အခန်း (၂၄၇)
Vol. 25 Ch. 247
" ဝန်ကြီးနှစ်ယောက်ကို နှုတ်ဆက်ပါတယ်။ "
ပြုံးနေသော မျက်နှာကို ဘယ်သူမှ မရိုက်ရက်ပေ။ ကျောက်ဖုန်းက ထိုနှစ်ယောက်အပေါ် စိတ်ထဲတွင် မနှစ်မြို့သော်လည်း ယဉ်ကျေးစွာဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
သူတို့နောက်တွင် အရာရှိများက တစ်ယောက်ပြီးတစ်ယောက် ကျောက်ဖုန်းအနီးသို့ လာပြီး ဂုဏ်ပြုစကားများ ပြောလိုက်ကြသည်။ ၎င်းက အာဏာရှိခြင်း၏ အဓိပ္ပါယ်ပင်ဖြစ်သည်။
" ဝန်ကြီးတို့ အရှင်မင်းကြီးက စစ်သေနာပတိချုပ်ကျောက်ဖုန်းကို ဆင့်ခေါ်ထားပါတယ်။ ပြောစရာရှိရင် နောက်မှပြောဖို့ တောင်းဆိုပါတယ်။ " ကျောက်ကောင်းက ဝန်ကြီးများကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်သားပဲ။ အရှင်မင်းကြီးက စစ်သေနာပတိချုပ်ကို ဆင့်ခေါ်ထားတာပဲ။ "
" စစ်သေနာပတိချုပ်ကို နှုတ်ဆက်ပါတယ်။ "
ဝန်ကြီးများက လက်သီးလက်ဝါးဆုပ်၍ ဂါရဝပြုပြီး ထွက်ခွာသွားကြသည်။
" စစ်သေနာပတိချုပ် ကျုပ်နောက်ကို လိုက်ခဲ့ပါ။ " ကျောက်ကောင်းက ဦးညွှတ်ပြီး ပြောလိုက်သည်။
ခန်းမ၏ အပြင်ဘက်တွင် ဖုစု စောင့်နေသည်ကို မြင်သောအခါ ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က ချဉ်းကပ်သွားကြသည်။
" အရှင်သား "
" ဝန်ကြီးတို့ အခုကိစ္စက တကယ်ပဲရှောင်လွှဲလို့မရတော့ဘူးလား။ " ဖုစုက စိတ်မပါဘဲ ပြောလိုက်သည်။
" အရှင်သား အရှင်မင်းကြီးအမိန့်ကို ဖီဆန်လို့မရပါဘူး။ " ဝမ်ဝမ်က သက်ပြင်းချပြီး ပြောလိုက်သည်။ " ဒါက နှစ်နှစ်တောင် အချိန်ဆွဲပြီးသွားပြီ။ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်က သေချာနေပါပြီ။ "
၎င်းကို ကြားသောအခါ ဖုစုက စိတ်ပျက်စွာဖြင့် ထွက်ခွာသွားသည်။ သူ့အတွက် ၎င်းက လုံးဝမလိုလားအပ်သော မင်္ဂလာပွဲတစ်ခုဖြစ်နေသည်။
" အရှင်သားကတော့ ဒီတစ်ခါ အကန့်အသတ်ထိ တွန်းပို့ခံလိုက်ရတာပဲ။ " ဟွိုက်ကျွမ်းကလည်း သက်ပြင်းချလိုက်သည်။
" ဒါက အရေးမကြီးပါဘူး။ " ဝမ်ဝမ်က တိုးတိုးလေး ပြောလိုက်သည်။
" လီစီရဲ့သမီးက အရှင်သားနဲ့ လက်ထပ်ရင်တောင် ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။ အရှင်သားရဲ့ အတွေးအခေါ်တွေက လီစီရဲ့ အတွေးအခေါ်တွေနဲ့ တိုက်ရိုက်ဆန့်ကျင်နေတယ်။ အရှင်သားထီးနန်းတက်လာရင် အဲ့ဒါတွေ ပြောင်းလဲသွားလိမ့်မယ်။ "
" စကားကို ဆင်ခြင်ပြော။ " ဟွိုက်ကျွမ်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဒီနေ့ တော်ဝင်မိသားစုဆိုင်ရာဝန်ကြီးရဲ့ စမ်းသပ်မှုက အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ဘူး။ အရှင်မင်းကြီးက အရှင်သားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ဖို့ တကယ်ပဲ အစီအစဉ်မရှိတာလား။ "
ဖုစု၏ မင်္ဂလာပွဲအပေါ် ရင်ကျန့်၏ အေးစက်သော သဘောထားကို မြင်တွေ့ရခြင်းက ဟွိုက်ကျွမ်းကို သံသယဝင်လာစေသည်။
" မင်းသားအားလုံးထဲမှာ ဘယ်သူက အရှင်သားကို ယှဉ်နိုင်မှာလဲ။ " ဝမ်ဝမ်က ယုံကြည်မှုရှိစွာ ပြန်မေးလိုက်သည်။ " အရှင်မင်းကြီးက အခု ခွန်အားပြည့်တဲ့အချိန်မှာ ရှိနေတာ။ ဒါကြောင့် အိမ်ရှေ့စံမင်းသားခန့်အပ်ဖို့ အစီအစဉ်မရှိသေးတာ သဘာဝကျပါတယ်။ ဒါပေမယ့် တစ်လောကလုံးကို စုစည်းပြီးသွားရင် အရှင်သားက လွဲလို့ အခြားဘယ်သူဖြစ်ဦးမှာလဲ။ "
ကျန်းထိုင်နန်းဆောင်၏ အပြင်ဘက်တွင်။
" စစ်သေနာပတိချုပ် ခဏလောက်စောင့်ပေးပါဦး။ " ကျောက်ကောင်းက ပြောလိုက်ပြီး နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်ကျောက်ဖုန်း ရောက်လာပါပြီ။ "
" ရေပူစမ်း ပြင်ဆင်ထားခိုင်းလိုက်။ ခဏနေရင် ငါ စစ်သေနာပတိချုပ်နဲ့အတူ ရေချိုးမယ်။ "ရင်ကျန့်က ညွှန်ကြားလိုက်သည်။
" ကျွန်တော်မျိုး အမိန့်အတိုင်း နာခံပါ့မယ်။ " ကျောက်ကောင်းက စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း ခေါင်းကိုသာ ညိမ့်လိုက်သည်။
" စစ်သေနာပတိချုပ် ကျောက်ဖုန်း အရှင်မင်းကြီးက နန်းတော်ထဲမှာ စောင့်နေ့ပါတယ်။ " ကျောက်ကောင်းက ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။
ကျန်းထိုင်နန်းဆောင်။ ထိုနေရာက ချင်ဘုရင်များ နေထိုင်သောနေရာဖြစ်ပြီး နိုင်ငံတော်ကိစ္သများကို ကိုင်တွယ်ဖြေရှင်းသော ခန်ီမကြိးလည်း ဖြစ်သည်။
ခန်းမထဲသို့ ဝင်လိုက်သောအခါ ချင်ဘုရင်က လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသည်ကို ကျောက်ဖုန်းက မြင်လိုက်ရသည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်လိုက်သည်။
" လာခဲ့။ " ရင်ကျန့်က ကျောက်ဖုန်းကို လက်ယှက်ခေါ်လိုက်သည်။ သူက အတွင်းခန်းမဆီသို့ လျှောက်သွားပြီး ကျောက်ဖုန်းက သိလိုစိတ်နှင့် နောက်မှလိုက်သွားသည်။
အတွင်းခန်းမထဲတွင် ရှန်ကျိုးနယ်မြေတစ်ခုလုံး၏ မြေပုံအား ခင်းကျင်းထားသော စားပွဲတစ်ခု ရှိနေသည်။ ထိုမြေပုံပေါ်တွင် ချင်နိုင်ငံနှင့် အခြားနိုင်ငံများ၏ မြို့များကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ချင်၏ မြို့များကို ချင်အလံများဖြင့် မှတ်သားထားပြီး အခြားနိုင်ငံများတွင်လည်း သူတို့၏ ကိုယ်ပိုင်အလံများ ရှိကြသည်။ ကြီးမားသော မြေပုံ၏ ထက်ဝက်နီးပါးမှာ ချင်အလံများနှင့် ပြည့်နှက်နေသည်။
" မင်းဘယ်လိုထင်လဲ။ " ရင်ကျန့်က မြေပုံကိုကြည့်ပြီး ပြုံး၍ မေးလိုက်သည်။
" နိုင်ငံအားလုံး ပေါင်းစည်းဖို့က လက်တစ်ကမ်းမှာ ရှိနေပါတယ်။ အရာအားလုံးက အရှင်မင်းကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ "ကျောက်ဖုန်းက လေးနက်စွာ ပြန်ပြောလိုက်သည်။
" ဟားဟားဟားဟား...." ရင်ကျန့်က ရယ်မောလိုက်သည်။ " ဒါက ချင်စစ်သည်တစ်သန်းရဲ့ အင်အားပဲ။ အခု ဟန်နဲ့ကျောက်ကို သိမ်းပိုက်ပြီးပြီဆိုတော့ ငါတို့ချင်ကလွဲရင် ဝေ၊ ချီ၊ ချူနဲ့ ယန်တို့ပဲ ကျန်တော့တယ်။ နိုင်ငံအားလုံးကို ပေါင်းစည်းဖို့က တကယ်လက်တစ်ကမ်းမှာရှိနေတယ်။ "
" မှန်ပါတယ်။ စုစည်းဖို့က လက်တစ်ကမ်းပါပဲ။ " ကျောက်ဖုန်းက ချက်ချင်း ထောက်ခံလိုက်သည်။
သမိုင်းမှတ်တမ်းများအရ နောက်ထပ်လေးငါးနှစ်အတွင်း နယ်မြေအားလုံးပေါင်းစည်းသွားမည် ဖြစ်သည်။ အင်အားအကြီးဆုံးဖြစ်သော ကျောက်နိုင်ငံကို ချင်နိုင်ငံက အနိုင်ယူလိုက်ပြီဖြစ်သောကြောင့် အလေးအနက်ထားရမည့် ရန်သူအဖြစ် ချူနိုင်ငံတစ်ခုသာ ကျန်တော့သည်။ ဝေ၊ ယန်နှင့် ချီတို့၏ အင်အားက ချင်ကို လုံးဝမယှဉ်နိုင်ပေ။ စစ်တပ်များလှုပ်ရှားလိုက်သည်နှင့် သူတို့က ခုခံနိုင်စွမ်းရှိတော့မည်မဟုတ်ပေ။
" ဒီနေရာကို မင်းကလွဲရင် ယွီလျောင်တစ်ယောက်ပဲ ရောက်ဖူးသေးတယ်။ " ရင်ကျန့်က ကျောက်ဖုန်းဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
" ဒါက ကျွန်တော်မျိုးအတွက် ဂုဏ်ယူစရာပါ။ " ကျောက်ဖုန်းက ဂါရဝပြုပြီး ပြန်ဖြေလိုက်သည်။
" ငါတို့နှစ်ယောက်တည်းရှိနေတာ။ ဒီလောက်ထိ ရိုသေနေဖို့ မလိုဘူး။ " ရင်ကျန့်က ပြောလိုက်သည်။
" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" ဒါနဲ့ ငါသိချင်နေတာ တစ်ခုရှိတယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" အရှင်မင်းကြီးက ဘာကိုသိချင်လို့လဲ။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။
" ငါမင်းအကြောင်းကို စုံစမ်းပြီးပြီ။ မင်းက ရှချူးခရိုင်က ရွာလေးတစ်ရွာကပဲ။ မင်းငယ်ငယ်တုန်းက မင်းအဖေက ကျောက်ကို တိုက်ခိုက်ရင်းနဲ့ ကျဆုံးသွားခဲ့တယ်။ မင်းအမေကပဲ မင်းကို ပြုစုပျိုထောင်ခဲ့တာပဲ။ မင်းက စစ်ထဲမဝင်ခင် နာမည်ကြီးဆရာတွေဆီကလည်း သင်ကြားခြင်းမခံခဲ့ရဘူး။ စစ်ရေးဗျူဟာတွေကိုလည်း မလေ့လာခဲ့ရဘူး။ ဒါပေမယ့် မင်းက စစ်မြေပြင်မှာ ရဲရင့်ရုံတင်မကဘူး။ စစ်သည်တွေကို ကွပ်ကဲတဲ့နေရာမှာလည်း ကျွမ်းကျင်တယ်။ အရင်တုန်းက အရှင်ဝူအန်းက စစ်ရေးဗျူဟာရှင်တွေရဲ့ တပည့်ဖြစ်လို့ ကွပ်ကဲရာမှာ ကျွမ်းကျင်ခဲ့တယ်။ ဒါပေမယ့် မင်းမှာတော့ အဲ့ဒီလို အခွင့်အရေးမျိုးမရခဲ့ဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ကျောက်ဖုန်းက ထိုအချက်ကို မအံ့ဩပေ။ ချင်ဘုရင်က သူ့ကို စုံစမ်းစစ်ဆေးသည်မှာ သဘာဝကျပေသည်။ အကယ်၍ သူ၏ နောက်ခံက မရှင်းလင်းပါက သူက စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်လာမည်မဟုတ်ပေ။ ဘုရင်က နောက်ခံမရှင်းလင်းသူတစ်ယောက်ကို စစ်အင်အားထိန်းချုပ်ခွင့်ပေးမည်မဟုတ်ပေ။
" ဒါက မွေးရာပါပါရမီကြောင့် ဖြစ်နိုင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
" မွေးရာပါပါရမီ ဟုတ်လား။ အဲ့ဒါဆိုရင် ဘာလို့ထောက်ပို့တပ်မှာ ရောက်နေတာလဲ။ " ရင်ကျန့်က စနောက်လိုက်သည်။
" အဲ့ဒီတုန်းက ကျွန်တော်မျိုးရဲ့ ဆန္ဒက အိမ်ပြန်ပြီး အမေကို ပြုစုဖို့ပါပဲ။ တကယ်လို့ ပေါင်ယွမ်နဲ့ သူသားသာ မရှိခဲ့ရင် ကျွန်တော်မျိုးက အခုလောက်ဆို စစ်တပ်က ထွက်ပြီး အိမ်ပြန်ရောက်နေလောက်ပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
" ဒါဆိုရင်တော့ ငါက ပေါင်ယွမ်တို့ သားအဖကို တကယ် ကျေးဇူးတင်ရတော့မှာပေါ့။ သူတို့သာမရှိရင် ငါ မင်းကို သတိထားမိမှာ မဟုတ်ဘူး။ " ရင်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" ကျွန်တော်မျိုး ယင်ချွမ်းကို ရောက်တဲ့အခါ အရှင်မင်းကြီးကိုယ်စား သူတို့ သားအဖအတွက် အမွှေးတိုင်ထွန်းပေးလိုက်ပါမယ်။ " ကျောက်ဖုန်းက စနောက်လိုက်သည်။
" မင်းကတော့..." ရင်ကျန့်က ရယ်မောလိုက်သည်။
" အရှင်မင်းကြီး ရေပူစမ်းခန်းက အဆင်သင့်ဖြစ်ပါပြီ။ " ကျောက်ကောင်း၏ အသံက ထွက်ပေါ်လာသည်။
" သွားမယ် ကျောက်ဖုန်း။ ငါနဲ့အတူ ရေပူစမ်းကို လိုက်ခဲ့။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။
" ဆောင်းရာသီလည်းရောက်နေပြီ။ ပြီးတော့ ကျောက်နိုင်ငံကို အနိုင်တဲ့အတွက် ငါကိုယ်တိုင်လည်း အနားယူသင့်တယ်။ "
" ငြင်းဆန်ဖို့ဆိုတာ ကျွန်တော်မျိုးအတွက် မရိုသေရာရောက်ပါလိမ့်မယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ သူက ရင်ကျန့်နောက်မှ လိုက်ရင်း နန်းတော်ကြီးကို စူးစမ်းလေ့လာနေခဲ့သည်။
မကြာမီ သူတို့က နန်းတော်အတွင်းရှိ အဆောက်အအုံတစ်ခုသို့ ရောက်သွားကြသည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ထိုနေရာမှ အစောင့်များနှင့် အစေခံများက ဒူးထောက်ပြီး ဦးညွှတ်လိုက်ကြသည်။
ရင်ကျန့်က အတွင်းသို့ ဝင်သွားပြီး ကျောက်ဖုန်းကလည်း နောက်မှလိုက်ပါသွားသည်။ အတွင်းတွင် မီးများလောင်ကျွမ်းနေပြီး အပူချိန်က သိသိသာသာ မြင့်တက်နေသည်။ ၎င်းက အပြင်ဘက်မှ အေးစက်သော ရာသီဥတုနှင့် သိသိသာသာ ကွဲပြားနေသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့