အခန်း (၂၇၅-၂၇၆)
Vol. 28 Ch. 275-276
အခန်း ၂၇၅- နတ်ဘုရားတစ်ပါးလား။
လုပေါင် ပြန်ရောက်လာသည့်အခါ ထိုကောင်မလေးမှာ အရိပ်အယောင်ပင် မရှိတော့ပေ။ ဤကောင်မလေးသည် သူမ၏ တစ်သက်တာလုံး ဖူဂျီတောင်အနီးအနားသို့ပင် လာတော့မည်မဟုတ်ဟု သူ ခန့်မှန်းလိုက်သည်...။
စောစောက သူ စမ်းသပ်ကြည့်ပြီးပြီဖြစ်ရာ ဤကြိုးကြာမွှေးဝတ်ရုံ၏ အမြင့်ဆုံးအရှိန်မှာ အသံထက်မြန်သော အရှိန် နီးပါး ရှိသည်။သာမန်လူတစ်ယောက်သာ မည်သည့်ကာကွယ်မှုမျှမပါဘဲ အသံထက်မြန်သော အရှိန်ဖြင့် ပျံသန်းမည်ဆိုပါက ချက်ချင်းပင် တုန်ခါပြီး သေသွားနိုင်ပါသည်။ သို့သော် လုပေါင်၏ လက်ရှိကိုယ်ခန္ဓာကြံ့ခိုင်မှုဖြင့်ဆိုလျှင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းသည်မှလွဲ၍ အခြား ဘေးထွက်ဆိုးကျိုး မရှိပေ။
“နှမြောစရာကောင်းတာက ဒီဝတ်ရုံက ဆယ်ရက်မှ တစ်နာရီပဲ ပျံလို့ရတာပဲ မဟုတ်ရင်တော့ တကယ့်ကို အလန်းကြီး ဖြစ်နေမှာ။”
ဂူပေါက်ဝတွင် ရပ်ရင်း လုပေါင်သည် သက်ပြင်းချကာ ဝတ်ရုံကို အောက်ခြေမဲ့တွင်းထဲသို့ ပြန်သိမ်းလိုက်သည်။ ဝတ်ရုံက ကောင်းသော်လည်း နေ့တိုင်းဝတ်ထားဖို့ကျတော့ အနည်းငယ် လူထူးလူဆန်းဆန်လွန်းနေသည်။ အရေးကြီးသော အချိန်မျိုးမှလွဲ၍ သူ အသုံးပြုဖြစ်မည် မဟုတ်ပေ။
ဝတ်ရုံကို သိမ်းပြီးနောက်၏ ကြိုးကြာက သူ့ကို ဇဝေဇဝါမျက်နှာဖြင့် ကြည့်နေသည်ကို လုပေါင် တွေ့လိုက်ရသည်။
“ကျွန်ုပ်ရဲ့ ရန်ငြိုးဟောင်းကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရားအရှင်။”
ကြိုးကြာသည် လုပေါင်ကို မျက်နှာမူကာ အလွန်အမင်း ရိုသေကိုင်းရှိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။ ဤသို့ ခေါ်ဝေါ်သံကို ကြားလိုက်ရသဖြင့် လုပေါ ခဏမျှ ဆွံ့အသွားသည်။
ကိုယ်ပိုင်ပျံသန်းနိုင်သော သားရဲရှိသည့်အပြင် ချီလင်လေး ကဲ့သို့ မြင့်မြတ်သော သားရဲကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားရှိပြီး၊ မိမိကိုယ်တိုင်လည်း ပျံသန်းနိုင်သူအားကြိုးကြာ၏ အမြင်တွင် သူသည် နတ်ဘုရားတစ်ပါး မဟုတ်လျှင် ဘာဖြစ်နိုင်ဦးမည်နည်း။
လုပေါင် ခဏမျှ မဝေခွဲနိုင်ဖြစ်သွားပြီးမှ ပြုံးလျက် လက်ဝှေ့ယမ်းကာ ခေါင်းညိတ်ပြလိုက်သည်။
“ဒါက သေးငယ်တဲ့ ကိစ္စလေးပါ၊ ပြောနေဖို့တောင် မလိုပါဘူး။”
သူသည် နတ်ဘုရားဆိုသော ဘွဲ့ကို ငြင်းဆိုခြင်းမပြုခဲ့ပေ။ ဤဂုဏ်ပုဒ်က ကြိုးကြာကို သူ့အပေါ် ရိုသေလာစေသဖြင့် လုပေါင်သည် ငြင်းဆိုလောက်အောင် မိုက်မဲသူ မဟုတ်ပေ။
သို့သော် လုပေါင် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသည်။ ယခုတစ်ကြိမ်တွင် ကြိုးကြာသည် ငှက်စကားဖြင့် ပြောခြင်းမဟုတ်ဘဲ လူ့ဘာသာစကားဖြင့် တိုက်ရိုက် ပြောလိုက်ခြင်း ဖြစ်သည်။
“မင်းက စကားပြောတတ်တာလား။”
လုပေါင် မျက်လုံးပြူးကာ ကြိုးကြာကို အံ့သြတကြီး ကြည့်လိုက်သည်။
ကြိုးကြာက ခေါင်းညိတ်ကာ
“ပြောတတ်ပါတယ်။”
“ဒါဆို စောစောက ဘာလို့ ကျွန်တော့်ကို ငှက်စကားတွေ လာပြောနေတာလဲ...”
လုပေါင် အားကိုးရာမဲ့စွာ ပြောလိုက်သည်။ အကယ်၍ သူ့မှာ စိတ်ချင်းဆက်သွယ်နိုင်စွမ်း မရှိခဲ့လျှင် သူတို့နှစ်ဦး စကားပြောနိုင်ကြမည် မဟုတ်ပေ။
“မပြောချင်လို့လေ။”
ကြိုးကြာ၏ တည့်တည့်တိုး ဖြေဆိုချက်ကြောင့် လုပေါင် ဆွံ့အသွားရပြန်သည်။ တော်သေးသည်မှာ ကြိုးကြာသည် ယခင်ကလို မေးမှဖြေသည့် အဆင့်တွင် မရှိတော့ပေ။
ကြိုးကြာနှင့် ခဏမျှ စကားပြောပြီးနောက် ထိုမြွေကို ပျံသန်းနိုင်သော အမွှေးရှိမြွေဟု ခေါ်ကြောင်းနှင့် ၎င်းသည် ကြိုးကြာနှင့်အတူ တစ်နေရာတည်းတွင် မွေးဖွားလာသူဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့သည် နှစ်ပေါင်းရာချီအောင် တိုက်ခိုက်လာခဲ့ကြခြင်း ဖြစ်သည်။
၎င်းသည် ကြိုးကြာကို မစားနိုင်မှန်း သိသွားသည့်အခါ ကြိုးကြာ၏ ဥများကို ပစ်မှတ်ထားလာတော့သည်။ ယခင်က ကြိုးကြာ၏ ဥသုံးလုံးမှာ ထိုမြွေ၏ အခိုးခံရပြီး စားသုံးခြင်း ခံခဲ့ရဖူးသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ဥများ အခိုးမခံရစေရန် မီးတောင်ဝ၌ အသိုက်လာဆောက်ခြင်း ဖြစ်သည်။ မြွေသည် မီးကို ကြောက်သဖြင့် ဤနေရာတွင် တိုက်ခိုက်ခြင်းက ကြိုးကြာအတွက် အားသာချက် ဖြစ်စေသည်။
ကြိုးကြာ၏ စကားကို နားထောင်ရင်း လုပေါင် ခေါင်းညိတ်လိုက်မိသည်။ ထိုမြွေသည် ဘာကြောင့် ချီလင်လေး ၏ တစ်ချက်တည်းနှင့် ပြာကျသွားရသလဲဆိုသည်ကို သူ နားလည်သွားပြီ။ ချီလင်လေး ကြီးထွားလာသည့်အပြင် ထိုမြွေမှာ သဘာဝအရ မီးကို ကြောက်တတ်သောကြောင့်လည်း ဖြစ်သည်။
ထိုအချိန်တွင် ကြိုးကြာသည် လူသားတစ်ယောက်ကဲ့သို့ အလွန်ယဉ်ကျေးစွာ ဦးညွှတ်ကာ ပြောလိုက်သည်။
“နတ်ဘုရားအရှင်က ကျွန်ုပ်ကို ဒီလောက်တောင် ကူညီပေးခဲ့တာ ကျွန်ုပ်မှာ ပြန်ပေးစရာ ဘာမှမရှိဘူး ဖြစ်နေတယ်။”
“ရပါတယ်။ ဒီနေရာက ခင်ဗျားအတွက် သိပ်မလုံခြုံဘူးလို့ ကျွန်တော် မြင်တယ်။ ကျွန်တော့်မှာ နေရာကောင်းတစ်ခု ရှိတယ်။ အဲဒီကို ပြောင်းလာဖို့ စဉ်းစားမလား။”
လုပေါင် ချောင်းတစ်ချက်ဟန့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ ဤကြိုးကြာ၏ အစွမ်းမှာ ထူးကဲလှသည့်အပြင် ရုပ်ဆိုးတဲ့ လင်းနို့ထက် အများကြီး ပိုကြည့်ကောင်းသည်။ နောင်တွင် ကြိုးကြာစီးပြီး အပြင်ထွက်ခြင်းက လင်းနို့စီးတာထက် အများကြီး ပိုမျက်နှာပွင့်စရာ မဟုတ်ပါလား။
သိသာသည်မှာ ဤသို့တွေးသူမှာ လုပေါင် တစ်ယောက်တည်းသာ ရှိလိမ့်မည်။ အခြားသော ဂုဏ်ထူးဆောင်ဆရာကြီး များသာဆိုလျှင် လင်းနို့စီးဖို့ ဝေးစွ သစ်သားတုံးစီးပြီး ပျံလို့ရလျှင်ပင် တစ်ကမ္ဘာလုံးကို လိုက်ပြချင်နေကြပေလိမ့်မည်။ သို့သော် လုပေါင်ကတော့ ဘယ်သားရဲက ပိုမျက်နှာပွင့်မလဲဆိုသည်ကို စတင် နှိုင်းယှဉ်နေပြီဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက် တကယ်ကို မတူညီကြပေ။
“ဘယ်လို နေရာမျိုးလဲ။ ကျွန်ုပ်ရဲ့ ဥတွေက ဒီမှာ အကုန်ရှိနေပြီဆိုတော့ အဝေးကြီးကို ရွှေ့ဖို့က အဆင်မပြေလောက်ဘူး ထင်တယ်။”
ကြိုးကြာက စူးစမ်းစွာ ပြန်မေးသည်။ လုပေါင်သည် နံရံကို အသာအယာ ပုတ်လိုက်ရာ အောက်ခြေမဲ့တွင်း၏ အဝင်ဝမှာ နံရံမျက်နှာပြင်ပေါ်တွင် တိုက်ရိုက် ပေါ်လာတော့သည်။
“ဒါက ကျွန်တော့်ရဲ့ ဂူဗိမာန်နတ်ဘုံ ပဲ။ အထဲဝင်ပြီး အရင်ကြည့်ချင်လား။”
လုပေါင်သည် သူ၏ နတ်ဘုရားဂုဏ်ပုဒ်နှင့် လိုက်ဖက်အောင် အောက်ခြေမဲ့တွင်းကို ပိုမိုနားဝင်ချိုသော အမည်တစ်ခု ပေးလိုက်သည်။ ကြိုးကြာသည် အစက ထိုတံခါးပေါက်ထဲ မဝင်ချင်သော်လည်း ဂူဗိမာန်နတ်ဘုံဆိုသော အမည်ကို ကြားသည့်အခါ စူးစမ်းချင်စိတ် ဖြစ်လာပြီး လုပေါင် နောက်သို့ လိုက်ဝင်သွားတော့သည်။
အောက်ခြေမဲ့တွင်းထဲသို့ ရောက်သည်နှင့် ထူးဆန်းသော ဥက္ကာခဲများ၏ စွမ်းအင်ကြောင့် ကြိုးကြာမှာ ချက်ချင်းပင် လန်းဆန်းသွားတော့သည်။
“နတ်ဘုရားအရှင် ဖြစ်တာနဲ့အညီ ဒီလို ဂူဗိမာန်မျိုးကို ပိုင်ဆိုင်ထားတာပဲ...”
ကြိုးကြာက ပတ်ပတ်လည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“ဘယ်လိုလဲ။မဆိုးဘူး မဟုတ်လား။ ဒီမှာ ကျွန်တော့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ အများကြီးရှိတော့ ခင်ဗျားလည်း အထီးမကျန်တော့ဘူးပေါ့။”
လုပေါင်က ဆက်လက် မြှောက်ပင့်ပြောဆိုလိုက်သည်။ ကြိုးကြာမှာ စိတ်လှုပ်ရှားလာသည်မှာ သိသာလှသည်။ သို့သော် ခဏအကြာတွင် ကြိုးကြာက ခေါင်းခါကာ ပြောလိုက်သည်။
“ဒီနေရာက ကောင်းပေမဲ့ ကျွန်ုပ် ဒီမှာ နေလို့မရမှာကို စိုးရိမ်မိတယ်။”
လုပေါင် ဇဝေဇဝါဖြင့် ကြည့်လိုက်ရာ ကြိုးကြာက ချက်ချင်း ရှင်းပြသည်။ ကြိုးကြာဥများသည် အလွန် နုနယ်လှပြီး ပတ်ဝန်းကျင် အနည်းငယ် ပြောင်းလဲသွားသည်နှင့် အကောင်ပေါက်ရန် ပျက်စီးသွားနိုင်သည်။ ယခု ဥများသည် ထိုမီးတောင်ဝ ပတ်ဝန်းကျင်နှင့် အသားကျနေပြီဖြစ်ရာ ဤနေရာသို့ ရွှေ့လာပါက အကောင်ပေါက်တော့မည် မဟုတ်ပေ။ ကြိုးကြာသည် သူမ၏ သားသမီးများကို စွန့်ပစ်ပြီး ဤနေရာသို့ မပြောင်းနိုင်သည်မှာ ထင်ရှားသည်။
လုပေါင် အနည်းငယ် စိတ်ပျက်သွားသော်လည်း ဘာမှမတတ်နိုင်ပေ။ ကြိုးကြာကို သူမ၏ သားသမီးများအား စွန့်လွှတ်ရန် သူ အတင်းအကျပ် မလုပ်နိုင်ပေ။
“ဒါပေမဲ့ နတ်ဘုရားအရှင်မှာ သင့်တော်တဲ့ သားရဲမရှိဘူးဆိုရင် ကျွန်ုပ်ရဲ့ ကလေးတွေ မွေးလာတဲ့အခါ သူတို့ထဲက တစ်ကောင်ကို နတ်ဘုရားအရှင်ရဲ့ သားရဲအဖြစ် ခစားစေဖို့ လိုလိုလားလား ရှိပါတယ်။”
ထိုအချိန်တွင် ကြိုးကြာက ကျယ်လောင်စွာ ပြောလိုက်သည်။ ဤစကားကြောင့် လုပေါင် မျက်လုံးများ ဝင်းလက်သွားကာ ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။ ကြိုးကြာစီးရမှာက တကယ်ကို အလန်းကြီး မဟုတ်ပါလား။
ကြိုးကြာ၏ ကတိစကားကြောင့် လုပေါင်သည် သူမကို အတင်းအကျပ် မခေါ်တော့ဘဲ အပြင်သို့ ပြန်ခေါ်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ကြိုးကြာ၏ မျက်လုံးများမှာ အောက်ခြေမဲ့တွင်း၏ အနက်ရှိုင်းဆုံးနေရာသို့ စိုက်ကြည့်နေသည်ကို သူ သတိထားမိလိုက်သည်။
“ဘာဖြစ်လို့လဲ။”
လုပေါင် စူးစမ်းစွာ မေးလိုက်သည်။
“နတ်ဘုရားအရှင်ရဲ့ ဂူထဲမှာ အဆင့်တက် နေတဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန် ရှိနေတာလား။”
ကြိုးကြာက မေးလိုက်သည်။
“အဆင့်တက်နေတာ။”
လုပေါင် ခဏမျှ မှင်သက်သွားပြီးမှ အမြန် ခေါင်းညိတ်လိုက်သည်။ မှန်ပါသည် မီးပုရွက်ဆိတ်နီအုပ်စုတစ်ခုလုံးမှာ အဆင့်တက်နေခြင်း ဖြစ်သည်။ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း မပြီးဆုံးသေးပေ။ ဤလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လုပေါင် ဘာမှ မသိပေ။ သို့သော် ဤကြိုးကြာကတော့ တစ်ခုခု သိနေပုံရသည်။
“ကျွန်တော့်နောက် လိုက်ခဲ့ပါ အတွင်းထဲဝင်ပြီး ကြည့်ကြတာပေါ့။”
လုပေါင်သည် မဆိုင်းမတွဘဲ ကြိုးကြာကို အောက်ခြေမဲ့တွင်း၏ အနက်ရှိုင်းဆုံးနေရာသို့ ခေါ်ဆောင်သွားတော့သည်။
အခန်း ၂၇၆- ဂူဗိမာန်နတ်ဘုံ။
ထိုအချိန်တွင် လုပေါင်သည် မီးပုရွက်ဆိတ်နီများ အဆင့်တက်နေသည့် နေရာသို့ ကြိုးကြာကို ခေါ်ဆောင်လာခဲ့သည်။
လုပေါင် အစောပိုင်းက ဝင်လာစဉ်က မီးနီပုရွက်ဆိတ်အုပ်စုတစ်ခုလုံးသည် ပုရွက်ဆိတ်လုံးကြီးအဖြစ် စုစည်းနေခဲ့ကြသည်။ ယခုမူ ထိုပုရွက်ဆိတ်လုံးကြီးမှာ အရွယ်အစားအားဖြင့် မီတာဝက်ပင် မရှိတော့ပေ။ အဆင့်တက်စဉ်က သေဆုံးသွားသော ပုရွက်ဆိတ်အလောင်းများကိုမူ ကြွက်အုပ်စုက ရှင်းလင်းထားပြီးဖြစ်သည်။ ယခုအခါတွင်မူ အလောင်းများ ထပ်မံကျလာခြင်း မရှိတော့ဘဲ အဆင့်တက်မှုမှာ ရပ်တန့်နေသည့်ပုံပေါ်သည်။
“ဘယ်လိုလဲ။ ဘာဖြစ်နေတာလဲဆိုတာ ခင်ဗျား သိလား။”
လှုပ်ရှားမှုမရှိသလောက်ဖြစ်နေသော အလုံးကြီးကို ကြည့်ကာ လုပေါင်က ကြိုးကြာကို ပုတ်ပြီး မေးလိုက်သည်။
ကြိုးကြာသည် သူမ၏ လည်ပင်းကို ဆန့်ထုတ်ကာ ထိုအလုံးကြီးကို အနီးကပ် စတင်စစ်ဆေးတော့သည်။ ကြိုးကြာ လမ်းလျှောက်နေစဉ်မှာပင် ပုရွက်ဆိတ်လုံးကြီးထဲမှ ပုရွက်ဆိတ်အသေ အနည်းငယ် ထပ်မံကျလာသည်။ ကြိုးကြာက လျင်မြန်သော လှုပ်ရှားမှုဖြင့် ခေါင်းကိုဆန့်ကာ ထိုပုရွက်ဆိတ်အသေများကို ပါးစပ်ထဲသို့ တိုက်ရိုက် မြိုချလိုက်သည်
“အသေးစိတ်တော့ မသိပေမဲ့ သူတို့တစ်ခုခု မှားယွင်းနေပြီဆိုတာ သိသာတယ်။”
ပုရွက်ဆိတ်အသေများကို မြိုချပြီးနောက် ကြိုးကြာက ခေါင်းမော့ကာ လုပေါင်ကို ပြောလိုက်သည်။
“အမလေး... ခင်ဗျားက တစ်လုပ်စားကြည့်ရုံနဲ့ သိတာလား။”
လုပေါင်သည် ကြိုးကြာ၏ စွမ်းရည်ကို အံ့သြတကြီးဖြင့် မျက်တောင်ခတ်ရင်း ကြည့်နေမိသည်။
ကြိုးကြာက ခေါင်းညိတ်ကာ လုပေါင်ကို ရှင်းပြတော့သည်။ သူမသည် မီးနီပုရွက်ဆိတ်နီမျိုးနွယ်နှင့် အကျွမ်းတဝင် မရှိသော်လည်း ၎င်းတို့မှာ အဆင့်တက်နေသည့်အဆင့် တွင် ရှိနေသည်ကို ခံစားမိသည်။ စောစောက ကျလာသည့် အကြွင်းအကျန်များကို စားကြည့်သည့်အခါ ထိုအလောင်းများတွင် အခွံမှလွဲ၍ စွမ်းအင် အစအနပင် မကျန်တော့သည်ကို ကြိုးကြာ သိလိုက်ရသည်။
အခြားအကြောင်းပြချက်မရှိလျှင် ဤသည်မှာ မီးပုရွက်ဆိတ်နီများသည် အဆင့်တက်နေစဉ် လမ်းခုလတ်မှာပင် စွမ်းအင် ကုန်ခမ်းသွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ကျလာသည့် အလောင်းများမှာလည်း စွမ်းအင်အားလုံး စုပ်ယူခံရပြီးမှသာ ကျလာခြင်းဖြစ်သည်။
“ဒါဆို... သူတို့ကို ကူညီပေးနိုင်မယ့် နည်းလမ်းရှိလား။”
ကြိုးကြာ၏ စကားကို နားထောင်ပြီး လုပေါင်လည်း စိုးရိမ်ပူပန်လာမိသည်။ ကြိုးကြာ၏ ပြောပြချက်အရ ဤအခြေအနေသည် အချိန်အတိုင်းအတာတစ်ခုအထိသာ ခံနိုင်မည်ဖြစ်သည်။ စုပ်ယူစရာ စွမ်းအင် လုံးဝမရှိတော့သည့်အခါ အဆင့်တက်မှုမှာ လုံးဝရပ်တန့်သွားမည်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သည့် ပုရွက်ဆိတ်များမှာ အနည်းငယ် တိုးတက်လာနိုင်သော်လည်း၊ ဤကဲ့သို့ အဆင့်တက်မှု မအောင်မြင်ခြင်းကို ကြုံတွေ့ပြီးနောက်တွင်မူ ထိုပုရွက်ဆိတ်များသည် သူတို့၏ တစ်သက်တာလုံး ထပ်မံတိုးတက်နိုင်တော့မည် မဟုတ်ပေ။
ဤပုရွက်ဆိတ်များမှာ သူ၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များဖြစ်ပြီး အဆင့်တက်ပြီးပါက ၎င်းတို့၏ အစွမ်းမှာ သိသိသာသာ တိုးတက်လာမည် ဖြစ်ရာ လုပေါင်သည် ဤအဆင့်တက်မှု ကျရှုံးသွားသည်ကို သဘာဝကျကျပင် မကြည့်ရက်ပေ။
“နည်းလမ်းတော့ ရှိပါတယ် ဒါပေမဲ့...”
ကြိုးကြာက သိသိသာသာပင် တွန့်ဆုတ်နေသည်။
“ဒါပေမဲ့ ဘာဖြစ်လဲ ပြောပါ။”
ကြိုးကြာတွင် နည်းလမ်းရှိသည်ကို ကြားလိုက်ရသဖြင့် လုပေါင် မျက်လုံးများ ဝင်းလက်သွားသည်။
“သူတို့ကို ကူညီနိုင်မယ့် အရာတစ်ခုရှိတဲ့ နေရာကို ကျွန်ုပ် သိတယ် ဒါပေမဲ့ နတ်ဘုရားအရှင်ကို အဲဒီကို လိုက်ပို့ပေးရင် ကျွန်ုပ်ရဲ့ ဥတွေကို စောင့်မယ့်သူ မရှိတော့ဘူး။ အဲဒါကို စိုးရိမ်မိလို့...”
ကြိုးကြာက လုပေါင်ကို ကြည့်ကာ သူမ၏ စိုးရိမ်မှုကို ဖုံးကွယ်ခြင်းမရှိဘဲ ပြောလိုက်သည်။
သို့သော် သူမ စကားမဆုံးခင်မှာပင် လုပေါင်က ဘေးဘက်သို့ လက်ဝှေ့ယမ်းလိုက်သည်။ လုပေါင်၏ လက်ဝှေ့ယမ်းမှုနှင့်အတူ ယခင်က ဗလာဖြစ်နေသော နံရံပေါ်တွင် နက်နက်ကြီး၏ပုံရိပ် ပေါ်လာတော့သည်။
နက်နက်ကြီးသည် သဘာဝအတိုင်း ကိုယ်ပျောက်နိုင်စွမ်းရှိပြီး အစောပိုင်းက သားရဲအသစ်တစ်ကောင် ဝင်လာသည်ကို သိရှိကတည်းက ထိုနေရာတွင် ပုန်းနေခြင်းဖြစ်သည်။ လုပေါင်က ဧည့်သည်ကို ခေါ်လာခြင်းဖြစ်ကြောင်း မြင်သဖြင့် မနှောင့်ယှက်စေရန် ကိုယ်ထင်မပြဘဲ နေခဲ့ခြင်းသာ။ အစွမ်းပိုင်းတွင်မူ ပျံသန်းနိုင်စွမ်းမရှိသည်မှလွဲ၍ နက်နက်ကြီးသည် ထိုပျံသန်းနိုင်သော အမွှေးရှိမြွေထက် အပြတ်အသတ် သာလွန်သူဖြစ်သည်။
တာဟေး ကိုယ်ထင်ပြလိုက်သည့် ခဏမှာပင် ကြိုးကြာ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားသည်။ သူမသည် နက်နက်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို ခံစားမိပြီး ၎င်းမှာ လက်ရှိ ချီလင်လေး ထက်ပင် ပိုမိုအားကောင်းနေသည် မဟုတ်ပါလား။
“ဥတွေအတွက်ဆိုရင်တော့ သူ့ကို စောင့်ခိုင်းလိုက်မယ်။ ဘယ်သူမှ လာမထိရဲစေရဘူးလို့ ကျွန်တော် အာမခံတယ်။”
လုပေါင်က တာဟေးကို ညွှန်ပြကာ ပြုံးပြီး ပြောလိုက်သည်။ နက်နက်ကြီးသည်လည်း နံရံပေါ်မှ ဆင်းလာကာ လုပေါင်၏ ဘေးသို့ ရောက်လာသည်။
“နတ်ဘုရားအရှင်က ဒီလိုပြောမှတော့ ကျွန်ုပ် လိုက်ပို့ပေးပါ့မယ်။”
ကြိုးကြာ ခဏမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ သိသာသည်မှာ ၎င်းမှာ လုပေါင်၏ ယခင်က ကူညီမှုကို ကျေးဇူးဆပ်လိုသောကြောင့်လည်း ဖြစ်သည်။ နက်နက်ကြီးကို လုံးဝ မယုံကြည်သေးသော်လည်း သူမ သဘောတူလိုက်သည်။
မကြာမီ လုပေါင်သည် ကြိုးကြာနှင့် နက်နက်ကြီးတို့ကို ထိုဂူထဲသို့ ပြန်ခေါ်လာခဲ့သည်။ နက်နက်ကြီးမှာ အလွန်ပင် နာခံမှုရှိလှသည်။ ဥများကို သေချာစောင့်ရန် လုပေါင်၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာ အသိုက်ဘေးတွင် ခွေနေပြီး ကိုယ်ပျောက်ကာ ငြိမ်သက်သွားတော့သည်။
နက်နက်ကြီးသည် သူမ၏ ဥများကို စိတ်မဝင်စားကြောင်း မြင်ရသည့်အခါမှ ကြိုးကြာလည်း လုံးဝ စိတ်အေးသွားကာ လုပေါင်ကို မီးတောင်ဝမှ ခေါ်ထုတ်လာခဲ့သည်။ ကြိုးကြာ၏ ဧရာမခန္ဓာကိုယ်ကြီးကြောင့် လုပေါင်အဖို့ သူမအပေါ် ထိုင်လိုက်ပါရန်မှာ ပြဿနာမရှိပေ။ ထို့ပြင် ကြိုးကြာသည် လေကို ထိန်းချုပ်နိုင်စွမ်းရှိသည့်ပုံရသည်။ သူမ၏ လက်ရှိအရှိန်မှာ အလွန်ပင် မြန်သော်လည်း လေတစ်ချက်ပင် လုပေါင်၏ ကိုယ်ပေါ်သို့ မတိုက်ခတ်ပေ။
“ဒဏ္ဍာရီထဲက နတ်ဘုရားတွေ ကြိုးကြာစီးပြီး ခရီးသွားကြတာ မဆန်းပါဘူး။ ဒါက တကယ့်ကို သက်တောင့်သက်သာရှိလှတာပဲ...”
လုပေါင်သည် ကြိုးကြာ၏ ကျောပေါ်တွင် ကျေနပ်အားရသော မျက်နှာဖြင့် ထိုင်နေသည်။
“ကျွန်ုပ်ရဲ့ ကလေး ဥထဲက ထွက်လာဖို့ဆိုရင် နှစ်အနည်းငယ်လောက်တော့ ကြာလိမ့်ဦးမယ်။ အဲဒီအချိန်ကျရင် နတ်ဘုရားအရှင်လည်း ကြိုးကြာစီးနိုင်မှာပါ။”
ကြိုးကြာက လုပေါင်၏ စကားကို ကြားပြီး ပြန်ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသည့်အခါ လုပေါင်၏ မျက်နှာပေါ်က မျှော်လင့်ချက်များမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ မူလက သူသည် ဥမှာ အလွန်ဆုံးရှိမှ လအနည်းငယ်အတွင်း ပေါက်မည်ဟု ထင်ထားခဲ့သော်လည်း နှစ်အနည်းငယ်ကြာမည်ဟု မည်သူက ထင်ထားပါမည်နည်း။ သို့သော် လုပေါင်မှာ အားကိုးရာမဲ့စွာဖြင့်သာ လက်ခံလိုက်ရသည်။ ဤကဲ့သို့သော အရာများကို ထိန်းချုပ်၍ မရနိုင်သည် မဟုတ်ပါလား။
ဤမျှရှည်လျားသော ဥဖောက်ချိန်ကြောင့်လည်း ယခင်က ထိုပျံသန်းနိုင်သော အမွှေးရှိမြွေသည် ဥသုံးလုံးကို ခိုးစားနိုင်ခဲ့ခြင်းဖြစ်မည်။ နှစ်အနည်းငယ်အတွင်း အခွင့်အရေးရှာဖို့ဆိုတာ သိပ်မခက်ခဲလှပေ။
ကြိုးကြာ၏ အရှိန်မှာ လင်းနို့ထက် အများကြီး ပိုမြန်လှသည် နှစ်နာရီအတွင်းမှာပင် သူမသည် လုပေါင်ကို တရုတ်နယ်စပ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ လုပေါင်မှာ ကြိုးကြာပေါ်ထိုင်ရင်း တစ်ကိုယ်တည်း အံ့သြနေမိသည်။ ဤကြိုးကြာသည် အဘယ်ကြောင့် ဖူဂျီတောင်တွင် သွားပြီး အသိုက်ဆောက်သလဲဆိုသည်မှာ မဆန်းတော့ပေ။သူမအတွက်မူ ဤခရီးအကွာအဝေးမှာ ဘာမှမဟုတ်သည့်ပုံပင်...။
ကြိုးကြာ၏ အရှိန်အဟုန်အောက်တွင် နောက်ထပ် နှစ်နာရီ ကုန်လွန်သွားပြီးနောက် သူတို့နှစ်ဦးမှာ တောင်တန်းတစ်ခု၏ အထက် ကောင်းကင်သို့ ရောက်ရှိလာကြသည်။
“ဒါ ဘယ်နေရာလဲ။”
လုပေါင်သည် ရင်းနှီးမှုမရှိသော ပတ်ဝန်းကျင်ကို ကြည့်ကာ ဇဝေဇဝါ မေးလိုက်သည်။
“ကျုံးနန်တောင်။”
ကြိုးကြာက တိုးတိုးလေး ဖြေလိုက်သည်။
ဤအဖြေကို ကြားလိုက်ရသည့်အခါ လုပေါင်၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားသည်။ ဒဏ္ဍာရီများအရ ကျုံးနန်တောင်သည် ကမ္ဘာပေါ်တွင် နံပါတ်တစ် ရတနာတောင်အဖြစ် လူသိများပြီး နတ်ဘုရားအများအပြားမှာ ဤနေရာမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။ ဤဒဏ္ဍာရီများကို အခြေခံရုံနှင့်တင် လုပေါင်သည် ဤနေရာတွင် ကောင်းမွန်သောအရာများ အမြောက်အမြား ရှိလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
မကြာမီ ကြိုးကြာ၏ ပုံရိပ်မှာလည်း မြေပြင်သို့ စတင် ဆင်းသက်တော့သည်။ သို့သော် အနီးကပ်ရောက်လာသည့်အခါ လုပေါင်၏ မျက်နှာမှာ ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားပြန်သည်။ ဘယ်လိုပဲကြည့်ကြည့် အောက်ဘက်ရှိ နေရာမှာ သာမန်တောင်တန်းတစ်ခုသာဖြစ်ပြီး ကောင်းမွန်သောအရာများ ရှိမည့်နေရာနှင့် မတူပေ။
သူတို့ ဆင်းသက်လာစဉ် ကြိုးကြာသည် တောင်စမ်းချောင်းလေးတစ်ခု၏ အထက်သို့ ရောက်လာသည်။ သူမသည် အရှိန်ကို လုံးဝမလျှော့ဘဲ ထိုစမ်းချောင်းထဲသို့ ခေါင်းစိုက်ကာ ခုန်ဆင်းလိုက်တော့သည်။ လုပေါင်သည် မသိစိတ်မှ အသက်အောင့်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ စမ်းချောင်းထဲသို့ နစ်မြုပ်သွားသည့်အခါ သူ၏ ပတ်ပတ်လည်တွင် ရေ လုံးဝမရှိသည်ကို အံ့သြတကြီး သတိပြုလိုက်မိသည်။
ကြိုးကြာ၏ လမ်းပြမှုအောက်တွင် သူသည် အသင့်အတင့် အရွယ်အစားရှိသော တောင်တောတစ်ခုထဲသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
“ဒါက ကျွန်ုပ် ကြီးပြင်းလာတဲ့ ဂူဗိမာန်နတ်ဘုံပဲ။”
ကြိုးကြာက လုပေါင်ကို တိုးတိုးလေး ပြောလိုက်တော့သည်။