အခန်း (၂၄၁)
Vol. 25 Ch. 241
" လွန် လွန်ခဲ့တဲ့ နှစ်နှစ်လုံး ဝေချွမ် မဟုတ်ဘူး တပ်မှူးဝေချွမ်ရဲ့ နှစ်စဉ်လစာမှတ်တမ်းတွေကို ဒီအတိုင်း လွှဲ့ပစ်ခဲ့တာပါ။ " မြို့နယ်တရားသူကြီးက ထိတ်လန့်စွာ ပြောလိုက်သည်။ " လစာနဲ့ပက်သက်ရင် အရင်အတိုင်းပဲ သတ်မှတ်ထားတဲ့ ပမာဏရဲ့ ကိုးပုံတစ်ပုံပဲ ထုတ်ပေခဲ့တာပါ။ "
အစိုးရ၏ ဘဏ္ဍာငွေများ အကြောင်းပြချက်မရှိ တိုးပွားလာခြင်းမှာ ဝေချွမ်ကြောင့်ပင် ဖြစ်သည်။
" မင်းတို့က တပ်မှူးဝေတစ်ယောက်တည်းဆီကမဟုတ်ဘဲ အခြားသူတွေဆီကပါ အလွဲသုံးစားလုပ်ခဲ့ပုံပဲ။ " ကျောက်ဖုန်းက မြို့နယ်တရားသူကြီးကို ကြည့်ပြီး ပြောလိုက်သည်။
အကယ်၍ ၎င်းက ဝေချွမ်တစ်ယောက်တည်းဆိုလျှင် သူတို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေလိမ့်မည်။ သူတို့က ဝေချွမ်၏ ရာထူးဘွဲ့ထူးများကိုပင် မသိဘဲ လစာငွေများကို တိုက်ရိုက်အလွဲသုံးစား လုပ်ခဲ့ပုံရလေသည်။ ထိုအစိုးရ၏ အကျင့်ပျက်ခြစားမှုက လူတစ်ယောက်တည်းထက် ပိုပေလိမ့်မည်။
" ကျွန်တော်မျိုး...." မြို့နယ်တရားသူကြီးက တုန်ယင်နေပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူ၏ အကြည့်က ဘေးမှ မြို့စားမင်းအပေါ်သို့ ကျရောက်သွားသည်။ " ဒီအလွဲသုံးစားမှုအားလုံးက မြို့စားမင်းနဲ့ ပိုင်မိသားစုခေါင်းဆောင်တို့ စီစဉ်ခဲ့တာပါ။ ပိုင်မိသားစုရဲ့ မျက်နှာသာပေးမှုကို ရဖို့အတွက် မြို့စားမင်းက ငွေအားလုံးနီးပါးက်ု လာဘ်ထိုးခဲ့ပါတယ်။ "
" ပြီးတော့ ပိုင်မိသားစုက သူတို့ရဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး သူ့ရဲ့ ပြစ်မှုအားလုံးကို ဖုံးကွယ်ပေးခဲ့တာပါ။ ကျွန်တော်ကတော့ တစ်ပြားမှမရခဲ့ပါဘူး။ ဒါတွေအားလုံးက မြို့စားမင်းနဲ့ ပိုင်မိသားစုတွေလက်ချက်ပါပဲ။ "
" မုဒိမ်းမှုကိစ္စမှာလည်း မြို့စားမင်းတစ်ယောက်တည်းကပဲ လုပ်ခဲ့တာပါ။ ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်က သူတို့ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတာပါ။ အလွဲသုံးစားလုပ်ခဲ့တဲ့ နှစ်စဉ်လစာတွေထဲက တစ်ပြားမှ မယူခဲ့ဘူးလို့ ကျွန်တော် ကျိန်ဆိုရဲပါတယ်။ " မြို့နယ်တရားသူကြီးက ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။
" မင်းက ဒါကို သေချာပေါက် အစီရင်ခံချင်တာလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ကျွန်တော်ရဲ့ အပြစ်တွေကို ပြန်လည်ပေးဆပ်ဖို့ အဆင်သင့်ပါပဲ။ " မြို့နယ်တရားသူကြီးက ခေါင်းညိမ့်လိုက်သည်။
" မြို့စားမင်းနဲ့ ပိုင်မိသားစု ကျူးလွန်ခဲ့တဲ့ ပြစ်မှုတိုင်းကို ချရေးလိုက်။ မင်း အဲ့လိုလုပ်မယ်ဆိုရင် ငါ မင်းအပေါ် သက်ညှာပေးနိုင်တယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ကျွန်တော် အဆင်သင့်ပါပဲ။ " မြို့နယ်တရားသူကြီးက ငြင်းဆန်မှုမရှိဘဲ ပြောလိုက်သည်။
ဘေးမှ မြို့စားမင်းက အလွန်ထိတ်လန့်သွားသည်။ ချင်ဥပဒေများက ရင်ကျန့် အုပ်ချုပ်မှုစတင်လာပြီးနောက် ပို၍ တင်းကျပ်လာခဲ့သည်။ နှစ်စဉ်လစာကို အလွဲသုံးစားလုပ်ခြင်းကို ပြင်းထန်သော ပြစ်မှုအဖြစ် သတ်မှတ်ထားသည်။ ဖမ်းမိသော မည်သူမဆို မိသားစုတစ်ခုလုံး သတ်ခံရမည်ဖြစ်သည်။
ယခု မြို့စားမင်းက အင်အားကြီးမိသားစုတစ်ခုနှင့် ပူးပေါင်းကာ တပ်မှူးတစ်ယောက်၏ လစာကို အလွဲသုံးစား လုပ်ခဲ့သည်။ ၎င်းမှာ အမှန်တကယ် ရဲတင်းသော လုပ်ရပ်ပင်ဖြစ်သည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး အချက်ပြလိုက်သည်။
ကျန်းမင်က ဝါးချပ်စာလိပ် အလွတ်များနှင့် ထွင်းဓားတစ်ချောင်းကို မြို့နယ်တရားသူကြီးထံသို့ ပေးလိုက်သည်။
" မင်းတို့ ဘယ်သူတွေလဲ ရဲတင်းလှချည်လား။ ငါတို့ မိသားစုခေါင်းဆောင်ကို ဒီခိုဆက်ဆံရဲတယ်ပေါ့။ မင်းတို့ရဲ့ အထက်လူကြီးက ဘယ်သူလဲ။ ငါတို့က ပိုင်မိသားစုကွ။ "
ဟန်ချန်းယန်က ကိုယ်ရံတော်များနှင့်အတူ လူတစ်ရာနီးပါးကို ဖမ်းခေါ်လာခဲ့သည်။ အစိုးရရုံးရှေ့သို့ ရောက်သည့်တိုင် ထိုလူများက မောက်မာနေဆဲ ဖြစ်ပြီး အော်ဟစ်ဆဲဆိုနေကြသည်။
" စစ်သူကြီး ပိုင်မိသားစုက လူတိုင်းကို ဖမ်းမိပါပြီ။ တစ်ယောက်မှမလွတ်ပါဘူး။ " ဟန်ချန်းယန်က ကျောက်ဖုန်းကို အစီရင်ခံလိုက်သည်။
" ဝေချွမ် မင်းရဲ့ ညီမကို မုဒိမ်းကျင့်ခဲ့တဲ့သူကို ရှာလိုက်စမ်း။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
ဝေချွမ်က တုန့်ဆိုင်းမနေဘဲ ပိုင်မိသားစုဝင်များကြားရှိ တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသော လူတစ်ယောက်ထံသို့ လျှောက်သွားသည်။
" ပိုင်ကျုံး မင်းငါ့ကို မှတ်မိလား။ " ဝေချွမ်က သူ၏ ရှေ့မှလူကို နာကျည်းမုန်းတီးမှုများဖြင့် ကြည့်လိုက်သည်။
" ဝေချွမ်လား။ " ပိုင်ကျုံးက အံ့ဩသွားသော်လည်း ကြောက်ရွံ့ခြင်းမရှိပေ။ " မင်းက တော်တော်ရဲတင်းတာပဲ။ စစ်တပ်ကို သုံးပြီး ငါ့အိမ်ထဲထိ ဝင်ဖမ်းရဲတယ်ပေါ့။ မင်းကို ဘယ်သူက ဒီလောက်ထိ ရဲတင်းဖို့ ခွင့်ပြုလိုက်တာလဲ။ "
" ငါခွင့်ပြုလိုက်တာပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" မင်းကရော ဘယ်သူလဲ။ " ပိုင်ကျုံးက ကျောက်ဖုန်းကို လှည့်ကြည့်လိုက်သည်။
" လန်ထျန်းစခန်းရဲ့ ပင်မစစ်သူကြီး ကျောက်ဖုန်းပဲ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
ပိုင်ကျုံး၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ကျောက်ဖုန်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။
" လွန်ခဲ့တဲ့ နှစ်က မင်း ဝေချွမ်ရဲ့ ညီမကို မုဒိမ်းကျင့်ခဲ့ပြီး တစ်မိသားစုလုံးကို ရိုက်နှက်ခဲ့တာ မှတ်မိလား။ " ကျောက်ဖုန်းက တည်ငြိမ်စွာ မေးလိုက်သည်။
" စစ်သူကြီးကျောက် ကျွန်တော် အဲ့ဒီတုန်းက စိတ်လိုက်မာန်ပါ ဖြစ်သွားတယ်။ ကျွန်တော်လျော်ကြေးပေးဖို့ အဆင်သင့်ပါပဲ။ စစ်သူကြီး သက်ညှာပေးပါ။ " ပိုင်ကျုံးက တောင်းပန်လိုက်သည်။ " ကျွန်တော်က ရှန်းယန်က ပိုင်မိသားစုဝင်တစ်ယောက်ပါ။ ပိုင်မိသားစုရဲ့ အကြီးအကဲက ကျွန်တော်ရဲ့ ဝမ်းကွဲအကိုပါ။ "
ကျောက်ဖုန်းနှင့် ရင်ဆိုင်ရချိန်တွင် ပိုင်ကျုံးက သူ၏ မောက်မာမှုများကို ဖိနှိပ်ပြီး ရိုသေစွာ ပြောလိုကည်။
" ချင်ဥပဒေအရ မုဒိမ်းမှု ကျူးလွန်တဲ့ပြစ်မှုအတွက် ပြစ်ဒဏ်ရာဘာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ပြစ်ဒဏ်က သင်းကွပ်ပြီး ထောင်ငါးနှစ်ကျခံရပါလိမ့်မယ်။ " ကျန်းမင်က ပြေညလိုက်သည်။
" ဒါဆို အခြားသူတွေကို ရိုက်နှက်တဲ့ ပြစ်ဒဏ်ကရော ဘာလဲ။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
" ဒဏ်ရာအပေါ် မူတည်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာဆိုရင်တော့ ထောင်ဒဏ်သုံးနှစ်ကျခံရပါမယ်။ " ကျန်းမင်က ပြန်ဖြေလိုက်သည်။
" ပြစ်ဒဏ်ကနေ ရှောင်တိမ်းတဲ့ ပြစ်မှုလည်း ရှိသေးတယ်။ အဲ့ဒါဆိုရင် ထောင်ဒဏ် ဆယ်နှစ် ဖြစ်သွားလိမ့်မယ်။ တပ်မှူးဝေ ဘာစောင့်နေတာလဲ။ မုဒိမ်းမှုအတွက် ပြစ်ဒဏ်ကို စီရင်လိုက်စမ်း။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဝေချွမ်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး သူ၏ ဝတ်ရုံထဲမှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
" ပိုင်ကျုံး ဒီနေ့ကို ငါ ဘယ်လောင်တောင် စောင့်ခဲ့ရလဲဆိုတာ မင်းသိရဲ့လား။ " ဝေချွမ်က မျက်လုံးများနီရဲနေပြီး ပိုင်ကျုံးထံသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
" မင်း ငါ့ညီမကို မုဒိမ်းကျင့်တုန်းက ငါ့မှာ ဘယ်သူကို မှ အားကိုးစရာ မရှိခဲ့ဘူး။ မင်းက မင်းရဲ့ လူတွေကို ခေါ်ပြီး ငါ့မိသားစုတစ်ခုလုံးကို ဒဏ်ရာရအောင် ရိုက်နှက်ခဲ့တုန်းကလည်း ဘယ်သူဆီမှာမှ အကူအညီမတောင်းနိုင်ခဲ့ဘူး။ ဒီနေ့က ငါဝေချွမ် လက်စားချေမယ့်နေ့ပဲ။ "
ကျောက်ဖုန်း၏ ကိုယ်ရံတော်နှစ်ယောက်က အလိုက်တသိဖြင့် ပိုင်ကျုံးကို ဖိပြီး ချုပ်ထားလိုက်သည်။ နောက်ထပ်တစ်ယောက်က ရှေ့တိုးလာပြီး သူ၏ ဘောင်းဘီကို ဆွဲချွတ်လိုက်သည်။
" မင်းတို့ ဘာလုပ်တာလဲ။ " ပိုင်ကျုံးက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်ပြီး အသည်းအသန် ရုန်းကန်နေသည်။
ဝေချွမ်က တွန့်ဆုတ်ခြင်းမရှိဘဲ လက်တစ်ဖက်နှင့် ပိုင်ကျုံးကို ဖိပြီး ဓားမြှောင့်ဖြင့် ရက်စက်စွာ လှီးဖြတ်လိုက်သည်။
ရွှပ်....
" အား...." ပိုင်ကျုံး၏ ခြေထောက်နှစ်ဖက်ကြားမှ သွေးများ ပန်းထွက်လာပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ ထိုအသံကြောင့် ပတ်ဝန်းကျင်မှ လူများက ကျောစိမ့်သွားကြပြီး ပိုင်မိသားစုဝင်များ၏ မျက်နှာများက ဖြူဖျော့သွားကြသည်။
" မြို့စားမင်း " ကျောက်ဖုန်းက မြို့စားမင်းကို အေးစက်စွာ ကြည့်လိုက်သည်။ " နှစ်စဉ်လစာကို အလွဲသုံးစားလုပ်တာက ချင်ဥပဒေကို ချိုးဖောက်တာပဲ။ ဒီနေ့ ငါကျောက်ဖုန်းကိုယ်တိုင် မင်းရဲ့ ပြစ်ဒဏ်ကို စီရင်မယ်။ အခြားသူတွေကို သတိပေးတဲ့အနေနဲ့ သူ့ကို လမ်းပေါ်မှာတင် ခေါင်းဖြတ်လိုက်။ "
ဝေချွမ်က ထိုအမိန့်ကို လိုက်နာရန် စိတ်အားထက်သန်နေခဲ့သည်။ သူက မြို့စားမင်းထံသို့ လျှောက်သွားပြီး သူ၏ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။
" ကျွန်တော်ကို ချမ်းသာပေးပါ စစ်သူကြီးကျောက်။ ချမ်းသာပေးပါ။ " မြို့စားမင်းက တသ်ကိုယ်လုံး တုန်ယင်နေပြီး ကြောက်ရွံ့စွာ တောင်းပန်နေသည်။ " ဒါတွေအားလုံးက ပိုင်မိသားစုရဲ့ အပြစ်တွေပါ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ အသက်ချမ်းသာပေး...."
သို့သော် နောက်တစ်စက္ကန့်တွင် ဝေချွမ်၏ ဓားက ကျဆင်းလာပြီး မြို့စားမင်း၏ ဥိးခေါင်းက ခန္ဓာကိုယ်မှ ပြတ်တောက်သွားခဲ့သည်။ ဝေချွမ်၏ မျက်နှာပေါ်တွင် လက်စားချေနိုင်မှုကြောင့် ကျေနပ်သော အမူအရာ ပေါ်လာသည်။ သူက လှည့်ပြီး ကျောက်ဖုန်း၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
" စစ်သူကြီးရဲ့ ကျေးဇူးကို အသက်နဲ့ ပြန်ဆပ်ပါမယ်လို့ ကျိန်ဆိုပါတယ်။ "
ကျောက်ဖုန်းသာ မရှိလျှင် သူက လက်စားချေနိုင်လိမ့်မည်မဟုတ်ပေ။ အားလုံးက ကျော်ဖုန်း၏ ကျေးဇူးများပင် ဖြစ်သည်။
" ဒီကိစ္စမှာပါဝင်တဲ့ သူတွေကိုလည်း တစ်ယောက်မှ အလွတ်မပေးနဲ့။ အားလုံးကို ထောင်ထဲထည့်လိုက်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ကျန်းမင် မင်း ဒိမှာနေပြီး ဒီကိစ္စတွေကို ကိုင်တွယ်လို့ဦး။ "
" ဝေချွမ် " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " မင်းအိမ်ကို သွားလည်ဖို့ ငါ့ကို မဖိတ်တော့ဘူးလား။ "
" ကြွပါ အရှင် ဒီဘက်မှာပါ။ " ဝေချွမ်က ပြောပြီး သူ၏ ဇနီးဘက်သို့ လှည့်လိုက်သည်။ " မိန်းမ အိမ်ပြန်ရအောင်။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့