အခန်း (၂၇၇-၂၇၈)
Vol. 28 Ch. 277-278
အခန်း ၂၇၇- ဒါက ရိုးသားတဲ့ ကြိုးကြာကို အနိုင်ကျင့်တာ မဟုတ်ဘူးလား။
ဤတောအုပ်လေးမှာ သိပ်မကျယ်လှပေ။ ဘောလုံးကွင်း နှစ်ကွင်းစာခန့်သာ ရှိလိမ့်မည်ဟု လုပေါင် ခန့်မှန်းလိုက်သည်။ တောအုပ်လေးကို ကျောက်နံရံများက ဝန်းရံထားပြီး ခေါင်းပေါ်တွင်လည်း ကျောက်သားမျက်နှာကြက်ကြီး ရှိနေသည်။
၎င်းမှာ လုံးဝပိတ်ဆို့နေသော နေရာတစ်ခုနှင့် တူလှသည်။ စောစောက ကြိုးကြာသည် သူ့ကို ဤနေရာထဲသို့ မည်သို့ခေါ်လာသနည်းဟု သူ သိချင်နေမိသည်။ လုံးဝပိတ်ဆို့နေသော်လည်း မှောင်မည်းမနေပေ။ မြေပြင်နှင့် နံရံများတွင် အလှဆင်ထားသော တောက်ပသည့် ကျောက်မျက်ရတနာများက နေရာတစ်ခုလုံးကို လှပကာ အရောင်အသွေးစုံလင်သော အလင်းရောင်များဖြင့် လင်းထိန်စေသည်။
“နတ်ဘုရားအရှင်မှာ မေးခွန်းတွေအများကြီး ရှိနေမှာကို ကျွန်ုပ် သိပါတယ်။ ဒါပေမဲ့ ဒီနေရာက ဘာလဲဆိုတာ ကျွန်ုပ်ကိုယ်တိုင်လည်း မသိပါဘူး။ ကျွန်ုပ် ဒီမှာပဲ မွေးဖွားလာခဲ့တာပါ။ အဝင်အထွက် လုပ်တဲ့နည်းလမ်းကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက ပျံသန်းနိုင်တဲ့ အမွှေးရှိမြွေနဲ့ တိုက်ခိုက်ရင်း မတော်တဆ ရှာဖွေတွေ့ရှိခဲ့တာပါ။”
လုပေါင်ကို မြေပြင်ပေါ် ချပေးပြီးနောက် ကြိုးကြာက တိုးတိုးလေး ပြောလိုက်သည်။
အောက်ဘက်ရှိ တောအုပ်ထဲသို့ ဆင်းသက်လိုက်သည့်အခါ ဤနေရာတွင် ပေါက်ရောက်နေသော အပင်များသည် အလွန်ပင် စိမ်းလန်းစိုပြည်ပြီး အပြင်ဘက်က အပင်များနှင့် မတူသည်ကို လုပေါင် သတိပြုမိလိုက်သည်။ ဆင်းသက်ပြီးသည်နှင့် ကြိုးကြာသည် ရည်ရွယ်ချက်ရှိရှိဖြင့် ရှေ့သို့ လမ်းလျှောက်သွားရာ လုပေါင်လည်း သဘာဝအတိုင်း နောက်က လိုက်သွားတော့သည်။
မကြာမီ သူတို့သည် ကျောက်နံရံတစ်ခု၏ အစွန်းသို့ ရောက်ရှိလာကြသည်။ လုပေါင် မမေးရသေးခင်မှာပင် ကြိုးကြာက နံရံပေါ်ရှိ အပေါက်ငယ်တစ်ခုကို အသာအယာ ဆိတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် နံရံတွင် လူတစ်ကိုယ်စာ ဖြတ်သန်းနိုင်သော အပေါက်ငယ်တစ်ခု ပွင့်သွားတော့သည်။
အတွင်းသို့ ဝင်လိုက်သည့်အခါ စတုရန်းမီတာ တစ်ရာခန့် ကျယ်ဝန်းပြီး အမျိုးမျိုးသော အပင်များဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုကို လုပေါင် တွေ့လိုက်ရသည်။ ပြောနေစရာပင် မလိုတော့ပါ ဤသည်မှာ ကြိုးကြာ၏ လျှို့ဝှက်အခြေစိုက်စခန်း ဖြစ်ပေလိမ့်မည်။
“ကျွန်ုပ်က အပြင်ကနေ မျိုးစေ့တွေ စုဆောင်းပြီး ဒီထဲကို ပစ်ထည့်ထားတာပါ။ ဒီဂူဗိမာန်ထဲမှာ ရှိသမျှ ပန်းပင်တွေနဲ့ အသီးအနှံပင်တွေ အကုန်လုံး ကျွန်ုပ်မှာ ရှိတယ်။”
သေချာပါသည်။ ကြိုးကြာက ထိုနေရာကို လုပေါင်အား ဂုဏ်ယူစွာ မိတ်ဆက်ပေးနေခြင်းပင်။
စကားပြောရင်းနှင့် သူမသည် မလှမ်းမကမ်းရှိ ရွှေရောင်သန်းနေသော ခရမ်းရောင်ပန်းလေးတစ်ပွင့်ကို ကြည့်ကာ ပြုံးလိုက်သည်။
“ဒီပန်းကို ကျွန်ုပ်က နေမင်းခရမ်းပန်းလို့ ခေါ်တယ်။ ပြင်ပဒဏ်ရာတွေအတွက်ဆိုရင် ဒီပန်းပွင့်ဖတ် တစ်ဖတ်တည်း စားလိုက်ရုံနဲ့ လုံးဝ ပျောက်ကွယ်သွားနိုင်တယ်။”
သို့သော် ကြိုးကြာ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လုပေါင်သည် လက်ကိုမြှောက်ကာ မဆိုင်းမတွဘဲ ထိုပန်းကို ခူးလိုက်ပြီး သူ၏ အောက်ခြေမဲ့တွင်းထဲသို့ သိမ်းလိုက်တော့သည်။
“ဟားဟားဟား ခင်ဗျားက ဒီလောက်တောင် ယဉ်ကျေးနေမှတော့ ကျွန်တော် လက်ခံလိုက်ပါ့မယ်။”
ပန်းကို ခူးပြီးနောက် လုပေါင်က ပြုံးရွှင်သော မျက်နှာဖြင့် ပြောလိုက်သည်။
ကြိုးကြာ မှင်သက်သွားသည်။ သူမသည် ထိုပစ္စည်းကို လုပေါင်အား ပေးရန် ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း လုပေါင်က အေးဆေးပင် ယူသွားခဲ့သည်။ ဘာပြောရမှန်း မသိတော့သဖြင့် သူမလည်း ရှေ့သို့ ဆက်လက် လမ်းလျှောက်သွားရုံသာ တတ်နိုင်တော့သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သစ်သီးနှစ်လုံး သီးနေသော သစ်ပင်လေးတစ်ပင်ကို လုပေါင် တွေ့လိုက်ရသည်။ ထိုအသီးမှာ သစ်တော်သီးနှင့် တူလှသည်။ ယခင်အတွေ့အကြုံအရ ကြိုးကြာသည် ၎င်းတို့ကို အစပျိုးပြီး မိတ်မဆက်ပေးတော့ပေ။ သို့သော် လုပေါင်က လက်ကိုမြှောက်ကာ အသီးကို ထိကြည့်ပြီး ကြိုးကြာကို မေးလိုက်သည်။
“ဒါကရော ဘာအတွက် သုံးတာလဲ။”
“ဒီအသီးရဲ့ အသုံးဝင်ပုံကို ကျွန်ုပ် သေသေချာချာ မသိဘူး ဒါပေမဲ့ စားလိုက်ရင်တော့ အသက်ရှူလမ်းကြောင်းကို ချောမွေ့စေတာတော့ အမှန်ပဲ။ အဲဒါက ကျင့်ကြံသူတွေရဲ့ ကျင့်စဉ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရမယ်။ ဒါပေမဲ့ အဲဒါက...”
ကြိုးကြာက မသိစိတ်မှ ပြန်ဖြေလိုက်သည်။
“အို... ဒီလောက်ကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ ခင်ဗျားက ကျွန်တော့်ကို ပေးချင်နေမှတော့ ကျွန်တော် ယူလိုက်ပါ့မယ်။”
သို့သော် သူမ မိတ်ဆက်လို့ပင် မဆုံးသေးမီမှာပင်။၎င်းမှာ ကောင်းမွန်သောအရာဖြစ်ကြောင်း ကြားလိုက်ရသဖြင့် လုပေါင်သည် ထိုအသီးများကို ချက်ချင်းခူးကာ အိတ်ထဲ ထည့်လိုက်တော့သည်။
ထိုခဏတွင် ကြိုးကြာမှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။ ဤအသီးမှာ ဆယ်စုနှစ်ပေါင်းများစွာမှ တစ်ကြိမ်သာ မှည့်ခြင်းဖြစ်ပြီး သူမကိုယ်တိုင်ပင် မစားရက်ဘဲ နောင်အတွက် သိမ်းထားခြင်း ဖြစ်သည်။ သို့သော် ယခုမူ...။ လုပေါင်မှာ သူမ ပထမဆုံးအကြိမ် တွေ့ဖူးသည့် လူသားဖြစ်ရာ လုပေါင်၏ အရှက်မရှိမှုကို သူမ နားမလည်နိုင်ဘဲ လုပေါင်က တစ်ခုခုကို နားလည်မှု လွဲသွားသည်ဟုသာ ထင်နေမိသည်။
လုပေါင်သည် သူမ၏ ကျေးဇူးရှင်လည်း ဖြစ်နေသဖြင့် ဘာမှ မပြောရက်ဘဲ ရင်ထဲက နာကျင်မှုကို အောင့်အည်းကာ ခါးသက်သက်ဖြင့် ပြောလိုက်ရသည်။
“ရ ရပါတယ်... နတ်ဘုရားအရှင် ကြိုက်တယ်ဆိုရင်လည်း ယူလိုက်ပါ။”
နေရာလေးမှာ သေးငယ်သဖြင့် လုပေါင် ခြေလှမ်းအနည်းငယ် ထပ်လှမ်းလိုက်သည့်အခါ ခရမ်းချဉ်သီးနှင့်တူပြီး ဖရဲသီးအရွယ်အစားရှိသော အရာတစ်ခုကို တွေ့လိုက်ရပြန်သည်။
“ဒါကရော ဘာအတွက်လဲ။”
လုပေါင်က အသီးကို ညွှန်ပြကာ ထပ်မေးပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ယခင်ဖြစ်ရပ် နှစ်ခုကြောင့် ကြိုးကြာမှာ ပို၍ ဉာဏ်ကောင်းလာပြီ ဖြစ်သည်။ သူမသာ ပါးစပ်ဟလိုက်ပါက လုပေါင်သည် ထိုပစ္စည်းကို ယူသွားလိမ့်မည်ဖြစ်ကြောင်း သူမ သိလိုက်ပြီ။ ထို့ကြောင့် ခေတ္တမျှ စဉ်းစားပြီးနောက် သိသိသာသာ တွန့်ဆုတ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“ဒီအရာရဲ့ အသေးစိတ်အသုံးဝင်ပုံကို ကျွန်ုပ် မသိပါဘူး။”
“အိုး... အန္တရာယ်များလိုက်တာ တကယ်လို့ အဆိပ်ရှိနေရင် ဘယ်လိုလုပ်မလဲ နောင်ကျရင် ခင်ဗျားရဲ့ ကလေးတွေက လာပြီး မတော်တဆ စားမိရင် ဘယ်လိုလုပ်မလဲကျွန်တော် ခင်ဗျားအတွက် သိမ်းပေးထားပါ့မယ်။”
ကြိုးကြာ၏ စကားကို နားထောင်ပြီး လုပေါင်သည် အားမနာတမ်း ပြောဆိုရင်း လက်ကိုမြှောက်ကာ ထိုအမည်မသိအသီးကို သိမ်းလိုက်ပြန်သည်။
“ကျွန်ုပ်... မင်း...”
ကြိုးကြာသည် သူမ၏ နှုတ်သီးကို ဖွင့်လိုက်သော်လည်း စကားတစ်လုံးမျှ မထွက်လာနိုင်ဘဲ အကြာကြီး ဖြစ်နေတော့သည်။ ထိုအရာမှာ ကြိုးကြာအတွက်ပင် အလွန် အာဟာရဖြစ်စေသော အရာဖြစ်ပြီး ကြီးထွားမှုမှာလည်း အလွန်ပင် နှေးကွေးလှသည်။ သူမ မွေးဖွားလာကတည်းက တစ်ကြိမ်သာ စားဖူးခဲ့ခြင်း ဖြစ်သည်။
သို့သော် လုပေါင် စကားပြောလိုက်တိုင်းမှာ ကြိုးကြာ၏ အကျိုးအတွက် ယူပေးခြင်းဖြစ်နေသကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ ရိုးသားသော ကြိုးကြာအား ထိုပစ္စည်းများကို ပြန်တောင်းရန် အလွန်ပင် အရှက်ရစေတော့သည်။
“ဟေး... ဟိုအသီးကို ကြည့်လိုက်ဦး...”
“ဝိုး ဒီအရာက တကယ်ကို ထူးခြားတာပဲ။ပထမဆုံး မြင်ဖူးတာပဲ။”
“ဟေး... ဟေး... မပိတ်နဲ့လေ!ကျွန်တော် မြင်တယ် ခင်ဗျားဘေးမှာ အသီးတစ်လုံး ရှိနေတယ် မဟုတ်လား။”
ထိုနေရာလေးတွင် ဤအသံများ ပဲ့တင်ထပ်နေပြီးနောက် ယခင်က အသီးအနှံမျိုးစုံနှင့် ပန်းမျိုးစုံဖြင့် ပြည့်နှက်နေသော ဥယျာဉ်လေးမှာ ယခုအခါ တစ်ဝက်ခန့် ဗလာဖြစ်သွားတော့သည်။ ကြိုးကြာ၏ တောက်ပနေသော မျက်လုံးများမှာ ယခုအခါတွင်မူ အာရုံမရှိသလို ဖြစ်နေတော့သည်...။ သူမ မြင်သမျှ အရာတိုင်းကို လုပေါင်သည် တစ်ခုမဟုတ် တစ်ခု အကြောင်းပြချက်ရှာကာ ယူသွားလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။ သူမ၏ ရတနာသိုက်ကြီး တစ်ဝက်ခန့်မှာ အကြောင်းပြချက်မရှိဘဲ ဗလာဖြစ်သွားသည်ကို မြင်ရသည့်အခါ ကြိုးကြာ၏ ရင်ထဲတွင် အကြီးအကျယ် ဝမ်းနည်းကြေကွဲနေမိတော့သည်။
“အာ...တွေ့ပြီ တွေ့ပြီ ဟို အပြာရောင် ပန်းသီးတွေက တကယ်ကို ကြည့်ကောင်းတာပဲ။”
လုပေါင်၏ ရည်ရွယ်ချက်မှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ယူစရာ ဘာရှိဦးမလဲဆိုသည်ကို ပတ်ပတ်လည်သို့ အမြဲမပြတ် ရှာဖွေနေတော့သည်။ ကြိုးကြာသည် လုံးဝ စကားမပြောတော့ပေ။ ထိုအသီးများကို ယူရန်အတွက် လုပေါင် မည်သည့် ဆင်ခြေမျိုး ထပ်ပေးဦးမည်နည်းဟု သူမ စောင့်ကြည့်ချင်နေမိသည်။
လုပေါင်သည် ထိုအသီးပင်အောက်သို့ လမ်းလျှောက်သွားကာ အကြာကြီး စဉ်းစားနေမိသော်လည်း အကြောင်းပြချက် ရှာမရတော့ပေ။ သူသည် ပစ္စည်းတွေ အများကြီး ယူခဲ့ပြီးပြီဖြစ်ရာ သူ၏ ဆင်ခြေများအားလုံး ကုန်သွားပြီ ဖြစ်သည်။ လုပေါင်မှာ အကြောင်းပြချက် ကုန်သွားပြီဖြစ်ကြောင်း မြင်ရသည့်အခါမှ ကြိုးကြာလည်း သူမ၏ အဖိုးတန်အသီးများမှာ နောက်ဆုံးတွင် သူမနှင့်အတူ ရှိနေတော့မည်ဟု ရင်ထဲတွင် ဝမ်းသာသွားမိသည်။
သို့သော် သူမသည် လုပေါင်၏ အရှက်မရှိမှုကို အထင်သေးခဲ့မိသည်မှာ သိသာလှသည်။ သူမ၏ ရင်ထဲတွင် ပျော်ရွှင်မှုလေး ဖြစ်ပေါ်လာရုံသာရှိသေးသည်။ လုပေါင်က အေးဆေးပင် ပြောလိုက်သည်။
“ဒါလေးတွေက တကယ်ကို လှတာပဲ။”
ပြောပြီးသည်နှင့် လုပေါင်သည် လက်ကိုမြှောက်ကာ အသီးအားလုံးကို သိမ်းယူလိုက်တော့သည်။
‘မင်းက ငါ့ကို ပေးချင်တယ် ထင်လို့ ငါ ယူပေးလိုက်တယ်။’
‘ငါ့ရဲ့ ကလေးတွေအတွက် မကောင်းဘူး ထင်လို့ ငါ ယူပေးလိုက်တယ်။’
‘အခုကျတော့ ကြည့်ကောင်းလို့ဆိုပြီး ယူသွားပြန်ပြီပေါ့။’
‘ဒါက ရိုးသားတဲ့ ကြိုးကြာကို အနိုင်ကျင့်တာ မဟုတ်ဘူးလား။’
ကြိုးကြာ ရင်ကွဲနေသော်လည်း ကြိုးကြာ ရင်ထဲကအတိုင်း မပြောရက်ပေ။ ဘာပဲဖြစ်ဖြစ် လုပေါင်မှာ သူမ၏ ကျေးဇူးရှင် ဖြစ်နေသည် မဟုတ်ပါလား...။
နောက်ဆုံးတွင် လုပေါင်သည် ဥယျာဉ်ထဲရှိ ပစ္စည်းအများစုကို လုယူပြီးနောက် သူတို့နှစ်ဦးမှာ ကြိုးကြာ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာကြသည်။ လုပေါင်၏ ရှေ့တွင် အလွန်ထူးခြားသော အသီးတစ်လုံး ရှိနေသည်။ ထိုအသီးမှာ ကျဆင်းတော့မည့် မျက်ရည်စက်ပုံသဏ္ဍာန်ရှိပြီး တစ်ကိုယ်လုံး လိမ္မော်ရောင်သန်းနေကာ ဝိညာဉ်စွမ်းအင်များ အပြည့်အဝ ပါရှိနေသည့်ပုံပင်။
“ဒီအသီးကို ပုရွက်ဆိတ်အုပ်စုထဲကို ပစ်ထည့်ပေးလိုက်ရုံပါပဲ။”
နောက်ဆုံးတွင် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း မြင်လိုက်ရသည့်အခါမှ ကြိုးကြာသည် သက်ပြင်းချနိုင်သွားကာ အားကိုးရာမဲ့စွာ ပြောလိုက်တော့သည်။
အခန်း ၂၇၈- ကျေးဇူးတင်စကားတောင် ပြောရဦးမှာလား။
လက်ထဲတွင် အသီးကို ကိုင်ထားရင်း လုပေါင်သည် အေးမြသော ခံစားချက်ကို ခံစားလိုက်ရသည်။ ထိုမျှမက ထိုအသီးမှာ ဘောလုံးတစ်လုံးခန့် အရွယ်အစားရှိသော်လည်း လက်ထဲတွင် ကိုင်ထားသည့်အခါ ဘာအလေးချိန်မှမရှိဘဲ ပေါ့ပါးနေသည်မှာ အလွန်ပင် ထူးဆန်းလှသည်။
“ဒါက ဘာလုပ်တာလဲ။”
လုပေါင်သည် အသီးကို ကိုင်ကာ ဟိုကြည့်ဒီကြည့်ဖြင့် အကြာကြီး စစ်ဆေးနေသော်လည်း ဘာမှန်း မသိသာပေ။
“ဒါက ဝိညာဉ်ရေစက်သီးပါ။ အထဲမှာ အလွန်အားကောင်းတဲ့ စွမ်းအင်တွေ ပါဝင်ပေမဲ့ သူ့ရဲ့ သဘောသဘာဝကတော့ နူးညံ့ပါတယ်။ ဒါကို ပုရွက်ဆိတ်အုပ်စုကို ကျွေးလိုက်ရင် သူတို့ရဲ့ အဆင့်တက်မှုကို အဆုံးသတ်နိုင်ဖို့ လုံလောက်ပါလိမ့်မယ်။”
ကြိုးကြာက တိုးတိုးလေး ရှင်းပြပြီးနောက် လုပေါင်ကို အမြန်ခေါ်ထုတ်သွားချင်နေသည့် ပုံပေါ်သည်။ သူမ၏ ဥယျာဉ်လေးမှာ လုပေါင်ကြောင့် တစ်ဝက်ကျော် လုယူခြင်း ခံထားရပြီးဖြစ်ရာ အကုန်လုံး ဆုံးရှုံးသွားမှာကို သူမ မလိုလားပေ။
“ဟေး... ခင်ဗျားကို ကြည့်ရတာ ကျွန်တော် ရောက်တာမှ မကြာသေးဘူး အခုပဲ နှင်ထုတ်ဖို့ ကြိုးစားနေပြီ။”
လုပေါင်သည် ကြိုးကြာ၏ အတွေးများကို ရိပ်မိသည်။ သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ကြိုးကြာ၏ ကျောကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။ ကြိုးကြာမှာ သဘာဝအရ ရိုးသားသူဖြစ်ရာ သူမ၏ အတွေးများကို လုပေါင်က တိုက်ရိုက်ထောက်ပြလိုက်သည့်အခါ အလိုလိုနေရင်း အရှက်ရသွားမိသည်။
“ရပါတယ် ကျန်တာတွေကို ကျွန်တော် မယူတော့ပါဘူး။ ခင်ဗျားရဲ့ ကလေးတွေအတွက် ချန်ထားပေးလိုက်မယ်။”
ထိုအချိန်တွင် လုပေါင်က သူမ၏ အတောင်ပံကို ပုတ်ကာ ပြုံးပြီး ပြောလိုက်သည်။ အမှန်တော့ ဤနေရာရှိ အရာအားလုံးမှာ သူမပိုင်ဆိုင်သောအရာများ ဖြစ်သော်လည်း ယခုအခါ လုပေါင်က သဘောထားကြီးစွာဖြင့် မယူတော့ဟု ပြောသည့်အခါ သူမ တစ်ခုခု မှားယွင်းထားသကဲ့သို့ အဘယ်ကြောင့် ခံစားနေရသနည်း။
ကြိုးကြာသည် တစ်ခုခုတော့ မှားနေပြီဟု ခံစားနေရသော်လည်း ယဉ်ကျေးမှုအရ လုပေါင်ကို ကျေးဇူးတင်သင့်သည်ဟု ထင်မိသွားသည်။။
“အာ... ကျေးဇူးတင်ပါတယ်။”
ကြိုးကြာ ခဏမျှ တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် ကျေးဇူးတင်စကား ပြောလိုက်ရတော့သည်။
သို့သော် ထိုအခါ လုပေါင်က လက်ဝှေ့ယမ်းကာ သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ သွားစို့ သွားစို့။ အခွင့်အရေးရရင် ကျွန်တော် ထပ်လာခဲ့ဦးမယ်။”
ဤစကားကို ကြားလိုက်ရသည့် ခဏမှာပင် ကြိုးကြာခမျာ သွေးအန်မတတ် ခံစားလိုက်ရတော့သည်။
‘မင်းက ထပ်လာဦးမယ် ဟုတ်လား။’
တော်သေးသည်မှာ ကြိုးကြာမှာ လူသားမဟုတ်သဖြင့်သာ။ မဟုတ်လျှင် သူမ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေပေလိမ့်မည်။ လုပေါင်ကတော့ တဟားဟားရယ်ကာ ကြိုးကြာ၏ ကျောပေါ်သို့ တက်ထိုင်လိုက်ရာ ကြိုးကြာသည် သူမ၏ လျှို့ဝှက်ဥယျာဉ်ထဲမှ လုပေါင်ကို အမြန်ဆုံး ခေါ်ထုတ်သွားတော့သည်။
ဂူဗိမာန်နတ်ဘုံ၏ အပြင်ဘက်သို့ ပြန်ရောက်သည့်အခါ ကြိုးကြာမှာ တစ်စက္ကန့်လေးပင် မနားရဲတော့ပေ။ အပြင်ဘက်တွင်လည်း ကောင်းမွန်သောအရာများ အများအပြား ရှိနေသေးပြီး အမှန်စင်စစ် ဤအရာများမှာ သူမပိုင်ဆိုင်ခြင်း မဟုတ်ပေ။ အကယ်၍ လုပေါင်က ထပ်ယူဦးမည်ဆိုပါက ကြိုးကြာမှာ စိတ်ဓာတ်ကျရောဂါ ရသွားမည်မှာ သေချာလှသည်။
ကြိုးကြာသည် လုပေါင်ကို တင်ဆောင်ကာ အထက်ရှိ ကျောက်နံရံတစ်ခုဆီသို့ တည့်တည့် ပျံသန်းသွားတော့သည်။
“ကျွန်တော် ပြောတာကတော့... ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေကို အများကိစ္စတွေနဲ့ မရောထွေးသင့်ဘူးလို့ ထင်တယ်...”
ကြိုးကြာ၏ အရှိန်မှာ လုံးဝမလျော့သွားသည်ကို ကြည့်ကာ လုပေါင်သည် နှုတ်ခမ်းများ တွန့်ကာ ထပ်ခါတလဲလဲ ပြောနေမိသည်။
သို့သော် အစောပိုင်းက စမ်းချောင်းထဲ ဝင်စဉ်ကအတိုင်းပင် လုပေါင်သည် ကျောက်နံရံနှင့် တိုက်မိသွားသည့်အခါ အတားအဆီးရှိသည့် ခံစားချက် မရှိဘဲ မြင်ကွင်းမှာ ရုတ်တရက် လင်းထိန်သွားကာ သူတို့သည် ကျုံးနန်တောင်သို့ ပြန်ရောက်သွားကြသည်။ ကြိုးကြာ၏ ကျောပေါ်တွင် ထိုင်ရင်း လုပေါင်သည် ဤနေရာကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
ဤကဲ့သို့သော နေရာကောင်းကို လုပေါင်က မည်သို့ လွတ်သွားခံပါမည်နည်း။ ထို့ပြင် ကြိုးကြာမှာ ဥများကို စောင့်ရှောက်ရန် နောက်ထပ် နှစ်အတော်ကြာ အချိန်ပေးရမည်ဖြစ်ရာ ဤအတောအတွင်း သူမ ပြန်လာနိုင်မည်မဟုတ်ပေ။ သူက သူမကိုယ်စား ဂူဗိမာန်ကို ကူညီစောင့်ရှောက်ပေးရုံသာ ဖြစ်သည်။ ဤသို့တွေးကာ လုပေါင်သည် ထိုနေရာကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။
ကြိုးကြာကမူ လုပေါင် ပြန်လာမည်ကို စိုးရိမ်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၏ အဝင်ဝကို သာမန်လူများ ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။ သူမကိုယ်တိုင်ပင် အဝင်အထွက်လုပ်နိုင်ရန် နှစ်အတော်ကြာ ကျင့်ယူခဲ့ရခြင်း ဖြစ်သည်။ သို့သော် သူမ မသိသည်မှာ လုပေါင်တွင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သော ဉာဏ်အလင်းပွင့်မျက်လုံး ရှိနေသည်ဆိုသောအချက်ပင်။
လုပေါင်နှင့် ကြိုးကြာတို့ မီးတောင်ဝအောက်က ဂူထဲသို့ ပြန်ရောက်သည့်အခါ မွန်းလွဲပိုင်းသာ ရှိသေးသည်။ အသွားအပြန် ခရီးစဉ်မှာ နေ့တစ်ဝက်ပင် မကြာခဲ့ခြင်းက ကြိုးကြာ၏ အရှိန် မည်မျှမြန်သည်ကို သက်သေပြနေသည်။ နက်နက်ကြီးသည် မြွေတစ်ကောင်ဖြစ်သော်လည်း လုပေါင်၏ အမိန့်ကို အကြွင်းမဲ့ နာခံသည်။ ဤဥနှစ်လုံးကို စားလိုက်ပါက အလွန်ပင် အကျိုးရှိမည်ကို ခံစားမိသော်လည်း ၎င်းမှာ မလှုပ်မယှက်ဘဲ ကိုယ်ပျောက်ကာ နေရာကို စောင့်ကြပ်နေခဲ့သည်။
“နက်နက်ကြီးက တကယ် လိမ္မာတာပဲ။ ရော့... ဒါက မင်းအတွက် ဆု။”
နက်နက်ကြီးက တာဝန်ကို အပြည့်အဝ ထမ်းဆောင်ခဲ့သည်ကို မြင်ရသည့်အခါ လုပေါင်က ပြုံးလျက် အောက်ခြေမဲ့တွင်းမှ အစောပိုင်းက ခူးလာသော အသီးတစ်လုံးကို ထုတ်ကာ ပစ်ပေးလိုက်သည်။ နက်နက်ကြီက မတွန့်ဆုတ်ဘဲ ပါးစပ်ဟကာ အသီးကို တစ်လုပ်တည်း မြိုချလိုက်သည်။
“အရသာက ဘယ်လိုလဲ။”
နက်နက်ကြီး စားသည်ကို ကြည့်ကာ လုပေါင်က ပြုံးပြီး မေးလိုက်သည်။ ဤစကားကို ကြားသည့်အခါ တာဟေးက လျှာကို တစ်ချက် ထုတ်လိုက်ပြီး တိုးတိုးလေး ပြောသည်။
“အရသာကတော့ သာမန်ပါပဲ ဒါပေမဲ့ ခန္ဓာကိုယ်အတွက်တော့ ကောင်းမယ့်ပုံပဲ။”
“ဟဲဟဲ... အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ အခုတော့ ပြန်နားလိုက်ဦး။”
လုပေါင်က ပြုံးပြီး ခေါင်းညိတ်ကာ အောက်ခြေမဲ့တွင်း၏ အဝင်ဝကို ဖွင့်ပေးပြီး တာဟေးကို ပြန်လွှတ်လိုက်သည်။ ဘေးနားက ကြိုးကြာမှာမူ အံ့သြလွန်း၍ မျက်လုံးပြူးနေတော့သည်။ ထိုအသီးမှာ ဆယ်နှစ်မှ တစ်ကြိမ်သာ မှည့်သောအသီးဖြစ်ပြီး သူမကိုယ်တိုင်ပင် မစားရက်သောအရာ မဟုတ်ပါလား...။
“ကဲ... ခင်ဗျားကို ထပ်မနှောင့်ယှက်တော့ပါဘူး။ နောက်နှစ်အနည်းငယ်ကြာရင် ခင်ဗျားရဲ့ ကလေးတွေ ပေါက်မပေါက် လာကြည့်ပါဦးမယ်။”
ဤအချိန်တွင် လုပေါင်သည် ကြိုးကြာ၏ စိတ်မသက်မသာ ဖြစ်နေမှုကို ခံစားမိသွားသည်။ သူက သူမကို အသာအယာ ပုတ်ပေးပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။ ကြိုးကြာသည် လုပေါင် ထွက်သွားသည်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေပြီးရင်ထဲက အလေးကြီးတစ်ခု ကျသွားသလို ခံစားလိုက်ရသည်။ ထိုလူမှာ တကယ်ကို အရှက်မရှိလွန်းလှသည်။
မီးတောင်ဝမှ ထွက်လာပြီးနောက် လုပေါင်သည် သူ၏ ခန္ဓာကိုယ်အစွမ်းကို အသုံးပြုကာ ခြေလှမ်းအနည်းငယ်နှင့်ပင် မီးတောင်ဝအထက်သို့ ခုန်တက်လိုက်သည်။ အပေါ်သို့ ရောက်သည်နှင့် သူသည် အောက်ခြေမဲ့တွင်းထဲသို့ ထပ်မံ ဝင်လိုက်သည်။ အောက်တွင် မဝင်ခဲ့သည့်အကြောင်းမှာ သူရှိနေလျှင် ကြိုးကြာမှာ စိတ်မအေးသလို ဖြစ်နေသည်ကို သူ သတိထားမိသောကြောင့် ဖြစ်သည်။ သေချာပါသည်။လုပေါင်သည် ဤအကြောင်းရင်းကို သူ့ကြောင့်ဟု လုံးဝ မတွေးပေ။
‘ငါက ကြိုးကြာရဲ့ အကျိုးအတွက် လုပ်ပေးခဲ့တာပဲ။ ငါ မှားနိုင်ပါ့မလား။’
လုပေါင်က စိတ်ထဲတွင် ခေါင်းညိတ်ကာ ပုရွက်ဆိတ်အုပ်စု ရှေ့သို့ ရောက်လာသည်။ ပုရွက်ဆိတ်အလုံးကြီး၏ အောက်တွင် နောက်ထပ် ပုရွက်ဆိတ်အသေ တစ်ဒါဇင်ခန့် ရှိနေသည်မှလွဲ၍ အခြား ဘာမှ မပြောင်းလဲသေးပေ။ လုပေါင်သည် သူဖယ်ထားသော ဝိညာဉ်ရေစက်သီးကို ထုတ်ယူကာ ပုရွက်ဆိတ်အုပ်စုထဲသို့ ပစ်ထည့်ပေးလိုက်သည်။
ထိုခဏတွင် ပုရွက်ဆိတ်အလုံးကြီးပေါ်တွင် အပေါက်တစ်ခု ပွင့်လာပြီး ဝိညာဉ်ရေစက်သီးကို မြိုချလိုက်တော့သည်။ဝိညာဉ်ရေစက်သီး ထည့်လိုက်သည်နှင့် တစ်ပြိုင်နက် အချိန်အတော်ကြာ ရပ်တန့်နေခဲ့သော ပုရွက်ဆိတ်အုပ်စုမှာ ဖြည်းဖြည်းချင်း ပြန်လည် လည်ပတ်လာတော့သည်။
တစ်ချိန်တည်းမှာပင် ပုရွက်ဆိတ်အသေများမှာလည်း အဆက်မပြတ် ကျလာတော့သည်။ ကြိုးကြာ ပြောခဲ့သကဲ့သို့ပင် ဝိညာဉ်ရေစက်သီးမှ စွမ်းအင်ဖြည့်တင်းမှုကြောင့် သူတို့၏ အဆင့်တက်မှုမှာ ဆက်လက် ဖြစ်ပေါ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ပုရွက်ဆိတ်များ အဆင့်တက်နေသည်ကို ကြည့်ရင်း လုပေါင်၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပိုမို ကြီးထွားလာမိသည်။
ပုရွက်ဆိတ်အုပ်စုမှာ အဘယ်မျှအထိ အဆင့်တက်နေသနည်းဆိုလျှင် အောက်ခြေမဲ့တွင်းထဲရှိ စွမ်းအင်များပင် သူတို့၏ ပြောင်းလဲမှုကို ထောက်ပံ့ပေးရန် မလုံလောက်သည့် အခြေအနေသို့ ရောက်နေခြင်း ဖြစ်သည်။သို့သော် ဤပြောင်းလဲမှု ပြီးဆုံးသွားသည့်အခါ ယခင်က သန်းပေါင်းများစွာသော မီးပုရွက်ဆိတ်နီ စစ်တပ်ကြီးမှာ အနည်းငယ်မျှသာ ကျန်ရှိတော့မည် ဖြစ်သည်။ သေချာပါသည်။ဤအချက်မှာ လုပေါင်အတွက်တော့ သိပ်ကိစ္စမရှိပေ။အဘယ်ကြောင့်ဆိုသော် ရှာဖွေရေးကဲ့သို့သော လုပ်ငန်းဆောင်တာများအတွက် သူ့မှာ ကြွက်အုပ်စု ရှိနေသေးသောကြောင့် ဖြစ်သည်။
အောက်ခြေမဲ့တွင်းမှ ထွက်လာပြီးနောက် လုပေါင်သည် ရုပ်ဆိုးတဲ့ လင်းနို့၏ ကျောပေါ်တွင် ထပ်မံ ထိုင်လိုက်သည်။
“သခင်... ကျွန်တော်တို့ ပြန်ကြတော့မလား။”
လင်းနို့က လုပေါင်ကို တင်ဆောင်ကာ စူးစမ်းစွာ မေးလိုက်သည်။
လုပေါင်က ခေါင်းခါကာ ပြုံးလျက် ပြောလိုက်သည်။
“ကျုံးနန်တောင်ကို သွားကြစို့။”