← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅) - ရှေ့မှောက်က နတ်သူငယ်ကို လူမသိ

မိုးခိုရင်း လက်ဖက်ရည်သောက်နေကြသည့် လူအုပ်ကြီးသည် အရာရှိစာမေးပွဲအကြောင်းမှသည်

လယ်ကွင်းထဲက ရိတ်သိမ်းချိန်အကြောင်းအထိ၊ မင်္ဂလာဆောင်နှင့်

နာရေးကိစ္စများမှသည်

ကုန်ဈေးနှုန်းအတက်အကျအကြောင်းအထိ၊

နန်းတွင်းမှ ကောလာဟလများမှသည် လောကဓံနှင့် သိုင်းလောကအကြောင်းအထိ စုံစီနဖာ

ပြောဆိုနေကြသည်။ လူတိုင်းမှာ ကိုယ့်အမြင်ကိုယ့်အတွေးဖြင့်

တိုင်းပြည်အရေးကိုပင် အကြံပေးနေကြသည်မှာ တက်ကြွလွန်းလှ၏။

ဤမြင်ကွင်းကို ကြည့်ရင်း ဖန်းချန်ကတော့ စိတ်ထဲမှ ပြုံးနေမိသည်။ “ငါ့ရဲ့

အရင်ဘဝတုန်းကလည်း လက်ကွက်နှိပ်ပြီး ဒီလိုပဲ လောကကြီးအကြောင်း

ဝေဖန်ခဲ့ကြတာပဲ” ဟု သူ တွေးလိုက်မိ၏။

ခဏအကြာတွင် တွန့်ကျင်းက အသံကျယ်ကျယ်ဖြင့် စကားဆိုလာသည်။

“...ဒီလမ်းမကြီးပေါ်မှာပဲဗျ၊ လွန်ခဲ့တဲ့ လပိုင်းက ယွင်ကျုန်းတောင်ခြေက ရွာတစ်ရွာမှာ

တည်းခဲ့တုန်းက ဒီလိုကိစ္စမျိုး ကြုံခဲ့ရတာ”

စကားကို ခေတ္တရပ်ကာ လူအများ၏ အာရုံကို ဖမ်းစားလိုက်ပြီးနောက် တွန့်ကျင်းက

ဂုဏ်ယူဝံ့ကြွားစွာ ဆက်ပြောတော့သည်။

“အဲဒီတောင်ရွာလေးက ရွာဘေးက စမ်းချောင်းကိုပဲ အားကိုးပြီး သောက်ရေသုံးရေ

သုံးကြရတာပေါ့။ ကျွန်တော် အဲဒီကို မရောက်ခင်လေးတင် စမ်းရေက

ရုတ်တရက် ခန်းသွားလို့ ရွာသားတွေခမျာ ဒုက္ခရောက်ကုန်ကြတာ”

“အော်... ဒါက ဘာကြောင့်များလဲဗျ” လျိုယွမ်တယ်က စိတ်ဝင်တစား မေးလိုက်သည်။

“အစ်ကိုလျို... ကျွန်တော် ရှင်းပြမယ်လေ။ ရွာသားတွေလည်း ထိတ်လန့်နေကြတာပေါ့။

ကံကောင်းချင်တော့ တောလိုက်မုဆိုးတစ်ယောက်က တောင်ပေါ်မှာ

နတ်သူငယ်တစ်ပါးနဲ့ ဆုံဖူးထားတာရှိတယ်။ အဲဒါနဲ့ သူလည်း

တစ်ယောက်တည်း တောင်ပေါ်တက်ပြီး နတ်သူငယ်ရှိတဲ့ ကမ်းပါးဆီကို

သွားအကူအညီတောင်းရတာပေါ့”

“ဘယ်လိုတွေတောင်လဲဗျာ၊ သူက တကယ်ပဲ သွားတောင်းတာလား”

အနီးအနား စားပွဲများမှ လူများပါ လှည့်ကြည့်လာကြသဖြင့် တွန့်ကျင်းမှာ ပို၍

စိတ်ပါလာပြီး ခြေဟန်လက်ဟန်များဖြင့် မြိန်ရည်ယှက်ရည်

ပြောတော့သည်။

“နတ်သူငယ်က သူ့ကို တောင်နတ်မင်းဆီ အရင်ခေါ်သွားတယ်။ တောင်နတ်မင်းက ပြောပြတာကတော့

တန်ခိုးကြီးတဲ့ မိစ္ဆာတစ်ကောင်က ရေလမ်းကို ပိတ်ထားတာတဲ့။

တောင်နတ်မင်းကိုယ်တိုင် နှင်ထုတ်တာတောင်

မအောင်မြင်ဘူးလို့ ဆိုတယ်”

“နောက်ဆုံးတော့ နတ်သူငယ်က မုဆိုးကိုခေါ်ပြီး မိစ္ဆာရှိတဲ့နေရာကို သွားသတ်တော့တာပဲ။

နတ်သူငယ်က လက်ထဲမှာ ဓားတစ်စင်ကို ကိုင်၊ လက်ဟန်ခြေဟန်တွေ လုပ်လိုက်တာနဲ့ ဓားပျံက

ဟိုဟိုသည်သည် ပျံဝဲပြီး မိစ္ဆာကို တိုက်ခိုက်တော့တာပေါ့။ ဒါပေမဲ့ အဲဒီ

အကြေးခွံရှိတဲ့ မိစ္ဆာကလည်း အရေခွံက အရမ်းမာတော့ ဓားက

မဖောက်နိုင်ဘူးဗျ”

“အဲဒီမှာတင် နှစ်ဖက်စလုံး အကြီးအကျယ် တိုက်ပွဲဖြစ်ကြတာပေါ့။ အပြန်အလှန်

တိုက်ခိုက်လိုက်ကြတာ အချက်ပေါင်း တစ်ရာမကဘူး။

တိုက်ပွဲဖြစ်တဲ့ နေရာတဝိုက်ဆိုတာ မီးလောင်ပြင်ကြီးလို

ဖြစ်သွားပြီး ယွင်ကျုန်းတောင်ရဲ့ တဝက်လောက်ဟာ တန်ခိုးတော်တွေရဲ့

အလင်းတန်းတွေနဲ့ ထိန်ထိန်လင်းသွားတာပဲဗျို့”

“အို...” လူအများက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

“ဒါနဲ့ ဘာဆက်ဖြစ်လဲ၊ ဘယ်သူနိုင်သွားလဲ” ယွီချင်းလင်က ဝင်မေးသည်။

“နတ်သူငယ်ကပဲ အသာရတာပေါ့ဗျ” တွန့်ကျင်းက ဆက်၍ ကြွားလုံးထုတ်သည်။

“သူ့ရဲ့ တန်ခိုးက အရမ်းကြီးတာဆိုတော့ မိစ္ဆာကို အနားမကပ်နိုင်အောင် လုပ်ထားတာ။

အချိန်အခါကောင်းကို စောင့်ပြီး မိစ္ဆာရဲ့ တန်ခိုးအကာအကွယ်ကြားက လွတ်နေတဲ့

အပေါက်ကို ရှာပြီး လက်သီးတစ်ချက်တည်းနဲ့ မိစ္ဆာကို အလဲထိုးလိုက်တာဗျာ”

“ဒါကလည်း ပညာပါတာပေါ့။ သံချပ်ကာဝတ်ထားတဲ့သူကို လက်နက်ချွန်နဲ့ ထိုးလို့မရရင်

လက်နက်တုံးနဲ့ ရိုက်ရသလိုမျိုးပေါ့။ နတ်သူငယ်ရဲ့ လက်သီးချက်က

မိစ္ဆာကို အကြီးအကျယ် ဒဏ်ရာရစေပြီး သွေးတွေတောင် အန်ထွက်ကုန်တာ”

“မိစ္ဆာက မူးဝေနေတုန်းမှာ နတ်သူငယ်က ဓားပျံကို ဆင့်ခေါ်ပြီး မိစ္ဆာရဲ့ ဗိုက်ပေါ်မှာ

တေ့ထားလိုက်တယ်။ ‘ဟေ့ မိစ္ဆာကောင်... မင်း အခုပဲ အရှုံးမပေးရင် အသက်ပျောက်သွားမယ်’

လို့ ခံ့ညားစွာ အော်ဟစ်လိုက်တာပေါ့”

“မိစ္ဆာလည်း အော်သံကြောင့် သတိပြန်ဝင်လာပြီး သူ့ဗိုက်ပေါ်မှာ ဓားနဲ့ တေ့ထားတာ

မြင်တော့ ထိတ်လန့်တုန်လှုပ်ပြီး အသည်းခိုက်အောင် ကြောက်သွားတာပေါ့ဗျာ”

“ဘာပြောကောင်းမလဲ... အဲဒီမိစ္ဆာမှာက တခြားနေရာတွေမှာ အကြေးခွံတွေ ရှိပေမဲ့

ဗိုက်မှာတော့ မရှိဘူးလေ။ အဲဒီတော့ နတ်သူငယ် စိတ်ကြိုက်

သတ်ချင်သတ်၊ လွှတ်ချင်လွှတ်လို့ ရနေပြီပေါ့”

“မိစ္ဆာက အသက်ချမ်းသာပေးဖို့ တောင်းပန်တော့ နတ်သူငယ်က နောက်နောင်

မကောင်းမှုမလုပ်ဖို့ ကတိတောင်းပြီး

လွှတ်ပေးလိုက်တာ။ မိစ္ဆာလည်း နောက်ကိုတောင် လှည့်မကြည့်ဘဲ

တောင်အောက်ကို အပြေးအလွှား ထွက်ပြေးသွားတော့တာပဲ”

တွန့်ကျင်းသည် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့်အလား ခြေဟန်လက်ဟန်များဖြင့်

မြိန်ရည်ယှက်ရည် ပြောပြနေ၏။ နားထောင်နေသူများမှာလည်း

ထိုပုံပြင်ထဲတွင် စီးမျောသွားကြပြီးနောက် မေးခွန်းထုတ်ကြသည်။

“ဒါဆို နတ်သူငယ်က ဘာလို့ အဲဒီမိစ္ဆာကို တစ်ခါတည်း သတ်မပစ်တာလဲဗျ။

မိစ္ဆာနှိမ်နင်းတယ်ဆိုတာ သနားနေလို့မှ မရတာ”

တွန့်ကျင်းက ခဏမျှ ကြောင်သွားပြီးနောက် ခေါင်းကို ခါယမ်းကာ ပြန်ငြင်းသည်။

“နတ်သူငယ်တွေရဲ့ စိတ်ကူးကို လူသားတွေရဲ့ အတွေးနဲ့ သွားမတိုင်းတာပါနဲ့ဗျာ။

လူသားချင်းစာနာတဲ့ စိတ်က နတ်သူငယ်တွေမှာလည်း ရှိတာပေါ့။

အဲဒီမိစ္ဆာက မကောင်းမှုလုပ်ခဲ့ပေမဲ့ ဘယ်သူ့ကိုမှ အသက်အန္တရာယ်

မပေးခဲ့ဘူးလေ။ ဒါကြောင့်လည်း အသက်ချမ်းသာပေးခဲ့တာ ဖြစ်မှာပေါ့”

လူအချို့ကလည်း “ဒါပေမဲ့ အဲဒီမိစ္ဆာက နောက်တစ်ခါ လောကကြီးကို ထပ်ပြီး

ဒုက္ခပေးဦးမှာပေါ့” ဟု ဆိုကြပြန်သည်။

“စိတ်မပူပါနဲ့ဗျာ၊ သူက ကတိပေးထားပြီးပြီပဲ။ နတ်သူငယ်ကလည်း စောင့်ကြည့်နေမှာပေါ့။

လူတစ်ယောက်ကို ပြစ်မှုကျူးလွန်နိုင်ခြေ ရှိရုံနဲ့တော့ ဖမ်းဆီးအပြစ်ပေးလို့

ဘယ်ရပါ့မလဲ...”

ဘေးပတ်ဝန်းကျင်မှ လူများမှာလည်း တွန့်ကျင်း၏ စကားကို နားဝင်သွားကြဟန်ဖြင့်

ခေါင်းညိတ် ထောက်ခံကြတော့သည်။

ဤဖြစ်ရပ်တွင် ကိုယ်တိုင် ပါဝင်ခဲ့သော ဖန်းချန်မှာမူ မိမိ၏ အဖြစ်အပျက်မှာ

ပုံပြင်တစ်ပုဒ်ကဲ့သို့ လုံးဝ ပြောင်းလဲသွားသည်ကို

ရှက်ရွံ့မနေဘဲ စိတ်ဝင်တစား နားထောင်နေမိသည်။ နှမြောစရာ

တစ်ခုတည်းမှာမူ ဤမျှ ကောင်းမွန်သော ပုံပြင်ကို နားထောင်နေစဉ် စားစရာ သစ်စေ့

သို့မဟုတ် ဖရဲသီးတစ်လုံးမျှ မရှိခြင်းပင်။

စကားဝိုင်းထဲတွင် လူအများက ထိုနတ်သူငယ်၏ အမည်နှင့် နေရပ်ကို မေးမြန်းကြသည်။

တွန့်ကျင်းကလည်း သူ အစက ကြားခဲ့ရသော်လည်း အခုတော့ သေသေချာချာ

မမှတ်မိတော့ကြောင်း၊ ဖြစ်နိုင်သည်မှာ မျိုးရိုးအမည်မှာ “ယွမ်” များ

ဖြစ်မလားဟု ဖြေလိုက်သဖြင့် လူတိုင်းက နှမြောတသ ဖြစ်သွားကြပြီး အခြားသော

အကြောင်းအရာများကို ပြောင်းလဲပြောဆိုကြတော့သည်။

“...ဒါနဲ့ ယန်းကျိုးက ပညာရှိတစ်ယောက် အိမ်မှာ ကြက်တစ်ကောင် ချက်ထားတာဗျ။ သူက

စားပွဲမှာ ထိုင်ပြီး စားခါနီးမှ စိတ်မကောင်းဖြစ်ပြီး ရေရွတ်မိသတဲ့။

‘ငါ့ရဲ့ ဘဝတစ်လျှောက် ကပ်ဘေးတွေနဲ့ ကြုံခဲ့ရတာ၊ အခုတော့ ဒီကြက်ကလေးကို စားပြီး

ဗိုက်ထဲမှာပဲ ခဏလောက် အနားယူစေတော့’ လို့ ငိုငိုရယ်ရယ် ပြောပြီးနောက်၊

အိမ်ပြင်ဘက်ကို လှမ်းအော်သတဲ့ဗျ။ ‘မိန်းမရေ... ကြက်သွန်ဖြူ

ထပ်ထောင်းလိုက်ဦး’ တဲ့ဗျာ...”

“...ဟားဟားဟား...”

“...ကျွန်တော်တို့ စိန့်ချင်းမြို့မှာလည်း ကျန့် ဆိုတဲ့ မျိုးရိုးနဲ့ ဆရာကြီး

နှစ်ယောက် ရှိတယ်ဗျ။ လူလေးစားရတဲ့ သူတွေပါပဲ။ ဒါပေမဲ့ သူတို့ဆီမှာ

သင်ယူတဲ့ တပည့်တွေထဲက တဝက်ကတော့ အောင်မြင်ကျော်ကြားကြပြီး၊ ကျန်တဝက်ကတော့

အရမ်းကို ခေါင်းမာပြီး ဘာမှလုပ်မရတဲ့ လူတွေ ဖြစ်နေတာ ထူးဆန်းတယ်ဗျာ”

“...အဲဒီ ဆရာကြီး နှစ်ယောက်က မြို့ပေါ်မှာတော့ အတော်ဆုံး ဆရာတွေပဲလေ။ ဒီနှစ်

အရာရှိစာမေးပွဲ အောင်တဲ့သူ အားလုံးနီးပါးက သူတို့ တပည့်တွေပဲ။

အဲဒီတော့ မြို့က လူကုံထံတွေလည်း အခက်တွေ့နေကြတာပေါ့။

ငါ့သားသမီးတွေကို အဲဒီဆရာတွေဆီ လွှတ်သင်ရမလား၊

မလွှတ်ရဘူးလားဆိုပြီးတော့လေ...”

“...လောင်းကစား လုပ်ရသလိုပဲဗျာ၊ ဘယ်သူက ခံနိုင်မှာလဲ...”

အပြင်ဘက်တွင် လေများ တိုက်ခတ်လာသည်။

ဖွဲဖွဲရွာနေသော ဆောင်းဦးမိုးမှာ တဖြည်းဖြည်း တိတ်သွားပြီ။ ထူထပ်သော

တိမ်တိုက်ကြီးများမှာလည်း ကွဲအက်သွားပြီး

ရွှေရောင်နေခြည်နုနုတို့သည် တိမ်ကြားမှ ထိုးထွက်လာကာ

မိုးစိုနေသော မြေပြင်ပေါ်သို့

ရောင်စုံအလင်းစက်ကလေးများအဖြစ်

ဖြူးကျလာတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ လက်ဖက်ရည်ဆိုင်အတွင်းရှိ လူများမှာလည်း စကားစဖြတ်ကာ

အထုပ်အပိုးများကို ပြင်ဆင်ပြီး ခရီးဆက်ရန် ပြင်ကြတော့သည်။

ဆိုင်ရှင်မှာလည်း ပန်းကန်ခွက်ယောက်များကို ဆေးကြောကာ

နောက်ထပ် ရောက်လာမည့် ဧည့်သည်များအတွက် ပြင်ဆင်နေ၏။

လူတိုင်းမှာ ကိုယ့်ဘဝနှင့်ကိုယ်၊ ကိုယ့်ခရီးစဉ်နှင့်ကိုယ် ရှိကြသူများပင်။

မိုးခိုခဲ့ရသည့် အချိန်လေးမှာ ခေတ္တ အနားယူရုံမျှသာ ဖြစ်ပြီး

မိုးတိတ်သည်နှင့် ကိုယ့်လမ်းကိုယ် ဆက်ကြရပေဦးမည်။

ဖန်းချန်တွင်မူ အထုပ်အပိုး အနည်းငယ်သာ ပါရှိသဖြင့် ပြင်ဆင်စရာ သိပ်မလိုဘဲ အရင်ဆုံး

ထထွက်လာခဲ့သည်။ သူသည် ထိုလူများကြားတွင်၊ အထူးသဖြင့် ကပ်ဘေး၏

ဇာတ်လိုက်နှစ်ဦးရှေ့တွင်

အချိန်အကြာကြီး မနေလိုသဖြင့် ခြေလှမ်းများကို မြှင့်ကာ

ခပ်သွက်သွက် လျှောက်လာခဲ့၏။

ကျန်ရစ်ခဲ့သော လူများ၏ အမြင်တွင်မူ ထောင့်တစ်နေရာတွင် ထိုင်နေခဲ့သော၊ အဝတ်အစား

ရိုးရိုးနှင့် ငွေဆံထိုး ပန်ထားသည့်၊ သတိမထားမိလောက်အောင် အေးဆေးလှသည့်

ထိုလူသည် ခြံဝင်းထဲတွင် လမ်းလျှောက်နေသည့်အလား ပေါ့ပါးသွက်လက်စွာ

ထွက်ခွာသွားသည်မှာ ခဏချင်းမှာပင် အဝေးက

အစက်ကလေးတစ်ခုအဖြစ်သာ မြင်ရတော့သည်။

မိုးစိုနေသော ဗွက်လမ်းပေါ်တွင်လည်း မည်သည့်ခြေရာမျှ ထင်ကျန်ရစ်ခြင်း မရှိပေ။

ခြေဖဝါးရာ တစ်ချက်မျှပင် မရှိပါချေ။

“တကယ့် ပညာရှင်ပဲ...”

ဤအခြေအနေကို မြင်လိုက်ရသူတစ်ဦးက သက်ပြင်းချကာ ဆိုလိုက်ပြီးမှ မိမိတို့၏

မြင်းများကို ဆက်လက် ပြင်ဆင်ကြသည်။

ထိုအချိန်တွင် ကျယ်လောင်သော အော်ဟစ်သံကြောင့် လူတိုင်းက လှည့်ကြည့်လိုက်မိကြသည်။

“ငါ သိပြီဗျို့”

လောကအနှံ့ လှည့်လည်နေသော တွန့်ကျင်းက မြေပြင်ပေါ်တွင် ထိုင်လျက် နောင်တရသလိုမျိုး

ပြောလိုက်သည်။

“ငါ မှတ်မိပြီ၊ ငါ မှတ်မိပြီ ယွင်ကျုန်းတောင်က တကယ့် နတ်သူငယ်ရဲ့ နာမည်က

ဖန်းချန်တဲ့ဗျ”

အခန်း (၅၆) - ဟွိုင်ဖုန်းမြို့တော်

လက်ဖက်ရည်ဆိုင်အတွင်းရှိ လူအားလုံးမှာ နတ်သူငယ် ထွက်ခွာသွားရာ လမ်းဘက်သို့

အပြေးအလွှား ထွက်ကြည့်ကြတော့သည်။

လူတိုင်းမှာ မျက်လုံးအစုံကို အစွမ်းကုန် ပြူးကြည့်သော်လည်း အဝေးတွင်

ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အရိပ်ကလေးတစ်ခုကိုသာ

မြင်တွေ့ကြရသည်။ အကယ်၍ သေသေချာချာ အာရုံမစိုက်ပါက ထိုအရိပ်ကိုပင် မြင်ရလိမ့်မည်

မဟုတ်ပေ။ နတ်သူငယ်၏ အမည်နာမနှင့် သူ၏ မယုံကြည်နိုင်စရာကောင်းသော

ခြေလှမ်းနှုန်းတို့ကို

ပေါင်းစပ်ကြည့်လိုက်သည့်အခါ ၎င်းမှာ

တကယ့် နတ်သူငယ်တစ်ပါး ဖြစ်ကြောင်း အားလုံးက ကိုးဆယ်ရာခိုင်နှုန်းခန့်

သေချာသွားကြတော့သည်။

မြေပြင်ပေါ်တွင် ထိုင်နေသော တွန့်ကျင်းကို တစ်စုံတစ်ယောက်က ပြုံး၍ စနောက်လိုက်၏။

“ရှေ့မှောက်က နတ်သူငယ်ကို လူမသိဆိုတာ မင်းကို ပြောတာပဲ ဖြစ်မှာ...”

အချို့ကလည်း သိတတ်သယောင်ဖြင့် ဝင်ရောက်ထောက်ပြကြသည်။ “ကျွန်တော် ခုနကတည်းက

သတိထားမိသားဗျ၊ ထောင့်ကလူက ကြည့်ရတာ ကျွန်တော်တို့လို

သာမန်လူတွေနဲ့ မတူဘူးဆိုတာ လုံးဝ သိသာတယ်”

အချို့ကမူ တွန့်ကျင်းကို နှစ်သိမ့်ကြရှာသည်။ “သိပ်ပြီး စိတ်ထဲမထားပါနဲ့ဗျာ၊

ကျွန်တော်တို့မှာ နတ်ဖူးရမယ့် ကံမပါလာလို့ပဲ နေမှာပါ”

လက်ဖက်ရည်တဲအတွင်း၌ စကားသံများဖြင့် ဆူညံသွားကာ အလွန်ပင် စည်ကားနေတော့သည်။

ဆိုင်ထဲမှ လူအားလုံးနီးပါး အပြင်သို့ ထွက်ကြည့်နေကြသလို ဆိုင်ရှင်ကိုယ်တိုင်လည်း

အလုပ်ကို ပစ်ထားကာ ထွက်ကြည့်နေသည်။ သို့သော် ယွီချင်းလင်နှင့်

လျိုယွမ်တယ်တို့ နှစ်ဦးမှာမူ နေရာမှ မထပေ။ သူတို့သည်

ခုနကတင် ဖန်းချန်နှင့် တစ်စားပွဲတည်း ထိုင်ခဲ့ကြသူများ ဖြစ်ကြပြီး ယခုအခါတွင်မူ

ထိုစားပွဲ၌ သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

သိုင်းသမား မိန်းမပျိုလေး ယွီချင်းလင်မှာ ပွင့်လင်းသူပီပီ လျိုယွမ်တယ်ကို ပြုံး၍

ဆိုလိုက်သည်။

“ကျွန်မ ငယ်ငယ်ကတည်းက လောကမှာ နတ်သူငယ်တွေ ရှိတယ်လို့ ကြားဖူးပေမဲ့ အခုလို

လူချင်းတွေ့ရမယ်လို့တော့ မထင်ထားမိဘူး။ ဒါပေမဲ့ ဒီနတ်သူငယ်က

ကြည့်ရတာ အရမ်းငယ်သေးသလိုပဲနော်”

“မင်း ပြောတာကလည်း ဟုတ်သလိုလိုနဲ့...” ပညာရှိ လျိုယွမ်တယ်က ခေါင်းကို ခါယမ်းရင်း

ပြန်ပြောလိုက်သည်။

သူသည် စကားလုံးကို စဉ်းစားကာ မျက်နှာချင်းဆိုင်မှ မိန်းမပျိုကို ရှင်းပြရှာသည်။

“နတ်သူငယ်တွေဆိုတာ အသက်ထာဝရ တည်မြဲကြသလို ရုပ်ရည်ကလည်း

အိုမင်းခြင်းမရှိဘူးလို့ ကောလာဟလတွေ

ရှိတာပဲလေ။ အချို့ဆိုရင် အိုမင်းရာကနေ ပြန်ပြီး ငယ်ရွယ်နုပျိုအောင်

လုပ်နိုင်တယ်လို့တောင် ဆိုကြတယ်”

“ဒါကြောင့် ခုနကလူဟာ ကြည့်ရတာ လူငယ်တစ်ယောက်လို ဖြစ်နေပေမဲ့ တကယ့် နတ်သူငယ်သာ

မှန်ရင်တော့ သူ့အသက်က ဘယ်လောက်ရှိပြီလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့

ရမှာမဟုတ်ဘူး”

ပညာရှိ၏ စကားကို ယွီချင်းလင်က သဘောကျသွားပုံရပြီး ပြုံးလျက်ပင်... “အစ်ကို

ပြောတာလည်း ဟုတ်တာပဲ၊ နတ်သူငယ်တွေရဲ့ အသက်ကို ရုပ်ရည်နဲ့

တိုင်းတာလို့ မရနိုင်ဘူးပေါ့” ဟု ဆိုသည်။

ထို့နောက် သူမသည် ပညာရှိကို လက်အုပ်ချီ နှုတ်ဆက်လိုက်၏။

“တစ်ခါလောက် ပြန်မိတ်ဆက်ပါရစေဦး၊ ကျွန်မက ယန်းကျိုးမြို့က ယွီချင်းလင်ပါ။ လောကအနှံ့

လှည့်လည်သွားလာနေတာ ဖြစ်ပြီး အခုတော့ စိန့်ချင်းမြို့မှာရှိတဲ့ ဦးလေးဆီကို

သွားမလို့ပါ”

လျိုယွမ်တယ်ကလည်း အလျင်အမြန်ပင် ပြန်လည် အလေးပြုလိုက်သည်။

“ကျွန်တော်ကတော့ စိန့်ချင်းမြို့သား လျိုယွမ်တယ်ပါ။ လုံအန်းမြို့မှာ

ပညာသွားသင်ရာကနေ ပြန်လာတာ ဖြစ်ပြီး အိမ်ပြန်ရောက်ရင်

စာမေးပွဲအတွက် ပြင်ဆင်ရမှာပါ”

“ဟားဟား... ဒါဆိုရင် လမ်းကြောင်းတူတာပဲပေါ့၊ အတူတူ ခရီးဆက်ကြမလား”

“ဝမ်းမြောက်စွာ လက်ခံပါတယ်”

သူတို့နှစ်ဦး အထုပ်အပိုးများကို ပြင်ဆင်ကာ လက်ဖက်ရည်ဆိုင်ထဲမှ ထွက်လာချိန်တွင်မူ

ကောင်းကင်ယံမှ တိမ်တိုက်နှင့် မြူခိုးများ ကင်းစင်သွားကာ မိုးဆေးထားသော

ကောင်းကင်ပြာကြီး ပေါ်ထွက်လာတော့သည်။ နေရောင်ခြည်က ဖြာကျလာသောအခါ

ကောင်းကင်ယံတွင် သက်တန့်ကြီးတစ်ခု တင့်တယ်စွာ ပေါ်ထွက်လာ၏။

လက်ဖက်ရည်ဆိုင် အပြင်ဘက်မှ တွန့်ကျင်းမှာမူ နောင်တရနေသော မျက်နှာဖြင့်

ကျန်ရစ်ခဲ့သည်။ သို့သော်လည်း သူသည် စိတ်ကို ပြန်လည်

ပြင်ဆင်လိုက်ပြီး အခြားခရီးသည်များနှင့်အတူ လမ်းမကြီးအတိုင်း ဆက်လက်

ထွက်ခွာခဲ့တော့သည်။

မိုးရွာပြီးစ ဖြစ်သဖြင့် လမ်းမှာ ဗွက်ထနေပြီး သွားရလာရ ခက်ခဲသော်လည်း

လမ်းဘေးတစ်ဖက်တစ်ချက်ရှိ သစ်ပင်ပန်းမန်များမှာမူ

မိုးရေစက်များကြောင့် စိမ်းလန်းစိုပြည်နေကြသည်။ လေထုမှာလည်း

လတ်ဆတ်နေသဖြင့် တောင်တန်းကြီး၏ အလှကို ပိုမို

ပေါ်လွင်စေတော့သည်။

ခရီးသည်တစ်စုမှာ စကားတပြောပြောဖြင့် ခရီးဆက်ခဲ့ကြရာ ခုနက နတ်သူငယ်ဟု

ယူဆရသူအကြောင်းမှာ စကားဝိုင်း၏ အဓိက အကြောင်းအရာ

ဖြစ်နေတော့သည်။

ယွီချင်းလင်နှင့် လျိုယွမ်တယ်တို့မှာလည်း စကားလက်ဆုံ ကျနေကြပြီး မကြာမီမှာပင်

ခင်မင်သွားကြသည်။ လျိုယွမ်တယ်က ပညာသင်စဉ်က ကြုံခဲ့ရသော စိတ်ဝင်စားစရာ

အကြောင်းအရာများကို ပြောပြနေစဉ်မှာပင် ဘေးပတ်ဝန်းကျင်မှ လူများက

နတ်သူငယ်အကြောင်း ငြင်းခုံနေကြသည်ကို

ကြားလိုက်ရသဖြင့် သူက မိန်းမပျိုလေးကို ဆိုလိုက်သည်။

“လောကမှာ နတ်သူငယ်တွေတင်မကဘဲ မိစ္ဆာတွေလည်း ရှိတယ်လို့ ဆိုကြတာပဲ။ ဒါပေမဲ့

ကျွန်တော် အသက်နှစ်ဆယ်ကျော်တဲ့အထိ နတ်ရော မိစ္ဆာရော တစ်ခါမှ

မမြင်ဖူးခဲ့ဘူး။ ခုနကမှ တကယ်ပဲ မျက်စိပွင့်သွားရတယ်”

ယွီချင်းလင်က ရယ်မောလိုက်ပြီး “ကျွန်မလည်း အစ်ကိုလျိုလိုပါပဲ၊ နတ်နဲ့ မိစ္ဆာကို

တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။ ဒါပေမဲ့ လောကထဲက သိုင်းပညာရှင်

အတော်များများကိုတော့ တွေ့ဖူးတယ်။

သူတို့ကတော့ ကောလာဟလတွေလောက် မတော်ကြပါဘူး” ဟု ဆိုသည်။

“ဖြစ်နိုင်တာကတော့ နတ်နဲ့ မိစ္ဆာဆိုတာလည်း ကျွန်တော်တို့ ထင်သလောက်

မခြားနားတာမျိုးလည်း ဖြစ်နိုင်တာပဲ။

ခုနကလူလိုမျိုး အေးအေးဆေးဆေးနဲ့ လောကအနှံ့

လှည့်လည်သွားလာနေကြတာ ဖြစ်မှာပေါ့”

သူမသည် ပြောပြောဆိုဆိုဖြင့် လမ်းဘေးရှိ ဝါးပင်တစ်ပင်မှ ဝါးခက်ကလေး တစ်ခုကို

ချိုးယူကာ လက်ထဲတွင် လှည့်ပတ်ကစားနေမိသည်။ လျိုယွမ်တယ်ကလည်း

ထိုဝါးပင်ကို သေချာကြည့်ကာ ယွီချင်းလင်နှင့်အတူ ရှေ့က

လူအုပ်ကြီးနောက်သို့ လိုက်ပါသွားတော့သည်။

“အစ်ကိုလျိုက အဲဒီဝါးပင်ကို ဘာလို့ ဒီလောက် စိုက်ကြည့်နေတာလဲ”

“အပင်က ကြည့်ရတာ အရမ်းသန်စွမ်းပြီး မျက်စိပသာဒ ဖြစ်လို့ပါ။ ဒီဝါးကို ခုတ်ပြီး

ပုလွေလုပ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိလို့”

“ဒါပေမဲ့ ဒီလို ဝေးလံတဲ့နေရာမှာ ဝါးပင်တစ်ပင်တည်း ပေါက်နေဖို့ဆိုတာ မလွယ်ဘူးလေ။

သူ့ခမျာ ရှင်သန်ရတာ ခက်ခဲမှာပဲလို့ စဉ်းစားမိတော့ မခုတ်တော့တာပဲ

ကောင်းပါတယ်။ နောင်ကျရင် ဒီနေရာမှာ ဝါးတောကြီး

ဖြစ်လာနိုင်တာပဲ မဟုတ်လား”

“အစ်ကိုလျိုကတော့ တကယ်ကို အမြော်အမြင် ရှိတာပဲ၊ ကျွန်မ တကယ် လေးစားမိပါတယ်...”

သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ချီးကျူးရင်း လမ်းမကြီးအတိုင်း ဝေးရာသို့

ထွက်ခွာသွားကြသည်။ သူတို့ မသိလိုက်သည်မှာ လျိုယွမ်တယ်က

ဝါးကို ခုတ်ပြီး ပုလွေလုပ်မည်ဟု ပြောလိုက်သည့်အချိန်၌ ထိုဝါးပင်ကလေးမှာ

သုံးကြိမ်တိုင်တိုင် တုန်ခါသွားခဲ့ခြင်းပင်။

ဤဝါးပင်မှာ အခြားသော ဝါးပင်များနှင့်မတူဘဲ ပတ်ဝန်းကျင်ရှိ မြက်ပင်၊

ချုံပင်များကြားတွင် တစ်ပင်တည်း ထီးထီး

ပေါက်ရောက်နေခြင်း ဖြစ်သည်။

“လူသားတွေကတော့ တကယ်ကို ကြောက်စရာကောင်းလိုက်တာ...”

ဝါးပင်ကလေးက စိတ်ထဲမှ တွေးနေမိသည်။

၎င်းမှာ ယွင်ကျုန်းတောင်ပေါ်မှ ထွက်ပြေးလာခဲ့သော ဝါးဝိညာဉ်ကလေးပင် ဖြစ်၏။

တောင်ပေါ်မှ ဆင်းလာကတည်းက လပေါင်းများစွာ နေ့ရောညပါ

ခရီးနှင်ခဲ့ပြီးနောက် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

တောင်ပေါ်မှ ဆင်းလာပြီး လအတန်ကြာ ဘေးကင်းနေခြင်းမှာ သူသည် လူများကို

ရှောင်ရှားတတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူသည်

မိမိ၏ ကိုယ်ထည်ကိုလည်း လမ်းဘေးမှ သာမန် ဝါးပင်ကလေးတစ်ပင်အဖြစ်

ပြောင်းလဲထားသဖြင့် လူတို့၏ အာရုံကို

မဆွဲဆောင်နိုင်ခဲ့ပေ။ ယခုအခါတွင် သူသည် ဤနေရာ၌

အနားယူနေပြီး ညဘက်ရောက်မှ အနောက်ဘက်သို့ ခရီးဆက်ရန် ပြင်ဆင်နေခြင်း

ဖြစ်သည်။

မမျှော်လင့်ဘဲ ခေတ္တမျှ သတိလက်လွတ် ဖြစ်သွားစဉ်မှာပင် ဘေးဒုက္ခနှင့်

ကြုံတွေ့ခဲ့ရသည်။ သူ၏ ဝါးခက်တစ်ခုမှာ

အချိုးခံလိုက်ရသည့်အပြင် လူအချို့က သူ့ကို ခုတ်ပြီး

ပုလွေလုပ်မည်ဟုပင် ကြံစည်ခဲ့ကြသေးသည်။ ဝါးတစ်ပင်၏ ဘဝမှာ အဘယ်ကြောင့် ဤမျှ

ခက်ခဲနေရပါသလဲ။ ဤကျယ်ပြောလှသော မြေပြင်ထက်တွင် ငြိမ်းချမ်းသော

နေရာဟူ၍ မရှိတော့ပြီလော။

ဝါးပင်ကလေးသည် ဝမ်းနည်းပူဆွေးစွာဖြင့် လမ်းမကြီးပေါ်တွင် လူသူကင်းရှင်းချိန်ကို

စောင့်ဆိုင်းကာ မြေကြီးထဲမှ အမြစ်များကို နှုတ်၍ အနီးရှိ တောအုပ်ထဲသို့

အပြေးအလွှား ဝင်ရောက် ပုန်းအောင်းလိုက်တော့သည်။

…

ဖန်းချန် ယခင်က နေထိုင်ခဲ့သော နေရာမှာ ယွင်ကျုန်းတောင်နှင့် သိပ်မဝေးလှဘဲ

စိန့်ချင်းမြို့တော်၏ လက်အောက်ခံ တောင်ရွာကလေးတစ်ရွာတွင် ရှိသည်။

သူသည် ယခင်က တောင်ပေါ်သို့ တက်လာစဉ်က စိန့်ချင်းမြို့ကို ဖြတ်ကျော်ကာ

ယွင်ကျုန်းတောင်သို့ လာခဲ့ခြင်း ဖြစ်ပြီး သူ၏

စုဆောင်းထားသမျှ ငွေကြေးများကိုလည်း ခရီးလမ်းတွင် အကုန်အစင်

သုံးစွဲခဲ့ဖူးသည်။

ယခုအခါ အခွင့်အလမ်း ရှာဖွေရန် တောင်အောက်ဆင်းလာစဉ်၌ ဖန်းချန်သည် မိမိ ယခင်က

နေထိုင်ခဲ့သော နေရာသို့ ပြန်လည် သွားရောက်ကြည့်ရှုရန်

ဆုံးဖြတ်လိုက်သည်။ ယွင်ကျုန်းတောင်မှ

စိန့်ချင်းမြို့သို့ သွားရန်မှာ ဟွိုင်ဖုန်းမြို့ကို

ဖြတ်ကျော်ရမည် ဖြစ်ပြီး ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်သွားရမည် ဖြစ်သည်။

လမ်းခရီးတွင် ဟွိုင်ဖုန်းမြို့ကို မဖြစ်မနေ ဖြတ်သန်းရပေမည်။ ခရီးသွားများ၏

ပြောစကားအရ ဟွိုင်ဖုန်းမြို့နှင့် လုံအန်းမြို့တို့မှာ

နင်းဟေမြို့ထက် များစွာ ပိုမို ချမ်းသာကြွယ်ဝကြသည်ဟု ဆိုသည်။

အချို့ကမူ ရှေးဟောင်းလမ်းမကြီးမှာ နင်းဟေမြို့ထဲသို့ မဝင်သောကြောင့် ဖြစ်သည်ဟု

ဆိုကြပြီး အချို့ကမူ နင်းဟေမြို့သည် သမိုင်းတစ်လျှောက် ရေကြီးမှုဒဏ်ကို မကြာခဏ

ခံရသောကြောင့် ချမ်းသာကြွယ်ဝမှု မရှိခြင်းဖြစ်သည်ဟု ဆိုကြသည်။

ဖန်းချန်ကမူ ထိုအချက်များကို ဂရုမစိုက်ဘဲ ဝါးကျည်တောက်ထဲမှ အရက်ကို တစ်ငုံသောက်ကာ

ရှေ့မှောက်ရှိ မြို့ရိုးကြီးကို ငေးကြည့်နေမိသည်။ မြို့ထဲဝင်ကြေးမှာ

နင်းဟေမြို့မှာကဲ့သို့ပင် အကြွေစေ့ တစ်ပြားပေးရသည်။

သူသည် အိတ်ထဲမှ အကြွေစေ့များကို စမ်းကြည့်ပြီးနောက် လမ်းဘေးရှိ

တည်းခိုခန်းတစ်ခုသို့ ဝင်လာခဲ့သည်။

“ဆိုင်ရှင်... အခန်းတစ်ခန်းလောက် လိုချင်ပါတယ်”

“ကောင်းပါပြီ အရှင်၊ အစားအသောက်ရော မှာယူမလားခင်ဗျာ”

“အခုတော့ မလိုသေးပါဘူး၊ အခန်းအရင် ဖွင့်ပေးပါဦး”

ဆိုင်ရှင်သည် ကျွမ်းကျင်သူပီပီ စာရင်းများစွာ မမေးဘဲ ငွေလက်ခံကာ အလုပ်သမားတစ်ဦးကို

ခေါ်၍ ဖန်းချန်ကို အပေါ်ထပ်သို့ ပို့ဆောင်စေသည်။

ဖန်းချန် ရရှိသော အခန်းမှာ လမ်းမဘက်သို့ မျက်နှာမူထားသော ဒုတိယထပ်တွင် ရှိသည်။

အခန်းအတွင်းသို့ နေရောင်ခြည်များ တောက်ပစွာ ဝင်ရောက်နေပြီး

လှိုင်းတွန့်ပုံစံ ပါးလျတဲ့ လိုက်ကာစတွေကို

ဖြတ်ပြီး နေရောင်ခြည်က အခန်းထဲကို တိုးဝင်နေသည်။ စားပွဲပေါ်နဲ့

နံရံတွေပေါ်မှာလည်း အလင်းနဲ့ အမှောင် ရောယှက်နေတဲ့ အရိပ်စကလေးတွေ

ထင်ကျန်နေတာပေါ့။

သူသည် ခုတင်ပေါ်တွင် ထိုင်ကြည့်လိုက်ရာ အလွန်ပင် နူးညံ့လှသည်။ ဖန်းချန်သည်

ပြတင်းပေါက်နားရှိ စားပွဲတွင် ခေတ္တမျှ ထိုင်နေပြီးနောက်

မြို့ထဲရှိ ဈေးတန်းမြင်ကွင်းများကို လှည့်လည်ကြည့်ရှုရန်

နေရာမှ ထလိုက်တော့သည်။

All Chapters