← Chapters

အခန်း (၁၀၁၃-၁၀၁၄)

Vol. 85 Ch. 1013-1014

အခန်း (၁၀၁၃-၁၀၁၄)

Vol. 85 Ch. 1013-1014

အခန်း ၁၀၁၃ - အကျိုးအမြတ် ခွဲဝေခြင်း၊ မျိုးနွယ်ခြားများ တိုက်ပွဲဝင်ရန် တောင်းဆိုခြင်း နှင့် ပုံမှန်မဟုတ်သော အခြေအနေ

“ကောင်းပြီ။ ဒီကိစ္စကို အရှင်မင်းကြီးလက်ထဲပဲ အပ်ထားလိုက်ပါမယ်။ အမြန်ဆုံး အကောင်အထည်ဖော်လိုက်ပါ။ အရှင်မင်းကြီးဆီက သတင်းကောင်းကို ကျူပ် ဒီကနေ စောင့်နေမယ်။”

ရှောင်းယီသည် စကားအနည်းငယ် ထပ်ပြောပြီးနောက် ဖုန်းချလိုက်၏။

ဖုန်းချပြီးသည်နှင့် လန်ယုံသည် ထန်လုံနှင့် အခြားသူများကို ချက်ချင်းခေါ်ယူကာ ဤကိစ္စကို ဆွေးနွေးတော့သည်။

“ဘာ... မဟာမိတ်ခေါင်းဆောင် ရှောင်းက ကျွန်တော်မျိုးတို့ကို သီးသန့်အရောင်းကိုယ်စားလှယ် လုပ်ခိုင်းတာလား။”

ထန်လုံက အံ့အားသင့်တကြီး မတ်တတ်ရပ်ကာ မယုံနိုင်သလို မေးလိုက်၏။

လန်ယုံက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“ဒါက ငါတို့အတွက် အခွင့်အရေးပဲလို့ ငါယုံကြည်တယ်။ ဒါကို ငါတို့ အမိအရ ဆုပ်ကိုင်ထားရမယ်။”

ထိုအခါ ထန်လော့ကလည်း အံ့အားသင့်နေသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

“အမှန်ပဲ။ ဒီအခွင့်အရေးကိုသာ ရလိုက်ရင် ကျွန်တော်မျိုးတို့ရဲ့ လေပြာအင်ပါယာဟာ တစ်ဟုန်ထိုး တိုးတက်လာတော့မှာပဲ။”

“ဒါကြောင့်လည်း အကျိုးအမြတ်တွေကို ဘယ်လိုအမြင့်ဆုံး ရအောင်လုပ်မလဲဆိုတာ ဆွေးနွေးဖို့ မင်းတို့ကို အမြန်ခေါ်လိုက်တာပဲ။”

လန်ယုံက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ထိုစဉ် လန်ရှန်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်းဆီက ပစ္စည်းတွေက အကုန်လုံး အရည်အသွေးကောင်းပြီး ရောင်းရလွယ်တယ်။ ဒါကြောင့် ကျုပ်တို့က အဲ့ဒါတွေကို နှစ်ဆဈေးနဲ့ ထုတ်ရောင်းလို့ရတယ်။ ရှောင်းယီလိုအပ်တဲ့ သတ္တုကုန်ကြမ်းတွေကိုတော့ ကျုပ်တို့က ဝယ်ဈေးရဲ့ တစ်ဝက်နဲ့ပဲ ပြန်ဝယ်မယ်။ ဒီလိုဆိုရင် ကျုပ်တို့က ရာနှုန်းပြည့် အမြတ်ရမှာပဲ။”

ထန်လုံက ခေါင်းခါလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်းရဲ့ ပစ္စည်းတွေက တန်ဖိုးမဖြတ်နိုင်သလို လူကြိုက်လည်း အရမ်းများတယ်။ ပိုမြင့်တဲ့ဈေးနဲ့ ရောင်းလို့ရတာ သေချာသလို လူတွေကလည်း လိုလိုလားလား ဝယ်ကြလိမ့်မယ်လို့ ငါအာမခံနိုင်တယ်။”

လန်ယုံက မျက်မှောင်ကြုတ်လိုက်၏။

“အမြတ်တင်မယ့်ကိစ္စကို နောက်မှ ဆွေးနွေးလို့ရတယ်။ အခု ငါတို့ဆွေးနွေးရမှာက ဒီသီးသန့် အရောင်းကိုယ်စားလှယ် အခွင့်အရေးကို ငါတို့လက်ထဲမှာပဲ မြဲမြဲဆုပ်ကိုင်ထားနိုင်ဖို့ ဘယ်လိုလုပ်မလဲဆိုတာပဲ။”

“ဟမ်...”

ထိုသုံးယောက်စလုံး လန်ယုံကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။ သူ ဘာကိုဆိုလိုမှန်း လုံးဝ နားမလည်ကြပေ။

ရှောင်းယီက လေပြာအင်ပါယာကို သီးသန့်ကိုယ်စားလှယ် အခွင့်အရေး ပေးထားပြီးပြီ မဟုတ်ဘူးလား။

“မဟာမိတ်ခေါင်းဆောင် ရှောင်းရဲ့ ပစ္စည်းတွေက ဈေးကောင်းရနိုင်တာ မှန်ပေမဲ့ ငါတို့နဲ့ ပူးပေါင်းတာဟာ အကောင်းဆုံး ရွေးချယ်မှုဖြစ်တယ်လို့ သူ့ကို ဘယ်လို ခံစားရအောင် လုပ်မလဲဆိုတာက ပိုအရေးကြီးတယ်။”

လန်ယုံက ရှင်းပြလိုက်သည်။

“ပင်လယ်ပြင်က ကျယ်ပြောလှတယ်။ ရှောင်းယီက တခြား ပူးပေါင်းမယ့်သူတွေကို အလွယ်တကူ ရှာနိုင်တယ်။ ဒီလို နှုတ်ကတိနဲ့ပေးတဲ့ ကိုယ်စားလှယ် အခွင့်အရေးက လုံးဝ မတည်မြဲနိုင်ဘူး။”

“အရှင်မင်းကြီး ပြောတာ လုံးဝမှန်ပါတယ်။ ကျွန်တော်မျိုးတို့နဲ့ ပူးပေါင်းတာက အမြတ်အစွန်း အများဆုံး ရနိုင်တယ်လို့ ရှောင်းယီကို ခံစားမိအောင် လုပ်ရမယ်။”

ထန်လုံက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ အခြားနှစ်ဦးကလည်း ဆက်တိုက်ဆိုသလို ခေါင်းညိတ်လိုက်ကြ၏။

“ငါ့အကြံကတော့ ငါတို့ရတဲ့ အမြတ်တွေကို မဟာမိတ်ခေါင်းဆောင် ရှောင်းနဲ့ တိုက်ရိုက်ခွဲဝေဖို့ပဲ။”

လန်ယုံက ဆက်ပြောလိုက်သည်။

“ဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးတို့က ဘယ်လောက် ရာခိုင်နှုန်း ခွဲပေးမှာလဲ။”

ထန်လုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“နှစ်ဆယ်ရာခိုင်နှုန်းဆိုရင်ကော။ ယီရန်ပင်းမဟာမိတ်အဖွဲ့က ဘာမှလုပ်စရာမလိုဘဲ ဝင်ငွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်း ရမှာဆိုတော့ တော်တော်ကောင်းတယ် မဟုတ်လား။”

လန်ရှန်းက အကြံပြုလိုက်၏။ ထန်လုံက ခေတ္တစဉ်းစားပြီး ပြောလိုက်သည်။

“ကျွန်တော်မျိုးရဲ့အကြံကတော့ ငါးဆယ်ရာခိုင်နှုန်း အထက်ပဲ။”

“ဘာ... ငါးဆယ်ရာခိုင်နှုန်း အထက်လား။ အဲ့ဒါက များလွန်းတယ်။”

လန်ရှန်းက အလန့်တကြား အော်ဟစ်လိုက်၏။

“သူတို့က ဘာမှမလုပ်ဘဲ ကျုပ်တို့အမြတ်ရဲ့ တစ်ဝက်ကို ယူမှာလေ။”

“မဟုတ်ဘူး။ သူတို့က အရေးကြီးဆုံး ကုန်ပစ္စည်း ပံ့ပိုးပေးသူတွေပဲ။ သူတို့မရှိရင် ငါတို့ ဘာမှ ရှာလို့ရမှာ မဟုတ်ဘူး။”

ထန်လုံက ဆိုသည်။

အကယ်၍ ရှောင်းယီသာ ထန်လုံ၏ စကားကို ကြားသွားခဲ့လျှင် မျက်ရည်ကျလောက်အောင်ပင် စိတ်လှုပ်ရှားသွားပေလိမ့်မည်။

အရင်ကမ္ဘာမှာဆိုလျှင် သူ၏ကုန်ပစ္စည်းကို ဖြန့်ချိရေးလမ်းကြောင်းထဲ ရောက်ရန်အတွက် အရင်ဆုံး စင်တင်ခပေးရပြီး ထိုအရာကလည်း သိန်းချီတန်နိုင်သည်။ ယခု လေပြာအင်ပါယာက စင်တင်ခလည်း မယူသည့်အပြင် အမြတ်ကိုပါ အညီအမျှ ခွဲပေးဦးမည်ဆိုတော့ ဤမျှကောင်းသော လက်တွဲဖော်မျိုး ဘယ်မှာရှာရပါတော့မည်နည်း။

ထန်လုံ၏ အကြံပြုချက်ကို ကြားပြီးနောက် လန်ယုံက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်တော့လေသည်။

“ဒါဆိုရင် ရှောင်းယီကို ခြောက်ဆယ်ရာခိုင်နှုန်း ပေးလိုက်ကြစို့။ ဒါဆိုရင် ငါတို့ရဲ့ ရိုးသားမှုကို ပြသဖို့ လုံလောက်လိမ့်မယ်။”

“အရှင်မင်းကြီးက ဉာဏ်ပညာရှိပါပေတယ်။”

ထန်လုံနှင့် အခြားသူများက လက်ယှက်ကာ ဦးညွှတ်လိုက်ကြသည်။

“ကောင်းပြီ။ ထန်လုံ... ဒီကိစ္စကို ကိုင်တွယ်ဖို့ မင်းကိုပဲ ငါတာဝန်ပေးလိုက်မယ်။ ငါတို့ဆီမှာ ရှိပြီးသား ပစ္စည်းတွေနဲ့ပဲ စပြီး ကြော်ငြာလိုက်တော့။”

လန်ယုံက ပြောလိုက်သည်။

“အမိန့်တော်အတိုင်းပါ။”

ထန်လုံက ပြန်ဖြေလိုက်သည်။

“ဒါနဲ့ သတ္တုတွေ အမြောက်အမြား စုဆောင်းဖို့လည်း မမေ့နဲ့ဦး။”

လန်ယုံက ထပ်မံ ညွှန်ကြားလိုက်လေသည်။

“ဟုတ်ကဲ့။”

လေပြာအင်ပါယာက ရှောင်းယီကို ဘယ်လိုအကျိုးအမြတ်များ ခွဲပေးရမလဲဆိုသည်ကို ဆွေးနွေးနေကြချိန်မှာပင် ရှောင်းယီသည်မူ ဘား၏ သီးသန့်အခန်းတစ်ခု၌ မျိုးနွယ်ခြား သုံးခုနှင့် ထပ်မံတွေ့ဆုံနေခဲ့သည်။

“ကျွန်းပိုင်ရှင် ရှောင်း... မနေ့ညက ခင်ဗျားတို့ကျွန်းပေါ်မှာ လေဟာနယ် လမ်းကြောင်းတစ်ခု ပေါ်လာတယ်လို့ ကြားတယ်။”

နဂါးလူသား ရွှမ်းချီရ အသံဩဩဖြင့် မေးလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ ကံကောင်းတာက ကျုပ်တို့ဘက်က အချိန်မီတုံ့ပြန်နိုင်ခဲ့လို့ သူတို့ကို တံတိုင်းတွေကြားမှာပဲ ပိတ်ဆို့ထားနိုင်ခဲ့တယ်။”

“ကျွန်းပိုင်ရှင် ရှောင်း... အဲ့ဒီနေရာရဲ့ ခံစစ်တာဝန်ကို ကျွန်မတို့ဆီ ဘာလို့မလွှဲပေးတာလဲ။”

မယ်ဒူဆာက အကြံပြုလိုက်သည်။

“ဟုတ်တယ်။ ရှင် စိတ်ချပါ... ကျွန်မတို့ မသွားသင့်တဲ့ တခြားဘယ်နေရာကိုမှ လုံးဝမသွားပါဘူး။”

ဖိလစ်ကလည်း ဆိုသည်။

ထိုမခါ ရှောင်းယီက အားကိုးရာမဲ့စွာ ပြုံးလိုက်မိ၏။

“ဒီခံစစ်က တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ မင်းတို့အကူအညီ မလိုလောက်ဘူး။”

သူတို့၏ စိတ်ပျက်သွားတဲ့ မျက်နှာများကို မြင်လိုက်ရသည့်အခါ ရှောင်းယီက ဆက်ပြောလိုက်ရသည်။

“ကောင်းပြီလေ... မင်းတို့ တကယ်စောင့်ချင်တယ်ဆိုရင်လည်း သွားစောင့်လို့ရပါတယ်။ ဒါပေမဲ့ ကြိုတော့ပြောထားမယ်။ ကျုပ်တို့ရဲ့ လက်နက်တွေက အဆင့်မြင့်တဲ့အတွက် ကျုပ်တို့ရဲ့ အစောင့်အချို့ကိုလည်း အဲ့ဒီမှာ ထားဦးမှာပဲ။”

“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင် ရှောင်း။”

မျိုးနွယ်စုခေါင်းဆောင် သုံးဦးစလုံးက မျက်လုံးများ တောက်ပလျက် တပြိုင်တည်း ပြန်ဖြေလိုက်ကြသည်။

ရှောင်းယီက သူတို့၏ အစွမ်းကို လျှော့တွက်ရဲသည့်အပြင် မဟာမိတ်အဖွဲ့၏ အဖွဲ့ကိုပါ သူတို့နှင့့်အတူ စောင့်ခိုင်းဦးမည်လော။

သူတို့အနေနှင့် ယီရန်ပင်း မဟာမိတ်အဖွဲ့က အစောင့်များကို ဝင်ရောက်စွက်ဖက်ခွင့် လုံးဝမပေးနိုင်ချေ။ မဟုတ်လျှင် သူတို့မျက်နှာ ဘယ်နားသွားထားရပါတော့မည်နည်း။ မျိုးနွယ်စုခေါင်းဆောင် သုံးဦးသည် ချက်ချင်းပင် သူတို့အဖွဲ့များကို လူစုရန် ပြန်သွားကြပြီး ရှောင်းယီကတော့ ကျန်းယွင်ထျန်းကို ဖုန်းခေါ်လိုက်လေသည်။

“အစ်ကိုကျန်း... မျိူနွယ်ခြားသုံးခုကို ငါတို့ကျွန်းက လေဟာနယ်လမ်းကြောင်းမှာ စောင့်ခိုင်းလိုက်ရအောင်။”

ရှောင်းယီက အနည်းငယ် အားကိုးရာမဲ့စွာ ပြောလိုက်သည်။

“ဟမ်...။”

ကျန်းယွင်ထျန်း ခဏမျှ ကြောင်အသွားပြီး မျက်မှောင်ကြုတ်လိုက်၏။

“မဖြစ်ဘူးယ သူတို့လက်နက်တွေက အရမ်းရှေးကျလွန်းတယ်။ အကယ်၍ မသေမျိုးမျိုးနွယ်စုတွေ ခံစစ်စည်းကို ဖောက်ထွက်သွားရင် ဘယ်လိုလုပ်မလဲ။”

“ဒါကြောင့်လည်း ငါတို့အဖွဲ့က အရံအဖြစ် အသင့်စောင့်နေမယ်လို့ သူတို့ကို ပြောထားတာပေါ့။”

ရှောင်းယီက ဖြေလိုက်၏။

“ဒီဂြိုဟ်သားတွေက တကယ်ကို အငြိမ်မနေနိုင်ကြဘူးပဲ။”

ကျန်းယွင်ထျန်းလည်း ဘာပြောရမှန်း မသိတော့ပေ။

“ဖြစ်နိုင်တာက သူတို့က ငါတို့ကျွေးထားတဲ့ အစားအသောက်တွေကိုပဲ အမြဲစားနေရတော့ အားနာနေကြလို့ ဖြစ်မှာပါ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“အလကားစားရတာ မကောင်းလို့လား။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

“ဒီဂြိုဟ်သားတွေက တကယ်ကို ရိုးသားကြတာပဲ။”

“ကောင်းပြီ... သွားပြီး စီစဉ်လိုက်တော့။”

“ဟုတ်ကဲ့။”

ဖုန်းချပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုချတ်ကို ဖွင့်ကြည့်လိုက်ရာ မက်ဆေ့ခ်ျများမှာ ၉၉+ ပြန်ဖြစ်နေပြန်၏။ ဆုဝမ်က သူ့ထံ အရေးကြီးသော ချတ်မှတ်တမ်းအချို့ကို ပို့ထားပြီး ဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ။ ငါတို့မဟာမိတ်အဖွဲ့မှာ စိုက်ထားတဲ့ သီးနှံတွေမှာ ပိုးကျနေပြီ။ ဒါက ဘာပိုးလဲဆိုတာ ကြည့်ပေးနိုင်မယ့် ပညာရှင် ရှိလား။”

အောက်တွင် ဓာတ်ပုံတစ်ပုံ ပူးတွဲပါရှိသည်။

“ဟမ်... ဒါက ပိုးကောင်လား။ ဒါက ကျိုင်းကောင်ကြီးဟာကို။”

“ကျိုင်းကောင်ကရော ပိုးကောင်မဟုတ်လို့လား။”

“အဲ... ငါက မင်းပြောတဲ့ ပိုးကောင်ဆိုတာ အိအိပျော့ပျော့ အကောင်လေးတွေလို့ ထင်နေတာ။”

“ဒါ ဘာကောင်လဲဆိုတာကို ငြင်းမနေကြနဲ့တော့။ ဘယ်လိုနှိမ်နင်းရမလဲဆိုတာပဲ ပြောကြပါ။”

“ဒီမှာက ပိုးသတ်ဆေးလည်း မရှိတော့ ငါတို့ တားလို့မရဘူး။”

“ကြက်တွေ အများကြီး မွေးလိုက်ပါလား။ ကြက်တွေကို ကျိုင်းကောင်တွေ စားခိုင်းလိုက်လေ။”

“အခုချိန်မှဆိုရင်တော့ နောက်ကျသွားပြီ။”

“ဒါဆိုရင်လည်း လူစုပြီး ဖမ်းကြလေ။ ပြီးရင် တုတ်ထိုးပြီး ကင်စားမလား၊ ဆီပူထိုးစားမလား...။ ဘေးအိမ်က ကလေးတောင် အားကျလို့ ငိုလိမ့်မယ်။”

“ဘေးအိမ်က ကလေး ငို၊ မငိုတော့ မသိဘူး။ ငါတော့ အခု ငိုမိတော့မယ်။ ဒီလိုအကောင်တွေက ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာရတာလဲ။”

“ဒါက ရုတ်တရက် ပေါ်လာတာလား။ အရင်က တစ်ခါမှ မဖြစ်ဖူးဘူးလား။”

“မဖြစ်ဖူးဘူး။ ငါက စိုက်ပျိုးရေးကို သီးသန့်တာဝန်ယူထားတာ။ ငါတို့မဟာမိတ်အဖွဲ့ရဲ့ သီးနှံတွေ အဆင့်တိုင်းမှာ ဘယ်လိုရှိလဲဆိုတာ ငါအသိဆုံးပဲ။”

“အားး... တစ်ဖက်မှာ မသေမျိုးမျိုးနွယ်စုတွေ ရှိနေသလို၊ တခြားတစ်ဖက်မှာလည်း ငါတို့အတွက် စိန်ခေါ်မှုအသစ်တွေ ထပ်ပေးနေတာလား။”

“အဲ့ဒီလို ထင်တာပဲ။ ငါတို့မဟာမိတ်အဖွဲ့မှာဆိုရင် အခု မိုးတွေ သည်းသည်းမည်းမည်း ရွာနေတယ်။”

“တောက်... ငါတို့မဟာမိတ်အဖွဲ့မှာ ငလျင်လှုပ်သွားတယ်လို့ပြောရင် မင်းတို့ ယုံနိုင်မလား။”

အခန်း ၁၀၁၄ - သဘာဝဘေးအန္တရာယ်မျိုးစုံ၊ ငါတို့ဆီကလွဲလို့ပေါ့

“ငလျင်လှုပ်တယ် ဟုတ်လား။ အဲ့ဒါကြီးက နည်းနည်းတော့ ချဲ့ကားလွန်းရာ မရောက်ဘူးလား။”

“ချဲ့ကားတယ် ဟုတ်လား။ ငါတို့မဟာမိတ်အဖွဲ့ထဲက ကျွန်းကိုးကျွန်းစလုံး တစ်ပြိုင်တည်း တုန်ခါသွားတာကွ။ အဖွဲ့ထဲက အဆောက်အဦးတွေ အကုန်ပျက်စီးပြီး လူတွေအများကြီး ဒဏ်ရာရကုန်တယ်။”

“ကျွန်းကိုးကျွန်း တစ်ပြိုင်တည်း ဟုတ်လား။ အထင်ကြီးစရာပဲဟေ့။ မင်းတို့တော့ ကန့်လန့်ကာနောက်ကွယ်က လူကို သွားစော်ကားမိပြီ ထင်တယ်။”

“တောက်... ငါလည်း ဘယ်သူ့ကို သွားစော်ကားမိလဲဆိုတာ သိချင်နေတာပဲ။ သွားဦးမယ်။ ပျက်စီးသွားတဲ့ အိမ်တွေကို မြန်မြန်ရှင်းလင်းပြီး ပြန်ဆောက်ရဦးမယ်။ ပြီးတော့ ပင်လယ်ထဲမှာလည်း မသေမျိုးမျိုးနွယ်စုတွေက အမြဲလာနှောင့်ယှက်နေတာ။ ငါတို့ တကယ်ကို ဒုက္ခရောက်နေပြီ။”

“အခုချိန်မှာ လူတိုင်းက ရှေ့တန်းရော နောက်တန်းပါ နှစ်ဖက်ညှပ်ပြီး ခံစားနေရတာပဲ။ ဘယ်သူမှ မလွယ်ကူပါဘူး။”

ရှောင်းယီသည် ဂရုချတ်ထဲမှ ဆွေးနွေးမှုများကို ကြည့်ပြီးနောက် အန်းယွဲ့ထံသို့ ချက်ချင်း ဖုန်းဆက်ကာ မေးလိုက်သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ ထူးထူးခြားခြား တစ်ခုခု ဖြစ်နေတာ ရှိလား။”

“ထူးခြားတာလား။”

အန်းယွဲ့သည် ရှောင်းယီ၏ မေးခွန်းကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ မဟာမိတ်အဖွဲ့အတွင်း၌ အရာအားလုံး အဆင်ပြေနေသည် မဟုတ်ပါလဪ။

“မရှိပါဘူး။ ကျွန်းပိုင်ရှင်... တစ်ခုခု ထူးခြားတာကို တွေ့လိုက်လို့လား။”

အန်းယွဲ့က ချက်ချင်း ပြန်မေးလိုက်သည်။

“ဂရုချတ်ထဲက လူတွေအများကြီးက သူတို့မဟာမိတ်အဖွဲ့တွေမှာ ကျိုင်းကောင်တွေကျတာ၊ ငလျင်လှုပ်တာ၊ မိုးသည်းတာ စတဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေ ကြုံနေရတယ်လို့ ပြောနေကြတယ်။ ကျုပ်တို့ဆီမှာလည်း အဲ့ဒီလို ပြဿနာမျိုးတွေ ရှိနေမလားလို့ စဉ်းစားမိလို့ပါ။”

“ဪ... ငါတို့ဆီမှာတော့ အဲ့ဒါမျိုး မရှိပါဘူး။ ကျွန်းတွေအားလုံးရဲ့ တာဝန်ခံတွေကိုလည်း သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို သတိထားဖို့ ငါညွှန်ကြားထားပြီးသားပါ။”

အန်းယွဲ့က ချက်ချင်း ပြန်ဖြေလိုက်သည်။

အန်းယွဲ့သည်လည်း ဂရုချတ်ထဲမှ ဆွေးနွေးမှုများကို စောစောက မြင်တွေ့ခဲ့သဖြင့် ကျွန်းအသီးသီးမှ တာဝန်ခံများကို ထိုသို့သော ဘေးအန္တရာယ်များကို အထူးဂရုပြုရန် ချက်ချင်း ညွှန်ကြားထားခြင်း ဖြစ်သည်။

“အင်း... ကျုပ်တို့ သေချာပေါက် သတိထားရမယ်။ ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေက ကျုပ်တို့မဟာမိတ်အဖွဲ့ကို ဒီအတိုင်း ချန်လှပ်ထားမှာတော့ မဟုတ်ဘူး။”

ရှောင်းယီက မှာကြားလိုက်သည်။

“နားလည်ပါပြီ။”

အန်းယွဲ့က လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

ဖုန်းချပြီးနောက် ယီထျန်းဂရုချတ်ထဲတွင် သူတို့၏ မဟာမိတ်အဖွဲ့များ၌ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရကြောင်း သတင်းပို့လာသည့် အသက်ရှင်ကျန်ရစ်သူများ ပိုမိုများပြားလာခဲ့သည်။

“နွေရာသီ ရောက်တော့မှာကို ငါတို့ဆီမှာ မိုးသီးတွေ ကြွေနေတယ်။ တောက်... ဒါကြီးက အရမ်း လုပ်ကြံလွန်းမနေဘူးလား။”

“အပေါ်က လူရေ... မင်းရဲ့ အခြေအနေကို ကိုယ်ချင်းစာပေမဲ့ ဗဟုသုတတစ်ခုတော့ မျှဝေပါရစေဦး။ နွေဦး ဒါမှမဟုတ် နွေရာသီမှာ မိုးသီးကြွေတာက ပုံမှန်ပါပဲ။ ငါတို့ အရင်ကမ္ဘာမှာတုန်းကတောင် နိုင်ငံရဲ့ မိုးသီးကြွေတဲ့ ဖြစ်ရပ် ၇၀ ရာခိုင်နှုန်းက ဧပြီလနဲ့ ဇူလိုင်လကြားမှာ ဖြစ်ခဲ့တာကွ။”

“အဲ... ဒါ တကယ်လား။ ငါ ပြစ်တင်စကား ပြောလိုက်မိတာက ကိုယ်ကိုယ့်ကိုယ် စာမတတ်ပေမတတ် ဖြစ်နေတာကို ဖော်ပြလိုက်သလို ဖြစ်သွားတာပဲ။”

“ဗဟုသုတအကြောင်းတွေ ပြောမနေကြနဲ့တော့။ ကျုပ်တို့မဟာမိတ်အဖွဲ့ဆီမှာ လေဆင်နှာမောင်း တိုက်သွားလို့ အဆောက်အဦးတွေ အတော်များများ ပျက်စီးကုန်ပြီ။ အရေးကြီးဆုံးက မြန်မြန် ပြန်လည်ထူထောင်ရေး လုပ်ဖို့ပဲ။”

“ဒီသဘာဝဘေးအန္တရာယ်တွေနဲ့ မကြုံရတဲ့ မဟာမိတ်အဖွဲ့များ ရှိသေးလားလို့ ငါတကယ် သိချင်မိတယ်။”

“ငါတို့လည်း ကြုံရတယ်။”

“ငါတို့လည်း ကြုံရတယ် +၁”

ဂရုချတ်ထဲရှိ လူတိုင်းက သူတို့ ကြုံတွေ့နေရကြောင်း တညီတညွတ်တည်း ပြောနေကြ၏။ အချို့က သူတို့လိမ်မပြောကြောင်း သက်သေပြရန် ဘေးအန္တရာယ် ဓာတ်ပုံများကိုပင် တင်လိုက်ကြသေးသည်။

ဘေးအန္တရာယ် ဓာတ်ပုံမျိုးစုံကို မြင်ရသောအခါ ရှောင်းယီသည် ပို၍ပင် ဇဝေဇဝါ ဖြစ်လာ၏။ သူ၏ မဟာမိတ်အဖွဲ့မှာတော့ မည်သည့်ဒဏ်မှ မသင့်ဘဲ အေးဆေးဖြစ်နေလေသည်။ တစ်ခုခု မှားနေသလော။

ရှောင်းယီ တွေးတောနေစဉ်အတွင်း တစ်စုံတစ်ခုက သူ၏ ဘောင်းဘီစကို ဆွဲနေသည်ကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ ချီလင် ဖြစ်နေလေသည်။

“ရှောင်လင်... မင်း ဗိုက်ပြန်ဆာပြီလား။ မင်း ဒီရက်ပိုင်း အစားတွေ တော်တော်စားနေသလိုပဲ။”

ရှောင်းယီက ပြုံးကာ ပြောပြီးနောက် သူ့ကို အောက်ထပ်သို့ ခေါ်သွားလိုက်လေသည်။

အနီးနားရှိ ကျားဖြူသည်လည်း ၎င်းကို မြင်သောအခါ ချက်ချင်း ထရပ်ပြီး နောက်က လိုက်လာခဲ့လေသည်။

ပထမထပ်သို့ ရောက်သောအခါ ရှောင်းယီသည် ရေခဲသေတ္တာထဲမှ သားရဲကြီးအသား အချို့ကို ထုတ်ယူကာ အနည်းငယ် အပူပေးပြီး ထိုသတ္တဝါနှစ်ကောင်ထံသို့ ပစ်ပေးလိုက်လေသည်။

ချီလင်သည် အသားကို ချက်ချင်း မစားသေးဘဲ ကျားဖြူကို လှည့်၍ စိုက်ကြည့်လိုက်၏။ ကျားဖြူသည် သူ၏ခေါင်းကို ဝှေ့ယမ်းကာ အမြီးကို လှုပ်ယမ်းလျက် အလွန်ပင် ဖားယားသော အမူအရာတစ်ခုကို ပြုလုပ်လိုက်လေသည်။

“မင်းက ကျားတစ်ကောင်ကွ။ ဖားယားတတ်တဲ့ ခွေးလေးလို မလုပ်စမ်းနဲ့။”

ရှောင်းယီသည် ဘာပြောရမှန်းမသိဘဲ ရေရွတ်လိုက်မိလေသည်။

ထိုအခါ ကျားဖြူက လေသံနှိမ့်နှိမ့်ဖြင့် ဟိန်းဟောက်ကာ ပြန်ပြောလာခဲ့သည်။

“ကျုပ်လည်း မတတ်နိုင်ဘူးလေ။ သူ့ကိုမှ မနိုင်တာ။”

ရှောင်းယီ ရယ်မောလိုက်မိ၏။

“မင်းက တကယ်ရိုးသားတာပဲ။”

အနားရှိ ချီလင်က နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ တိုးလာကာ ကြည့်အကောင်းဆုံး သားရဲကြီးအသားများကို ရွေးချယ်ပြီးနောက် တစ်ဖက်သို့ သွား၍ မြိန်ရည်ယှက်ရည် စားသောက်တော့လေသည်။ ထိုအခါမှသာ ကျားဖြူသည် အနားသို့ တရွေ့ရွေ့ ကပ်လာပြီး ကျန်ရှိနေသော အသားများကို ယူစားလေတော့သည်။

ရှောင်းယီသည် ခေါင်းခါလျက် သူတို့ကို လွှတ်ထားခဲ့ကာ အပေါ်ထပ်သို့ တက်ရန် ပြင်လိုက်၏။ သူ ခြေလှမ်းလှမ်းလိုက်စဉ်မှာပင် ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။

သူသည် ခေါင်းကို ချက်ချင်း လှည့်လိုက်ပြီး အသားစားနေသည့် ချီလင်ကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

“ချီလင် ပေါ်လာတဲ့ နေရာတိုင်းမှာ မင်္ဂလာရှိတဲ့ နိမိတ်တွေ လိုက်ပါလာတတ်တယ်မဟုတ်လား။”

ယီရန်ပင်း မဟာမိတ်အဖွဲ့တွင် ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ မကြုံတွေ့ရခြင်းမှာ ဤမင်္ဂလာရှိသော သားရဲဖြစ်သည့် ချီလင်၏ လွှမ်းမိုးမှုကြောင့် ဖြစ်နေမလား။

ချီလင်၏ အစားအသောက်မှာလည်း မကြာသေးမီက ပိုမိုများပြားလာခဲ့သည်။ ဤသဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရန် သူ အားအင်ဖြည့်တင်းနေခြင်းလားဟု ရှောင်းယီ တွေးတောနေမိ၏။

ရှောင်းယီ ပိုစဉ်းစားလေလေ ဤအချက်မှာ ပို၍ ဖြစ်နိုင်ချေရှိလေလေ ဖြစ်လာခဲ့လေသည်။ အကြောင်းမှာ ယခင်က ရွှမ်းယွမ်ဓားသည် ဓားအိမ်မှ ထုတ်လိုက်ရုံမျှဖြင့် လေဆင်နှာမောင်းကိုပင် မောင်းထုတ်နိုင်ခဲ့သဖြင့် ချီလင်တွင်လည်း အလားတူ စွမ်းဆောင်ရည်မျိုး ရှိနေနိုင်သည်မှာ မထူးဆန်းပေ။

သို့သော်လည်း ကံတရားဆိုသည်မှာ အလွန်ပင် ဝေဝါးလှသဖြင့် ရှောင်းယီအနေဖြင့် ခန့်မှန်းရုံသာ တတ်နိုင်ပြီး အတည်ပြု၍တော့ မရနိုင်ပေ။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသော်လည်း ယီရန်ပင်း မဟာမိတ်အဖွဲ့တွင် တကယ်ပင် မည်သည့် သဘာဝဘေးအန္တရာယ်မှ မဖြစ်ပေါ်လာခဲ့ပေ။ အခြားသော မဟာမိတ်အဖွဲ့များမှာမူ ရုတ်တရက် ပေါ်လာသော ဘေးဒုက္ခများကို ရင်ဆိုင်နေရသလို ပင်လယ်ထဲတွင်လည်း မသေမျိုးမျိုးနွယ်စုများ၏ အနှောင့်အယှက်ကို အမြဲတစေ ခံစားနေရသဖြင့် အလွန်ပင် စိတ်ညစ်နေကြရလေသည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့မှာမူ အလွန်ပင် အေးဆေးနေ၏။ မသေမျိုးမျိုးနွယ်စုများကို လေဟာနယ်လမ်းကြောင်းအတွင်း၌သာ အခိုင်အမာ ပိတ်ဆို့ထားနိုင်ပြီး မည်သည့် သဘာဝဘေးအန္တရာယ်မှလည်း မဖြစ်ခဲ့ပေ။

ရှောင်းယီ၏ ကျွန်းပေါ်ရှိ လေဟာနယ်လမ်းကြောင်းတွင်မူ နဂါးလူသားများ၊ နာဂမျိုးနွယ်စုများနှင့် လွင်ပြင်နတ်သူငယ်များမှာ သူတို့၏ တပ်ဖွဲ့များကို ခေါ်ဆောင်လာကြပြီး ဖြစ်သည်။ တည်ဆောက်ထားသော မြို့တံတိုင်းကို ကြည့်ပြီး သူတို့ ဘာပြောရမှန်း မသိဖြစ်နေခဲ့ကြသည်။

“ဒီမြို့တံတိုင်းကြီး ရှိနေမှတော့ ခုခံရတာက အရမ်း လွယ်ကူလွန်းမနေဘူးလား။”

“ဟုတ်တယ်။ ဒါက ငါတို့ရဲ့ အစွမ်းကို ပြသဖို့ လုံးဝ အခွင့်အရေး မရှိဘူး ဖြစ်စေတယ်။”

“ဘာလို့ ဒီအပြင်လူရဲ့ ကျွန်းပေါ်မှာ ငါတို့ လုံးဝ အကူအညီ မပေးနိုင်ဘူးလို့ ခံစားနေရတာလဲ။”

နဂါးလူသားမျိုးနွယ်စု၏ ခေါင်းဆောင် ရွှမ်းချီက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“နဂါးလူသား စစ်သည်တို့... ငါ့နောက်ကို လိုက်ခဲ့ပြီး အောက်ဆင်းတိုက်ကြစို့။ မယ်ဒူဆာ၊ ဖိလစ်... မြို့တံတိုင်းကိုတော့ မင်းတို့ပဲ တာဝန်ယူထားလိုက်ပါ။”

“စိတ်ချပါ။”

မယ်ဒူဆာနှင့် အခြားတစ်ဦးက ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

ရွှမ်းချီသည် သူ၏ အဖွဲ့ကို ဦးဆောင်ကာ မြို့တံတိုင်းပေါ်မှ တိုက်ရိုက် ခုန်ချသွား၏။ ထိုအချိန်တွင် လေဟာနယ်လမ်းကြောင်းမှ မသေမျိုးမျိုးနွယ်စုများ ထပ်မံ ထွက်ပေါ်လာပြီဖြစ်သည်။

“အချိန်ကိုက်ပဲ။”

ရွှမ်းချီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ ကွမ်းကုန်းဓားမကြီးကို ဝှေ့ယမ်းကာ ရှေ့သို့ ပြေးဝင်သွားတော့သည်။

အနီးနားရှိ ယီရန်ပင်း မဟာမိတ်အဖွဲ့မှ စစ်သည်များမှာ ထိုမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားကြ၏။ သူတို့ဆိုလျှင် အောက်သို့ဆင်းပြီး တိုက်ရန် လုံးဝ မဝံ့ရဲကြပေ။ အကြောင်းမှာ မသေမျိုးမျိုးနွယ်စုများ ကြားထဲတွင် ပိတ်မိသွားပါက မသေလျှင်တောင် အပြင်းအထန် ဒဏ်ရာရနိုင်သောကြောင့် ဖြစ်သည်။

“ဒီနဂါးလူသားက နည်းနည်း ရဲတင်းလွန်းမနေဘူးလား။”

“ဟုတ်တယ်။ ဒီလောက်များတဲ့ မသေမျိုးတွေကြားထဲကို အဲ့လိုပြေးဝင်သွားတာက သေတွင်းထဲ ခုန်ဆင်းတာနဲ့ မတူဘူးလား။”

“သေချင်လို့တော့ မဟုတ်လောက်ပါဘူး။ ဒီဂြိုဟ်သားတွေက ထူးဆန်းပေမဲ့ ဦးနှောက်မရှိတာမျိုးတော့ မဖြစ်နိုင်ဘူး။”

မကြာမီ နှစ်ဖက်စလုံး ရင်ဆိုင်မိသွားကြလေသည်။ ရွှမ်းချီသည် သူ၏ လက်ထဲမှ ဓားမကြီးကို အားပါပါဖြင့် ဝှေ့ယမ်းလိုက်ရာ သူ၏ ရှေ့ နှစ်မီတာပတ်လည်အတွင်းရှိ မသေမျိုးများ အားလုံး ချက်ချင်းပင် အတုံးအရုံး သေဆုံးကုန်ကြတော့လေသည်။

“သောက်ကျိုးနည်း... အဲ့လောက်တောင် ကြမ်းတာလား။”

မဟာမိတ်အဖွဲ့မှ စစ်သည်တစ်ဦးက မအံ့သြဘဲ မနေနိုင် ဖြစ်သွားခဲ့လေသည်။

“သူ ကြမ်းတော့ရော ဘာဖြစ်လဲ။ ငါတို့ နည်းပြက ပြောဖူးတယ်။ အသက်ကို ရင်းပြီး တိုက်တဲ့ ဒီလိုတိုက်ခိုက်မှုပုံစံမျိုးကို အားမပေးဘူးတဲ့။”

“မှန်တယ်။ စစ်မြေပြင်မှာ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ။”

“ဟိုမှာကြည့်စမ်း။ အဲ့ဒီနဂါးလူသားက အထဲကို အရမ်း ရောက်သွားပြီ။ သူက မသေမျိုးစစ်တပ်ရဲ့ အလယ်ဗဟိုအထိ တိုးဝင်သွားတာပဲ။”

“သူကတော့ တကယ်ပဲ သေမှာမကြောက်ဘူးလား။”

“သူတို့ မသေရင်တောင်မှ ဟိုမသေမျိုးတွေက ပြန်တိုက်မှာပဲ။ အဲ့ဒီစစ်တပ်ကြီးရဲ့ အလယ်မှာ ဒဏ်ရာရသွားရင် ဘာဖြစ်မယ်ဆိုတာ လူတိုင်း ခန့်မှန်းနိုင်တာပဲ။”

သို့သော် နောက်တစ်ခဏတွင်မူ ထိုဘေးမှ ကြည့်နေသူများ၏ မျက်လုံးများမှာ မျက်ကွင်းထဲမှ ကျွတ်ထွက်မတတ် အံ့အားသင့်သွားကြရလေသည်။

All Chapters