← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း ၂၅ “နက္ခတ်ဗေဒင်အပြောင်းအလဲနှင့် မူလခန္ဓာပိုင်ရှင်၏ နောက်ဆုံးဆန္ဒ”

အရှင်မြတ်တို့ သီတင်းသုံးရာ ကမ်းပါးယံတွင် ပန်းကြွေများဖြင့် ဝေဆာနေသည်။

တောင်စောင်းရှိ တောပန်းများမှာ တစ်ညအတွင်း အများစု ကြွေလွင့်သွားပြီး စိမ်းလန်းသော သစ်ကိုင်းနှင့် သစ်ရွက်များသာ ကျန်ရစ်တော့သည်။ စမ်းချောင်းထဲသို့ ပန်းပွင့်ဖတ်ကလေးများ တစ်ချက်တစ်ချက် လွင့်စဉ်ကျလာပြီး တောင်လေနှင့်အတူ ပန်းရနံ့များ ပျံ့လွင့်နေသည်။

ဖန်းချန်သည် ရေအိုးကိုချကာ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် ကျေနပ်မိသွားသည်။

ရုတ်တရက် စိတ်ကူးရသည်နှင့် သူသည် အနီးအနားမှ ပြားချပ်၍ မြင့်မားသော ကျောက်ပြာတစ်ချပ်ကို ရှာဖွေကာ စမ်းချောင်းဘေးတွင် ခိုင်ခံ့အောင် စိုက်ထူလိုက်သည်။

ကျောက်တုံးစိုက်ထားသည့် နေရာကို ပြန်ကြည့်ကာ သဘောကျသွားပြီးနောက် လက်ချောင်းများကို ဓားကဲ့သို့ အသုံးပြု၍ ထိုကျောက်တုံးပေါ်တွင် စာရေးလိုက်သည်။

လက်ချောင်းနှစ်ချောင်းတည်းဖြင့် ရေးနေခြင်း ဖြစ်သော်လည်း စုတ်တံဖြင့် ရေးနေသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။ ခဏအတွင်းမှာပင် ကျောက်မှုန်များ လွင့်စင်သွားပြီး ကျောက်မျက်နှာပြင်ပေါ်တွင် “ဟွမ်ဟွာရှီး” ဟူသော စာလုံးသုံးလုံးမှာ သံမဏိပေါ်တွင် ရေးထွင်းထားသကဲ့သို့ ထင်ရှားစွာ ပေါ်ထွက်လာသည်။

“ဒီနေ့ကစပြီး မင်းမှာ နာမည်ရှိသွားပြီ၊ ပန်းကြွေစမ်းချောင်း ပေါ့” ဟု ဖန်းချန်က စမ်းချောင်းကို ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။

စမ်းရေစီးသံနှင့် သာယာသော တောင်လေညင်းမှာ သူ့ကို ပြန်လည် ထူးထူးခြားခြား တုံ့ပြန်နေသယောင် ရှိသည်။

သူသည် ဝါးပြွန်ထဲသို့ ရေဖြည့်ကာ ပိတ်ဆို့လိုက်ပြီးနောက် ရေအိုးထဲသို့လည်း ရေများ ခပ်ထည့်လိုက်သည်။ အိမ်သို့ ပြန်လာရင်း ရေခပ်ရသည့် ယခုနည်းလမ်းမှာ အချိန်ကုန်လွန်းသည်ဟု သူ တွေးနေမိသည်။

နောင်တွင် ရေကန်တစ်ခု ပြုလုပ်ကာ သောက်ရေသိုလှောင်ရန် ရေပုံးအချို့ ပြုလုပ်ဖို့ စဉ်းစားရမည်။ ၎င်းအတွက် မီးဖိုကြီးတစ်ခု လိုအပ်သော်လည်း ယခုလောလောဆယ်တွင် အခြေအနေ မပေးသေးပေ။

အခြားနည်းလမ်းတစ်ခုမှာမူ ဤဟွမ်ဟွာစမ်းချောင်းမှ ရေကြောခွဲတစ်ခုကို သူ၏ ဝါးတဲအနီးသို့ ရောက်အောင် ဖောက်လုပ်ရန်ဖြစ်သည်။ ၎င်းမှာ ရေရရှိရန် လွယ်ကူစေသည့်အပြင် ပတ်ဝန်းကျင် ရှုခင်းကိုလည်း ပိုမိုလှပစေမည်။ ထိရောက်သော ကိရိယာ မရှိသော်လည်း ကျောက်ပြားများကို အသုံးပြု၍ ဤအလုပ်ကို အမြန်ဆုံး စတင်နိုင်သည်။ မည်သို့ပင်ဖြစ်စေ... သူ့တွင် အချိန်တွေ အများကြီး ရှိနေသည်မဟုတ်ပါလား။

ဖန်းချန်က စိတ်ထဲတွင် နှိုင်းယှဉ်ကြည့်ရင်း ပြုံးလိုက်မိသည်။ “သာမန်လူတွေကသာ ရွေးချယ်မှု လုပ်ကြတာပါ။ ကျင့်ကြံသူတွေကတော့ စိတ်အလိုရှိရင် အားလုံးကိုလည်း ပိုင်ဆိုင်နိုင်သလို၊ စိတ်မပါရင်လည်း ဘာကိုမှ မတောင့်တတတ်ကြပါဘူး။”

ဤအလုပ်နှစ်ခုလုံးကို လုပ်ဆောင်နိုင်သည်၊ မိမိ၏ စိတ်ဆန္ဒအတိုင်းသာ လုပ်ဆောင်ရန် လိုအပ်ပေသည်။

အိမ်ရှေ့ရှိ မြေကွက်လပ်သို့ ရောက်သောအခါ မြေပုံတစ်ခုပေါ်သို့ ရေလောင်းလိုက်သည်။ မြေပုံထိပ်တွင် ရေထည့်ရန် ခွက်ကဲ့သို့ ပြုလုပ်ထားသည်။ အကြိမ်အနည်းငယ် ရေလောင်းပြီးနောက် သစ်သားချောင်းဖြင့် မွှေနှောက်ကာ ခြေဗလာဖြင့် နင်းနယ်၍ မြေစေးများကို ပြင်ဆင်လိုက်သည်။

ဖန်းချန်သည် ဤမြေစေးများဖြင့် မီးဖိုကို ချဲ့ထွင်ရန်၊ မီးခိုးခေါင်းတိုင် တပ်ဆင်ရန်နှင့် ထုံးအချို့ ဖုတ်ရန် စီစဉ်ထားသည်။ ရှန်းချီကမ်းပါးယံရှိ ထူထပ်သော တောအုပ်ကြီးမှာ သူ့အတွက် အဆုံးမဲ့သော ထင်းများကို ပေးစွမ်းနေသည်။

လောင်စာများ လွယ်ကူစွာ ရရှိနိုင်သဖြင့် ရှန်းချီကမ်းပါးယံတွင် တစ်နေ့လုံး မီးခိုးများ ထွက်နေတော့သည်။ ကံကောင်းထောက်မစွာဖြင့် ယွန်းကျုံးတောင်ရှိ တိမ်တိုက်နှင့် မြူနှင်းများမှာ အမြဲတမ်း မှိုင်းညို့နေသဖြင့် အနီးအနားရှိ မြင့်မားသော တောင်ထိပ်များမှ ကြည့်လျှင်ပင် ရှန်းချီကမ်းပါးယံမှ မီးခိုးများကို သတိပြုမိရန် ခဲယဉ်းလှသည်။

ထုံးဖုတ်ရန် ကုန်ကြမ်းမှာ လွယ်ကူလှသည်၊ သာမန် ကျောက်ပြာများကပင် လုံလောက်ပေသည်။ ၎င်းမှာ တောင်ပေါ်တွင် အလွန်ပေါများလှပြီး ဖန်းချန် ခုနက စမ်းချောင်းအမည် ရေးထွင်းခဲ့သည့် ကျောက်မျိုးပင် ဖြစ်သည်။

အရွယ်အစား သင့်တင့်၍ သိပ်သည်းဆ ညီညာသော ကျောက်ပြာများကို ရွေးချယ်ကာ မီးဖိုထဲသို့ ထည့်ပြီး ထင်းများဖြင့် အပူပေးလိုက်လျှင် ထုံးရနိုင်ပြီ ဖြစ်သည်။ သို့သော် အောက်ခံဖောင်ဒေးရှင်းများအတွက် အသုံးမပြုမီ ရေနှင့် ရောစပ်၍ အချိန်အနည်းငယ် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

ကျောက်စင်တစ်ခုနှင့် မဝေးသော နေရာရှိ ချိုင့်ခွက်တစ်ခုမှာ ထုံးကျင်းအဖြစ် အသုံးပြုရန် အလွန်သင့်တော်လှသည်။ ထုံးများကို ထိုထဲသို့ ထည့်ကာ ရေအပြည့်လောင်း၍ ခုနစ်ရက်၊ ရှစ်ရက်ခန့် စောင့်ဆိုင်းရမည် ဖြစ်သည်။

ထုံးရည်များကို အိမ်ကြမ်းပြင်တွင် အသုံးပြုခြင်းဖြင့် ပိုမိုခိုင်ခံ့စေပြီး စိုထိုင်းဆကို ကာကွယ်ပေးနိုင်သဖြင့် နေထိုင်မှု ဘဝကို ပိုမိုကောင်းမွန်စေသည်။ တစ်ချိန်တည်းမှာပင် ထုံးသည် အမိုးကို စိုထိုင်းဆမှ ကာကွယ်ပေးနိုင်ပြီး အုတ်စီရာတွင်လည်း အသုံးပြုနိုင်သည်။

ထုံးရှိခြင်းဖြင့် အရာရာမှာ ပိုမိုခိုင်ခံ့လာပြီး ကိရိယာများနှင့် အသုံးအဆောင်များ ပြုလုပ်ရာတွင် အချိန်ကုန် သက်သာစေကာ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေသည်။

ထုံးကျင်းထဲတွင် ထုံးလွှာ အထူကြီး ရှိနေသည်။ ရေလောင်းထည့်လိုက်သောအခါ ထုံးခဲများမှာ ရေကို စုပ်ယူပြီး အပူများ ထွက်လာကာ တစီစီ အသံများ ထွက်ပေါ်လာသည်။ လောင်းထည့်ထားသော ရေများမှာလည်း ဆူပွက်လာပြီး အဖြူရောင် မြူခိုးများ တက်လာလေသည်။ ၎င်း၏ အရှိန်အဟုန်မှာ တကယ့်ကို ပြင်းထန်လှပေသည်။

အနီးအနားရှိ ငှက်များနှင့် သတ္တဝါငယ်လေးများမှာ ကြောက်လန့်တကြား ထွက်ပြေးကြပြီး ဤနေရာနှင့် ခေတ္တဝေးရာသို့ ရှောင်နေကြလေသည်။

ထုံးများ အဆင်သင့် ဖြစ်ရန်အတွက် ခုနစ်ရက်၊ ရှစ်ရက်ခန့် လိုအပ်သေးသည်။

ဖန်းချန်သည် အားမနေချင်သေးသဖြင့် အရင်က မီးဖိုဟောင်းကို အမြန်ဖျက်ဆီးကာ အချင်းကို နှစ်ဆချဲ့၍ ပိုမိုကောင်းမွန်သော မီးဖိုကြီးတစ်ခုကို တည်ဆောက်လိုက်သည်။ ၎င်းမှာ တစ်ကြိမ်တည်းတွင် အုတ်ချပ်ပေါင်း သုံးဆယ့်နှစ်ချပ်ကို ဖုတ်နိုင်ပေသည်။

အုတ်များကို အိမ်ဆောက်ခြင်း၊ လမ်းခင်းခြင်း၊ ကြမ်းပြင်ခင်းခြင်း သို့မဟုတ် အထောက်အပံ့များအဖြစ် နည်းလမ်းမျိုးစုံဖြင့် အသုံးပြုနိုင်သည်။ တိုင်းတာရေး ကိရိယာများ မရှိသဖြင့် သူသည် ပုံစံခွက် တစ်ခုတည်းကိုသာ အသုံးပြု၍ အုတ်စိမ်းများကို ထုတ်ယူရသည်။ ကောင်းစွာ ခြောက်သွေ့သွားသော အုတ်စိမ်းများကို အိပ်ရာခုံ ပြုလုပ်ရာတွင်လည်းကောင်း၊ မီးဖိုတည်ဆောက်ရာတွင်လည်းကောင်း အသုံးပြုနိုင်သော်လည်း ဖန်းချန်က ယခုလောလောဆယ်တွင် အသုံးမပြုသေးပေ။ ယခုတစ်ကြိမ်တွင် သူသည် အုတ်ချပ်ပေါင်း ရာချီ၍ ပြုလုပ်ကာ နောင်အနာဂတ်အတွက် သိမ်းဆည်းထားရန် စီစဉ်ထားသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဖန်းချန်မှာ မြေကြီးများဖြင့်သာ အချိန်ကုန်နေခဲ့သဖြင့် ဖုန်တောထဲတွင် အရှင်မြတ်တစ်ပါး၏ အငွေ့အသက်များ ကွယ်ပျောက်နေသကဲ့သို့ ရှိနေသည်။

သူ့ကို “အရှင်မြတ်” ဟု ခေါ်ဝေါ်ကြသူများသာ ယခုမြင်ကွင်းကို တွေ့လိုက်ရလျှင် သူတို့၏ စိတ်ထဲရှိ ပုံရိပ်လွှာမှာ ပျက်စီးသွားပေလိမ့်မည်။ ကံကောင်းသည်မှာ ရှန်းချီကမ်းပါးယံသို့ မည်သူမျှ မလာကြသဖြင့် ဖန်းချန်၏ ဟန်ပန်မှာ ပျက်ယွင်းခြင်း မရှိသေးပေ။

မီးဖိုကို စတင် မီးရှို့ပြီးသည်နှင့် မီးမငြိမ်းသွားရန်နှင့် လုပ်ငန်းစဉ် ပြီးဆုံးသည်အထိ စောင့်ကြည့်ရန် လိုအပ်သည်။

ကျင့်စဉ်လမ်းသို့ ဝင်ရောက်ပြီးနောက် ဖန်းချန်မှာ အိပ်စက်ရန် မလိုတော့သဖြင့် ပင်ပန်းမှုလည်း မရှိပေ။ သူသည် ပတ်ဝန်းကျင်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း မီးဖို၏ အပူချိန်ကို ထိန်းသိမ်းရန် ထင်းများကို အခါအားလျော်စွာ ထည့်ပေးနေသည်။

ဝါးတဲဘေးတွင် တိုင်လေးတိုင်နှင့် မြက်မိုးထားသော တဲအိမ်အသစ်တစ်ခုကို ဆောက်လုပ်လိုက်သည်။ ၎င်းမှာ ထင်းပိုများနှင့် မီးဖိုမှ ထွက်လာမည့် အုတ်များကို သိုလှောင်ရန် ဖြစ်သည်။

တောင်လေမှာ ညင်သာသော်လည်း အေးမြလှသည်။ ဖန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လှပသော ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

“ဟင်”

မနေ့ညနှင့် နှိုင်းယှဉ်လျှင် ယနေ့ည ကောင်းကင်ယံရှိ ကြယ်အချို့မှာ သိသိသာသာ နေရာရွေ့လျားသွားပြီး ပိုမို တောက်ပကာ ဖြူဖျဖျ အလင်းတန်းများ ထွက်ပေါ်နေသည်။

ဒါဟာ ကောင်းတဲ့ နိမိတ်မဟုတ်ဘူး။

သူ့စိတ်ထဲတွင် ခံစားချက်တစ်ခု ရရှိသွားပြီး တွက်ချက်ကြည့်လိုက်ရာ နက္ခတ်ဗေဒင်ဆိုင်ရာ အပြောင်းအလဲများ ပေါ်ပေါက်နေပြီ ဖြစ်သည်။ သူ၏ လက်ရှိ အပေါ်ယံ တွက်ချက်မှု အဆင့်ဖြင့်ပင် ကောက်ချက်တစ်ခု ဆွဲနိုင်သည်မှာ... လောကကြီးဟာ နောင်အနာဂတ်မှာ သိပ်ပြီး အေးချမ်းမှာ မဟုတ်တော့ဘူး ဆိုတာပင်။

ဖန်းချန်သည် သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုးချကာ အလုပ်ပြန်လုပ်သည်။ အုတ်ဖိုကို ဂရုစိုက်ရဦးမည်ဖြစ်ပြီး မီးမငြိမ်းရန် လိုအပ်ပေသည်။

…

အုတ်ဖိုမှာ အေးသွားပြီဖြစ်သဖြင့် ဖန်းချန်မှာ တစ်ဖန် အားလပ်သွားပြန်သည်။

အိမ်နှင့် တဲထဲရှိ ထင်းပုံကြီးများကို ကြည့်ရင်း မီးသွေးအချို့ ဖုတ်လျှင် ပိုကောင်းမည်ဟု သူ ခံစားလိုက်ရသည်။ မီးသွေးသည် ထင်းထက် ပို၍ သန့်စင်ပြီး အပူစွမ်းအင် ပိုမို မြင့်မားသည်။ မီးသွေးဖြင့် ဖုတ်သော မြေထည်များမှာ အပူချိန် ပိုမိုရရှိကာ အညစ်အကြေး နည်းပါးသဖြင့် အရည်အသွေး ပိုမို ကောင်းမွန်ပေလိမ့်မည်။

မီးသွေးဖို တည်ဆောက်ရန် နည်းလမ်းများစွာ ရှိသော်လည်း ဖန်းချန်မှာ အတည်တကျ မီးဖိုကြီး ဆောက်ရန် မရည်ရွယ်ပေ။ အုတ်များ အေးသွားသည့် အချိန်အတွင်း အပျင်းပြေရန်အတွက်သာ မီးသွေးဖုတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အသားချင်း သိပ်သည်းသော သစ်သားချောင်းများကို ရွေးချယ်ကာ မီးပုံကဲ့သို့ စုပုံပြီး အပြင်ဘက်မှ မြေစေးများကို မီးဖိုကိုယ်ထည်အဖြစ် ကပ်လိုက်သည်။

မီးသွေးဖို၏ အောက်ခြေ အရပ်လေးမျက်နှာတွင် လက်သီးဆုပ်ခန့် လေဝင်ပေါက်များ ထားရှိပြီး ထိပ်တွင်လည်း အပေါက်တစ်ခု ထားရှိသည်။ ထို့နောက် အိမ်တွင်းရှိ မီးဖိုမှ မီးကို ယူကာ မီးသွေးဖို၏ ထိပ်ပေါက်မှတစ်ဆင့် မီးရှို့လိုက်သည်။ အောက်ခြေရှိ လေဝင်ပေါက်လေးခုမှ အနီရောင် အလင်းတန်းကို မြင်ရသောအခါ အပေါ်ပေါက်နှင့် အောက်ခြေ လေဝင်ပေါက်များကို အစဉ်လိုက် ပိတ်ဆို့လိုက်သည်။

နောက်ပိုင်းတွင်မူ အက်ကြောင်းများမှ မီးခိုးထွက်လာပါက မြေကြီးဖြင့် လိုက်လံ ပိတ်ဆို့ရမည် ဖြစ်သဖြင့် အနည်းငယ် ပျင်းစရာ ကောင်းလှသည်။

၎င်းမှာ ဖန်းချန်၏ အရင်ဘဝက သင်ယူခဲ့သော နည်းပညာတစ်ခု ဖြစ်သော်လည်း လက်တွေ့ အသုံးချခြင်းမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

ထိုစဉ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာနှင့် ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး ဤနွေးထွေးသော ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့ခြင်းမှာ ဖန်းချန်အတွက် အနည်းငယ် လွမ်းဆွတ်ဖွယ်ရာ ဖြစ်နေသည်။

သို့သော် သူ၏ အေးအေးလူလူ နေတတ်သော စရိုက်ကြောင့် အထောက်အထားအသစ်နှင့် အဆင်ပြေအောင် နေထိုင်နိုင်ခဲ့သလို ထူးခြားသော အတွေ့အကြုံများကြောင့် ကျင့်စဉ်လမ်းသို့ပင် ဝင်ရောက်နိုင်ခဲ့သည်။

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ အေးချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်၍ သူသည် ခန္ဓာကိုယ်ကို အေးအေးဆေးဆေး လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် မူလခန္ဓာပိုင်ရှင်တွင် နောက်ဆုံးဆန္ဒတစ်ခု ကျန်ရှိနေခဲ့သည်။ ဖန်းချန်၏ ကျင့်စဉ်လမ်းအတွက် ထိုဆန္ဒကို အဆင်ပြေအောင် မဖြေရှင်းနိုင်ပါက ၎င်းမှာ ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာပေလိမ့်မည်။

မီးပွတ်ရင်း main character ဖြစ်သွားတယ်

အခန်း ၂၆ “တောင်ဆင်းရန် အတိုဆုံးနည်းလမ်း”

ဖန်းချန်သည် ဤခန္ဓာကိုယ်ထဲ၌ နိုးထလာသောအခါ မူလပိုင်ရှင်၏ အတိတ်မှတ်ဉာဏ်များကိုလည်း လက်ခံရရှိခဲ့သည်။ သို့သော် ထိုမှတ်ဉာဏ်များကို ပြန်လည်စဉ်းစားကြည့်သည့်အခါ အခြားသူတစ်ဦး၏ ဘဝကို ဘေးမှကြည့်နေရသကဲ့သို့ ခံစားရပြီး ဤမှတ်ဉာဏ်များသည် မိမိနှင့် မသက်ဆိုင်ကြောင်း သိသာလှပေသည်။

ထိုမှတ်ဉာဏ်များအရ မူလပိုင်ရှင်သည် မြို့ငယ်လေးတစ်မြို့တွင် တစ်ဦးတည်း နေထိုင်ခဲ့သူဖြစ်သည်။ သူ၏ အိမ်နီးချင်းများကဲ့သို့ပင် နေ့စဉ် လယ်ထွန်ရင်း နေထွက်လျှင် အလုပ်လုပ်ကာ နေဝင်လျှင် အနားယူသည့် ဘဝမျိုးဖြင့် ဖြတ်သန်းခဲ့သည်။ သူ့ကို မွေးစားခဲ့သော အဖိုးအိုမှာလည်း သူ၏ ဇာစ်မြစ်ကို မသိပေ၊ သူ့ကို ဤနေရာသို့ တစ်စုံတစ်ဦးက လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသာ သိရှိပြီး ထိုအဖိုးအိုသည်လည်း ကွယ်လွန်ခါနီးတွင် မည်သည့်စကားမျှ ချန်ရစ်မသွားခဲ့ပေ။

ထို့ကြောင့် မူလပိုင်ရှင်သည် မိမိ၏ မိဘများကို ရှာဖွေရန်၊ မိမိကို ဘာကြောင့် စွန့်ပစ်ခဲ့သည်ကို သိရှိရန်နှင့် ၎င်းတို့ကို တစ်ကြိမ်တစ်ခါမျှ ဖြစ်စေ တွေ့မြင်လိုသည့် ဆန္ဒ ပြင်းပြခဲ့သည်။ ထိုဆန္ဒသည် စွဲလမ်းမှုတစ်ခုဖြစ်လာပြီး မူလဝိညာဉ် ကွယ်ပျောက်သွားသော်လည်း ဤခန္ဓာကိုယ်တွင် တွယ်ကပ်ကျန်ရစ်နေခဲ့သည်။

ဖန်းချန်သည် မူလပိုင်ရှင်ကိုယ်စား ဤနောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရန် အခွင့်အရေးရှာရမည်ဖြစ်ကြောင်း သိရှိထားသည်။ မဟုတ်ပါက ဤစွဲလမ်းမှုသည် ကျင့်စဉ်လမ်းတွင် အဆင့်တက်လှမ်းသည့်အခါ ကြီးမားသော အဟန့်အတား ဖြစ်လာပေလိမ့်မည်။

သို့သော် သူ၏ ဝိညာဉ်အာရုံအရ အချိန်အခါမှာ မရောက်သေးသဖြင့် တောင်အောက်သို့ ဆင်းရန် မသင့်တော်သေးပေ။ အတင်းအဓမ္မ ရှာဖွေနေပါကလည်း ရလဒ်ထွက်လာမည် မဟုတ်သဖြင့် အခွင့်အရေးကိုသာ စောင့်ဆိုင်းရမည်ဖြစ်သည်။ ဤသို့ သဘာဝအတိုင်း စီးမျောစောင့်ဆိုင်းခြင်းကသာ သူ၏ ကျင့်စဉ်လမ်းနှင့် ပိုမိုကိုက်ညီပေသည်။

မီးသွေးဖိုမှာ အေးရန် အချိန်ပိုယူရမည်ဖြစ်သဖြင့် ဖန်းချန်သည် အုတ်များကို အရင်သွားစစ်ဆေးသည်။ အထဲရှိ အုတ်များမှာ လုံးဝမအေးသေးသော်လည်း ပုံစံခိုင်မာသွားပြီဖြစ်သည်။ သူသည် အုတ်တစ်ချပ်ကို ထုတ်ယူကာ လက်ချောင်းဖြင့် တောက်ကြည့်ပြီး အသံကို နားထောင်သည်။ အသံကြည်လင်ပါက အုတ်ကောင်းဖြစ်ပေသည်။

အမှန်စင်စစ် ဤအုတ်များ၏ အရည်အသွေးမှာ တကယ့် အုတ်ဖိုကြီးများမှ ထွက်သောအုတ်ကို မမီသော်လည်း အသုံးပြုရန် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် အုတ်များကို အိမ်ဘေးရှိ တဲအသစ်ထဲသို့ သယ်ယူစုပုံလိုက်ပြီး ၎င်းတို့ဖြင့် အုတ်ကန်တစ်ခု ပြုလုပ်ကာ အထဲတွင် ထုံးများ ဖြူးထားရန် စီစဉ်လိုက်သည်။ မီးသွေးများ ရလာပါက ထိုအုတ်ကန်ထဲတွင် သိမ်းဆည်းခြင်းဖြင့် မီးသွေးမှုန့်များ ပြန့်ကျဲခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

သူသည် ကိုယ်ကိုမတ်ကာ ကမ်းပါးယံအောက်ရှိ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ရာ ရုတ်တရက် စိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရပ်မျက်နှာမှာ မြို့ငယ်လေးတစ်မြို့ ရှိနေသည့် နေရာဖြစ်ပေလိမ့်မည်။

မီးသွေးဖိုမှာ ပူနေသေးသော်လည်း ပျက်စီးသွားမည်မဟုတ်ပေ၊ ခဏကြာမှ ပြန်လာသိမ်းလည်း ရနိုင်ပါသည်။ ဖန်းချန်သည် ဝါးပြွန်ကိုဖွင့်ကာ တဲဘေးရှိ သခွားခင်းထဲမှ ပျိုးပင်လေးများကို ရေလောင်းပေးလိုက်သည်။ ကမ်းပါးယံပေါ်ရှိ မြေဆီလွှာမှာ အလွန်ကောင်းမွန်လှသဖြင့် ပျိုးပင်လေးများမှာ သန်စွမ်းနေပြီး အညွန့်သစ်ကလေးများမှာ အပေါ်သို့ ထောင်တက်နေကာ သက်ဝင်လှုပ်ရှားနေပုံရသည်။

ဤခရီးမှ ပြန်လာလျှင် ဝါးပင်လေးများဖြင့် စင်ပြုလုပ်ပေးရမည်၊ ထိုအခါမှ ပို၍ ဖြစ်ထွန်းပေလိမ့်မည်။

ဖန်းချန်သည် တောင်အောက်သို့ ဆင်းရန် ဆုံးဖြတ်လိုက်သည်။ အုတ်များကို သိမ်းဆည်းပြီး တောင်အောက်သို့ လှမ်းကြည့်လိုက်စဉ် သူ၏ ဝိညာဉ်အာရုံမှာ တစ်စုံတစ်ခုနှင့် ထိတွေ့သွားပြီး အောက်ဘက်တွင် တစ်ခုခု ဖြစ်ပျက်နေသကဲ့သို့ ခံစားလိုက်ရသည်။ မိမိ၏ ခံစားချက်နောက်သို့ လိုက်ပါကာ တောင်အောက်သို့ ဆင်းကြည့်ရင်း လူ့လောက၏ အငွေ့အသက်များကို တစ်ဖန် ပြန်လည်ခံစားရန် လိုအပ်ပေသည်။ ၎င်းသည် ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်စေသည်။

များစွာ ပြင်ဆင်နေစရာ မလိုပေ။ ဖန်းချန်သည် အိမ်ထဲသို့ ပြန်ဝင်ကာ ပစ္စည်းအချို့ကို အမြန်ထုတ်ပိုးလိုက်သည်။ ပျော်ရွှင်သောသူသည် ပျော်ရွှင်စရာများကိုသာ လုပ်ဆောင်တတ်သည်၊ သူ၏ စိတ်ထဲတွင် မည်သည့်စိုးရိမ်ပူပန်မှုမျှ မရှိဘဲ ကြည်လင်နေတော့သည်။

စင်ပေါ်ရှိ လက်ဖက်ရည်ခြောက်များကို ဝါးပြွန်ရှည်ထဲသို့ ထည့်ကာ ပိတ်ဆို့လိုက်သည်။ ထို့နောက် အဝတ်တစ်ထုပ်ထဲတွင် လဲလှယ်ရန် အဝတ်အစားနှင့် သူ၏ စာအုပ်နှစ်အုပ်ကို ထည့်လိုက်သည်။ “ကျင့်စဉ်လမ်း” နှင့် “ကျင့်ကြံခြင်းနည်းနာ” စာအုပ်များမှာ မပါမဖြစ် ပစ္စည်းများဖြစ်သည်၊ တစ်ကြောင်းမှာ အချိန်မရွေး ဖတ်ရှုလေ့လာနိုင်ရန်ဖြစ်ပြီး နောက်တစ်ကြောင်းမှာ ထိုစာအုပ်များက ခြင်များကို မလာအောင် တားဆီးနိုင်သောကြောင့် ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် ဖန်းချန်သည် အိပ်ရာခြေရင်းရှိ မျောက်လေး ပေးထားသော ကျောက်စိမ်းရိုင်းတုံးကို ယူကာ အပိုင်းအစတစ်ခု ဖဲ့ယူလိုက်သည်။ မျောက်လေး ဆွန်ယွင်က ကျောက်နှစ်တုံး ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ယွန်းကျုံးတောင်မှ ထွက်ရှိခြင်း ဖြစ်ဟန်တူသည်။ အချောင်းရှည်သော ကျောက်ကိုမူ သူက ဓားအဖြစ် သွေးထားပြီး ဖြစ်သော်လည်း ကျန်တစ်တုံးကိုမူ အိပ်ရာခြေရင်းတွင် ဒီအတိုင်း ထားထားခဲ့ခြင်းဖြစ်သည်။

သူသည် ကျက်ပြီးသား သမင်သားနှစ်တုံးကို သစ်ရွက်များဖြင့် အထပ်ထပ်ထုပ်ကာ နွယ်ပင်များဖြင့် ချည်နှောင်လိုက်သည်။ ထို့နောက် သစ်ဥသစ်ဖုနှစ်ခုကိုလည်း ထည့်လိုက်သည်။ ၎င်းတို့မှာ အာလူးကဲ့သို့သော အမျိုးအစားဖြစ်ပြီး အရင်က တောဝက်သားနှင့် ရောချက်ဖူးသည်။ မီးဖုတ်စားလျှင် ချိုမြိန်သော အရသာရှိပြီး အပူရှိန်ပေါ်မူတည်၍ ကြွပ်ရွခြင်း သို့မဟုတ် နူးညံ့ခြင်းဟူသော အရသာအမျိုးမျိုးကို ပေးစွမ်းနိုင်သည်။

အဝတ်ထုပ်ကို ပခုံးတွင် အသာအယာ လွယ်လိုက်ပြီးနောက် ဖန်းချန်သည် ခြံဝင်းတံခါးကို ပြန်ပိတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ နေရောင်ခြည်မှာ သင့်တင့်လှပြီး တစ်ကိုယ်လုံးကို နွေးထွေးစေသည်။

ရှန်းချီကမ်းပါးယံမှ ဆင်းရန်အတွက် ကမ်းပါးဘေးမှတစ်ဆင့် ချိုင့်ဝှမ်းကို ဖြတ်ကျော်ရမည်ဖြစ်ပြီး တောင်ကုန်းသုံးခုကို ကျော်ဖြတ်ရမည်ဖြစ်သည်။ ဖန်းချန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကလေးငယ်တစ်ယောက်ကဲ့သို့ ဆော့ကစားလိုစိတ် ပေါ်လာသည်။ သူသည် နေ့စဉ် ကျင့်စဉ်ကျင့်သည့် ကျောက်တုံးကြီးပေါ်သို့ လျှောက်သွားကာ အောက်ဘက်ရှိ မှိုင်းညို့နေသော တိမ်တိုက်များကို ကြည့်ပြီးနောက်

ခုန်ချလိုက်တော့သည်။

လေတိုးသံက နားထဲသို့ တိုးဝင်လာပြီး တိမ်တိုက်နှင့် မြူနှင်းများမှာ သူ့အနားမှ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားကြသည်။ ဖန်းချန် ပြုတ်ကျသွားသောကြောင့် တိမ်တိုက်များမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ခဏအကြာမှသာ ပြန်လည် တည်ငြိမ်သွားတော့သည်။

ကမ်းပါးယံမှ လေထဲတွင် လွတ်လပ်စွာ ပျံဝဲဆင်းသက်ရင်း ဖန်းချန်က ပြုံးလိုက်မိသည်။ ဤသည်မှာ ရှန်းချီကမ်းပါးယံမှ ဆင်းရန် အမြန်ဆုံးနှင့် အတိုဆုံး နည်းလမ်းပင် ဖြစ်သည်။ လမ်းတွင် ချွန်ထက်သော ကျောက်ဆောင်များ သို့မဟုတ် ထူထပ်သော ချုံနွယ်ပိတ်ပေါင်းများကိုလည်း ဂရုစိုက်နေစရာ မလိုပေ၊ သို့သော် ဤနည်းလမ်းကို သူတစ်ဦးတည်းသာ လုပ်ဆောင်နိုင်သည်။

အောက်ခြေတွင် မြေစောင်းတစ်ခု ရှိသည်။ ဖန်းချန်သည် မြေပြင်ပေါ်သို့ အသာအယာ ဆင်းသက်ပြီးနောက် အဝတ်အစားပေါ်မှ ဖုန်များကို ပုတ်ခါလိုက်သည်။ ပေတစ်ရာခန့် လျှောက်လိုက်သောအခါ လမ်းကြောင်းရေးရေးတစ်ခုကို မြင်လိုက်ရသည်။

ဤလမ်းမှာ လူများနင်းဖြတ်ထားသဖြင့် ပေါ်ပေါက်လာသော လမ်းဖြစ်သည်။ လူသွားလူလာ နည်းပါးသဖြင့် မြက်တောများ ဖုံးလွှမ်းနေသော်လည်း ဘေးတစ်ဖက်တစ်ချက်ရှိ မြက်များလောက် မမြင့်သဖြင့် လမ်းကြောင်းကို ရှင်းလင်းစွာ ခွဲခြားနိုင်သည်။

မဝေးသော နေရာသို့ ဆင်းသွားလျှင် လင်းရှီးရွာကို တွေ့ရမည်ဖြစ်သည်။ ဖန်းချန်သည် ပခုံးပေါ်မှ အထုပ်ကို ပြင်လွယ်ကာ တောင်ပေါ်ရွာကလေးဆီသို့ လျှောက်လှမ်းခဲ့သည်။ ထိုရွာနှင့် မဝေးသော နေရာတွင် မင်းလမ်းမကြီး ရှိပေသည်။

လွန်ခဲ့သော ရက်ပိုင်းက ရေကြောပြတ်တောက်ခဲ့သည့် ဘေးအန္တရာယ်မှာ ဤရွာငယ်လေးအပေါ် များစွာ သက်ရောက်မှု မရှိတော့ဘဲ ယခင်ကကဲ့သို့ပင် အေးချမ်းသာယာလျက် ရှိသည်။ ထူးခြားသည်မှာ ရွာသားအားလုံးက ရှန်းချီကမ်းပါးယံပေါ်တွင် ကြင်နာတတ်သော ဖန်အရှင်မြတ် ရှိနေကြောင်းနှင့် တောင်ပိုင်ရှင်နတ်မင်းကလည်း ၎င်းတို့ကို ကူညီခဲ့ကြောင်း မှတ်သားထားကြခြင်းပင်။

ယခုအချိန်မှာ လယ်လုပ်ငန်း အားလပ်ချိန် ဖြစ်သလို မွန်းတည့်ချိန်သို့လည်း နီးကပ်နေပြီဖြစ်ရာ ရွာထဲတွင် သော်လည်းကောင်း၊ တောင်စောင်းရှိ လယ်ကွင်းများတွင် သော်လည်းကောင်း အလုပ်လုပ်နေသူ မရှိကြပေ။

ပြီးခဲ့သည့်အကြိမ်က ဖန်းချန်သည် ရွာထိပ်တွင်သာ ရွာသားများနှင့် စကားပြောခဲ့ပြီး ရွာထဲသို့ မဝင်ခဲ့ပေ။ ယခုအခါ တစ်ဦးတည်း ဖြတ်သန်းသွားရင်း စိတ်ဝင်တစား လေ့လာမိသည်။

အေးချမ်းသာယာသော ကာလဖြစ်သဖြင့် လင်းရှီးရွာရှိ အိမ်များမှာ သပ်ရပ်လှသော်လည်း အများစုမှာ ရွှံ့မြေ၊ ကျောက်တုံးနှင့် မြက်ခြောက်များဖြင့်သာ ဆောက်လုပ်ထားကြပြီး အုတ်နှင့် အုတ်ကြွပ်များကိုမူ မတွေ့ရပေ။

အိမ်တိုင်းမှ မီးခိုးများ ထွက်ပေါ်နေပြီး အပြင်တွင် ကစားနေသော ကလေးများစွာ မရှိကြပေ။ လူတိုင်းမှာ နေ့လယ်စာ စားရန် အိမ်သို့ ပြန်ခေါ်ခြင်း ခံထားရသောကြောင့် ဖြစ်သည်။ လောကကြီး အေးချမ်းနေသည်မှာ နှစ်ပေါင်း ရာချီရှိပြီဖြစ်သဖြင့် သာမန်လူများပင် တစ်နေ့ သုံးနပ် ဝဝလင်လင် စားနိုင်ကြပေသည်။

ယွန်းကျုံးတောင်နှင့် နီးကပ်သဖြင့် ရွာထဲတွင် အိမ်မွေးတိရစ္ဆာန်များ များစွာ ရှိကြသည်။ ဝက်၊ သိုးနှင့် ကြက်များမှာ အတွေ့ရအများဆုံးဖြစ်ပြီး အဖိုးတန် နွားများကိုမူ အနည်းငယ်သာ တွေ့ရသည်။

ထို့အပြင် တောင်ပေါ်ရွာရှိ ကြက်များမှာ အလွန် အဖိုးတန်လှသည်။ လူတိုင်းမှာ ကြက်များကို အချိန်သိရန်နှင့် ဥ ရရန်အတွက် မွေးမြူထားကြပြီး အထူးတလည် ဧည့်သည်များ လာမှသာ သတ်ဖြတ် ကျွေးမွေးလေ့ရှိသည်။ အကြောင်းမဲ့ သတ်ဖြတ်ပါက ရွာလုံးကျွတ် ရန်ငြိုးဖွဲ့ခြင်း ခံရတတ်သည်။

ဖန်းချန်သည် သဘာဝတရားနှင့် တစ်သားတည်း ဖြစ်နေသဖြင့် ရွာသားအချို့မှာ စကားပြောနေရင်း သူ့ကို သတိမမူမိဘဲ ရှိနေကြသည်။ ထို့ကြောင့် သူသည် အေးအေးလူလူပင် ရွာကို ဖြတ်သန်းကာ တောင်အောက်ရှိ မင်းလမ်းမကြီးဆီသို့ ဦးတည်သွားနိုင်ခဲ့သည်။

သူ့နောက်ကွယ်ရှိ လင်းရှီးရွာတွင်မူ အိမ်ရှေ့၌ ကျောက်ခဲကလေးများဖြင့် ကစားနေသော ကလေးငယ်တစ်ဦးသည် လက်ထဲမှ ကျောက်ခဲကို ပစ်ချကာ ဘေးရှိ လူကြီးကို လှည့်ပြောလိုက်သည်။

“အဖေ... ကျွန်တော် ခုနက အရှင်မြတ်တစ်ပါးကို တွေ့ခဲ့တယ်”

“ဘယ်က အရှင်မြတ်လဲ”

All Chapters