← Chapters

အခန်း (၂၅၀)

Vol. 25 Ch. 250

အခန်း (၂၅၀)

Vol. 25 Ch. 250

" ဒါဆိုရင် ငါ့ရဲ့ သားတော်တွေထဲမှာ ဘယ်သူကအကောင်းဆုံးလို့ထင်လဲ။ " ရင်ကျန့်က မေးခွန်းပြောင်းလိုက်သည်။

" ကျွန်တော်မျိုးက မင်းသားဖုစုနဲ့ပဲ တွေ့ဖူးတာပါ။ အခြားမင်းသားတွေနဲ့ မတွေ့ဖူးတော့ ဘယ်သူအကောင်းဆုံးလဲဆိုတာ မသိနိုင်ပါဘူး။ ကျွန်တော်မျိုး လေ့လာမိသလောက်တော့ မင်းသားဖုစုက သနားကြင်နာတတ်လွန်းတယ်။ ဒါပေမယ့် သူက လောကရဲ့ သဘောတရားတွေကိုတော့ မသိပုံရတယ်။ တကယ်လို့ သူက သူ့ရဲ့ စရိုက်ကို ပြောင်းလဲနိုင်ရင်တော့ တိုးတက်မှုရှိလာမှာပါ။ မဟုတ်ရင်တော့ အခြေအနေက ဒီအတိုင်းပဲ ရှိနေလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ဖုစုက ချင်ရဲ့ အိမ်ရှေ့စံဖြစ်ဖို့ အရည်အချင်းမပြည့်မီသေးဘူး။ ဖုစုရဲ့ စွမ်းဆောင်ရည်တွေက ဟူဟိုက်ထက် သာလွန်တာတော့ အမှန်ပဲ။ ဟူဟိုက်ကတော့ လုံးဝလူမိုက်ပဲ။ ဒါပေမယ့် ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေဦးမှာပဲ။ ဖုစုက ချင်ရှီဟွမ်မဟုတ်ဘူး။ သူက ဒီလိုစိတ်ပျော့ညံ့မှုကို ဆက်ကိုင်စွဲထားပြီး တည်ငြိမ်အောင် မလုပ်နိုင်ရင်တော့ မင်းဆက်က နောက်ဆုံးမှာ ပြိုလဲသွားမှာပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

" အမှန်ပဲ။ " ရင်ကျန့်က သက်ပြင်းချလိုက်သည်။ " ဖုစုက စာပေအယူအဆတွေမှာ ပိတ်မိနေတယ်။ သူက တင်းကျပ်တဲ့ မူဝါဒတွေကို အရမ်းစွဲကိုင်နေတယ်။ "

" အရှင်မင်းကြီးက အရွယ်ကောင်းတုန်းပါပဲ။ အိမ်ရှေ့စံမင်းသားရွေးချယ်ဖို့ မလောသင့်ပါဘူး။ အချိန်ကြာလာရင် အရာအားလုံး ပြောင်းလဲသွားပါလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" တကယ်လို့ ငါ့ဇနီးသာ ထွက်မသွားခဲ့ရင် ငါ သူမနဲ့ရတဲ့သားက မင်းအသက်အရွယ်လောက် ဖြစ်နေလောက်ပြီ။ " ရင်ကျန့်က လွမ်းဆွတ်မှုများဖြင့် ပြောလိုက်သည်။

" တကယ်လို့ သူမသာ နန်းတော်ထဲမှာ ရှိနေရင် သူမကို မိဖုရားခေါင်ကြီးအဖြစ် ခန့်အပ်မှာလား။ " ကျောက်ဖုန်းက သိလိုစိတ်နှင့် မေးလိုက်သည်။

" သူမကလွရင် ဘယ်သူမှ မိဖုရားခေါင်ကြီးဘွဲ့နဲ့ မထိုက်တန်ဘူး။ " ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။

" ဒါပေမယ့် အဲ့ဒီရာထူးကပဲ သူမကို ဒုက္ခရောက်စေခဲ့တယ်။ ငါနန်းတက်ချိန်မှာ ရည်မှန်းချက်တွေအပြည့်နဲ့ အရာအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ထင်ခဲ့ပေမယ့် အဲ့ဒါက စိတ်ကူးယဉ်မှုတစ်ခုပဲ။ သူမကို ငါ့ရဲ့ မိဖုရားခေါင်ကြီးအဖြစ် ခန့်အပ်ဖို့ အဆိုပြုခဲ့ပေမယ့် နန်းတွင်းတစ်ခုလုံးရဲ့ ကန့်ကွက်မှုကို ခံခဲ့ရတယ်။ အဲ့ဒါကြောင့်ပဲ သူမ ငါ့ကို ထားသွားခဲ့တယ်။ " ရင်ကျန့်က ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

" တကယ်လို့ သူမသာ အရှင်မင်းကြီးအတွက် သားတစ်ယောက်မွေးပေးခဲ့ရင် အခုဆိုရင် အရှင်မင်းကြီးက အိမ်ရှေ့စံမင်းသားကို ခန့်အပ်ပြီးလောက်ပြီပေါ့။ " ကျောက်ဖုန်းက မှတ်ချက်ပေးလိုက်သည်။

" ဒါပေါ့။ " ရင်ကျန့်က သေချာစွာ ပြောလိုက်သည်။

" အခုမှပဲ အရှင်မင်းကြီး နှစ်ပေါင်းများစွာကြာအောင် မိဖုရားခေါင်ကြီးမခန့်အပ်ရတဲ့ အကြောင်းရင်းကို သိရတော့တယ်။ ဒါပေမယ့် ကျွန်တော်မျိုး နားမလည်တာက ဘာလို့ဒါတွေကို ကျွန်တော်မျိုးကို ပြောပြနေတာလဲ။ " ကျောက်ဖုန်းက ဝိုင်တစ်ငုံသောက်ပြီး မေးလိုက်သည်။

ရင်ကျန့်က ပြုံးလိုက်ပြီး ကျောက်ဖုန်းကို လေးနက်စွာ ကြည့်လိုက်သည်။ " ငါဘာလို့ ဒါတွေကို ပြောပြနေတာလဲဆိုတာ ငါလည်းမသိဘူး။ မင်းဆီမှာ ငါ့ရဲ့ ငယ်ဘဝပုံရိပ်ကို မြင်နေရာလို့ ဖြစ်နိုင်ပါတယ်။ တစ်ချိန်က ငါကလည်း မိဘကို ရိုသေတဲ့ သားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ တစ်ချိန်က ငါကလည်း ဘာကိုမှမကြောက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ အခုတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ။ "

" ကျွန်တော်မျိူးနဲ့ ပက်သက်ရင် အရှင်မင်းကြီး မှားနေပါပြီ။ ကျွန်တော်မျိုးက ဘာကိုမှမကြောက်တဲ့သူမဟုတ်ပါဘူး။ အနည်းဆုံးတော့ ကျွန်တော်မျိုးက သေရမှာ ကြောက်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။

" သေရမှာကြောက်တယ်။ ဒါပေမယ့် စစ်တပ်ကို ဦးဆောင်ပြီး ရှေ့ဆုံးကတိုက်ခိုက်တယ်။ ဒါက သေမှာကြောက်တဲ့သူ လုပ်မယ့်အလုပ်မဟုတ်ဘူး။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။ " ဒါက လူ့သဘာဝပဲ။ ငါ အဲ့ဒါတွေကို အကုန်မြင်ဖူးပါတယ်။ အချို့က အကျိုးအမြတ်အတွက် ချင်ပြည်သူတွေကို သစ္စာဖောက်ကြတယ်။ အချို့က အာဏာအတွက် ကိုယ့်ကိုကိုယ် ရောင်းစာကြတယ်။ အချို့က ငွေအတွက် ကိုယ့်မိန်းမနဲ့ ကလေးတွေကိုတောင် ရောင်းစားကြတယ်။ သေမှာကြောက်တာက လူသဘာဝပဲ။ မကြောက်တဲ့သူက ရှားပါတယ်။ ဒါက အထူးသဖြင့် ရာထူးကြီးတဲ့သူတွေအတွက် ပိုမှန်တယ်။ အာဏာရသွားပြီဆိုရင် သေရမှာကို ပိုကြောက်လာကြတယ်။ "

" ကျွန်တော်မျိုးက သေရမှာကို တကယ်ကြောက်တာပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ သူက စွမ်းရည်များ စုဆောင်းရန်အတွက် တိုက်ပွဲထဲသို့ ပြေးဝင်ခဲ့ခြင်းဖြစ်သည်။ သူ့အတွက် အားကိုးစရာကိုယ်ပိုင်ခွန်အားမရှိလျှင် ထိုသို့လုပ်မည်မဟုတ်ပေ။

" အခု ငါမင်းအတွက် လက်ထပ်ပွဲကို စီစဉ်ပေးပြီးပြီ။ မင်္ဂလာပွဲကို ဘယ်တော့ကျင်းပဖို့ စီစဉ်ထားလဲ။ ရှန်းယန်မှာလား ဒါမှမဟုတ် မင်းရဲ့ ဇာတိမှာလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်မျိုးရဲ့ မိခင်က ခရီးသွားရတာကို မကြိုက်ပါဘူး။ ဒါကြောင့် မင်္ဂလာပွဲကို ကျွန်တော်မျိုးရဲ့ ဇာတိမှာပဲ ကျင်းပမှာပါ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" ဒါက နှမြောစရာပဲ။ ဒါဆိုရင် ငါ မတက်ရောက်နိုင်တော့ဘူးပေါ့။ ရှချူးခရိုင်က ရှန်းယန်က မိုင်ပေါင်းထောင်ချီဝေးတယ်။ " ရင်ကျန့်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

မင်္ဂလာပွဲကိုသာ ရှန်းယန်တွင် ကျင်းပလျှင် သူက တက်ရောက်မည်ဖြစ်သည်။ သို့သော် နိုင်ငံတစ်ခု၏ ဘုရင်အနေဖြင့် ထိုမျှဝေးလံသော ခရီးကို သွားရန်မှာ အဆင်မပြေပေ။

" အရှင်မင်းကြီးက တက်ရောက်ချင်တယ်ဆိုရင် ကျွန်တော်မျိုးက ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။ ရှန်းယန်မှာတစ်ပွဲ ဇာတိမြေမှာ တစ်ပွဲ ကျင်းပလို့ရတာပဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

သူက ဝမ်ယန်ကို အခမ်းနားဆုံး မင်္ဂလာပွဲ ကျင်းပပေးမည်ဟု ကတိပေးခဲ့သည်။ ဘုရင်ကိုယ်တိုင်မတက်ရောက်ဘဲ အခမ်းနားဆုံး ဖြစ်မည်မဟုတ်ပေ။

" အဲ့ဒါဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းကြီး သဘောတူတယ်ဆိုရင် ဒါက တကယ်ကို ဝမ်းသာစရာပဲ။ " ကျောက်ဖုန်းက ဝမ်းသာသွားပြီး ပြောလိုက်သည်။

" အမှန်အတိုင်းပြောရရင် မင်းသာ ဝမ်ကျန့်ရဲ့ သမီးနဲ့ မစေ့စပ်ထားဘူးဆိုရင် ငါရဲ့ သမီးနဲ့ မင်းကို လက်ထပ်ပေးဖို့ စဉ်းစားမိမှာပဲ။ " ရင်ကျန့်က ပြောလိုက်သည်။

" အရှင်မင်းကြီးရဲ့ သမီးတော်ကိုတော့ အရှင်မင်းကြီးပဲ သိမ်းထားပါတော့။ ကျွန်တော်မျိုးက ဘိုးဘေးတစ်ယောက်ကို ခစားဖို့ ဆန္ဒမရှိပါဘူး။ " ကျောက်ဖုန်းက ပွင့်လင်းစွာ ပြောလိုက်သည်။

ဘိုးဘေးဟုကြားသောအခါ ရင်ကျန့်ပင်လျှင် ရယ်မိသွားသည်။ " မင်းက ငါ့ရဲ့ သမီးတွေကို အကျိုးအကြောင်းမသိဘူးလို့ ပြောချင်တာလား။ မင်းက ငါ့ရဲ့ သမီးကိုတောင် အထင်သေးရဲတယ်ပေါ့။ "

" ကျွန်တော်မျိုးက ဘဝတစ်ခုတည်ဆောက်ဖို့ ဇနီးတစ်ယောက်ကို လက်ထပ်ချင်တာပါ။ ကျွန်တော်မျိုးရဲ့ မိခင်ကို နေ့တိုင်း စိတ်အနှောက်အယှက် မပေးရဲ မထိရဲတဲ့သူမျိုးကို မျက်နှာချင်းဆိုင်နေရဖို့ မဟုတ်ပါဘူး။ ဒါကြောင့် အရှင်မင်းကြီးရဲ့ သမီးတော်တွေကို အခြားပါရမီရှင်တွေအတွက်ပဲ ချန်ထားလိုက်ပါ။ "

" မင်းက တကယ်ထူးဆန်းတဲ့ကောင်ပဲ။ " ရင်ကျန့်က ခေါင်းခါပြီး ပြောလိုက်သည်။

" သောက်ကြစို့။ ဒီနေ့ အရှင်မင်းကြီး မူသွားတဲ့အထိ မရပ်ဘူး။ " ကျောက်ဖုန်းက ဝိုင်အိုးကို မြှောက်ပြီး ပြောလိုက်သည်။

" ကောင်းပြီ။ ဒီနေ့ ငါတို့ထဲက ဘယ်သူအရင်မူးမလဲ ကြည့်ကြတာပေါ့။ " ရင်ကျန့်က အားရပါးရ ရယ်မောလိုက်သည်။

ရေပူးစမ်းထဲတွင် ရင်ကျန့်နှင့် ကျောက်ဖုန်းတို့က ဝိုင်သောက်လိုက် အသားစားလိုက်ဖြင့် ပျော်ရွှင်စွာ စကားပြောနေကြသည်။ ထိုအချိန်တွင် ရင်ကျန့်က သူ၏ ဘုရင်ဂုဏ်ပုဒ်ကို ဘေးဖယ်ထားပြီး ကျောက်ဖုန်းကလည်း သူ့ကို ချင်ရှီဟွမ်အဖြစ် မဆက်ဆံတော့ပေ။ သူတို့က သာမန်မိတ်ဆွေများကဲ့သို့ ဝိုင်သောက်ရင်း စကားပြောနေကြသည်။

အခန်း၏ အပြင်ဘက်တွင် ကျောက်ကောင်းက နန်းတွင်းအပျိုတော်များ၊ မိန်းမစိုးများဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ အခန်းအတွင်းမှ ထွက်ပေါ်လာသော ရယ်မောသံများကြောင့် ကျောက်ကောင်းနှင့် အခြားသူများက ထိတ်လန့်အံ့ဩနေကြသည်။ အထူးသဖြင့် ရင်ကျန့်ကို အနီးကပ်ခစားနေသော ကျောက်ကောင်းပင်ဖြစ်သည်။

" အရာရှိချုပ် အရှင်မင်းကြီးက ဒီနေ့ အဂင်ကနဲ့ မတူသလိုပဲ။ " မိန်းမစိုးတစ်ယောက်က ဦးညွှတ်ပြီး ပြောလိုက်သည်။

" မင်းက အရှင်မင်းကြီးအကြောင်း အတင်းပြောရဲတယ်ပေါ့။ " ကျောက်ကောင်းက အေးစက်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးမလုပ်ရဲပါဘူး။ ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ။ " မိန်းမစိုးက ထိတ်လန့်တကြား တောင်းပန်လိုက်သည်။

" သခင်မဟူကို သွားပြောလိုက်။ အရှင်မင်းကြီး ဒီညလာမှာမဟုတ်ဘူးလို့။ " ကျောက်ကောင်းက ဒူးထောက်နေသော မိန်းမစိုးကို ပြောလိုက်သည်။

" နားလည်ပါပြီ။ " မိန်းမစိုးက ချက်ချင်း ထွက်ခွာသွားသည်။

ကျောက်ကောင်းက အခန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ အမှန်တကယ်ပင် ရင်ကျန့်က ယခင်နေ့များနှင့် မတူပေ။ ထိုကျောက်ဖုန်းက ရင်ကျန့်၏ မျက်နှာသာပေးခြင်းကို ခံနေရသည်။ ရေပူစမ်းတွင် အတူတူ ချိုးရုံသာမက တစ်ညလုံးအရက်သောက်ရန်ပါ ပြင်ဆင်နေကြသည်။

အကယ်၍ မင်းသားဟူဟိုက်သာ ကျောက်ဖုန်း၏ ထောက်ခံမှုကို ရခဲ့လျှင် သူတစ်ယောက်တည်းကပင် ဖုစုကို ထောက်ခံသော ဝန်ကြီးများထက် ပို၍ တန်ဖိုးရှိပေလိမ့်မည်။

All Chapters