← Chapters

အခန်း (၉၈၃-၉၈၄)

Vol. 82 Ch. 983-984

အခန်း (၉၈၃-၉၈၄)

Vol. 82 Ch. 983-984

အခန်း ၉၈၃ - လူပုမျိုးနွယ်စုထံမှ အဟောင်းအစုတ်များ သိမ်းဆည်းခြင်း

“အင်း... ငါတို့ရဲ့ နိုင်ငံခြားကုန်သွယ်ရေးအရာရှိ လော့စ်ကို ဒီအလုပ်မှာ တာဝန်ပေးလိုက်မယ်။ အခုနောက်ပိုင်း သူက တခြားလူသားအဖွဲ့အစည်းတွေနဲ့ လေပေါတာကလွဲလို့ ဘာမှလုပ်စရာမရှိဘူး ဖြစ်နေတာ။ သူ အရမ်းအားနေတယ်လေ။”

လူပုဘုရင် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ ထိုအခါ ရှောင်းယီက တဟားဟားရယ်မောရင်း ပြောလိုက်သည်။

“အမှန်ပဲ။ သူ့ကို ဘားထဲမှာ တစ်နေ့လုံး အချိန်ဖြုန်းခွင့် မပေးနိုင်ဘူး။ သူ့ကို အပြင်ဆွဲထုတ်ပြီး အလုပ်ခိုင်းလိုက်ကြရအောင်။”

လူပုဘုရင်နှင့် စကားပြောပြီးနောက် ရှောင်းယီသည် အန်းယွဲ့ထံ ချက်ချင်းဖုန်းခေါ်ကာ ထိုကိစ္စကို ပြောပြလိုက်၏။

“ကျွန်းပိုင်ရှင် ငါတို့ ပြန်လည်အသုံးပြုရေးဌာနတစ်ခုကို တည်ထောင်ထားပြီးပြီ။ အဖွဲ့လိုက်စကားပြောခန်းတွေနဲ့ ဝဘ်ဆိုက်မှာလည်း ကြော်ငြာတွေ တင်ထားပြီးပါပြီ။”

အန်းယွဲ့က အစီရင်ခံလိုက်သည်။

“ကောင်းတယ်။ စူပါ အစိတ်အပိုင်းဖြုတ်စက်ကို အပြည့်အဝ အသုံးချလိုက်ပါ။ အဲ့ဒါက မဟာမိတ်အဖွဲ့ရဲ့ အရင်းအမြစ်ဖိအားကို အများကြီး လျှော့ချပေးလိမ့်မယ်။”

ရှောင်းယီက ဆိုသည်။

“နားလည်ပါပြီ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ဒါဆို ငါ လော့စ်ကို အရင်သွားရှာပြီး ဒီကိစ္စကို ဆွေးနွေးလိုက်ပါ့မယ်။”

“အင်း... ဦးလေးပဲ အကုန်လုံး တာဝန်ယူပြီး ကိုင်တွယ်လိုက်ပါ။”

ရှောင်းယီက ထိုကိစ္စတစ်ခုလုံးကို အန်းယွဲ့ထံသို့ လွှဲအပ်လိုက်တော့သည်။

“ဟုတ်ကဲ့။”

ကိစ္စရပ်များကို အခြေချပြီးနောက် ရှောင်းယီသည် သူ၏မိုဘိုင်းဖုန်းကို ချကာ ဗီလာ၏ ရင်ပြင်ထဲသို့ ထွက်လာခဲ့လိုက်၏။

သူသည် အခြေခံလက်သီးသိုင်း၏ လှုပ်ရှားမှုများကို ပြန်တွေးကာ စတင်လေ့ကျင့်လေတော့သည်။

တစ်ချီ လေ့ကျင့်ပြီးနောက်တွင် ရှောင်းယီသည် အမှန်တကယ်ပင် ချွေးထွက်လာ၏။

ကျန်းယွင်ထျန်းသင်ပေးထားသော အထူးစစ်တပ် တိုက်ခိုက်ရေးပညာရပ်များကို လေ့ကျင့်စဉ်ကပင် သူ ဤမျှအထိ တုံ့ပြန်မှု မရှိခဲ့ပေ။

“ဒီအခြေခံလက်သီးသိုင်းက ဒီလောက်ထိ ထိရောက်မှု ရှိလိမ့်မယ်လို့ ငါမထင်ထားမိဘူး။”

ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုစဉ် အန်းရန်သည်လည်း အပြင်မှ ပြန်ဝင်လာပြီး သူမ၏လက်ထဲတွင် မိတ္တူကူးထားသော အခြေခံလက်သီးသိုင်းစာအုပ် အချို့ပါလာခဲ့သည်။

“ဒီစာအုပ်တွေကို လောလောဆယ် ဗီလာမှာပဲ ထားလိုက်မယ်။ အားလုံး ညစာစားဖို့ လာတဲ့အခါကျမှ ဝေပေးလိုက်မယ်။”

အန်းရန်က စာအုပ်ငယ်များကို လှုပ်ပြရင်း ပြောလိုက်သည်။

“ဟူး...အဲ့ဒါတွေကို ခဏဘေးချထားလိုက်ဦး။”

ရှောင်းယီက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်ရင်း ဆိုလိုက်၏။ ထိုအခါ အန်းရန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“နင် ဘယ်နှစ်ချီ လေ့ကျင့်လိုက်လို့လဲ။ အမောတောင် ဖောက်နေပါလား။”

“တစ်ချီတည်းပါ။”

ရှောင်းယီက သူမ၏ ပိုမိုအံ့အားသင့်သွားသော အကြည့်ကို တုံ့ပြန်ရင်း ပြောလိုက်သည်။

“ဒီလက်သီးသိုင်းက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးတဲ့နေရာမှာ အရမ်းထိရောက်တယ်။ မင်းလည်း အခုချက်ချင်း စပြီးလေ့ကျင့်တော့။”

အန်းရန်က ချက်ချင်းပင် ခေါင်းငြိမ့်လိုက်၏။ သူမသည် ရှောင်းယီ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ကောင်းကောင်းသိပေသည်။ အကယ်၍ သူကိုယ်တိုင်ပင် တစ်ချီလေ့ကျင့်ပြီးနောက် ချွေးထွက်သွားသည်ဆိုလျှင် သူမအနေဖြင့် တစ်ချီအပြည့် လေ့ကျင့်နိုင်ပါ့မလားတောင် မသေချာပေ။

ထိုအချိန်တွင် အန်းယွဲ့သည် မြို့ပြန်ကျောက်ကို အသုံးပြု၍ လူပုတော်ဝင်မြို့တော်သို့ ရောက်ရှိနေပြီဖြစ်သည်။

လော့စ်က ကူးပြောင်းရေးဂိတ်တွင် သူ့ကို စောင့်ကြိုနေပြီဖြစ်သည်။

“အရာရှိချုပ်အန်း...နောက်ဆုံးတော့ ရောက်လာပြီပေါ့။”

လော့စ်က နှုတ်ဆက်လိုက်သည်။

“စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်။”

အန်းယွဲ့က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

“ကျုပ် အပန်းဖြေစခန်းကနေ အခုပဲ ပြန်လာတာ။ ခင်ဗျားတို့က ကျုပ်တို့ဆီက အဟောင်းအစုတ်တွေကို ဝယ်ချင်တယ်လို့ ကြားတယ်...ဟုတ်လား။”

လော့စ်က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။ အန်းယွဲ့က ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပါတယ်။ အရင်းအမြစ် လိုအပ်ချက်က အရမ်းများနေတော့ အမှိုက်ကို ရတနာဖြစ်အောင် လုပ်ခြင်းအားဖြင့် ဖိအားတွေကို နည်းနည်းသက်သာစေမလားလို့ မျှော်လင့်တာပါ။”

လော့စ်က ခေါင်းတစ်ချက် ငြိမ့်လိုက်သည်။

“အမှန်ပဲ...။ မဟာမိတ်အဖွဲ့ထဲမှာ အရင်းအမြစ်ဖိအားက နောက်ပြောင်စရာ မဟုတ်ဘူး။”

တိုက်ပွဲများကို ကြည့်လျှင်ပင် နေ့စဉ် သတ္တုပမာဏ အမြောက်အမြားကို သုံးစွဲနေရသည်။ အချို့ကို ပြန်လည်ရယူပြီး သုံးစွဲနိုင်သော်လည်း အခြေအနေမှာ တင်းကြပ်နေဆဲပင်။

“ခင်ဗျားတို့ရဲ့ ပစ္စည်းတွေအစုတ်က ဘယ်မှာလဲ။ ကျုပ်ကို လိုက်ပြပါဦး။”

အန်းယွဲက ပြောလိုက်သည်။ ထိုအခါ လော့စ်သည် အန်းယွဲ့အား စစ်စခန်းမှ ဝယ်ယူထားသည့် ဘက်စုံသုံး စစ်သည်သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီးဆီသို့ ခေါ်ဆောင်သွားလိုက်၏။

သူတို့တွင် အရပ်သားသုံး ကားပုံစံခွက်များ မရှိသေးသဖြင့် ၎င်းတို့ကိုသာ အသုံးပြုနေရခြင်း ဖြစ်သည်။

ယာဉ်မောင်းနေရာတွင် လော့စ် ငှားရမ်းထားသည့် ယာဉ်မောင်းတစ်ဦး ထိုင်နေသည်။ လက်ရှိ ဘက်စုံသုံးယာဉ်များသည် လူပုမျိုးနွယ်စု ယာဉ်မောင်းများနှင့် မကိုက်ညီသဖြင့် လူသားယာဉ်မောင်း တစ်ဦး လိုအပ်နေခြင်း ဖြစ်သည်။

နာရီဝက်ခန့် ကားမောင်းပြီးနောက် ယာဉ်သည် တော်ဝင်မြို့တော်မှ ထွက်ခွာလာပြီး ကွင်းပြင်တစ်ခုတွင် ရပ်တန့်သွားခဲ့သည်။

အန်းယွဲ့ ကားပေါ်မှ ဆင်းလိုက်သောအခါ ထိုမြေကွက်အား တံတိုင်းများဖြင့် ဝန်းရံထားသည်ကို တွေ့လိုက်ရလေသည်။

လော့စ်က သူ့ကို ပင်မတံခါးမှတစ်ဆင့် အတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။

သူတို့ရှေ့တွင် ဟောင်းနွမ်းပျက်စီးနေသော စက်ပစ္စည်းများ အစီအစဉ်မရှိ စုပုံနေပြီး အနီးနားတွင် လူပုအချို့က ပြန်လည်အသုံးပြုနိုင်မည့် အစိတ်အပိုင်းများကို ဖြုတ်ယူရန် ကြိုးစားနေကြသည်။

ဂလောင်...ဂလောင်...ဂလောင်

လူပုတစ်ဦးသည် လေးလံသောတူကြီးဖြင့် ထုရိုက်ကာ စက်ပစ္စည်းတစ်ခု၏ အကာကို ရိုက်ခွဲနေ၏။

“ဒါက လူအင်အား အတော်လေး ကုန်မှာပဲ။”

အန်းယွဲ့က သူတို့၏ အလုပ်လုပ်ပုံကို ညွှန်ပြရင်း ပြောလိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ အကုန်လုံးကို ဒီအတိုင်း ပစ်ထားလို့လည်း မဖြစ်ဘူးလေ။ အဲ့ဒါက အရမ်း နှမြောစရာကောင်းလွန်းတယ်။”

လော့စ်က ကူကယ်ရာမဲ့နေသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ဒါတွေအားလုံး ကျုက်တို့ကို ရောင်းလိုက်ပါ”

အန်းယွဲ့က ပြောလိုက်သည်။

“ကျုပ်တို့ဆီမှာ အထူးပြုပြင်ထုတ်လုပ်တဲ့ စက်တွေရှိတယ်။”

“အင်း... ဒါပေမဲ့ ဈေးနှုန်းကို ဘယ်လိုသတ်မှတ်မလဲ။”

လော့စ်က မေးလိုက်သည်။

“အခုလောလောဆယ် သတ္တုအရင်းအမြစ်တွေက ရှားပါးနေတာဆိုတော့ ကျုပ်တို့ တစ်ပိဿာကို တစ်ယွမ်နှုန်းနဲ့ ဝယ်ပါ့မယ်။”

အန်းယွဲ့က ဆိုသည်။ လော့စ်တစ်ယောက် မျက်တောင်တဖြတ်ဖြတ် ခတ်သွား၏။

“ဒီအဟောင်းအစုတ်တွေအတွက် တကယ်ကြီး တစ်ပိဿာကို တစ်ယွမ် ပေးမှာလား။”

အန်းယွဲက အတည်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

“ရောင်းမှာလား။”

“ရောင်းမှာပေါ့။ မရောင်းတဲ့သူက ငတုံးပဲ။”

လော့စ်က ချက်ချင်းဆို၏။

“အကုန်လုံး ယူမှာလား။”

“အကုန်လုံးပဲ။”

အန်းယွဲက အတည်ပြုလိုက်သည်။

“ကောင်းပြီ။ အရောင်းအဝယ်ကို ဘယ်လိုလုပ်ကြမလဲ။”

လော့စ်က ဆက်မေးလိုက်သည်။

“အရင်ဆုံး ပမာဏကို ခန့်မှန်းကြည့်ရအောင်။”

အန်းယွဲက တံတိုင်းအတွင်းရှိ တောင်လိုပုံနေသော အမှိုက်ပုံကြီးကို ညွှန်ပြရင်း ပြောလိုက်သည်။

“ဒါတွေက နှစ်ပေါင်းများစွာ စုဆောင်းထားတာ။ တချို့ကိုတော့ ကျုပ်တို့ ပြုပြင်ပြီးသွားပြီ။ ဒါပေမဲ့ အများစုကတော့ ဒီမှာပဲရှိသေးတယ်။ စုစုပေါင်း အလေးချိန်က တန်ချိန် ဘီလီယံ တစ်ရာကျော်လောက် ရှိမှာ သေချာတယ်။ ဒါပေမဲ့ အမှိုက်တွေရောနေတာဆိုတော့ တန်ချိန် ဘီလီယံ ငါးဆယ်လို့ပဲ ထားလိုက်ကြတာပေါ့။”

လော့စ်က ဆိုသည်။ အန်းယွဲ ခေါင်းငြိမ့်လိုက်ပြီး စိတ်ထဲတွင် အလျင်အမြန်တွက်ချက်လိုက်၏။

“ဒါဆို စုစုပေါင်းဈေးနှုန်းက ယွမ် ၁၀ ကွတ်ဒရီလီယံ ကျသင့်မယ်။ ဒီငွေကို လူပုနိုင်ငံရဲ့ အကောင့်ထဲကိုပဲ လွှဲပေးရမလား။”

“ဒီလောက်များတဲ့ ပမာဏကို ခင်ဗျား ဆုံးဖြတ်နိုင်တာ သေချာလား။ ကျွန်းပိုင်ရှင် ရှောင်းယီနဲ့ ဆွေးနွေးဖို့ မလိုဘူးလား။”

လော့စ်က အန်းယွဲ့၏ ပေါ့ပေါ့ပါးပါး လေသံကြောင့် အံ့အားသင့်ကာ မေးလိုက်၏။

“ဒါက သာမန် အရောင်းအဝယ်တစ်ခုပဲလေ။ မလိုပါဘူး။”

အန်းယွဲ့က ပြုံးကာ ပြန်ဖြေလိုက်သည်။

ပမာဏက အလွန်ကြီးမားသည်မှာ မှန်သော်လည်း ၎င်းမှာ ဒစ်ဂျစ်တယ်ငွေကြေးသာ ဖြစ်သဖြင့် ရှောင်းယီအတွက် ပြဿနာ လုံးဝမရှိပေ။

ဤအဟောင်းအစုတ်များကို ဝယ်ယူပြီး စူပါ အစိတ်အပိုင်းဖြုတ်စက်ဖြင့် ပြုပြင်လိုက်လျှင် ၎င်းတို့သည် ပုံမှန် ရွှေ၊ ငွေ၊ ကြေးနှင့် သံများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ယခုကဲ့သို့ သတ္တုဈေးကွက် တင်းကြပ်နေချိန်တွင် ပြန်လည်ရောင်းချပါက ဈေးနှုန်းမှာ အနည်းဆုံး နှစ်ဆ တက်သွားမည်ဖြစ်သည်။

ထို့အပြင် ဤနေရာတွင် အဟောင်းအစုတ် တန်ချိန် ဘီလီယံ ငါးဆယ်ထက် သေချာပေါက် ပိုများပေလိမ့်မည်။

နောင်တွင် ရှောင်းယီသည် ခွဲထုတ်လိုက်သော သတ္တုများကို လူပုနိုင်ငံထံ ပြန်လည်ရောင်းချပြီး ငွေများကိုပင် ပြန်လည်ရယူနိုင်သေးသည်။

အန်းယွဲ့၏ အဖြေကို ကြားရသောအခါ လော့စ်မှာ မယုံနိုင်လောက်အောင် ဖြစ်သွားပြီး “အန်းယွဲ့မှာ ဒီလောက်အထိ လုပ်ပိုင်ခွင့်ရှိတာလား။” ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

“ဒါပေမဲ့ ကျုပ်မှာ နောက်ထပ် တောင်းဆိုချက် တစ်ခုတော့ ရှိသေးတယ်။”

အန်းယွဲ့က ထပ်ပြောလိုက်သည်။

“ဘာတောင်းဆိုချက်လဲ။”

လော့စ်က ချက်ချင်းမေးလိုက်သည်။

‘ငါသိသားပဲ။ အပိုဆောင်း အခြေအနေတွေ ပါလာမယ်ဆိုတာ။’

သူ တွေးလိုက်မိ၏။

“တောင်းဆိုချက်ကတော့... ဒီဝန်းခတ်ထားတဲ့ မြေကွက်ကိုပါ ကျုပ်တို့ကို ပေးပါ။ ဒီနေ့ကစပြီး ဒါက ခင်ဗျားတို့ဘက်မှာရှိတဲ့ ကျုပ်တို့ရဲ့ အဟောင်းအစုတ် ပြန်လည်အသုံးပြုရေး စခန်း ဖြစ်လာလိမ့်မယ်။ နောက်နောင် အဟောင်းအစုတ်တွေရှိရင် ဒီကိုသာ လာပို့ပေးပါ။ ကျုပ်တို့ အကုန်ယူမယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။။လော့စ်မှာ ထိုတောင်းဆိုချက်ကြောင့် ထပ်မံ အံ့အားသင့်သွားပြန်သည်။

ဒါကို တောင်းဆိုချက်လို့ ခေါ်လို့ရပါ့မလား။ လုံးဝ မဟုတ်ဘူး။

ကျွန်းက အလွန်ကြီးမားလှပေသည်။ ဘယ်နေရာမှာမဆို တံတိုင်းတစ်ခု ခတ်လိုက်၍ရ၏။ ဤကျွန်းပေါ်တွင် တံတိုင်းတစ်ခု ဆောက်လုပ်ခြင်းမှာ လူအင်အား မလိုပေ။ ကုန်ကြမ်းပစ္စည်း အနည်းငယ်ပေးရုံသာ ဖြစ်သည်။

“ဒါပဲလား။”

လော့စ်က သေချာအောင် ထပ်မေးလိုက်၏။

“ဒါပဲလေ...။”

အခန်း (၉၈၄) - ဧရာမ သတ္တုပုံကြီးကို ခွဲထုတ်ခြင်းနှင့် ငွေအမြောက်အမြား ရှာဖွေခြင်း

အန်းယွဲ့ နောက်ပြောင်နေခြင်း မဟုတ်သည်ကို မြင်သောအခါ လော့စ်က လိုလိုလားလားပင် ပြောလိုက်သည်။

“ကောင်းပြီ။ ဒါဆို ဒီနေရာက ခင်ဗျားတို့အပိုင်ပဲ။”

ထို့နောက် လော့စ်က ထိုနေရာရှိ ဝန်ထမ်းများကို စတင်ခေါ်ယူလိုက်တော့သည်။

“အားလုံးပဲ အလုပ်တွေ ရပ်ပြီး ပြန်ကြတော့။ ဒီနေ့ကစပြီး ဒီနေရာကို လူသားတွေ ပိုင်သွားပြီ။”

အလုပ်လုပ်နေကြသော လူပုလေးများသည် လော့စ်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြ၏။ တစ်ယောက်က ကိရိယာတန်ဆာပလာများနှင့် စက်ပစ္စည်းအဟောင်းများကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“ဒီပစ္စည်းတွေကိုရော ဘယ်လိုလုပ်ရမှာလဲ။”

“သူတို့ကို အကုန်ပေးလိုက်ပြီ။ ငါတို့ ဒီအမှိုက်တွေကို ကိုယ်တိုင် ကိုင်တွယ်နေစရာ မလိုတော့ဘူး။ သူတို့ကို အကုန်ရောင်းလိုက်တော့မယ်။ သူတို့ဘာသာသူတို့ ဖြေရှင်းကြလိမ့်မယ်။”

လော့စ်က ရှင်းပြလိုက်သည်။

“ငါတို့ ဒီအစုတ်အပဲ့တွေကို ကိုင်တွယ်နေစရာ မလိုတော့ဘူးပေါ့ ဟုတ်လား။”

လူပုလေးတစ်ယောက်က ထပ်မံအတည်ပြု၏။

“ဒါပေါ့...။ အခုကစပြီး မင်းတို့က ဒီက အမှိုက်တွေကို ရောင်းပေးဖို့ပဲ လိုတော့တယ်။”

လော့စ်က လက်ခုပ်တီးကာ အော်ပြောလိုက်သည်။

“အားလုံးပဲ မြန်မြန်သိမ်းပြီး ပြန်နားကြတော့။”

“ကောင်းလိုက်တာ..နောက်ဆုံးတော့ ဒီဟာတွေကို မလုပ်ရတော့ဘူး။”

“ဟုတ်တယ်...ဒါတွေလုပ်ရတာ အရမ်းပင်ပန်းတယ်။ ငါ့လက်မှာ အရည်ကြည်ဖုတွေတောင် ထွက်နေပြီ။”

“ဒါက မင်းအလုပ်ကို လုံလောက်အောင် မလုပ်လို့လေ။ အလုပ်များများလုပ်ရင် ဒါတွေက အသားမာဖြစ်သွားမှာ။ ဘယ်က အရည်ကြည်ဖု ပေါက်မှာလဲ။”

လူပုလေးအချို့သည် စကားတပြောပြောနှင့် ထွက်ခွာသွားကြ၏။

မိမိလူများ ထွက်သွားသည်ကို မြင်သောအခါ လော့စ်က အန်းယွဲ့ကို ထပ်မေးလိုက်သည်။

“တခြား ကျုပ် ကူညီပေးရမယ့်အရာ ရှိသေးလား။”

“မရှိတော့ပါဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။ နောင်ဆိုရင် ခင်ဗျားတို့ရဲ့ အမှိုက်တွေကို ဂိတ်ဝကို တိုက်ရိုက်ယူလာပြီး အလေးချိန် ချိန်လို့ရပါပြီ။”

အန်းယွဲ့က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ။ ဒါဆို ဘာမှမရှိတော့ရင် ကျုပ် အရှင်မင်းကြီးဆီ အရင်ပြန်ပြီး သတင်းပို့လိုက်ဦးမယ်။”

လော့စ်က ခေါင်းငြိမ့်ပြပြီးနောက် တော်ဝင်မြို့တော်ဘက်သို့ လှည့်ထွက်သွားတော့သည်။

လော့စ် ထွက်သွားပြီးနောက် အန်းယွဲ့သည် ချက်ချင်းပင် စူပါအစိတ်အပိုင်းဖြုတ်စက်ကို ထုတ်ယူကာ ထိုသတ္တုစုတ် တောင်ပုံကြီးကို စတင်ခွဲထုတ်လေတော့သည်။

စူပါအစိတ်အပိုင်းဖြုတ်စက်သည် အလွန်ပင် ထိရောက်မှုရှိပြီး တန်ချိန် ဘီလီယံပေါင်း ရာနှင့်ချီသော အမှိုက်ပုံကြီးကို ခွဲထုတ်ရန်အတွက် နာရီဝက်ခန့်သာ အချိန်ယူခဲ့ရသည်။

ထောင့်တစ်နေရာတွင် သပ်သပ်ရပ်ရပ် စီထားသော သတ္တုအမျိုးမျိုးကို ကြည့်ကာ အန်းယွဲ့က လူအချို့ကို စာရင်းတွက်ချက်ရန် စီစဉ်ပေးပြီးနောက် ရှောင်းယီထံသို့ ဖုန်းဆက်လိုက်သည်။

“ကျွန်းပိုင်ရှင် လူပုလေးတွေနဲ့ ငါတို့ရဲ့ အရောင်းအဝယ် ပြီးသွားပါပြီ။ မင်း လူပုလေးတွေဆီကို ယွမ် သန်းတစ်ရာ လွှဲပေးဖို့ လိုတယ်။”

အန်းယွဲ့က ပြောလိုက်သည်။ ရှောင်းယီသည် ထိုပမာဏကို ကြားသောအခါ အံ့အားသင့်သွား၏။

“အဲ့ဒီလောက်တောင် များတာလား။”

“ဟုတ်တယ်။ တစ်ဖက်လူက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အမှိုက်တွေကို ငါတို့ကို တစ်ကြိမ်တည်း အကုန်ရောင်းလိုက်တာ။ တန်ချိန် ဘီလီယံ ရာနဲ့ချီ ရှိပေမဲ့ လူပုတွေက ငါတို့ကို တန်ချိန် ဘီလီယံ ငါးဆယ်ဖိုးပဲ တွက်ရောင်းခဲ့တယ်။”

အန်းယွဲ့က ဆက်လက်ရှင်းပြလိုက်သည်။

“ငါတို့ ဒါတွေကို အကုန်ခွဲထုတ်လိုက်ပြီ။ အကြမ်းဖျင်း ခန့်မှန်းရသလောက်တော့ ရရှိလာတဲ့ သတ္တုစုစုပေါင်းက တန်ချိန် ဘီလီယံ ရာနဲ့ချီ ရှိမယ်လို့ ငါထင်တယ်။ အခုက စာရင်းတွက်နေတုန်းမို့ ရလဒ်ထွက်လာတာနဲ့ အချိန်မီ ပို့ပေးပါ့မယ်။”

လူပုများသည် သတ္တုများနှင့် အမြဲထိတွေ့နေရသော်လည်း တန်ချိန် ဘီလီယံ ရာနှင့်ချီခြင်းမှာ အမှန်တကယ်တော့ ထင်သလောက် မများလှပေ။ ယခင်က ရှားနိုင်ငံ တစ်ခုတည်းမှာပင် တစ်နှစ်လျှင် သံမဏိ တန်ချိန် တစ်ဘီလီယံခန့် ထုတ်လုပ်ခဲ့ပြီး လူပုများမှာမူ နှစ်ပေါင်း သောင်းနှင့်ချီ သို့မဟုတ် သိန်းနှင့်ချီ၍ လုပ်ငန်းလည်ပတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤသံတိုသံစ အနည်းငယ်မှာ ဘာမှမဟုတ်သလောက်ပင်။

“ကောင်းပြီ။ ကျုပ် အခုချက်ချင်း လူပုတွေရဲ့ အကောင့်ထဲကို ငွေလွှဲပေးလိုက်မယ်။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“ဒင်...။ လူပုလေးများ၏ အများပိုင်အကောင့်ထဲသို့ ယွမ် သန်းတစ်ရာ ရောက်ရှိလာပါပြီ။ လက်ကျန်ငွေမှာ... မေးမြန်းလိုပါက ဆက်သွယ်ရန်...”

လူပုဘုရင်နှင့် လော့စ်တို့၏ ဖုန်းများဆီသို့ စာတိုတစ်စောင် ရောက်ရှိလာ၏။

အများပိုင်အကောင့် ဖြစ်သောကြောင့် ဖုန်းနံပါတ်အများအပြားကို ချိတ်ဆက်ထားနိုင်ခြင်း ဖြစ်သည်။

“ဒီကျွန်းပိုင်ရှင်ရှောင်းက တကယ်မြန်တာပဲ။”

လော့စ်က အံ့ဩတကြီး ပြောလိုက်သည်။

“သူတို့က တကယ်ပဲ ဒီလောက် ငွေအများကြီး သုံးပြီး အမှိုက်တွေကို ဝယ်လိုက်တာလား။”

လူပုဘုရင်က အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။

ဤမျှ ငွေအမြောက်အမြားနှင့်ဆိုလျှင် သတ္တုကုန်ကြမ်းအသစ်များကိုပင် အများကြီး ဝယ်ယူနိုင်ပေသည်။ အကယ်၍ ဤအစုတ်အပဲ့များကို ပြန်ဝယ်သွားခြင်းက သူတို့အတွက် တကယ်ပဲ အရှုံးမပေါ်နိုင်ပေဘူးလော။

လော့စ်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“သူတို့ ဒါကို အပြီးသတ် လုပ်ဆောင်ပြီးပြီ။ ကျွန်တော်မျိုးအထင်တော့ သူတို့မှာ ဒီစွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်းတစ်ခုခု ရှိနေရမယ်။ ကျွန်းပိုင်ရှင်ရှောင်းကတော့ ဘယ်တော့မှ အရှုံးခံမယ့်လူမျိုး မဟုတ်ဘူး။”

လူပုဘုရင်တစ်ယောက် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိ၏။ ဤအရာများကို ကိုင်တွယ်ရန်အတွက် လူအင်အား၊ ပစ္စည်းအင်အား အမြောက်အမြား လိုအပ်သည့်အပြင် ပြန်လည်အရည်ကျိုခြင်း၊ သီးခြားခွဲထုတ်ခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းစဉ်များလည်း လိုအပ်သည်။ အကယ်၍ ဤမျှ မြင့်မားသောဈေးဖြင့် ဝယ်ယူသွားသည်ဆိုပါက သူတို့တွင် အလွန်ထိရောက်ပြီး အဆင်ပြေသော လုပ်ငန်းစဉ်တစ်ခု ရှိနေမှသာ ဖြစ်နိုင်ပေလိမ့်မည်။

“အရှင်မင်းကြီး အမှန်တော့ အများကြီး စိုးရိမ်နေစရာ မလိုပါဘူး။ သူတို့မှာ ဘယ်လောက်ပဲ အစွမ်းထက်တဲ့ နည်းလမ်းရှိရှိ ဒါက သူတို့ရဲ့ အရည်အချင်းပဲလေ။ ကျွန်တော်မျိုးတို့ ဘာလို့ အများကြီး လိုက်တွေးနေမှာလဲ။ အနည်းဆုံးတော့ သူတို့က ကျွန်တော်မျိုးတို့အတွက် ဒီအမှိုက်တွေကို ရှင်းထုတ်ပေးသွားတာပဲ။”

လော့စ်က ပြုံးကာ ပြောလိုက်သည်။

လူပုဘုရင်သည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားခဲ့ပြီး နောက် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“မှန်ပါတယ်။ ငါ စိုးရိမ်နေလည်း ကျွန်းပိုင်ရှင်ရှောင်းက သူ့ရဲ့ နည်းလမ်းကို ငါတို့ကို ပြောပြမှာ မဟုတ်ဘူး။ ဒါက ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာနေသလိုပဲ ဖြစ်လိမ့်မယ်။”

“ဟုတ်တယ်။ အခုဆိုရင် ဒီအမှိုက်တွေကို ငွေအဖြစ် ပြောင်းလဲလိုက်နိုင်ပြီဆိုတော့ အမှိုက်ကနေ ရတနာဖြစ်လာတယ်လို့တောင် ဆိုနိုင်ပါတယ်။”

လော့စ်က ဆက်ပြောလိုက်သည်။

“ပြီးတော့ ကျွန်တော်မျိုးရဲ့ တွက်ချက်မှုအရ ဒီဈေးနှုန်းက ကျွန်တော်မျိုးတို့ဘာသာ ကျွန်တော်မျိုးတို့ ပြန်လည်ထုတ်လုပ်လို့ရမယ့် အမြတ်ထက် အများကြီး ပိုမြင့်နေပါတယ်။”

“ကောင်းပြီ။ ဒါဆို နောက်ဆိုရင် အန်းယွဲ့ကိုပဲ ဒါတွေ ကိုင်တွယ်ခိုင်းလိုက်တော့။”

လူပုဘုရင်က သဘောတူလိုက်သည်။

“ငါတို့အတွက် ကုန်ကြမ်းတွေ လိုအပ်ရင်လည်း ဒီစွန့်ပစ်ပစ္စည်းတွေ ရောင်းလို့ရတဲ့ ငွေနဲ့ပဲ ဝယ်ယူလိုက်တာပေါ့။”

“မှန်လှပါ အရှင်မင်းကြီး။”

လော့စ်က ပြုံးကာ ပြန်လည်ဖြေကြားလိုက်သည်။

မကြာမီမှာပင် အန်းယွဲ့ စီစဉ်ထားသော လူများသည် စူပါအစိတ်အပိုင်းဖြုတ်စက်မှ ထွက်ပေါ်လာသော ကုန်ကြမ်းပမာဏကို စာရင်းပြုစုပြီးစီးသွားခဲ့သည်။

စူပါ အစိတ်အပိုင်းဖြုတ်စက်၏ စွမ်းအားမှာ ခွဲထုတ်ရာတွင် အလွန်လျင်မြန်ရုံသာမက ခွဲထုတ်ပြီးနောက်တွင်လည်း တူညီသော ကုန်ကြမ်းများကို သိမ်းဆည်းရလွယ်ကူစေရန် ထုထည်နှင့် အလေးချိန် တူညီသော အတုံးအခဲများအဖြစ် ပုံဖော်ပေးခြင်းပင် ဖြစ်သည်။

ဤနည်းဖြင့် စာရင်းအင်းပညာရှင်များအတွက် ရေတွက်ရ ပိုမိုလွယ်ကူသွားခဲ့သည်။ သူတို့သည် အကြွင်းအကျန် အနည်းငယ်ကိုသာ အလေးချိန်ချိန်ရန် လိုအပ်ပြီး ကျန်ရှိသည့် အတုံးများကိုမူ အတန်းလိုက်၊ အိုင်လိုက် ရေတွက်ကာ မြှောက်လိုက်ရုံဖြင့် ရလဒ် ထွက်ပေါ်လာတော့သည်။

“အထွေထွေမန်နေဂျာ အန်း အချက်အလက်တွေ ရေတွက်လို့ ပြီးပါပြီ။ ကြည့်ရှုပေးပါဦး။”

လက်အောက်ငယ်သား တစ်ဦးသည် ရေတွက်ထားသော အချက်အလက်များကို စက္ကူပေါ်တွင် သပ်ရပ်စွာ ကူးရေးကာ ကမ်းပေးလိုက်၏။

ပထမဆုံးအချက်ကို ကြည့်ရုံဖြင့် ဤအရောင်းအဝယ်မှ အမြတ်အစွန်း အမြောက်အမြား ရရှိကြောင်း အန်းယွဲ့ သိလိုက်ရတော့သည်။

“သံ: တန်ချိန် ၅၈၃.၁၄ သန်း။”

အနောက်ဘက်ရှိ ကြေးနီနှင့် အလူမီနီယံ ကဲ့သို့သော သတ္တုများကို မဆိုထားနှင့် ၎င်းတို့သည်လည်း အမြောက်အမြားပင် ဖြစ်သည်။

အန်းယွဲ့က ခေါင်းညိတ်လိုက်သည်။

“မင်းတို့ ဒီမှာ ခဏ စောင့်ကြည့်နေကြ။ ငါ လူပုတွေရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးပြီး ဒီသတ္တုတွေကို ပြန်ပို့လိုက်ဦးမယ်။”

ထို့နောက် အန်းယွဲ့သည် လူပုဘုရင်၏ နန်းမြို့တော် အပြင်ဘက်ရှိ အမှိုက်စခန်းမှ မြို့တော်အတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ချက်ချင်း အပြေးပြန်သွားလိုက်လေသည်။

ဤကျွန်းသည် ရှောင်းယီ၏ ကျွန်းနှင့် ဆက်စပ်နေသောကြောင့် ဤကျွန်းပေါ်ရှိ ပစ္စည်းများကို ကျောက်တိုင်မှတစ်ဆင့်သာ လွှဲပြောင်းရမည် ဖြစ်သည်။ သို့မဟုတ်ပါက ကားများဖြင့် သယ်ယူနေရပေလိမ့်မည်။ သို့သော် ကျောက်တိုင်ကဲ့သို့ အဆင်ပြေသော သယ်ယူပို့ဆောင်ရေး နည်းလမ်းရှိနေပါက ကားဖြင့် သယ်ယူသည့်သူမှာ လူမိုက်သာ ဖြစ်ပေလိမ့်မည်။

အန်းယွဲ့သည် အမှိုက်စခန်းမှ ခွဲထုတ်ရရှိလာသော ကုန်ချောပစ္စည်းများ အားလုံးကို ကျောက်တိုင်မှတစ်ဆင့် ရှောင်းယီထံ လွှဲပြောင်းပေးလိုက်တော့လေသည်။

ရှောင်းယီသည် အန်းယွဲ့ လွှဲပြောင်းပေးလိုက်သော သတ္တုပမာဏ အမြောက်အမြားကို မြင်သောအခါ ထပ်မံ အံ့အားသင့်သွားပြီး ဖုန်းဆက် မေးလိုက်သည်။

“ဒါတွေ အားလုံးကို လူပုတွေရဲ့ အမှိုက်စခန်းက ရတာလား။”

“ဟုတ်တယ်။ ဒီအရောင်းအဝယ်က တကယ်ကို အမြတ်အစွန်း များတယ်။”

အန်းယွဲ့က ပြုံးကာ ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် အရောင်းအဝယ်ကို လက်ခံလိုက်ပြီး ထိုသတ္တုများကို သူ၏ကျွန်းရှိ ဂိုဒေါင်ထဲတွင် သိမ်းဆည်းလိုက်တော့သည်။

“ဒီလောက်များတဲ့ သတ္တုတွေနဲ့ဆိုရင် ငါတို့ ရေငုပ်သင်္ဘောတွေတောင် အများကြီး ထပ်ဆောက်လို့ရတယ်။ ပြီးတော့ အရင်က လက်မှတ်ထိုးဝင်လို့ ရထားတဲ့ ရေနွေးငွေ့တာဘိုင် သင်္ဘောတွေကိုလည်း စမ်းပြီး ဆောက်ကြည့်လို့ ရပြီ။”

ရှောင်းယီ စဉ်းစားနေမိတော့သည်။

All Chapters