အခန်း (၂၄၉)
Vol. 25 Ch. 249
" မင်းတို့က ဖုစုကို အိမ်ရှေ့စံမင်းသား တင်ချင်တယ်ပေါ့။ ဒါဆိုလည်း ငါက ဖိအားတိုးပေးလိုက်ပြီး ချင်ဘုရင်ညမင်းတို့အပေါ် ပိုပြီး သံသယဝင်လာအောင် လုပ်ပေးလိုက်မယ်။ ချင်ဘုရင်က အရာအားလုံး သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့် သူက သူ့ရဲ့ ဝန်ကြီးတွေကို သတိထားပြီး စောင့်ကြည့်နေတယ်။ သူတို့က ဘက်တစ်ခုကို ရွေးချယ်နိုင်တယ်။ ဒါပေမယ့် လွန်လာရင်တော့ ဘုရင်ရဲ့ မကျေနပ်မှုကို ခံရမှာပဲ။ "
ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။
" ဝမ်မိသားစုနဲ့ စေ့စပ်တာကို ဖျက်သိမ်းဖို့ မင်းကို ခြိမ်းခြောက်တာလား။ ဘယ်သူလုပ်တာလဲ။ "
" ဒါက အခြားသူအတင်းပြောတာမဟုတ်ဘူးနော်။ " ကျောက်ဖုန်းက ရယ်လိုက်သည်။
" ပြောစမ်းပါ။ " ရင်ကျန့်က စိတ်မရှည်ဘဲ ပြောလိုက်သည်။
" ချွန်းယွီယွဲ့ရဲ့ တပည့် မန်ကျားပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ချွန်းယွီယွဲ့လား။ " ရင်ကျန့်၏ အမူအရာက အေးစက်သွားသည်။
" ဟုတ်ပါတယ်။ သူက ကျွန်တော်မျိုးကို ခြိမ်းခြောက်ခဲ့ပေမယ့် ကျွန်တော်မျိုးမှာ ဘာထိခိုက်မှုမှမရှိပါဘူး။ သူလွှတ်လိုက်တဲ့ တပည့်ကတော့ အတော်လေး အထိနာသွားတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ပြီးတော့ ဒီကိစ္စကို မင်းသားဖုစုက မသိပါဘူး။ မင်းသားဖုစုက ကျွန်တော်မျိုးကို ကိုယ်တိုင် တောင်းပန်ခဲ့ပါတယ်။ "
သူက လက်တုန့်ပြန်ခြင်းဖြစ်သော်လည်း မည်သည့်နေရာတွင် ရပ်ရမည်ကို သိလေသည်။ ချင်ဘုရင်က အလွန်ထက်မြက်သူဖြစ်သည်။ အကယ်၍ ကျောက်ဖုန်းသာ ဘုရင်သားတော်အား ပစ်မှတ်ထားနေသည်ဟု ထင်သွားလျှင် သူတို့က မည်မျှရင်းနှီးသည်ဖြစ်စေ ကျောက်ဖုန်းကို အလွယ်တကူ လွှတ်ပေးမည်ဖြစ်သည်။
" အင်း " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။
ချင်ဘုရင်၏ တုန့်ပြန်မှုကို ကြည့်ခြင်းဖြင့် ချွန်းယွီယွဲ့အနေဖြင့် အနာဂတ်တွင် ခက်ခဲသော အချိန်များကို ရင်ဆိုင်ရပေလိမ့်မည်။ ဝမ်ဝမ်နှင့် အခြားသူများကလည်း ချင်ဘုရင်၏ တားမြစ်ချက်တစ်ခုကို ကျူးလွန်ခဲ့ကြပြီး ၎င်း၏ အကျိုးဆက်များကို ရင်ဆိုင်ရပေလိမ့်မည်။
" ငါက သူတို့ကို သွားပြီးရန်စတာမဟုတ်ဘူး။ သူတို့ အရင်စခဲ့တာပဲ။ အခုတော့ သူတို့က သူတို့ကိုသူတို့ပဲ အပြစ်တင်ရလိမ့်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ လှောင်ရယ်လိုက်သည်။
" ဟန်တန်ကို ငါ ဘာလို့ ကိုယ်တိုင်လာခဲ့တာလဲဆိုတာ မင်းသိလား။ " ရင်ကျန့်က ရုတ်တရက် အကြောင်းအရာ ပြောင်းလိုက်သည်။
" အရှင်မင်းကြီးက အရင်နေခဲ့တဲ့ နေရာဟောင်းကို ပြန်သွားကြည့်ချင်လို့မဟုတ်ဘူးလား။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟန်တန်မြို့က ဘာမလို့လဲ။ " ရင်ကျန့်က လှောင်ရယ်လိုက်သည်။ " တကယ်လို့ ငါကသာ ဟန်တန်အပေါ်မှာရှိတဲ့ အငြိုးအတေးတွေကိုသာ ဆက်ပြီးထားနေမယ်ဆိုရင် ငါ ဟန်တန်တစ်မြို့လုံးကို သုတ်သင်မိလိမ့်မယ်။ "
ရင်ကျန့်ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ သူက ကျောက်နိုင်ငံတွင် ဓားစာခံအဖြစ် နေထိုင်ခဲ့စဉ်အတွင်း ဟန်တန်မြို့၌ ခံစားခဲ့ရသော ဒုက္ခများနှင့် အရှက်ခွဲမှုများကို ဘယ်သူမှမသိနိုင်ကြပေ။ အကယ်၍ တစ်ကမ္ဘာလုံးကို အုပ်စိုးလိုသော ရည်ရွယ်ချက်မရှိသည့် အုပ်ချုပ်သူသာဆိုလျှင် သူ့ကို အရှက်ခွဲခဲ့ဖူးသော မြို့ကို သိမ်းပိုက်နိုင်သည့်အချိန်တွင် ထိုမြို့ကို သုတ်သင်ရန် အမိန့်ပေးပေလိမ့်မည်။
သို့သော် ရင်ကျန့်က သူ့ကိုသူ ထိန်းချုပ်ခဲ့ပြီး ထိုကဲ့သို့ မလုပ်ခဲ့ပေ။ သူ၏ စိတ်ထဲတွင် တစ်ကမ္ဘာလုံးကို ထည့်သွင်းထားသောကြောင့်ဖြစ်သည်။
ရင်ကျန့်က သူ့အတွက် ဝိုင်တစ်ခွက်ငှဲ့လိုက်ပြီး ကျောက်ဖုန်းအတွက်လည်း တစ်ခွက်ငှဲ့ပေးလိုက်သည်။ ကျောက်ဖုန်းက ချက်ချင်း လက်ခံလိုက်သည်။
" ဒါက အင်မော်တယ်ဝိုင်ခန်းမက အရည်အသွေးမြင့်ဝိုင်ပဲ။ " ရင်ကျန့်က ပြောလိုက်သည်။ " ငါ ဝိုင်အမျိုးမျိုးကို မြည်းစမ်းခဲ့ဖူးတယ်။ ဒါက အကောင်းဆုံးတွေထဲက တစ်ခုပဲ။ ငါ ဒါကို ယင်ချွမ်းခရိုင်က အထူးမှာယူခဲ့တာ။ "
" ကျွန်တော်မျိုးလည်း မြည်းစမ်းဖူးပါတယ်။ ဒါက တကယ်ကောင်းတဲ့ ဝိုင်ပါပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ ရယ်ချင်စိတ်ကို ထိန်းပြီး ပြောလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမက ဒီလောက်ပိုက်ဆံတွေ အများကြီးရနေတာ မဆန်းပါဘူး။ ဒီအတိုင်းသာဆိုရင် ငါ့ရဲ့ ချမ်းသာကြွယ်ဝမှုက နိုင်ငံတစ်နိုင်ငံစာလောက် ဖြစ်လာတော့မှာပဲ။ "
ရင်ကျန့်က အရက်ခွက်ကို မြှောက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ကျောက်ဖုန်းကလည်း အလားတူ ပြုလုပ်လိုက်သည်။
" တကယ်တော့ ငါပြောခဲ့သလိုပဲ။ ငါဟန်တန်ကို သွားတာ လူတစ်ယောက်ကို ရှာဖို့ပဲ။ "
" အရှင်မင်းကြီးက ဘယ်သူ့ကို ရှာနေတာလဲ။ " ကျောက်ဖုန်းက သိလိုစိတ်နှင့် မေးလိုက်သည်။ " အရှင်မင်းကြီးကိုယ်တိုင် ဟန်တန်ထိ သွားရှာရလောက်အောင် ဘယ်သူက ဒီလောက် အရေးပါနေလို့လဲ။ ပါရမီရှင်တစ်ယောက်လား။ "
" ငါကိုယ်တိုင် မိုင်ပေါင်းထောင်ချီ ခရီးနှင်ရလောက်အောင် ဘယ်ပါရမီရှင်က ထိုက်တန်လို့လဲ။ ကွေ့ကုကျိတောင် မထိုက်တန်ဘူး။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။
" ငါက ငါ့ရဲ့ ဇနီးကို ရှာနေတာပဲ။ " ရင်ကျန့်က ဝိုင်တစ်ခွက်ကို မော့သောက်ပြီး လွမ်းဆွတ်မှုများဖြင့် ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ ဇနီးလား မဖြစ်နိုင်တာ။ " ကျောက်ဖုန်းက တုန်လှုပ်သွားသည်။ " သူမက အရှင်မင်းကြီးရဲ့ ဇနီးဆိုရင် ဘာလို့ ဟန်တန်မှာနေခဲ့တာလဲ။ အရှင်းကြီးနဲ့အတူ ချင်ကို ဘာလို့လိုက်မလာတာလဲ။ ပြီးတော့ သူမက ဘာလို့ ချင်ရဲ့ မိဖုရားခေါင်ကြီး ဖြစ်မလာတာလဲ။ "
ထိုသို့သော လျို့ဝှက်ချက်တစ်ခု ထွက်ပေါ်လာခြင်းက ကျောက်ဖုန်းကို အလွန်စိတ်ဝင်စားသွားစေသည်။ သမိုင်းတွင် ချင်ရှီဟွမ်က မိဖုရားခေါင်တစ်ပါးကို မည်သည့်အခါမှ မခန့်အပ်ခဲ့ပေ။ ထိုအချက်နှင့်ပက်သက်၍ သမိုင်းမှတ်တမ်းနှစ်ခုရှိသည်။
တစ်ခုမှာ ချင်ရှီဟွမ်က သူ၏ မိခင် ကိုယ်လုပ်တော်ကျော်က လောင်အိုက်နှင့် ပူးပေါင်းပြီး ထီးနန်းလုယူရန် ကြိုးစားမှုကို ကြုံတွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူက သူ၏ သားတော်ကို ခြိမ်းခြောက်နိုင်သည့် အခြားမိဖုရားခေါင်တစ်ပါးကို မခန့်အပ်ခြင်းဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာ နန်းတွင်းကိုယ်လုပ်တော်များထဲတွင် ချင်ရှီဟွမ် အမှန်တကယ်ချစ်မြတ်နိုးသူ မရှိခဲ့သောကြောင့်ဖြစ်သည်။ သူ အမှန်တကယ် ချစ်မြတ်နိုးခဲ့သူမှာ အာဖန်းဖြစ်သည်။ ချင်က ကမ္ဘာကြီးကို စုစည်းပြီးနောက် ချင်ရှီဟွမ်က သူမကို သတိရသောအားဖြင့် ခမ်းနားထည်ဝါလှသော အာဖန်းနန်းတော်ကို တည်ဆောက်ခဲ့သည်။
ယခုအခါ ချင်ဘုရင်က ထိုအကြောင်းကို ပြောခဲ့သောကြောင့် အာဖန်းက သမိုင်းတွင် အမှန်တကယ် တည်ရှိခဲ့ပုံရသည်။ ကျောက်ဖုန်းက သူသိထားသော သမိုင်းများဖြင့် စစ်ဆေးနေရင်း စိတ်ထဲတွင် အသိပညာများ ပေါ်ပေါက်လာသည်။ သူက ချင်ရှီဟွမ်၏ အကြီးမားဆုံး လျို့ဝှက်ချက်ကို သိလိုက်ရသည်။
" သူမက ငါနဲ့အတူ လိုက်လာခဲ့ပါတယ်။ ဒါပေမယ့် ငါသူမကို မကာကွယ်နိုင်ခဲ့ဘူး။ " ရင်ကျန့်က နောင်တများဖြင့် သက်ပြင်းချလိုက်သည်။
ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး ဘာမှပြန်မပြောပေ။ ရင်ကျန့် ချင်နိုင်ငံသို့ ပထမဆုံး ပြန်ရောက်သောအခါ နန်းတွင်းအခြေအနေက ယခုကဲ့သို့ ထိန်းချုပ်မှုအောက်တွင် ရှိမနေခဲ့ပေ။ သူထီးနန်းတက်ပြီးနောက်မှာပင် နှစ်အချို့ကြာသည်အထိ အစိုးရကို ကိုလုပ်တော်ကျောက်နှင့် လွီပုဝေတို့က ထိန်းချုပ်ထားခဲ့သည်။
" အဲ့ဒါက အရှင်မင်းကြီး အပြစ် မဟုတ်ပါဘူး။ " ကျောက်ဖုန်းက အားပေးစကားပြောလိုက်သည်။
" အရှင်မင်းကြီး ချင်ကို ပြန်ရောက်ပြီးတဲ့နောက် အဖြစ်အပျက်တွေကိုတော့ ကျွန်တော်မျိုး ကြားဖူးပါတယ်။ နန်းတွင်းက အမြဲတမ်း ပြောင်းလဲနေပြီး အရာအားလုံးက အရှင်မင်းကြီးရဲ့ ထိန်းချုပ်မှုအပြင်ဘက်မှာ ရှိနေခဲ့တာ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ယောကျာ်းတစ်ယောက်က သူချစ်တဲ့ အမျိုးသမီးကိုတောင် မကာကွယ်နိုင်ရင် အဲ့ဒါသူ့အတွက် ကျရှုံးမှုပဲ။ အဲ့ဒီတုန်းက ငါ ကျရှုံးခဲ့တယ်။ " ရင်ကျန့်က နောက်တစ်ခွက် သောက်လိုက်သည်။ သူ၏ မျက်လုံးများထဲမှ နောင်တတရားများကတော့ ပျောက်ကွယ်သွားခြင်း မရှိပေ။
" ချင်ဘုရင် ခံစားချက် နက်ရှိုင်းတဲ့ လူတစ်ယောက်ပဲ။ သူက ခန့်ညားထည်ဝါပြီး အေးစက်နေပေမယ့် သာမန်လူတစ်ယောက်ရဲ့ အသွင်အပြင်လည်း ရှိနေတယ်။ ဒါပေမယ့် သူက ငါကို လုံးဝသတိမထားတာလား။ ဘာလို့ငါ့ကို ဒီလို လျို့ဝှက်ချက်တွေ ပြောပြရတာလဲ။ ငါနှုတ်လုံမယ်လို့ သူထင်နေတာလား။ တကယ်လို့ ငါသာ ဒီကိစ္စတွေကို လျှောက်ပြောရင်လည်း ကိုယ်ဒုက္ခကိုယ်ရှာသလို ဖြစ်သွားလိမ့်မယ်။ " ကျောက်ဖုန်းက စိတ်ထဲတွင် အံ့ဩနေမိသည်။
" အရှင်မင်းကြီး သူမကို သေချာပေါက် ရှာတွေ့ပါလိမ့်မယ်။ တကယ်လို့ သူမက ကျောက်နိုင်ငံမှာ မရှိရင် တခြားတစ်နေရာမှာ ရှိနေနိုင်ပါတယ်။ အရှင်မင်းကြီး တစ်လောကလုံးကို စုစည်းပြီးတာနဲ့ သူမကို ရှာတွေ့မှာပါ။ ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် သူမကို မတွေ့တွေ့အောင် ရှာပေးပါမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" မင်း ငါ့အတွက် တုန်အာကို ရှာပေးမယ့်နေ့ကို ငါစောင့်နေပါ့မယ်။ တကယ်လို့ မင်းသာ သူမကို ရှာတွေ့ခဲ့ရင် မင်းက ငါ့ရဲ့ တစ်သက်တာလုံးအတွက် အကြီးမားဆုံး ကျေးဇူးရှင်ဖြစ်လာလိမ့်မယ်။ "
" အကြီးမားဆုံး ကျေးဇူးရှင်ဆိုတဲ့ ဘွဲ့ကိုတော့ ခဏဆိုင်းငံ့ထားပါဦး။ သူမကို တွေ့မှပဲ အဲ့လိုခေါ်ပေါ့။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" မင်းကတော့..." ရင်ကျန့်က ရယ်ပြီး ဝိုင်ခွက်ကို မော့သောက်လိုက်သည်။
" ငါ ဘယ်သူကို အိမ်ရှေ့စံအဖြစ် ခန့်အပ်မယ်လို့ မင်းထင်လဲ။ " ရင်ကျန့်က စိတ်ဝင်တစား မေးလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးကို ဒီလိုမေးခွန်းမျိုး မမေးသင့်ပါဘူး။ အိမ်ရှေ့စံမင်းသားအဖြစ် ဘယ်သူ့ကို ခန့်အပ်မလဲဆို ကျွန်တော်မျိုးလို လက်အောက်ငယ်သား စဉ်းစားရမယ့် ကိစ္စမဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
" ဒါက ငါ့အသက်အန္တရာယ်ဖြစ်စေနိုင်မယ့် မေးခွန်းပဲ။ အဲ့ဒါကို ဖြေရလောက်အောင် ငါမမိုက်မဲသေးဘူး။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့