← Chapters

ကျန်းဖေးလန်

Vol. 25 Ch. 345

ကျန်းဖေးလန်

Vol. 25 Ch. 345

အခန်းအတွင်းတွင် ထို့ပိဟန်၊ ကျန်းဖေးလန်နှင့် ဝေ့ဝူယင်တို့သာ ကျန်ရှိတော့၏။ ထို့ပိဟန်က သံသယ မျက်ဝန်းများဖြင့် ကျန်းဖေးလန်ကို ကြည့်လိုက်၏။ ထိုမိန်းမ အဘယ်ကြောင့် ဆက်လက် ရှိနေရသည်ကို သူ နားမလည်နိုင်ချေ။

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“ထို့ပိဟန်... ကျုပ်တို့ကို ထားခဲ့လို့ရတယ်”

“ ... “

ထို့ပိဟန်က စိုးရိမ်ပူပန်စွာဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ကျန်းဖေးလန်မှာ အထွတ်အမြတ် အလင်း နန်းတော်၏ သခင်မ ဖြစ်သည်။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူမက အလွန် အစွမ်းထက်သည်။ သူမနှင့် နှစ်ယောက်တည်း ရှိနေခြင်းက ဝေ့ဝူယင် အတွက် အလွန် အန္တရာယ်များသည်။

သို့သော်လည်း ဝေ့ဝူယင်မှာ မပိုင်သည့် အရာကို ဘယ်တော့မှ လုပ်မည် မဟုတ်ကြောင်း သူ ယုံကြည်သည်။ သူ ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် ငွေရောင်အလင်း တစ်ခု အသွင် ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ထို့ပိဟန် ထွက်ခွာသွားသည့် ပုံစံကို ကြည့်ရင်း ကျန်းဖေးလန်၏ နှလုံးသားက တုန်ရီသွား၏။ ယင်းက ဟင်းလင်းပြင် စွမ်းအားလော။ အင်္ကျီတစ်စ လှုပ်ရှားလိုက်သည်ကိုပင် သူမ အာရုံမခံနိုင်လိုက်ချေ။ မသိပါက လေထုထဲသို့ စိမ့်ဝင် ပျောက်ကွယ်သွားသလိုပင်။

ဝေ့ဝူယင် အေးဆေးငြိမ်သက်သော မျက်ဝန်းတို့ဖြင့် ထိုအယ်ဗန် အမျိုးသမီးကို စိုက်ကြည့် လိုက်၏။ မဟူရာလို တောက်ပနေသည့် ဆံနွယ်စတို့နှင့် အပြစ်ကင်းစင်သည့် အသားအရေ၊ ရေစင်းငါးကြီးလို ကိုယ်လုံးကိုယ်ပေါက်တို့က မျက်စိ ပသာဒ ဖြစ်လှသည်။ အသက်အရွယ်အားဖြင့် ရာထောင်ချီ နေသည့်တိုင် သူမမှာ နှစ်ဆယ်ကျော် သုံးဆယ် မိန်းကလေး တစ်ယောက်လို လှပနေဆဲ ဖြစ်သည်။

မိနစ်အနည်းငယ် ကြာသည် အထိ သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက်ဘာမပြောပဲ စိုက်ကြည့်နေခဲ့ကြ၏။ လက်စွပ်အတွင်းရှိနေသည့် ဝူယုကတော့ အတော်လေး အသည်းပေါက်နေဟန် ရသည်။ သူက တစ်ချိန်လုံး မြည်တွန်တောက်တီးနေ၏။

“ဘာဖြစ်လို့ အချိန်ဖြုန်းရတာလဲကွာ... သူ ပေကပ်နေနေတာ မင်းရဲ့ အိပ်ယာထဲ ဝင်ချင်လို့ ဆိုတာ မင်းရော ငါရော သိနေတာပဲ... ဒါတောင် သူ့မှာ ယောက်ျားနဲ့ ကလေးနဲ့နော်... တော်တော် မျက်နှာများတဲ့ ကောင်မ... အယ်ဗန် ဧကရီလိုပဲ”

ဝေ့ဝူယင်မှာ ရယ်ချင်စိတ်ကို ထိန်းထားရ၏။ ကျန်းဖေးလန် ဘာကို လိုချင်ကြောင်း သူ ကိုယ်တိုင်လည်း သိပေသည်။ သို့သော်လည်း အဘယ်ကြောင့် ဆိုသည်ကိုတော့ နားမလည်နိုင်ချေ။

“ငါတို့နှစ်ယောက်တည်းပဲ ရှိတာ သေချာပြီလား...”

နောက်ဆုံး၌ ကျန်းဖေးလန်မှာ စကားပြောလာ၏။ သူမ၏ အသံက ဝန်ရိုးစွန်းဒေသမှ ထွက်ပေါ်လာသည့် လေပြည်လေညင်းလို အေးစက်နေသည်။

ဝေ့ဝူယင်က အသာအယာပင် ပြုံးကာ ခေါင်းညိတ်လိုက်၏။ ကျန်းဖေးလန်က စေ့စေ့စပ်စပ်ပင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ စိတ်ကျေနပ်သွားသော အခါတွင်မှ ခေါင်းတစ်ချက် ညိတ်ကာ ဝေ့ဝူယင် အနားသို့ တိုးလာခဲ့၏။ မကြာခင်မှာပင် သူတို့နှစ်ယောက် အကြားရှိ အကွာအဝေးမှာ ဆယ်မီတာခန့်မှ မီတာ အနည်းငယ် အထိ လျော့ကျသွားခဲ့သည်။

ဝှစ်...

သူမက ညင်သာစွာပင် ခါးစည်းကြိုးကို လက်တစ်ဖက်ဖြင့် ဆွဲဖြုတ်လိုက်၏။ သူမ၏ အပေါ် ဝတ်ရုံလွှာက အောက်သို့ ဖြည်းညင်းစွာ ပြေလျော့ ပြုတ်ကျသွားကာ အသက်ရှူုမှား မတတ် အကွေ့အကောက်များမှာ ခပ်ပါးပါး အောက်ခံနှင့် အတူ အတူ ရှင်းလင်းစွာ ပေါ်လွင်လာခဲ့သည်။ သူမက ထိုမျှနှင့် ရပ်တန့်ခြင်း မပြုချေ။

‌ခြေတစ်လှမ်းချင်းစီတိုင်း၌ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဝတ်ရုံတစ်ခုချင်းစီကို တုန့်ဆိုင်းခြင်း မရှိ ချွတ်ချပစ်နေခဲ့၏။ ဝေ့ဝူယင် အရှေ့ မီတာ အနည်းငယ်ခန့် အကွာသို့ အရောက်၌ သူမ၏ မိမွေးတိုင်း၊ ဖမွေးတိုင်း ခန္ဓာကိုယ် အလှအပများမှာ ရူးသွပ်စရာ ကောင်းလောက်အောင် ထင်ပေါ်နေခဲ့ပြီ ဖြစ်လေသည်။

ဝေ့ဝူယင် သူမကို မျက်တောင် မခပ်စတမ်း စိုက်ကြည့်လိုက်၏။

“ခင်ဗျား ဘာလိုချင်လို့လဲ”

သူ၏ လေသံက ဘာမှ မဖြစ်သလိုပင် တည်ငြိမ်နေသည်။ သူသည် သူမထက် အဆပေါင်းများစွာ ပိုလှသည့် မိန်းမလှလေးများကိုပင် မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ထိုမျှလောက်နှင့် ရင်ခုန်ကအောင် သူက အတွေ့အကြုံ မရှိသည့် လူပျိုပေါက်စလေး မဟုတ်ပါချေ။ ရိုးရှင်းစွာပင် သူမ၏ သဘောထားကို သူ သိရှိလိုခြင်း ဖြစ်သည်။

ကျန်းဖေးလန်မှာ ဝေ့ဝူယင်၏ တည်ငြိမ်မှုကို ကြည့်ကာ စိတ်ထဲမှ အံ့အားသင့်မိသွား၏။ ကြည့်ရသည်က အသက်ငါးဆယ်ပင် မပြည့်သေးသည့် ကလေးဆိုပြီး မှားကာ အထင်သေးမိဟန် တူသည်။ မည်သို့ပင် ဆိုစေ... ကျန်းဖေးလန်မှာ တည်ငြိမ်နေဆဲ ဖြစ်၏။

“ဒီကြယ်တာရာ နယ်မြေမှာ ကြယ်တာရာ အမြုတေ အဆင့်ကို ခြောက်နေတဲ့ မိန်းကလေး ကျင့်ကြံသူဆိုရင် လက်ချိုး ရေတွက်လို့ရတယ်... ငါက အဲဒီထဲက တစ်ယောက်ပဲ... ငါ့ခန္ဓာကိုယ်က စုံတွဲကျင့်ကြံဖို့ အတွက် အရမ်းကို သင့်တော်တယ်”

သူမ၏ စကားများက စွဲမက်ဖွယ်ကောင်းသော မွှေးရနံ့ကို သယ်ဆောင်လာသည်။  သူမ၏ သွယ်လျသော လက်ချောင်းများက ဝေ့ဝူယင်၏ ညာဘက်ပခုံးကို ထိတွေ့ကာ နူးနူးညံ့ညံ့ ပွတ်သပ်လာ၏။

“ခင်ဗျား ကျုပ် မေးခွန်းကို မဖြေသေးဘူး...”

ဝေ့ဝူယင်၏ လေသံက ထူးမခြားနား။ သူ့နည်းတူစွာပင် ကျန်းဖေးလန်မှာလည်း ကြားဟန် မရ။

“ငါတို့ နှစ်ယောက်အတူ စုံတွဲ ကျင့်ကြံမယ် ဆိုရင် နင့်ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်သူမှ လိုက်မမှီနိုင်တဲ့ အမြန်နှုန်းနဲ့ တိုးတက်လာလိမ့်မယ်... ငါ့ခန္ဓာကိုယ်နဲ့ ဝိညာဥ်ရဲ့ လမ်းပြမှုနဲ့ အတူ နှစ်ရာဂဏန်းလောက် စောပြီး နင် ကြယ်တာရာ အမြုတေ အဆင့်ခြောက်ကို ရောက်သွားလိမ့်မယ်”

သူမ၏ စကားလုံးများတွင် အမှားတစ်ခုမှ မပါချေ။ သူမနှင့် အတူတူ ကျင့်ကြံမည် ဆိုပါက အမှန်တကယ်ပင် ကျင့်ကြံခြင်း အတားအဆီးများကို ပင့်ကူအိမ်ဖျက်သလို အရှိန်အဟုန်နှင့် ချိုးဖျက်နိုင်လိမ့်မည် ဖြစ်သည်။ ယင်းက ကြောက်မက်ဖွယ် ကောင်းလွန်းသော အလားအလာပင်။

“ဟွန့်...”

ဝူယုက နှာခေါင်းတစ်ချက် ရှုံ့၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူ ဘာမှ မပြောချေ။ ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။

“ခင်ဗျား ဘာလိုချင်တာလဲ...”

သူက တူညီသော မေးခွန်းကိုပင် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ အနည်းငယ် တောက်ဆတ်ဆတ် နိုင်သော လေသံက စိတ်ရှည်များ တဖြည်းဖြည်း ကုန်ခမ်းလာနေပြီ ဖြစ်ကြောင်း ဖော်ပြနေ၏။

ကျန်းဖေးလန်မှာ ဘာမှ ပြန်မဖြေချေ။ ထို့အစား သူမက ဝေ့ဝူယင်၏ အနားကိုသာ ပိုမို နီးကပ်စွာ တိုးကပ်လိုက်၏။ ထို့နောက် တုန့်ဆိုင်းခြင်း မရှိပါပဲ ပန်းနုရောင် နှုတ်ခမ်းများဖြင့် ဝေ့ဝူယင်အား စတင် နမ်းလိုက်သည်။

သာယာ ကြည်နူးဖွယ် ကောင်းလှသော ချိုမြိန်မှုနှင့် နွေးထွေးမှု အရသာတို့ကို ဝေ့ဝူယင် တစ်ပြိုင်နက်တည်း ခံစားလိုက်ရ၏။ သူ ငြင်းဆိုခြင်း မပြုပဲ သူမ၏ သေးသွယ်သော ခါးလေးကို ဆုပ်ကိုင်ကာ စစ်ပွဲတစ်ခုကို ပြန်လည် ဆင်နွှဲလိုက်သည်။

မိနစ်အနည်းငယ် ကြာအောင် သူတို့ နှစ်‌ယောက်မှာ သူတို့ နှစ်ယောက်မှာ အဆက်မပြတ် တိုက်ခိုက်နေကြ၏။ ကျန်းဖေးလန်၏ ရမ္မက်ဇောက သိသိသာသာ ခက်ထန်လာကာ ခန္ဓာကိုယ်မှ အပူဓာတ်များပင် မြင့်တက် လာနေခဲ့၏။ ထိုအခိုက်အတန့်တွင်ပင် ဝေ့ဝူယင်သည် သူမဆိုလိုသည့် “စုံတွဲကျင့်ကြံခြင်း အတွက် သင့်တော်သည်” ဟူသော အဓိပ္ပာယ်ကို နားလည်လိုက်သည်။

“ကုန်းရှင်း ယင်ခန္ဓာကိုယ်...”

သမိုင်းတစ်လျှောက်တွင် ထူးခြားဆန်းပြားစွာ ပေါ်ထွက်ခဲ့သည့် ယင်ခန္ဓာကိုယ် များစွာ ရှိပေသည်။ အားလုံး ကြားဖူးသည့် ဆုံမှတ်သုံးခု ယင်ခန္ဓာကိုယ်မှာ ထိုအထဲမှ တစ်ခု ဖြစ်ကာ ယင်ရင်းမြစ်ကို တိုးပွားစေနိုင်သော အစွမ်း ရှိသည်။ နာ့ရှင်းရီသည် ထိုကဲ့သို့ ယင်ခန္ဓာကို ပိုင်ဆိုင်ထားသည်။

ကုန်းရှင်းယင် ခန္ဓာကိုယ်က ထိုထက်ပင် ပို၍ ထူးဆန်းသေးသည်။ ၎င်းက ယင်ရင်းမြစ်ကို တိုးပွားစေသည့် အပြင် အချိန်တစ်ခု ကြာသည်နှင့် မူလယင်ကိုပါ ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်း ရှိသည်။ ဆိုလိုသည်က သူမ၏ ခန္ဓာကိုယ်မှာ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် စုံတွဲကျင့်ကြံဖို့ သင့်တော်သည်။ အလွန်ကို သင့်တော်သည်။ သမီးတစ်ယောက် မွေးဖွားပြီး ဖြစ်သည့်တိုင် သူမမှာ မူလယင်ကို အပြည့်အဝ ပြန်လည် ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူမနှင့် ချင်းရိုင်တို့ အကြားတွင် ကွားခြားချက် မရှိချေ။ ပြောရလျှင် အချို့ အကြောင်းရင်းများ အရ သူမကပင် အများကြီး ပိုသာသေးသည်။

ကျန်းဖေးလန်၏ လက်ချောင်းငယ်များက ဖြည်းညင်းစွာ ရွေ့လျားနေ၏။ ၎င်းတို့က ရင်ဘတ်မှ တစ်ဆင့် ဝမ်းဗိုက် ကြွက်သားများဆီအထိ တရွေ့ရွေ့ လျောဆင်းသွားသည်။ ခါးစီး အတွင်း တိုးဝင်မည် အပြု၌ ဝေ့ဝူယင်က သူမ၏ လက်များကို ဖမ်းဆုပ်လိုက်၏။

ထို့နောက် သူက နှုတ်ခမ်းချင်းခွာကာ သူမ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။

“နင်လိုချင်တာကို အရင်ပြော...”

“ ... “

ကျန်းဖေးလန်မှာ အချိန်အတန်ကြာအောင် တိတ်ဆိတ်သွား၏။ သူမ၏ မျက်လုံးများက အဆက်မပြတ် အရောင်ပြောင်းလဲနေကာ အဆုံးသတ်သို့ ရောက်မှ သက်ပြင်းတစ်ချက် ချလိုက်သည်။

“နင့်အတွက် ကျင့်ကြံခြင်း မီးပြင်းဖို တစ်ခု အနေနဲ့ ငါ နေပေးလို့ ရတယ်... နင် စိတ်ကျေနပ်တဲ့ အထိ ငါ့ကို ကြိုက်သလို သုံးနင်တယ်... ဒါပေမဲ့ အပြန်အလှန် အနေနဲ့ နင်ငါ့ကို ပံ့ပိုးပေးရမယ်... ပိုပြီး မြင့်မားတဲ့ ကျင့်ကြံခြင်း အဆင့်တွေဆီ ပို့ဆောင်ပေးရမယ်... အဲဒါက နင့်အတွက်လည်း အကျိုးမယုတ်ပါဘူး... ငါ ကျင့်ကြံခြင်း အဆင့် ပိုမြင့်မားလာတဲ့ အကျိုးဆက်ကို နင်လည်း ခံစားရမှာပဲ... ဘာပဲဖြစ်ဖြစ် ငါက နင့်အတွက်ပဲ”

ဝေ့ဝူယင်မှာ အနည်းငယ် တွေဝေသွား၏။

“ဒါပေမဲ့... ခင်ဗျားမှာ ယောက်ျားနဲ့ သမီး ရှိတယ်မလား”

“ယောက်ျားနဲ့ သမီး...”

ကျန်းဖေးလန်က ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်၏။ သူမ၏ အမူအရာက စိတ်အနှောက်အယှက် ဖြစ်ပုံ မရသလို ဘာမှ ခံစားရပုံပေါ်လည်း မပေါ်ချေ။ ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိ၏။ ကြည့်ရသည်က အထွတ်အမြတ် အလင်းနန်းတော်၏ နောက်ကွယ်တွင် စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ရှိနေနိုင်သည်။

“ငါက ကိုယ့်ရဲ့ အရည်အချင်းကို ကိုယ်သိတယ်... နောက်ပြီး ကိုယ့်ရဲ့ အကန့်အသတ်ကိုလည်း သိတယ်... ဒီနှစ်ဆိုရင် ငါ့အသက်က ကိုးရာ ခြောက်ဆယ့်သုံးနှစ် ပြည့်ပြီ... ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံက အဆင့်ခုနစ်ကို တက်လှမ်းဖို့ ဘယ်လိုမှ မလုံလောက်ဘူး”

အလားတူပင် ထို့ပိဟန်သည်လည်း ထိုကဲ့သို့ ပြဿနာမျိုးနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ လောကအလင်း ဆေးရည်ကို သောက်သုံးခဲ့သည့်တိုင် သူမ၏ ကျင့်ကြံခြင်း အုတ်မြစ်က အတော်လေး ချို့တဲ့နေဆဲ ဖြစ်သည်။

ကျန်းဖေးလန် ယခု ပြောနေသည်များက အမှန်တရားဖြစ်ကြောင်း ဝေ့ဝူယင် သိ၏။ ယင်းက “ကျင့်ကြံခြင်းက ခက်ခဲသည်” ဆိုသော ကျင့်ကြံခြင်း လောက၏ မန္တန်ကိုပင် မီးမောင်းထိုးပြနေသည်။ ခြေတစ်လှမ်းချင်း တစ်လှမ်းချင်းစီတိုင်း၌ အခက်အခဲတို့က တောင်ကြီးတစ်လုံးလို ပိုမို မြင့်မားလာသည်။ ကောင်းချီးခံတို့ အတွက်ပင် ယင်းက ချွင်းချက် မဟုတ်ချေ။

အဂ္ဂိရတ် တာအိုသည် ထိုအခက်အခဲများကို ချိုးဖျက်ကာ အခွင့်အရေးများကို ဆောင်ကျဉ်းပေးနိုင်စွမ်း ရှိသည်။ ထိုတာအိုသည် ပါရမီကို ပြောင်းလဲနိုင်သည်။ ကျင့်ကြံခြင်း အုတ်မြစ်ကို ပြောင်းလဲနိုင်သည်။ ပိုမို မြင့်မားသော ကျင့်ကြံခြင်း အဆင့်များထံ တွန်းပို့ပေးနိုင်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ပတ်ဝန်းကျင် အခြေအနေက ကြယ်တာရာ အမြုတေ အဆင့်ငါး တစ်ယောက်ကို မွေးဖွားပေးရန်ပင် မလုံလောက်ခဲ့သည့်တိုင် အဂ္ဂိရတ် တာအိုကတော့ လျှို့ဝှက် အာဏာရှင် အဆင့်များကိုပင် မွေးထုတ်ပေးခဲ့သည်။

ဝေ့ဝူယင်၏ ချုပ်ကိုင်မှု ပြေလျော့သွားသော အခိုက်၌ ကျန်းဖေးလန်၏ လက်များက ဝေ့ဝူယင်၏ ခါးပတ်ကြိုးစကို ဆွဲဖြည်လိုက်၏။ အောက်သို့ ငုံ့ကြည့်လိုက်သော အခိုက်၌ သူမ၏ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်ခါသွားသည်။

သူမက ဖြည်းညင်းစွာပင် အောက်သို့ လျောဆင်းရင်း ဝေ့ဝူယင်၏ ရှေ့တွင် ဒူးထောက်လိုက်၏။ သူမ၏ အနာဂတ် တစ်ခုလုံးမှာ ထိုလူငယ်လေး အပေါ်တွင် မူတည်နေခဲ့ပြီ ဖြစ်သည်။ သူ့အတွက် ဘယ်အရာကိုမဆို လုပ်ပေးရန် သူမ ဆန္ဒရှိနေခဲ့ပြီ ဖြစ်သည်။

***

All Chapters