← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း ၂၇၉- အကြံကုန်ရင် မီးခြစ်ပဲ ကိုက်ပြလိုက်တော့။

ရုပ်ဆိုးတဲ့ လင်းနို့၏ အရှိန်မှာ နတ်ဘုရားကြိုးကြာနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် အများကြီး နှေးကွေးလှသည်။ သူတို့ ကျုံးနန်တောင်သို့ ရောက်ရှိရန် နေ့ဝက်ကျော် အချိန်ယူခဲ့ရသည်။

ရုပ်ဆိုးတဲ့ လင်းနို့ကို အောက်ခြေမဲ့တွင်းထဲသို့ ပြန်ထည့်ပြီးနောက် လုပေါင်သည် ထိုစမ်းချောင်းလေး၏ ဘေးသို့ ရောက်လာသည်။ ဘယ်လိုပဲကြည့်ကြည့် ဤစမ်းချောင်းတွင် မည်သည့် စက်ယန္တရားမှ ရှိပုံမရပေ။ လုပေါင်သည် ယခင်က နတ်ဘုရားကြိုးကြာ သူ့ကို ခေါ်လာခဲ့သည့် နေရာမှ တည့်တည့် ခုန်ချကြည့်သည်။ သို့သော် ကိုယ်ပေါ် ရေစိုသွားသည်မှလွဲ၍ ဘာတုံ့ပြန်မှုမျှ မရှိပေ။

“ဒီမှာ တစ်ခုခုတော့ ရှိတာ သေချာတယ် ငါ သေချာ ပြန်ကြည့်ဦးမှ။”

ကမ်းပေါ်သို့ ပြန်တက်လာပြီးနောက် လုပေါင် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ပြောရင်းနှင့်ပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော အားအင်များ လည်ပတ်လာပြီး ဉာဏ်အလင်းပွင့်မျက်လုံးကို အသက်သွင်းလိုက်တော့သည်။ ဝိညာဉ်အလင်းတန်း တစ်ချက် လက်သွားသည်နှင့်အမျှ လုပေါင်၏ မျက်စိရှေ့ရှိ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

စမ်းချောင်းရေပြင်၏ အထက် နှစ်စင်တီမီတာခန့်တွင် သေးငယ်သော အလင်းစက်လေးတစ်ခုကို သူ တွေ့လိုက်ရသည်။ ထို့ပြင် ထိုအလင်းစက်လေးမှာ အမြဲတမ်း တဖျတ်ဖျတ် လက်နေပြီး တစ်စက္ကန့်လျှင် လေးငါးကြိမ်ခန့် နေရာပြောင်းလဲနေသည်။ ဤအလင်းစက်လေးသည် ထိုဂူဗိမာန်ထဲသို့ ဝင်ရောက်ရန် သော့ချက်ဖြစ်ပုံရသည်။

လုပေါင်သည် နေရာတွင်ရပ်ပြီး ငါးမိနစ်ခန့် စောင့်ကြည့်ပြီးနောက် အလင်းစက်၏ လှုပ်ရှားမှုမှာ စမ်းချောင်းအထက် ဧရိယာအတွင်းသာ ကန့်သတ်ထားသော်လည်း တဖျတ်ဖျတ် လက်သည့် နေရာတိုင်းမှာ လုံးဝ ကျပန်းဖြစ်နေကြောင်း အတည်ပြုလိုက်သည်။

သို့သော် လုပေါင်၏ တုံ့ပြန်မှုအရှိန်မှာ ယခုအခါ အလွန်ပင် မြန်ဆန်နေပြီဖြစ်ရာ အလင်းစက်၏ အရှိန်ကို အမီလိုက်ရန် အပြည့်အဝ တတ်စွမ်းနိုင်သည်။ ယခု ပြဿနာမှာ ဤအလင်းစက်ကို မည်သို့ အသုံးချရမည်နည်း ဆိုသည်ပင်။

စဉ်းစားနေရင်းနှင့် လုပေါင်သည် ရွှေရောင်အလင်း ဂါထာကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။ ရွှေရောင်အလင်းများ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည့်အခါ လုပေါင်သည် အခွင့်အရေးကို စောင့်ပြီး လက်ညှိုးဖြင့် ရှေ့သို့ ထိုးလိုက်ရာ ရွှေရောင်အလင်းတန်း တစ်ခုမှာ ကွက်တိနေရာယူလိုက်သည့် အလင်းစက်ပေါ်သို့ တည့်တည့် ကျရောက်သွားတော့သည်။

ရွှေရောင်အလင်းမှာ အလင်းစက်နှင့် ထိတွေ့သွားသည့် ခဏတွင် လေထုထဲ၌ လှိုင်းဂယက်တစ်ခု အလိုလို ပေါ်လာသည်ကို လုပေါင် မြင်လိုက်ရသည်။ ထို့နောက် သူ လွှတ်လိုက်သော အလင်းတန်းမှာ ထိုနေရာမှ တိုက်ရိုက် ပျောက်ကွယ်သွားတော့သည်။ ၎င်းမှာ နတ်ဘုံထဲသို့ ဝင်သွားပြီ ဖြစ်ဟန်တူသည်။

“ဒါဆို ဒီနေရာကို ဝင်ရတာ သိပ်မခက်ပါလား...”

လုပေါင် ရေရွတ်လိုက်ပြီး စမ်းချောင်းထဲသို့ ခုန်ချလိုက်သည်။ ရေထဲသို့ ကျခါနီး အချိန်တွင် သူ၏ လက်ညှိုးဖြင့် အလင်းစက်ကို အသာအယာ ထိလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ တစ်ကိုယ်လုံးမှာ ထိုနေရာမှ တိုက်ရိုက် ပျောက်ကွယ်သွားပြီး မည်သည့် အရိပ်အယောင်မျှ မကျန်တော့ပေ။

ဖူဂျီတောင်ရှိ မီးတောင်ဂူအတွင်း။

ဥကို ဂရုတစိုက် ဝပ်နေသော နတ်ဘုရားကြိုးကြာမှာ ရုတ်တရက် တစ်ကိုယ်လုံး တုန်တက်သွားသည်။ သူမသည် ဘာဖြစ်သွားမှန်း မသိဘဲ သူမ၏ ဥကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ တစ်ခုခုတော့ မကောင်းတာ ဖြစ်တော့မည်ဟု ခံစားနေရသည်...။

ဂူဗိမာန်နတ်ဘုံ အတွင်း၌။

လုပေါင်သည် အထက်မှ ပြုတ်ကျလာပြီး လေးငါးမီတာခန့် ထူထဲသော သစ်ပင်ပင်စည်ကြီးပေါ်သို့ ဆင်းသက်လိုက်သည်။ သူသည် အထက်ရှိ ကျောက်နံရံကို မော့ကြည့်လိုက်သည်။ စမ်းချောင်းထဲတွင် မြင်ခဲ့ရသကဲ့သို့ပင် ကျောက်နံရံပေါ်တွင်လည်း အမြဲတမ်း တဖျတ်ဖျတ် လက်နေသော အလင်းစက်လေးတစ်ခု ရှိနေသည်။ အဝင်အထွက် လုပ်သည့် နည်းလမ်းမှာ အတူတူပင် ဖြစ်ပုံရသည်။

ဤအချက်ကို အတည်ပြုပြီးနောက် လုပေါင်သည် စိတ်ကူးတစ်ခု ရသွားကာ live လွှင့် လိုက်တော့သည်။ လိုက်ဖ်စတင်ပြီး တစ်မိနစ်အတွင်းမှာပင် ကြည့်ရှုသူဦးရေမှာ တစ်သန်းနီးပါးအထိ လျင်မြန်စွာ မြင့်တက်လာသည်။

“ရတနာနတ်ဘုရား ရေခင်ဗျား ပြန်ပေးထားတဲ့ လက်မှတ်ဖိုးတွေကို ကျွန်တော် ရတနာမြေပုံ တွေ လက်ဆောင်ပေးပြီး ပြန်ဆပ်နေတာနော်။”

“ရတနာနတ်ဘုရားက တကယ် အလန်းကြီးပဲ ခဲ့တဲ့တစ်ခေါက်က ခင်ဗျားလုပ်တာက တကယ် လန်းတယ်။”

“ရတနာနတ်ဘုရား ဘယ်မှာလဲ။ ကြည့်ရတာ ရှူခင်းလှတဲ့ နေရာတစ်ခုနဲ့ တူတယ်နော်။”

ခဏအတွင်းမှာပင် လိုက်ဖ်ရုမ်းထဲရှိ ကွန်မန့်များမှာ ပလူပျံသွားတော့သည်။ ပြီးခဲ့သည့်တစ်ကြိမ်က လုပေါင်သည် လက်မှတ်ဖိုးများကို ပြန်အမ်းပေးခဲ့ရာတွင် လူသိများရန် မရည်ရွယ်ခဲ့သော်လည်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းပိုင်ရှင်၏ ကြော်ငြာပေးမှုကြောင့် လူပြောအများဆုံး သတင်းများထဲသို့ ရောက်သွားခဲ့သည်။ မကောင်းသတင်းများမှာမူ ယခုအခါ ထိုပလက်ဖောင်းပေါ်တွင် ပေါ်လာရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ပရိသတ်များမှာ လုပေါင်၏ လုပ်ရပ်ကြောင့် စိတ်လှုပ်ရှားနေကြပြီး ယနေ့ ရရှိသော လက်ဆောင်များမှာလည်း သိသိသာသာ ပိုမိုများပြားလာသည်။

“အဟမ်း... မိသားစုတို့ရေ ဒီနေ့ ကျွန်တော် မြေအောက်တောအုပ်တစ်ခုကို တွေ့ထားတယ်။ ခင်ဗျားတို့အတွက် ရတနာရှာပုံတော်ကို live လွှင့်ပေးမယ်။”

လုပေါင်က ချောင်းတစ်ချက်ဟန့်ကာ ဖုန်းကင်မရာကို ပတ်ပတ်လည် လှည့်ပြလိုက်ရာလူတိုင်းမှာ လုံးဝ ပိတ်ဆို့နေသော ပတ်ဝန်းကျင်နှင့် မျက်နှာကြက်ကြီးကို မြင်လိုက်ရသည်။

“ဟား... ကျောချမ်းစရာပဲ ငါတို့ရဲ့ ကျယ်ပြောလှတဲ့ တရုတ်ပြည်ကြီးမှာ ဒီလိုနေရာမျိုး ရှိနေလိမ့်မယ်လို့ ထင်ကို မထားဘူး။”

“ဒါက သိပ္ပံနည်းမကျဘူး။ ဒီနေရာက လုံးဝ ပိတ်နေတာဆိုရင် ဒီအပင်တွေက အလင်းမှီစုဖွဲ့ခြင်း လုပ်ဖို့ ဘယ်ကနေ အလင်းရတာလဲ။ဘယ်လိုလုပ် ဒီလောက်ကြီးလာတာလဲ။”

“ခင်ဗျားတို့ မေးသင့်တာက ရတနာနတ်ဘုရားက ဒီလို လုံးဝပိတ်နေတဲ့ နေရာထဲကို ဘယ်လိုနည်းနဲ့ ရောက်သွားတာလဲ ဆိုတာပါ...”

အချိန်ကြာလာသည်နှင့်အမျှ ကြည့်ရှုသူ ပိုများလာပြီး မေးခွန်းမျိုးစုံလည်း ထွက်ပေါ်လာသည်။ သို့သော် လူအများစုမှာ လုပေါင်ကို လေးစားအားကျသော စိတ်ဖြင့်သာ ကြည့်နေကြသည်။ ဘာပဲဖြစ်ဖြစ် လုပေါင်သည် သူတို့အတွက် အံ့သြဖွယ်ရာများစွာကို ယူဆောင်ပေးခဲ့ပြီးပြီ မဟုတ်ပါလား။ဤမေးခွန်းများနှင့် ပတ်သက်၍ လုပေါင်ကတော့ တစ်ခုချင်းစီ လိုက်ဖြေနေမည် မဟုတ်ပေ။ ပရိသတ်များရှေ့တွင် လျှို့ဝှက်ချက် အနည်းငယ် ထားရှိခြင်းက အကောင်းဆုံး ဖြစ်သည်။

ထိုအချိန်တွင် လုပေါင်သည် သစ်ပင် ပင်စည်ပေါ်မှ တိုက်ရိုက် ခုန်ချလိုက်ပြီး အောက်ဘက်ရှိ တောအုပ်ထဲသို့ ဆင်းသက်လိုက်သည်။ ဤနေရာသို့ ယခင်က မည်သူမှ မရောက်ဖူးသဖြင့် သဘာဝအတိုင်း လမ်းများ မရှိပေ။ ပတ်ဝန်းကျင်ကို မထိခိုက်စေရန်အတွက် လုပေါင်ပင်လျှင် လမ်းလျှောက်ရန် အလွန်ခက်ခဲနေသည်။ လုပေါင် ဤကဲ့သို့ လမ်းလျှောက်နေသည်ကို မြင်ရသည့်အခါ ဤနေရာမှာ မည်သူမှ မရောက်ဖူးသေးသည့် နေရာအစစ်အမှန်ဖြစ်ကြောင်း လူတိုင်း အသေအချာ ယုံကြည်သွားကြသည်။

သို့သော် လုပေါင်သည် အပြင်ဘက် ဧရိယာကို ပတ်ကြည့်သော်လည်း မည်သည့် အသီးအနှံမျှ ရှာမတွေ့ပေ။ အပြင်ဘက်ရှိ အသီးများကိုမူ ပျံသန်းနိုင်သော အမွှေးရှိမြွေက အကုန်စားထားပြီး ဖြစ်ဟန်တူသည်။

“မဟုတ်သေးဘူးလေ။ ဒါက မြေအောက်တောအုပ် ဆိုပေမဲ့ ကြည့်စရာ ဘာရှိလို့လဲ။”

“ဟုတ်တယ် ရတနာနတ်ဘုရား ခင်ဗျား အကြံကုန်နေပြီလား။”

“အကြံကုန်နေရင်လည်း မီးခြစ်ပဲ ကိုက်ပြလိုက်တော့ live ကို အတင်းကြီး လွှင့်မနေပါနဲ့ဦး။”

Live လွှင့်ပြီး အတော်ကြာသည်အထိ လုပေါင်က အသစ်အဆန်း ဘာမှမပြနိုင်သေးသဖြင့် လိုက်ဖ်ရုမ်းထဲရှိ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အချို့သောသူများမှာ ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာရန် ပေါ်လာကြသည်။ ဤလူများသည် အခြား လိုက်ဖ်ပလက်ဖောင်းများမှ လုပေါင်၏ ကြည့်ရှုသူများကို ဆွဲထုတ်ရန် စေလွှတ်ထားသူများ ဖြစ်သည်။

Ocean Live Streamတွင်မူ မရေးထားသော စည်းကမ်းတစ်ခု ရှိနေသည်။ ၎င်းမှာ လုပေါင် live လွှင့်သည့်အခါ အခြားသူများအားလုံးက live ရပ်ပေးကြပြီး ဆာဗာများကို လုပေါင်အတွက် သီးသန့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးကာ ကြည့်ရှုသူများကို အကောင်းဆုံး အတွေ့အကြုံ ပေးရန် ဖြစ်သည်။ သို့သော် အခြား ပလက်ဖောင်းများမှာမူ ထိုသို့မဟုတ်ပေ။

သို့သော် လုပေါင်၏ လက်ရှိ ကြည့်ရှုသူ အရေအတွက်မှာ ပြိုင်ဘက်ကင်းလှသည်။သူ လိုက်ဖ်လွှင့်သည်နှင့် အခြား ပလက်ဖောင်းများ၏ ကြည့်ရှုသူနှုန်းမှာ သိသိသာသာ ကျဆင်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် ထိုပလက်ဖောင်းများ၏ အခကြေးငွေပေးထားသော ဝေဖန်ရေးသမားများ မှာလည်း အလုပ်စရန် အချိန်တန်ပြီဖြစ်ကြောင်း သိလိုက်ကြသည်။ ယခင်က လုပေါင်၏ live များမှာ အမြဲတမ်း စိတ်လှုပ်ရှားစရာ ကောင်းနေသဖြင့် သူတို့ ဝေဖန်စရာ အချက် ရှာမရခဲ့ပေ။ သို့သော် ယနေ့တွင်မူ ဝေဖန်စရာ အချက်ကို နောက်ဆုံးတွင် ရှာတွေ့သွားပြီ ဖြစ်သည်။

သေချာပါသည်။ လုပေါင်၏ ပရိသတ်များမှာလည်း ထိုဝေဖန်သူများကို ငြိမ်ခံမနေနိုင်ကြသဖြင့် တစ်ခုလုံးမှာ အကြီးအကျယ် စကားများငြင်းခုံရာ နေရာဖြစ်သွားတော့သည်။ လုပေါင်သည်လည်း ဤအပြောင်းအလဲကို သတိပြုမိသော်လည်း လောလောဆယ်တွင် လိုက်ဖ်ပြစရာ အထူးအဆန်း မရှိသေးသဖြင့် ဘာမှ မပြောနိုင်သေးပေ။

သို့သော် ကွက်တိဆိုသလိုပင်။ လုပေါင်သည် နံရံထောင့်ရှိ အသိုက်တစ်ခုကို တွေ့လိုက်ရသည်။ ဤအသိုက်မှာ ပျံသန်းနိုင်သော အမွှေးရှိမြွေ၏ အသိုက်ဖြစ်မှာ သေချာလှသည်။ လုပေါင်ကို အံ့သြသွားစေသည့် အချက်မှာ ထိုအထဲတွင် မြွေဥတစ်လုံး ရှိနေခြင်းပင်။ နတ်ဘုရားကြိုးကြာသည် ထိုမြွေ၏ အသိုက်ကို ဖျက်ဆီးရန် ဂရုမစိုက်ခဲ့ပေ။ သူမသည် ထိုမျှအထိ အောက်တန်းမကျသဖြင့် မြွေအသိုက်မှာ သိပ်မဝှက်ထားဘဲ ဤနေရာတွင်ပင် ရှိနေခြင်းဖြစ်သည်။

လုပေါင် ထိုမြွေဥကို တွေ့လိုက်သည့် တစ်ချိန်တည်းမှာပင် ဥမှာ အသာအယာ လှုပ်ယမ်းလာပြီး လုပေါင်ကို အနားသို့ လာရန် ခေါ်နေသကဲ့သို့ ဖြစ်နေသည်။ လုပေါင် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

‘ဒါကဖျော်ဖြေမှုပေးဖို့ အကောင်းဆုံး အချက်ပဲ မဟုတ်လား။’

‘ခဏနေရင် အတောင်ပံပါတဲ့ မြွေလေး ထွက်လာတဲ့အခါ ဟိုဝေဖန်နေတဲ့သူတွေ ဘာပြောဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။’

အခန်း ၂၈၀- ရတနာနတ်ဘုရားက အစစ်အမှန်တွေပဲ ကစားတာ။

လုပေါင် ကင်မရာကို လှည့်ပြလိုက်သည်နှင့် အကြီးအကျယ် ငြင်းခုံနေကြသည့် ကွန်မန့်များမှာ ရုတ်တရက် ငြိမ်ကျသွားတော့သည်။ ထိုဥမှာ အလွန်ကြီးမားလှသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ဘတ်စကတ်ဘောလုံး တစ်လုံးခန့် ရှိမည်မှာ သေချာသည်။

“ဟား... ဒါ ဘာဥလဲ။ ဘာလို့ ဒီလောက်ကြီးနေရတာလဲ။”

“အတုကြီး မဟုတ်လား။ ကြိုတင်ပြီး စီစဉ်ထားတဲ့ မော်ဒယ်တစ်ခုလား။”

“ဟိုး... လှုပ်သွားပြီ အကောင်ပေါက်တော့မှာလား။”

ခဏချင်းမှာပင် လူတိုင်း၏ အာရုံမှာ ထိုဥပေါ်သို့ လုံးဝ ရောက်ရှိသွားတော့သည်။ ဝေဖန်သူများ ရှိနေသေးသော်လည်း မည်သူမှ ဂရုမစိုက်တော့ပေ။

“အားလုံး စိတ်ချပါ။ ခင်ဗျားတို့ရဲ့ ရတနာနတ်ဘုရားက အမြဲတမ်း အစစ်အမှန်တွေပဲ ပြတာပါ။ ခင်ဗျားတို့ လှည့်စားဖို့ ဘယ်တော့မှ မော်ဒယ်တွေ သုံးမှာမဟုတ်ဘူး။”

ကွန်မန့်များထဲက သံသယကို မြင်သည့်အခါ လုပေါင်က အော်ပြောလိုက်သည်။

သူ အော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဥခွံမှာ ပြင်းထန်စွာ လှုပ်ခါလာပြီး မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ချက်ချင်း ပေါ်လာတော့သည်။

‘ပျံသန်းနိုင်တဲ့အမွှေးရှိမြွေလေး ထွက်လာတော့မှာလား။’

လုပေါင်မှာမျှော်လင့်တကြီး ကြည့်နေမိသော်လည်း သူကိုယ်တိုင် သတ်ခဲ့သည့် မြွေ၏ သားသမီးကို ပြန်မွေးရမည်ကိုတော့ အနည်းငယ် စိတ်နေရခက်မိသည်။ သို့သော် ဖျော်ဖြေမှုက ပထမ မဟုတ်ပါလား။

သို့သော် နောက်တစ်စက္ကန့်တွင် လုပေါင် မှင်သက်သွားရသည်။ ဥခွံထဲမှ ပထမဆုံး ထွက်လာသည်မှာ ငါးခေါင်းနှင့်တူသော ခေါင်းတစ်ခု ဖြစ်သည်။ ထို့နောက် ၎င်းက ပါးစပ်ဟကာ ၎င်း၏ ကိုယ်ပိုင်ဥခွံကိုပင် ပြန်လည် စားသုံးနေတော့သည်။

“ဝိုး... ဒါ ဘာသတ္တဝါလေးလဲ။ အရမ်း ချစ်စရာကောင်းတာပဲ။”

“ဖြူဖွေးနေတာပဲ အရမ်း ဖြူတာပဲ။”

“ငါတော့ ကြိုမြင်နေပြီ ချီလင်လေးရဲ့ နေရာတော့ လှုပ်တော့မယ် ဒါက အရမ်း ချစ်ဖို့ကောင်းလွန်းတယ်။”

ခဏချင်းမှာပင် live တစ်ခုလုံးမှာ ထိုသတ္တဝါလေး၏ ချစ်စရာကောင်းမှုကြောင့် အရည်ပျော်သွားကြသည်။ ဝေဖန်သူများမှာလည်း ထပ်မံ တိုက်ခိုက်ရန် အခွင့်အရေး မရှိတော့ဘဲ လုလင်းဟွာ၏ အကောင့်ပိတ်သိမ်းမှုများကြောင့်လည်း ပျောက်ကွယ်သွားကြသည်။

ထိုအကောင်လေးမှာ အလွန်ပင် အစားမြန်လှသည်။ ဆယ်စက္ကန့်ကျော်အတွင်းမှာပင် ဥခွံတစ်ခုလုံး ကုန်သွားတော့သည်။ ထိုအခါမှသာ လုပေါင်သည် ၎င်း၏ ပုံပန်းသဏ္ဍာန် အပြည့်အစုံကို မြင်လိုက်ရသည်။

၎င်းမှာ တစ်ကိုယ်လုံး နှင်းကဲ့သို့ ဖြူဖွေးနေသော သတ္တဝါလေးဖြစ်ပြီး ခြေလက်များတွင် လက်ချောင်းများ မပါဘဲ ပျော့ပျောင်းပြီး ဝိုင်းစက်နေသော အဖုလေးများသာ ရှိသည်။ အရေပြားမှာ အရေးအကြောင်း သို့မဟုတ် အမွှေးအမျှင် လုံးဝမရှိဘဲ ချောမွေ့နေကာ ခေါင်းမှာ ဧရာမ ပုတ်သင်ညိုကြီးကဲ့သို့ ဝိုင်းစက်နေသည်။ ၎င်း၏ ပါးစပ်ကြီးမှာလည်း တစ်မျိုးဆန်းပြားစွာ ချစ်စရာကောင်းနေသည်။

“ဒါက ဘာကောင်လဲ။”

ထိုသတ္တဝါကို ကြည့်ကာ လုပေါင်လည်း ကြောင်တောင်တောင် ဖြစ်နေမိသည်။ သူက မြွေဥဟု ထင်ထားသော်လည်း သိသာသည်မှာ သူ မှားသွားခြင်းပင်။ ပုံမှန်အားဖြင့် အသစ်မွေးလာသော သတ္တဝါများသည် သူတို့ ပထမဆုံး မြင်ရသော အရာကို သံယောဇဉ် တွယ်တတ်ကြသည်။ သို့သော် ထိုအကောင်လေးမှာမူ လုပေါင်ကို တစ်ချက်သာ ကြည့်ပြီးနောက် ပါးစပ်ဟကာ သူ့ကို ကိုက်ရန် ခုန်အုပ်လိုက်တော့သည်။

ထိုခဏတွင် လုပေါင်သည် တစ်ကိုယ်လုံး စိမ့်တက်သွားကာ အကယ်၍ အကိုက်ခံရပါက သူ သေသွားနိုင်သည်ဟု ခံစားလိုက်ရသည်။သူ၏ ခန္ဓာကိုယ်မှာ တုန်တက်သွားပြီး နောက်သို့ ခုန်ဆုတ်လိုက်ကာ နံရံကို မှီလိုက်ရသည်။ ထိုအကောင်လေးသည် သူ၏နောက်က သစ်ပင်ကို ကိုက်လိုက်ရာ သစ်ပင်မှာ မျက်စိရှေ့တင် ခြောက်သွေ့သွားပြီး သဲပွင့်ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ မြေပေါ်သို့ ချက်ချင်း ကျသွားတော့သည်ကို သူ မြင်လိုက်ရသည်။

“အမလေး... ငါသာ အကိုက်ခံလိုက်ရရင်တော့ နတ်ပြည်ကို တန်းရောက်သွားမှာပဲ...”

ဤမြင်ကွင်းကို ကြည့်ကာ လုပေါင်သည် တံတွေးမြိုချရင်း ရေရွတ်လိုက်သည်။ စောစောက ချစ်စရာကောင်းသည်ဟု ချီးမွမ်းနေသည့် ကွန်မန့်များမှာလည်း ငြိမ်ကျသွားတော့သည်။ ဤမျှ ဖျက်ဆီးအား ပြင်းထန်သော သတ္တဝါမှာ မည်မျှပင် ချစ်စရာကောင်းစေကာမူ မည်သူမှ မခံနိုင်ပေ။

“ယားးး”

သစ်ပင်တစ်ပင်ကို ကိုက်ပြီးနောက် ထိုအကောင်လေး၏ မျက်လုံးများမှာ ဝင်းလက်လာပြီး လျှောက်လွှား ခုန်ပေါက်နေတော့သည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ပါးစပ်မှာလည်း မနားပေ။ ပတ်ဝန်းကျင်ရှိ သစ်ပင်များကို တစ်လုပ်ပြီးတစ်လုပ် ဆက်တိုက် စားသုံးနေတော့သည်။ ဘာပဲဖြစ်ဖြစ် ထိုသတ္တဝါ၏ တစ်ချက်အကိုက်ခံရရုံနှင့် ခြောက်သွေ့ပျောက်ကွယ်သွားရသည်။

ငါးမိနစ်အတွင်းမှာပင် ဂူဗိမာန်နတ်ဘုံထဲရှိ ထူထပ်လှသော အပင်များမှာ တစ်ဝက်ခန့် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုမျှမက ၎င်း၏ ကိုယ်ထည်မှာလည်း ပထမဆုံး မွေးလာစဉ်ကထက် အဆပေါင်းများစွာ ကြီးထွားလာပြီး အသွင်ပြောင်းကျား၏ အရွယ်အစားနီးပါး ရှိလာတော့သည်။ လုပေါင်သည် ဤပုံရိပ်များကို live ထဲက ကြည့်ရှုသူများကို မပြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကြည့်ရသည်မှာ အလွန် ကြောက်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။

“မိသားစုတို့ရေ ဒီအကောင်က ဘာလဲဆိုတာ ကျွန်တော် မသိပေမဲ့ ဒီနေ့တော့ အားလုံးအတွက် မျက်စိပွင့်သွားလိမ့်မယ်လို့ ထင်ပါတယ်။ကျွန်တော်တော့ပြေးတော့မယ်။”

လုပေါင်က ကင်မရာကို ကြည့်ကာ အမြန် အော်ပြောလိုက်သည်။

“နားလည်ပြီ။ ပြေးတော့ ရတနာနတ်ဘုရား။နောင်ကျရင် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ live တွေ ပြဖို့ ခင်ဗျားကို စောင့်မျှော်နေပါတယ်။”

ချက်ချင်းဆိုသလိုပင် ထိပ်တန်း အလှူရှင်က ဦးဆောင်ကာ ကွန်မန့်ပို့လိုက်ပြီး လူတိုင်းကလည်း နားလည်ကြောင်း ပြောကြသည်။ လုပေါင်သည် အခြားအရာများကို ဂရုမစိုက်တော့ဘဲ live ကို တိုက်ရိုက် ပိတ်လိုက်တော့သည်။

Live လွှင့်ဖို့က အရေးကြီးသော်လည်း သူ၏ အသက်က ပိုအရေးကြီးသည် မဟုတ်ပါလား။ အကယ်၍ ဤထူးဆန်းသော အကောင်က ဤနေရာရှိ အရာအားလုံးကို စားပြီးသွားလျှင် နောက်တစ်လှည့်မှာ သူ ဖြစ်နေပေလိမ့်မည်။ ဤတိုတောင်းသော အချိန်အတွင်းမှာပင် ၎င်း၏ ကိုယ်ထည် ကြီးထွားလာသည်နှင့်အမျှ ထိုသားရဲ၏ လှုပ်ရှားမှုများမှာ ပိုမို လျင်မြန်လာပြီး တောအုပ်ကို စားသုံးသည့် အရှိန်မှာလည်း ပိုမို မြန်ဆန်လာသည်။

ဤသားရဲလေး ပေါက်လာသည့်အချိန်တွင် ကျုံးနန်တောင်နှင့် မိုင်တစ်ရာခန့် ဝေးကွာသော ရွှံ့နွံတောတစ်ခု၌.။

ပေါင်ရှင်းကျီ သည် သံလိုက်အိမ်မြှောင်ကို ကိုင်ကာ ဖြူကြီးကို တောထဲသို့ လမ်းပြနေသည်။ လုပေါင်နှင့် လမ်းခွဲခဲ့ပြီးကတည်းက သူတို့ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း အချိန်အတော်ကြာသည့်တိုင် ဘာမှ မရရှိသေးပေ။ သို့သော် ဖြူကြီးကမူ ဤအပေါ်တွင် မည်သည့် ကန့်ကွက်မှုမျှ မရှိပေ။ သူသည် ရတနာရှာရန် စိတ်မဝင်စားဘဲ ပေါင်ရှင်းကျီ၏ ဘေးတွင် ရှိနေရလျှင်ပင် ကျေနပ်နေသူ ဖြစ်သည်။

ထိုအချိန်တွင် အချိန်အတော်ကြာအောင် မလှုပ်မယှက် ရှိနေခဲ့သော ပေါင်ရှင်းကျီ၏ လက်ထဲမှ သံလိုက်အိမ်မြှောင်မှာ ရုတ်တရက် အပ်တံများ အပြင်းအထန် လည်ပတ်လာတော့သည်။

“ဟား... ငါတို့ ရတနာတစ်ခု ရှာတွေ့ပြီလား။”

သံလိုက်အိမ်မြှောင်၏ အပြောင်းအလဲကို မြင်သည့်အခါ ပေါင်ရှင်းကျီက အံ့သြတကြီး အော်လိုက်သည်။ ခဏမျှ လှုပ်ခါပြီးနောက် အပ်တံများအားလုံးမှာ ကျုံးနန်တောင် ရှိရာ အရပ်သို့ တည့်တည့် ညွှန်ပြကာ ရပ်တန့်သွားသည်။

“ဒါက...”

ဖြူကြီးက ဘေးနားတွင် ရပ်ရင်း စူးစမ်းစွာ မေးလိုက်သည်။

ပေါင်ရှင်းကျီသည် သံလိုက်အိမ်မြှောင်ပေါ်ရှိ အင်းကွက်များကို အကြာကြီး စိုက်ကြည့်ပြီးနောက် ရေရွတ်လိုက်သည်။

“ဖြူကြီး... ထိပ်တန်းအဆင့် ဝိညာဉ်သားရဲ တစ်ကောင်မွေးဖွားလာပြီ။”

ဤစကားကို ကြားသည်နှင့် ဖြူကြီးလည်း စိတ်လှုပ်ရှားသွားသည်။ ဝိညာဉ်သားရဲတစ်ကောင်မှာ ကြီးထွားပြီး ကိုယ်ပိုင်အသိဉာဏ် ရလာသည့်အခါ ဖမ်းယူရန် အလွန်ခက်ခဲသော်လည်း အသစ်မွေးစ သားရဲမှာမူ ယဉ်ပါးအောင် လုပ်ရန် အလွယ်ကူဆုံး ဖြစ်သည်။ ထို့ပြင် ဤသည်မှာ ထိပ်တန်းအဆင့် တစ်ကောင် မဟုတ်ပါလား။

“ဘယ်လောက် ဝေးလဲ။”

လောင်ပိုင်က အနည်းငယ် ကုန်းလိုက်ပြီး ပေါင်ရှင်းကျီကို မေးလိုက်သည်။

“မိုင်တစ်ရာလောက်ပဲ။”

ပေါင်ရှင်းကျီက ပြောရင်းနှင့် ဖြူကြီး၏ ပုခုံးကို ကိုင်ကာ သူ၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။

“ဟိုဘက်ကို သွား။”

ပေါင်ရှင်းကျီက လက်ညှိုးဖြင့် ကျုံးနန်တောင်ဘက်သို့ ညွှန်ပြလိုက်သည်။ ထိုခဏတွင် ဖြူကြီး၏ ပါးစပ်မှ ဟိန်းသံတိုးတိုးလေး ထွက်လာပြီးနောက် ဖြူဖွေးသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ထိုအရပ်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

ဂူဗိမာန်နတ်ဘုံ အတွင်း၌။

လုပေါင်သည် ယခုအခါ ဗလာဖြစ်နေသော ဂူကြီးကို ကြည့်ကာ ထိုအကောင်လေး၏ စားသောက်နိုင်စွမ်းကို အံ့သြနေမိသည်။

သို့သော်ဂူတစ်ခုလုံးကို စားပြီးနောက်တွင်မူ ၎င်းမှာ ဗိုက်ဝသွားသည့်ပုံပေါ်သည်။ လုပေါင်ကို ပြန်ကြည့်သည့်အခါ ၎င်း၏ မျက်လုံးများတွင် စားချင်စိတ်များ မရှိတော့ပေ။

“ဒီကို လာခဲ့။”

လုပေါင်သည် ကြိုးကြာမွှေးဝတ်ရုံကို ဝတ်ထားပြီးဖြစ်သည်။ အကယ်၍ တစ်ခုခု မှားယွင်းပါက အချိန်မရွေး ထွက်ပြေးရန် အသင့်ပြင်ထားသည်။

All Chapters