← Chapters

အခန်း (၁၀၂၃-၁၀၂၄)

Vol. 86 Ch. 1023-1024

အခန်း (၁၀၂၃-၁၀၂၄)

Vol. 86 Ch. 1023-1024

အခန်း ၁၀၂၃ - လက်နက်အဆင့်မြှင့်တင်မှုများနှင့် အတွေ့အကြုံနောက်ပိုင်း ဆုံးဖြတ်ချက်များ

တိုက်လေယာဉ်ဆိုသည်မှာ ဤကမ္ဘာအတွက် အလွန်ပင် ထူးဆန်းလွန်းနေသေးသည်။ လေယာဉ်ပျံပင် မပေါ်ပေါက်သေးသည့် ကမ္ဘာတစ်ခုတွင် လူသားတို့သည် ပျံသန်းနေသော ငှက်များ၊ မီးပုံးပျံများနှင့် အလွန်ဆုံးရှိလျှင် လေသင်္ဘောများကိုသာ မြင်ဖူးကြပေသည်။

သို့သော် ရှောင်းယီသည် ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိသွားခဲ့သည်။

သူတို့ ဤကမ္ဘာသို့ မရောက်လာခင် ယခင်မျိုးဆက် အသက်ရှင်ကျန်ရစ်သူများသည် ဤအဆင့်အထိ ဖွံ့ဖြိုးတိုးတက်ခဲ့ကြပါသလော။

အကယ်၍ သူတို့သာ ဤအဆင့်အထိ တက်လှမ်းနိုင်ခဲ့လျှင် ဒေသခံအဖွဲ့အစည်းများအနေဖြင့် ဤအရာကို လေယာဉ်ပျံဟု ခေါ်မှန်း သိသင့်သော်လည်း ထန်လော့၏ မေးခွန်းအရ သူသည် ဤကဲ့သို့သောအရာမျိုးကို တစ်ခါမျှ မမြင်ဖူးကြောင်း ထင်ရှားနေပေသည်။

အသက်ရှင်ကျန်ရစ်သူများ ထွက်ခွာသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက် ကို အစကပြန်စလိုက်တိုင်း ဤနေရာမှ နည်းပညာများသည် မူလအခြေအနေသို့ ပြန်လည် ဆုတ်ယုတ်သွားတတ်ခြင်းလော။ သို့မဟုတ် တစ်ဖွဲ့လုံး နောက်တစ်ဆင့်သို့ မကူးပြောင်းမီ အချိန်အထိ သူတို့သည် ဤအဆင့်သို့ မရောက်ရှိခဲ့ကြခြင်းလော။

ထိုသို့ဆိုလျှင် ယခု သူတို့ကြုံတွေ့နေရသော အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုမှာ မိမိကြောင့်ပင်လော။ ပို၍ တိတိကျကျ ပြောရလျှင် မိမိပိုင်ဆိုင်ထားသော စနစ်ကြောင့်လော။

အဖြေမရှိသော မေးခွန်းများစွာ ရှိနေသည်ဟု ခံစားရသဖြင့် တစ်နေ့နေ့တွင် ဤအဖြေများကို ရှာတွေ့နိုင်လိမ့်မည်ဟုသာ ရှောင်းယီ မျှော်လင့်နိုင်တော့သည်။

ရှောင်းယီ ထိုအကြောင်းများကို တွေးတောနေစဉ် ထန်လော့မှာမူ လုံးဝကို အံ့အားသင့်နေဆဲဖြစ်သည်။ အရှိန်ပြင်းပြင်းဖြင့် လှုပ်ရှားနိုင်သော ထိုစက်ပစ္စည်းကို ‘တိုက်လေယာဉ်’ ဟု ခေါ်ကြောင်း သူသိလိုက်ရသည်။

‘တိုက်ပွဲအတွက် မွေးဖွားလာတဲ့ စက်ပဲ၊ နာမည်က သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ တကယ်လိုက်ဖက်တာပဲ။’

ထန်လော့က စိတ်ထဲမှ တွေးလိုက်ပြီး ရှောင်းယီထံမှ ရရှိသော သတင်းအချက်အလက်ကို လန်ယုံနှင့် အခြားသူများထံ ချက်ချင်း ပြန်လည် ပြောပြလိုက်တော့သည်။

အကယ်၍ ထန်လော့က တိုက်လေယာဉ်ကို ထိုသို့ အဓိပ္ပာယ်ဖွင့်ဆိုနေသည်ကို ရှောင်းယီသာ သိလျှင် သူ အနည်းငယ် ဆွံ့အသွားပေလိမ့်မည်။ လန်ယုံနှင့် အခြားသူများမှာလည်း ထိုသတင်းကို ကြားသောအခါ အံ့ဩသွားကြသော်လည်း မထင်မှတ်ထားသည်မျိုးတော့ မဟုတ်ပေ။

“ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ လက်နက်နဲ့ အသုံးအဆောင်တွေက အမြဲတမ်း အဆင့်မြှင့်တင်နေတာပဲ။”

လန်ယုံက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

“အင်း... ဒါမှလည်း ကျွန်တော်မျိုးတို့ရဲ့ စီးပွားရေးက ပိုပြီး ရေရှည်တည်တံ့မှာပေါ့။”

ထန်လုံက ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် လန်ယုံနှင့် ထန်လုံတို့သည် အပန်းဖြေစခန်း အတွင်းရှိ အဆောက်အအုံဝင်းထဲတွင် မုန့်များ စားသုံးနေကြခြင်းဖြစ်သည်။ ထိုစဉ် ဒူခန်းက ဘေးမှ လျှောက်လာပြီး မေးလိုက်သည်။

“ဒီက လျန်ဖီက မဆိုးဘူး မဟုတ်လား။”

လန်ယုံက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ပုစဉ်းရင်ကွဲ တောင်ပံလို ပါးလွှာပြီး ကြည်လင်တယ်။ ကြည့်ရတာ အရမ်းလန်းဆန်းစေတယ်။ ဟင်းရည်အနှစ်တွေကလည်း တကယ်ကို ထူးခြားတာပဲ။ တကယ်ကောင်းတယ်။ ငါတို့နိုင်ငံက လူတွေသာ မင်းတို့ မဟာမိတ်အဖွဲ့ရဲ့ အစားအစာတွေကို မြည်းစမ်းကြည့်မယ်ဆိုရင် ငါတို့ဆီက အစားအစာတွေ ရောင်းထွက်တော့မှာ မဟုတ်ဘူးလို့တောင် ငါ ထင်နေမိပြီ။”

“ဟားဟားဟား အဲ့ဒီလောက်လည်း မဟုတ်ပါဘူး။ ကျုပ်တို့ လာခဲ့တဲ့ ကမ္ဘာမှာ အစားအသောက်နဲ့ ပတ်သက်ပြီး သေချာ သုတေသနလုပ်ထားတာတွေ ရှိလို့ပါ။”

ဒူခန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

“သိသာပါတယ်လေ။”

လန်ယုံက ခေါင်းညိတ်လိုက်သည်။ ထိုအခါ ဘေးနားရှိ ထန်လုံကလည်း ပြောလိုက်သည်။

“မင်းတို့ မဟာမိတ်အဖွဲ့ရဲ့ အဝတ်အထည်တွေကလည်း အရမ်း သေသပ်တယ်။ ငါတို့ဆီမှာလည်း ဝတ်စုံတွေ ရှိပေမဲ့ မင်းတို့နဲ့ ယှဉ်လိုက်ရင် လက်ရာက တကယ်ကို ကြမ်းတမ်းလွန်းသလို ခံစားရတယ်။”

ဒူခန်းက ပြုံးလိုက်သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ အထူးပြု ဖက်ရှင်ဒီဇိုင်နာတွေ ရှိတယ်လေ။ ပြီးတော့ ကျွမ်းကျင်တဲ့ စက်ကိရိယာတွေနဲ့ ပေါင်းစပ်လိုက်တော့ ရလဒ်တွေက မဆိုးတော့ဘူးပေါ့။”

“အင်း... မင်းတို့ မဟာမိတ်အဖွဲ့ထဲက အဖွဲ့တွေမှာလည်း သီးသန့် ယူနီဖောင်းတွေ ရှိကြပုံပဲနော်။”

ထန်လုံက မေးလိုက်သည်။

“ဒါပေါ့။ ကျုပ်တို့ရဲ့ ဌာနအသီးသီးမှာ သက်ဆိုင်ရာ ယူနီဖောင်းတွေ ရှိကြတယ်။ ယေဘုယျအားဖြင့်တော့ ကျည်း၊ ရေ၊ လေ ဆိုပြီး တပ်ဖွဲ့သုံးခု ခွဲထားတယ်။ အသေးစိတ် ဖွဲ့စည်းပုံကိုတော့ ကျုပ် ထုတ်ဖော်ပြောလို့ မရပါဘူး။”

ဒူခန်းက ပြန်ဖြေလိုက်သည်။ တကယ်တမ်းတွင် သူကိုယ်တိုင်လည်း အသေးစိတ်ကို သေချာ မသိပေ။

ထန်လုံက နားလည်ကြောင်း ခေါင်းညိတ်ပြပြီး ဘေးရှိ လန်ယုံကို လှည့်ပြောလိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးတို့လည်း ဒီလိုပုံစံမျိုး ကျင့်သုံးနိုင်မယ် ထင်ပါတယ်။”

“အင်း... စဉ်းစားလို့ ရပါတယ်။ ငါတို့ရဲ့ စစ်ယူနီဖောင်း အားလုံးကို ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီကပဲ ဝယ်ယူရအောင်။”

လန်ယုံက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့။”

“ဒါနဲ့... ဒီမှာ သေနတ်တွေကို ဘာလို့ မတွေ့ရတာလဲ။”

လန်ယုံက ဒူခန်းဘက်သို့ လှည့်၍ မေးလိုက်သည်။ ဒူခန်းက ပြုံးလိုက်၏။

“ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ သေနတ်တွေကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ပိတ်ပင်ထားပါတယ်။”

“သေနတ်တွေကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ပိတ်ပင်ထားတယ် ဟုတ်လား။”

လန်ယုံက ဒူခန်းကို အံ့အားသင့်စွာ ကြည့်လိုက်၏။

“ဟုတ်ပါတယ်။ ထုတ်လုပ်တာ၊ တည်ဆောက်တာ ဒါမှမဟုတ် အသုံးပြုတာပဲဖြစ်ဖြစ် သာမန်လူတွေကို ဒီသေနတ်တွေနဲ့ ထိတွေ့ခွင့် မပြုထားပါဘူး။”

ဒူခန်းက ဆိုသည်။

“ဒီသေနတ်တွေရဲ့ စွမ်းအားက ဘယ်လောက်ကြီးမားလဲဆိုတာ အရှင်မင်းကြီးတို့လည်း မြင်ဖူးမှာပါ။ အကယ်၍ ဒါတွေသာ ထိန်းချုပ်မှုအပြင်ဘက်ကို ရောက်သွားမယ်ဆိုရင် အကျိုးဆက်က တကယ်ကို ဆိုးရွားသွားပါလိမ့်မယ်။”

လန်ယုံနှင့် ထန်လုံတို့ တစ်ပြိုင်နက်တည်း ခေါင်းညိတ်မိလိုက်ကြသည်။

“မင်းတို့ဘက်မှာ ရှိတဲ့ သေနတ်တွေအကြောင်း မင်း သိသလောက် ပြောပြလို့ရမလား။”

ထန်လုံက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

“ရပါတယ်။ ဒါပေမဲ့ ဦးလေးအန်းက ခင်ဗျားတို့ကို ရောင်းလို့ရမယ့် ပစ္စည်းစာရင်းနဲ့ ဈေးနှုန်းတွေကို ပေးထားပြီးသား ဖြစ်ရပါလိမ့်မယ်။ ဈေးနှုန်းမပါတဲ့ ပစ္စည်းမှန်သမျှက ခင်ဗျားတို့ကို ရောင်းလို့မရဘူးလို့ ဆိုလိုတာပါပဲ။ အဲ့ဒါတွေအကြောင်း ခင်ဗျားတို့ သိနေဖို့လည်း မလိုပါဘူး။ သိထားရင်လည်း အလကားနေရင်း လိုချင်စိတ်ပေါက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရုံပဲ ရှိမှာပါ။”

ဒူခန်းက ပခုံးတွန့်ပြကာ ဖြေလိုက်သည်။ထန်လုံက ခေါင်းညိတ်လိုက်၏။

“ဒါဆို ဒီရောင်းချမယ့်စာရင်းက အမြဲတမ်း ဒီအတိုင်းပဲလား။”

“လုံးဝ မဟုတ်ဘူးပေါ့။ ကျုပ်တို့ အချိန်မရွေး အဆင့်မြှင့်တင်နေမှာပါ။ အသစ်တွေ ထပ်တိုးလာရင်လည်း နောက်ဆုံးပေါ် လက်နက်ဈေးနှုန်းတွေကို ခင်ဗျားတို့ဆီ ပေးပို့သွားမှာပါ။”

ဒူခန်းက ပြန်ဖြေလိုက်သည်။ ထန်လုံက အနည်းငယ် စဉ်းစားကြည့်လိုက်သည်။

“အဆင့်မြှင့်တင်တဲ့ ကာလက ကြာတတ်လား။”

“ပျမ်းမျှအားဖြင့်တော့ တစ်ပတ်ကနေ နှစ်ပတ်လောက် ကြာတတ်တယ်။ ဒီအချိန်က ကြာတယ်လို့ ခင်ဗျားတို့ ထင်လား။”

ဒူခန်းက ပြန်မေးလိုက်သည်။

“တစ်ပတ်ကနေ နှစ်ပတ်ကြား ဟုတ်လား။ အဲ့ဒီလောက်တောင် မြန်တာလား။”

လန်ယုံနှင့် ထန်လုံတို့မှာ အံ့ဩတုန်လှုပ်သွားကြသည်။

“အင်း... ဘာပဲဖြစ်ဖြစ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေသရွေ့ ထုတ်လုပ်မှုပုံစံသာ ရှိရင် အရာအားလုံးက အရမ်းကို ရိုးရှင်းသွားတာပဲလေ။”

ဒူခန်းက ပြုံးကာ ဆိုလိုက်သည်။

“ကောင်းပါပြီ။ နားလည်ပြီ။”

လန်ယုံက ပြောလိုက်သည်။

“လက်ရှိမှာတော့ လက်နက်တွေကို အသုံးပြုပြီး တခြားဒေသခံ အဖွဲ့အစည်းတွေဆီ ဈေးကွက်အရင်ဖွင့်ဖို့ ငါ အကြံပြုချင်ပါတယ်။ အဲ့ဒီနောက်မှ အရက်၊ အဝတ်အထည်နဲ့ အစားအသောက်တွေကို ဆက်ပြီး ရောင်းချတာပေါ့။”

“ကျုပ်ဘက်ကတော့ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။”

ဒူခန်းက ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာဒူခန်း။”

လန်ယုံက ပြုံးကာ ဆိုလိုက်သည်။

“ရပါတယ်။ တခြားသိချင်တာရှိရင်လည်း လာမေးလို့ ရပါတယ်။ ကျုပ်ရဲ့ အချိန်အများစုက ဘားထဲမှာပဲ ရှိနေတတ်တာပါ။”

“ကောင်းပါပြီ။”

ဒူခန်းကို နှုတ်ဆက်ပြီးနောက် လန်ယုံသည် မဟာမိတ်ခေါင်းဆောင် ရှောင်းထံသို့ ဖုန်းခေါ်လိုက်တော့သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း ကျုပ်တို့ ဒီဘက်မှာ အားလုံးကို လေ့လာပြီးပါပြီ။ လောလောဆယ်မှာတော့ လက်နက်တွေကိုပဲ အဓိကထားပြီး အရက်ကိုလည်း တွဲဖက်ရောင်းချသွားမယ်။ ကျန်တဲ့ပစ္စည်းတွေကိုတော့ နောက်မှပဲ လုပ်ပါတော့မယ်။”

လန်ယုံက သူတို့၏ အစီအစဉ်ကို ရှင်းပြပြီးနောက် မေးလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း ဒီပုံစံက အဆင်ပြေမယ် ထင်လား။”

“ကျုပ်ဘက်ကတော့ ကန့်ကွက်စရာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်မှာက အရှင်မင်းကြီးတို့ပဲလေ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ တတ်နိုင်သမျှ မြန်မြန်လုပ်တာ အကောင်းဆုံးပဲ။ ဒီမှာ မသေမျိုးမျိုးနွယ်တွေ ပိုပိုများလာနေသလို ခံစားနေရလို့ပါ။”

“ဟုတ်ကဲ့ပါ။”

လန်ယုံက တုံ့ပြန်လိုက်သည်။

“ခင်ဗျားတို့ကို ကူညီဖို့ ကျုပ်တို့ဆီက စစ်သည်တွေ ပို့ပေးဖို့ လိုအပ်မလား။”

ရှောင်းယီက ခေါင်းခါလိုက်သည်။

“လောလောဆယ်တော့ မလိုသေးပါဘူး။ ကျေးဇူးတင်ပါတယ်။”

မဟာမိတ်အဖွဲ့အတွင်းရှိ အခြားမျိုးနွယ်စုများကိုပင် အပြည့်အဝ အသုံးမချရသေးရာ အခြားအဖွဲ့အစည်းများမှ စစ်သည်များကို သူ၏ မဟာမိတ်နယ်မြေအတွင်းသို့ အများအပြား အဝင်မခံချင်သေးပေ။

“ကောင်းပါပြီ။ လိုအပ်တာရှိရင် အချိန်မရွေး ဖုန်းခေါ်လိုက်ပါ။”

လန်ယုံက ဆိုလိုက်သည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့၏ အင်အားနှင့်ပင် မတားဆီးနိုင်ပါက သူတို့၏ လေပြာအင်ပါယာကို ထည့်ပေါင်းလိုက်လျှင်ပင် ထူးခြားလာမည် မဟုတ်ကြောင်း လန်ယုံ သိထားပေသည်။

ဖုန်းချပြီးနောက် လန်ယုံနှင့် ထန်လုံတို့ ပြန်လှည့်လာခဲ့ကြလေသည်။ သူတို့အနေဖြင့် သတ္တုအရောင်းအဝယ်ကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ရန် လိုအပ်သည်။ ရှောင်းယီ ပြောပုံအရ မသေမျိုးမျိုးနွယ်များ အလွန်များပြားနေသဖြင့် ခဲယမ်းမီးကျောက် သုံးစွဲမှုမှာလည်း အလွန်မြင့်မားနေပေလိမ့်မည်။

ထိုအချိန်တွင် ထန်လော့ဘက်မှ သတင်းကောင်း ရောက်ရှိလာခဲ့သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဝံပုလွေနီ ပင်လယ်ဓားပြစခန်းကို အပြတ်ရှင်းလိုက်ပါပြီ။ အဲ့ဒီမှာ အုတ်မြစ်ကျောက် ဆယ်ဘီလီယံကျော်နဲ့ ရတနာပစ္စည်း အမြောက်အမြားကို တွေ့ရှိခဲ့ပါတယ်။ တစ်ခေါက်တည်းနဲ့တော့ အကုန်သယ်လို့ မနိုင်ပါဘူး။”

ထန်လော့က လန်ယုံထံသို့ စိတ်လှုပ်ရှားစွာ အစီရင်ခံလိုက်လေသည်။

အခန်း (၁၀၂၄) - သတင်းကောင်း၊ ပင်လယ်ဓားပြစခန်းမှာ သတ္တုရိုင်းတွေရှိတယ်

“အင်း... ကောင်းပြီ။ မင်းအဖွဲ့ကိုဦးဆောင်ပြီး အဲ့ဒီမှာ အရင်စခန်းချထားလိုက်ပါ။ မင်းတို့ရှိတဲ့နေရာကို ငါ့ဆီပို့ပေး။ အကုန်လုံးကို သယ်ယူဖို့အတွက် ငါ ရေတပ်တစ်စု လွှတ်ပေးမယ်။”

လန်ယုံက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ထန်လော့ ပြန်ဖြေလိုက်သည်။ ထိုအခါ အနီးတွင်ရပ်နေသော ထန်လုံက ပြောလိုက်သည်။

“ဝံပုလွေနီပင်လယ်ဓားပြစခန်းရဲ့ အခြေအနေကို ပိုပြီးဂရုစိုက်ထား။ သူတို့ရဲ့ ရတနာတွေအပေါ်မှာပဲ အာရုံမစိုက်နဲ့။”

ထန်လော့ အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။

“ထန်လုံ... ဝံပုလွေနီပင်လယ်ဓားပြစခန်းမှာ တခြားတစ်ခုခုရှိနေတယ်လို့ မင်းခံစားရလို့လား။”

လန်ယုံက မေးလိုက်သည်။

“ဟုတ်ပါတယ်။ ဝံပုလွေနီပင်လယ်ဓားပြတွေရဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းက အရမ်းအဆင့်မြင့်တယ်။ သူတို့ရဲ့ ရေယာဉ်တွေရဲ့ စွမ်းဆောင်ရည်က ပတ်ဝန်းကျင်က တခြားအဖွဲ့အစည်းတွေထက် အမြဲတမ်း သာလွန်နေတယ်။ ဒါက သူတို့နောက်ကွယ်မှာ ပံ့ပိုးပေးနေတဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ ရှိကိုရှိရမယ်လို့ ကျွန်တော်မျိုး သုံးသပ်မိပါတယ်။”

ထန်လုံက ရှင်းပြလိုက်သည်။ လန်ယုံက ခေါင်းညိတ်လိုက်သည်။

“ထန်လော့... အဲ့ဒီကျွမ်းကျင်ပညာရှင်အဖွဲ့ကို မင်းရှာဖွေရမယ်။ သူတို့ သင်္ဘောတွေ ဘယ်မှာတည်ဆောက်သလဲဆိုတာကို ရှာတွေ့နိုင်ရင် အကောင်းဆုံးပဲ။”

လန်ယုံက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ဖုန်းချပြီးနောက် ထန်လော့သည် သူ၏အဖွဲ့ကိုဦးဆောင်ကာ ဖြစ်နိုင်ခြေရှိသော ကျွမ်းကျင်ပညာရှင်အဖွဲ့ကို စတင်ရှာဖွေတော့လေသည်။

“အစီရင်ခံပါတယ် ဗိုလ်ချုပ်။ ကျောဘက်တောင်ကုန်းမှာ ဂူတစ်ခုကို တွေ့ရှိထားပါတယ်။ အထဲမှာ အလုပ်သမား တော်တော်များများ ကျန်ရှိနေပါသေးတယ်။”

စစ်သားတစ်ဦးက ချက်ချင်းလာရောက် အစီရင်ခံလာခဲ့သည်။ ထန်လော့ မျက်ခုံးပင့်သွားပြီး ချက်ချင်း ပြောလိုက်၏။

“လမ်းပြစမ်း ငါသွားကြည့်မယ်။”

စစ်သားက ထန်လော့ကို ကျောဘက်တောင်ကုန်းအထိ လမ်းပြခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာသို့ ရောက်သောအခါ တောင်စောင်းတွင် လျှို့ဝှက်ဝင်ပေါက်တစ်ခု ရှိနေသည်ကို ထန်လော့ တွေ့ရှိလိုက်ရသည်။

တောင်ထဲသို့ ဝင်ပြီးနောက် အတွင်းပိုင်းဟင်းလင်းပြင်မှာ ထူးခြားစွာ ကျယ်ဝန်းလှသည်ကို သူလိုက်တွေ့ရလေသည်။

အတွင်းရှိ လူများကိုမူ အားလုံးဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကာ ကြိုးများဖြင့် တုပ်နှောင်၍ ဘေးတစ်ဖက်တွင် ထားရှိထားသည်။

ထန်လော့သည် သူတို့အလုပ်လုပ်နေသည့် စားပွဲများဆီသို့ လျှောက်သွားကာ စာရွက်စာတမ်းအချို့ကို အမြန်လှန်လှောကြည့်ပြီးနောက် ဤလူများသည် ဖခင်ဖြစ်သူ ခန့်မှန်းခဲ့သည့် ကျွမ်းကျင်ပညာရှင်အဖွဲ့ ဖြစ်ကြောင်း နားလည်သွားခဲ့သည်။

“ဒီစာရွက်စာတမ်းတွေ အားလုံးကို သိမ်းဆည်းပြီး ငါတို့နဲ့အတူ ပြန်သယ်သွားဖို့ ပြင်ဆင်လိုက်။”

ထန်လော့က အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ထန်လော့သည် အတွင်းဘက်သို့ ဆက်ဝင်သွားပြီး လမ်းတစ်ကွေ့သို့ ရောက်သောအခါ...

ငါးညှီနံ့သင်းနေသော အေးမြသည့် ပင်လယ်လေပြေက တိုးဝှေ့လာခဲ့သည်။ ထန်လော့ အံ့အားသင့်သွားရသည်မှာ သူသည် လျှို့ဝှက်ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိနေခြင်းပင်။

ကြီးမားသော ရေယာဉ်ကြီး နှစ်စင်းမှာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်။

အနီးအနားတွင်လည်း သံသတ္တုရိုင်း အမြောက်အမြားကို ပုံထားသည်ကို တွေ့လိုက်ရလေသည်။

ထန်လော့သည် သံသတ္တုရိုင်းများကို ကြည့်ပြီးနောက် ဖမ်းဆီးထားသူများရှေ့သို့ ပြန်သွားကာ လေသံနှိမ့်၍ မေးလိုက်သည်။

“ဒီသံသတ္တုရိုင်းတွေကို မင်းတို့ ဘယ်ကရတာလဲ။ လုယက်ရုံသက်သက်နဲ့တော့ ဒီလောက်များတဲ့ စစ်သင်္ဘောတွေကို မထုတ်လုပ်နိုင်ဘူး။

မင်း အရင်ပြောစမ်း။”

ထန်လော့က ပထမဆုံးလူကို လက်ညှိုးထိုးလိုက်သည်။

“ဟွန့်”

ထိုသူက နှာခေါင်းရှုံ့ကာ အဝေးသို့ မျက်နှာလွှဲလိုက်၏။

ဒိုင်း

သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီး ထိုသူ၏ဦးခေါင်းတွင် သွေးချင်းချင်းနီသော အပေါက်တစ်ခု ဖြစ်သွားတော့သည်။

ထန်လော့က သူ၏ပစ္စတိုကို မြှောက်ကာ ဒုတိယမြောက်လူကို ချိန်လိုက်၏။

“မင်းပြော။”

ထိုသူမှာ တုန်တုန်ရင်ရင်ဖြင့် ချက်ချင်းပြန်ဖြေရှာသည်။

“ဆ...ဆရာ...ကျုပ်တို့ ဒီကျွန်းပေါ်မှာ ပေါများတဲ့ သတ္တုရိုင်းတွေကို ရှာတွေ့ခဲ့လို့ပါ။ အမျိုးအစားစုံသလို သိုလှောင်မှု ပမာဏကလည်း မနည်းပါဘူး။ အဲ့ဒါကြောင့်လည်း ကျုပ်တို့ခေါင်းဆောင်က ဒီနေရာကို စခန်းအဖြစ် ရွေးချယ်ခဲ့တာပါ။”

ထန်လော့၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“အခုထိ ဘယ်လောက်တူးဖော်ပြီးပြီလဲ။”

“ကျုပ် သိုလှောင်မှု ပမာဏ အတိအကျကို မသိရသေးတဲ့အတွက် ခန့်မှန်းခြေပဲ ပြောနိုင်ပါတယ်။ ဆယ်ပုံတစ်ပုံလောက်တော့ တူးပြီးပြီထင်တယ်။”

ထိုသူက အလျင်အမြန် ဖြေကြားလိုက်သည်။

“အရမ်းကောင်းတယ်။ ပူးပေါင်းဆောင်ရွက်တဲ့အတွက် ဆုလာဘ်အနေနဲ့ မင်းကို လွတ်လပ်ခွင့် အတိုင်းအတာတစ်ခုအထိ ငါပေးမယ်။”

ထို့နောက် ထန်လော့က အနီးရှိ စစ်သားတစ်ဦးကို လက်ဟန်ပြကာ ပြောလိုက်လေသည်။

“သူ့ကို ကြိုးဖြေပေးပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးလိုက်။”

“ဟုတ်ကဲ့။”

ထိုလူသည် ကြိုးဖြင့် တုပ်နှောင်ထားခြင်းကြောင့် နာကျင်နေသော လက်ကောက်ဝတ်များကို ပွတ်သပ်ရင်း မယုံကြည်နိုင်သလို ကြည့်ကာ မေးလိုက်သည်။

“ဒါဆို... ကျုပ် ဒီကနေ ထွက်သွားလို့ရပြီလား”

“ဒါတော့ မဖြစ်နိုင်ဘူးလေ။ ငါက မင်းကို အတိုင်းအတာတစ်ခုအထိပဲ လွတ်လပ်ခွင့်ပေးတာ။ လုံးဝလွတ်လပ်ခွင့်ပေးတာ မဟုတ်ဘူး။”

ထန်လော့က ပြန်ပြောလိုက်သည်။

“အနည်းဆုံးတော့ မင်းက ငါ့ရဲ့ သုံ့ပန်းအဖြစ် ရှိနေဦးမှာပဲ။”

“နားလည်ပါပြီ။”

ထိုသူက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

ထန်လော့သည် ထိုနေရာမှ အခြေအနေများကို သူ၏အထက်လူကြီးများထံ ချက်ချင်း အစီရင်ခံလိုက်၏။

“ထန်လုံ... မင်းပြောတာ တကယ်မှန်တာပဲ။ သူတို့ဆီမှာ တကယ်ပဲ ကျွမ်းကျင်ပညာရှင်အဖွဲ့ ရှိနေသလို ကျွန်းပေါ်မှာလည်း ကြွယ်ဝတဲ့ သတ္တုသိုက်တွေကို ရှာတွေ့ထားတယ်။”

လန်ယုံက ဝမ်းသာအားရ ပြောလိုက်သည်။ထန်လုံက ခေါင်းညိတ်ပြီး ခေတ္တမျှ စဉ်းစားကာ မေးလိုက်သည်။

“နောက်တစ်ခုက... ဒီပင်လယ်ဓားပြတွေရဲ့ ရတနာတွေကို ကျွန်တော်မျိုးတို့ ဘယ်လိုကိုင်တွယ်ကြမလဲ။”

“ဟမ်။”

လန်ယုံ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ဒီတိုက်ပွဲမှာ မဟာမိတ်ခေါင်းဆောင် ရှောင်းရဲ့ တိုက်လေယာဉ်တွေ ပါဝင်ခဲ့တယ်လို့ ထန်လော့က အစောကတည်းက ပြောထားပြီးသားပါ။ အခု ပင်လယ်ဓားပြတွေကို အောင်အောင်မြင်မြင် နှိမ်နင်းပြီး သူတို့စခန်းကို သိမ်းပိုက်နိုင်ပြီဆိုတော့... ဘာမှမဖြစ်ခဲ့သလိုမျိုး ပင်လယ်ဓားပြရတနာ အားလုံးကို ကျွန်တော်မျိုးတို့ချည်းပဲ ယူထားလို့ မဖြစ်ဘူးလေ။”

ထန်လုံက ရှင်းပြလိုက်သည်။ လန်ယုံ ခေတ္တမျှ ငြိမ်သက်သွားပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မင်းပြောတာ မှန်ပါတယ်။ မဟာမိတ်ခေါင်းဆောင် ရှောင်းနဲ့ အညီအမျှ ခွဲဝေယူကြတာပေါ့။”

“ဟုတ်ကဲ့။ အဲ့လိုဆို အဆင်ပြေပါတယ်။”

ထန်လုံက ပြန်ဖြေလိုက်သည်။

“ဒါ့အပြင် ပင်လယ်ဓားပြကျွန်းမှာ ရှာတွေ့ထားတဲ့ တူးဖော်ပြီးသားရော မတူးဖော်ရသေးတဲ့ သတ္တုရိုင်းတွေအားလုံးကိုပါ မဟာမိတ်ခေါင်းဆောင် ရှောင်းဆီ တိုက်ရိုက်လွှဲပေးဖို့ ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။ အများဆုံးအနေနဲ့ ကျွန်တော်မျိုးတို့ရသင့်တဲ့ ဝေစုကို ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲပြီး ကျွန်တော်မျိုးတို့ အင်ပါယာရဲ့ အကောင့်ထဲကိုပဲ ထည့်လိုက်ကြတာပေါ့။”

“ကောင်းပြီ။ ငါ မဟာမိတ်ခေါင်းဆောင် ရှောင်းဆီ အခုပဲ ဖုန်းဆက်လိုက်မယ်။”

လန်ယုံက ပြောလိုက်သည်။

ထိုအချိန်တွင် ရှောင်းယီမှာ သတ္တုပြဿနာကြောင့် ခေါင်းခဲနေရလေသည်။ မြည်းကတုံးက သူ့ထံမှ သတ္တုဝယ်ယူရန် နောက်တစ်ကြိမ် ထပ်မံတောင်းဆိုလာပြန်ပြီဖြစ်သည်။

သို့သော် ယခုအချိန်တွင် ရှောင်းယီ၏ သိုလှောင်ရုံရှိ သတ္တုလက်ကျန်မှာ အနီရောင်ပြနေပြီဖြစ်သည်။ အကယ်၍ သူသာ တခြားသူများနှင့် ဆက်လက် အရောင်းအဝယ်လုပ်နေပါက သူ၏မဟာမိတ်အဖွဲ့မှာ သတ္တုပြတ်လပ်မှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ရှောင်းယီသည် တစ်ဖက်လူကို မတတ်သာဘဲ ငြင်းဆိုလိုက်ရတော့သည်။

“တကယ် စိတ်မကောင်းပါဘူး။ ကျုပ်တို့ မဟာမိတ်အဖွဲ့မှာလည်း သတ္တုလက်ကျန် နည်းနေပြီမို့လို့ပါ။”

“သူဌေး...ကျွန်မတို့ သတ္တုကို ပိုမြင့်တဲ့ဈေးနဲ့ ဝယ်ပါ့မယ် ”

‘ကတုံးကောင် ငါ့ဆရာကို အခုချက်ချင်းပြန်ပေး’ က အရှုံးမပေးဘဲ ဈေးမြှင့်ဝယ်ရန် ကမ်းလှမ်းလာခဲ့သည်။

“ကျုပ်က စီးပွားရေးသမားတစ်ယောက်ပါ။ အမြတ်ရှိမယ်ဆိုရင် သေချာပေါက် ရောင်းမှာပေါ့။ ဒါပေမဲ့ အခုလောလောဆယ် ကျုပ်လက်ထဲမှာ သတ္တုတကယ် မရှိတော့လို့ပါ။”

ရှောင်းယီက ခေါင်းခါရင်း ပြန်ပြောလိုက်လေသည်။

“ဒါဆိုရင်လည်း... တခြားမဟာမိတ်အဖွဲ့တွေဆီကနေ ထပ်ရှာကြည့်ရတော့မှာပေါ့။”

ရှောငယီ ဤသို့ပြောလာသည်ကိုကြည့်ခြင်းအားဖြင့် ယီရန်ပင်း မဟာမိတ်အဖွဲ့တွင် သတ္တုတကယ်မကျန်တော့ကြောင်း ခန့်မှန်းနိုင်ပေသည်။ မြည်းကတုံးမှာလည်း တခြားအဖွဲ့များထံမှ အဖြေရှာရန်သာ ရွေးချယ်စရာ ရှိတော့သည်။

လက်ရှိတွင် အဓိကမဟာမိတ်အဖွဲ့ကြီးအားလုံးတွင် သတ္တုတူးဖော်ရေးစက်များနှင့် အရည်ကျိုဖိုများ ရှိနေကြပြီဖြစ်သည်။ အားလုံးတွင် ထုတ်လုပ်မှု အနည်းငယ်စီ ရှိကြသော်လည်း တစ်ဦးချင်းအနေနှင့်မူ မများလှပေ။ အကယ်၍ အဖွဲ့တိုင်းက အနည်းငယ်စီ ထုတ်ပေးမည်ဆိုပါက စုစုပေါင်းပမာဏမှာ မနည်းလှနိုင်ပေ။

သို့သော် သတိထားရမည်မှာ လက်ရှိတွင် အလတ်စားမဟာမိတ်အဖွဲ့ တိုင်းလိုလိုသည် သတ္တုများကို လိုက်လံဝယ်ယူနေကြခြင်းဖြစ်သည်။

မသေမျိုးမျိုးနွယ် အရေအတွက်မှာ ဆက်တိုက်တိုးပွားလာနေသည်နှင့်အမျှ အဖွဲ့တိုင်း၏ လက်နက်ခဲယမ်း သုံးစွဲမှုမှာလည်း အလွန်မြင့်မားလာနေခဲ့သည်။

ဓား၊ လှံကဲ့သို့ လက်နက်အေးများကို သုံးသည်ဆိုဦးတော့ သတ္တုကို သုံးစွဲနေရဆဲပင်။ အကြောင်းမှာ သစ်သားသက်သက်ဖြင့် ပြုလုပ်ထားသော လက်နက်များသည် မသေမျိုးများအပေါ် အလွန်အမင်း အကန့်အသတ်ရှိသော ထိခိုက်မှုသာ ပေးနိုင်သောကြောင့်ဖြစ်သည်။

နတ်သူငယ် မျိုးနွယ်၏ အထူးသစ်သားများ ရှိနေလျှင်တော့ တစ်မျိုးပေါ့။

ရလဒ်အနေဖြင့် ဈေးကွက်အတွင်း သတ္တုဈေးနှုန်းမှာ တရိပ်ရိပ် တက်လာနေပြီဖြစ်သည်။

ရှောင်းယီပင်လျှင် အုတ်မြစ်ကျောက်များကို သုံး၍ သတ္တုအချို့ ဝယ်ယူရန် စတင်စဉ်းစားလာရသည်။

ထိုအချိန်တွင် ကွက်တိဆိုသလိုပင် လန်ယုံထံမှ ဖုန်းဝင်လာခဲ့သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း... သတင်းကောင်း ရှိတယ်ဗျို့။”

ဖုန်းဆက်သွယ်မိသည်နှင့် လန်ယုံက ရယ်မောကာ ပြောလိုက်သည်။ ရှောင်းယီက ကူကယ်ရာမဲ့နေသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။

“အခုချက်ချင်း သတ္တုအမြောက်အမြား ရလာတာမျိုးမဟုတ်ရင်တော့ ဘယ်သတင်းကောင်းကမှ ကျုပ်ကို စိတ်မလှုပ်ရှားစေနိုင်ဘူး။”

“မဟာမိတ်ခေါင်းဆောင် ရှောင်းက တကယ်ကို နတ်မျက်စိရှိတာပဲ။ ဒီသတင်းကောင်းက သတ္တုအကြောင်း အတိအကျပါပဲ။”

လန်ယုံက ပြုံးကာ ဆိုလိုက်သည်။ ရှောင်းယီ ချက်ချင်းပင် စိတ်ဝင်စားသွား၏။

“အရှင်မင်းကြီးတို့ သတ္တုအများကြီး ဝယ်နိုင်ခဲ့လို့လား။”

“အတိအကျတော့ မဟုတ်ဘူး။ ဒီမနက် ခင်ဗျားရဲ့ အကူအညီနဲ့ ဝံပုလွေနီပင်လယ်ဓားပြတွေကို နှိမ်နင်းပြီး သူတို့စခန်းကို ဝင်စီးတဲ့အခါမှာ သတ္တုတွေအများကြီးနဲ့ သတ္တုရိုင်းသိုက်တွေကို ရှာတွေ့ခဲ့တယ်။”

လန်ယုံက ပြန်ဖြေလိုက်သည်။

“အခုထိ သိရသလောက်ဆိုရင် အဲဒီကျွန်းပေါ်က သတ္တုရိုင်းသိုက်တွေက အရမ်းကို ပေါများကြွယ်ဝတယ်။”

All Chapters