← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉) ပေါင်းပင်ဆိုတာ... အမြစ်ကနေ နှုတ်ပစ်ရတယ်

အေးစက်မှောင်မိုက်သော အငွေ့အသက်များကို သယ်ဆောင်လာသည့် နတ်ဆိုးဝိညာဉ်ကြီးမှာ ဆင်ခြင်တုံတရားကို ဖျက်ဆီးပစ်နိုင်သော စိတ်လှိုင်းများအား ထုတ်လွှတ်ကာ ဖန်းထုံနှင့် သူ၏လူများအလယ်သို့ ပြေးဝင်တိုက်ခိုက်တော့သည်။ တစ်ခဏအတွင်းမှာပင် သူတို့၏ အသိစိတ်များ ဝေဝါးသွားပြီး မျက်စိရှေ့တွင် ထင်ယောင်ထင်မှားများ တစ်ခုပြီးတစ်ခု ပေါ်လာသဖြင့် မည်သည်ကိုမှ ခွဲခြားမရတော့ပေ။

“သွားတော့” ကောင်းယွီက တိုးတိုးလေး အော်ဟစ်လိုက်၏။

အဆင့် ၂ ရေခဲဝိညာဉ်စပါးအုံးမြွေ၏ ဝိညာဉ်မှ ဖြစ်ပေါ်လာသော မကျေမချမ်းဝိညာဉ် သုံးကောင်မှာလည်း သူ၏ ဘီလူးရုပ်လက်စွပ်အတွင်းမှ အဖြူရောင် ဝိညာဉ်သုံးကောင်အဖြစ် ထွက်ပေါ်လာပြီး ဖန်းထုံကို အရပ်မျက်နှာ သုံးဖက်မှ ဝိုင်းရံထားလိုက်တော့သည်။

“ကောင်းယွီ... မင်း ချင်လဲ့ကို ကူညီပြီး ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံနေတာလား” ဖန်းထုံ၏ အမူအရာမှာ ခက်ထန်နေပြီး အော်ပြောလိုက်သည်။

“မင်းရဲ့ အစ်မက မြူတိမ်ဆောင်ထဲမှာ ရှိနေသေးတာနော်။ မင်းတို့ ကောင်းမိသားစုကလည်း မြူတိမ်ဆောင်ရဲ့ လက်အောက်ခံပဲ။ မင်းရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် မင်းတို့ မိသားစုတစ်ခုလုံး အသတ်ခံရမှာကို မင်း ကြည့်နေမှာလား”

ချင်လဲ့၏ မျက်နှာမှာလည်း ပျက်သွားရသည်။

ကောင်းယွီသည် သူ့ကို တကယ်သတ်မည် မဟုတ်ဟု သူ ခန့်မှန်းမိသဖြင့် ထိုနတ်ဆိုးဝိညာဉ် ပြေးဝင်လာစဉ်က သူ ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ ထိုနတ်ဆိုးဝိညာဉ်ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များကို သူ မခံစားရသဖြင့် ကောင်းယွီသည် ဟန်ပြလုပ်နေခြင်းသာ ဖြစ်သည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်... ကောင်းယွီက ဖန်းထုံကို တကယ် တိုက်ခိုက်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ဖန်းထုံ ပြောသကဲ့သို့ပင် မြူတိမ်ဆောင်သည် ကောင်းယွီ၏ အားနည်းချက်ကို ဆုပ်ကိုင်ထားသည်။ သူ၏ အစ်မနှင့် ကောင်းမိသားစုဝင် အားလုံး၏ အသက်မှာ မြူတိမ်ဆောင် အရှင်သခင် လျိုယွန်ထောင်၏ လက်ထဲတွင် ရှိနေသဖြင့် ကောင်းယွီက ဤမျှအထိ ရဲရဲဝံ့ဝံ့ လုပ်လိမ့်မည်ဟု ချင်လဲ့ကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့ပေ။

“မင်းတို့ အားလုံး သေသွားရင် ငါ ချင်လဲ့ကို ကူညီခဲ့တယ်ဆိုတာ ဘယ်သူ သိမှာလဲ”

ကောင်းယွီ၏ အမူအရာမှာ အေးစက်နေပြီး သူ၏ လက်က ဘီလူးရုပ်လက်စွပ်များမှာ အစိမ်းရောင် အလင်းများ တောက်ပနေ၏။ ဝိညာဉ်သားရဲများ၏ ဝိညာဉ်မှ ဖြစ်ပေါ်လာသော နတ်ဆိုးဝိညာဉ် အချို့ ထပ်မံ ထွက်ပေါ်လာပြီး ဖန်းထုံနှင့် သူ၏ လူများကို ဝိုင်းရံပိတ်ဆို့ထားလိုက်သဖြင့် သူတို့ လွတ်လမ်း မရှိတော့ပေ။

“ငါ့မှာ ဒီလူတွေပဲ ရှိတယ်လို့ မင်း ထင်နေတာလား” ဖန်းထုံ၏ အကြည့်များမှာ တင်းမာလာပြီး ဆိုသည်။

“ငါ့ရဲ့ လက်အောက်ငယ်သားတွေက ဒီနားတင် ရှိနေတာ။ တိုက်ခိုက်သံ ကြားတာနဲ့ သူတို့ ချက်ချင်း ပြေးလာကြလိမ့်မယ်”

“ဘယ်သူမှ လာမှာ မဟုတ်ဘူး” ကောင်းယွီသည် တည်ငြိမ်စွာ ပြောဆိုရင်း ဖန်းထုံဆီသို့ ရုတ်တရက် ပြေးဝင်သွားသည်။

“မင်းတို့ကို မတိုက်ခိုက်ခင် ဒီပတ်ဝန်းကျင်ကို ငါ အသေအချာ စစ်ဆေးပြီးသား။ မင်းရဲ့ ညီအစ်ကိုတွေက ငရဲပြည်ကို ရောက်သွားတာ ကြာလှပြီ”

သူ စကားပြောနေစဉ်မှာပင် ကောင်းယွီ၏ မျက်လုံးများအတွင်း၌ နတ်ဆိုးနတ်ဘုရား၏ အရိပ်အယောင်များ ဝေဝါးစွာ ပေါ်လာတော့သည်။ ယုတ်မာပြီး ဖျက်ဆီးလိုသော အရှိန်အဟုန်များမှာ ကောင်းယွီ၏ ခန္ဓာကိုယ်အတွင်းမှ လျှံထွက်လာ၏။ ကောင်းယွီ၏ ချွေးပေါက်တိုင်းမှ မှင်ကဲ့သို့ မည်းနက်သော အေးစက်မှောင်မိုက်သည့် နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေသည်ကို ချင်လဲ့ အထင်အရှား မြင်နေရသည်။

ဖန်းထုံနှင့် သူ၏ လူများ မျက်နှာပျက်နေစဉ်မှာပင် ဂေါင်ယွီသည် ထိုအုပ်စုအလယ်သို့ နတ်ဆိုးတစ်ကောင်နှယ် ခုန်ဝင်သွားတော့သည်။ သူ ရောက်သွားသည်နှင့် ထိုနတ်ဆိုးဝိညာဉ်များ၏ စွမ်းအင်မှာ အဆပေါင်းများစွာ ပိုမို အားကောင်းလာပြီး ကြမ်းတမ်းသွားတော့သည်။ ၎င်းတို့သည် ဖန်းထုံ၏ လူများအား အဆက်မပြတ် တိုက်ခိုက်၊ ကိုက်ခဲနေကြသလို သူတို့၏ ဝိညာဉ်ကိုလည်း စိတ်လှိုင်းများဖြင့် တိုက်ခိုက်နေကြ၏။

ဘေးက ကြည့်နေသော ချင်လဲ့သည် ဖန်းထုံနှင့် သူ၏ လူများ၏ အသက်ဓာတ်မှာ အချိန်တိုအတွင်းမှာပင် လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို တွေ့လိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အတွင်းမှ အသက်စွမ်းအင်များကို တစ်စုံတစ်ခုက စုပ်ယူနေသည့်နှယ်ပင်။

မကြာခင်မှာပင် ဖန်းထုံနှင့် သူ၏ လူများမှာ အသက်မရှူတော့ဘဲ ကောင်းယွီ၏ လက်ထဲတွင် ထူးဆန်းစွာ သေဆုံးသွားကြတော့သည်။

“ဒီလူသေတွေပေါ်ကို လျှပ်စစ်နဲ့ တစ်ချက်လောက် တိုက်ခိုက်ပေးထားဦး။ ဒါမှ မြူတိမ်ဆောင်က သူတို့ သေတာကို ငါနဲ့ ပတ်သက်တယ်လို့ မရိပ်မိမှာ”

ချင်လဲ့ မှင်တက်နေစဉ်မှာပင် ကောင်းယွီသည် နတ်ဆိုးဝိညာဉ်များကို လက်စွပ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ သူ၏ မျက်လုံးများအတွင်းက နတ်ဆိုးနတ်ဘုရား အရိပ်အယောင်မှာလည်း ဖြည်းဖြည်းချင်း မှိန်ဖျော့ကာ ပျောက်ကွယ်သွား၏။

“အင်း...” ချင်လဲ့က ပြန်ထူးလိုက်ပြီး ဖန်းထုံ၏ အလောင်းပေါ်သို့ လျှပ်စစ်ဖြင့် တစ်ချက် တိုက်ခိုက်ပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“မင်း အတော်လေး သန်မာလာတာပဲ”

ကောင်းယွီက အေးစက်ပြီး ဂုဏ်ယူသော အပြုံးဖြင့် ဆိုသည်။

“ငါ့ရဲ့ သဘာဝရန်သူ ဖြစ်တဲ့ မင်းနဲ့ တိုက်ဖို့တော့ ငါ သိပ်ယုံကြည်မှု မရှိပေမဲ့ တခြား အဆင့်တူ ကျင့်ကြံသူတွေကို နိုင်ဖို့ကတော့ ငါ့မှာ အပြည့်အဝ ယုံကြည်မှု ရှိတယ်။ ဖန်းထုံက ဝိညာဉ်ပေါက်ဖွားခြင်း အဆင့် အစောပိုင်းပဲ ရှိသေးတာ။ ငါ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ တုန်းကတောင် သူ့ကို မြေပြင်ပေါ် လဲကျအောင် လုပ်နိုင်ခဲ့တာပဲ။ အခု သူ့ကို သတ်ရတာကတော့ ဘာမှ မခက်ခဲပါဘူး”

ခေတ္တမျှ ရပ်လိုက်ပြီးနောက် သူက ဆက်ပြောသည်။

“အာတိတ်တောင်တန်းမှာ ရှိတုန်းကတည်းက နတ်ဆိုးနတ်ဘုရားရဲ့ ဝိညာဉ်အပိုင်းအစ အချို့ကို ငါ စုပ်ယူနိုင်ခဲ့ပြီး အချို့အရာတွေကို သင်ယူနိုင်ခဲ့လို့ပါ...”

ချင်လဲ့က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

“ရှပ်...”

ကောင်းယွီက ချက်ချင်း ပြန်မဖြေဘဲ အနားက ဓားတစ်ချောင်းကို ကောက်ယူကာ သူ၏ ရင်ဘတ်ကို တစ်ချက် ခုတ်လိုက်သည်။ ထို့နောက် သူက ဆိုလိုက်သည်။

“မင်း ငါ့ကို ဒီဓားနဲ့ ထိုးသွားတာ”

ချင်လဲ့က ထိုဒဏ်ရာကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်ပြန်သည်။

“ဒီဆေးလုံးက မင်းအတွက်ပဲ။ ဒါက မင်းရဲ့ ခွန်အားတွေကို အမြန် ပြန်လည်ပြည့်ဖြိုးစေလိမ့်မယ်။ အာတိတ်တောင်တန်းမှာ အမှောင်မျှော်စင်က ကျင့်ကြံသူတစ်ယောက်ရဲ့ အလောင်းပေါ်ကနေ ငါ ရခဲ့တာ”

ကောင်းယွီသည် ဆီးသီးအရွယ်ခန့်ရှိသော အစိမ်းရောင် ဆေးလုံးတစ်လုံးကို လှမ်းပစ်ပေးလိုက်ပြီး ခဏရပ်ကာ ပြောသည်။

“ရေခဲကျောက်မြို့တော် တစ်မြို့လုံးကို ပိတ်ထားပြီးပြီ။ မြို့တံခါးတိုင်းမှာလည်း လက်ရွေးစင်တွေ စောင့်နေကြတယ်။ မင်း မြို့ထဲမှာပဲ ပုန်းနေပြီး လူလုံးမပြတာ အကောင်းဆုံးပဲ”

“ငါ တုဟန်ကို သတ်ဖို့ လိုသေးတယ်” ချင်လဲ့က အံကို တင်းတင်းစေ့ကာ ဆိုလိုက်သည်။

“ပေါင်းပင်ကို ရှင်းမယ်ဆိုရင် အမြစ်ကနေ နုတ်ပစ်ရမယ်”

“မင်း သူ့ကို တကယ် သတ်မှာလား” ကောင်းယွီက မျက်မှောင်ကြုတ်လိုက်သည်။

ချင်လဲ့က ခေါင်းညိတ်ကာ ဆိုသည်။

“သတ်ရမှာပဲ။ တုဟိုင်ထျန် ရှေ့မှာ ငါ ကတိပေးခဲ့တာ... ငါသာ မသေရင် သူတို့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်လို့”

“မင်းကတော့ တကယ်ကို အရူးပဲ” ကောင်းယွီက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ ကျောပေါ်က လေးကို ချလိုက်သည်။

“ငါ မင်းအတွက် အားလုံး ပြင်ဆင်ပေးထားပြီးသား။ အဲဒီ အသုံးမကျတဲ့ ခွေးက မွှေးရနံ့ယစ်မူးဥယျာဉ်မှာ ရှိနေသေးတယ်။ သူ့အဖေ သေသွားတော့ သူလည်း ဝိညာဉ်ပျောက်နေသလိုပဲ၊ အော်ငိုနေဖို့ပဲ သိတော့တယ်။ သူ မြို့တံခါးတွေဘက်မှာတောင် မင်းကို မရှာဘူး”

လေးကို လက်ခံယူရင်း ချင်လဲ့က အံ့သြစွာ မေးလိုက်သည်။

“ငါ တုမိသားစုဆီ လာမယ်ဆိုတာ မင်း ဘယ်လို သိတာလဲ။ ပြီးတော့ ငါ တုဟန်ကို ဆက်သတ်ချင်နေသေးတယ်ဆိုတာကိုရော...”

“ခံစားချက်တစ်ခုပဲ” ကောင်းယွီက ခဏစဉ်းစားပြီး ခေါင်းခါလျက် ဆိုသည်။

“...ပြောမပြတတ်တဲ့ ခံစားချက်မျိုးပေါ့။ ငါ မင်းနဲ့ လေ့ကျင့်ရေး ခန်းမထဲမှာလည်း အကြိမ်ကြိမ် တိုက်ခိုက်ဖူးတယ်၊ ကျောက်သစ်တောထဲမှာလည်း အတူတူ တိုက်ခဲ့ဖူးတယ်။ မင်းရဲ့ အရိုးထဲမှာ ရူးသွပ်မှုတစ်ခု ကိန်းအောင်းနေပြီး မင်း တစ်ခုခု လုပ်တော့မယ်ဆိုရင် အဆုံးအထိ ရူးရူးမိုက်မိုက် လုပ်လိမ့်မယ်လို့ ငါ အမြဲ ခံစားရတယ်”

“ဆက်ရှာကြ။ နေရာအနှံ့ကို ရှာကြစမ်း”

ထိုအချိန်တွင် မလှမ်းမကမ်းမှ တုမိသားစု ခေါင်းဆောင်၏ အော်ဟစ်သံများကို ကြားလိုက်ရသည်။

ကောင်းယွီ၏ အမူအရာ ပျက်သွားပြီး ဆိုလိုက်သည်။

“သွားတော့။ ငါ မင်းကို ဒီအထိပဲ ကူညီနိုင်တော့မယ်။ မင်း ရေခဲကျောက်မြို့တော်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်”

ချင်လဲ့လည်း အခြေအနေမှာ အလွန်စိုးရိမ်ရပြီး တစ်နေရာတည်းတွင် ကြာကြာနေရန် မသင့်တော်ကြောင်း နားလည်လိုက်သည်။ ကောင်းယွီ စကားဆုံးသည်နှင့် ချင်လဲ့သည် သူ့ကို လေးနက်စွာ တစ်ချက်ကြည့်ကာ လှည့်ထွက်ပြီး မြို့ထဲသို့ ပြေးဝင်သွားတော့သည်။

သူ ထွက်သွားပြီး မိနစ်အနည်းငယ်အကြာတွင် ကောင်းယွီသည် သူ၏ ရင်ဘတ်ကို ဖိထားကာ ထိုနေရာမှာတင် အော်ဟစ်လိုက်သည်။

“တစ်ယောက်ယောက်... လာကြပါဦး”

“ဟိုမှာ... ဟိုဘက်မှာ တစ်ယောက်ယောက် အော်နေတယ်”

မကြာခင်မှာပင် တုမိသားစု ခေါင်းဆောင်နှင့် လူကြီး သုံးယောက် ရောက်လာကြသည်။ သူတို့သည် ဖန်းထုံနှင့် သူ၏ လူများ၏ အလောင်းများကို တွေ့သောအခါ မျက်နှာများမှာ ကြောက်စရာကောင်းလောက်အောင် ပျက်ယွင်းသွားကြ၏။

“ငါက မြူတိမ်ဆောင် စည်းကမ်းထိန်းသိမ်းရေးဌာနက ခန်းမသခင် ကောင်းယွီပဲ။ ချင်လဲ့က ဖန်းထုံရဲ့ လူတွေကို သတ်ပြီး ငါ့ကို ဒဏ်ရာရအောင် လုပ်သွားတယ်။ သူ အခု မြို့ပြင်ကို ဦးတည်သွားပြီ”

ကောင်းယွီက ခက်ထန်သော အမူအရာဖြင့် တုမိသားစုဝင်များကို အမိန့်ပေးသကဲ့သို့ အော်ဟစ်လိုက်သည်။

“ငါ့နောက်ကို လိုက်ခဲ့ကြ။ မြို့တံခါးတွေဆီမှာ ဒီကောင့်ကို သွားဖမ်းမယ်”

“ဟုတ်ကဲ့ပါ” တုမိသားစုဝင်များမှာ ကောင်းယွီ၏ စကားကို ယုံကြည်ကာ ချင်လဲ့ သွားသော ဘက်နှင့် ဆန့်ကျင်ဘက်ဖြစ်သော မြို့တံခါးများဆီသို့ အမြန် လိုက်သွားကြတော့သည်။

……

သန်းခေါင်ယံ အချိန်၊ မွှေးရနံ့ယစ်မူးဥယျာဉ် ရှေ့ လမ်းမပေါ်တွင် ဖြစ်သည်။

လမ်းပေါ်က ကျင်းကြီးမှာ ရှိနေဆဲ ဖြစ်ပြီး တုဟိုင်ထျန်၏ ခေါင်းပြတ်နေသော အလောင်းမှာလည်း ရှိနေဆဲပင်။ သူ၏ လက်အောက်ငယ်သားများမှာမူ မြူတိမ်ဆောင် ကျင့်ကြံသူများနှင့်အတူ မြို့တံခါးများဆီသို့ ချင်လဲ့ကို လိုက်လံရှာဖွေရန် ထွက်ခွာသွားကြပြီ ဖြစ်သည်။

တုဟန် တစ်ယောက်တည်းသာ ထိုအလောင်းဘေးတွင် ဒူးထောက်ကာ နာကျင်စွာ အော်ဟစ်ငိုယိုနေ၏။

“တုဟိုင်ထျန်က အတော်လေး ဟုတ်လှချေရဲ့ ဆိုပြီးတော့... ဘယ်လိုဖြစ်လို့ ဒီလောက် အသုံးမကျတဲ့ သားမျိုး ရလာရတာလဲ”

လမ်းဘေးရှိ ဒုတိယထပ် အထူးခန်းအတွင်းမှ ကြက်သွေးရောင် မီးလျှံအသင်း၏ ကော့ဟုန်က ပြတင်းပေါက်အောက်မှ တုဟန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် သေရည်သောက်နေ၏။ သူ၏ ဘေးတွင် ရှုံ့ပါး၊ လျိုဝေ၊ နာနော့ စသည့် အဖွဲ့များ ရှိနေကြသည်။

ဤအချိန်တွင် လျိုတင်၊ ဝေ့လီနှင့် အခြားသော တပည့်ငယ်များမှာ မြူတိမ်ဆောင်ထဲသို့ ပြန်သွားကြပြီ ဖြစ်ပြီး မြူတိမ်ဆောင်၏ လက်ရွေးစင်များမှာလည်း ချင်လဲ့ကို ဖမ်းရန် ထွက်ခွာသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် မွှေးရနံ့ယစ်မူးဥယျာဉ်နှင့် လသာဆောင် အတွင်း၌ ကြက်သွေးရောင်မီးလျှံ အသင်း၊ ရေလဂိုဏ်းနှင့် သုသာန်ခုနစ်ပါး တောင်ကြားက လူများသာ သေရည်သောက်ရင်း ကျန်ရစ်ခဲ့ကြသည်။ မြူတိမ်ဆောင်မှ ကျင့်ကြံသူဆို၍ ခမ်းကျိနှင့် ကျောက်ချန်းတို့သာ ကျန်ခဲ့၏။

“သူကတော့ တကယ့် အမှိုက်ပဲ။ အခုချိန်မှာ သူ့အဖေ အလောင်းနားမှာ ငိုနေမယ့်အစား ချင်လဲ့ကို လိုက်ရှာနေရမှာလေ” ရှုံ့ပါးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

“ဒီလိုလူစားမျိုးကတော့ သူ့တစ်သက်လုံး ကလဲ့စားချေနိုင်မယ့် အခွင့်အရေး ရမှာ မဟုတ်ဘူး။ တကယ်လို့ ချင်လဲ့သာ အခု အသက်ရှင်သွားမယ်ဆိုရင် ဒီလိုလူကို သတ်ဖို့က အလွန်လွယ်ကူသွားမှာပဲ”

“ကံဆိုးတာက အဲဒီကလေးက သေဖို့ သေချာသွားပြီ” ရေလဂိုဏ်း၏ အကြီးအကဲ လျိုဝေက ကြားဖြတ် ပြောလိုက်သည်။

“ငါ အခုလေးတင် သတင်းရလိုက်တယ်။ ရေခဲပြင်နန်းတော်က ရန်ဝမ်ယန်က မြို့ကို ပိတ်ဖို့ အမိန့်ပေးလိုက်ရုံတင်မကဘဲ မြို့ပြင်မှာရှိတဲ့ အမှောင်အသူရာခန်းမက စစ်သည်တွေပါ မြို့တံခါးတွေဆီ ရောက်လာပြီး ချင်လဲ့ကို ဖမ်းဖို့ မြူတိမ်ဆောင်ကို ကူညီပေးနေကြပြီတဲ့”

“အမှောင်အသူရာခန်းမက စစ်သည်တွေ ဟုတ်လား” ကော့ဟုန်၏ မျက်နှာ ပျက်သွားပြီး ဆိုသည်။

“သူတို့က မနက်ဖြန် မနက်မှ ပထမ နန်းတော်သခင်နဲ့အတူ အမှောင်အသူရာခန်းမကို ပြန်ကြမှာ မဟုတ်လား”

“အဲဒါက မူလ အစီအစဉ်လေ” လျိုဝေက ရှင်းပြလိုက်၏။

“သူတို့က လူအများကြီးဆိုတော့ မြို့ထဲကို မဝင်ဘဲ မြို့ပြင်က မြို့ငယ်လေးတွေမှာ ခဏ နားနေကြတာ။ ဒီညသာ ပြဿနာ မတက်ရင် သူတို့ မနက်ဖြန် ပထမ နန်းတော်သခင်နဲ့ တွေ့ပြီး ပြန်ကြမှာ။ ဒါပေမဲ့ အခုတော့... လျိုယွန်ထောင်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် မြို့တံခါးနားမှာရှိတဲ့ စစ်သည်အချို့က မြို့ထဲကို ဝင်လာကြပြီ”

“ဒါဆို ချင်လဲ့တော့ တကယ်ပဲ သေဖို့ သေချာသွားပြီ” ကော့ဟုန်က သက်ပြင်းချလိုက်၏။

“အဲဒီ စစ်သည်တွေထဲက ဘယ်သူမဆို ငါတို့ထဲက တစ်ယောက်ယောက်ကို အလွယ်တကူ သတ်နိုင်တယ်။ အဲဒီတော့ ချင်လဲ့လည်း လွတ်ဖို့ မလွယ်တော့ဘူး”

ရှုံ့ပါးနှင့် နာနော့တို့ အဖွဲ့မှာ ထိုစကားကို ကြားသောအခါ မျက်နှာများ ပျက်သွားကြသည်။ သူတို့လည်း ချင်လဲ့ သေမည်ကို သေချာသလောက် ရှိနေပြီဟု တွေးနေကြ၏။

……

“သွားကြရအောင်။ နောက်ထပ် သတင်းတွေကို စောင့်နေဖို့ မလိုတော့ဘူး။ သူ ဒီညထက် ကျော်ပြီး အသက်ရှင်မှာ မဟုတ်ဘူး”

အခြားအခန်း တစ်ခန်းတွင် လီကျုံးကျန်းသည် သူ၏ လက်ထဲသို့ ရောက်လာသော သတင်းပို့ငှက်ကလေးထံမှ စာကို ဖတ်ကြည့်ပြီးနောက် မူးယစ်ရီဝေစွာဖြင့် ထရပ်လိုက်သည်။

“အမှောင်အသူရာခန်းမက ငါ့သူငယ်ချင်းဆီကနေ သတင်းရလိုက်ပြီ။ သူတို့ စစ်သည်အချို့ မြို့တံခါးဆီ ရောက်နေပြီတဲ့။ သူတို့ ချင်လဲ့နောက်ကို လိုက်တော့မှာ”

“ဒါဆို သူက သေလူ ဖြစ်သွားပြီပေါ့” တစ်ယောက်က အပြည့်အဝ ယုံကြည်ချက်ဖြင့် ထပြောလိုက်၏။

လုလီကလည်း ခေါင်းညိတ်ကာ ထရပ်လိုက်သည်။ သူမက အေးစက်သော အမူအရာဖြင့် ဆိုလိုက်၏။

“နှမြောစရာပဲ...”

“ဘယ်လို နောက်ခံမှ မရှိတဲ့ ကောင်လေးတစ်ယောက်က မြူတိမ်ဆောင်ရဲ့ ဒု ခန်းမသခင်ကို သတ်ပြီး ဘယ်လို အသက်ရှင်နိုင်မှာလဲ” လီကျုံးကျန်းက လှောင်ပြောင် ရယ်မောလိုက်သည်။

“သူ ရေခဲကျောက်မြို့တော်ကနေ လွတ်သွားရင်တောင် ဘာလုပ်နိုင်မှာလဲ။ ကြက်သွေးရောင် မီးလျှံအသင်း ဒါမှမဟုတ် ရေလဂိုဏ်းက သူ့ကို လက်ခံရဲမှာလား။ ဘယ်သူက သူ့ကို ကာကွယ်ပေးရဲမှာလဲ။ လျိုယွန်ထောင်ရဲ့ နောက်ကွယ်မှာ ရှိနေတာက အမှောင်အသူရာခန်းမရဲ့ ပထမ နန်းတော်သခင် ယွမ်ထျန်ယလေ”

ထိုသို့ ပြောဆိုရင်း သူတို့အဖွဲ့မှာ ထွက်ခွာရန် ပြင်လိုက်ကြသည်။

ထိုအချိန်တွင် ပြတင်းပေါက်အောက်မှ တုဟန်၏ အော်ဟစ်ငိုယိုသံများ ထပ်မံ ထွက်ပေါ်လာသဖြင့် လီကျုံးကျန်းက ကျိန်ဆဲလိုက်၏။

“တောက်... ဒီ ငတုံးကလည်း သရဲမ အော်သလိုမျိုး အော်နေတာပဲ။ မဟုတ်ရင် ဒီမှာ ခဏလောက် ထပ်သောက်ဦးမှာကို...”

“ဝှစ်...”

ရုတ်တရက် မြားတစ်စင်း ပျံသန်းလာသော အသံကို ကြားလိုက်ရသဖြင့် လူတိုင်း၏ အာရုံမှာ ထိုဘက်သို့ ရောက်သွားတော့သည်။

အသံလာရာ လမ်းမပေါ်သို့ သူတို့ ကြည့်လိုက်ကြ၏။

အပြာရင့်ရောင် လျှပ်စစ်တန်းတစ်ခုကို သယ်ဆောင်လာသော မြားတစ်စင်းမှာ လျှပ်စီးတန်းသဖွယ် ကောင်းကင်ယံကို ဖောက်ထွက်လာပြီး တုဟန်၏ လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။

“ဒုတ်...”

ထိုမြားမှာ တုဟန်၏ လည်ပင်းကို ထိုးဖောက်သွားပြီး နားငြီးစရာကောင်းသော အော်ဟစ်သံများမှာလည်း ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

လူတိုင်းက မြားလာရာ ဘက်သို့ ကြည့်လိုက်ကြသောအခါ လမ်းထောင့်ရှိ အမှောင်ရိပ်အတွင်း၌ သွေးချင်းချင်းနီလျက် ရက်စက်ကြမ်းကြုတ်သော ပုံစံဖြင့် ရပ်နေသည့် ချင်လဲ့ကို မြင်လိုက်ကြရသည်။

လူတိုင်း အံ့သြတကြီး အော်ဟစ်နေစဉ်မှာပင် ချင်လဲ့သည် နောက်သို့ လှည့်ကာ အမှောင်ထဲသို့ ထပ်မံ ပျောက်ကွယ်သွားလေတော့သည်။

အခန်း (၁၂၀) သောင်းကျန်းခြင်း

မြူတိမ်ဆောင်အတွင်း၌...

လျိုယွန်ထောင်သည် သစ်သားကုလားထိုင်ပေါ်တွင် ထိုင်လျက် စားပွဲကို လက်တစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း ခေါက်နေရင်း တစ်စုံတစ်ခုအား စောင့်ဆိုင်းနေသည့်နှယ် မျက်နှာပျက်နေ၏။ အမှောင်အသူရာခန်းမမှ ယွမ်ထျန်ယမှာမူ အထူးဧည့်သည်တော်မျှော်စင်တွင် အနားယူရန် စီစဉ်ပေးထားပြီး ဖြစ်သဖြင့် သူ၏ဘေးတွင် ဝေရှင်း တစ်ယောက်သာ ကျန်ရှိတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ လျိုယွန်ထောင်၏ အမူအရာမှာ ပိုမို အေးစက်လာ၏။

“မနက်လင်းဖို့ ဘယ်လောက်လိုသေးလဲ” သူက ရုတ်တရက် မေးလိုက်သည်။

“လေးနာရီ လိုပါသေးတယ်” ဝေရှင်းက ချက်ချင်း ပြန်ဖြေ၏။

“ဒီနေ့က ငါ မြူတိမ်ဆောင်ရဲ့ အရှင်သခင်အဖြစ် ရာထူးတက်တဲ့ ပထမဆုံးနေ့ပဲ” လျိုယွန်ထောင်က ဝေရှင်းကို ကြည့်ကာ ဆိုသည်၊

“ငါတို့နှစ်ယောက်လုံးကို စောင့်ကြည့်နေတဲ့လူတွေ အများကြီးရှိတယ်။ တကယ်လို့ ချင်လဲ့သာ ဒီည အသက်ရှင်သွားမယ်ဆိုရင် မင်းရော ငါရော အရှက်ကွဲကြရလိမ့်မယ်”

“ကျွန်တော် သိပါတယ်” ဝေရှင်းက ခေါင်းညိတ်လိုက်သည်။

ဆယ်မိနစ်ခန့်အကြာတွင် လျိုယွန်ထောင်၏ လက်အောက်မှ ခန်းမသခင်တစ်ဦး အပြေးအလွှား ဝင်လာပြီး အမောတကော ဆိုသည်။

“တုမိသားစုထဲမှာ တုကျောက်လန်နဲ့ တုဖေး သားအမိ အသတ်ခံလိုက်ရပါပြီ။ ပြီးတော့... ဒု ခန်းမသခင်တုရဲ့ အလောင်းဘေးမှာပဲ တုဟန်ဟာလည်း မြားနဲ့ ပစ်သတ်ခံလိုက်ရပါတယ်။ ချင်လဲ့ကတော့ အသက်ရှင်နေဆဲဖြစ်ပြီး မြို့ထဲကို ပိုပြီး တိုးဝင် ပုန်းအောင်းနေပါတယ်”

“ဂျွတ်...”

လျိုယွန်ထောင်သည် သူထိုင်နေသော ကုလားထိုင်၏ လက်တင်ကို ချေမွပစ်လိုက်ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

“ညီအစ်ကို ဝေ... မင်းကိုယ်တိုင် သွားကြည့်လိုက်”

ဝေရှင်းက ခေါင်းညိတ်ကာ စကား မပြောဘဲ မြူတိမ်ဆောင်အတွင်းမှ ချက်ချင်း ထွက်ခွာသွားတော့သည်။

……

ရေခဲကျောက်မြို့တော်၏ ထောင့်တစ်နေရာတွင်...

လင်ချန်ကျိ၊ လင်ဖုန်းနှင့် လင်မိသားစုဝင်များမှာ မြို့ထဲမှ ဆူညံသံများကြောင့် နိုးလာကြသည်။ သူတို့သည် အိမ်ရှေ့ဝင်းတံခါးသို့ ထွက်လာကြပြီး ကျင့်ကြံသူများ ပြေးလွှားနေသံ၊ အော်ဟစ်သံများကို နားစွင့်နေကြ၏။

“ဒီည မြို့ထဲမှာ ဘာတွေဖြစ်နေတာလဲ” လင်ဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

“လျိုယွန်ထောင်နဲ့ တုဟိုင်ထျန်တို့ ရာထူးတက်တဲ့နေ့ဆိုတော့ သူတို့ရဲ့ အာဏာကို ပြဖို့ တစ်ခုခု လုပ်နေကြတာလား” လင်မိသားစု အကြီးအကဲ လင်ခမ်းအန်းက စိုးရိမ်တကြီးဖြင့် ပြောသည်။

“အားလုံး သတိထားကြ။ တံခါးတွေကို လုံအောင်ပိတ်ပြီး အပြင်ကကိစ္စတွေကို ဂရုမစိုက်တာ အကောင်းဆုံးပဲ”

“တုဟိုင်ထျန်က ငါ့အစ်ကိုကြီးကိုတောင် သတ်ရဲတာ၊ ငါတို့ကို သတ်ဖို့လည်း ဝန်လေးမှာ မဟုတ်ဘူး” လင်းချန်ကျိက မျက်နှာဖြူဖျော့စွာဖြင့် ရေရွတ်သည်။

“ငါတို့ လင်းမိသားစု ဒီညကို ကျော်ဖြတ်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ။ ဒါမှ မနက်ဖြန် မနက်ကျရင် သုသာန်ခုနစ်ပါး တောင်ကြားက လူတွေနဲ့ သွားတွေ့လို့ ရမှာ”

ထိုသို့ ပြောနေစဉ်မှာပင် မလှမ်းမကမ်းမှ အဝတ်စများ တဖျတ်ဖျတ် လွင့်သံကို ကြားလိုက်ရသဖြင့် လင်မိသားစုဝင်များ ထိတ်လန့်သွားကြသည်။

“ဒါ လင်မိသားစုက ညီအစ်ကိုတွေလား”

လျိုရန်၏ အသံကို ကြားလိုက်ရမှ သူတို့ စိတ်အေးသွားကြသည်။ မကြာခင်မှာပင် လျိုရန်နှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ ညီအစ်ကိုများ ရောက်လာကြ၏။

“အစ်ကိုလျို... ဘာဖြစ်လို့ သန်းခေါင်ယံကြီး ရောက်လာတာလဲ” လင်ဖုန်းက မေးလိုက်သည်။

“ကိစ္စကြီး ဖြစ်ပြီ” လျိုရန်က အလေးအနက် ပြောလိုက်၏။

“ချင်လဲ့က လမ်းပေါ်မှာ တုဟိုင်ထျန်ကို စိန်ခေါ်ပြီး ခေါင်းဖြတ်သတ်လိုက်ပြီ။ အဲဒီနောက်မှာ တုကျောက်လန်နဲ့ တုဖေးကိုပါ သတ်ပစ်လိုက်တယ်။ တုဟန်လည်း မြားနဲ့ အပစ်ခံရပြီး သေသွားပြီ။ လေးနာရီအတွင်းမှာပဲ တုဟိုင်ထျန်ရဲ့ မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတာ။ အခု တစ်မြို့လုံးက သူ့ကို ဝိုင်းဖမ်းနေကြပြီ။ လင်မိသားစုကို ထိခိုက်မှာ စိုးလို့ ငါ အမြန်လာပြောတာ”

“သူ... သူက တုဟိုင်ထျန် မိသားစုတစ်ခုလုံးကို သတ်လိုက်တာလား” လင်ချန်ကျိက ထစ်ထစ်အအဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။ အကုန်သေကုန်ပြီ။ ချင်လဲ့ကတော့ လုံးဝ ရူးသွပ်နေပြီ။ တစ်မြို့လုံးလည်း သူ့ကြောင့် ပြောင်းပြန်ဖြစ်နေတာ” လျိုယန်က ဆက်ပြီး ရှင်းပြလေသည်။

“သုသာန်ခုနစ်ပါး တောင်ကြားက လူတွေ မင်းတို့ကို လာရှာနေတယ်လို့ ငါကြားတယ်။ တကယ်လို့ လွတ်လမ်းရှိရင် ဒီမြို့ကနေ အမြန်ဆုံး ထွက်သွားကြ။ ဒါမှ လင်မိသားစု နောက်ဆက်တွဲ ပြဿနာတွေကနေ လွတ်မှာ”

“သေကုန်ပြီ... ငါတို့ လင်မိသားစုရဲ့ ရန်သူတွေ အကုန်သေကုန်ပြီ”

လင်ချန်ကျိသည် လျိုရန်၏ စကားကိုပင် ဂရုမစိုက်တော့ဘဲ ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ဝဲလျက် ကခုန်နေတော့သည်။

“မိုးနတ်မင်းက ငါတို့ကို သနားတာပဲ။ ငါတို့ လင်မိသားစုကို ကယ်တင်တာပဲ” လင်ခမ်းအန်းလည်း ငိုယိုနေ၏။

“ချင်လဲ့...” လင်ဖုန်းကလည်း ရင်ထဲတွင် လှိုက်ဖိုစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။

……

“သတ်... သတ်... အကုန်သတ်ပစ်မယ်”

ချင်လဲ့၏ ဦးနှောက်အတွင်း၌ လူသားမဟုတ်သော အသံတစ်သံက ဟိန်းဟောင်နေပြီး သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်နှင့် ရူးသွပ်မှုများ ပြည့်နှက်လာတော့သည်။

“ဗုန်း... ဗုန်း... ဗုန်း”

သူ၏ ရင်ဘတ်အတွင်းမှ မိုးကြိုးသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး သူ လျှောက်သွားသော လမ်းတစ်လျှောက်တွင်လည်း မိုးကြိုးလျှပ်စီးများက ပတ်ဝန်းကျင်ကို ရိုက်ခတ်နေ၏။

“ဟိုမှာ... သူ ဟိုမှာ ရှိတယ်”

ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ ရှိသော မြူတိမ်ဆောင် ကျင့်ကြံသူ သုံးဦး ရောက်လာကြသည်။ သူတို့သည် တုဟိုင်ထျန်၏ လက်အောက်ငယ်သားများ ဖြစ်ပြီး လင်မြို့တွင် ချင်လဲ့ကို မြင်ဖူးကြသူများ ဖြစ်သည်။

သွေးချင်းချင်းနီလျက် ရူးသွပ်သော ပုံစံဖြင့် ပြေးဝင်လာသော ချင်လဲ့ကို မြင်သောအခါ သူတို့က လမ်းပိတ်ရပ်လိုက်ပြီး အော်လိုက်သည်။

“ချင်လဲ့... မင်း ဒီနေ့တော့ သေဖို့ ပြင်ထားတော့”

“ဖယ်စမ်း”

ချင်လဲ့၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော အရှိန်အဟုန်တစ်ခု ထွက်ပေါ်လာပြီး သူ၏ မျက်လုံးထဲက သတ်ဖြတ်လိုစိတ်များက အေးခဲသွားသည့်နှယ် ဖြစ်ကာ ထိုသုံးယောက်ဆီသို့ သားရဲတစ်ကောင်နှယ် ပြေးဝင်သွားတော့သည်။

“ဂျိန်း... ဂျိန်း... ဂျိန်း...”

သူ၏ ရင်ဘတ်ရှေ့တွင် အပြာနုရောင် မိုးကြိုးလုံး သုံးလုံး ဖြစ်ပေါ်လာပြီး ကြယ်ပျံများနှယ် ထိုသုံးယောက်ဆီသို့ ပစ်လွှတ်လိုက်၏။

“ဗုန်း...”

မိုးကြိုးလုံးများက ပစ်မှတ်ကို တည့်တည့်ထိမှန်သွားပြီး အရိုးကြေမွသံများနှင့်အတူ ထိုသုံးယောက်မှာ လေထဲသို့ လွင့်စင်သွားကာ သွေးအိုင်ထဲတွင် လဲကျသေဆုံးသွားကြတော့သည်။ ချင်လဲ့က ထိုအလောင်းများကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ရှေ့သို့ ဆက်သွားနေ၏။

ထိုသည်က လမ်းတစ်လျှောက်တွင် သူ သတ်ခဲ့သည့် ခုနစ်ကြိမ်မြောက် လိုက်လံဖမ်းဆီးသူများ ဖြစ်ပြီး သူ ဖြတ်သန်းခဲ့သော လမ်းတွင် အလောင်းပေါင်း ၂၀ ကျော် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

“တစ်ခုခုတော့ မှားနေပြီ။ ငါ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခု မှားနေပြီ”

ချင်လဲ့သည် သူ၏ ရင်ထဲမှနေ၍ ရူးသွပ်စွာ အော်ဟစ်နေမိသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသော်လည်း မောပန်းနွမ်းနယ်မသွားဘဲ ပို၍ စိတ်လှုပ်ရှားလာ၏။

ဝိညာဉ်နှိမ်နင်းခြင်း ပုတီးစေ့ အတွင်းမှ စွမ်းအင်အသစ်တစ်ခုမှာ ဖြည်းဖြည်းချင်း စီးထွက်လာပြီး သူ၏ သွေးများအား ဆူပွက် တောက်လောင်စေကာ ဖျက်ဆီးလိုစိတ်များကိုသာ ဖြစ်ပေါ်စေတော့သည်။ ထိုစွမ်းအင်က သူ့ကို ရူးသွပ်သွားအောင် တွန်းပို့နေသကဲ့သို့ပင်။

“ငါက ဖေးအန်းပဲ။ လီဈေးဆိုင်မှာ ငါတို့ တွေ့ဖူးကြတယ်လေ။ ဒါပေမဲ့ ဒီနေ့တော့ မင်းကို သတ်ဖို့ ငါ အမိန့်ရထားတယ်”

ရှေ့လမ်းမပေါ်တွင် ဝတ်ရုံနီကြီးကို ဝတ်ဆင်ထားသော သန်မာသည့် လူတစ်ယောက်က ဓားကြီးတစ်ချောင်းကို ကိုင်ကာ အေးစက်စွာ ရပ်နေ၏။ သူ၏ ဘေးတွင်လည်း ဝေရှင်း၏ လက်အောက်ငယ်သား ခုနစ်ယောက်က ချင်လဲ့ကို ကြည့်နေကြသည်။

“သတိထားပါ ခန်းမသခင် ဖေး။ သူ လမ်းတစ်လျှောက်မှာ လူ ၂၀ ကျော်ကို သတ်လာတာ။ သူ့မျက်လုံးတွေကို ကြည့်... သူ လုံးဝ ရူးနေပြီ။ ကိုယ့်အသက်ကို ဂရုမစိုက်တဲ့ အရူးတွေက အကြောက်ရဆုံးပဲ” တစ်ယောက်က သတိပေးလိုက်သည်။

“လူ ၂၀ ကျော် ဟုတ်လား။ စိတ်ဝင်စားဖို့ ကောင်းသားပဲ” ဖေးအန်းက ပြုံးလိုက်ပြီး ဆိုလေသည်။

“ဒီလိုလူမျိုးနဲ့ မတွေ့ရတာ ကြာပြီ။ လာစမ်း”

ဖေးအန်းသည် သူ၏ ဓားကြီးကို မြေပြင်ပေါ်မှာ တရွတ်တိုက် ဆွဲရင်း ချင်လဲ့ဆီသို့ လျှောက်လာသည်။ မြေပြင်နှင့် ဓား ပွတ်တိုက်သံမှ မီးပွားများ ထွက်ပေါ်လာသည်မှာ နဂါးတစ်ကောင်ကဲ့သို့ပင်။

“ဝူး...”

ဓားကြီးကို အပေါ်သို့ ဝေ့ယမ်းလိုက်သောအခါ ပြင်းထန်သော မီးလျှံများမှာ ငရဲမြစ်မှ မီးလျှံများနှယ် ချင်လဲ့၏ ခေါင်းပေါ်သို့ ကျဆင်းလာတော့သည်။

“ဖယ်စမ်း”

ချင်လဲ့က ဟိန်းဟောင်လိုက်ပြီး သူ၏ လက်ဝဲဘက် လက်မောင်းကို ဆန့်ထုတ်လိုက်၏။

“ဗုန်း... ဗုန်း... ဗုန်း”

သူ၏ လက်မောင်းအရိုးများ အတွင်းမှ မိုးကြိုးနဂါးတစ်ကောင် ဟိန်းဟောင်သံနှယ် ထွက်ပေါ်လာပြီး ပြင်းထန်သော မိုးကြိုးလှိုင်းများ ပေါက်ကွဲထွက်လာတော့သည်။ ထိုသည်က ကောင်းကင်မိုးကြိုး သန့်စင်ခန္ဓာ၏ ကြွက်သားခွန်အားပင် ဖြစ်သည်။

တောင်ပြိုမြေပြင်သကဲ့သို့ ပြင်းထန်သော မိုးကြိုးစွမ်းအင်များမှာ မီးလျှံမြစ်နှင့် ထိပ်တိုက် တွေ့ဆုံသွားကြ၏။

“ဗုန်း...”

မီးလျှံများမှာ ချက်ချင်းပင် လွင့်စင်သွားပြီး မိုးကြိုးလှိုင်းများမှာ ဖေးအန်း၏ ရင်ဘတ်ဆီသို့ တိုးဝင်သွားတော့သည်။

“ဒူ...”

ဖေးအန်း၏ ရင်ဘတ်မှ မောင်းထုသံနှယ် အသံကြီး ထွက်ပေါ်လာပြီး သူ၏ သန်မာသော ခန္ဓာကိုယ်ကြီးမှာ နောက်သို့ မီတာ ၁၀ ကျော် လွင့်စင်သွားရသည်။

“ကျစ်... ဖျစ်... ဖျစ်...”

ချင်လဲ့၏ အဆစ်တိုင်းမှ ပေါက်ပေါက်ဆုပ်သံနှယ် အသံများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် ပိုမို ကြီးထွားလာသလို ခံစားရ၏။ ဝိညာဉ်နှိမ်နင်းခြင်း ပုတီးစေ့အတွင်းမှ ထူးဆန်းသော စွမ်းအင်များ ထပ်မံ ထွက်ပေါ်လာပြီး ချင်လဲ့ကို ခွန်အားသစ်များ ပေးလိုက်ပြန်သည်။

“ပိတ်ဆို့စမ်း”

သူ၏ လက်နှစ်ဖက်ကို လေထဲတွင် ယှက်လိုက်သောအခါ လက်ချောင်းထိပ်များမှ လျှပ်စစ်ကြိုးတန်း ဆယ်ကြိုး ထွက်ပေါ်လာပြီး ဖေးအန်းကို ရစ်ပတ်လိုက်တော့သည်။ ဖေးအန်းမှာ နာကျင်လွန်းသဖြင့် အော်ဟစ်နေရစဉ်မှာပင် ချင်လဲ့က အနားသို့ ကပ်သွားပြီး မိုးကြိုးစွမ်းအင် ပါဝင်သော လက်သီးများဖြင့် ဖေးအန်း၏ ရင်ဘတ်အား အဆက်မပြတ် ထိုးနှက်လိုက်တော့သည်။

ဖေးအန်း၏ ရင်ဘတ်မှာ အတွင်းသို့ ချိုင့်ဝင်သွားပြီး သူ၏ မျက်လုံးများမှာလည်း အရောင်မှိန်သွားကာ သေဆုံးသွားတော့သည်။

“ခန်း... ခန်းမသခင် ဖေး”

လက်အောက်ငယ်သားများမှာ ထိတ်လန့်သွားကြပြီး ချင်လဲ့ ပြေးဝင်လာသည်ကို မြင်သောအခါ တိုက်ခိုက်ရန် သတ္တိမရှိတော့ဘဲ နောက်သို့ ဆုတ်ပြေးကြတော့သည်။ ယခုအချိန်တွင် ချင်လဲ့မှာ ရှေးဟောင်းတောနက်ထဲမှ ထွက်လာသော ကြမ်းတမ်းသည့် သားရဲကြီး သို့မဟုတ် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

“ဖယ်စမ်း”

ချင်လဲ့က အော်ဟစ်ရင်း ရှေ့သို့ ဆက်ပြေးသွားသည်။

“ဘာဖြစ်လို့ ဒီစွမ်းအင်တွေထဲမှာ ဝိညာဉ်စုပ်သားရဲရဲ့ အငွေ့အသက်တွေ ပါနေရတာလဲ” ချင်လဲ့၏ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာ၏။

ဝိညာဉ်နှိမ်နင်းခြင်း ပုတီးစေ့ကို သူ ပိုင်ဆိုင်ခဲ့စဉ်ကတည်းက ဤပုတီးမှာ သူ့ကို မည်သည့်စွမ်းအင်မှ မပေးခဲ့ဖူးပေ။ သို့သော် ကျောက်သစ်တောထဲတွင် ဝိညာဉ်စုပ်သားရဲ၏ ဝိညာဉ်ကို ပုတီးက စုပ်ယူလိုက်ပြီးနောက်၌မူ ပုတီးအတွင်းဝယ် ထူးဆန်းသော ပြောင်းလဲမှုများ ရှိနေကြောင်း သူ သတိပြုမိခဲ့သည်။ ယခု သူ အားကုန်တော့မည့် အချိန်တွင် ထိုစွမ်းအင်များက သူ့ကို ခွန်အားများ ပြန်ပေးနေခြင်း ဖြစ်သည်။

……

“သခင်မလေး... ဘာဖြစ်လို့လဲ”

ရှဲ့ကျင့်ရွှမ် အပြင်ထွက်လာသည်ကို မြင်သောအခါ လျန်ကျုံးက မေးလိုက်သည်။

“ငါ့စိတ်ထဲမှာ တစ်ခုခုကို စိုးရိမ်နေသလိုပဲ။ ငါ တစ်ယောက်တည်း လမ်းလျှောက်ချင်တယ်၊ ငါ့နောက်ကို မလိုက်နဲ့”

ရှဲ့ကျင့်ရွှမ်က အေးစက်စွာ ပြောပြီးနောက် တစ္ဆေတစ်ကောင်နှယ် ပျောက်ကွယ်သွားတော့သည်။

နာရီဝက်ခန့်အကြာတွင်...

ဝတ်စုံဖြူဝတ်ထားသော ရှဲ့ကျင့်ရွှမ်သည် ချင်လဲ့၏ ရှေ့တွင် ပေါ်လာသည်။ သတ်ဖြတ်လိုစိတ်များနှင့် ရူးသွပ်နေသော ချင်လဲ့ကို ကြည့်ကာ သူမက မျက်မှောင်ကြုတ်လိုက်ပြီး ဆိုသည်။

“ကျောက်သစ်တောတုန်းက ငါ အသေအချာ ပြောခဲ့ပြီးသားနော်။ ဝိညာဉ်စုပ်သားရဲရဲ့ အငွေ့အသက်ကိုသာ ငါ ထပ်ခံစားမိရင် ဘာအကြောင်းပြချက်မှ မမေးဘဲ နင့်ကို အသေသတ်မယ်လို့”

All Chapters