← Chapters

အခန်း (၂၄၂)

Vol. 25 Ch. 242

အခန်း (၂၄၂)

Vol. 25 Ch. 242

၂၄၂)

မြို့၏ ဆင်ခြေဖုံးရပ်ကွက်ထဲတွင် သေးငယ်သော အိမ်လေးတစ်လုံးရှိနေသည်။ မြို့ထဲတွင် တည်ရှိသော်လည်း ထိုအိမ်လေးက အလွန်ဟောင်းနွမ်းနေသည်။ ခြံဝင်းထဲသို့ ဝင်လိုက်သောအခါ ဝေချွမ်၏ မိဘများဖြစ်သော သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ယောက်ကို တွေ့လိုက်ရသည်။

လူကြီးမှ ကလေးနှစ်ယောက်ထိ ဝေချွမ်၏ မိသားစုတွင် တူညီသော အချက်တစ်ချက်ရှိနေသည်။ ၎င်းမှာ အားလုံးက အရိုးပေါ်အရေတင် ပိန်လှီနေကြခြင်းပင် ဖြစ်သည်။

" အဖေ အမေ ကျွန်တော် ပြန်လာပြီ။ " ဝေချွမ်က ပြန်ရောက်သည်နှင့် လှမ်းပြောလိုက်သည်။ သူက အိမ်သို့ ရောက်သည်နှင့် အဘိုးအဘွားနှစ်ယောက်ရှေ့တွင် ဒူးထောက်လိုက်ပြီး မျက်ရည်များ စီကျလာသည်။

" ချွမ်အာ သား နောက်ဆုံးတော့ ပြန်လာပြီပေါ့။ " သူ၏ မိဘများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ကျောက်ဖုန်းက အပြင်ဘက်တွင် ရပ်ပြီး ထိုမိသားစု၏ ပြန်လည်စုံစည်းမှုကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

" ငါလည်း မကြာခင် အိမ်ရောက်တော့မှာပဲ။ လေးနှစ်နီးပါးရှိပြီ။ အမေနဲ့ ညီမလေး ဘယ်လိုနေလဲ သိချင်မိတယ်။ " ကျောက်ဖုန်းက သူကိုယ်တိုင် အိမ်ပြန်ရတော့မည့်အကြောင်း တွေးမိသောအခါ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ဝေချွမ်က သူ၏ မိသားစုနှင့် စကားပြောပြီးနောက် သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်ပြီး ကျောက်ဖုန်းဘက်သို့ လှည့်လိုက်သည်။

" အဖေ အမေ ကျွန်တော် မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျွန်တော်ရဲ့ စသ်သူကြီးပါ။ အဖေတို့ သူ့နာမည်ကို ကြားဖူးမှာပေါ့။ သူက စစ်သူကြီး ကျောက်ဖုန်းလေ။ "

" ကျောက် ကျောက်ဖုန်းလား။ " သူ၏ မိဘများက မျက်လုံးများပြူးပြီး မယုံကြည်နိုင်ဖြစ်သွားကြသည်။

" ဒီလောက်ထိ အံ့ဩနေဖို့ မလိုပါဘူး အဘိုးနဲ့ အဘွား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " အဘိုးတို့မိသားစု ပြန်ဆုံရအောင်လို့ ဝေချွမ်ကို အိမ်အထိ လိုက်ပို့ပေးတာပါ။ "

" ကျေးဇူးတင်ပါတယ် စစ်သူကြီးကျောက်။ " ဝေချွမ်၏ မိဘများက ကြောက်ရွံ့ရိုသေစွာဖြင့် ပြောလိုက်သည်။

" ညီမလေး ဘယ်မှာလဲ။ သူမ သက်သာသွားပြီလား။ " ဝေချွမ်က ဝမ်းနည်းစွာဖြင့် မေးလိုက်သည်။

" ပိုင်မိသားစုအကြောင်း မပြောရင် သူမ အဆင်ပြေပါတယ်။ " သူ၏ ဖခင်က သက်ပြင်းချ၍ ပြောလိုက်သည်။ " ဒါပေမယ့် သူတို့နာမည်ကို ကြားလိုက်တာနဲ့ သူမက စိတ်ဖောက်သွားတာပဲ။ "

" စိတ်ကြောင့်ဖြစ်တဲ့ရောဂါက စိတ်နဲ့ပဲ ကုရမှာပေါ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။ "ကဲ အိမ်မှာ ကောင်းကောင်းနားပြီး မိဘတွေနဲ့ အချိန်ဖြုန်းလိုက်ဦး။ ငါကတော့ရှန်းယန်ကို ခရီးဆက်ရဦးမယ်။ ဟန်ချန်းယန်ကို ကိုယ်ရံတော်တစ်ရာနဲ့ ဒီမှာထားခဲ့လိုက်မယ်။ တစ်ခုခုပြဿနာရှိရင် သူနဲ့ တိုင်ပင်လိုက်ပါ။ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။"

" အရှင်ကို ကျေးဇူးတင်ပါတယ်။ " ဝေချွမ်က ဦးညွှတ်လိုက်ပြီး သူ၏ သားများကို လှမ်းခေါ်လိုက်သည်။ "ဒီကိုလာပြီး ဒူးထောက်စမ်း။ "

ကောင်လေးနှသ်ယေညက်က ချက်ချင်း ကျောက်ဖုန်း၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

" ကျွန်တော် ဝေချွမ် ကျိန်ဆိုပါတယ်။ ဝေမိသားစုနဲ့ မျိုးဆက်အားလုံးက အရှင်ကို သစ္စာရှိ အလုပ်အကျွေးပြုပြီး ထာဝရနောက်လိုက်တွေအဖြစ် နေထိုင်သွားပါမယ်။ " ဝေချွမ်က ကျောက်ဖုန်းကို ဦးညွှတ်လိုက်ပြီး သူ၏ သားနှစ်ယောက်ကလည်း အလားတူ လိုက်လုပ်လိုက်ကြသည်။

" ဒီလောက်ထိ လုပ်ဖို့မလိုပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ သူ၏ လက်ကို ဝှေ့ရမ်းလိုက်သောအခါ ကိုယ်ရံတော်တစ်ယောက်က သေတ္တာတစ်လုံးကို ယူပြီး ဝေချွမ်ရှေ့တွင် ချပေးလိုက်သည်။

" ဒါက မင်းရဲ့ မိသားစုအတွက် လက်ဆောင်ပါ။ ကျေးဇူးတင်စကားပြောဖို့ မလိုတော့ဘူး။ " ကျောက်ဖုန်းက ပြောပြီး ခြံဝင်းထဲမှ ထွက်ခွာသွားသည်။ သူ၏ ကိုယ်ရံတော်များကလည်း နောက်မှ လိုက်ပါသွားကြသည်။

" အရှင်ကို နှုတ်ဆက်ပါတယ်။ " ဝေချွမ်က ဦးညွှတ်လိုက်သည်။ ကျောက်ဖုန်း ထွက်သွားမှ သူက ထလိုက်သည်။

" သွား...မင်းတို့ အဒေါ်ကို ခေါ်လိုက်ဦး။ "

" ဒေါ်လေး အဖေ ပြန်ရောက်လာပြီ။ " ကောင်လေးနှစ်ယောက်က အခန်းတစ်ခုဆီသို့ ပြေးသွားရင်း အော်လိုက်သည်။

ချည်ထည်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ထွက်လာသည်။ သူ၏ မျက်နှာက အနည်းငယ် ညှိုးနွမ်းနေပြီး ခံစားချက်ကင်းမဲ့နေသည်။

" အကို " ဝေချွမ်ကို မြင်လိုက်ရသောအခါ သူမက ဝမ်းသာသွားပြီး သူ့ကို ပြေးဖက်လိုက်သည်။

" အကို ပြန်ရောက်ပြီ။ " ဝေချွမ်က သူမ၏ ကျောကို ညင်သာစွာ ပွတ်ပြီး ပြောလိုက်သည်။ သူက သူ၏ ညီမလေး စိတ်တည်ငြိမ်သွားမှ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

" အဖေ အမေ အရှင်က ကျွန်တော်တို့ မိသားစုအတွက် လက်စားချေပေးလိုက်ပြီ။ ကျွန်တော်ကိုယ်တိုင် အဲ့ဒီမြို့စားမင်းကို ခေါင်းဖြတ်ခဲ့တယ်။ ယုတ်မာတဲ့ ပိုင်ကျုံးကိုလည်း သင်းကွပ်ခိုက်ပြီ။ အဖေတို့ကို နာကျင်အောင်လုပ်တဲ့ အဲ့ဒီခွေးတွေကိုလည်း ထောင်ထဲထည့်လိုက်ပြီ။ "

၎င်းကို ကြားသောအခါ ဝေချွမ်၏ မိဘများနှင့် ညီမဖြစ်သူမှာ မယုံကြည်နိုင်ဖြစ်သွားကြသည်။ သူတို့အားလုံးက ဝေချွမ်၏ ဇနီးကို လှည့်ကြည့်လိုက်ကြသည်။

" အဖေ အမေ အဲ့ဒါအမှန်ပဲ။ " ဝေချွမ်၏ ဇနီးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " စစ်သူကြီးကျောက်က ကျွန်မတို့ မိသားစုအတွက် တရားမျှတအောင် လုပ်ပေးခဲ့တယ်။ အကို လက်စားချေတာကို ကျွန်မကိုယ်တိုင် မြင်တွေ့ခဲ့တာပါ။ "

ဝေချွမ်၏ မိဘများက ထပ်မံထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ သူတို့က ကျောက်ဖုန်းထွက်သွားသော လမ်းသို့ ဦးညွှတ်လိုက်ကြသည်။

" ကျေးဇူးရှင် ဝေမိသားစုက ဒါကို ကမ္ဘာတည်သရွေ့ မမေ့ပါဘူး။ "

" အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ " ဝေချွမ်က ပြုံး၍ ပြောလိုက်သည်။ " အဖေတို့ နောက်ထပ် ဘာဒုက္ခမှ မခံစားရတော့ဘူး။ အဖေတို့သားက အခု ချင်ရဲ့ စစ်သည်တစ်သောင်းကို အုပ်ချုပ်ရတဲ့ တပ်မှူးတစ်ယောက်ဖြစ်နေပြီ။ ဒါတွေအားလုံးက အရှင်ရဲ့ ကျေးဇူးတွေပဲ။ "

" တပ်မှူး သားက တပ်မှုးဖြစ်သွားပြီလား။ " သူ၏ မိဘများက မျက်လုံးများ ပြူးသွားပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။

ထိုအချိန်တွင် ဝေချွမ်၏ သားကြီးက မြေပြင်မှ သေတ္တာကို ကောက်ယူပြီး ဖွင့်လိုက်သောအခါ ရွှေတုံးရွှေစများကို တွေ့လိုက်ရသည်။

"အဖေ ရွှေတွေအများကြီးပဲ။ "

ဝေချွမ်က သေတ္တာကို ယူလိုက်ပြီး သူ၏ မျက်နှာတွင် နက်ရှိုင်းသော ကျေးဇူးတင်မှုများ ထင်ဟပ်နေသည်။

" ရှုံးအာ ဟုအာ....အဖေ အခုလေးတင် ကျိန်ဆိုခဲ့တာကို မှတ်မိတယ်မလား။ ဝေမိသားစုက အရှင်ရဲ့ ထာဝရနောက်လိုက်တွေဖြစ်သွားပြီ။ အဖေကနေစပြီး မင်းတို့နဲ့ မင်းတို့ရဲ့ သားသမီးတွေ သားစဉ်မြေးဆက် အားလုံးက ဝေမျိုးရိုးမပြတ်သရွေ့ သူ့ရဲ့ နောက်လိုက်တော့ ဖြစ်ရမယ်။ တကယ်လို့ အနာဂတ်မှာ ဝေမိသားစုက တစ်ယောက်ယောက်က အရှင်ကို သစ္စာဖောက်ခဲ့ရင် ကောင်းကင်နဲ့ မြေကြီးရဲ့ ဒဏ်ခတ်ခြင်းကို ခံရမယ်။ ဒီစကားတွေကို ငါတို့ မိသားစုရဲ့ စည်းကမ်းအဖြစ် သတ်မှတ်ပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းသွားရမယ်။ "

" ကျွန်တော်တို့ မှတ်ထားပါမယ် အဖေ။ " ကောင်လေးနှစ်ယောက်က လေးနက်စွာ ခေါင်းညိမ့်လိုက်ကြသည်။

ရှန်းယန်မြို့တော်။

မြို့တံခါးတွင် သာမန်ပြည်သူများက စုရုံးရောက်ရှိနေကြပြီး သူတို့၏ မျက်နှာတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ မြို့တော်၏ အဓိကလမ်းမကြီးများကို ပုံမှန်မြို့စောင့်တပ်များမဟုတ်ဘဲ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့က စောင့်ကြပ်နေကြသည်။ သူတို့က အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်ကို ကြိုဆိုနေကြသည်မှာ ထင်ရှားသည်။ ထိုလူက စစ်သူကြီးကျောက်ဖုန်း ဖြစ်သည်ကို လူတိုင်းသိကြလေသည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " မြို့တွင်းမှ ပြည်သူများ၏ နှုတ်ဆက်သံများက ဆက်တိုက်ထွက်ပေါ်နေသည်။

ပြည်သူများက လမ်းပေါ်သို့ ကြည့်လိုက်ကြသည်။ မြင်းကိုးကောင်းဆွဲလာသော ရထားလုံးတစ်စီးက မြို့ထဲမှ ဖြည်းညင်းစွာထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုရထားလုံးနောက်တွင် အရာရှိရာချီ လိုက်ပါလာသည်ကို မြင်သေညအခါ ပြည်သူများက မှင်သက်သွားကြသည်။

" အရှင်မင်းကြီးကိုယ်တိုင် ထွက်ကြိုတာလား။ "

" အရှင်မင်းကြီးက အရာရှိတွေနဲ့ စစ်သူကြီးကျောက်ဖုန်းကို ကြိိုဆိုဖို့ ရောက်လာတာလား။ "

" ငါတို့ ချင်သမိုင်းမှာ အရှင်မင်းကြီးဟွေ့ဝမ်က စစ်သေနာပတိချုပ် ရင်ဟွာကို ကိုယ်တိုင်ထွက်ကြိုခဲ့တယ်။ ပြီးတော့ အရှမင်းကြီး ကျောက်ရှန်းကလည်း အရှင်ဝူအန်းကို ကိုယ်တိုင် ထွက်ကြိုခဲ့တယ်။ အခု အရှင်မင်းကြီးကလည်း စစ်သူကြီးကျောက်ဖုန်းကို ကိုယ်တိုင်ကြိိုဆိုနေတယ်။ ဒါက တကယ်မြင့်မြတ်တဲ့ ဂုဏ်ပြုမှုပဲ။ "

ဘုရင်ရထားလုံးရောက်လာသည်ကို ကြည့်ရင်း မရေတွက်နိုင်သော ပြည်သူများက စိတ်လှုပ်ရှားသွားကြသည်။ ထိုအပြင် အရာရှိများ နောက်ကလိုက်ပါလာခြင်းကလည်း ၎င်း၏ အရေးပါမှုကို ထင်ရှားစေသည်။

" အရှင်မင်းကြီးက ကျောက်ဖုန်းကို အရေးပေးလွန်းတယ်။ သူ့ကို ကြိုဆိုဖို့ မြို့ပြင်ကို ကိုယ်တိုင် ထွက်လာတယ်။ " ဟွိုက်ကျွမ်းက လေးနက်စွာ ပြောလိုက်သည်။

" အဲ့ဒါကြောင့် ဆရာကြီးချွန်းက ဆိုးရွားတဲ့ အမှားကို လုပ်ခဲ့တယ်လို့ ပြောတာပေါ့။ " ဝမ်ဝမ်က သက်ပြင်းချလိုက်သည်။

" ဝန်ကြီးဝမ် နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ပိုင်မိသားစုက ကျောက်ဖုန်းကို စွပ်စွဲပြစ်တင်ဖို့ ကြံစည်နေကြတယ်။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

" ဘာလို့လဲ။ " ဝမ်ဝမ်က အံ့ဩသွားသည်။

" ကျောက်ဖုန်းက ရှန်းယန်ကို ပြန်လာတုန်း ဟန်ကုခရိုင်က မြို့လေးတစ်မြို့မှာရှိတဲ့ ပိုင်မိသားစုရဲ့ ဆွေမျိုးတစ်ယောက်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့တယ်။ " ဟွိုက်ကျွမ်းက ရှင်းပြလိုက်သည်။

" သူက သူ့သဘောနဲ့သူ ကိုင်တွယ်ခဲ့တာလား။ အကြောင်းရင်းရှိလို့လား။ " ဝမ်ဝမ်က မေးလိုက်သည်။

" ပိုင်မိသားစုက ပြောတာကတော့ ကျောက်ဖုန်းက ကိုင်ပိုင်ပြစ်ဒဏ်ကို သုံးခဲ့တဲ့အပြင် မြို့စားမင်းကိုပါ ခေါင်းဖြတ်ခဲ့တယ်။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဝမ်ဝမ်က ရုတ်တရက် ပြုံးလိုက်သည်။

" အဲ့ဒီစစ်ဘက်အရာရှိအားလုံးက တူညီတဲ့ စရိုက်တစ်ခု ရှိနေပုံရတယ်။ အရင်တုန်းက ပိုင်ချီကလည်း ရာထူးကြီးလာတော့ လက်ရဲဇက်ရဲလုပ်ခဲ့တယ်။ အခုကျောက်ဖုန်းကလည်း ချွင်းချက်မဟုတ်ဘူး။ ငါတို့က အကြီးဆုံးမင်းသားရဲ့ အုပ်စုထဲကဆိုတာ လူတိုင်း သိပြီးသားပဲ။ ဒါပေမယ့် ပိုင်မိသားစုက မင်းသားနဲ့ ပက်သက်မှု သိပ်မရှိဘူး။ "

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters