← Chapters

အခန်း (၉၅၇-၉၅၈)

Vol. 79 Ch. 957-958

အခန်း (၉၅၇-၉၅၈)

Vol. 79 Ch. 957-958

အခန်း ၉၅၇ - ဧကရာဇ်ဂိုဏ်း၏ အကဲဖြတ်ချက်၊ အများစုက ဖျက်ဆီးရန်သာ ရွေးချယ်ကြခြင်း

တိလင်းထျန်းရှား၏ စကားကို ကြားသောအခါ ရှောင်းယီ အံ့အားသင့်သွားသည်။ သူ၏ မဟာမိတ်အဖွဲ့နှင့် ရင်ဆိုင်နေရသော မသေမျိုးများသာ S အဆင့်ဖြစ်သည်ဟု သူ အမြဲထင်ခဲ့ခြင်းဖြစ်သည်။

“မင်းတို့ဆီက ကုန်းပေါ်ကရန်သူတွေကလည်း S အဆင့်တွေပဲလား။”

ရှောင်းယီက စူးစမ်းစွာ မေးလိုက်သည်။

တိလင်းထျန်းရှား ခေါင်းညိတ်ပြီး ပြန်ဖြေလာခဲ့သည်။

“ဟုတ်တယ်။ S အဆင့်တွေပဲ။”

“မင်းတို့ မဟာမိတ်အဖွဲ့က တော်တော်လေး အင်အားတောင့်တင်းတာပဲ။”

ရှောင်းယီက ချီးကျူးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ငါ့ဆီမှာ အဆင့်မြင့် ငါးဖမ်းပိုက်ရှိတယ်။ တစ်နာရီကို အုတ်မြစ်ကျောက် ၂၀၀ နှုန်းနဲ့ ငှားမယ်။”

“ကောင်းပြီ။ အရင်ဆုံး နှစ်နာရီစာ ငှားမယ်။”

တိလင်းထျန်းရှားက ပြောပြောဆိုဆိုဖြင့် အရောင်းအဝယ်ကို စတင်လိုက်သည်။

[အုတ်မြစ်ကျောက် ၄၀၀ - အခမဲ့လဲလှယ်ခြင်း။]

ယခုအခါ ရှောင်းယီနှင့် အရောင်းအဝယ်လုပ်သူတိုင်းသည် အုတ်မြစ်ကျောက်များကို အရင်လွှဲပေးကြလေ့ရှိသည်။ ရှောင်းယီက ကျောက်များကို ယူပြီး ပစ္စည်းမပို့ဘဲ နေမည်ကို သူတို့ လုံးဝ မစိုးရိမ်ကြတော့ပေ။

ဤသည်မှာ ရေရှည်တည်ဆောက်ထားသည့် ယုံကြည်မှုပင် ဖြစ်သည်။

ရှောင်းယီသည်လည်း အားနာမနေဘဲ ကျောက်များကို လက်ခံလိုက်ပြီး အလိုအလျောက် ငါးဖမ်းပိုက်ကို တိလင်းထျန်းရှားထံ ပို့ပေးလိုက်သည်။

[အလိုအလျောက် ငါးဖမ်းပိုက် (SSS အဆင့်) နှစ်နာရီ အသုံးပြုခွင့် - အခမဲ့လဲလှယ်ခြင်း]

တိလင်းထျန်းရှားက ချက်ချင်း လက်ခံလိုက်ပြီး ငါးဖမ်းပိုက်ကို ရရှိသွားသည်။ သူသည် အရောင်းအဝယ် အင်တာဖေ့စ်ပေါ်ရှိ ထိုပိုက်၏ ဖော်ပြချက်ကို သေချာစွာ ဖတ်ကြည့်လိုက်သည်။

“ဒီလောက် အဆင့်မြင့်တဲ့ ငါးဖမ်းပိုက်မျိုး ဘယ်လိုလုပ် ရှိနိုင်ရတာလဲ။”

တိလင်းထျန်းရှား၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

အနီးတွင် ရပ်နေသော ချင်းလုံက ရှေ့သို့တိုးကာ မေးလိုက်သည်။

“ဥက္ကဌ ရှောင်းယီလက်ထဲက ငါးဖမ်းပိုက်က အရမ်း အဆင့်မြင့်နေလို့လား။”

“မင်းဘာသာမင်း ကြည့်လိုက်တော့။”

တိလင်းထျန်းရှာက ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို ညွှန်ပြကာ ကြည့်ခိုင်းလိုက်သည်။

ချင်းလုံသည် အလိုအလျောက် ငါးဖမ်းပိုက်၏ အစွမ်းသတ္တိများကို မြင်သောအခါ ကြက်သေ သေသွားတော့သည်။

“ဒီလို ငါးဖမ်းပိုက်မျိုးက ဂိမ်းထဲမှာ Cheat သုံးထားသလိုပဲ။”

ချင်းလုံက မနေနိုင်ဘဲ ပြောလိုက်မိသည်။

“ဒီရှောင်းယီက အစကတည်းက ဒီပိုက်ကို ရထားတာလား။”

“အစကတည်းက ဖြစ်မှာပေါ့။ မဟုတ်ရင် ငါတို့ထက် ဒီလောက်အဝေးကြီးကို ဘယ်လိုလုပ် ပြေးထွက်သွားနိုင်မှာလဲ။”

တိလင်းထျန်းရှားက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“သူ ဘာလို့ ဒီလောက် ရှေ့ရောက်နေသလဲဆိုတာ မဆန်းတော့ဘူး။”

ချင်းလုံက ရေရွတ်မိလိုက်သည်။

အခြားသူများက ရိက္ခာသေတ္တာများကို ဆယ်ယူရန် နည်းမျိုးစုံဖြင့် ကြိုးစားနေရချိန်တွင် ရှောင်းယီကတော့ တခြားကိစ္စတွေကို စိတ်အေးလက်အေး အာရုံစိုက်နိုင်ခဲ့သည်။ ရိက္ခာသေတ္တာ ဆယ်ဖို့အတွက် သူ စိတ်ပူစရာပင် မလိုခဲ့ပေ။

ပစ်မှတ်ကို သတ်မှတ်ပေးလိုက်ရုံဖြင့် ဤအလိုအလျောက် ငါးဖမ်းပိုက်သည် သူ့ဘာသာသူ အလုပ်လုပ်နိုင်စွမ်း ရှိသည်။

ပစ်မှတ် မရှိရင်တောင် သူက ဆယ်ပေးနိုင်သည်။ ရှောင်းယီထံတွင် အစကတည်းက ငါးအသားများစွာ ရှိနေရခြင်း၏ အကြောင်းရင်းကို ယခုမှ သူတို့ နားလည်သွားကြတော့သည်။

“ဒါပေမဲ့ ဒီလိုအရာမျိုးက ရိက္ခာသေတ္တာထဲက တကယ်ရော ထွက်နိုင်ပါ့မလား။”

တိလင်းထျန်းရှားက သံသယဖြင့် ပြောလိုက်သည်။

SSS အဆင့်ရှိသော အလိုအလျောက် ငါးဖမ်းပိုက်ဆိုသည်မှာ ရိက္ခာသေတ္တာထဲက ထွက်လာမည့် အရာမျိုး မဟုတ်ဟု ထင်ရသည်။

ယီထျန်းအဖွဲ့ထဲတွင် ဆွေးနွေးခဲ့ကြသလိုပင် ရိက္ခာသေတ္တာထဲက ထွက်သမျှ အရာအားလုံးသည် ထုတ်လုပ်မှုပုံးစံများသာဖြစ်ပြီး အချောထည်များ မဟုတ်ကြပေ။

ရှောင်းယီ လက်ထဲက အဆင့်မြင့်ပစ္စည်းများသည် ထုတ်လုပ်မှုပုံစံအနေဖြင့် ထွက်လာခဲ့လျှင်ပင် အစောပိုင်းကာလများတွင် ၎င်းတို့ကို ထုတ်လုပ်ရန် လိုအပ်သော အရင်းအမြစ်များကို စုဆောင်းနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် ရှောင်းယီတွင် ပစ္စည်းများ ရရှိနိုင်သည့် အခြားသော လမ်းကြောင်းများ ရှိနေသည်မှာ သေချာသလောက်ပင်။

“ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒါပေမဲ့ ဒီရှောင်းယီက ဘယ်ကနေ ဒါတွေကို ရတာလဲ။”

ချင်းလုံက ခေါင်းခါရင်း ပြောလိုက်သည်။

“အခုက ဒါတွေကို တွေးနေရမယ့် အချိန်မဟုတ်ဘူး။ ဒီငါးဖမ်းပိုက်ကို ယူသွားပြီး ရေအောက်က မသေမျိုးတွေကို အရင်ရှင်းရအောင်။”

တိလင်းထျန်းရှားက ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ချင်းလုံက တုံ့ပြန်လိုက်ပြီး ငါးဖမ်းပိုက်ကို ယူကာ ထွက်သွားခဲ့လေသည်။

“မင်းက ဒီလောက် အဆင့်မြင့်တဲ့ ပစ္စည်းတွေကို ဘယ်နေရာကနေ ရနေတာလဲ။”

တိလင်းထျန်းရှားတစ်ယောက် မျက်မှောင်ကြုတ်ကာ တွေးနေမိသည်။

လင်းအင်ပါယာနှင့် ယီရန်ပင်းမဟာမိတ်အဖွဲ့တို့ ပြန်လည်သင့်မြတ်သွားသော်လည်း တိလင်းထျန်းရှား၌ ရှောင်းယီနှင့် ယှဉ်ပြိုင်ချင်စိတ် ရှိနေဆဲပင်။

ရှောင်ယီသည်လည်း လင်းအင်ပါယာ၏ အင်အားက အမှန်တကယ် မည်မျှရှိသနည်းဆိုသည်ကို စူးစမ်းချင်နေ၏။

ရှောင်းယီ၏ အမြင်အရ ယီရန်ပင်းမဟာမိတ်အဖွဲ့သည် အဆင့်မြင့် အစားအသောက်များက လူသားတို့၏ ကိုယ်ကာယ ကြံ့ခိုင်မှုကို မည်သို့ ပိုမိုထိရောက်စွာ တိုးတက်စေသနည်းဆိုသည်ကို ပထမဆုံး သို့မဟုတ် တစ်ခုတည်းသော သုတေသနပြုနိုင်သည့် အဖွဲ့ဖြစ်သည်။

အကြောင်းမှာ အခြားမဟာမိတ်အဖွဲ့များသည် စမ်းသပ်မှုပြုလုပ်ရန်အတွက် အဆင့်မျိုးစုံရှိသော အစားအသောက်များကို ဤမျှအမြောက်အမြား မထုတ်လုပ်နိုင်သောကြောင့်ပင်။

ယီရန်ပင်းမဟာမိတ်အဖွဲ့တွင်သာ ထိုကဲ့သို့ အခြေအနေမျိုး ရှိပေသည်။

သို့သော် ယခုတစ်ကြိမ် တိလင်းထျန်းရှား ရင်ဆိုင်နေရသော မသေမျိုးများ၏ အဆင့်ကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့စည်းမျဉ်းများအရ သူတို့၏ စုစုပေါင်းအင်အားသည် ရှောင်းယီနှင့် ဆင်တူနေသည်ဟု ဆိုလိုနိုင်နေ၏။

ယီရန်ပင်းမဟာမိတ်အဖွဲ့၏ စုစုပေါင်းအဆင့်ကို ရှောင်းယီကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်က ဆွဲတင်ပေးထားခြင်း ဖြစ်သည်။

သို့သော် တိလင်းထျန်းရှားဘက်တွင်မူ ထိပ်တန်း အသက်ရှင်ကျန်ရစ်သူ မရှိလောက်ပေ။ ရှောင်းယီကိုယ်တိုင်ပင် SSS အဆင့်သို့ ရောက်ရှိခြင်းမှာ ကံကောင်းမှုနှင့် လက်မှတ်ထိုးဝင်ခြင်း စနစ်ကြောင့် ဖြစ်သည်။

တကယ်လို့ လင်းအင်ပါယာမှာ ထိပ်တန်းပုဂ္ဂိုလ် မရှိဘူးဆိုရင် သူတို့ မဟာမိတ်အဖွဲ့ဝင်တွေရဲ့ ပျမ်းမျှအဆင့်က တော်တော်မြင့်နေတယ်ကို ဆိုလိုတာပဲ။

တစ်ချိန်တည်းမှာပင် လင်းအင်ပါယာဘက်မှ ဧရာမသားရဲကြီးများနှင့် ပတ်သက်၍ ယီထျန်းအဖွဲ့ထဲတွင် မည်သည့်သတင်းမျှ မတက်လာခဲ့ပေ။

အကယ်၍ တိလင်းထျန်းရှား၏ အင်အားက ရှောင်းယီနှင့် ဆင်တူနေသည်ဆိုလျှင် သူတို့လည်း သားရဲကြီးတွေကြောင့် ဒုက္ခရောက်သင့်ပေသည်။ သတင်းမရှိခြင်းမှာ သူတို့ သားရဲကြီးများနှင့် မတွေ့ခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် တိလင်းထျန်းရှား၏ အဖွဲ့ထဲတွင် ထိပ်တန်းအဆင့် အသက်ရှင်ကျန်ရစ်သူများ မရှိနိုင်ဟု ယူဆရပေမည်။

“သူတို့က သူတို့ရဲ့ အင်အားကို မြှင့်တင်ပေးနိုင်မယ့် တခြား အဆင့်မြင့်ပစ္စည်းတွေ ရထားတာများလား။”

ရှောင်းယီ တွေးနေမိသော်လည်း ၎င်းမှာ ခန့်မှန်းချက်သာ ဖြစ်သည်။

ရှောင်းယီသည် ခေါင်းခါလိုက်ပြီးနောက် အနားယူရန် အိပ်ရာထဲသို့ ဝင်လိုက်တော့သည်။

လက်ရှိတွင် အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့အားလုံးသည် သေခြင်းစွမ်းအင် ကူးစက်ခံထားရသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ရှာဖွေရန် ကြိုးစားနေကြသည်။

အချို့အဖွဲ့များသည် ပျံသန်းသည့် အမြင့်ကို သတိမထားသဖြင့် မသေမျိုးများ၏ ပစ်မှတ်ထားခြင်းကို ခံရကာ မြေပြင်ရှိ မသေမျိုးများ ပစ်ပေါက်သော လက်နက်များကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြသည်။

သို့သော် မကြာမီ သူတို့ ကျောက်တိုင်များကို ရှာတွေ့ခဲ့ကြ၏။ ကျောက်တိုင်၏ တည်နေရာကို ခန့်မှန်းနိုင်သည်ဖြစ်ရာ ကျွန်း၏ အလယ်ဗဟိုကို ဗုံးကြဲလိုက်လျှင် ရှာတွေ့ဖို့ အခွင့်အလမ်း အမြဲရှိပေသည်။

ထိုကျောက်တိုင်များကို ရှာတွေ့ပြီးနောက် သူတို့သည် အသေခံတပ်ဖွဲ့ များကို စေလွှတ်ကာ ကျောက်တိုင်ကို သွားရောက်ရိုက်ခွဲခိုင်းကြတော့လေသည်။

သူတို့တွင် ရှောင်းယီကဲ့သို့ အကာအကွယ် အလွန်ကောင်းသော ဝတ်စုံများ မရှိသဖြင့် အောက်သို့ဆင်းခြင်းမှာ အသက်နှင့် ရင်းရသည့် ကိစ္စဖြစ်သည်။

အောက်သို့ဆင်းသွားသော စစ်သားများကို ကာကွယ်ရန် ထိုမဟာမိတ်အဖွဲ့များသည် ပတ်ဝန်းကျင်ကို ကျည်ဆန်များဖြင့် တရစပ် ပစ်ခတ်ကာ မသေမျိုးများ ကျောက်တိုင်အနီးသို့ မကပ်နိုင်အောင် တားဆီးကြရ၏။

ဤသို့လုပ်ဆောင်ခြင်းသည် ကျည်ဆန်အမြောက်အမြား ကုန်ကျစေသော်လည်း စစ်သားများ၏ ဘေးကင်းရေးအတွက်ဖြစ်၍ အခြားရွေးချယ်စရာ မရှိပေ။

မဟာမိတ်အဖွဲ့ အတော်များများက ကျောက်တိုင်ကို ရိုက်ခွဲပစ်ရန်သာ ရွေးချယ်ခဲ့ကြသည်။ အစပိုင်းတွင် ပိုးသတ်ဆေးသုံးပြီး ပြန်လည်ပြုပြင်ရန် စီစဉ်ထားသော အဖွဲ့များပင် လက်တွေ့လုပ်ဆောင်ကြည့်သောအခါ ရိုက်ခွဲပစ်ခြင်းက ပိုလွယ်သည်ကို သိရှိသွားခဲ့ကြလေသည်။

လူတိုင်းက ခဏမျှ လုပ်ဆောင်ကြည့်ပြီးနောက် ယီထျန်းအဖွဲ့ထဲတွင် ညည်းညူကြတော့သည်။

“အား ဒီကျောက်တိုင်ကို ပြုပြင်ဖို့က အရမ်းခက်တာပဲ။”

“ဟုတ်တယ်။ အောက်မှာ ဖုတ်ကောင်တွေ အများကြီး ရှိနေတာ။ ရိုက်ခွဲပစ်လိုက်တာက ပိုပြီး ရိုးရှင်းသလို ပိုလည်း အဆင်ပြေတယ်။”

“ငါတောင် ပိုးသတ်ဆေး ၁၈ တန် ဝယ်ထားမိတယ်။ အဲ့ဒါကို ပြန်ပေးလို့ရမလား မသိဘူး။”

“ဘာလို့ ပြန်ပေးမှာလဲ။ ကျောက်တိုင်ကို ခွဲပစ်လိုက်ပေမယ့် ကျွန်းက ရှိနေသေးတာပဲ။ ကျွန်းပေါ်မှာ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေ အများကြီး ကျန်နေဦးမှာပဲလေ။ အဲ့ဒီပိုးသတ်ဆေးသတ်ဆေးက အဲ့ဒါအတွက် အသုံးတည့်တာပေါ့။”

“ဒီပိုးမွှားတွေက အပူဒဏ် မခံနိုင်ဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား။ မီးရှို့ပစ်လိုက်ရင် ပြီးတာပဲလေ။”

“မြက်ခြောက်တွေ ဒါမှမဟုတ် သစ်ပင်တွေ မရှိတဲ့နေရာကျရင် ဘယ်လိုလုပ်မလဲ။”

“အဲ့ဒီနေရာကို တခြားနေရာက မြက်ခြောက်တွေ သွားပစ်ထည့်လိုက်ရုံပေါ့။ ဘယ်လောက် လွယ်လိုက်သလဲ။”

“ဟုတ်သားပဲ။ ဒါပေမဲ့ ငါကတော့ မီးလည်းရှို့မယ်၊ ပိုးသတ်ဆေးလည်း ဖျန်းမယ်။ နှစ်မျိုးစလုံး သုံးတော့ ပိုပြီး စိတ်ချရတာပေါ့။”

“အေး ငါလည်း အဲ့ဒီလိုပဲ လုပ်တော့မယ်။”

ကျောက်တိုင်ကို ရိုက်ခွဲသည်ဖြစ်စေ၊ ပြုပြင်သည်ဖြစ်စေ မသေမျိုးများ ပြန်လည်ပေါ်ပေါက်လာခြင်း ရပ်တန့်သွားသဖြင့် မဟာမိတ်အဖွဲ့အားလုံး၏ ခံစစ်ဖိအားများမှာ သိသိသာသာ လျော့နည်းသွားလေတော့သည်။

အခန်း ၉၅၈ - ကျည်ဆန်ထုတ်လုပ်ရေးစက်ကိရိယာ၊ ဈေးကြီးသောကျည်ဆန်များ

“မသေမျိုးတွေ စတင်တိုက်ခိုက်ကတည်းကဆိုရင် ဒီနေ့ညက အသက်သာဆုံးညပဲ။”

“ဟုတ်တယ်။ ရေအောက်မသေမျိုးတပ်ဖွဲ့ကိုလည်း ငါတို့ ကြိုတင်ရှင်းလင်းနိုင်ခဲ့တယ်။ ကျွန်းပေါ်က ကျောက်တိုင်အားလုံးကိုလည်း ရှာတွေ့ခဲ့တယ်။ ငါ့စိတ်ထဲမှာတော့ ဒီ ကမ္ဘာ့စစ်မြေပြင်ဂိမ်းအဆင့်ကို အောင်မြင်သွားပြီလို့ ခံစားနေရတယ်။”

“ဘာလို့ အားလုံးက ဒီလောက်တောင် ဘဝင်မြင့်နေကြတာလဲ။ ငါတို့က အနားတောင် မကပ်နိုင်သေးဘူး။ ဒီအဆင့်ကို အောင်မြင်သွားပြီ ဟုတ်လား။ အဲ့ဒီယုံကြည်မှုတွေ ဘယ်က ရလာတာလဲ။”

“လူတွေကို ခဏလောက်တော့ ပျော်ခွင့်ပေးပါဦး ဟုတ်ပြီလား။ မင်းက တကယ့်ကို သာသနာဖျက်တဲ့ကောင်ပဲ။”

“ရှေ့ဆက်ရင် စမ်းသပ်မှုတွေ ပိုပိုများလာမယ်ဆိုတာ ဘယ်သူက မသိဘဲနေမှာလဲ။ အနည်းဆုံးတော့ ဒီအတားအဆီး သေးသေးလေးကို ငါတို့ ကျော်ဖြတ်နိုင်ခဲ့တာပဲလေ။”

“ဟုတ်တယ်။ သူ့ကို ဂရုမစိုက်နဲ့။ ခဏလောက် ပျော်ပျော်နေကြရအောင်။ ဆိုရိုးစကားလည်း ရှိသားပဲ။ အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်ရမယ်။ မင်းက အမြဲတမ်း တင်းမာနေရင် ကြိုးပြတ်သွားမှာ မကြောက်ဘူးလား။”

“ကောင်းပါပြီ။ သူကလည်း အားလုံးကို အပျော်မလွန်ဖို့ သတိပေးရုံပါပဲ။ အနားယူဖို့လည်း လိုအပ်တာမို့ ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းကြပေါ့။”

“ငါကတော့ ယီထျန်းမဟာမိတ်အဖွဲ့ရဲ့ အပန်းဖြေစခန်းမှာ တစ်ရက်လောက် သွားနားဖို့ စီစဉ်နေတယ်။ ဒီအဆင့်အတွက် ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ပေါ့။”

“ငါရောပဲ အတူတူသွားကြရအောင်။”

ယီထျန်းအဖွဲ့ထဲက လူအတော်များများ အားတက်သရော ဆွေးနွေးနေကြ၏။ မသေမျိုးများက သူတို့ကို ဖိအားမပေးနိုင်တော့သည်မှာ သိသာပေသည်။

အချိန်သည် မနက် ၅ နာရီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ရှောင်းယီသည်လည်း သဘာဝအတိုင်း နိုးလာပြီး ချက်ချင်းပင် လက်မှတ်ထိုးဝင်လိုက်တော့လေသည်။

“လက်မှတ်ထိုဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ဉာဏ်ရည်မြင့် ကျည်ဆန်ထုတ်လုပ်ရေး စက်ကိရိယာ (SSS အဆင့်) ၁။”

ထိုဆုကို မြင်လိုက်ရသောအခါ ရှောင်းယီ ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။

“နောက်ဆုံးတော့ ပစ္စည်းအကောင်းစားလေးတစ်ခု ရလာပြီ။”

[ဉာဏ်ရည်မြင့် ကျည်ဆန်ထုတ်လုပ်ရေး စက်ကိရိယာ (SSS အဆင့်): လိုအပ်သည့် အချက်အလက်မျယးကို ထည့်သွင်းပြီး ကုန်ကြမ်းပံ့ပိုးပေးရုံနှင့် သာမန်စံနှုန်းမီ ကျည်ဆန်များကို ထုတ်လုပ်ပေးနိုင်ပါသည်။ အထူးကျည်ဆန်များအတွက်တော့ ထူတ်လုပ်မှုပုံစံများကို အရင်ထည့်သွင်းပေးရန် လိုအပ်ပါသည်။ အကယ္၍ ကျည်ဆန်အမျိုးအစားကို မသေချာပါက သက်ဆိုင်ရာ သေနတ်ကို ပေးလိုက်ရုံနှင့် စက်မှ စကန် ဖတ်ပြီး သင့်လျော်သည့် ကျည်ဆန်များကို ထုတ်လုပ်ပေးနိုင်ပါသည်။]

စနစ်၏ ရှင်းပြချက်ကို မြင်ပြီးနောက် ရှောင်းယီ ပို၍ပင် သဘောကျသွားခဲ့သည်။

“ဒီတစ်ခါက စက်ပစ္စည်းပဲ။ ဒါက ပိုတောင်ကောင်းသေးတယ်။ အနည်းဆုံးတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုပဲ အားကိုးနေစရာ မလိုတော့ဘူး။”

ရှောင်းယီ တွေးလိုက်မိသည်။ သူသည် ဤကမ္ဘာကထဲမှ မည်သည့်အချိန်တွင် ထွက်ခွာရမလဲဆိုသည်ကို အမြဲတမ်း စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ထွက်ခွာခြင်းဆိုသည်မှာ သေဆုံးခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ နောက်ထပ် စမ်းသပ်မှုတစ်ခုထဲသို့ ရောက်ရှိသွားခြင်းကို ဆိုလိုခြင်းပင်။

သူ ထွက်ခွာသွားသည့်အခါ သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားမလားဆိုသည်ကို သူ မသေချာပေ။ သို့သော် ဖြစ်နိုင်ခြေ အရမ်းများသည့်အတွက် ကျောက်တိုင်ကို အားကိုးစရာမလိုသည့် စက်ပစ္စည်းများ ရထားခြင်းက အလုံခြုံဆုံးပင်။

ယခု ဤထုတ်လုပ်ရေးစက်ကို ရလာခဲ့ပြီဖြစ်ရာ ခေတ်မမီတော့သည့် ကျည်ဆန်ပုံစံခွက်များကို ဖယ်ရှားပစ်နိုင်သလို အပြင်လူများကိုပင် ရောင်းချနိုင်တော့မည်ဖြစ်သည်။

အကျင့်အတိုင်း ရှောင်းယီသည် ဝရန်တာတွင် ခဏကြာအောင် တရားထိုင်ပြီးနောက် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ရှောင်းယီ ဆင်းလာသောအခါ ကျန်းယွင်ထျန်းနှင့် တခြားလူများ အားလုံးလည်း ရောက်ရှိနေကြပြီဖြစ်သည်။

“အားလုံး ဒီနေ့ လူစုံနေကြပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ်။ မကြာသေးခင်က မသေမျိုးတွေကြောင့် အားလုံး အလုပ်ရှုပ်နေကြတာကိုး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ရှောင်းယီက ခေါင်းညိတ်ပြီး မေးလိုက်သည်။

“မနေ့ညက အခြေအနေ ဘယ်လိုလဲ။”

“အများကြီး ပိုကောင်းလာတယ်။ အခြေခံအားဖြင့် ညရဲ့ ဒုတိယပိုင်းမှာ အားလုံး အနားယူနိုင်ခဲ့ကြတယ်။”

ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။

“ငါလည်း သုံးနာရီကျော်လောက် အိပ်လိုက်ရတယ်။”

“မသေမျိုးတွေ ထပ်ပေါ်မလာတော့ဘူးဆိုရင် ငါတို့အတွက် တော်တော်လေး အပန်းပြေတယ်။”

ရှောင်းယီက ဆိုသည်။

“ဒါပေါ့။ ဒီနေ့ အဲဒီကျောက်တိုင်တွေကို အပြီးသတ် ပြုပြင်မယ်၊ အပျက်အစီးတွေကို ရှင်းမယ်၊ ဒါဆိုရင် ဒီမသေမျိုးကျွန်းတွေအားလုံးကို ကိုင်တွယ်ပြီးသား ဖြစ်သွားပြီ။”

ကျန်းယွင်ထျန်းက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ ထိုအခါ ရှောင်းယီက အနည်းငယ် စဉ်းစားလိုက်ပြီး မေးလိုက်သည်။

“လေပြာအင်ပါယာ ဘက်ကရော ဘာထူးခြားမှု ရှိသေးလဲ။”

“မရှိပါဘူး။ သူတို့က မနေ့က မသေမျိုးတွေကို တိုက်ခိုက်တဲ့နေရာမှာ ငါတို့နဲ့ သေသေချာချာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ရှောင်းယီက ခေါင်းညိတ်လိုက်ပြီးနောက် ညွှန်ကြားလိုက်သည်။

“လေပြာအင်ပါယာကို ပိုပြီး သတိထားစောင့်ကြည့်ဖို့ မမေ့နဲ့။”

“စိတ်မပူပါနဲ့။ သူတို့ကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ဖို့ လူတွေ စီစဉ်ထားပြီးသားပါ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။”

ရှောင်းယီသည် မနက်စာစားပြီးနောက် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံ ပြန်သွားပြီး မနေ့ည ဒုတိယပိုင်းက စကားဝိုင်းများကို ပြန်လှန်ကြည့်လိုက်သည်။

“ဒီလူတွေကတော့ တကယ်ကို စိတ်အေးလက်အေး ရှိလှတာပဲ။ ဒါလည်း ကောင်းပါတယ်။ စိတ်ဓာတ်ကျတာမျိုး မဖြစ်တော့ဘူးပေါ့။”

ရှောင်းယီက ပြုံးကာ ခေါင်းခါလိုက်မိသည်။

“ကျုပ် ဒီမှာ ဆီမီးအော်တို ပစ္စတို တစ်လက် ရထားတယ်။ ဒါပေမဲ့ သုံးလို့ရမယ့် ကျည်ဆန်မရှိဘူး။ အခု ကျုပ် ဒီအဖွဲ့ထဲက သူငယ်ချင်းတွေဆီမှာ ဘော်ချာ့ဒ် (Borchardt) ပစ္စတိုအတွက် ကျည်ဆန်တွေ ရှိမလားလို့ မေးကြည့်ချင်ပါတယ်။ တကယ်လို့ ကျည်အိမ်တွေရှိရင်လည်း နှစ်ခုလောက် ဝယ်ချင်ပါတယ်။”

ယီထျန်းအဖွဲ့ထဲတွင် တစ်စုံတစ်ယောက်က ပစ္စတိုကျည်ဆန် ဝယ်ယူရန် မေးမြန်းသည်ကို မြင်သောအခါ လူတိုင်းက ချက်ချင်းပင် ဝိုင်းဝန်းဆွေးနွေးကြတော့သည်။ အမှန်စင်စစ် မသေမျိုးအန္တရာယ်ကလည်း ပြေလည်သွားပြီဖြစ်ရာ လူတိုင်း အလုပ်အားနေကြခြင်း ဖြစ်သည်။

“အပေါ်က ညီအစ်ကို။ မင်းက ငါတို့ရဲ့ ကံကောင်းမှုကို အထင်ကြီးလွန်းနေတာပဲ။”

“ဟုတ်တယ်။ ပစ္စတိုအတွက် လိုအပ်တဲ့ ကျည်ဆန်က ငါတို့ အခုသုံးနေတာတွေနဲ့ လုံးဝမတူဘူး။ ဒီလိုကျည်ဆန်မျိုးကို သူဌေး တစ်ယောက်ပဲ လုပ်ပေးနိုင်မယ်ထင်တယ်။”

“ငါ့အမြင်တော့ ဒီကမ္ဘာ့စည်းမျဉ်းတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ သေနတ်ပဲပေးပြီး ကျည်ဆန်မပေးဘူးဆိုတာ ဘာသဘောလဲ။”

“မပေးတာတော့ မဟုတ်လောက်ဘူး။ တခြားလူတစ်ယောက်ကို ပေးလိုက်တာမျိုး ဖြစ်မှာပေါ့။ ငါတို့ကို အချင်းချင်း ကုန်သွယ်ခိုင်းတာမျိုးလေ။”

“တခြားလူဆိုတာ ဘယ်သူလဲ။ အခု ဘယ်မှာလဲ။ မြန်မြန် ထွက်လာခဲ့စမ်းပါ။”

ထိုအချိန်တွင် လူတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။

“တကယ်ပဲ တခြားလူတစ်ယောက်ဆီမှာ ရှိနေတာပဲ။ အားလုံး ဈေးကွက်ခန်းမကို သွားကြည့်ကြဦး။ ဒီပစ္စတိုကျည်ဆန်မျိုးကို ရောင်းနေတဲ့သူ တကယ်ရှိတယ်။”

“မဖြစ်နိုင်တာ။ ငါ သွားကြည့်ဦးမယ်။”

ရှောင်းယီက ဈေးကွက်ခန်းမတွင် ပစ္စည်းများ တင်ရောင်းခြင်းကို ရပ်ဆိုင်းလိုက်ကတည်းက လူတိုင်း ထိုနေရာသို့ သွားခဲလှပေသည်။

အဘယ်ကြောင့်ဆိုသော် အဖွဲ့ထဲတွင်ပင် သူတို့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်ပြီး ဈေးကွက်ခန်းမထဲရှိ ပစ္စည်းများမှာ ရှောင်းယီ အဖွဲ့ထဲတွင် တင်ပေးသမျှကို မမီသောကြောင့် ဖြစ်သည်။

“သေစမ်း ဈေးကြီးလိုက်တာ။ ကျည်ဆန်တစ်တောင့်ကို အုတ်မြစ်ကျောက် ၁၀ ခုတောင်လား။”

“ဒီလူကတော့ ဓားပြတိုက်နေတာပဲ။ သူ့ရဲ့ အိုင်ဒီကို ကြည့်ရတာ ချောင်ယန်နိုင်ငံက ဖြစ်ရမယ်။”

“ဒီအရင်းရှင်တွေကတော့ တကယ့်ကို အညှိုးကြီးတာပဲ။ အန်ကယ်မတ်စ် ပြောတာ မှန်တယ်။ အရင်းရှင်တွေ ကမ္ဘာပေါ်ကို ရောက်လာတဲ့အခါ ချွေးပေါက်တိုင်းကနေ ညစ်ပတ်တဲ့ သွေးတွေ ယိုစီးကျလာရတာပဲ။”

“တကယ်လို့ ငါတို့အဖွဲ့ထဲမှာ မရှိရင်တော့ ဈေးကွက်ခန်းမကနေပဲ နည်းနည်းဝယ်ရတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် ဒီပစ္စတိုက အသက်ကယ်လက်နက်ပဲလေ။”

သူ၏လေသံထဲ၌ အားကိုးရာမဲ့မှုများ အပြည့်ပါဝင်နေခဲ့သည်။

ထိုအရာကို မြင်လိုက်ရသည့်အခါ ရှောင်းယီက ချက်ချင်း ဝင်ပြောလိုက်သည်။

“မလိုပါဘူး။ ငါတို့ဆီမှာ ရှိပါတယ်။ ငါတို့ အဖွဲ့ဝင်တွေအတွက်ဆိုရင် အုတ်မြစ်ကျောက် တစ်ခုကို ကျည်ဆန် ငါးတောင့်နှုန်းနဲ့ ပေးမယ်။ အားလုံးက အပြင်လူတွေကို ပြန်ရောင်းလို့ရတယ်။ ဒါပေမဲ့ ဈေးကွက်ခန်းမထဲက ဈေးထက်တော့ မလျှော့ရဘူး။”

“နောက်ဆုံးတောပ သူဌေးကိုပဲ အားကိုးရတာပါပဲ။ စိတ်ချပါ သူဌေး။ ကျုပ် ဝယ်ပြီးရင်တောင် နိုင်ငံခြားသားတွေကို လုံးဝ ပြန်မရောင်းပါဘူး။ တစ်နေ့နေ့မှာ သူတို့က ကျုပ်တို့ဆီက ဝယ်သွားတဲ့ ကျည်ဆန်တွေနဲ့ ကျုပ်တို့ကို ပြန်ပစ်မှာမျိုး အဖြစ်မခံနိုင်ဘူး။”

“မှန်တယ်။ သူဌေးရဲ့ ကျည်ဆန်တွေကို ဘယ်သူမှ အမြတ်ထုတ်ပြီး ပြန်မရောင်းကြဖို့ အလေးအနက် တိုက်တွန်းပါတယ်။ အဲ့ဒါက အဓိပ္ပာယ်မရှိဘူး။”

ကျည်ဆန်လိုအပ်နေသည့် အသက်ရှင်ကျန်ရစ်သူက ရှောင်းယီ ဝင်ပြောသည်ကို မြင်သောအခါ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ်တော့ တန်းဝယ်မိတော့မလို့။ အခုချက်ချင်း ဝယ်လို့ရမလား မသိဘူး။”

“ရတာပေါ့။ မင်း ဘယ်လောက် လိုချင်သလဲ။”

ရှောင်းယီက မေးလိုက်သည်။

“အရင်ဆုံး လေးဆယ်လောက်ပဲ ပေးပါ။”

တစ်ဖက်လူက ပြန်ဖြေပြီး ဂရုထဲ၌ သီးသန့်အရောင်းအဝယ်တစ်ခုကို ချက်ချင်း တင်လိုက်သည်။

“[အုတ်မြစ်ကျောက်] ၈ - အခမဲ့လဲလှယ်ခြင်း။”]

ရှောင်းယီသည် လဲလှယ်မှုကို လက်ခံလိုက်ပြီးနောက် စနစ်သိုလှောင်ခန်းထဲမှ ကျည်ဆန်ထုတ်လုပ်ရေးစက်ကို ထုတ်ယူကာ အပြင်ဘက်က ကွင်းပြင်တစ်ခုတွင် ချထားလိုက်သည်။

သူသည် စက်ပေါ်ရှိ ထုတ်လုပ်မှုစာရင်းထဲတွင် ဘော်ချာ့ဒ် ပစ္စတိုအတွက် ကျည်ဆန်ပုံစံကို ရှာလိုက်ပြီးနောက် လူတစ်ယောက်ကို ကုန်ကြမ်းများ ယူခိုင်းကာ ကျည်ဆန် ၄၀ ကို ချက်ချင်း ထုတ်လုပ်ပေးလိုက်လေတော့သည်။

All Chapters