြီး တွက်ချက်တတ်တဲ့ ပုံစံ၊ ချီတင် ရဲ့ ခိုင်ခံ့တဲ့ ဇွဲလုံ့လ၊ ဆမ်မာရာ ရဲ့ တည်ငြိမ်ပြီး တိကျတဲ့ ပစ်ခတ်မှု၊ ကင်မ် ရဲ့ မြင်ကွင်းကို ထိန်းချုပ်နိုင်စွမ်းနဲ့ တိတ်ဆိတ်တဲ့ ကျွမ်းကျင်မှု၊ လူစတာ ရဲ့ စိတ်ဓာတ်နဲ့ မကုန်ခမ်းနိုင်တဲ့ ရဲတင်းမှုတွေဟာ.. ဆန်နီ ရဲ့ လမ်းညွှန်မှုအောက်မှာ တစ်ခုတည်းအဖြစ် အရည်ပျော်ပေါင်းစပ်လာခဲ့တယ်..။

ဒီအဖွဲ့က သက်ရှိတစ်ခုတည်းလို မလှုပ်ရှားနိုင်သေးပေမဲ့.. အနည်းဆုံးတော့ တစ်ယောက်ရဲ့ အားသာချက်ကို နောက်တစ်ယောက်က အားဖြည့်ပေးနိုင်သလို.. အားနည်းချက်တွေကိုလည်း ဖုံးကွယ်ပေးနိုင်လာခဲ့ပါပြီ..။

ဆန်နီ ဟာ သူတို့ရဲ့ စွမ်းအားတွေအကြောင်းကိုလည်း ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့တယ်..။ ဥပမာအားဖြင့် ဘယ်လီ ရဲ့ ဓားကို ထက်မြက်အောင် လုပ်နိုင်တဲ့ စွမ်းရည်က သူ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေခဲ့ပါတယ်..။ တကယ်တမ်းမှာတော့ ဓားသွားကို တကယ် ထက်သွားအောင် လုပ်တာ မဟုတ်ဘဲ.. ဓားသွားရဲ့ ပတ်ပတ်လည်မှာ မမြင်နိုင်တဲ့ အလွန်ပါးလွှာတဲ့ နေရာလွဲပြောင်း နယ်မြေတစ်ခုကို ဖန်တီးလိုက်တာပါ။

ကင်မ် က လူတွေကြားမှာ အမြင်အာရုံကို မျှဝေပေးနိုင်ရုံတင် မဟုတ်ဘဲ.. အခြေအနေအရ လိုအပ်သလို ပေါင်းစပ်ပေးနိုင်ပါသေးတယ်..။ သူမက ရန်သူရဲ့ အားနည်းချက်ကို မြင်နိုင်ပေမဲ့.. ပြင်းထန်တဲ့ တိုက်ပွဲအလယ်က တိုက်ခိုက်ရေးသမားဆီကို သူမရဲ့ မြင်ကွင်းအတိုင်း တိုက်ရိုက် ပို့ပေးလိုက်ရင်တော့ ဟန်ချက်ပျက်သွားနိုင်ပါတယ်..။ အဲဒီအစား သူမက အားနည်းချက် ရှိတဲ့ နေရာတွေကိုပဲ အလွှာတစ်ခုလိုမျိုး ထပ်ပြီး မြင်ရအောင် လုပ်ပေးနိုင်တာပါ..။

လူစတာ ကတော့ သူ့ကိုယ်တိုင်အတွက်ရော.. သူ့ရဲ့ အဖော်တွေအတွက်ပါ ဝိဥာဉ် အဆီအနှစ် ပြန်လည်ပြည့်ဖြည့်မှုကို မြန်ဆန်စေပါတယ်..။ ထူးဆန်းတာက သူက လူတစ်ယောက်နဲ့ ပိုပြီး ရင်းနှီးလေလေ.. အဲဒီလူနဲ့ အဝေးမှာ ရှိနေရင်တောင် သူ့ရဲ့ စွမ်းရည်ကို ပိုပြီး ထိရောက်အောင် လုပ်ပေးနိုင်လေလေပါပဲ..။သို့ပေမဲ့ သူ့စွမ်းရည်ရဲ့ အားနည်းချက်တစ်ခုကတော့ ဆန်နီအပေါ်မှာ အလုပ်မလုပ်တာပါပဲ..။

အရိပ်အဆီအနှစ်က လူစတာ ရဲ့ တည်ရှိမှုကို လုံးဝ တုံ့ပြန်ခြင်း မရှိတာကို တွေ့လိုက်ရတဲ့အခါမှာတော့.. ရိန်း ကို ကာကွယ်ဖို့အတွက် ဝိဥာဥ်မြွေကို စွန့်လွှတ်မိခဲ့တာကို ဆန်နီ စိတ်ပျက်သွားခဲ့တယ်..။

'ချီးပဲ.. ငါ ဒီအရူးကို ဘာလို့ အဖွဲ့ထဲ ခေါ်ခဲ့မိတာလဲ..'

သူ စိတ်တိုနေပေမဲ့လည်း ဒါက ကြီးမားတဲ့ ပြဿနာ မဟုတ်ဘူးဆိုတာကိုတော့ ဆန်နီ ဝန်ခံရပါလိမ့်မယ်..။ လူစတာ ရဲ့ ထူးခြားပြီး အသုံးဝင်တဲ့ စွမ်းရည်က သူ့အပေါ်မှာလည်း သိပ်ပြီး သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး..။ လူငယ် နိုးထသူ တစ်ယောက်အနေနဲ့ မာစတာ တစ်ယောက်ရဲ့ အားကောင်းတဲ့ အဆီအနှစ်ကို သိသိသာသာ ပြောင်းလဲနိုင်မှာ မဟုတ်ပေ။သူ့လို.. အမြုတေ လေးခု ရှိပြီး မူမမှန်တဲ့ သူတစ်ယောက်အတွက်ဆိုရင် ပိုတောင် မဖြစ်နိုင်ပါသေးတယ်..။

ဆန်နီ ဟာ သူ့အဖွဲ့ကို လေ့ကျင့်မပေးတဲ့ အချိန်တွေမှာတော့ သူတို့ရဲ့ မှတ်သားမူ တွေကို ပြုပြင်မွမ်းမံပေးရင်း အလုပ်များနေခဲ့ပါတယ်..။ ဒီလုပ်ငန်းစဉ်က ရှည်လျားပြီး ပင်ပန်းဆင်းရဲလှသလို ရှုပ်ထွေးပေမဲ့လည်း.. သူကတော့ တဖြည်းဖြည်းနဲ့ တိုးတက်မှုတွေ ရနေခဲ့တာပါ..။

သူက ဘယ်လီ ရဲ့ ဓားထဲကို သင်တုန်းဓား တ၀်လက်ရဲ့ အစွမ်းထက်တဲ့ ထက်မြက်မှု စွမ်းရည်ကို ထည့်သွင်းပေးနိုင်လိုက်ပါတယ်..။ ပြီးတော့ မြေအောက်ကမ္ဘာဝတ်ရုံတော် ရဲ့ [အမှန်တရားရဲ့ တောင်ပံ ] မှော်စွမ်းအားကိုလည်း ဒွန်း ရဲ့ တူကြီးထဲကို တစ်နည်းနည်းနဲ့ ပြောင်းရွှေ့ထည့်ပေးနိုင်ခဲ့တယ်..။

နောက်ဆုံးအချက်ကတော့ တကယ်ကို အံ့ဩစရာကောင်းတဲ့ အောင်မြင်မှုပါပဲ..။ ဘာလို့လဲဆိုတော့ ဒီ မဟူရာ ချပ်ဝတ်ရဲ့ ရက်လုပ်မှုက သူ မြင်ဖူးသမျှထဲမှာ အရှုပ်ထွေးဆုံးနဲ့ အခက်ခဲဆုံး အရာတွေထဲက တစ်ခု ဖြစ်နေလို့ပါ..။

ပိုပြီး အထင်ကြီးဖို့ ကောင်းတာကတော့ အဖွဲ့ဝင်တွေဆီကို သူ ပေးခဲ့တဲ့ အဆောင်လက်ဖွဲ့ ခြောက်ခုပါပဲ....။ တစ်ခုစီမှာ..အအေးဒဏ်ကို ခံနိုင်ရည် ရှိစေမယ့် ရေခဲမှတ်သားမူ ရဲ့ တိုးမြင့်မူ ကို ပြုပြင်ထားတဲ့ ပုံစံနဲ့ ထည့်ထားခဲ့ပါတယ်..။

ဒီ သက်ရောက်မူ က သူ့ရဲ့ ကိုယ်ပိုင် အဆောင်ထက် အများကြီး အားနည်းပေမဲ့.. ဒါကပဲ ဒီအောင်မြင်မှုကို အရေးပါစေခဲ့တာပါ..။ ဒါက ဆန်နီအနေနဲ့ တိုးမြင့်မူ စွမ်းရည် တစ်ခုကို ကူးယူရုံတင် မဟုတ်ပဲ.. ပြုပြင်ပြောင်းလဲနိုင်ခဲ့တဲ့ ပထမဆုံး အကြိမ်လို့ ပြောလို့ရပါတယ်..။

ရေခဲမှတ်သားမူ က ပိုပြီး အားကောင်းတာ

မှန်ပေမဲ့ ဒီ အာနိသင် တည်မြဲဖို့အတွက် အဆီအနှစ်တွေ အများကြီး ကုန်ဆုံးစေတဲ့ တက်ရောက်သူ အဆင့် အဆောင်လက်ဖွဲ့ ဖြစ်နေခဲ့ပါတယ်..။ ဆန်နီ အဆောင်လက်ဖွဲ့ ခြောက်ခုထဲကို ထည့်ပေးလိုက်တဲ့ ပုံစံကတော့ ပိုပြီး ရိုးရှင်းပေမဲ့ အဆီအနှစ် ကုန်ဆုံးမှုတော့ အများကြီး နည်းသွားပါလိမ့်တယ်..။ သူ့ရဲ့ နိုးထသူ စစ်သားတွေအနေနဲ့ အဆီအနှစ်တွေ အကုန်လုံး ကုန်မသွားသရွေ့တော့ ဒါကို အမြဲတမ်း ဖွင့်ထားနိုင်မှာ ပါ..။

...သူ မလုပ်နိုင်ခဲ့တဲ့ အရာတစ်ခု ရှိတယ်ဆိုရင်တော့.. ဆမ်မာရာ ရဲ့ ဖျက်အားပြင်း ရိုင်ဖယ်ကို မှတ်သားမူ တစ်ခုအဖြစ် ပြောင်းလဲဖို့ မလုပ်နိုင်တာပါပဲ....။ ဆန်နီ တကယ်ကို လုပ်ချင်ခဲ့ပေမဲ့.. သူ ဘယ်လောက်ပဲ ကြိုးစားပါစေ.. ဒီ အဆင့်မြင့် နည်းပညာသုံး လက်နက်က အရမ်းကို ရှုပ်ထွေးလွန်းနေသလို.. လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေလည်း များလွန်းနေခဲ့ပါတယ်..။

ဆန်နီ လုပ်နိုင်တဲ့ အရာမှာလည်း အကန့်အသတ် ရှိနေပါသေးတယ်..။ အရာဝတ္ထု တစ်ခုရဲ့ တည်ဆောက်ပုံက ပိုပြီး ရှုပ်ထွေးလေလေ.. သူ့ရဲ့ အရွယ်အစားနဲ့ အလေးချိန်က ပိုကြီးလေလေ.. ဒီထဲကို အခြေခံ ရက်လုပ်မှု ထည့်သွင်းဖို့ ပိုပြီး ခက်ခဲလေလေပါပဲ..။ ဖြစ်နိုင်တာက သူသာ ပိုပြီး နားလည်ထားရင်တော့ ဒီကန့်သတ်ချက်ကို ဘယ်လို ကျော်လွှားရမလဲဆိုတာ သိမှာပါ..။ ဒါပေမဲ့ အခု အခြေအနေမှာတော့ ဆန်နီ အနေနဲ့ ဒီရည်မှန်းချက်ကို စွန့်လွှတ်လိုက်ရပါပြီ..။

'ထားလိုက်ပါတော့..'

ရိုင်နို ကို မှတ်သားမူ တစ်ခုအဖြစ် ပြောင်းလဲပစ်မယ့် သူ့ရဲ့ အိပ်မက်တွေကတော့ လုံးဝ မရှိတော့ပါဘူး..။

မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း ကနေ ထွက်လာခဲ့တာ အခုဆိုရင် တစ်ပတ် ရှိသွားပါပြီ..။ ဆန်နီ ဟာ လောလောဆယ်မှာ သူ့ရဲ့ ကိုယ်ပိုင် အခန်းထဲက အိပ်ရာပေါ်မှာ ထိုင်ရင်း လေးလံတဲ့ ရိုင်ဖယ်ကြီးကို စိတ်ပျက်လက်ပျက်နဲ့ စိုက်ကြည့်နေခဲ့တယ်..။ စစ်သင်္ဘောကြီးကတော့ သူ့ရဲ့ ပတ်ပတ်လည်မှာ အနည်းငယ် တုန်ခါနေပေမဲ့ စင်္ကြံလမ်းတွေထဲမှာတော့ တိတ်ဆိတ်မှုတွေ လွှမ်းမိုးနေပါတယ်..။ ညဉ့်နက်နေပြီ ဖြစ်တာကြောင့် ပထမ တပ်မတော် ရဲ့ အဖွဲ့ဝင်အများစုကတော့ အိပ်ပျော်နေခဲ့ကြပါပြီ..။

ဆန်နီ ကိုယ်တိုင်လည်း မအိပ်တာ အချိန် အတော်ကြာနေပါပံ..။ ဒါပေါ့.. တက်ရောက်သူ တစ်ယောက်အနေနဲ့ သူက တစ်ပတ်လောက် အိပ်မပျော်ဘဲ နေနိုင်ပါတယ်..။ ပြဿနာက အခုက နှစ်ပတ်လောက်တောင် ဖြစ်နေတာပါပဲ..။

ဒါမှမဟုတ် သုံးပတ်များ ဖြစ်နေမလား..။

သူ သက်ပြင်းချလိုက်ပြီး လေးလံတဲ့ ရိုင်ဖယ်ကို ဘေးမှာ ချထားလိုက်ကာ.. အသုံးမပြုရသေးတဲ့ ဝိဥာဉ် အပိုင်းအစတွေကို တပ်မက်ခြင်း သေတ္တာ ရဲ့ ပါးစပ်ထဲကို ပစ်ထည့်လိုက်တယ်....။

'တော်ပြီ.. ချီးပဲ.. ငါ အနားယူဖို့ လိုနေပြီ..'

သူ သမ်းဝေလိုက်ပြီး ခေါင်းကို အိစက်နေတဲ့ ခေါင်းအုံးပေါ် တင်လိုက်ပါတယ်..။ ရုတ်တရက်ဆိုသလိုပဲ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းက ပင်ပန်းနွမ်းနယ်မှုတွေက သူ့အပေါ်ကို သက်ရောက်လာပြီး.. သူ့ရဲ့ အတွေးတွေကို နှေးကွေးလေးလံသွားစေခဲ့ပါတယ်..။

ခနအကြာမှာတော့ ဆန်နီ အိပ်ပျော်သွားခဲ့ပါပြီ..။

...တစ်မိနစ်လောက်ပဲ ကြာမယ်လို့ ထင်ရတဲ့ အချိန်မှာတော့.. ကျယ်လောင်ပြီး စူးရှတဲ့ အသံတစ်ခုကြောင့် သူ ရုတ်တရက် နိုးလာခဲ့တယ်..။

သူက စိတ်တိုတိုနဲ့ တစ်ဖက်ကို လှည့်လိုက်ပြီး လန်းဆန်းစေမယ့် အမှောင်ထုထဲ ပြန်ဝင်ကာ အိပ်ဖို့ ထပ်ကြိုးစားလိုက်ပါတယ်..။

' ခွေးသားတွေ..တိတ်တိတ်မနေကြဘူး..'

သို့ပေမဲ့ ဆန်နီ ဘယ်လောက်ပဲ ဆက်အိပ်ဖို့ ကြိုးစားပေမဲ့ မရတော့ပါဘူး..။

ခနအကြာမှာတော့ သူ ထထိုင်လိုက်ပြီး စိတ်ပျက်လက်ပျက် နဲ့ ဒီ အသံတွေကို သေချာ နားထောင်လိုက်တယ်..။ အသံအတော်များများကို သူ ရှင်းရှင်းလင်းလင်း ကြားနေခဲ့ရပါတယ်..။ ကြားရတဲ့ အသံတွေအရဆိုရင်တော့ ဒါတွေက မိန်းကလေးငယ်တွေရဲ့ အသံတွေပါပဲ..။

ပြီးတော့ ဒီမိန်းကလေးတွေက...

ဆန်နီ အံကြိတ်လိုက်တယ်။

"သီချင်းဆိုနေတာလား..။ ဘယ်ကောင်က ညသန်းခေါင်ကြီးမှာ သီချင်းဆိုနေတာလဲ..။ဒီမှာ

လူတွေ ဒီမှာ အိပ်ဖို့ ကြိုးစားနေတာကို..ချီးပဲ..'

အပိုင်း ( ၈၃၄ ) ပြီး၏။

All Chapters