← Chapters

အခန်း (၅၀၅-၅၀၆)

Vol. 51 Ch. 505-506

အခန်း (၅၀၅-၅၀၆)

Vol. 51 Ch. 505-506

အခန်း။ ၅၀၅

ချောင်ယန်အခြေစိုက်စခန်း စစ်စခန်းအတွင်း၌...

ဘုန်း... ဘုန်း... ဘုန်း...

လက်ဝှေ့စင်ပေါ်၌ နာကျင်စွာ အော်ဟစ်သံများနှင့်အတူ လူတစ်ဒါဇင်ခန့်မှာ စင်ပေါ်မှ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားကြသည်။

"ဟွန့်... အသုံးမကျတဲ့ကောင်တွေ ငါ့ရဲ့အင်အားကို အဆင့် ၅ အထိပဲ လျှော့ထားတာတောင် ဒီလောက်ကျဉ်းတဲ့ စင်ပေါ်မှာ မင်းတို့တွေ ငါ့ရဲ့ ဆံပင်တစ်ပင်ကိုတောင် မထိနိုင်ကြဘူး။ ဒီလိုအရည်အချင်းမျိုးနဲ့ အဆင့် ၅ ရှိတဲ့ တစ်ပါးကမ္ဘာသားတွေကို ဝိုင်းဝန်းပိတ်ဆို့တားဆီးဖို့ ဆိုတာကတော့ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ အိပ်မက်ပဲ"

ကျောက်လင်းသည် မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် စင်ပေါ်၌ ရပ်နေပြီး၊ သူမ ရိုက်ချလိုက်သဖြင့် စင်အောက်သို့ လွင့်ထွက်သွားသော လက်အောက်ငယ်သားများကို ဆူပူကြိမ်းမောင်းနေတော့သည်။ သူတို့၏ အရည်အချင်းမရှိမှုကို တွေးမိကာ သူမ အလွန်ပင် စိတ်ပျက်နေမိသည်။

မြို့တော်အစိုးရမှ ခန့်အပ်ထားသော အဆင့်မြင့် စစ်သေနာပတိတစ်ဦးဖြစ်သည့်အတွက် ဒရဂွန်ပြည်နယ်နှင့် ကျန်းပြည်နယ်ရှိ အခြေစိုက်စခန်းအားလုံးမှာ သူမ၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိနေသည်။

ကျောက်လင်းအနေဖြင့် ဤအခြေစိုက်စခန်းများကို ကွပ်ကဲနေရသူဖြစ်ရာ သူတို့၏ လုံခြုံရေးကို တာဝန်ယူရမည်ဖြစ်ပြီး တစ်ပါးကမ္ဘာသားများ၏ ကျူးကျော်ဖျက်ဆီးမှုကို အဖြစ်မခံနိုင်ပေ။

အကယ်၍ အခြေစိုက်စခန်းတစ်ခုခုသာ ကျဆုံးသွားပါက ၎င်းသည် သူမကဲ့သို့သော နှိုင်းယှဉ်ဘက်ကင်း စစ်နတ်ဘုရားမတစ်ဦးအတွက် တာဝန်ပျက်ကွက်မှုပင်။

မကြာသေးမီက တစ်ပါးကမ္ဘာသားများ၏ ဝိုင်းရံတိုက်ခိုက်မှုများမှာ ပိုမိုစိပ်လာခဲ့ရာ ကျောက်လင်းသည် သူမ၏ ဆင့်ကဲပြောင်းလဲသူအထူးအဖွဲ့ကို နှစ်ရက်၊ သုံးရက်လျှင် တစ်ကြိမ်ဆိုသလို အခြေစိုက်စခန်းအသီးသီးသို့ စေလွှတ်၍ ကူညီပေးနေရသည်။

မကြာမီမှာပင် သူမသည် ဆိုးရွားသော အခြေအနေတစ်ခုကို သတိပြုမိလာသည်။ ၎င်းမှာ အဆင့် ၅ ရှိသော တစ်ပါးကမ္ဘာသားများ၏ အရေအတွက်မှာ လျင်မြန်စွာ တိုးပွားလာခြင်းပင်။

တိုက်ပွဲတိုင်းတွင် တစ်ပါးကမ္ဘာသားတို့၏ အဆင့် ၅ အင်အားမှာ ကျောက်လင်း စေလွှတ်လိုက်သော အဆင့် ၅ ဆင့်ကဲပြောင်းလဲသူများထက် ပိုမိုများပြားနေတတ်သည်။

အဆင့် ၅ ရန်သူများ များပြားလွန်းသဖြင့် ကျောက်လင်းအနေဖြင့် ရင်ဆိုင်ရန် နည်းလမ်းတစ်ခုကို စဉ်းစားခဲ့ရသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် သူမသည် အချိန်ဆွဲခြင်း ဗျူဟာကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

တိုက်ပွဲအတွင်း၌ အဆင့် ၄ ဆင့်ကဲပြောင်းလဲသူ အရေအတွက် အတော်အသင့်ကို အသုံးပြုကာ တိုက်ပွဲဝင်စစ်ကြောင်းများဖြင့် အဆင့် ၅ တစ်ပါးကမ္ဘာသားများကို ဝိုင်းရံတိုက်ခိုက်စေခြင်းပင်။

ထိုသို့ဖြင့် အဆင့် ၅ ဆင့်ကဲပြောင်းလဲသူများက သူတို့၏ပြိုင်ဘက်များကို သုတ်သင်ပြီးသည်အထိ အချိန်ဆွဲထားနိုင်မည် ဖြစ်သည်။

သို့သော် ဤနည်းလမ်းမှာ အဆင့် ၄ ဆင့်ကဲပြောင်းလဲသူများ၏ အရည်အချင်း မြင့်မားရန် လိုအပ်သည်။ ထို့ကြောင့် ကျောက်လင်းသည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီရန် ဆုံးဖြတ်

လိုက်ပြီး၊ သူမ၏ အင်အားကို လျှော့ချကာ လက်အောက်ရှိ အဆင့် ၄ ဆင့်ကဲပြောင်းလဲသူများကို အထူးလေ့ကျင့်ခန်းများ ပြုလုပ်ပေးနေခြင်းပင်။

ကံမကောင်းစွာပင် ဤလူများမှာ နံရံပေါ်ကပ်မရသည့် ရွှံ့စေးများကဲ့သို့ပင်။ သူမကို အချိန်ဆွဲထားနိုင်ဖို့နေနေသာသာ တစ်မိနစ်တောင် မခံနိုင်ကြဘဲ အစောပိုင်းက လေ့ကျင့်ထားသော ပူးပေါင်းစစ်ကြောင်းများမှာလည်း အလဟဿ ဖြစ်သွားခဲ့ရသည်။

"ထကြစမ်း ဆက်လုပ်မယ်"

မြေပြင်ပေါ်တွင် လဲလျောင်းကာ မရပ်မနား ညည်းတွားနေကြသော ထိုလူများကို ကြည့်ရင်း ကျောက်လင်း၏ မျက်နှာမှာ တင်းမာသွားပြီး အေးစက်သော အကြည့်များဖြင့် အော်ဟစ်လိုက်သည်။

သူမ၏ အသံကို ကြားလိုက်ရသည်နှင့် အဆင့် ၄ ဆင့်ကဲပြောင်းလဲသူ အုပ်စုမှာ ကျောချမ်းသွားကြပြီး အလောတကြီး ထရပ်ကာ စိတ်ပျက်လက်ပျက်ဖြင့် စင်ပေါ်သို့ မ၀ံ့မရဲ ပြန်တက်လာကြပြန်သည်။

ဘုန်း... ဘုန်း... ဘုန်း...

ခဏချင်းအတွင်းမှာပင် အရင်အတိုင်းပင် အဆင့် ၄ ဆင့်ကဲပြောင်းလဲသူ အုပ်စုမှာ နာကျင်စွာ အော်ဟစ်ရင်း စင်ပေါ်မှ ပြန်လည်လွင့်ထွက်သွားကြပြန်ရာ တစ်ယောက်ချင်းစီမှာ မျက်နှာများ ဖူးယောင်ညိုမည်းကုန်ကြတော့သည်။

ဘေးမှ စောင့်ကြည့်နေကြသော ဆင့်ကဲပြောင်းလဲသူများမှာလည်း ကြောက်လန့်တကြားဖြင့် ဦးရေခွံများပင် ကျိန်းစပ်လာကြသည်။

ဘုရားရေ...

စစ်နတ်ဘုရားမနဲ့ လေ့ကျင့်ရတာကတော့ လူသားတွေ လုပ်နိုင်တဲ့အလုပ် မဟုတ်ဘူးပဲ။ အရမ်းကို ရက်စက်လွန်းတယ်။ ဒီအတိုင်းသာ နောက်ထပ်အကြိမ်အနည်းငယ် ဆက်လုပ်နေရင်တော့ ဒီလူတွေရဲ့ မျက်နှာကို သူတို့အမေတွေတောင် မှတ်မိတော့မှာ မဟုတ်ဘူး။

ထို့နောက်တွင် နောက်ထပ် တိုက်ပွဲအချို့ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ထိုအဆင့် ၄ ဆင့်ကဲပြောင်းလဲသူများမှာ စင်အောက်၌ လဲလျောင်းရင်း မထနိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်နေကြသည့် အချိန်ကျမှသာ ကျောက်လင်း၏ ဒေါသမှာ အနည်းငယ် ပြေလျော့သွားတော့သည်။

ခေတ္တမျှကြာသော် ဆင့်ကဲပြောင်းလဲသူ အုပ်စုမှာ ခေါင်းလေးများ ပုဝင်သွားကြပြီး ထွက်ခွာသွားသော စစ်နတ်ဘုရားမ၏ နောက်ကျောကို ကြည့်ကာ အသံတောင် မထွက်ဝံ့ကြပေ။

စစ်နတ်ဘုရားမက သူတို့ကို ခေါ်ပြီး လေ့ကျင့်ပေးမှာကို အလွန်ပင် စိုးရိမ်နေကြခြင်းပင်။ သူတို့၏ တိုက်ပွဲဝင်စစ်ကြောင်း အရည်အချင်းမှာ ခုနကလူများထက် သိပ်မသာလွန်မှန်း သူတို့ကိုယ်သူတို့ သိနေကြသည်။

အကယ်၍ စင်ပေါ်တက်ရပါက စစ်နတ်ဘုရားမ၏ အရိုက်အနှက်ကြောင့် တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားမည်ကို ကြောက်နေကြရှာသည်။

ကျောက်လင်းသည် သူမ၏ ရုံးခန်းသို့ ပြန်ရောက်၍ ထိုင်လိုက်စဉ်မှာပင် သူမ၏ လက်ထောက်အရာရှိမှာ ပြုံးရွှင်သော မျက်နှာထားဖြင့် ဝင်ရောက်လာခဲ့လေတော့သည်။

"ကျန်း... ဘာကိစ္စရှိလို့လဲ"

ကျောက်လင်းသည် သူမ၏လက်အိတ်များကို ချွတ်လိုက်ရင်း လက်ထောက်အရာရှိကို ကြည့်ကာ မေးလိုက်သည်။

"စစ်နတ်ဘုရားမခင်ဗျာ... သတင်းကောင်းပါ။ ခုနတင် မိုးတိမ်မိုးရေ အခြေစိုက်စခန်းက သတင်းပို့လာတာကတော့ ဇွန်ဘီဘုရင်ရဲ့ အကူအညီနဲ့ အခြေစိုက်စခန်းက အခုဆိုရင် ဘေးအန္တရာယ်ကနေ ကင်းဝေးသွားပြီဖြစ်ကြောင်းနဲ့ တစ်ပါးကမ္ဘာသားတွေကိုလည်း အကုန်လုံး သုတ်သင်နိုင်ခဲ့ပြီလို့ ပြောပါတယ်"

လက်ထောက်အရာရှိက ပြုံးရွှင်စွာ ပြောကြားလိုက်သည်။

"အောင်မြင်သွားပြီလား"

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျောက်လင်းမှာ အံ့အားသင့်စွာဖြင့် မတ်တပ်ရပ်လိုက်မိသည်။ မိုးတိမ်မိုးရေ အခြေစိုက်စခန်းတွင် ဖြစ်ပျက်ခဲ့သော ဤကိစ္စမှာ ဇွန်ဘီဘုရင်၏ ကယ်ဆယ်မှုတစ်ခုတည်း မဟုတ်ဘဲ လူသားများနှင့် ဇွန်ဘီဘုရင်အကြား ပူးပေါင်းဆောင်ရွက်မှု၏ အစပျိုးခြင်းပင်။

အကယ်၍ ဤကိစ္စမှာ ချောမွေ့သွားပါက နောင်တွင် လူသားများနှင့် ဇွန်ဘီဘုရင်အကြား ပူးပေါင်းဆောင်ရွက်မှုများမှာလည်း သဘာဝအလျောက် ဆက်လက်ဖြစ်ပေါ်လာပေလိမ့်မည်။ သို့သော် အကယ်၍ ဤကိစ္စတွင် အမှားအယွင်းတစ်ခုခု ရှိခဲ့ပါက ဆိုးရွားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး လူသားနှင့် ဇွန်ဘီဘုရင်တို့၏ ပူးပေါင်းဆောင်ရွက်မှုမှာလည်း ထိုနေရာ၌ပင် ရပ်တန့်သွားနိုင်သည်။

၎င်းမှာ တစ်ပါးကမ္ဘာသားများ၏ ဖိအားကို တစ်နေ့တခြား ပိုမိုခံစားနေရသော လူသားမျိုးနွယ်အတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

လုချွမ်းအနေဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိမည်ကို ကျောက်လင်း မသံသယဖြစ်သော်လည်း ဤမျှအထိ လျင်မြန်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ယခုအခါ နှစ်ဖက်စလုံး၏ ပထမဆုံးသော ပူးပေါင်းဆောင်ရွက်မှု အောင်မြင်သွားပြီဖြစ်ရာ လူသားမျိုးနွယ်အပေါ် ကျရောက်နေသော ဖိအားများမှာ များစွာ လျော့ကျသွားခဲ့ပြီဖြစ်သည်။

ထိုအတောအတွင်း လုချွမ်း၏ ဇွန်ဘီဒီရေလှိုင်းကြီးမှာ ပင်လယ်ပြည်နယ်၏ နယ်စပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အတိုင်းအဆမရှိ ကျယ်ပြောလှသော ဇွန်ဘီဒီရေလှိုင်းကြီးမှာ အတားအဆီးမရှိဘဲ တောင်တန်းများနှင့် လွင်ပြင်များကို ဖြတ်ကျော်ကာ ရှေ့သို့ တဟုန်ထိုး ချီတက်နေသည်။ မြေပြင်မှာလည်း မရပ်မနား တုန်ခါနေပြီး အရှိန်အဟုန်မှာ အလွန်ပင် ခမ်းနားသည်။

ဇွန်ဘီဒီရေလှိုင်း၏ နောက်ဘက်ရှိ ကားတစ်စီးပေါ်တွင် လုချွမ်းသည် မြေပုံတစ်ခုကို ကိုင်ကာ ထိုင်နေသည်။

"ဒါကတော့ ကိုးပါးနတ်စင်တောင် ဖြစ်ရမယ်။ ပင်လယ်ပြည်နယ်ထဲကို ရောက်တော့မှာပဲ"

ပြတင်းပေါက်မှတစ်ဆင့် ထူးခြားဆန်းပြားလှသော ကိုးပါးနတ်စင်တောင်၏ စိမ်းလန်းစိုပြည်ပြီး မြင့်မားလှသော တောင်ထိပ်ကိုးခုကို ကြည့်ရင်း လုချွမ်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"ဖေဖေ... ပင်လယ်ပြည်နယ်ကို ရောက်တော့မှာလား"

နောက်ခန်းတွင် ကျင့်ကြံနေသော ကျိရုရွှယ်မှာ အသံကြားသဖြင့် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

"ဟုတ်တယ်သမီး... မကြာခင် ရောက်တော့မှာပါ"

လုချွမ်းက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် လုချွမ်း၏ မျက်ခုံးများမှာ တွန့်ချိုးသွားခဲ့ရသည်။ အကြောင်းမှာ ရှေ့ဘက်ရှိ ကင်းထောက်အဖွဲ့က တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သောကြောင့်ပင်။ ဇွန်ဘီဒီရေလှိုင်း၏ ရှေ့ဘက်တွင်ရှိသော လူသားအခြေစိုက်စခန်းတစ်ခုမှာ တစ်ပါးကမ္ဘာသား သတ္တဝါများ၏ ကျူးကျော်မှုကို ခံနေရပုံပင်။

ချက်ချင်းပင် လုချွမ်းသည် မြေပုံကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ ရှေ့တည့်တည့်တွင်ရှိနေသည်မှာ ပိုင်ရွှယ်မြို့ဖြစ်သည်။ တစ်စုံတစ်ရာ မတော်တဆမှု မရှိပါက အတိုက်ခိုက်ခံနေရသော ထိုအခြေစိုက်စခန်းမှာ ပိုင်ရွှယ်အခြေစိုက်စခန်းပင် ဖြစ်ရမည်။

လုချွမ်းသည် မျက်လုံးများကို ချက်ချင်းမှိတ်လိုက်ပြီး ကင်းထောက် ၁ ၏ အမြင်အာရုံမှတစ်ဆင့် အောက်ဘက်ရှိ အခြေအနေကို စောင့်ကြည့်လိုက်သည်။

ယခုအချိန်တွင် ပိုင်ရွှယ်အခြေစိုက်စခန်းမှာ သွေးရောင်ရှိသော ပိုးမွှားအုပ်ကြီး၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။ ကြောက်မက်ဖွယ်ကောင်းသော ထိုသွေးရောင်ပိုးမွှားများဖြင့် ဖွဲ့စည်းထားသည့် အုပ်စုကြီးမှာ ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနိုင်သည့် တိမ်တိုက်ကြီးများအလား ဖြစ်နေပြီး ပိုင်ရွှယ်အခြေစိုက်စခန်း၏ တံတိုင်းပေါ်ရှိ ကောင်းကင်ယံကို ဖုံးလွှမ်းထားတော့သည်။

ဝုန်း...

မြင့်မားသော တံတိုင်းပေါ်တွင် ကျပ်ညပ်နေသော ပိုးမွှားအုပ်ကြီးကို ရင်ဆိုင်ရင်း သေနတ်သံများမှာ ဆူညံစွာ ထွက်ပေါ်နေပြီး ကျည်ဆန်များမှာလည်း မိုးပေါက်များပမာ ပိုးမွှားအုပ်ကြီးဆီသို့ ပက်ဖြန်းနေသည်။

တစ်ချိန်တည်းမှာပင် ဆင့်ကဲပြောင်းလဲသူ အမြောက်အမြားကလည်း တရစပ် တိုက်ခိုက်နေကြပြီး ဝိညာဉ်အလင်းတန်း အမျိုးမျိုးမှာ ရောင်စုံယှက်သန်းနေတော့သည်။

ပိုင်ရွှယ်အခြေစိုက်စခန်း၏ ပြန်လည်တိုက်ခိုက်မှုကြောင့် သွေးရောင်ပိုးမွှား အပိုင်းအစများမှာ ပေါက်ကွဲကာ ကောင်းကင်မှ ကျဆင်းလာခဲ့သည်။

သို့သော် ထိုပိုးမွှားများမှာ သေရမှာကို မကြောက်ဘဲ အတားအဆီးများကို ဖောက်ထွက်ကာ တံတိုင်းပေါ်ရှိ လူသားများဆီသို့ တိုက်ရိုက်ပြေးဝင်ပြီး ကိုက်ခဲကြရာ တံတိုင်းပေါ်မှ နာကျင်စွာ အော်ဟစ်သံများမှာ ပဲ့တင်ထပ်နေတော့သည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက တစ်တံတိုင်းလုံးရှိ ကာကွယ်ရေးစနစ်မှာ ကျိုးပျက်သွားပေလိမ့်မည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချွမ်းသည် အခွင့်အရေးကောင်းတစ်ခုကို ချက်ချင်းသိမြင်လိုက်သည်။

အမြုတေ အမြောက်အမြားမှာ သူ့ကို လက်ယပ်ခေါ်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် စိတ်လှုပ်ရှားစွာဖြင့် ဇွန်ဘီဒီရေလှိုင်းကို အမြန်ဆုံး ချီတက်ရန် အမိန့်ပေးလိုက်တော့သည်။

အရင်က ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ထားသည်ဖြစ်ရာ ယခုတစ်ခေါက်မှာလည်း သဘာဝအတိုင်း ချောမွေ့သွားပေလိမ့်မည်။

ဤသွေးရောင်ပိုးမွှားများနှင့် ပတ်သက်၍ လုချွမ်းအနေဖြင့် လုံးဝမကြောက်ပေ။

သူတို့မှာ အရေအတွက် များပြားလွန်းသည်ဟု ဆိုသော်လည်း လူအင်အားသုံး တိုက်စစ်ဆင်နွှဲရမည့်အရေးမှာ လုချွမ်းကို ဘယ်သူမှ ယှဉ်နိုင်မည်မဟုတ်ပေ။

အခန်း။ ၅၀၆

နောက်တန်းမှာ ရှိနေသည့် ကျိရုရွှယ်က စစ်တပ်၏ အရှိန်ပြောင်းလဲသွားတာကို သိသိသာသာ ခံစားမိလိုက်တာကြောင့် ဖခင်ဖြစ်သူကို လှမ်းကြည့်ပြီး အကြောင်းရင်းကို မေးလိုက်သည်။

"ဟားဟား... ချီချီလေး ရှေ့က ပိုင်ရွှယ်အခြေစိုက်စခန်းမှာ တစ်ပါးကမ္ဘာသားတွေ ကျူးကျော်နေတယ်လေ။ ဖေဖေ သမီးအတွက် နတ်ဆိုးအမြုတေဆေးလုံးတွေ သွားရှာပေးမလို့ပေါ့"

လုချွမ်းက စိတ်ကြည်လင်စွာဖြင့် ပြုံးရွှင်စွာ ပြောလိုက်သည်။

"နောက်ထပ် တစ်ပါးကမ္ဘာသား ကျူးကျော်မှုလား"

ကျိရုရွှယ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ တစ်ပါးကမ္ဘာသား ကျူးကျော်မှုကို ရှင်းလင်းပြီးကာစရှိသေး ယခု တစ်ခေါက် ထပ်မံကြုံတွေ့ရပြန်သည်။ သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက်တွင်မူ ကျိရုရွှယ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

တစ်ပါးကမ္ဘာသား ကျူးကျော်မှုဆိုတာ ကောင်းတဲ့အချက်ပဲ။ မကြာခင်မှာ ငါ့အတွက် နတ်ဆိုးအမြုတေဆေးလုံး နောက်ထပ်တစ်သုတ် ရတော့မှာပေါ့။

"ဒါနဲ့ ဖေဖေ... အခုကျူးကျော်လာတဲ့ တစ်ပါးကမ္ဘာသားတွေက ဘယ်လိုပုံစံမျိုးလဲ"

သတိပြန်ဝင်လာပြီးနောက် ကျိရုရွှယ်က မေးလိုက်သည်။

"သူတို့က တစ်ပါးကမ္ဘာသတ္တဝါတွေပဲ။ ရုပ်ဆိုးအကျည်းတန်တဲ့ သွေးရောင်ပိုးမွှားတစ်မျိုးကနေ အုပ်စုကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားတာ။ သူတို့က သွေးဆာလွန်းပုံရပြီး ပါးစပ်ပုံစံတွေကလည်း ထူးထူးခြားခြား ကြောက်စရာကောင်းတယ်။ လူသားတွေကို မကြောက်မရွံ့ တိုက်ခိုက်ပြီး တရစပ် ကိုက်ခဲနေကြတာ။ ခဏလေးအတွင်းမှာတင် လူတစ်ယောက်ကို သွေးအိုင်ထဲရောက်အောင် ကိုက်ဖြတ်ပစ်နိုင်ပြီး အရိုးဖြူဖြူတွေ ထွက်လာတဲ့အထိ လုပ်နိုင်စွမ်းရှိကြတယ်။ ဒီသွေးရောင်ပိုးမွှား အများစုက လူ့ဦးခေါင်းလောက် အရွယ်အစားရှိပြီး အင်အားကြီးတဲ့ အချို့ကောင်တွေဆိုရင် ရေကန်ကြီးတစ်ကန်စာလောက်တောင် ကြီးကြတယ်။ သူတို့ကတော့ ပိုးမွှားအုပ်ကြီးရဲ့ အလယ်ဗဟိုမှာ ပုန်းနေကြတာ"

လုချွမ်းက ရှင်းပြလိုက်သည်။

ပြောရမည်ဆိုလျှင် ဤပိုးမွှားအုပ်ကြီးမှာ လူသားတို့၏ သေနတ်၊ ကျည်ဆန်များကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်းရှိပြီး လုချွမ်းကဲ့သို့ အရေအတွက်သုံးဗျူဟာကို အသုံးပြုနိုင်သည့် ဇွန်ဘီဘုရင်မျိုးကသာ သူတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။

"ဒါဆိုရင်တော့ သူတို့က သွေးဆာနတ်ဆိုးပိုးမွှားတွေ ဖြစ်ရမယ်။ သူတို့က အသားနဲ့ သွေးတွေကို ဝါးမြိုတဲ့နေရာမှာ အရမ်းတော်ပြီး လုပ်ရပ်တွေကလည်း အလွန်ရက်စက်ကြတယ်။ အနားကို ကပ်မိတာနဲ့ ခဏလေးအတွင်းမှာတင် အရိုးပဲကျန်တော့တဲ့အထိ ဝါးမြိုခံရမှာပဲ။ ဒါပေမဲ့ သွေးဆာနတ်ဆိုးပိုးမွှားတွေရဲ့ အားနည်းချက်က သူတို့က မီးကို ကြောက်ကြတာပဲ။ ပြီးတော့ ပိုးမွှားအုပ်ကြီးထဲမှာ တစ်အုပ်စုလုံးကို အမိန့်ပေးနေတဲ့ ပိုးမွှားဘုရင်တစ်ကောင် ရှိနေလိမ့်မယ်။ အဲဒီပိုးမွှားဘုရင်ကိုသာ သတ်နိုင်ရင်တော့ တစ်အုပ်စုလုံး အလိုလို ပျက်ပြားသွားမှာပါ"

ဖခင်ဖြစ်သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျိရုရွှယ်သည် ထိုပိုးမွှားများ၏ ဇာစ်မြစ်ကို ချက်ချင်းပင် မှတ်မိသွားခဲ့တော့သည်။

"သွေးဆာနတ်ဆိုးပိုးမွှား မီးကိုကြောက်တယ် ပြီးတော့ ပိုးမွှားဘုရင်..."

ကျိရုရွှယ်၏ ရှင်းပြချက်ကို ကြားပြီးနောက် လုချွမ်းက ခေါင်းညိတ်လိုက်သည်။ မီးကိုကြောက်ခြင်းမှာ အလွန်ကောင်းသော အချက်ပင်။ အကြောင်းမှာ သူ၏ဘက်တွင် မီးလျှံဇွန်ဘီရုပ်သေးများ ရှိနေပြီး ၎င်းတို့မှာ အလွန်အသုံးဝင်လိမ့်မည် ဖြစ်သောကြောင့်ပင်။

ထိုပိုးမွှားဘုရင်နှင့် ပတ်သက်၍မူ လုချွမ်းက ခေတ္တမျှ စဉ်းစားပြီးနောက် ၎င်းကို အဓိကပစ်မှတ်အဖြစ် မသတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။ ဤသတ္တဝါမှာ ပိုးမွှားအုပ်ကြီးထဲတွင် ပုန်းကွယ်နေသဖြင့် ကိုင်တွယ်ရခက်ခဲလှသလို သူသည် ဤသွေးဆာနတ်ဆိုးပိုးမွှားများအတွင်းရှိ နတ်ဆိုးအမြုတေဆေးလုံးများကိုလည်း မျက်စိကျနေခြင်းကြောင့်ပင်။

အကယ်၍ သူသည် ပိုးမွှားဘုရင်ကို အရင်ဆုံး သတ်ဖြတ်လိုက်ပါက ကျန်ရှိသော ပိုးမွှားများမှာ အရပ်ရပ်သို့ ပျံ့လွင့်သွားကြမည်ဖြစ်ရာ သူတို့အားလုံးကို ဖမ်းဆီးရန် မဖြစ်နိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် ပိုင်ရွှယ်အခြေစိုက်စခန်း၏ နောက်တန်းစစ်စခန်းတစ်ခုအတွင်း၌ အဆင့်မြင့်အရာရှိကြီးများ စုဝေးနေကြသည်။ အခြေစိုက်စခန်း၏ တပ်မှူးကြီးမှာ ယခုအချိန်တွင် အလွန်တရာ တည်ကြည်လေးနက်သော မျက်နှာထား ဖြစ်နေတော့သည်။

"အခုဖြစ်နေတဲ့ တိုက်ခိုက်မှု အရှိန်အဟုန်အရဆိုရင် ငါတို့အခြေစိုက်စခန်းက ဘယ်လောက်

အထိ တောင့်ခံနိုင်ဦးမလဲ"

တပ်မှူးကြီးက သူ၏ဘေးရှိ အဆင့်မြင့်စစ်ဘက်အရာရှိကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။

"တပ်မှူးကြီး... အလွန်ဆုံး တစ်ရက်ပါပဲ။ အဲဒီထက်တောင် နည်းနိုင်ပါသေးတယ်"

တိုတောင်းလှသော အချိန်အတွင်း ဆုံးရှုံးမှုများကို တွေးမိကာ ထိုအရာရှိမှာ စိတ်မကောင်းဖြစ်လျက် လေးလေးနက်နက် ပြန်လည်ဖြေကြားလိုက်သည်။

"တစ်ရက်..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ရောက်ရှိနေသူအားလုံး၏ မျက်နှာများမှာ ပျက်သွားကြတော့သည်။ ယခင်က အားကောင်းမောင်းသန်ဟု ထင်ရသော အခြေစိုက်စခန်း၏ လက်နက်ကိုင်တပ်ဖွဲ့များမှာ ပိုးမွှားအုပ်ကြီး၏ တိုက်ခိုက်မှုအောက်တွင် ဤမျှအထိ အားနည်းနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

"ချောင်ယန်အခြေစိုက်စခန်းကို ဆက်သွယ်လိုက်။ ငါတို့တွေ ဇွန်ဘီဘုရင်ရဲ့ အကူအညီ လိုအပ်တယ်။ မြန်မြန်လုပ်ကြ"

တပ်မှူးကြီးသည် ခေတ္တမျှ တွေဝေသွားပြီးနောက် အမိန့်ပေးလိုက်သည်။ သူသည် ဇွန်ဘီဘုရင် ချီတက်နေသော လမ်းကြောင်းကို အကြမ်းဖျင်း သိထားပြီးဖြစ်သည်။ အခြေစိုက်စခန်း ရှင်သန်ရေးအတွက် အရေးကြီးသော အလှည့်အပြောင်းတွင် အခြားအရာများကို သူတို့ ဂရုမစိုက်နိုင်တော့ပေ။ ဂုဏ်သိက္ခာ သို့မဟုတ် အမြုတေများမှာ အခြေစိုက်စခန်း၏ လုံခြုံရေးလောက် အရေးမကြီးတော့ပေ။

"ဟုတ်ကဲ့ပါ"

...

ခရီးနှင်သည့် အရှိန်ကို မြှင့်တင်လိုက်သည်နှင့်အမျှ ဇွန်ဘီဒီရေလှိုင်းကြီးသည် ပိုင်ရွှယ်အခြေစိုက်စခန်းအနီးသို့ မကြာမီမှာပင် ဆိုက်ရောက်လာခဲ့သည်။

ဝုန်း...

ဇွန်ဘီဒီရေလှိုင်းကြီး ချီတက်လာမှုကြောင့် ထွက်ပေါ်လာသော ဧရာမအရှိန်အဝါနှင့် တုန်ခါသံများသည် သွေးဆာနတ်ဆိုးပိုးမွှားများ၏ အာရုံကို တိုက်ရိုက်ဆွဲဆောင်သွားခဲ့သည်။

ဘာပဲပြောပြော ဇွန်ဘီဆိုသည်မှာလည်း အသားနှင့် သွေးများဖြင့် ဖွဲ့စည်းထားခြင်းပင်။

ဤမျှအထိ များပြားလှသော ဇွန်ဘီများ စုဝေးနေခြင်းမှာ ပိုးမွှားများအတွက် အဆုံးမရှိသော အသားနားစာကြီးသဖွယ် ဖြစ်နေသဖြင့် ဆွဲဆောင်မှုမှာ အံ့မခန်းလှပေ။ ထို့ကြောင့် သွေးဆာနတ်ဆိုးပိုးမွှားအုပ်ကြီးမှာ ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။

ခုခံရေးစစ်ကြောင်းကို ချိုးဖျက်တော့မည့် သွေးဆာနတ်ဆိုးပိုးမွှားအုပ်ကြီးသည် ပိုင်ရွှယ်အခြေစိုက်စခန်းကို တိုက်ခိုက်နေခြင်းကို ချက်ချင်းစွန့်လွှတ်လိုက်ပြီး သွေးရောင်ဒီရေလှိုင်းကြီးတစ်ခုအလား နောက်သို့လှည့်ကာ ဇွန်ဘီဒီရေလှိုင်းကြီးဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

ဝီ... ဝီ... ဝီ...

ခဏချင်းအတွင်းမှာပင် အရပ်မျက်နှာအနှံ့မှ စူးရှသော တောင်ပံခတ်သံများ ကောင်းကင်ယံ၌ ပဲ့တင်ထပ်လာသည်။ သွေးဆာနတ်ဆိုးပိုးမွှားများသည် သူတို့၏ တောင်ပံများကို တုန်ခါစေလျက် ပါးစပ်များကို ဖြဲကာ ဇွန်ဘီဒီရေလှိုင်းကြီးထဲသို့ ငုပ်လျှိုး၍ ဆင်းလာကြတော့သည်။

နောက်ဘက် ကောင်းကင်ယံမှ ကြည့်နေသော လုချွမ်း၏ အကြည့်များမှာ အေးစက်တည်ငြိမ်

နေသည်။ သူသည် ပိုးမွှားအုပ်ကြီး ချဉ်းကပ်လာခြင်းကို တားဆီးခြင်းမပြုပေ။

"တကယ်လို့ ပိုးမွှားအုပ်ကြီးကသာ အနားကို စုမလာဘူးဆိုရင်၊ သူတို့အားလုံးကို အမြစ်ပြတ်အောင် ဘယ်လိုလုပ် ဖမ်းလို့ရမှာလဲ"

မကြာမီမှာပင် လုချွမ်း၏ တမင်သက်သက် လွှတ်ပေးထားမှုကြောင့် ပိုးမွှားအုပ်ကြီးမှာ ဇွန်ဘီဒီရေလှိုင်း၏ အထက်သို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင်...

ဘုန်း...

မီးလျှံဇွန်ဘီရုပ်သေးများနှင့် စွမ်းရည်အမျိုးမျိုးကို အသုံးပြုနိုင်သော အဆင့်မြင့်

ဇွန်ဘီရုပ်သေးများအားလုံး စတင်လှုပ်ရှားလိုက်ကြရာ၊ ပိုးမွှားအုပ်ကြီးအတွင်းသို့ တိုက်ခိုက်မှုများမှာ မျက်စိတစ်မှိတ်အတွင်း ပျံ့နှံ့သွားတော့သည်။

ချက်ချင်းပင် ထူထပ်လှသော ပိုးမွှားအုပ်ကြီးမှာ ကွက်လပ်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။ တစ်စက္ကန့်အတွင်းမှာပင် သွေးဆာနတ်ဆိုးပိုးမွှား သောင်းနှင့်ချီ၍ သေဆုံးသွားခဲ့ရသည်။ သို့သော် ဤကဲ့သို့ ဆုံးရှုံးမှုများက ရူးသွပ်နေသော ပိုးမွှားအုပ်ကြီးကို ဆုတ်ခွာသွားအောင် မလုပ်နိုင်ခဲ့ပေ။

ပိုးမွှားဘုရင်၏ အမိန့်ပေးမှုအောက်တွင် ပိုးမွှားအုပ်ကြီးမှာ သွေးရောင်ကော်ဇောကြီးတစ်ချပ်အလား ဇွန်ဘီဒီရေလှိုင်းကြီးဆီသို့ ဖိနှိပ်ဆင်းလာပြန်သည်။

ဝုန်း...

ခဏချင်းအတွင်းမှာပင် သွေးဆာနတ်ဆိုးပိုးမွှားများနှင့် ဇွန်ဘီရုပ်သေးများအကြား တိုက်ပွဲမှာ အရှိန်အဟုန်ဖြင့် စတင်တော့သည်။

သွေးဆာနတ်ဆိုးပိုးမွှား တစ်ကောင်ချင်းစီမှာ ဇွန်ဘီရုပ်သေးတစ်ကောင်ပေါ်သို့ ခုန်

အုပ်ကာ သူတို့၏ ပါးစပ်များဖြင့် ရူးသွပ်စွာ ကိုက်ခဲကြပြီး နာကျင်မှုကို မသိသော ဇွန်ဘီရုပ်သေးများကလည်း သူတို့၏ လက်သည်းများဖြင့် ပိုးမွှားများကို ဆွဲဖြဲပစ်ကြသည်။

နှစ်ဖက်စလုံး၏ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာခဲ့သော်လည်း အရေအတွက်ရော အင်အားပါ သာလွန်မှုမရှိသော ပိုးမွှားအုပ်ကြီးမှာ မကြာမီမှာပင် အရေးနိမ့်လာခဲ့ပြီး ပိုးမွှားများမှာ တရစပ် ဆွဲဖြဲသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

သွေးဆာနတ်ဆိုးပိုးမွှားတစ်ကောင်က ဇွန်ဘီတစ်ကောင်ကို ကိုက်ရန် နားလိုက်သည်နှင့် အခြားဇွန်ဘီရုပ်သေး အများအပြားက ဝိုင်းအုံလာပြီး အစွယ်များ၊ လက်သည်းများဖြင့် တိုက်ခိုက်ချေမှုန်းပစ်ကြသည်။

လုချွမ်း၏ အနီးတွင် ပျံသန်းနေသော ကျိရုရွှယ်သည် ရှေ့မှတိုက်ပွဲကို ကြည့်ကာ ပါဝင်တိုက်ခိုက်လိုစိတ်များ ပြင်းပြလာသဖြင့် သူမသည်လည်း တိုက်စစ်စစ်ကြောင်းအတွင်းသို့ ဝင်ရောက်လိုက်သည်။

ကျိရုရွှယ်၏ စကတ်နှင့် ဆံပင်ရှည်များမှာ လေမတိုက်ဘဲ လွင့်ပျံနေပြီး ပြင်းထန်လှသော စိတ်စွမ်းအင်များမှာ ကောင်းကင်မှ စီးဆင်းလာသော မြစ်ကြီးတစ်စင်းအလား ထွက်ပေါ်လာခဲ့သည်။

ကျိရုရွှယ်၏ ထိန်းချုပ်မှုအောက်တွင် မျက်မြင်မရသော စိတ်စွမ်းအင်များသည် စိတ်

စွမ်းအင်အပ် ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ဝဲပျံလျက် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေတော့သည်။

ရွှပ်... ရွှပ်... ရွှပ်...

နောက်တစ်ခဏတွင် စိတ်စွမ်းအင်အပ် တစ်ချောင်းချင်းစီမှာ သတ်ဖြတ်လိုသော အရှိန်အဟုန်

ဖြင့် လျင်မြန်စွာ ပျံထွက်သွားပြီး ဇွန်ဘီအုပ်ကြီးအတွင်းသို့ ရောနှောနေသော သွေးဆာနတ်ဆိုးပိုးမွှားများကို တိကျစွာ ပစ်ခတ်လိုက်တော့သည်။

ဒိုင်း... ဒိုင်း...

ချက်ချင်းပင် သွေးဆာနတ်ဆိုးပိုးမွှား သောင်းနှင့်ချီ၍ စိတ်စွမ်းအင်အပ်များ ထိမှန်ကာ ခန္ဓာကိုယ်များမှာ ပေါက်ကွဲသံများနှင့်အတူ ဇွန်ဘီများပေါ်သို့ အင်အားမဲ့စွာ ကျဆင်းကုန်ကြသည်။

ကျိရုရွှယ်၏ စိတ်စွမ်းအင်အပ်များမှာ ကုန်ဆုံးသွားခြင်းမရှိဘဲ တရစပ် ပစ်ခတ်လိုက်၊ ပြန်လည်စုစည်းလိုက်ဖြင့် သွေးဆာနတ်ဆိုးပိုးမွှားများကို အလျင်အမြန် သေဆုံးစေခဲ့သည်။

အချိန်ကုန်လွန်သွားသည်နှင့်အမျှ ဧရာမပိုးမွှားအုပ်ကြီးမှာ ဇွန်ဘီဒီရေလှိုင်း၏ သွေးသားစက်ဝိုင်းအတွင်း၌ တဖြည်းဖြည်း နည်းပါးသွားတော့သည်။

နောက်ဆုံးတွင် ထွက်ပြေးရန် ကြိုးစားနေသော သွေးဆာနတ်ဆိုးပိုးမွှားဘုရင်ပင်လျှင် ကျိရုရွှယ်၏ စိတ်စွမ်းအင်သေနတ်ဖြင့် အပစ်ခံလိုက်ရပြီး နွားပေါက်တစ်ကောင်ခန့်ရှိသော ၎င်း၏ခန္ဓာကိုယ်မှာ လေထဲတွင် တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။

တိုက်ပွဲပြီးဆုံးသွားသည်နှင့် လုချွမ်း၏ အမိန့်အရ ဇွန်ဘီဒီရေလှိုင်းမှာ တိုက်ပွဲမြေပြင်ကို စတင်ရှင်းလင်းတော့သည်။ တစ်ချိန်တည်းမှာပင် ပိုင်ရွှယ်အခြေစိုက်စခန်း၏ မြို့တံခါးကြီးမှာ ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

အမြုတေများနှင့် နတ်ဆိုးအမြုတေဆေးလုံးများ အပြည့်တင်ဆောင်ထားသော စစ်သုံးကုန်တင်ကား အများအပြားသည် အခြေစိုက်စခန်း အရာရှိကြီးများ၏ ကျေးဇူးတင်လွှာများနှင့်အတူ မြို့ပြင်သို့ မောင်းထွက်လာပြီး တိုက်ပွဲမြေပြင်ဆီသို့ ဖြည်းညှင်းစွာ ဦးတည်လာခဲ့သည်။

All Chapters