← Chapters

သွေးသားရင်းချာ

Vol. 11 Ch. 101

သွေးသားရင်းချာ

Vol. 11 Ch. 101

ညဘက်ရောက်သော် လင်ဝမ်ယိ က အရှင်မင်းကြီးတို့ သားအဖနှစ်ဦး ညစာသုံးဆောင်ရာတွင် ဝင်ရောက်ခစား၏။

ညစာစားပြီး သိပ်မကြာခင်မှာပင် ဒုတိယမင်းသား နှင့် လင်ဝမ်ယိ တို့အတွက် ဆေးများ ရောက်လာလေ၏။ သူတို့နှစ်ဦး အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြပြီး ဆေးခွက်ကို ယူကာ တစ်စက်မှမကျန်အောင် တစ်ကျိုက်တည်း မော့သောက်လိုက်ကြ၏။

ခါးသက်သက် အရသာပျောက်သွားစေရန် ပါးစပ်ထဲသို့ သစ်သီးယို တစ်ဇွန်းစီ ငုံလိုက်ကြပြီး ထိုစဉ် အရှင်မင်းကြီး က သူတို့နှစ်ဦးကို ကြည့်ကာ အနည်းငယ် ရယ်ချင်နေဟန်ရှိ၏။ "မင်းတို့ အခု ဆေးသောက်တာက ရေသောက်နေသလိုပဲ... မျက်တောင်တောင် မခတ်ကြတော့ပါလား..."

စကားဆုံးသွားသည်နှင့် သူပြောသည့်စကားဟာ မသင့်တော်ဘူးဟု သူ ခံစားလိုက်ရ၏။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦး ဒီလို ဆေးအမြဲသောက်နေရတာကလည်း သူ ကောင်းကောင်း မကာကွယ်ပေးနိုင်ခဲ့လို့ပဲ မဟုတ်လား။

သူ့မျက်ဝန်းထဲတွင် ဝမ်းနည်းမှုအရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။

လင်ဝမ်ယိ ကတော့ ထိုအကြည့်ကို လွတ်မသွားခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင် သူမက ကိုယ့်ကိုယ်ကိုယ် အဆိပ်ခတ်ခဲ့တာပဲလေ။ ထို့ကြောင့် အရှင်မင်းကြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမှုကို မြင်ရသောအခါ သူမ အနည်းငယ် စိတ်မလုံသလို ခံစားရပြီး အခြေအနေကို ပြေလျော့စေရန် စကားစလိုက်လေ၏။

"တကယ်တော့ တော်ဝင်သမားတော် တွေ ပေးတဲ့ဆေးက သိပ်မခါးပါဘူး... အရင်တုန်းက ဇွန်းနဲ့ တစ်ငုံချင်းစီ သောက်တော့ ပိုပြီး ခါးသလို ခံစားရပြီး အန်ချင်လာတာ... အဲဒီအစား တစ်ခါတည်း မော့သောက်လိုက်တာက ပိုကောင်းတယ်... ပါးစပ်က အရသာကို သိသွားတဲ့အချိန်ဆို ဆေးက ဗိုက်ထဲရောက်နေပြီလေ..."

ဒုတိယမင်းသား ကလည်း ခေါင်းညိတ် ထောက်ခံလာ၏။ "ဟုတ်တယ်... သခင်မလေးလင် ဆီမှာ ကျိုတဲ့ဆေးတွေက အရင်က မားမား တွေ ကျိုပေးတဲ့ဆေးထက် အများကြီး သောက်လို့အဆင်‌ပြေတယ်... အရင်ဟာက တကယ်ခါးတာ... သားတော် သိပ်တောင် မသောက်နိုင်ခဲ့ဘူး..."

သူ့စကားကြောင့် အရှင်မင်းကြီး ၏ မျက်ဝန်းများ မှိန်ဖျော့သွား၏။ ထင်တဲ့အတိုင်းပဲ... သူ့ဆေးထဲမှာ တစ်ယောက်ယောက်က တစ်ခုခုထည့်ထားတာပဲ။ ဝမ်းနည်းစရာကောင်းတာက အခုအချိန်ထိ တော်ဝင်သမားတော်သို့ က အဲဒီအဆိပ်က ဘာလဲဆိုတာကို သေချာ မဖော်ထုတ်နိုင်သေးဘူး။ ဒါကြောင့် ချက်ချင်း ရောဂါနဲ့ကိုက်ညီမယ့် ဆေးပေးဖို့က ခက်နေသည်။ လောလောဆယ်တော့ ခန္ဓာကိုယ်ကို အရင် အားဖြည့်ထားပြီးမှ ဆက်စီစဉ်ရုံပဲ။

သူတို့သုံးဦး အတန်ကြာ စကား ပြောပြီးနောက် အချိန်သင့်ပြီဖြစ်၍ တုမားမား က ဒုတိယမင်းသား ကို အနောက်ဆောင် သို့ ခေါ်သွားကာ အနားယူစေရန် ပြင်လိုက်၏။

"အရှင်မင်းကြီး ... သခင်မလေးလင် ... ဒုတိယမင်းသား က ငယ်ပါသေးတယ်... အများကြီး စားပြီး အများကြီး အိပ်ရမယ့် အရွယ်ပါ... ဒီအစေခံ ကြည့်ရတာ အချိန်လည်း သင့်ပြီမို့... သူ့ကို အနားယူခိုင်းပါရစေ..."

"အင်း... မားမား ပြောတာ မှန်တယ်... မားမား ရှိနေတော့ ကိုယ်တော် တကယ် စိတ်ချရပါတယ်..."

တုမားမား က ရှားရှားပါးပါး ပြုံးလိုက်၏။ ဤအပြုံးက သူမ၏ ယခင်က တင်းမာခက်ထန်နေသော အသွင်အပြင်ကို အတော်လေး ပြေလျော့သွားစေလေသည်။

ဒုတိယမင်းသား ထွက်သွားပြီးနောက် လင်ဝမ်ယိ သည် အရှင်မင်းကြီး အနားသို့ တိုးသွားလိုက်၏။ သူ၏ မျက်နှာထား တဖြည်းဖြည်း တည်လာသည်ကို ကြည့်ပြီး နောက်ထပ် စိတ်ရှုပ်စရာ ကိစ္စတစ်ခုခု ရှိနေပြီဆိုတာကို သူမ သိလိုက်သည်။ သူမက ဘာမှ ဝင်မမေးတော့ဘဲ ကုတင်ပေါ်သို့ တိတ်တဆိတ် တက်သွားကာ ယခင်ကလိုပင် အရှင်မင်းကြီး ကို သက်သောင့်သက်သာ ဖြစ်စေရန် နှိပ်နယ်ပေးလိုက်လေ၏။

ရင်းနှီးနေသော ရနံ့လေးနှင့်အတူ နားထဲသို့ တိုးဝင်လာသော လေပြေညင်းသံလေးကို ခံစားရင်း... အရှင်မင်းကြီး သည် ယခုလို အေးချမ်းသော ရှားရှားပါးပါး အချိန်လေးကို အပြည့်အဝ ခံစားနေမိတော့သည်။

တစ်ဖက်တွင်တော့ ယီဖေး ဆီမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ပူပန်သောက ရောက်နေခဲ့လေပြီ။

"တတိယမောင်လေး ရဲ့ ကိစ္စ ဘယ်လိုနေလဲ..."

ယင်းထျန်စီရင်စု က သူ့ကို ဖမ်းသွားသည်ဆိုတာကို သိလိုက်ရကတည်းက ယီဖေး ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုများက တစ်ချက်လေးမှ ပျောက်မသွားခဲ့ပေ။ အဘွားကလည်း အိမ်မှာ အငိုလွန်၍ သုံးခါလေးခါလောက် သတိလစ်ခဲ့ရပြီ။ အိမ်ကစာတွေလည်း ရှီးပေ ဘက်ကို အဆက်မပြတ် ပို့နေပေမယ့် အခုထိ ဘာသတင်းမှ မရသေးချေ။

သူမသည် မောင်းမဆောင် ထဲမှာ နဂိုကတည်းက မျက်နှာသာ အပေးမခံရသူဖြစ်၏။ ဒီနေ့ ဒီအချိန်ထိ ရာထူးတက်လာသည်မှာလည်း လျိုမိသားစုရဲ့ အစွမ်းအစတွေကြောင့်ချည်းပဲပင်။ သူမက အရှင်မင်းကြီး ဆီ သွားပြီး ခွင့်လွှတ်ပေးဖို့၊ တတိယမောင်လေး ကို အသက်ချမ်းသာပေးဖို့ တောင်းဆိုချင်ပေမယ့်... အိပ်ရာထက်မှာ အဖော်ပြုဖို့ အခွင့်အရေးတောင်မရခဲ့ပေ။

"မယ်မယ် စိတ်အေးအေးထားပါ... ဒီအစေခံ ထင်တာက ဒီကစားပွဲကို ပြောင်းပြန်လှန်လို့ရမယ့် အခြေအနေရှိပါသေးတယ်... အကယ်၍ အရှင်မင်းကြီး ကသာ တတိယသခင်လေးလျို ကို တကယ် သေစေချင်တယ်ဆိုရင် ချက်ချင်း သတ်ပစ်လိုက်မှာပေါ့... ဘာလို့ သူ့ကို ထောင်ထဲ ဖမ်းထည့်ဖို့ လူလွှတ်နေဦးမှာလဲ..."

ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်ပြတာမျိုး ဖြစ်လောက်ပါတယ်။ ရူယိက ဘေးနားမှနေ၍ ယပ်တောင်ကို တဖျပ်ဖျပ်ခတ်ပေးရင်း သူမကို နှစ်သိမ့်ပေးနေလေ၏။

ဒီလောက် ပူအိုက်တဲ့ ရာသီဥတုက နဂိုကတည်းက လူကို စိတ်အိုက်စေတာ၊ အခုလို ကိစ္စမျိုးနဲ့ ထပ်ကြုံလိုက်ရတော့ လူက သဘာဝကျကျပဲ စိတ်မချမ်းမသာ ဖြစ်ရတော့တာပေါ့။

"ပြောတော့သာ လွယ်တာ... ယင်းထျန်စီရင်စု က ဘာကောင်မို့လို့ ငါတို့ မြို့စားမင်းအိမ်တော် ကို လာပြီး ဖမ်းရဲရတာလဲ... ဒီနောက်ကွယ်မှာ သေချာပေါက် အရှင်မင်းကြီး ကိုယ်တိုင် အမိန့်ထုတ်ပြီး အတင်းအကျပ် စစ်ဆေးခိုင်းထားတာပဲ နေမှာ... ဟိုမိသားစု တစ်ခုလုံးကလည်း အကုန်သေကုန်ပြီဆိုတော့ ငွေနဲ့ ပေါက်ပြီး လာဘ်ထိုးဖို့တောင် ငွေယူမယ့်လူ မရှိတော့ဘူး... ငါက ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေရမှာလဲ..."

ဒီ တတိယဦးလေး အိမ်က မောင်ဝမ်းကွဲနဲ့ပတ်သက်ပြီး သူမ တစ်ခါတလေ တွေးမိသည်မှာ... အဘွားက သူ့ကို အရမ်း အလိုလိုက်လွန်းလို့ ဘယ်နေရာမှ အသုံးမကျတဲ့သူ ဖြစ်နေပြီလို့ပင်။ အထူးသဖြင့် အနောက်မြောက်စစ်တပ် ထဲက အစ်ကိုကြီးနှင့် ဒုတိယမောင်လေးတို့နဲ့ဆို လုံးဝကို ယှဉ်လို့မရပေ။ သို့သော် ဘာပဲဖြစ်ဖြစ် မိသားစု သွေးသားရင်းချာပဲလေ။ ပုံမှန်ဆို သူက သူမကို အစ်မကြီး အစ်မကြီး နဲ့ ခေါ်နေကျဖြစ်ရာ ယီဖေး အနေနဲ့ သူ ဒီအတိုင်း သေသွားသည်ကို ဘယ်လိုလုပ် ကြည့်ရက်မည်နည်း။

"မယ်မယ်... အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် စိတ်မလွတ်သွားပါနဲ့ဦး... မယ်မယ်က ရှန်းကျင်းမြို့တော် ထဲက ကျွန်မတို့ မြို့စားမင်းအိမ်တော် ရဲ့ အဓိက အားထားရတဲ့ တိုင်ခံကြီးလေ... အိမ်က သခင်မကြီးကလည်း မယ်မယ့်ဆီက စာပြန်လာမယ့်အချိန်ကို စောင့်နေတာ မဟုတ်ဘူးလား..."

"စာပြန်ရမယ် ဟုတ်လား... ဒီအရှင်မ အခု ဒီကိစ္စကို အဘွားကို ဘယ်လိုပြောပြရမှန်းတောင် မသိတော့ဘူး..."

ယီဖေး အတွက် အကျပ်ရိုက်စရာက ဒီနေရာပဲ ဖြစ်၏။

အဘိုးလက်ထက်တုန်းက ဘယ်လောက်တောင် ဂုဏ်သိက္ခာမြင့်မားခဲ့လဲ... သို့ပေမယ့် တတိယမောင်လေး ၏ ယခုလို လုပ်ရပ်က ရှီးပေမြို့စားမင်း ရဲ့ နာမည်ကို ဖျက်ဆီးလိုက်တာပင်။ လျိုမိသားစုသည် နှစ်ပေါင်းများစွာကြာအောင် လူရာနဲ့ချီသည့် အသက်တွေနဲ့ လဲလှယ်ပြီး ရယူခဲ့သော ဂုဏ်ကျေးဇူးတွေ၊ ပြီးနောက် ပြည်သူများကြားက နာမည်ကောင်းတွေကို ဖျက်ဆီးလိုက်ခြင်းပင်။ အကြောင်းပြချက်အရ ဆိုရင်တော့ ဒီလို မိသားစုကို ဒုက္ခပေးမည့်သူမျိုးကို သေချာပေါက် ဆုံးမသင့်‌ပေသည်။ သို့သော် အဘွားကို သူမ ဘယ်လို မျက်နှာပြရမည်နည်း။

တတိယမောင်လေး ဆိုသည်မှာ အဘွား ကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့သည် ဆိုသည့် အချက်ကို စဉ်းစားမိလိုက်တိုင်း... အကယ်၍ သူသာ တကယ် တစ်ခုခု ဖြစ်သွားခဲ့လျှင် အဘွားလည်း ဒုက္ခရောက်မည်ပဲ မဟုတ်လား။ ဒီရက်ပိုင်း သူမ စိတ်ပူလွန်းလို့ ဘာမှကို မစားနိုင်ဘဲ လူတောင် အနည်းငယ် ပိန်ချုံးသွားခဲ့လေပြီ။

သူမ စိတ်ညစ်နေချိန်မှာပင် ပိုင်ဖင် နှင့် ဟယ့်နျန်ဇစ် တို့ အပြင်ဘက်မှ ဝင်လာကြသည်ကို မြင်လိုက်ရ၏။ ယီဖေး ၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးနေသော ပုံစံကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မေးလိုက်ကြသည်။

"မယ်မယ် ဘာဖြစ်လို့လဲ..."

ပိုင်ဖင် က အရင် စမေးလိုက်ရာ ယီဖေး သည် သူမ၏ ဝမ်းနည်းနေသော အမူအရာများကို ဖုံးကွယ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ ပြန်မေးလိုက်၏။

"မင်းတို့တွေ ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ..."

ပိုင်ဖင် က ခပ်ဖွဖွ ပြုံးလိုက်ပြီး မက်မွန်သီး ခြင်းတောင်းကို လူတစ်ယောက်အား ယူလာခိုင်းလိုက်ပြီး ပြောလိုက်၏။

"ဒါက ကျွန်တော်မျိုးမ မက်မွန်ခြံကနေ အခုလေးတင် ခူးလာခိုင်းထားတာပါ... လတ်လတ်ဆတ်ဆတ်လေးဆိုတော့ မယ်မယ် မြည်းကြည့်ရအောင်လို့ တကူးတက လာပို့ပေးတာပါ..."

"အင်း... စေတနာကို ကျေးဇူးတင်ပါတယ်... ရူယိ... ယူထားလိုက်ပါ..."

"ဟုတ်ကဲ့... ဒီအစေခံ ယူထားလိုက်ပါ့မယ်..."

ရူယိသည် ခြင်းတောင်း သယ်လာသော မိန်းမစိုးငယ်လေးများ ရှေ့သို့ လျှောက်သွားကာ သူတို့ကို အပြင်သို့ ခေါ်သွားလိုက်၏။ ရူဟွမ်းကတော့ ပိုင်ဖင် နှင့် ဟယ့်နျန်ဇစ် တို့အတွက် လက်ဖက်ရည် ယူလာပေးရန် အမြန် ထွက်သွားလေသည်။

သူတို့နှစ်ဦး ထိုင်လိုက်ပြီးနောက် ဟယ့်နျန်ဇစ် က လက်ဖက်ရည်ခွက်ကို တစ်ငုံ သောက်လိုက်ပြီး မျက်နှာချိုသွေးကာ ပြောလိုက်၏။

"မယ်မယ်ဆီက လက်ဖက်ရည်က တစ်ခါနဲ့တစ်ခါ ပိုကောင်းတာပဲ... ကျွန်တော်မျိုးမ လာတိုင်း အများကြီး သောက်ဖြစ်တယ်..."

ပုံမှန်ရက်တွေဆို သူမ ဒီလို ပြောလိုက်လျှင် ယီဖေး က အနည်းနှင့်အများ ပြန်ပြောလေ့ရှိ၏။ သို့သော် ယနေ့တွင်တော့ လုံးဝ ဂရုမစိုက်သည်ကို မြင်ရသဖြင့် ဟယ့်နျန်ဇစ် အနည်းငယ် အနေရခက်သွားသည်။ သို့သော် သူမက ကုန်သည်မိသားစုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် အနေရခက်ခြင်းမျိုးမှာ ဆိုးလှသည် မဟုတ်ပေ။ စဉ်းစားလိုက်ပြီးနောက် စကားလမ်းကြောင်းလွှဲကာ ထပ်ပြောလိုက်လေ၏။

"မယ်မယ်... ကြားပြီးပြီလား... လင်ကွေ့ဖေး ဘက်မှာ အကြီးအကျယ် မျက်နှာပျက်စရာ ကြုံသွားရတယ်တဲ့..."

ပိုင်ဖင် ထိုစကားကို ကြားသောအခါ ပြုံးလိုက်မိပြီး သူမ၏ မျက်ဝန်းထဲတွင်တော့ ပွဲကြည့်ချင်သည့် ကျေနပ်မှုများ အပြည့်ဖြစ်နေလေ၏။

"ဘာကိစ္စလဲ..."

ယီဖေး မှာ ယခုအခါ အိမ်ကိစ္စများဖြင့် ခေါင်းပူနေသဖြင့် အောက်ခြေလူများက အပြင်ဘက်မှ သတင်းများ သိလျှင်တောင် လာမနှောင့်ယှက်ရဲကြပေ။ ထို့ကြောင့် ဟယ့်နျန်ဇစ် ဘာပြောနေမှန်း သူမ မသိချေ။

"ကြားရတာက လင်ကွေ့ဖေး က ကြာကန်စံအိမ်မှာ ဒုတိယမင်းသား အတွက် မွေးနေ့ပွဲ အကြီးအကျယ် လုပ်ပေးဖို့ စီစဉ်နေတာ... အဲဒါကို အရှင်မင်းကြီး က ငြင်းလိုက်တယ်တဲ့လေ... ဒါတင်မကသေးဘူး... ဒုတိယမင်းသား ရဲ့ မိဘအပေါ် သိတတ်မှုကို ချီးကျူးပြီး စုဖင် ကို စူးဖေး အဖြစ် ရာထူးတိုးပေးလိုက်တယ်... ပြီးတော့ ပေါင်လင်းဘုရားကျောင်း က ဘုန်းကြီးတွေကို နွေရာသီအပန်းဖြေနန်းတော် ဆီ ပင့်ပြီး ရက်အတော်ကြာ တရားရွတ်ခိုင်းဦးမယ်တဲ့လေ..."

ယီဖေး ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွား၏။ ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ စုဖင် ကို ရာထူးတိုးပေးရတာလဲ။ ဒါက သူမကို တမင် သက်သက် လုပ်ပြတာများလား။

ဘာပဲဖြစ်ဖြစ် မောင်းမဆောင် ထဲမှာ အခုချိန်ထိ မင်းသား မွေးထားနိုင်သူဆိုလို့ သူမနဲ့ စုဖင် နှစ်ယောက်တည်း ရှိတာ‌။ အခု စုဖင် က ဖေး အဖြစ် ရာထူးတိုးသွားပြီဆိုတော့... လူသေသွားပြီ ဆိုပေမယ့် ရာထူးအရတော့ သူမနဲ့ တန်းတူ ဖြစ်သွားပြီလေ။ အထူး ဂုဏ်ပုဒ် မရှိတော့လည်း ဘာဖြစ်လဲ။

All Chapters