အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
အခန်း ၂၆၁- သတိကြီးလွန်းသော လုလင်းဟွာ။
လုပေါင်သည် ယခုအခါ ဝိုင်ချက်စက်ရုံရှိ သူ၏အခန်းသို့ ပြန်ရောက်နေပြီဖြစ်သည်။ ရှားရှားပါးပါး အားလပ်ချိန်ရသဖြင့် သူသည် ဖုန်းကို ပွတ်ကြည့်ရင်း နောက်တစ်ကြိမ် လိုက်ဖ်လွှင့် ရန်အတွက် မည်သည့်နေရာသို့ သွားရမည်ကို ရှာဖွေလေ့လာနေသည်။
"ဟင်..."
ကြည့်နေရင်းဖြင့် လုပေါင်သည် သူ၏ ဗီဒီယိုအကောင့်ရှိ မှတ်ချက်ကဏ္ဍတွင် ထူးထူးခြားခြား လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
"ရတနာနတ်ဘုရားက ဖျော်ဖြေရေးလောကထဲ ဝင်တော့မှာလား။ နောင်ကျရင် live တွေ ဆက်လွှင့်ဦးမှာလား။"
"မဖြစ်နိုင်တာ။ ရတနာနတ်ဘုရားရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီဖျော်ဖြေရေးလောက သေးသေးလေးထဲမှာ သူ အောင်းနေမှာ မဟုတ်ဘူး။"
"အတိအကျပဲ။ ရတနာနတ်ဘုရားက သွားကြည့်ရုံပဲ ဖြစ်မှာပါ။ live လွှင့်တာကိုတော့ သူ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။"
မှတ်ချက်ကဏ္ဍရှိ အငြင်းအခုန်များကို မြင်လိုက်ရသည့်အခါ လုပေါင် လုံးဝ ဇဝေဇဝါ ဖြစ်သွားတော့သည်။
ဒါဘာတွေလဲသူက ဘာလို့ ဘာအကြောင်းပြချက်မှ မရှိဘဲ ဖျော်ဖြေရေးလောကနဲ့ ပတ်သက်သွားရတာလဲ။
သူ ရှာဖွေကြည့်လိုက်သောအခါ အရည်အချင်းပြိုင်ပွဲ အဖွဲ့က သူ့ကို သဘက်ခါတွင် ကျင်းပမည့် ပြိုင်ပွဲ၌ အထူးဧည့်သည်တော် အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်ကို တွေ့လိုက်ရသည်။ သူ့ကို တစ်ချက်ကလေးတောင် အသိမပေးဘဲ ဒါမျိုးကို တင်ဝံ့ကြတယ်ပေါ့။
အဓိက အချက်က သူတို့ သူ့ကို ပိုက်ဆံလည်း မပေးရသေးဘူး။ ဒါက အရေးအကြီးဆုံး အချက်ပဲ။ ရတနာနတ်ဘုရားရဲ့ နာမည်ကို သုံးပြီး နာမည်ကြီးအောင် လုပ်နေပြီးတော့ ပိုက်ဆံလည်း မပေးဘူးဆိုတော့ ဒါက ဆဲခံချင်လို့ မဟုတ်ဘူးလား။
ချက်ချင်းပင် လုပေါင်သည် ဒါရိုက်တာ ဝမ်ဟောက်ကို ရှာပြီး သူတို့အဖွဲ့ကို သေသေချာချာ ဆုံးမပေးရန် ကြံရွယ်လိုက်သည်။ သို့သော် ထိုသို့တွေးနေစဉ်မှာပင် လုရှောင်မုန်းထံမှ ဖုန်းဝင်လာသည်။
"ဟဲလို ရှောင်မုန့်... နင့်တို့အစီအစဉ်က ဘာလို့ ငါ့ကို ဧည့်သည်အဖြစ် လာမယ်လို့ ရုတ်တရက်ကြီး ကြေညာလိုက်တာလဲ။ ဘာတွေ ဖြစ်နေတာလဲ။"
ဖုန်းကိုင်လိုက်သည်နှင့် လုပေါင်က အရင်ဆုံး မေးလိုက်သည်။
"ဟိဟိ... ငါ ဒါရိုက်တာကို ပြောလိုက်တာလေ။ အစ်ကိုလည်း ဧည့်သည်အဖြစ် လာပေးလိုက်ပါတော့။"
လုရှောင်မုန့်က တခိခိရယ်ရင်း စကားလမ်းကြောင်း လွှဲလိုက်ပြီးနောက် ချွဲနွဲ့သော လေသံဖြင့် ဆက်ပြောသည်။
"ဒါရိုက်တာက ပြောတယ် အစ်ကိုသာ ဧည့်သည်အဖြစ် လာပေးမယ်ဆိုရင် ငါ့ကို စင်ပေါ်တက်တဲ့အချိန်မှာ အလယ်ဗဟိုနေရာ ပေးမယ်တဲ့။ ကူညီပါနော်။"
"မဖြစ်နိုင်တာ။ ငါ ရိုက်ကူးရေးအဖွဲ့နဲ့ သေသေချာချာ ဆွေးနွေးရဦးမယ်။ နင့်အစ်ကိုရဲ့ လက်ရှိ ဂုဏ်သတင်းအရဆိုရင် ပွဲထွက်ခ က အရမ်းနည်းနေရင် ငါ မလုပ်နိုင်ဘူး။"
လုပေါင်က လုရှောင်မုန့်၏ စကားကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး အလေးအနက် ပြောလိုက်သည်။
သို့သော် သူ ထိုသို့ပြောလိုက်သည်နှင့် ဖုန်း၏ အခြားတစ်ဖက်မှ လုရှောင်မုန်း၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားသည်။
"တစ်စုံတစ်ယောက်က အခု ကျောင်းမှာ မရှိဘူးဆိုတာ ငါ အမှတ်မထင် သိထားတယ်နော်။ အစ်ကိုသာ သဘောမတူရင် ဖေဖေနဲ့ မေမေ့ကို သွားတိုင်လိုက်မှာ။"
"အဲလိုတော့ မလုပ်နဲ့လေ။"
လုပေါင်၏ နှုတ်ခမ်းများ တွန့်သွားကာ အားနာနာဖြင့် ပြုံးရင်း ပြောလိုက်သည်။
"ကောင်းပါပြီ... ငါ လာပါ့မယ် ဟုတ်ပြီလား သဘက်ခါ မဟုတ်လား။"
လုပေါင် လုံးဝ ရှုံးနိမ့်သွားပြီဖြစ်သည်။ သူမကတော့ တကယ့် ညီမအရင်းပါပဲ။ အကယ်၍ လုပေါင်၏ မိဘများသာ သူ ကျောင်းမှာ မရှိကြောင်း သိသွားလျှင် သူ့ကို ကျောင်းပြန်တက်ခိုင်းဖို့ ဘာမဆို လုပ်ကြမှာ သေချာသည်။ ထိုအချိန်ကျလျှင် လွတ်လပ်ခွင့် ပြန်ရဖို့မှာ လုပေါင်အတွက် တကယ့်ကို အလုပ်ရှုပ်စရာ ကိစ္စ ဖြစ်လာလိမ့်မည်။ သူသည် အခု အတော်လေး အရည်အချင်းရှိနေပြီ ဖြစ်သော်လည်း အခြေအနေက အလွန်အမင်း မလိုအပ်ဘဲ မိဘများနှင့်တော့ အဖုအထစ် မဖြစ်ချင်ပေ။
"ဟိဟိ... အဲဒါမှ ငါ့အစ်ကို။ ငါ ဒါရိုက်တာကို ချက်ချင်း သွားပြောလိုက်မယ်။ သဘက်ခါကျရင် တစ်ယောက်ယောက်က အစ်ကို့ကို လာခေါ်လိမ့်မယ်။"
လုပေါင် အလျှော့ပေးလိုက်သဖြင့် လုရှောင်မုန့်က အလွန်ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
ဖုန်းချပြီးနောက် လုပေါင် ကုတင်ပေါ်တွင် လှဲချလိုက်ပြီး အားနာနာဖြင့် ပြုံးမိသည်။ ရိုက်ကူးရေးအဖွဲ့နှင့် ပွဲထွက်ခကိစ္စကို သေသေချာချာ ဆွေးနွေးချင်ခဲ့သော်လည်း ယခုတော့ ထိုအခွင့်အရေး မရှိတော့ပုံရသည်။
"ထားလိုက်ပါတော့... ရှောင်မုန့်ရဲ့ အနုပညာလမ်းကြောင်းကို ကူညီပေးတယ်လို့ပဲ သဘောထားလိုက်မယ်..."
လုပေါင် ကုတင်ပေါ်တွင် အားကိုးရာမဲ့စွာ ထိုင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် လုပေါင်၏ ဖုန်းက ထပ်မံ မြည်လာပြန်သည်။ ဤတစ်ကြိမ် ဖုန်းဆက်သူမှာ လုလင်းဟွာ ဖြစ်သည်။
"ရတနာနတ်ဘုရား... ခင်ဗျား Variety Show ထဲ သွားဖို့ ဘယ်တုန်းက သဘောတူလိုက်တာလဲ။"
ဖုန်းကိုင်လိုက်သည်နှင့် အခြားတစ်ဖက်မှ လုလင်းဟွာက တိုးတိုးလေး မေးလိုက်သည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် သူတို့၏ Ocean Live Stream ၏ Streamer တစ်ဦးအနေဖြင့် လုပေါင်သည် မည်သည့် Variety Show ကိုမဆို မသွားမီ သူတို့ကို အသိပေးသင့်သည်။ သို့သော် လုပေါင်မှာ ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သူ အသိမပေးဘဲ သွားလျှင်ပင် လုလင်ဟွာက ဘာမှ မတတ်နိုင်ပေ။ သူ လုပ်နိုင်သည်မှာ အခုလို သတင်းကြားသည်နှင့် အတည်ပြုရန် ဖုန်းဆက်ရုံသာ ရှိသည်။
"အဲဒါက... အမှန်အတိုင်း ပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း အခုမှ သိတာပါ။ ဘာဖြစ်လို့လဲ။"
လုပေါင်လည်း အတော်လေး အားကိုးရာမဲ့စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားက ဖျော်ဖြေရေးလောကဘက်မှာ အသက်မွေးဝမ်းကျောင်း ပြုဖို့ စီစဉ်နေတာလားလို့ အတည်ပြုချင်ရုံပါ။"
ဖုန်း၏ အခြားတစ်ဖက်မှ လုလင်းဟွာက သတိကြီးစွာဖြင့် မေးလိုက်သည်။
လုပေါင် live လွှင့်ချိန်မှ စတင်ကာ ယခုအချိန်အထိ ocean live၏ ရှယ်ယာဈေးနှုန်းမှာ သုံးဆအထိ မြင့်တက်သွားခဲ့ပြီဖြစ်သည်။ ဆက်လက် တိုးတက်နေဆဲပင် ဖြစ်သည်။ လုပေါင်ကသာ live လွှင့်တာကို ရပ်ပစ်လိုက်မည်ဆိုလျှင် သူ သေချာပေါက် စိုးရိမ်မိမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လုပေါင်နှင့် ချုပ်ဆိုထားသော စာချုပ်တွင် မည်သည့် ကန့်သတ်ချက်မှ မရှိပေ။
"စိတ်မပူပါနဲ့ ကျွန်တော် live ဆက်လွှင့်မှာပါ။ ဒီတစ်ခါက ညီမလေးကို အားပေးဖို့ သွားတာပါ။ အများကြီး မတွေးပါနဲ့။"
လုလင်ဟွာ၏ သတိကြီးသော မေးခွန်းကို ကြားလိုက်ရသည့်အခါ လုပေါင် အနည်းငယ် သဘောကျသွားပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
လုပေါင်၏ အတည်ပြုချက်ကို ရရှိလိုက်သည့်အခါ ဖုန်းထဲမှတဆင့် လုလင်းဟွာ သက်ပြင်းချလိုက်သည့် အသံကိုပင် အတိုင်းသား ကြားလိုက်ရသည်။
"ကောင်းပါပြီဗျာ။ စိတ်ချပါ ရတနာနတ်ဘုရား ကျွန်တော့်ဘက်ကလည်း ခင်ဗျားညီမအတွက် အရှိန်အဝါ မြှင့်တင်ပေးပါ့မယ်။ သူမကို အနှိမ်ခံ လုံးဝ မဖြစ်စေရဘူး။"
လုလင်ဟွာက သူ၏ သစ္စာရှိမှုကို ပြသသည့်အနေဖြင့် ပြောလိုက်သည်။
ဖုန်းချပြီးနောက် လုပေါင် အားကိုးရာမဲ့စွာ ခေါင်းခါရင်း ကုတင်ပေါ်တွင် ပြန်လှဲလိုက်သည်။ အပြင်ဘက်တွင် မှောင်နေပြီဖြစ်ကာ လုပေါင်တွင် တခြားလုပ်စရာ မရှိတော့သဖြင့် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ သူ၏ ချီလမ်းညွှန်မှု ပညာကို တိတ်တဆိတ် လည်ပတ်စေပြီး သူ၏ စစ်မှန်သော ချီ များကို ဆက်လက် စီစဉ်နေတော့သည်။
နောက်အခန်းရှိ အစီအစဉ် ရိုက်ကူးရေး နေရာတွင်။
နေ့စဉ် လေ့ကျင့်ခန်းများ ပြီးဆုံးသွားပြီဖြစ်ရာ လုရှောင်မုန့်သည် လုမင်ယောင်နှင့်အတူ သူတို့၏ အခန်းများဆီသို့ လျှောက်သွားကြသည်။
"မင်းတို့ နှစ်ယောက်က အနားယူဖို့ ပြန်တော့မလို့လား။"
ထိုအချိန်တွင် အနီးအနားမှ နားဝင်မချိုသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံကို ကြားသဖြင့် လုရှောင်မုန့် မော့ကြည့်လိုက်ရာ ရှေ့နားတွင် လူ ၆ ယောက် ၇ ယောက်ခန့် စုဝေးနေသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ လုံရှဆိုသူ ဖြစ်ပြီး ထိုအသံမှာ သူမထံမှ ထွက်လာခြင်း ဖြစ်သည်။ သူမသည် နာမည်ကြီး အဆိုတော်တစ်ဦး၏ ညီမဖြစ်သဖြင့် အစီအစဉ်တွင် အထူး ဂရုစိုက်ခံရပြီး ပြသချိန်လည်း အများကြီး ရရှိထားသည်။ သို့သော် ကင်မရာရှေ့တွင်မူ သူမသည် လိမ္မာယဉ်ကျေးသော ပုံစံမျိုးကို ထိန်းသိမ်းထားလေ့ရှိသည်။
တကယ်တမ်းတွင်မူ သူမသည် လူမိုက်ဆန်သော စတိုင်မျိုး ရှိသည်။ သူမ ဘေးပတ်လည်ရှိ လူများသည်လည်း အနုပညာလေ့ကျင့်သူများ ဖြစ်ကြသော်လည်း သူမ၏ အခွင့်အရေးများကို လိုချင်သဖြင့် ကပ်ဖားနေကြသော လက်ပါးစေများဟု ခေါ်လျှင်ပင် မမှားပေ။လုရှောင်မုန့်နှင့် လုမင်ယောင် ကဲ့သို့သော နာမည်မရှိသူများမှာ မူလက သူမ၏ အကြည့်ထဲတွင်ပင် မရှိခဲ့ပေ။
သို့သော်လည်း သူတို့သည် လုပေါင်၏ လမ်းညွှန်မှုကို ရရှိပြီးကတည်းက သိသိသာသာ တိုးတက်လာခဲ့ရာ လုံရှအတွက် မျက်စိစပါးမွှေး စရာ ဖြစ်လာခဲ့သည်။ သူမသည် အခွင့်အရေးရတိုင်း သူတို့ကို လှောင်ပြောင်ခြင်း ကဲ့ရဲ့ခြင်း များ ပြုလုပ်လေ့ရှိသည်။
"နားဖို့ကလွဲလို့ ငါတို့ တခြား ဘာလုပ်စရာ ရှိသေးလို့လဲ။"
လုရှောင်မုန့်က သူမကို တစ်ချက် ကြည့်လိုက်ပြီး ဂရုမစိုက်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် လုံရှက လက်ညှိုးမြှောက်ကာ မလှမ်းမကမ်းရှိ ဗီလာအခန်းတစ်ခုကို ညွှန်ပြရင်း ပြုံးလျက် ပြောလိုက်သည်။
"မင်းတို့ အဲဒီကိုသွားပြီး လေ့ကျင့်သင့်တယ်နော်။"
သူမ စကားအဆုံးတွင် ဘေးမှလူများက ဝိုင်းဝန်း ထောက်ခံကာ ရယ်မောကြသည်။
ထိုဗီလာအခန်းထဲတွင် ရှိနေသူများမှာ ပြိုင်ပွဲမှ ထွက်ခွာရတော့မည့် အဖွဲ့ဝင်များ ဖြစ်ကြပြီး သူတို့သည် အဲဒီထဲမှာ ငိုနည်းတွေကို လေ့ကျင့်နေကြခြင်း ဖြစ်သည်။ သဘောဘက်ခါတွင် ကျင်းပမည့် လိုက်ဖ်ပြိုင်ပွဲမှာလည်း လူထုတ်ပွဲတစ်ခု ဖြစ်သည်။ သူတို့က ဘယ်လောက် ပိုသနားစရာကောင်းအောင် ငိုပြနိုင်မလဲဆိုတာပေါ် မူတည်ပြီး ပြိုင်ပွဲက ထွက်သွားရရင်တောင် ပရိသတ် ပိုရနိုင်သည် မဟုတ်ပါလား။
လုံရှ၏ ဆိုလိုရင်းမှာ သူတို့နှစ်ယောက်မှာ မကြာမီ ထွက်ခွာရတော့မည်ဟု လှောင်ပြောင်လိုက်ခြင်းပင်။
"နင်..."
လုမင်ယောင် မျက်လုံးပြူးသွားပြီး ပြန်ပြောရန် ပြင်လိုက်သည်။ သို့သော် လုရှောင်မုန့်က လက်လှမ်းတားလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"သူ့ကို ဂရုမစိုက်နဲ့။ အဲဒီအချိန်ကျရင် ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။"
အခန်း ၂၆၂- မပြောမဆိုဘဲ လိုက်နာရတဲ့ စည်းမျဉ်းတွေလား။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။ နဂါးဧရာကျွန်း ပေါ်ရှိ စပျစ်သီးများမှာ အလွန်မြန်မြန် ကြီးထွားနေသော်လည်း အကောင်းဆုံး အခြေအနေသို့ ရောက်ရှိရန် အနည်းဆုံး နှစ်ရက် သုံးရက်ခန့် လိုအပ်သေးသည်။ ထို့ကြောင့် လုပေါင်သည် မလောတော့ဘဲ ကုတင်ပေါ်တွင်သာ ဆက်လက်လဲလျောင်းရင်း ချီလမ်းညွှန်မှု ပညာ ကို ဆက်လက် ကျင့်ကြံနေလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော ချီ များမှာ အဆက်မပြတ် ငြိမ်သက်သွားသည်နှင့်အမျှ လုပေါင်သည် မိမိကိုယ်ကို ပို၍ပို၍ သန်မာလာသည်ဟု ရှင်းရှင်းလင်းလင်း ခံစားလာရသည်။ ဤခံစားချက်မှာ တကယ်ပင် စွဲမက်စရာ ကောင်းလှရာ အဆင့်မြင့် ပညာရှင်ကြီး များသည် အဘယ်ကြောင့် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကျင့်ကြံ နိုင်ကြသည်ကို သူ နောက်ဆုံးတွင် နားလည်သွားတော့သည်။
သို့သော် လုပေါင် မသိသည်မှာ အခြားသူများ ကျင့်ကြံသည့်အခါ အနည်းငယ်မျှ တိုးတက်ရန်အတွက်ပင် အချိန်အကြာကြီး ယူရခြင်းဖြစ်သည်။ သူကဲ့သို့ လူမျိုးမှာတော့ သေချာပေါက်ပင် မကြုံစဖူး ထူးခြားသူဟု ဆိုရပေမည်။
လုပေါင်၏ အခြေအနေနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ အနီးနားရှိ အမှတ်၂မြေကွက်ပင် ဖြစ်သည်။ အကြောင်းမှာ မနက်ဖြန်တွင် ပြိုင်ပွဲကွင်း၌ လူကိုယ်တိုင် လာကြည့်ရမည့် ဖျော်ဖြေပွဲ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယနေ့သည် မူလက အနားယူရမည့်နေ့ ဖြစ်သော်လည်း လူတိုင်းမှာ လေ့ကျင့်ရေးကွင်းသို့ စောစောစီးစီး ရောက်ရှိလာပြီး လေ့ကျင့်မှုများ စတင်နေကြပြီဖြစ်သည်။
“ဘာလုပ်တာလဲ။”
ထိုအချိန်တွင် ငြိမ်သက်နေသော လေ့ကျင့်ရေးကွင်းအတွင်း၌ ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အော်လိုက်သူမှာ လုရှောင်မုန့်ဖြစ်သည်။ သူမ၏ မူလနေရာမှာ စင်၏ အစွန်းဘက်တွင် ဖြစ်သည်။ သူမ၏ မနေ့က သဘောထားကြောင့် လုံရှ စိတ်ဆိုးသွားပုံရပြီး သူမဘေးက လက်ပါးစေမလေးမှာ သူမကို တမင်သက်သက် ထပ်ခါတလဲလဲ တွန်းနေခြင်းဖြစ်သည်။ ခုနကဆိုလျှင် သူမ စင်ပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
“အို... မင်း ဘာဖြစ်နေတာလဲ။သေသေချာချာ မလေ့ကျင့်နိုင်ဘူးလား။မိန်းကလေး တစ်ယောက်လိုမျိုး နွဲ့ဆိုး ဆိုးမနေနဲ့လေ။”
ထိုအချိန်တွင် လူတိုင်း ရပ်သွားကြသည်။ အလယ်ဗဟို တွင် ရှိနေသော လုံရှ ကလည်း မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။ သူမ စကားပြောနေစဉ်မှာပင် လုရှောင်မုန်း ဘေးက မိန်းကလေးကို ကောင်းတယ် ဟု ပြောသည့်အလား မျက်စိတစ်ချက် မှိတ်ပြလိုက်သေးသည်။
“နင် တကယ်ကို...”
လုရှောင်မုန်း မျက်လုံးပြူးသွားပြီး ဆဲဆိုတော့မည့် အချိန်မှာပင် ဒါရိုက်တာသည် ဆရာ တစ်စုနှင့်အတူ ဝင်လာသည်ကို မြင်လိုက်ရသည်။
“လူစုံပြီဆိုတော့ အတော်ပဲ။ ငါတို့ရဲ့ လေ့ကျင့်ရေးမှာ အပြောင်းအလဲ အချို့ ရှိလိမ့်မယ်။”
ဝင်လာသည်နှင့် ဒါရိုက်တာက ကျယ်လောင်စွာ ပြောလိုက်သည်။
အခွင့်အရေးယူပြီး လုရှောင်မုန့်ကို လှောင်ပြောင်ရန်နှင့် သူမ၏ စိတ်ဓာတ်ကို နှောင့်ယှက်ကာ ဆက်လက် အမှားမှားအယွင်းယွင်း ဖြစ်အောင် လုပ်ရန် ကြံရွယ်ထားသော လုံရှသည် နှုတ်ခမ်းကို တွန့်လိုက်ပြီးမှ လိမ္မာယဉ်ကျေးသော အပြုံးတစ်ခုကို အမြန် လုပ်ယူလိုက်သည်။
“လုံရှ... မင်း လုရှောင်မုန့်နဲ့ နေရာချင်းလဲလိုက်။ ပြီးတော့ ဘေးကလူတွေလည်း လုမင်ယောင်တို့နဲ့ နေရာချင်း လဲလိုက်ကြ။”
ထိုအချိန်တွင် ဒါရိုက်တာက လက်ညှိုးမြှောက်ကာ လုံရှကို ညွှန်ပြပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ဟင်”
ဒါရိုက်တာ၏ အမိန့်ထွက်လာသည်နှင့် ကွင်းတစ်ခုလုံးတွင် အံ့သြတုန်လှုပ်သံများ ပွက်လောရိုက်သွားတော့သည်။ ဆရာများထဲမှ နှစ်ဦးမှာ လုံရှ၏ အစ်မနှင့် သူငယ်ချင်းများ ဖြစ်ကြသဖြင့် သူတို့ ချက်ချင်း မျက်မှောင်ကြုတ်သွားကြသည်။။
“ဒါရိုက်တာ ဝမ်... လုရှောင်မုန့်ရဲ့ စွမ်းဆောင်ရည်က သင့်တင့်တယ်ဆိုပေမဲ့ C-position အတွက်ဆိုရင်တော့ သူမရဲ့ အရည်အချင်းက မလုံလောက်သေးဘူး မဟုတ်လား။”
“ဟုတ်ပါတယ် ကျွန်မထင်တာတော့ လုံရှက အတော်လေး လုပ်နိုင်ပါတယ်။ လုရှောင်မုန့်ကို သူမဘေးနားကိုပဲ ရွှေ့လိုက်ရင် မကောင်းဘူးလား။”
သူတို့နှစ်ဦးသည် အခြေအနေကို ပြန်လည် ထိန်းညှိရန်အတွက် တစ်ယောက်တစ်လှည့် ဝိုင်းပြောကြသည်။
သို့သော် ဒါရိုက်တာက တည်ငြိမ်စွာ ခေါင်းခါလိုက်ပြီး။
“ရပါတယ်။ ငါပြောတဲ့အတိုင်းပဲ စီစဉ်လိုက်ပါ။”
တစ်ညလုံး သတင်းတွေ ပျံ့နှံ့နေခဲ့သလို ocean Live stream ဘက်ကလည်း လုပေါင်ကို မျက်နှာသာပေးသည့်အနေဖြင့် သတင်းကို အတည်ပြုပေးခဲ့သည်။ ထို့ကြောင့် လူကြိုက်များမှု မှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။အခြားမဟုတ်လျှင်တောင် လူပြောအများဆုံး အကြောင်းအရာများ၏ အရှိန်အဝါမှာ ဒါရိုက်တာ တစ်သက်တွင် တစ်ခါမျှ မမြင်ဖူးသော အဆင့်သို့ ရောက်ရှိနေသည်။ပိုက်ဆံပေးခိုင်းထားသော အကောင့်တုများများကို ငှားရမ်းလျှင်ပင် ဤမျှအထိ ပြင်းထန်လိမ့်မည်မဟုတ်ကြောင်း သူ သေချာပေါက် သိနေသည်။
ထို့အပြင် သူတို့ပြိုင်ပွဲ၏ လက်မှတ်များမှာ မူလက အစွန်းဘက်နေရာအတွက် တစ်စောင်လျှင် နှစ်ရာခန့်သာ ရှိသော်လည်း အခုတော့ လက်မှတ်မှောင်ခိုသမားများက သုံးထောင်အထိ ဈေးတင်နေကြပြီး အတွင်းဘက်နေရာများဆိုလျှင် တစ်စောင်ကို တစ်သောင်းအထိ အဆမတန် မြင့်တက်နေသည်။ ထိုသို့ ဈေးကြီးနေသော်လည်း လက်မှတ်များမှာ လိုသလောက်မရဘဲ ထွက်လာသမျှ လက်မှတ်များကို ချက်ချင်း ဝယ်ယူနေကြသည်။
သူတို့ဘက်က ဤမှောင်ခိုလက်မှတ်များမှ အကျိုးအမြတ် မရနိုင်သော်လည်း ဤအရာက သက်သေပြနေသည်မှာ လုပေါင်၏ ပရိသတ်များ၏ သစ္စာရှိမှုနှင့် ဝယ်ယူနိုင်စွမ်းပင် ဖြစ်သည်။ ဖျော်ဖြေရေးလောကတွင် သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ လုပေါင်သည် သေချာပေါက်ပင် ထိပ်တန်းထက် ထိပ်တန်းကျသော အဆင့်တွင် ရှိနေသည်။
ယခုကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ ညီမမှာ သူ၏ အစီအစဉ်တွင် ရှိနေသဖြင့် သူ အမြန် ဖားရမည် မဟုတ်ပါလား။ ထို့ကြောင့် လုံရှ မပြောနှင့် လုံရှ၏ အစ်မကိုယ်တိုင် လာလျှင်ပင် ဒါရိုက်တာက သူမကို လုရှောင်မုန့်၏ ဘေးသို့သာ ပို့ပေလိမ့်မည်။
အဆုံးစွန်တွင် ဒါရိုက်တာမှာ ဒါရိုက်တာပင်။ သူက ဆုံးဖြတ်ချက်ကို မပြောင်းလဲသရွေ့ ထိုဆရာနှစ်ဦးမှာလည်း ဘာမှ မတတ်နိုင်ပေ။ ရလဒ်အနေဖြင့် လုံရှသည် မျက်နှာပျက်ပျက်နှင့် လုံးဝ မကျေမနပ်ဖြစ်ကာ လုရှောင်မုန့်နှင့် နေရာလဲပေးလိုက်ရတော့သည်။
C-position မှ အစွန်းဘက်သို့ ရောက်သွားရသော ကွာဟချက်မှာ ကြီးမားလွန်းလှသဖြင့် သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲလာတော့သည်။ တစ်ဖွဲ့လုံး စတင်လေ့ကျင့်သည့် အချိန်တွင်ပင် သူမသည် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။
“အို... မင်း ဘာဖြစ်နေတာလဲ။သေသေချာချာ မလေ့ကျင့်နိုင်ဘူးလား။မိန်းကလေး တစ်ယောက်လိုမျိုး ငိုမနေနဲ့လေ။”
ထိုအချိန်တွင် လုရှောင်မုန့်က ခုနက တစ်ဖက်လူ သူမကို လှောင်ပြောင်ခဲ့သော စကားလုံးများအတိုင်း အတိအကျ ပြန်ပြောလိုက်သည်။
“နင်... ဟင်း”
လုံရှ၏ မျက်နှာ ပျက်သွားပြီး လုရှောင်မုန့်ကို စိုက်ကြည့်ကာ ရုတ်တရက် လှည့်ထွက်သွားပြီး လေ့ကျင့်ရေးကို ဂရုမစိုက်တော့ဘဲ ပြေးထွက်သွားတော့သည်။
“ရပါတယ် အားလုံး ဆက်ပြီး လေ့ကျင့်ကြပါ။ သူမရဲ့ စိတ်ဓာတ်ကို ငါ နားလည်ပေးနိုင်ပါတယ်။”
ဒါရိုက်တာက စင်အောက်တွင် ထိုင်ကာ တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဤစကားကို ကြားသောအခါ မည်သူမျှ ဘာမှမပြောဝံ့တော့ဘဲ တိတ်တဆိတ်သာ ဆက်လက် လေ့ကျင့်နေကြတော့သည်။ သို့သော် ယခင်က လုရှောင်မုန့်ကို ပစ်မှတ်ထားခဲ့သော အနုပညာလေ့ကျင့်သူများမှာမူ အလယ်ဗဟိုရှိ လုရှောင်မုန်းကို မနာလိုဝန်တိုစိတ်နှင့် မုန်းတီးစိတ်များဖြင့် ကြည့်နေကြသည်။
ဘာပဲဖြစ်ဖြစ် ဤအနုပညာလေ့ကျင့်သူများအတွက် ဤအရာမှာ ပထမဆုံး live ဖျော်ဖြေပွဲ ဖြစ်သဖြင့် လေ့ကျင့်မှုကို မရပ်နားဝံ့ကြပေ။ မနက်မှ နေဝင်ချိန်အထိ လေ့ကျင့်ပြီးမှသာ လူတိုင်း အနားယူကာ ထမင်းစားကြတော့သည်။ လုံရှသည်လည်း လမ်းတစ်ဝက်တွင် ပြန်ရောက်လာသော်လည်း ဤတစ်ကြိမ်တွင် သူမ၏ မျက်နှာပေါ်၌ ဝမ်းနည်းရိပ်များ ပျောက်ကွယ်နေပြီး အတော်လေး ပျော်ရွှင်နေပုံရသည်။
“ရှောင်မုန့်လေး... မြန်မြန် Weibo ကို ကြည့်လိုက်ဦး။”
ထိုအချိန်တွင် လုရှောင်မုန်း ထမင်းစားနေစဉ် လုမင်ယောင်က သူမ၏ ဖုန်းကို ကိုင်ဆောင်ကာ ပြေးလာသည်။
“ဟင် Weibo မှာ ဘာဖြစ်လို့လဲ။”
လုရှောင်မုန့်ဇဝေဇဝါဖြင့် မျက်တောင်ခတ်ကာ ဖုန်းကို ဖွင့်ကြည့်လိုက်သည်။ ချက်ချင်းပင် သူမ၏ မျက်မှောင်များ ကြုံ့သွားတော့သည်။
သူမ၏ ကိုယ်ပိုင် Weibo အောက်တွင် မူလက အေးချမ်းနေသော မှတ်ချက်ကဏ္ဍမှာ ယခုအခါ ဆဲဆိုသံများနှင့် အမျိုးမျိုးသော စော်ကားမှုများဖြင့် ပြည့်နှက်နေသည်။ Trending Search စာရင်းတွင်လည်း သတင်းအသစ်တစ်ခု ပေါ်လာသည်။
“အနုပညာလေ့ကျင့်သူ လုရှောင်မုန့်သည် C-position ရရှိရန်အတွက် ဒါရိုက်တာနှင့် မပြောမဆိုဘဲ လိုက်နာရသည့် စည်းမျဉ်းဆိုးများရှိနေသည်ဟု သံသယရှိ။”
ဤသတင်း၏ အောက်တွင် အကောင့်များစွာက လုရှောင်မုန့်ကို ရူးသွပ်စွာ ဆဲဆိုနေကြသည်။ လုရှောင်မုန်းသည် လုံရှ၏ Weibo ကို အမြန် နှိပ်ကြည့်လိုက်သည်။ Weibo ပေါ်ရှိ နောက်ဆုံးတင်ထားသော ပိုစ့်မှာ လုံရှ ငိုထားသဖြင့် မျက်လုံးများ နီရဲနေသော ပုံစံဖြင့် ရိုက်ထားသည့် Selfie တစ်ပုံဖြစ်ပြီး စာသားမှာ
‘ကျွန်မဘာမှ မမှားခဲ့ပါဘူး ဘာလို့ ကျွန်မရဲ့ နေရာက အစားထိုးခံလိုက်ရတာလဲ။’
“ဒါ နင့်အပြစ်မဟုတ်ဘူး အဲဒီ ညစ်ပတ်တဲ့ ကောင်မလေးရဲ့ အပြစ်ပါ။”
“ဟုတ်တယ် ငါတို့က စင်ကြယ်ပြီး မြင့်မြတ်နေသရွေ့ သူတို့ အဲဒီလို ခိုးကြောင်ခိုးဝှက် အလုပ်တွေ လုပ်ချင်ရင် လုပ်ပါစေ ငါတို့ကတော့ ငါတို့ပဲ။”
“မှန်တယ် ရှောင်ရှလေး အမြင့်ပျံနိုင်ပါစေ ငါတို့ တစ်သက်လုံး ဝန်းရံသွားမယ်။”
အောက်တွင်လည်း လုံရှ၏ ပရိသတ်များက သူမကို ဝိုင်းဝန်း နှစ်သိမ့်ပေးနေကြသည်။ ထိုသို့ နှစ်သိမ့်ပေးရင်းနှင့်ပင် လုရှောင်မုန့်ကို အခွင့်အရေးယူကာ ဆဲဆိုနေကြခြင်း ဖြစ်သည်။
“လုံရှ”
လုရှောင်မုန်း သွားကြိတ်ကာ တိုးတိုးလေး ခေါ်လိုက်သည်။ တွေးနေစရာပင် မလိုပါ။ဤ Trending Search မှာ လုံရှ စီစဉ်ထားခြင်း ဖြစ်ရမည်။ သူမ ပြန်လာတဲ့အချိန်မှာ ဘာလို့ အဲဒီလောက် ပျော်နေလဲဆိုတာ အခုမှ သိတော့တယ်။