← Chapters

အခန်း (၁၀၀၉-၁၀၁၀)

Vol. 84 Ch. 1009-1010

အခန်း (၁၀၀၉-၁၀၁၀)

Vol. 84 Ch. 1009-1010

အခန်း ၁၀၀၉ - ခက်ခဲသော ခံစစ်နှင့် အီလက်ထရွန်နစ် ကွန်ပျူတာ

ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် “ငါ သတ္တုရနိုင်မယ့် အရင်းအမြစ်တွေကို ပိုပြီး ရှာဖွေဖို့ လိုနေသေးတာပဲ” ဟု တွေးလိုက်မိ၏။

မသေမျိုးမျိုးနွယ်နှင့် ဖြစ်ပွားနေသော ဤစစ်ပွဲသည် မည်မျှကြာရှည်မည်ကို သူ မသိပေ။ သူတို့၏ လူအင်အားသုံး၍ တိုက်ခိုက်သော ဗျူဟာကို ကြည့်လျှင် ခဲယမ်းမီးကျောက် သုံးစွဲရမှု ပမာဏမှာ နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ အလွန်အမင်း များပြားပေလိမ့်မည်။

အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းများသည် အရှိန်မြှင့်တင်ပေးခြင်းနှင့် သယံဇာတများ ပြန်လည်ပေါက်ဖွားပေးခြင်း စသည့် ထူးခြားချက်များ ရှိသော်လည်း ကျွန်းအများစုမှာ သိပ်မကျယ်ကြပေ။ သယံဇာတ ပြန်လည်ဖြစ်ပေါ်မှုကို အရှိန်မြှင့်နိုင်လျှင်ပင် စုစုပေါင်း ပမာဏမှာ အလွန်အမင်း များပြားခြင်း မရှိလှပေ။

၎င်းမှာ ဤကမ္ဘာရှိ ဒေသခံများ နှစ်ပေါင်း ထောင်နှင့်ချီ၍ စုဆောင်းထားသော ပမာဏနှင့်တော့ မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။

ထို့ကြောင့် လောလောဆယ်တွင် သတ္တုကုန်ကြမ်း ပြဿနာကို ဖြေရှင်းနိုင်ရန် ဤကမ္ဘာရှိ ဒေသခံများကို ရှာဖွေရန် လိုအပ်နေသေးသည်။

ရှောင်းယီသည် ယီထျန်းဂရုချက်ကို ဆက်လက်ကြည့်ရှုနေခဲ့သည်။

“@ကတုံးကောင်၊ ငါ့ဆရာကို ခုချက်ချင်းပြန်ပေး... ညီအစ်ကို၊ ဘရောင်နင် ကျည်အိမ်တွေကို သီးသန့် ထုတ်လုပ်ပေးလို့ ရမလား။”

ဂရုထဲတွင် တစ်စုံတစ်ယောက်က မေးလိုက်သည်။

“မရဘူး။ ငါက သေနတ်အပြည့်အစုံကိုပဲ ထုတ်လုပ်လို့ ရတာ။”

‘ကတုံးကောင်၊ ငါ့ဆရာကို ခုချက်ချင်းပြန်ပေး’ က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ကျည်အိမ်တွေသာ သီးသန့်မရှိရင် ပစ်အားက အများကြီး လျော့သွားမှာပဲ။”

၎င်းကို မြင်သောအခါ ရှောင်းယီက ချက်ချင်း ဝင်ပြောလိုက်သည်။

“ကျည်အိမ်တွေကို ငါ ဒီကနေ ထုတ်ပေးလို့ ရတယ်။ ကျည်ဆန်တွေ အပါအဝင်ပေါ့။

“အမ် သူဌေးဆီမှာလည်း ဘရောင်နင် ပုံစံခွက် ရှိတာလား။”

“မဟုတ်ပါဘူး။ ငါ့ဆီမှာ ကျည်အိမ်နဲ့ ကျည်ဆန်တွေ ထုတ်လုပ်တဲ့ စက်တွေ ရှိနေလို့ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ အတော်ပဲ။ သူဌေးဆီက ကျည်အိမ်နဲ့ ကျည်ဆန်တွေရယ်၊ ဟိုဘက်က ဘရောက်နင် ပစ္စတိုတွေရယ် ပေါင်းလိုက်ရင် ကွက်တိပဲ။”

“သူဌေးကတော့ တကယ်ကို အစွမ်းထက်တာပဲ။ ဒီလို ကျည်နှစ်ရန်းဆင့် ကျည်အိမ်မျိုးကိုတောင် ထုတ်နိုင်တယ်ဆိုတော့ သူ့ဆီက စက်ကိရိယာတွေက တကယ်ကို အဆင့်မြင့်မှာပဲ ”

“သူဌေးဆီမှာ အဆင့်မြင့်ပစ္စည်းတွေ ရှိတာ ဒါပထမဆုံးလား။ အထူးအဆန်း လုပ်မနေကြနဲ့။”

ရှောင်းယီသည် မူလက သူ၏လက်ထဲတွင် ရှိနေသော ကာဘိုင်ရိုင်ဖယ်အချို့ကို ထုတ်ရောင်းရန် ပြင်ဆင်ထားခဲ့သည်။ နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်သူ အခြေခံလူတန်းစား ပိုများလေလေ၊ သူ ပိုပြီး အကျိုးအမြတ် ရလေလေ ဖြစ်သည်။ သို့သော် အခုတော့ အနည်းငယ် ထပ်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အားလုံးကို ဘရောင်နင် ပစ္စတိုများနှင့် အရင်ဆုံး ရင်ဆိုင်ခိုင်းထားပြီး ရှောင်းယီ အရင်က ရောင်းချထားသော အဆင့်မြင့်လက်နက်အေးများနှင့် ပေါင်းစပ်လိုက်လျှင် လက်ရှိရန်သူများကို ကိုင်တွယ်ရန် လုံလောက်သင့်ပေသည်။

သူ လက်မှတ်ထိုးဝင်ရင်း ပိုကောင်းသော သေနတ်ပုံစံခွက်များ ရလာမှသာ ထိုရိုင်ဖယ်များကို ထုတ်ရောင်းတော့မည်။

“ဟုတ်သားပဲ။ လက်မှတ်ထိုးဝင်ရမယ့် အချိန်ရောက်ပြီ။”

၎င်းကို တွေးမိမှ ရှောင်းယီသည် သန်းခေါင်ကျော်သွားပြီဖြစ်၍ ထပ်၍လက်မှတ်ထိုးဝင်နိုင်ပြီ ဖြစ်သည်ကို သတိရသွားတော့သည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်: အီလက်ထရွန်နစ် ကွန်ပျူတာ ပုံစံခွက် (SSS အဆင့်) ၁။”

ဤဆုလာဘ်ကို မြင်သောအခါ ရှောင်းယီ အနည်းငယ် ဆွံ့အသွား၏။ ဤပစ္စည်းမှာ လက်ရှိ တိုးတက်မှု အခြေအနေထက် များစွာ ကြိုတင်ရှေ့ရောက်ရှိနေသည်မှာ သိသာလှပေသည်။ စနစ်က ပုံစံခွက်သာ ပေးထားခြင်းဖြစ်ပြီး သူကိုယ်တိုင် တပ်ဆင်ရဦးမည် ဖြစ်သည်။

၎င်းမှာ အဆင့်မြင့်သည်ဆိုသော်လည်း အခု သူ အသည်းအသန် လိုအပ်နေသည်မှာ ဧရိယာအလိုက် ဖျက်အားပြင်းသော လက်နက်များသာ ဖြစ်သည်။

အီလက်ထရွန်နစ် ကွန်ပျူတာက သူ့အတွက် ဘာအသုံးဝင်မှာလဲ။

သူက ကွန်ပျူတာရှေ့မှာထိုင်ပြီး ကီးဘုတ်ဖိုက်တာလုပ်ပြီး ဟိုမသေမျိုးတွေကို အွန်လိုင်းကနေ ဆဲသတ်ရမှာလား။

ရှောင်းယီ ခေါင်းကို အားကိုးရာမဲ့စွာ ခါယမ်းလိုက်ပြီး ဖုန်းကိုချကာ အနားယူရန် ပြင်ဆင်လိုက်သည်။

ဤညတော့ မသေမျိုးမျိုးနွယ်များ၏ လေဟာနယ်တံခါး တစ်ခုသာ ပေါ်လာပုံရသည်။ ရှောင်းယီဟည် မဟာမိတ် ကင်းလှည့်အဖွဲ့ကို သတိပေးထားပြီး ဖြစ်သလို အခုထိ ဘာသတင်းမှ ပြန်မတက်လာသေးသဖြင့် ပင်လယ်ထဲတွင် တခြား လေဟာနယ်တံခါးများ ထပ်မံပေါ်ပေါက်ခြင်း မရှိသေးဟု ဆိုနိုင်သည်။

ယခုအခါ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ လေဟာနယ်တံခါး ကိုးခုစလုံးကို အခိုင်အမာ ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ စိုးရိမ်စရာ မရှိတော့သဖြင့် ရှောင်းယီသည် အေးအေးဆေးဆေးသာ အိပ်စက်လိုက်လေတော့သည်။

နောက်တစ်နေ့ နံနက်တွင် ရှောင်းယီ အိပ်ရာနိုးသောအခါ ယီထျန်းဂရုချက်မှ မှတ်တမ်းများကို စစ်ဆေးကြည့်ရာ အားလုံးမှာ မနေ့ညက မသေမျိုးမျိုးနွယ်များ၏ ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိလိုက်ရလေသည်။

လူတိုင်းမှာ မနေ့က လက်နက်နှင့် ခဲယမ်းများ အမြောက်အမြား ဝယ်ယူထားကြသဖြင့် အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ မသေမျိုးများ၏ သိမ်းပိုက်ခြင်း ခံရသည့် ဖြစ်ရပ်မျိုးတော့ မရှိခဲ့ပေ။

“တောက်...ဒီမသေမျိုးမျိုးနွယ်တွေက အဆုံးကိုမရှိတော့ဘူး။ ဘယ်သူက တောင့်ခံနိုင်မှာလဲ။”

“အဟုတ်ပဲ။ မနေ့ညက ဒုတိယပိုင်းမှာဆိုရင် ငါတို့ဆီက လက်နက်တွေ တစ်ချက်တောင် မနားရဘူး။ နောက်ထပ် ဒီလိုမျိုး အကြိမ်အနည်းငယ်လောက် ထပ်ဖြစ်ရင်တော့ လက်နက်တွေ အကုန်လုံး အစုတ်ပလုတ် ဖြစ်ကုန်တော့မှာပဲ။”

“အမှန်ပဲ...။ ဒီမသေမျိုးပြဿနာကို ဘယ်လိုများ အပြီးအပိုင် ဖြေရှင်းလို့ရပါ့မလဲ။ ဒီလိုမျိုး အင်အားချင်း ယှဉ်ပြိုင်ပြီး အမြဲတမ်း တိုက်ခိုက်နေရတာက အဖြေမဟုတ်ဘူး ”

“ဒါကတော့ သူဌေးကိုပဲ မေးကြည့်ရမယ် ထင်တယ်။ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူသိမှာလဲ။”

“မနေ့က ငါတို့ လက်နက်အေးတွေနဲ့ပဲ အောင့်အီးပြီး တိုက်ခဲ့ရတယ်။ သေနတ်တွေသုံးဖို့က တကယ်ကို မတတ်နိုင်ဘူး။”

“အမှန်ပဲ... အမြောက်တစ်ချက်ဖောက်ရင် ရွှေတစ်ပိဿာလောက် ကုန်တယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားက တကယ်မမှားဘူးပဲ။”

“ငါ တစ်ခုစဉ်းစားမိတယ်။ ငါတို့သာ ကျွန်းတွေကို စွန့်ခွာလိုက်မယ်ဆိုရင် ဘာဖြစ်သွားမလဲ။”

“ပင်လယ်ဓားပြစစ်စစ်ကြီး ဖြစ်သွားမှာပေါ့ဟ။”

“သင်္ဘောပေါ်မှာပဲ အခြေစိုက်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတဲ့ မဟာမိတ်အဖွဲ့တွေရှိရင် အတွေ့အကြုံလေးတွေ လာဝေမျှပေးကြပါဦး။”

“ငါတို့ မဟာမိတ်အဖွဲ့က သင်္ဘောတွေပေါ်မှာပဲ ရှိတာ။ ဒါပေမဲ့ ဒါကလည်း ခက်ခဲတာပါပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိတဲ့ ငါတို့ရဲ့ သင်္ဘောအုပ်စုနားမှာ ညတိုင်း လေဟာနယ်တံခါးတွေ ပေါ်လာတတ်တယ်။ အခြေခံအားဖြင့်တော့ အမြဲတမ်း ထွက်ပြေးနေရတာပေါ့။ ကံကောင်းတာက မသေမျိုးတွေရဲ့ သင်္ဘောတွေက အရှိန်နှေးတော့ သူဌေးဆီက ဝယ်ထားတဲ့ သံချပ်ကာသင်္ဘောတွေကို မမီတာပါပဲ။”

“ထွက်ပြေးလို့ရသရွေ့တော့ အဆင်ပြေပါသေးတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင်တော့ ငါတို့ မဟာမိတ်အဖွဲ့လည်း ကျွန်းတွေကို စွန့်ခွာရတော့မယ် ထင်တယ်။”

“မလုပ်ပါနဲ့ဦး။ ခင်ဗျားတို့ တစ်ခုစဉ်းစားမိလား။ အားလုံးက ပင်လယ်ထဲမှာပဲ ရှိနေကြမယ်၊ ပြီးတော့ ညတိုင်း လေဟာနယ်တံခါးက အသစ်အသစ်တွေ ပေါ်လာမယ်ဆိုရင် ဒီကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးထဲမှာ လေဟာနယ်တံခါးတွေက ပိုပိုများလာမှာ မဟုတ်ဘူးလား။”

“သေစမ်း...စဉ်းစားကြည့်တာနဲ့တင် ကြောက်စရာပဲ။ ပင်လယ်ပြင်တစ်ခုလုံးက မသေမျိုးတွေရဲ့ ကမ္ဘာကြီး ဖြစ်သွားတော့မယ့်အတိုင်းပဲ။”

“အဲ့ဒီလိုဖြစ်နိုင်ပေမဲ့ ဒီပင်လယ်ပြင်က အရမ်းကျယ်တာပဲလေ။ တစ်နေရာရာမှာတော့ ပုန်းလို့ရမှာပါ။”

“ဘယ်မှာပဲပုန်းပုန်း လေဟာနယ်တံခါးက အသစ်ပေါ်လာမှာပဲ။ အလကားပါပဲ။ အမြဲတမ်း ထွက်ပြေးနေရုံပဲ ရှိတယ်။”

ရှောင်းယီသည် အဖွဲ့ထဲမှ စကားဝိုင်းကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်မိသည်။ ရှောင်တိမ်းနေရုံဖြင့် ပြဿနာကို လုံးဝဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သူသိပေသည်။

သူသည် ချက်တင်ဆော့ဖ်ဝဲကို ပိတ်လိုက်ပြီး ကျန်းယွင်ထျန်းထံ ဖုန်းခေါ်ကာ မေးလိုက်သည်။

“အစ်ကိုကျန်း မနေ့ညက ထူးထူးခြားခြား ဘာရှိသေးလဲ။”

“မရှိပါဘူး။ မသေမျိုးတွေက လေဟာနယ်တံခါးရှေ့က ငါတို့မဟာမိတ်အဖွဲ့ရဲ့ ခံစစ်ကြောင်းကို ဖောက်ထွက်ဖို့ ကြိုးစားခဲ့ပေမဲ့ အကုန်လုံးကို ပြန်ရိုက်ထုတ်လိုက်နိုင်ပါတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ သူသည် ရှေ့တန်းမှ အခြေအနေများကို ကြိုတင်စုံစမ်းထားပုံရသည်။

“ဒါဆိုရင် တော်သေးတာပေါ့။”

ရှောင်းယီ ခေါင်းငြိမ့်ကာ ဖုန်းချလိုက်တော့သည်။

နံနက်စာကို အမြန်စားသောက်ပြီးနောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို တိုက်ရိုက်အသုံးပြုပြီး စက်မှုထုတ်လုပ်ရေးဌာနသို့ ရောက်ရှိသွားခဲ့သည်။

“ကျွန်းပိုင်ရှင် မင်္ဂလာနံနက်ခင်းပါ။”

ရှောင်းယီကို မြင်သောအခါ ဝမ်ရှင်းဖုန်းက ချက်ချင်းထ၍ နှုတ်ဆက်လိုက်သည်။

ရှောင်းယီသည် သူ၏အိတ်ထဲမှ အီလက်ထရွန်နစ် ကွန်ပျူတာ ပုံစံခွက်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။

“ဒါက အီလက်ထရွန်နစ် ကွန်ပျူတာ ပုံစံခွက်ပဲ။ ဒီပုံစံခွက်ထဲက လမ်းညွှန်ချက်တွေအတိုင်း ထုတ်လုပ်မှုကို ဆက်လုပ်လိုက်ပါ။”

ဝမ်ရှင်းဖုန်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ကျွန်းပိုင်ရှင်က ဤမျှမြန်မြန်ဆန်ဆန်နှင့် ကွန်ပျူတာပုံစံခွက် ရလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ရှေးအကျဆုံး ကွန်ပျူတာအမျိုးအစားပဲ ဖြစ်မှာပါ။”

ဝမ်ရှင်းဖုန်းက သူ့ဘာသာ တွေးလိုက်မိသည်။

သူသည် ရှောင်းယီ၏လက်ထဲမှ ပုံစံခွက်ကို ယူ၍ စာမျက်နှာ နှစ်မျက်နှာခန့် လှန်ကြည့်လိုက်ပြီးနောက် မျက်လုံးများ ပို၍ပင် ပြူးသွားခဲ့ပြန်သည်။

၎င်းမှာ သယ်ဆောင်ရလွယ်ကူသော လက်ပ်တော့ကွန်ပျူတာပုံစံခွက် ဖြစ်နေပြီး လမ်းညွှန်ချက်များအရ ဤကွန်ပျူတာသည် အရင်ကမ္ဘာရှိ အကောင်းဆုံး ကွန်ပျူတာများထက်ပင် ပို၍အဆင့်မြင့်နေသောကြောင့် ဖြစ်သည်။

“ကျွန်းပိုင်ရှင်က ဒီခေတ်ကာလထက် အများကြီးသာလွန်နေတဲ့ ပစ္စည်းမျိုးကို ဘယ်လိုများ ရလာတာပါလိမ့်။”

ဝမ်ရှင်းဖုန်း အလွန်အမင်း အံ့အားသင့်သွားသော်လည်း မမေးသင့်သောအရာများကို သူ မမေးခဲ့ပေ။

“နမူနာပစ္စည်းတချို့ကို အမြန်ဆုံး ထုတ်လုပ်လိုက်ပါ။ ဒါတွေရှိရင် ငါတို့မဟာမိတ်အဖွဲ့ရဲ့ ရုံးလုပ်ငန်းတွေက အများကြီး ပိုပြီးအဆင်ပြေသွားလိမ့်မယ်။”

ရှောင်ယီက ညွှန်ကြားလိုက်သည်။

“ပြဿနာတစ်ခုခုရှိရင် ဦးလေးအန်းနဲ့ တိုက်ရိုက်တိုင်ပင်လိုက်ပါ။”

“ဟုတ်ကဲ့...စိတ်ချပါ ကျွန်းပိုင်ရှင်။ ကျုပ်တို့ နမူနာပစ္စည်းတွေကို အမြန်ဆုံး တပ်ဆင်နိုင်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်။”

ဝမ်ရှင်းဖုန်းက အကျယ်ကြီး တုံ့ပြန်လိုက်သည်။ ရှောင်းယီသည် လက်ကာပြကာ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

ရှောင်းယီ ထွက်သွားပြီးနောက် ဝမ်ရှင်းဖုန်းသည် သူ၏အဖွဲ့ကို ချက်ချင်းစုစည်း၍ ပုံစံခွက်ကို လေ့လာဆန်းစစ်ကာ အစိတ်အပိုင်းများခွဲ၍ ထုတ်လုပ်ရန် တာဝန်များကို အသီးသီး ခွဲဝေပေးလိုက်လေတော့သည်။

အခန်း ၁၀၁၀ - ကွန်ပျူတာများ ထုတ်လုပ်ခြင်းနှင့် ဒစ်ဂျစ်တယ်ပညာရှင်များ၏ အံ့အားသင့်မှု

အန်းယွဲ့သည်လည်း ထိုအီလက်ထရွန်နစ် ကွန်ပျူတာ ထုတ်လုပ်မှုတွင် ဝမ်ရှင်းဖုန်းကို အစွမ်းကုန် ကူညီပံ့ပိုးပေးရန် ရှောင်းယီထံမှ ညွှန်ကြားချက် ရရှိထားပြီးဖြစ်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၊ အဆင့်မြင့် အစိတ်အပိုင်း ထုတ်လုပ်ရေး စက်ကိရိယာများနှင့် ဇီဝချစ်ပ်ထုတ်လုပ်သည့် စက်များကြောင့် နမူနာ လက်ပ်တော့ အလုံး ၂၀ ကို တစ်နာရီအတွင်းမှာတင် ထုတ်လုပ်နိုင်ခဲ့သည်။

“ကျွန်းပိုင်ရှင်... နမူနာပစ္စည်းတွေ အဆင်သင့် ဖြစ်ပါပြီ။ လာကြည့်မလား။”

နမူနာပစ္စည်းများ လက်ခံရရှိပြီးနောက် ဝမ်ရှင်းဖုန်းက ရှောင်းယီထံ ချက်ချင်း ဖုန်းဆက်လိုက်သည်။

“မြန်လှချည်လား။”

ရှောင်းယီ အံ့သြတကြီး ပြောလိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ တခြား အဆင့်မြင့်စက်တွေ ရှိနေတာဆိုတော့ ဒီအရှိန်က တကယ်တော့ သိပ်မမြန်လှပါဘူး။”

ဝမ်ရှင်းဖုန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ငါ အခုချက်ချင်း လာခဲ့မယ်။”

ရှောင်းယီ ပြန်ပြောလိုက်သည်။

မကြာမီ ရှောင်းယီနှင့် အန်းယွဲ့တို့ နှစ်ဦးစလုံး ရောက်ရှိလာခဲ့ကြသည်။ ကွန်ပျူတာများသည် သူတို့မဟာမိတ်အဖွဲ့၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အလွန်အသုံးဝင်သည် မဟုတ်ပါလော။

“ကျွန်းပိုင်ရှင်...အုပ်ချုပ်ရေးမှူးအန်း။”

ဝမ်ရှင်းဖုန်းက နှုတ်ဆက်လိုက်ပြီးနောက် ဘေးနားရှိလူတစ်ဦးက လက်ပ်တော့နှစ်လုံးကို ယူလာပေးလေသည်။

ရှောင်းယီနှင့် အန်းယွဲ့တို့က ၎င်းတို့ကို ယူ၍ ပါဝါဖွင့်ကြည့်လိုက်သည်။ ကွန်ပျူတာများမှာ ခဏချင်းမှာတင် ပွင့်လာပြီး စခရင်ပေါ်တွင် ရိုးရှင်းသော အိုင်ကွန် အနည်းငယ် ပေါ်လာခဲ့လေသည်။

“ကြည့်ရတာ တော်တော်လေး ကောင်းသားပဲ။ အနည်းဆုံးတော့ စက်ပွင့်တာ အရမ်းမြန်တယ်။”

ရှောင်းယီက ဆိုသည်။

“ဦးလေးအန်း... ကွန်ပျူတာ ဆော့ဖ်ဝဲလ် ကျွမ်းကျင်သူတချို့ကို ရှာပြီး ကျုပ်တို့အလုပ်တွေ ပိုလွယ်သွားအောင် ပရိုဂရမ်တချို့ ရေးခိုင်းလိုက်ပါ။”

“နားလည်ပါပြီ။”

အန်းယွဲ့ ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါနဲ့... ဖုန်းချက်တင်ဆော့ဖ်ဝဲလ် ရေးနေတဲ့သူတွေက ဖုန်းနဲ့ ကုတ်ရေးရတာ ခက်တယ်လို့ ခဏခဏ ညည်းနေကြတယ် မဟုတ်လား။ သူတို့ကို တစ်ယောက်တစ်လုံးစီ ပေးလိုက်ပြီး ချက်တင်ဆော့ဖ်ဝဲလ်ကို အမြန်ဆုံး အဆင့်မြှင့်ခိုင်းလိုက်ဦး။”

ရှောင်းယီက သတိပေးလိုက်သည်။

“ဟုတ်ကဲ့။ ငါ အခုပဲ စီစဉ်လိုက်ပါ့မယ်။ အင်ဂျင်နီယာဝမ်... ကျုပ်အတွက် လက်ပ်တော့ ရှစ်လုံးလောက် ပြင်ပေးပါဦး။”

အန်းယွဲ့က ပြောလိုက်သည်။

ဝမ်ရှင်းဖုန်းက သူ့လူများကို လက်ပ်တော့ ရှစ်လုံး ထပ်ထုတ်ခိုင်းလိုက်ပြီး သေသေချာချာ ထုပ်ပိုးကာ ပေးလိုက်သည်။ အန်းယွဲ့သည် ထိုလက်ပ်တော့များကို သယ်ဆောင်၍ ထွက်လာခဲ့လိုက်တော့လေသည်။

စက်မှုထုတ်လုပ်ရေးဌာနမှာ အပန်းဖြေစခန်းနှင့် သိပ်မဝေးလှပေ။ အန်းယွဲ့ ကားမောင်းလာရာ ဆယ်မိနစ်အတွင်းမှာတင် အပန်းဖြေစခန်း ဘားအဝင်ဝသို့ ရောက်ရှိလာခဲ့သည်။

အန်းယွဲ့သည် လက်ပ်တော့ ရှစ်လုံးကို သယ်၍ ချက်တင်ဆော့ဖ်ဝဲလ် ရေးသားနေသော ကုတ်ဒါများရှိရာ သီးသန့်အခန်းသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် ဆော့ဖ်ဝဲလ်ရေးသူများမှာ မျက်လုံးများ နီရဲကာ နုံးချိနေကြပြီဖြစ်သည်။ အန်းယွဲ့သည် သူတို့ကို ကြည့်ရင်း သူတို့၏ ဆံပင်အနားသတ်များပင် နောက်သို့ ဆုတ်သွားသလို ခံစားလိုက်ရသည်။

“ကျွန်းပိုင်ရှင်က ကုတ်ဒါတစ်ယောက် မဟုတ်တာ တော်သေးတာပေါ့။ ကွန်ပျူတာရှေ့မှာ ကုတ်တွေ ထိုင်ရေးရတာက ဆံပင်ကျွတ်ဖို့ လမ်းစပဲ။”

အန်းယွဲ့က သက်ပြင်းချရင်း မှတ်ချက်ပြုလိုက်သည်။

“ဖြောင်း ဖြောင်း ဖြောင်း”

အန်းယွဲ့က လက်ခုပ်တီးလိုက်၏။ ထိုအခါ အားလုံး၏ အာရုံမှာ သူ့ထံသို့ ရောက်ရှိလာခဲ့သည်။

အားလုံးက မျက်လုံးများကို ပွတ်သပ်ရင်း အန်းယွဲ့ကို ကြည့်လိုက်ကြ၏။

“အုပ်ချုပ်ရေးမှူးအန်း... ကျုပ်တို့ကို အတင်းမတိုက်တွန်းပါနဲ့ဦး။ ကျာပ်တို့ တကယ် အစွမ်းကုန် ကြိုးစားနေကြတာပါ။ ဒါပေမဲ့ ဒီဖုန်းက သေးလွန်းတော့ ကုတ်ရေးရတာက တကယ့် နှိပ်စက်မှုကြီးပါပဲ။”

“အတိအကျပဲ။ ကျုပ်တို့ တတ်နိုင်သမျှ လုပ်ထားပြီးပါပြီ။ အသံနဲ့ ပြောချင်ရင် ဖုန်းဆက်ခိုင်းလိုက်၊ ပုံကြည့်ချင်ရင် ဖိုရမ်မှာ ကြည့်ခိုင်းလိုက်ပါ။ လောလောဆယ်တော့ ကျုပ်တို့ ဒါပဲ လုပ်နိုင်ပါသေးတယ်။”

“ကျုပ် ဆက်မလုပ်နိုင်တော့ဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ကျုပ်ဆံပင်တွေ တစ်ချောင်းမှ ကျန်မှာမဟုတ်တော့ဘူး။ နှစ်ရက်လောက် ခွင့်ပေးဖို့ အသည်းအသန် တောင်းဆိုပါတယ်။”

လူတိုင်းက ခါးခါးသီးသီး ညည်းတွားနေကြသည်။ သူတို့ကိုကြည့်ကာ အန်းယွဲ့က ပြုံးလိုက်၏။

“မင်းတို့ ပင်ပန်းနေတာကို ကျွန်းပိုင်ရှင်က သိပါတယ်။ ဒါကြောင့် အသုံးဝင်မယ့် ကိရိယာတချို့ ယူလာပေးခိုင်းလိုက်တာ။ ဒါပေမဲ့ ဒါတွေက အငှားပေးထားတာနော်။”

“ကိရိယာလား။ ဘာကိရိယာလဲ။ ကွန်ပျူတာများလား။”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အခုလို အချိန်မှာ ကွန်ပျူတာ ပေါ်လာရင်တောင် မြေဧရိယာ အတော်များများ ယူရမယ့် စက်ကြီးတွေပဲ ဖြစ်မှာပေါ့။ အုပ်ချုပ်ရေးမှူးအန်း သယ်လာတဲ့ အထုပ်လေးတွေ ကြည့်ရတာ ကွန်ပျူတာနဲ့ လုံးဝ မတူပါဘူး။”

“ဟုတ်တယ်။ ဦးနှောက်လေး သုံးပါဦး။”

“ဟုတ်ပါရဲ့။ ငါလည်း ကုတ်တွေ ရေးလွန်းလို့ ဗဟုသုတတွေ မရှိတော့ဘူးထင်တယ်။ ထားလိုက်ပါတော့။”

အန်းယွဲ့က ဆက်ပြီး အမူပိုမနေတော့ဘဲ ပြုံးကာ ပြောလိုက်သည်။

“မင်းတို့ ခန့်မှန်းတာ မှန်တယ်။ လုံးဝ မမှားဘူး။”

ထိုစကားကို ကြားသည်နှင့် လူတိုင်း အံ့အားသင့်ကာ ထရပ်လိုက်ကြ၏။

“ဘာ...။ တကယ်ကြီး ကွန်ပျူတာတွေ ယူလာတာ ဟုတ်လား။”

“ဒါက ကွန်ပျူတာအသေးစားတွေလား။”

လက်ပ်တော့ ရှစ်လုံးကို ဆင့်ထားသည်မှာ သိပ်မမြင့်လှသဖြင့် အားလုံးက ကွန်ပျူတာအသေးစားများဟု ထင်နေကြခြင်း ဖြစ်သည်။ ရှောင်းယီအနေဖြင့် အီလက်ထရွန်နစ် ကွန်ပျူတာများ ရရှိခဲ့လျှင်ပင် ၎င်းတို့မှာ ဒက်စ်တော့ပ် အမျိုးအစားများသာ ဖြစ်သင့်သည်။ ဤမျှ ရုတ်တရက်ကြီး သယ်ဆောင်ရလွယ်ကူသော ကွန်ပျူတာများအထိ တိုးတက်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။

အန်းယွဲ့က လက်ပ်တော့များကို ဘေးနားရှိ စားပွဲပေါ်တွင် အသာအယာ တင်လိုက်ရာ ဆော့ဖ်ဝဲလ်ပညာရှင်များမှာ ဝိုင်းအုံလာကြတော့သည်။ ဤသည်မှာ အသက်ရှင်ကျန်ရစ်သူ တစ်ဦးအတွက် ပထမဆုံးသော ကွန်ပျူတာ ဖြစ်လာနိုင်သဖြင့် ဤအခိုက်အတန့်ကို သူတို့ကိုယ်တိုင် မျက်မြင်သက်သေ ဖြစ်ချင်ကြသည်မှာ သဘာဝပင်။

အန်းယွဲ့က အပြင်ထုပ်ပိုးမှုများကို ဖွင့်ကာ အကာအကွယ်ပလတ်စတစ်များကို ဖယ်ရှားလိုက်သောအခါ လုံးဝအသစ်စက်စက် လက်ပ်တော့ ရှစ်လုံး သူတို့ရှေ့တွင် ထွက်ပေါ်လာတော့သည်။

သီးသန့်အခန်းတစ်ခုလုံး ရုတ်တရက် ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့သည်။

ဂလု

တစ်စုံတစ်ယောက်၏။တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သံက တိတ်ဆိတ်နေသော လေထုကို ဖြိုခွင်းလိုက်၏။

“အား...သူဌေးကတော့ တကယ့်ကို အံ့မခန်းပဲ။ အခုလိုအချိန်မှာ လက်ပ်တော့တွေကို ဘယ်လိုများ ရအောင်လုပ်လိုက်တာလဲ။”

“အဟုတ်ပဲ ဒီလက်ပ်တော့တွေရဲ့ စွမ်းဆောင်ရည်ကို ထားလိုက်ဦး။ သယ်ဆောင်ရလွယ်ကူတဲ့ အချက်တစ်ခုတည်းနဲ့တင် အသက်ရှင်ကျန်ရစ်သူ အားလုံးကို ဦးဆောင်နေပြီ။”

“ငါ ဘာပြောရဦးမှာလဲ။ သူဌေးက တကယ်ကို အစွမ်းထက်တယ်လို့ပဲ ပြောနိုင်တော့တယ်။”

အန်းယွဲ့က သူတို့၏ အံ့အားသင့်နေသော မျက်နှာများကို ကြည့်ကာ ပြုံးလိုက်သည်။

“တစ်ယောက်တစ်လုံးစီ ယူလိုက်ကြ။ ပြီးရင် မြန်မြန်ဆန်ဆန် ရင်းနှီးအောင် လုပ်ပြီး ဖုန်းဆော့ဖ်ဝဲလ် ထုတ်လုပ်မှုကို အရှိန်မြှင့်လိုက်ကြတော့။”

“ဟုတ်ကဲ့...။”

ပညာရှင်များမှာ ယခုအခါ စိတ်လှုပ်ရှားနေကြပြီး တစ်ယောက်တစ်လုံးစီယူကာ ပါဝါဖွင့်ကြည့်ကြသည်။

“ချီး...။ စက်ပွင့်တဲ့ အရှိန်က မယုံနိုင်စရာပဲ။”

“စပတ် (Specs) တွေကိုတော့ ငါ လုံးဝ နားမလည်ဘူး။ ဒါပေမဲ့ သုံးရတာတော့ တကယ်ကို ချောမွေ့နေတာပဲ။”

“ဟုတ်တယ်။ သူဌေးက ဒါကို ဘယ်လိုများ လုပ်လိုက်ပါလိမ့်။”

“သူဌေး ဘယ်လိုလုပ်သလဲဆိုတာကို ထားလိုက်စမ်းပါ။ ငါတို့ရဲ့ ဆော့ဖ်ဝဲလ် ရေးတဲ့အလုပ်ကိုပဲ မြန်မြန် ပြန်လုပ်ကြရအောင်။”

“မှန်တယ်။ သူဌေးက ငါတို့ကို ဒီလောက် အဆင့်မြင့်တဲ့ လက်ပ်တော့တွေ ပေးထားတာဆိုတော့ သူ့ကို စိတ်ပျက်အောင် မလုပ်သင့်ဘူး။”

“အတိအကျပဲ။ ငါ အားလပ်ရက် မလိုတော့ဘူး။ ဒီချက်တင်ဆော့ဖ်ဝဲလ် မပြီးမချင်း မနားတော့ဘူးကွ။”

အားလုံးသည် ချက်ချင်းပင် ဆော့ဖ်ဝဲလ်ထုတ်လုပ်မှု လုပ်ငန်းများကို စတင်လိုက်ကြတော့သည်။ ခဏအတွင်းမှာပင် သီးသန့်အခန်းထဲ၌ ကီးဘုတ်ရိုက်သံများသာ ဖုံးလွှမ်းသွားတော့သည်။

အန်းယွဲ့သည် သူတို့ကို အနှောင့်အယှက် မပေးတော့ဘဲ အခန်းထဲမှ ဆုတ်ခွာလာခဲ့သည်။

အန်းယွဲ့ ထွက်သွားပြီးနောက် ကုတ်အချို့ ရေးပြီးသွားသော ပညာရှင်များမှာ အံ့သြတကြီးဖြင့် မျက်လုံးများ ပြန်မော့လာကြ၏။

“ဒီကွန်ပျူတာက ဒီလောက်တောင် ဉာဏ်ကောင်းတာလား။ ငါ အမှားနည်းနည်းလေး ရိုက်မိတာကို သူက အလိုအလျောက် ပြင်ပေးသွားတယ်။”

“ဟုတ်တယ်။ ပြီးတော့ ဒီကီးဘုတ်က သုံးရတာ တကယ်ကို သက်သောင့်သက်သာ ရှိတယ်။ အလုပ်တွေ ပြီးသွားရင် ဒီလက်ပ်တော့ကို ဝယ်ယူဖို့အတွက် ငါ လျှောက်ထားဦးမယ်။”

“ငါလည်း အတူတူပဲ။ ဒါပေမဲ့ ဈေးနှုန်းပေါ်မှာလည်း မူတည်တာပေါ့။ အရမ်းဈေးကြီးနေရင် မဟာမိတ်အဖွဲ့က ငါ့အတွက် ဝယ်ပေးချင်မှ ဝယ်ပေးမှာ။”

“အဲ့ဒါတွေကို လောလောဆယ် မတွေးနဲ့ဦး။ ဆော့ဖ်ဝဲလ် ရေးဖို့ကိုပဲ အာရုံစိုက်ကြရအောင်။ သူဌေးသာ သဘောကျသွားရင် ငါတို့ကို ဒီလက်ပ်တော့တွေ ဆုလာဘ်အနေနဲ့ ပေးရင်ပေးမှာပေါ့။”

“အတိအကျပဲ။ လောလောဆယ်တော့ ချက်တင်ဆော့ဖ်ဝဲလ် ပြီးဖို့က ပထမဦးစားပေးပဲ။”

မကြာမီ သူတို့အားလုံးသည် ချက်တင်ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်ရေးနှင့် ထုတ်လုပ်ရေးတွင် တစ်ဖန် ပြန်လည် နစ်မြုပ်သွားကြလေတော့သည်။

ရှောင်းယီသည် စက်မှုထုတ်လုပ်ရေးဌာနမှ ထွက်လာပြီးနောက် မျက်မှောင်ကြုတ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

“အခုလောက်ဆို ရောက်နေသင့်ပြီ။”

သူက စိတ်ထဲမှ တွေးလိုက်မိ၏။ ထိုအတွေးပင် မဆုံးသေးမီ သူ၏ဖုန်းမှ အသံမြည်လာခဲ့လေသည်။ ကျန်းယွင်ထျန်းထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်သည်။

“မင်း ဘယ်မှာလဲ။”

ရှောင်းယီက ဖုန်းကိုင်လိုက်သည်နှင့် လေးနက်သော အသံဖြင့် မေးလိုက်သည်။

ကျန်းယွင်ထျန်း အနည်းငယ် ကြောင်အသွား၏။

“မင်း သိနေပြီလား။ ဒီတစ်ခေါက်က မဟာမိတ် အနောက်ဘက်ကျွန်းမှာ ဖြစ်တာ။”

“ကောင်းပြီ။ အဲ့ဒီ လျှပ်စစ်စွမ်းအင်သုံး အလိုအလျောက် တော်ပီဒိုတွေ ကောင်း၊ မကောင်း စမ်းသပ်ဖို့ အချိန်ကောင်းပဲ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်လေသည်။

All Chapters