← Chapters

အခန်း (၉၈၇-၉၈၈)

Vol. 82 Ch. 987-988

အခန်း (၉၈၇-၉၈၈)

Vol. 82 Ch. 987-988

အခန်း ၉၈၇ - နှစ်ဆအခြေအနေ ဖြစ်ပေါ်ပေါက်လာခြင်းနှင့် ခြောက်လုံးပြူး ပစ္စတိုများ စတင်ရောင်းချခြင်း

ရှောင်းယီသည် ကုန်းပတ်ပေါ်သို့ပင် မရောက်သေးမီ သူ၏နားထဲတွင် အကြောင်းကြားချက်တစ်ခု ကြားလိုက်ရ၏။

“နှစ်ဆရိတ်သိမ်းမှု အခြေအနေကို စတင်လိုက်ပါပြီ။ တစ်ရက်တိတိ ကြာမြင့်ပါမည်။”

ရှောင်းယီ ခဏမျှ ကြောင်အသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွား၏။ သို့သော် လောလောဆယ်တွင် ထိုတည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါးကို အရင်စစ်ဆေးရန် လိုအပ်နေသေးသည်။

သူသည် ကုန်းပတ်ပေါ်သို့ အပြေးအလွှား တက်သွားပြီး မှန်ပြောင်းကို မကာ လေဟာနယ်တံခါးဆီသို့ လှမ်းကြည့်လိုက်၏။ ထိုအချိန်တွင် အသက်ဇီဝဓာတ် လုံးဝကင်းမဲ့နေသည့် လှေငယ်တစ်စင်းသည် လေဟာနယ်တံခါးဝမှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

“ဒါက ဘာလဲ... ကျောက်ခဲနဲ့ပစ်ပြီး အခြေအနေကို စမ်းသပ်နေတာလား။”

ရှောင်းယီက ရေရွတ်လိုက်သည်။

“ဖြစ်နိုင်ခြေ အရမ်းများတယ်။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

သည်ဘက်က အခြေအနေကို အတည်မပြုနိုင်သေးခင်မှာ မသေမျိုးမျိုးနွယ်စုများက သတိထားနေပုံရသည်။ ထို့ကြောင့် လှေအလွတ်တစ်စင်းကို အရင်စေလွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။

“သင်္ဘောအားလုံး အသင့်အနေအထားပြင်ထား။ အချိန်မရွေး ပစ်ခတ်ဖို့ ပြင်ထားကြ။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

အနီးအနားရှိ ယီရန်ပင်း မဟာမိတ်သင်္ဘောတိုင်းသည် ဘေးတိုက်အနေအထားသို့ လှည့်လိုက်ကြပြီး အမြောက်အားလုံးကို လေဟာနယ်တံခါးဆီသို့ ချိန်ရွယ်လိုက်ကြသည်။ အခြားကျွန်းခွဲများအနီးရှိ တပ်ဖွဲ့များသည်လည်း ကျန်းယွင်ထျန်း၏ အမိန့်အတိုင်း လိုက်နာကာ အသင့်ပြင်ထားလိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် ဧရာမ ရွက်သင်္ဘောအဟောင်းကြီးတစ်စင်း လေဟာနယ်တံခါးထဲမှ ထွက်ပေါ်လာ၏။ ၎င်း၏ ဧရာမရွက်တိုင်ကြီးများမှာ လူတစ်ကိုယ်စာ အရွယ်အစားရှိသော အပေါက်ကြီးများဖြင့် စုတ်ပြတ်သတ်နေခဲ့လေသည်။

“ဒီအရာကြီးက ဘယ်လိုလုပ် ရေပေါ်မှာ ပေါ်နေနိုင်တာလဲ။”

စွန်းကုထောင်က နားမလည်နိုင်စွာ မေးလိုက်သည်။

ကုန်းပတ်ပေါ်တွင် အရိုးစုစစ်သည်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသဖြင့် ရှောင်းယီသည် မေးခွန်းထုတ်မနေတော့ဘဲ “ပစ်ခတ်ကြ” ဟုသာ အမိန့်ပေးလိုက်၏။

အရိုးစုမျာစကို တွေ့လိုက်ရပြီဖြစ်၍ တွန့်ဆုတ်နေရန် မလိုတော့ပေ။ အရင်ပစ်ရန်သာ လိုပေသည်။

ဘုန်း ဘုန်း ဘုန်း

ကြိုတင်ပြင်ဆင်မှု အပြည့်ရှိခဲ့သည့်အတွက် ရွက်သင်္ဘောကြီးမှာ အမြောက်ဆန်များအောက်တွင် ချက်ချင်းပင် ပျက်စီးလွင့်စင်သွားတော့သည်။ သင်္ဘောပေါ်ရှိ အရိုးစုများသည်လည်း ထိုနည်းတူပင် ဖြစ်ပြီး တစ်ကောင်မှ မလွတ်မြောက်ခဲ့ပေ။

“တခြားနေရာတွေက အခြေအနေကို စစ်ဆေးလိုက်ဦး။”

ရှောင်းယီက ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြကာ သူ၏မိုဘိုင်းဖုန်းဖြင့် လှမ်းမေးလိုက်သည်။ တခြားနေရာတိုင်းကလည်း အခြေအနေတူညီကြောင်း သတင်းပို့လာခဲ့ကြသည်။ မသေမျိုး မျိုးနွယ်စု ရွက်သင်္ဘောများသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖျက်ဆီးခံလိုက်ရ၏။

ထို့နောက်တွင် လေဟာနယ်တံခါးသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြန်သည်။

“မသေမျိုးမျိုးနွယ်စုက ငါတို့ကို တိုက်ဖို့ ဒီသင်္ဘောတစ်စင်းတည်းပဲ လွှတ်လိုက်တာတော့ မဟုတ်လောက်ပါဘူးမလာစ။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ရှောင်းယီက ခေါင်းယမ်းပြလိုက်သည်။

“အားလုံးကို အလှည့်ကျစောင့်ခိုင်းလိုက်ပါ။ အစ်ကိုကျန်း မင်း သွားနားလိုက်ဦး။ ငါ စောင့်ကြည့်လိုက်မယ်။”

“ကောင်းပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် နေရာတစ်ခုတွင် ထိုင်ကာ အဝေးက ဝဲဂယက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်နေမိသည်။ ထို့နောက် ဖုန်းကိုထုတ်ကာ ဂရုချက်ကို ဖတ်ကြည့်လိုက်သည်။

“တောက်...။ အဲ့ဒီလေဟာနယ်တံခါးက သင်္ဘောကြီးတစ်စင်းကို တကယ်ကြီး ထွေးထုတ်လိုက်တာပဲ။”

“ငါတို့ရဲ့ သံချပ်ကာစစ်သင်္ဘောထက်တောင် ကြီးသေးတယ်။ ငါတော့ လန့်ပြီး အချက်ပေါင်းများစွာ ပစ်ထည့်လိုက်တာပဲ။ တော်သေးတာပေါ့ အဲ့ဒီကောင်တွေရဲ့ ကာကွယ်ရေးက သိပ်မကောင်းလို့။”

“ဟုတ်တယ်။ လေဟာနယ်တံခါးကို စောစောစီးစီး တွေ့လိုက်ရတာ ကံကောင်းတယ်။ သူတို့သာ နားကပ်လာရင် ခေါင်းကိုက်ရတော့မှာပဲ။”

“အခုတော့ အားလုံး ရှင်းသွားပုံပဲ။ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ...။ သူတို့ တံခါးဝမှာပဲ ငါတို့ စောင့်ပစ်နေရင် အေးဆေးမနေရဘူးလား။”

“အဲ့ဒါ အဓိပ္ပာယ်ရှိတယ်။ တံခါးဝမှာ ကင်းစောင့်ထားပြီး ကျန်တဲ့သူတွေက ကိုယ့်အလုပ်ကိုယ် လုပ်ကြတာပေါ့။”

“အကြံကောင်းပဲ။ ကြည့်ရတာ ဒီတစ်ခါက သိပ်မခက်ခဲလှဘူး ထင်တယ်။”

“အများကြီး မတွေးနဲ့ဦး။ ဒါက အစပဲရှိသေးတယ်။ နောက် ဘာလာဦးမလဲ ဘယ်သူမှ မသိဘူး။”

ခဏမျှ စဉ်းစားပြီးနောက် ရှောင်းယီက မက်ဆေ့ချ် ရိုက်လိုက်သည်။

“ဒီနေ့ ကျုပ် ခြောက်လုံးပြူး ပစ္စတိုနဲ့ တခြား လက်နက်တွေကို ရောင်းချပေးပါမယ်။”

ထိုမက်ဆေ့ချ် တက်လာသည်နှင့် တစ်ပြိုင်နက် ချက်တင်အတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ဝေစည်သွားတော့သည်။

“နောက်ဆုံးတော့ လာပြီဟေ့။ ငါ စောင့်နေတာ ကြာပြီ။”

“သူဌေး တိုပီဒိုတွေရော ရနိုင်မလား။ မသေမျိုးမျိုးနွယ်စုမှာ သင်္ဘောကြီးတွေ ရှိနေတော့ အသုံးဝင်မှာပဲ။”

“ဟုတ်တယ်။ ရေအောက်မိုင်းတွေပါ တစ်ခါတည်း ရောင်းပေးပါလား။”

“မှန်တယ်။ မသေမျိုးမျိုးနွယ်စုက ရေလမ်းကလာတာဆိုတော့ အဲ့ဒါတွေနဲ့ သူတို့ကို ဟန့်တားထားလို့ ရတယ်။”

ထိုအခါ ရှောင်းယီ ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“တိုပီဒိုတွေကိုတော့ အရေအတွက် ကန့်သတ်ပြီး ရောင်းပေးမယ်။ ကျန်တဲ့ ပစ္စည်းအားလုံးကိုတော့ အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါတယ်။”

“မိုက်လိုက်တာ...။ ခြောက်လုံးပြူးတွေသာရှိရင် မသေမျိုး မျိုးနွယ်စုကို ဘယ်သူက ကြောက်နေတော့မှာလဲ။ တစ်ကောင်လာရင် တစ်ကောင်သတ်၊ နှစ်ကောင်လာရင် နှစ်ကောင်သတ်ပဲ။”

“ဒါပေမဲ့ ခြောက်လုံးပြူးက အနီးကပ်ပစ်ရတာဆိုတော့ အနားကပ်လာရင် အန္တရာယ်များသလိုပဲ။”

“ကျုပ်ကို ပြောခွင့်ပြုပါ။ ဒါရဲ့ ထိရောက်တဲ့ အကွာအဝေးက မီတာ ၅၀ ရှိတယ်။ အဲ့ဒီအကွာအဝေးအတွင်းမှာဆိုရင် အားက တော်တော်ပြင်းတယ်။ အကယ်၍ သူဌေးဆီက မော်ဒယ်က ပိုအဆင့်မြင့်မယ်ဆိုရင် မီတာ ၆၀ ကျော်အထိ ရောက်နိုင်တယ်။ ဒါက လုံလုံလောက်လောက် ဘေးကင်းပါတယ်။ စနိုက်ပါ အကွာအဝေးမျိုး လိုက်တောင်းဆိုမနေကြပါနဲ့တော့။”

“မီတာ ၆၀ ကျော်လား။ အဲ့ဒါဆို တော်တော်ဘေးကင်းနေပြီပဲ။ ကီလိုမီတာ တစ်ဝက်လောက်ကနေ စနိုက်ပါနဲ့ ပစ်ချင်နေတာမှ မဟုတ်ရင်ပေါ့။”

“ဒီနေရာမှာ စနိုက်ပါက အသုံးမဝင်ဘူး။ ပစ်မှတ်တွေက အရမ်းများပြီး ကျည်ထွက်နှုန်းကလည်း အရမ်းနှေးလွန်းတယ်။”

“ဘယ်တော့ စရောင်းမှာလဲ။ ကျုပ် အုတ်မြစ်ကျောက်တွေ အပုံလိုက် စုထားပြီးပြီ။”

“ကျုပ်တို့ကျွန်းက စစ်သည်တိုင်းကို ခြောက်လုံးပြူး တစ်လက်စီ တပ်ဆင်ပေးလိုက်တော့မယ်။”

“ဟား... သူဌေးကြီးတွေပါလား။ သူဌေးက ဈေးတောင် မပြောရသေးဘူး။ တစ်လက်ကို အုတ်မြစ်ကျောက် တစ်သောင်းဆိုရင်ရော...။ တကယ်ပဲ လူတိုင်းအတွက် ဝယ်ပေးနိုင်မှာလား။”

“တစ်သောင်းဆိုရင်တောင် ငါ ဝယ်နိုင်တယ်။ ပြီးတော့ သူဌေးက အဲ့ဒီလောက်ကြီးအထိ ဈေးတင်မှာ မဟုတ်ပါဘူး။”

“အဲ့ဒါ ရတနာမြေပုံကနေ အဆပေါင်းများစွာ ပွားတဲ့လိပ်စာကို တူးဖော်မိထားတဲ့ သူဌေးကြီးလေ။ တစ်သောင်းဆိုတာ သူ့အတွက် အိတ်ကပ်ထဲက အကြွေစေ့လောက်ပဲရှိတယ်။”

“ဆောရီးပဲ။ သူ နာမည်ပြောင်းလိုက်ပုံရတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က အိုင်ဒီက အရင်နဲ့ မတူတော့ဘူး။”

“နာမည်ဟောင်းက နည်းနည်းပျော့လွန်းလို့ အသစ်လဲလိုက်တာပါ။”

ထိုစဉ် ရှောင်းယီက ဝင်ပြောလိုက်သည်။

“ကျုပ် အရင်ဆုံး အမြောက်ဆန်တွေကို အရောင်းတင်ပေးမယ်။ အဲ့ဒါတွေ အရင်စုဆောင်းထားပြီး လေဟာနယ်တံခါးထဲက ထွက်လာသမျှကို ရှင်းပစ်လိုက်ကြပါ။ ခကောက်လုံးပြူးနဲ့ ကျန်တဲ့ လက်နက်တွေကိုတော့ ကျုပ် ပြင်ဆင်ပြီးတာနဲ့ တင်ပေးမယ်။”

“ဟုတ်ကဲ့ပါ။ သူဌေးရဲ့ အမိန့်ကို စောင့်နေပါ့မယ်။”

ထိုအချိန်တွင် အန်းယွဲ့ ထံမှ ဖုန်းဝင်လာခဲ့သည်။

“ကျွန်းပိုင်ရှင် ဒီနေ့ နှစ်ဆအခြေအနေ ရှိနေတာလား။”

ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။

“အင်း...ဦးလေး အခုထိ မအိပ်သေးဘူးလား။”

သန်းခေါင်ကျော်နေပြီဖြစ်သော်လည်း သူသည် အန်းယွဲ့နှင့် အခြားသူများကို အကြောင်းမကြားရသေးပေ။ အန်းယွဲ့မှာ ဂရုချက်တင်ကို မြင်ပြီး ဖုန်းဆက်လာခြင်းဖြစ်သည်။

“နေ့ခင်းတုန်းက ခဏအိပ်ထားတော့ အခု မျက်စိကြောင်နေလို့။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“မျက်စိကြောင်နေရင်တောင် အတင်းအိပ်ရမယ်။ မနက်ဖြန်ကျရင် တော်တော်လေး အလုပ်ရှုပ်တော့မှာ။”

ရှောင်းယီက ပြောလိုက်သည်။

“နားလည်ပါပြီ။”

အန်းယွဲ့က ပြောပြီး ဖုန်းချသွား၏။

“ရှေ့တန်းက အခြေအနေ ဘယ်လိုလဲ။”

အိပ်မပျော်သေးသော လီယန် က လှမ်းမေးလိုက်သည်။

“တခြား မဟာမိတ်အဖွဲ့တွေတော့ အဆင်ပြေနေပါတယ်။ ငါတို့အဖွဲ့က ပိုတောင် အဆင်ပြေဦးမှာပါ။”

အန်းယွဲ့က ပြောလိုက်သည်။

“အခု အိပ်တော့။ မနက်ဖြန် ကျွန်းပိုင်ရှင်ဆီမှာ နှစ်ဆအခြေအနေနှစ်ဆ ရှိနေတာဆိုတော့ ငါတို့ တော်တော် အလုပ်များကြလိမ့်မယ်။”

ဖုန်းပြောပြီးနောက် ရှောင်းယီသည် သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အမြောက်ဆန် အမြောက်အမြားကို မည်သူမဆို ဝယ်ယူနိုင်ရန် တင်ပေးလိုက်တော့သည်။

ထို့နောက် သူသည် ကုန်းပတ်ပေါ်သို့ ပြန်ထွက်လာပြီး တိတ်ဆိတ်နေဆဲဖြစ်သော လေဟာနယ်တံခါးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

“တစ်ညလုံးနေမှ ဒီတစ်ကြိမ်ပဲ တိုက်ခိုက်တာလား။”

သူ တိုးတိုးလေး ရေရွတ်လိုက်၏။

တကယ်လို့ ဒါပဲဆိုရင်တော့ လူအများကြီးကို အိပ်ရေးပျက်ခံ စောင့်ခိုင်းထားရတာက အချိန်ဖြုန်းနေသလိုပဲ။

သူသည် တစ်ဖက်လူ၏ လှည့်စားခြင်းကို ခံလိုက်ရသလို ခံစားနေရသည်။

အခန်း ၉၈၈- မသေမျိုးတို့၏ စမ်းသပ်မှု၊ လန်ယုံအား အရောင်းအဝယ်ကိစ္စ အကြောင်းကြားခြင်း

ထိုစဉ် ရှောင်းယီ၏ ဖုန်းတုန်ခါလာသဖြင့် ဖွင့်ကြည့်လိုက်ရာ ဆုဝမ်ထံမှ မက်ဆေ့ဂျ်တစ်ခု ဖြစ်နေသည်။

“ကျွန်းပိုင်ရှင်...ဂရုထဲက တစ်ယောက်ယောက်က ရေအောက်မှာ လှုပ်ရှားမှုရှိနေတာကို တွေ့လိုက်တယ်တဲ့။”

ရှောင်းယီ၏ စိတ်ထဲ အနည်းငယ် လှုပ်ခတ်သွား၏။

“ကောင်းပြီ၊ ငါနားလည်ပြီ။”

ထို့နောက် သူသည် ရေငုပ်သင်္ဘော တာဝန်ခံထံ ချက်ချင်း ဖုန်းခေါ်ဆို၍ မေးမြန်းလိုက်သည်။

“ရေအောက်မှာ ထူးခြားတာ တစ်ခုခု တွေ့မိလား။”

“မတွေ့ပါဘူး။”

ရေငုပ်သင်္ဘော တာဝန်ခံက ချက်ချင်း ပြန်ဖြေလာခဲ့သည်။

“ကောင်းပြီ ရေအောက် အခြေအနေကို သေချာ စောင့်ကြည့်ထား။”

ရှောင်းယီက ညွှန်ကြားချက် ပေးပြီးနောက် ဖုန်းချကာ ဂရုချက်ကို ဖွင့်ကြည့်လိုက်သည်။

“ဘာလို့ ငါတို့ဆီမှာကျ ရေအောက်ရန်သူတွေ ပေါ်မလာတာလဲ။”

“ငါတို့ဆီမှာလည်း မရှိဘူး +၁။”

“တောက်... ဒါဆို ငါတစ်ယောက်တည်း ဒါကို ကြုံနေရတာလား။”

“မင်းတို့ မဟာမိတ်အဖွဲ့ရဲ့ တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါးကို ဓာတ်ပုံရိုက်ပြီး ပြလို့ရမလား။ ဖိုရမ်မှာ တင်ပေးပါဦး။”

“တင်ပေးလိုက်ပြီ။ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ လေဟာနယ်တံခါးက တခြားဟာတွေနဲ့ မတူလို့လား။”

ရှောင်းယီသည် ဖိုရမ်သို့ ချက်ချင်းဝင်ရောက်ကာ ဓာတ်ပုံကို ရှာဖွေပြီး သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်သည်။ ထိုမဟာမိတ်အဖွဲ့၏ လေဟာနယ်တံခါး၏ တစ်စိတ်တစ်ပိုင်းသည် ရေအောက်ထဲတွင် နစ်မြုပ်နေသည်ကို သူတွေ့ရှိလိုက်ရ၏။

ထိုအရာကို မြင်ပြီးနောက် ရှောင်းယီသည် သူ၏ ဘေးနားရှိ မှန်ပြောင်းကို ယူကာ လေဟာနယ်တံခါးကို အသေအချာ လေ့လာကြည့်လိုက်သည်။

သူ့ရှေ့က လေဟာနယ်တံခါးမှာလည်း ပင်လယ်ရေအောက်တွင် နစ်မြုပ်နေသော အစိတ်အပိုင်းတစ်ခု ရှိနေသင့်ပေသည်။

ထို့နောက် ဂရုထဲက မက်ဆေ့ဂျ်များကို ကြည့်လိုက်သောအခါ လူအများစုက လေဟာနယ်တံခါးများမှာ ထူးခြားမှု မရှိကြောင်း ပြောဆိုနေကြသည်ကို တွေ့လိုက်ရလေသည်။

“ငါတို့ဟာနဲ့ အတူတူပါပဲ။ ဘာမှမထူးခြားပါဘူး။ မင်းတို့ မဟာမိတ်အဖွဲ့က ဘာလို့ ထူးခြားနေတာလဲ။”

“ဟုတ်တယ်။ ငါလည်း နှိုင်းယှဉ်ကြည့်ပြီးပြီ။ အကုန် အတူတူပဲ။ ငါတို့ဆီမှာလည်း ရေအောက်ကနေ ကျူးကျော်လာတဲ့ မသေမျိုးတွေကို မတွေ့မိဘူး။”

“မင်းတို့ဘက်မှာ ထူးခြားတဲ့ အခြေအနေတွေ ရှိနေလို့လား။”

“မရှိပါဘူး။ မင်းတို့လိုပါပဲ။ သူတို့ ထွက်လာတာနဲ့ ငါတို့က အမြောက်နဲ့ စပစ်လိုက်တာပဲ။”

ယခုအခါ အားလုံး ဇဝေဇဝါ ဖြစ်နေကြပြီဖြစ်သည်။

“အားလုံး ဒါကိုပဲ အာရုံစိုက်မနေကြပါနဲ့။ ဒါက ငါတို့အားလုံးအတွက် သတိပေးချက်တစ်ခုပဲ။ အားလုံး ပင်လယ်ထဲက အခြေအနေကို ပိုပြီး ဂရုစိုက်သင့်တယ်။”

ရှောင်းယီက ဂရုထဲတွင် သတိပေးလိုက်သည်။

“ဟုတ်တယ်။ သူဌေး ပြောတာ မှန်တယ်။ ဒါကိုပဲ တွေးမနေနဲ့တော့။ တစ်နေရာမှာ ပေါ်လာပြီဆိုကတည်းက မသေမျိုးတွေ ရေအောက်ကနေ တိုက်ခိုက်လာဖို့ အလားအလာ ရှိနေပြီလို့ ဆိုလိုတာပဲ။ အခု မတိုက်သေးတာက နောင်မှာ မတိုက်တော့ဘူးလို့ မဆိုလိုဘူး။”

“ဒါဆို ငါတို့ ပိုပြီး ဂရုစိုက်ကြည့်ရုံပဲပေါ့။ ကိစ္စမရှိပါဘူး။”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီကိစ္စက တော်တော်ကြီးတယ်။ မဟာမိတ်အဖွဲ့ တစ်ခုချင်းစီမှာ ရှိတဲ့ ရေအောက် ကိရိယာ အရေအတွက်က ကန့်သတ်ချက် ရှိတယ်။ လေဟာနယ်တံခါးတွေ အားလုံးကို အချိန်ပြည့် စောင့်ကြည့်ဖို့က လောလောဆယ်မှာ မဖြစ်နိုင်ဘူး မဟုတ်လား။”

“ဟုတ်တယ်။ ငါတို့ မဟာမိတ်အဖွဲ့မှာ ရေငုပ်သင်္ဘော တစ်စီးပဲ ရှိတယ်။ လေဟာနယ်တံခါးတွေ အားလုံးကို စောင့်ကြည့်ဖို့ မလုံလောက်ဘူး။”

“မင်းတို့ ဦးနှောက်ကို မသုံးကြဘူးလား။ သူဌေး အရင်က ရောင်းပေးထားတဲ့ ရေအောက်မိုင်းတွေကော...။ အကုန်ထုတ်ပြီး လေဟာနယ်တံခါးတွေ နားမှာ သွားချထားလိုက်လေ။”

“ဟုတ်သားပဲ။ ငါတို့ မစောင့်ကြည့်နိုင်ရင် မိုင်းတွေ ထောင်ထားမယ်။ သူတို့ ကူးလာတာနဲ့ မိုင်းတွေက ကျိန်းသေ ပေါက်ကွဲမှာပဲ။ ဒါကလည်း သွယ်ဝိုက်တဲ့ နည်းနဲ့ စောင့်ကြည့်လိုက်တာပဲ။”

“ငါတော့ ဘာမှ မပြောတော့ဘူး။ အခုချက်ချင်း မိုင်းသွားထောင်တော့မယ်။”

ရှောင်းယီကမူ သူ၏ မိုင်းများကို ချထားပြီးသား ဖြစ်သည်။ မဟာမိတ် သင်္ဘောအားလုံးသည် ကြိုတင် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်းသာ သွားရမည် ဖြစ်သည်။ လမ်းကြောင်းမှ အနည်းငယ် သွေဖည်သွားသည်နှင့် မိုင်းကို ထိမိသွားနိုင်သည်။

လေဟာနယ်တံခါး၏ အခြေအနေကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်နိုင်ရန် ရှောင်းယီသည် ရေငုပ်သင်္ဘော ဆယ်စီးကျော်ကို တည်ဆောက်ထားပြီး ဖြစ်သည်။ လေဟာနယ်တံခါးတစ်ခုချင်းစီ၏ အနီးတွင် အနည်းဆုံး ရေငုပ်သင်္ဘော နှစ်စီးခန့် ရေအောက်မှ စောင့်ကြည့်နေကြသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် လူပုများထံမှ လုံလောက်သော သတ္တုများကို ရရှိခဲ့၏။ မဟုတ်ပါက ယီရန်ပင်းမဟာမိတ်အဖွဲ့၏ သတ္တုလက်ကျန်ဖြင့် ရေငုပ်သင်္ဘော အမြောက်အမြားကို တစ်ပြိုင်နက် ထုတ်လုပ်နိုင်ရန်မှာ အမှန်တကယ်ပင် မလွယ်ကူသော ကိစ္စဖြစ်သည်။

ဒီနေ့က နှစ်ဆအခြေအနေ ရရှိသောနေ့ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် ရောင်းချရန်အတွက် လက်နက်အမြောက်အမြားကို ထုတ်လုပ်ရပေဦးမည်။ မနေ့က အမှိုက်သိမ်းရာမှ ရရှိခဲ့သည့် သတ္တုများသာမရှိလျှင် ယနေ့လက်နက်ရောင်းချမှုသည် အနည်းငယ် အကန့်အသတ်ဖြစ်သွားနိုင်ပေသည်။

“သတင်းပို့ပါတယ်။ မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်ကျွန်း ရေအောက်မှာ လှုပ်ရှားမှုတစ်ခု တွေ့ရှိရပါတယ်။”

ထိုသတင်းကို ကြားသည်နှင့် ရှောင်းယီသည် ချက်ချင်းထရပ်ကာ အရှေ့ဘက်ကျွန်းသို့ ကူးပြောင်းသွားလိုက်၏။ အရှေ့ဘက်ကျွန်းရှိ တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါး အနီးသို့ သူရောက်ရှိလာသည်နှင့် ပင်လယ်ပြင်ထက်တွင် ပေါက်ကွဲသံများ ချက်ချင်းမြည်ဟည်းသွားတော့သည်။

ဘုန်း ဘုန်း ဘုန်း

တည်နေရာကူးပြောင်းကာ ရောက်ရှိလာသော မသေမျိုးများသည် သူထောင်ထားသည့် မိုင်းများကို တိုက်မိသွားခြင်းဖြစ်ရမည်။

“သတင်းပို့ပါတယ်။ ပေါ်လာသမျှ မသေမျိုးအားလုံးကို ထောင်ထားတဲ့ မိုင်းတွေနဲ့ အသေအလဲ သတ်ဖြတ်နိုင်ခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်သူ မရှိပါဘူး။”

ရေငုပ်သင်္ဘောအဖွဲ့က အစီရင်ခံလာခဲ့သည်။ ရှောင်းယီက အနည်းငယ် ခေါင်းညိတ်ပြကာ ညွှန်ကြားလိုက်သည်။

“မိုင်းတွေကို ပြန်ဖြည့်ထားလိုက်။ ဟာကွက်မရှိစေနဲ့။ ရေငုပ်သင်္ဘောတွေက လေဟာနယ်တံခါးရဲ့အခြေအနေကို ဆက်ပြီး စောင့်ကြည့်ထား။”

“ဟုတ်ကဲ့။”

အားလုံးက ပြန်လည်တော့ပြန်လိုက်ကြသည်။

ထို့နောက် ကျွန်းခွဲအချို့ကလည်း မသေမျိုးအနည်းငယ်သည် ရေအောက်မှတစ်ဆင့် တည်နေရာကူးပြောင်းလာကြောင်း သတင်းပို့လာကြသော်လည်း အရေအတွက်မှာ မများလှပေ။ ၎င်းတို့အားလုံးကို ကြိုတင်ချထားသော မိုင်းများဖြင့် ရှင်းလင်းနိုင်ခဲ့သည်။

ကျွန်းခွဲအသီးသီးမှ အစီရင်ခံစာများကို နားထောင်ရင်း ရှောင်းယီ စဉ်းစားနေမိသည်။

ဒါက စမ်းသပ်မှုတစ်ခုပဲ။

ပထမဆုံး သစ်သားလှေအငယ်စားလေးကို တည်နေရာကူးပြောင်းကြည့်သည်။ ရှောင်းယီက ဘာမှတုံ့ပြန်မှုမပြသောအခါ တစ်ဖက်လူက သင်္ဘောအကြီးစားတစ်စီးကို စေလွှတ်လိုက်သည်။ မဟာမိတ်အစောင့်တပ်က ပြင်းထန်သော အားဖြင့် နှိမ်နင်းလိုက်ပြီးနောက် သူတို့သည် အချိန်အတော်ကြာ ငြိမ်သက်သွားကာ လေဟာနယ်တံခါးအတွင်းမှ မည်သည့်ပစ်မှတ်မျှ ထွက်မလာတော့ပေ။

ယခုမူ စစ်တပ်အငယ်စားလေးများကို ရေအောက်မှတစ်ဆင့် လွှတ်ကြည့်ပြန်ရာ လေဟာနယ်တံခါးအနီးရှိ မိုင်းများကြောင့် လုံးဝတားဆီးခံလိုက်ရပြီး ထပ်မံ၍ အရှုံးနှင့် ရင်ဆိုင်လိုက်ရပြန်သည်။ ဤသို့ဆိုလျှင် မသေမျိုးများသည် တစ်အောင့်လောက် ထပ်မံငြိမ်သက်သွားဦးမည်ဟု ခန့်မှန်းရပေသည်။

အချိန်ကို ကြည့်လိုက်ရာ နံနက် ၃:၃၀ ရှိနေပြီဖြစ်သည်။

ကျန်းယွင်ထျန်းလည်း ထိုအချိန်တွင် နိုးလာပြီး ရှောင်းယီအနားသို့ လျှောက်လာကာ မေးလိုက်သည်။

“ကျွန်းပိုင်ရှင် တစ်ခုခု ထူးခြားတာရှိလား။”

ရှောင်းယီက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

“သူတို့ စမ်းကြည့်နေရုံပဲ ထင်တယ်။”

“ဒီတစ်ခါတော့ မသေမျိုးတွေက တော်တော်လေး သတိကြီးနေပုံပဲ။”

ကျန်းယွင်ထျန်းက ပြောရင်း ပါးကို ပွတ်သပ်နေသည်။

ရှောင်းယီက ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ခဏလောက် သွားနားလိုက်ပါလား။”

ကျန်းယွင်ထျန်းက ရှောင်းယီကို ကြည့်ပြီး ပြောလိုက်သည်။

“မိုးလင်းတဲ့အထိ စောင့်လိုက်ပါဦးမယ်။”

ရှောင်းယီက ခေါင်းခါလိုက်၏။

ရှောင်ယီ၏ လက်ရှိရုပ်ခန္ဓာကြံ့ခိုင်မှုအရ တစ်ညလုံး မအိပ်ဘဲနေလျှင်ပင် ပြဿနာမရှိပေ။ ထို့အပြင် ရှောင်းယီသည် သုံးနာရီကျော်မျှ အိပ်စက်နားနေပြီး ဖြစ်သည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် မသေမျိုးတို့၏ တိုက်ခိုက်မှုများမှာ ယခင်ပုံစံအတိုင်းပင် ဖြစ်သည်။

နေ့ဘက်တွင် နားနေပြီး ညဘက်တွင် တိုက်ခိုက်ကာ မိုးလင်းချိန်တွင် အသစ်ပြန်ဖြစ်ကြမည်ဖြစ်သည်။ တကယ်သာ ထိုအတိုင်းဆိုလျှင် နေ့ဘက်တွင် ခုခံကာကွယ်ရသည့် ဖိအားမှာ အလွန်နည်းပါးသွားပေလိမ့်မည်။

ကျန်းယွင်ထျန်းလည်း ရှောင်ယီကို ဆက်ပြီး နားခိုင်းမနေတော့ပေ။ သူ၏ကိုယ်ပိုင် ကြံ့ခိုင်မှုဖြင့်ပင် တစ်ရက်မအိပ်ဘဲနေနိုင်လျှင် ရှောင်းယီအတွက်မူ ပို၍ပင် အေးဆေးနေမည်ဖြစ်သည်။

“ခုနက ငါ ချက်တင်တွေကို ကြည့်နေတာ။ ဒီနေ့ မင်းဆီမှာ နှစ်ဆအခြေအနေဖြစ်တဲ့နေ့လား။”

ကျန်းယွင်ထျန်းက တိုးတိုးလေး မေးလိုက်သည်။ ရှောင်းယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို လေပြာအင်ပါယာနဲ့ ဆက်သွယ်ပြီး ပြင်ဆင်ထားတဲ့ အုတ်မြစ်ကျောက်တွေကို ပို့ခိုင်းရမယ်။”

ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။

“ဟုတ်တယ်။ အရောင်းအဝယ်ကနေ ရတဲ့ အုတ်မြစ်ကျောက်တွေချည်းပဲ ဆိုရင် အရမ်းနည်းနေဦးမှာပဲ။”

ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်သည်။

ယခုအခါ အရောင်းအဝယ်မှတစ်ဆင့် အုတ်မြစ်ကျောက် အမြောက်အမြား ရနိုင်သော်လည်း လူပုများထံမှ အုတ်မြစ်ကျောက် သန်းပေါင်း သောင်းချီ ရရှိထားသော ရှောင်းယီအတွက်မူ အရောင်းအဝယ်မှရသော အရေအတွက်မှာ ပြောပလောက်စရာ မရှိပေ။ သူသည် လေပြာအင်ပါယာ၏ သံတမန်နှင့် အုတ်မြစ်ကျောက် အရေအတွက်ကို အတည်ပြုပြီးဖြစ်ရာ နှစ်ဆတိုးသည့် အခြေအနေကိုသာ စောင့်နေခြင်း ဖြစ်သည်။

“ဒါဆို ငါ စစ်သားတစ်ယောက်ကို အင်ပါယာဆီ ပြန်လွှတ်ပြီး အကြောင်းကြားခိုင်းလိုက်ရတော့မလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“အင်း...အရင်လွှတ်လိုက်လို့ ရတယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ဖုန်းကိုကောက်ကိုင်ကာ အကျဉ်းထောင်တာဝန်ခံကို ဖုန်းခေါ်လိုက်တော့၏။

“အကျဉ်းသားတစ်ယောက်ကို လွှတ်လိုက်ပါ။ လေပြာအင်ပါယာကို သွားပြောခိုင်းလိုက်။ အရင်က သဘောတူထားတဲ့ အုတ်မြစ်ကျောက်တွေနဲ့ လဲလှယ်ဖို့ ဒီနေ့တစ်ရက်ပဲ အချိန်ရှိတယ်လို့။ တကယ်လို့ အုတ်မြစ်ကျောက်မလုံလောက်ရင်ဖြစ်ဖြစ်၊ ဒီနေ့အတွင်း မရောက်လာရင်ဖြစ်ဖြစ် ဒီအရောင်းအဝယ်ကို ဖျက်သိမ်းမယ်။”

All Chapters