အခန်း (၂၄၄)
Vol. 25 Ch. 244
" ကျောက်ဖုန်း မင်း ဒါက ရှန်းယန်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား.. " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" ကျွန်တော်မျိုးက ရှချူးခရိုင်မှာ ကြီးပြင်းခဲ့တာပါ။ အခုက မြို့တော်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာ အမှန်ပါပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
" ငါတို့ချင်ရဲ့ တော်ဝင်မြို့တော်က မခမ်းနားဘူးလား။ " ရင်ကျန့်က မေးလိုက်သည်။
" ကျွန်တော်မျိုးက အခြားနိုင်ငံနှစ်ခုရဲ့ မြို့တော်တွေဖြစ်တဲ့ ရှင်းကျန်းနဲ့ ဟန်တန်ကို ရောက်ဖူးပါတယ်။ အဲ့ဒီမြို့တော်တနွက ရှန်းယန်ရဲ့ ခမ်းနားမှုကို မမီပါဘူး။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
"တစ်လောကလုံးကို စုစည်းပြီးသွားရင် ရှန်းယန်က အခုထက်ပိုပြီး ခမ်းနားထည်ဝါလာလိမ့်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
အရာကှိများကလည်း ရထားလုံးနောက်မှ တဖြည်းဖြည်း လိုက်ပါသွားကြသည်။
" မင်းရဲ့ သမက်က အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို တကယ်ရထားတာပဲ။ " ရင်ကျန့်က ကျောက်ဖုန်းနှင့် ပျော်ရွှင်စွာ စကားပြောနေသည်ကို ကြည့်ရင်း မုန့်ဝူက ပြောလိုက်သည်။
" မင်းရဲ့ သမက်ကသာ မဆင်မခြင် ဘာမှမလုပ်ဘူးဆိုရင် တစ်နေ့မှာ အရှင်ဝူအန်းရခဲ့တဲ့ ရာထူးနေရာအထိ ရောက်နိုင်တဲ့ အခွင့်အရေးရှိတယ်။ "
" အရှင်မင်းကြီးနဲ့ ကျောက်ဖုန်းက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေတာလဲ။ သူတို့က ရုပ်ချင်းလည်းဆင်တယ်၊ အရပ်အမောင်းရောပဲ။ မသိရင် သူတို့ကို သားအဖလို့တောင် ထင်နိုင်တယ်။ ဒါက တကယ်ကို ထူးဆန်းတယ်။ " ဟွမ်ယိက စိတ်ထဲမှ တွေးလိုက်သည်။
" ဒီလိုမျက်နှာသာပေးမှုမျိုး အရင်က ဒါမျိုး ဖြစ်ဖူးလား။ " ဝမ်ဝမ်က ဟွိုက်ကျွမ်းဘက်သို့ လှည့်ပြီး မေးလိုက်သည်။
" တကယ်ပဲ ဒါမျိုးတစ်ခါမှ မမြင်ဖူးဘူး။ " ဟွိုက်ကျွမ်းက သက်ပြင်းချပြီး ပြောလိုက်သည်။ " နှိုင်းယှဉ်ရမယ့်ဆိုရင် ကျောက်ရှန်းဘုရင်က အရှင်ဝူအန်းအပေါ် ဆက်ဆံခဲ့တဲ့ ပုံစံပဲ ရှိတယ်။ "
" ဘာပဲဖြစ်ဖြစ် ကျောက်ဖုန်းက အသက်အရမ်းငယ်သေးတယ်။ အမြင့်ရောက်လေ အကျနာလေပဲ။ ငါတို့ကတော့ ဒီအတိုင်း ထိုင်ကြည့်နေရုံပေါ့။ " ဝမ်ဝမ်က လှောင်ပြုံးပြုံးလိုက်သည်။
အချိန်အတော်ကြာပြီးနောက် နန်းတော်ဖး ညီလာခံခန်းမအတွင်းသို့ ရောက်ရှိသွားသည်။ အရာရှိများကလည်း သူတို့၏ သတ်မှတ်ထားသော နေရာများတွင် ရပ်နေကြသည်။
ရင်ကျန့်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး ကျောက်ဖုန်းက ခန်းမအလယ်တွင် ရပ်နေသည်။ ရင်ကျန့်၏ ဘေးတွင် အလုပ်အကျွေးပြုနေသော ကျောက်ကောင်းက ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" ဒါက ကျော်ကြားလှတဲ့ ကျောက်ဖုန်းပေါ့။ ငါသူ့ကို မင်းသားဟူဟိုက်ဘက်ပါအောင် ဆွဲဆောင်ရမယ်။ ဒါမှသာ မင်းသာဖုစုက ပြန်တိုက်နိုင်လိမ့်မယ်။ " ကျောက်ကောင်းက သူ့ကို အကဲခတ်နေချိန်တွင် ကျောက်ဖုန်းကလည်း သူ့ကို ပြန်ကြည့်နေသည်။
" ဒါက သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သစ္စာဖောက် ကျောက်ကောင်းပေါ့။ သူက တကယ်ကောက်ကျစ်မယ့်ပုံပဲ။ ဒါပေမယ့် ချင်ရှီဟွမ်ရှိနေသရွေ့ သူက ပုရွက်ဆိတ်တစ်ကောင်ထက်မပိုပါဘူး။ နောက်လာမယ့် ဆယ်စုနှစ်တွေမှာ ဒီမိန်းမစိုးက ချင်အင်ပါယာကို ဖရိုဖရဲဖြစ်အောင်လုပ်ပြီး ပြိုလဲစေခဲ့ရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ ဒီညီလာခံထဲက ဘယ်သူကတွေးမိမှာလဲ။ "
ကျောက်ဖုန်းက သူတို့ကို မျက်လုံးနှင့် လိုက်ကြည့်နေခြင်းမဟုတ်ဘဲ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားခြင်း ဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံထဲတွင် တစ်စုံတစ်ယောက်က သူ့ကို မုန်းတီးစွာ ကြည့်နေပြီး အချို့လူများကလည်း မနာလိုသောအကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
" အဲ့ဒီလူက ငါ့ကို ဘာလို့ဒီလောက်တောင် မုန်းတီးတဲ့အကြည့်နဲ့ ကြည့်နေတာလဲ။ သူ့လိုလူတွေလည်း တော်တော်များတာပဲ။ ငါ သူတို့ ဘိုးဘေးသင်္ချိုင်းကို တူးမိခဲ့လို့များလား။ "
ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို ပလ္လင်ရှိရာသို့ ဖြန့်ကျက်ကြည့်လိုက်သည်။
ဝုန်း....
စွမ်းအားတစ်ခုက ချက်ချင်း ပေါက်ကွဲလာပြီး သူ၏ နတ်ဘုရားအာရုံကို ပြန်လည်ရိုက်ထုတ်လိုက်သည်။ ကျောက်ဖုန်းက ရင်ကျန့်၏ ခေါင်းပေါ်တွင် ရစ်ခွေနေသော နဂါးနက်ကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုနဂါးက သူ့ကို ခြိမ်းခြောက်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ ကျောက်ဖုန်းက ခဏမှင်သက်သွားပြီး တစ်စုံတစ်ခုကို နားလည်သွားသည်။
" ဒါက ကံတရားရဲ့ စွမ်းအားလား။ " ကျောက်ဖုန်းက ယခင်ဘဝမှ ဒဏ္ဍာရီများမှတစ်ဆင့် ထိုကဲ့သို့သော အကြောင်းအရာများကို ကြားဖူးခဲ့သည်။
" စစ်သူကြီးကျောက် မင်းက ကျောက်နိုင်ငံက ပြန်လာပြီဆိုတော့ ပြန်လည်ဖွဲ့စည်းတဲ့ အလုပ်တွေ ပြီးသွားပြီပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
အခြားသူများရှေ့တွင် ရင်ကျန့်က အေးစက်သော အမူအရာကု အမြဲထိန်းသိမ်းထားလေ့ရှိသည်။ သို့သော် ကျောက်ဖုန်းနှင့် ပထမဆုံး မြင်လိုက်ရကတည်းက ဆွေမျိုးရင်းချာတစ်ယောက်ကဲ့သို့ သူ ခံစားခဲ့ရသည်။ ၎င်းက ရင်ကျန့်ကိုယ်တိုင်ပင် ရှင်းပြ၍မရနိုင်သော ခံစားချက်ဖြစ်စေပြီး ရလဒ်အနေဖြင့် ကျောက်ဖုန်းအပေါ် သူ၏ သဘောထားက ထူးထူးခြားခြား နွေးထွေးနေခဲ့သည်။
" အရှင်မင်းကြီး ဒါက ပြန်လည်ဖွဲ့စည်းထားတဲ့စာရင်းပါ။ " ကျောက်ဖုန်းက သူ၏ ဝတ်ရုံထဲမှ ပိုးထည်စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
" မင်းပဲ အဲ့ဒါကို ဖတ်ပြလိုက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။ " ကျောက်စစ်သည်လေးသိန်းကျော်ထဲမှာ လက်ရွေးစင်ဘယ်နှစ်ယောက်ကို ရွေးထုတ်နိုင်ခဲ့လဲဆိုတာ ငါလည်းသိချင်မိတယ်။ "
" အမိန့်အတိုင်းပါ။ " ကျောက်ဖုန်းက ပိုးထည်စကိုဖြန့်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။ " ကျောက်ကို အမြ်ပြတ်ချေမှုန်းတဲ့ တိုက်ပွဲမှာ ကျွန်တော်မျိုးတို့ချင်ကို ကျောက်စစ်သည်လေးသိန်းကျော်က အညံ့ခံခဲ့ပါတယ်။ ကျွန်တော်မျိုးရဲ့ စစ်သည်တွေက သူတို့ကို စစ်ဆေးဖို့ တစ်လအချိန်ယူခဲ့ပါတယ်။ "
" ကျန်းမာရေးမကောင်းတဲ့ လူပေါင်း တစ်သိန်းခြောက်သောင်းကျော်ကို ထုတ်ပယ်ခဲ့ပြီး အပြစ်သားတပ်ဖွဲ့ထဲကို ပြန်လည်ဖွဲ့စည်းနိုင်မယ့် လက်နက်ချစစ်သည် နှစ်သိန်းလေးသောင်းကျော် ကျန်ရှိပါတယ်။ "
" စစ်သူကြီးကျောက်က တကယ် ကြိုးစားခဲ့တာပဲ။ အဲ့ဒီလက်နက်ချစစ်သည်တွေကို ဘယ်လိုပြန်လည်ဖွဲ့စည်းဖို့ အကြံပြုချင်သလဲ။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" အဲ့ဒီလက်နက်ချစစ်သည်တွေကို လန်ထျန်းစခန်းက ကျဆုံးသွားတဲ့ စစ်သည်တွေနေရာမှာ အရင်ဆုံး အစားထိုးဖို့ ကျွန်တော်မျိုး အကြံပြုပါတယ်။ ကျန်တဲ့လူတွေကိုတော့ အရှင်မင်းကြီး ဆုံးဖြတ်ချက်အတိုင်း ထားရှိနိုင်ပါတယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" အင်း လက်နက်ချစစ်သည်တွေကို ပြန်လည်ဖွဲ့စည်းဖို့က နောက်မှ ဆွေးနွေးကြတာပေါ့။ " ရင်ကျန့်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။ " ငါတို့ ဟန်တန်မှာ ရှိတုန်းက မင်း ကျောက်ကို အောင်နိုင်ပြီး ချင်ကို ပြန်ရောက်ရင် အံ့ဩစရာတစ်ခုပေးမယ်လို့ ငါပြောခဲ့တယ်။ အခု အဲ့ဒီစကားကို တည်ရမယ့်အချိန်ရောက်ပြီ။ "
ထိုအချိန်တွင် အရပ်ဘက်အရာရှိများကြားမှ ဝန်ကြီးတစ်ယောက်က ရှေ့သို့ ထွက်လာသည်။ သူက ပိုင်မိသားစုမှ ပိုင်ဝူ ဖြစ်သည်။
" အစီရင်ခံစာ တင်ပြခွင့်ပြုပါ အရှင်မင်းကြီး။ ကျွန်တော်မျိုး ကျောက်ဖုန်းကို စွဲချက်တင်ချင်ပါတယ်။ "
" ဟမ် " ရင်ကျန့်၏ အပြုံးများက ပျောက်ကွယ်သွားပြီး ထိုဝန်ကြီးကို အေးစက်စွာ ကြည့်လိုက်သည်။ " မင်း ဘာပြောလိုက်တာလဲ။ စစ်သူကြီးကျောက်ကို စွဲချက်တင်မယ် ဟုတ်လား။ "
" ကျောက်ဖုန်းက ချင်ဥပဒေရဲ့ ပြင်ပပြစ်ဒဏ်တွေကို အသုံးပြုခဲ့ပါတယ်။ " ပိုင်ဝူက ကျယ်လောင်စွာ ပြောလိုက်သည်။
" မင်း ဘာပြောနေတာလဲဆိုတာ သိရဲ့လား။ စစ်သူကြီးကျောက်က ဘယ်တုန်းက ဥပဒေရဲ့ ပြင်ပပြစ်ဒဏ်တွေကို အသုံးပြုခဲ့လို့လဲ။ " ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။
" ဝန်ကြီးပိုင် " ဝမ်ကျန့်က ရှေ့တိုးလာပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ " စစ်သူကြီးကျောက်က ခင်ဗျားနဲ့ တစ်ခါမှ မဆုံဖူးသလို ကျောက်နိုင်ငံမှာ စစ်ရေးကိစ္စတွေကိုပဲ စီမံနေတာ။ ခင်ဗျားက သူ့ကို ဥပဒေရဲ့ ပြစ်ဒဏ်တွေ သုံးစွဲတယ်လို့ စွပ်စွဲနေတာလား။ တကယ်လို့ ခင်ဗျားပြောတာ မဟုတ်ဘူးဆိုရင် ဒါက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပဲ။ "
" ကျွန်တော်မျိုး ပြောတဲ့စကားတွေက အမှန်တွေပါ အရှင်မင်းကြီး။ " ပိုင်ဝူက ဒေါသတကြီးဖြင့် ပိုးထည်လိပ်တစ်ခုကို မြှောက်ပြပြီး ပြောလိုက်သည်။ " ဒါက လင်းကွမ်မြို့က ကျွန်တော်မျိုးရဲ့ ပိုင်မိသားစုက ပူးပေါင်းတင်ပြတဲ့ စွဲချက်အစီရင်ခံစာပါ။ အရှင်မင်းကြီး ဒါကို စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။ "
အနားတွင် ရှိသော ကျောက်ကောင်းက ရှေ့တိုးလာပြီး ပိုးထည်လိပ်ကို လက်ခံယူလိုက်သည်။
ထိုအချိန်တွင် ညီလာခံအတွင်း၌ ပိုင်ဝူ၏ စွဲချက်အပေါ် တုန့်ပြန်မှုအမျိုးမျိုးရှိနေကြသည်။ အချို့က အံ့ဩနေကြပြီး အချို့က ဝမ်းသာနေကာ အချို့က ဘယ်လိုဖြစ်မလဲ စောင့်ကြည့်နေကြသည်။
ထိုအချိန်တွင် ကျောက်ဖုန်းက စကားပြောလာသည်။ " အရှင်မင်းကြီး ကျွန်တော်မျိုးကို စွပ်စွဲတဲ့သူက မျိုးရိုးပိုင်ဆိုရင် ဒါက ဘာအကြောင်းလဲဆိုတာ ကျွန်တော်မျိုး သိပါတယ်။ အရှင်မင်းကြီးအနေနဲ့ သူ့ရဲ့ စွဲချက်ကို ဖတ်နေဖို့တောင် မလိုပါဘူး။ "
ယခု သူ့ကို စွပ်စဲသူပေါ်လာပြီဖြစ်သောကြောင့် ကျောက်ဖုန်းက နောက်ဆုတ်စရာ အကြောင်းမရှိပေ။ သူက သူ၏ ရင်ဘတ်ထဲမှ ဝါးချပ်စာလိပ်ကို ထုတ်ယူလိုက်သည်။ ၎င်းက လင်းကွမ်မြို့မှ မြို့နယ်တရားသူကြီး ရေးထားသော ဝန်ခံချက်ဖြစ်သည်။
ထိုထဲတွင် မြို့စားမင်းနှင့် ပိုင်မိသားစုတို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့သော အဂတိလိုက်စားမှုများနှင့် ဖိနှိပ်မှုများ၊ ဝေမိသားစုအပေါ်တွင်သာမက သူတို့ကျူးလွန်ခဲ့သော အခြားရာဇဝတ်မှုများကိုပါ အသေးစိတ်ရေးသားထားသည်။
" အဲ့ဒါကို ယူခဲ့စမ်း။ " ရင်ကျန့်က ပိုင်ဝယ၏ စွဲချက်အစီရင်ခံစာကို ချလိုက်ပြီး ကျောက်ကောင်းကို အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက အောက်သို့ဆင်းကာ အစီရင်ခံစာကို ယူပြီး ရင်ကျန့်ကို ဆက်သလိုက်သည်။
၎င်းကို မြင်သောအခါ ပိုင်ဝူက ထိတ်လန့်သွားသည်။
" ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုခုရှိနေတာလား။ ပိုင်မိသားစုကပြောသလို မဟုတ်တာများလား။ " ဝမ်ဝမ်က တွေးလိုက်သည်။
ပိုင်ဝူ၏ စွပ်စွဲချက်ကို ရင်ဆိုင်ရသော်လည်း ကျောက်ဖုန်းက တုန်လှုပ်ခြင်းမရှိသည်ကို လူတိုင်းက မြင်နိုင်လေသည်။ သူက ကြိုတင်ပြင်ဆင်လာသကဲ့သို့ ဖြစ်နေသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့