← Chapters

အခန်း (၁၀၂၅-၁၀၂၆)

Vol. 86 Ch. 1025-1026

အခန်း (၁၀၂၅-၁၀၂၆)

Vol. 86 Ch. 1025-1026

အခန်း ၁၀၂၅ ရောက်ရှိလာခြင်းနှင့် သတ္တုများ စတင်ရယူခြင်း

လန်ယုံ၏ စကားကို ကြားလျှင်ကြားချင်း ရှောင်းယီက ချက်ချင်း ပြောလိုက်သည်။

“ဈေးနှုန်း ဘယ်လောက်ပဲရှိရှိ ကျုပ် အကုန်ယူမယ်။”

လန်ယုံက ပြုံးလိုက်၏။

“ကျုပ် ခင်ဗျားကို ပြောပြကတည်းက ဒါတွေအားလုံးဟာ ခင်ဗျားအတွက်ပါပဲ။ ဒီတစ်ခေါက် ပင်လယ်ဓားပြစခန်းက ရတနာသိုက်နဲ့ အရင်းအမြစ်တွေကိုတော့ ကျုပ်တို့ နှစ်ဖက် ခွဲဝေယူကြတာပေါ့။ မဟာမိတ်ခေါင်းဆောင် ရှောင်း မှာ ကန့်ကွက်စရာရှိပါသလား။”

“ကန့်ကွက်စရာ မရှိဘူး။ ဘယ်အချိန်မှာ အရောင်းအဝယ် စလုပ်လို့ရမလဲ။”

ရှောင်းယီက မေးလိုက်သည်။ ရှောင်းယီ၏ စိတ်အားထက်သန်မှုကို ရိပ်မိပုံရသောအခါ လန်ယုံက ချက်ချင်း ပြန်ပြောလိုက်သည်။

“ကျုပ်ဘက်ကတော့ အချိန်မရွေးပါပဲ။ ထန်လော့ကို ပင်လယ်ဓားပြစခန်း တည်နေရာ ပို့ခိုင်းလိုက်ပါ့မယ်။”

“ကောင်းပြီ။ အဲ့ဒီ သတ္တုသိုက်တွေကို အကုန်တူးဖော်ပြီးရင် စာရင်းဇယား ပြန်လုပ်ကြတာပေါ့။ အဲဒီအပေါ်မှာရော ခင်ဗျားဘက်က တစ်ခုခု ပြောစရာ ရှိသေးလား။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“သတ္တုတူးဖော်ရေး လုပ်ငန်းတွေကို စောင့်ကြည့်ဖို့ လူတစ်ယောက် သီးသန့်လွှတ်ထားလို့ ရတယ်။”

“ကျုပ်တို့ မဟာမိတ်ခေါင်းဆောင် ရှောင်းရဲ့ စိတ်ဓာတ်ကို အပြည့်အဝ ယုံကြည်ပါတယ်။ လူလွှတ်ပြီး စောင့်ကြည့်နေဖို့ မလိုပါဘူး။”

လန်ယုံက ချက်ချင်း တုံ့ပြန်လိုက်သည်။

“ခဏလောက် စောင့်ပေးပါဦး။ ထန်လော့က တည်နေရာကို မကြာခင် ပို့ပေးပါလိမ့်မယ်။”

“ကောင်းပါပြီ ကျေးဇူးအများကြီး တင်ပါတယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

ဖုန်းချပြီးနောက် ရှောင်းယီသည် ယခင်က သတ္တုဝယ်ယူရန် အုတ်မြစ်ကျောက်များ ပြင်ဆင်နေခဲ့သော်လည်း ယခုမူ ထိုသို့လုပ်ရန် မလိုတော့ပုံပင်။

ဘီး....

ရှောင်းယီ၏ လက်ကိုင်ဖုန်းမှ အသံမြည်လာခဲ့သည်။ ထန်လော့က ပင်လယ်ဓားပြစခန်း တည်နေရာကို ပို့လိုက်ခြင်း ဖြစ်သည်။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ မြေပုံတွင် ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။

“ထန်လော့ရဲ့ ဖော်ပြချက်အရဆိုရင် ဒီပင်လယ်ဓားပြစခန်းက ဒီနေရာမှာပဲ။ ကီလိုမီတာ ကိုးရာလောက် ဝေးတယ်။ ရေနွေးငွေ့တာဘိုင်သင်္ဘောနဲ့ဆိုရင် အရမ်းနှေးဦးမယ်။ ရှီခုန်းကို ပစ္စည်းကိရိယာတွေယူခိုင်းပြီး တိုက်လေယာဉ်နဲ့ပဲ သွားကြတာပေါ့။”

ရှောင်းယီက ခန့်မှန်းတွက်ချက်ရင်း တစ်ဦးတည်း ရေရွတ်လိုက်သည်။ ထို့နောင် ဖုန်းထုတ်ကာ ရှီခုန်းကို ခေါ်လိုက်တော့လေသည်။

“ရှီခုန်း ခင်ဗျာစဘက်က တည်‌နေရာကူးပြောင်းခြင်း အစီအရင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပြင်ထားလိုက်ပါ။ ကျွန်းအသစ်တစ်ခုမှာ တစ်ခု တည်ဆောက်ဖို့ လိုတယ်။ ဒါပေမဲ့ ခင်ဗျားနဲ့အတူ လူတစ်ယောက်ပဲ ခေါ်လာလို့ရမယ်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ရှီခုန်းက ချက်ချင်း ပြန်ဖြေပြီးနောက် အစီအရင်အတွက် လိုအပ်သည်များကို အလျင်အမြန်ပြင်ဆင်ကာ တပည့်တစ်ဦးကို ခေါ်ဆောင်လျက် စစ်စခန်းဂိတ်ဝသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် စစ်သားတစ်ဦးက သူတို့ကို ကားပေါ်တင်ကာ စခန်းအတွင်းသို့ မောင်းနှင်သွားတော့သည်။

လေဆိပ်သို့ ရောက်သောအခါ ရှီခုန်းနှင့် သူ၏တပည့်မှာ ကားပေါ်မှ ဆင်းဆင်းချင်း ရှေ့တွင် ရပ်ထားသော တိုက်လေယာဉ်ကို မြင်ပြီး မှင်တက်သွားကြ၏။

“ကြောင်ကြည့်မနေနဲ့ အမြန်တက်။”

ရှောင်ယီသည် ဝတ်စုံအပြည့်ဖြင့် တိုက်လေယာဉ်ပေါ်တွင် သူတို့ကို စောင့်နေနှင့်ပြီ ဖြစ်သည်။

“ဟုတ်ကဲ့။”

ရှီခုန်းနှင့် သူ၏တပည့်သည် တိုက်လေယာဉ်၏ နောက်ခန်းတွင် အလျင်အမြန်နေရာယူကာ ဝင်ထိုင်လိုက်ကြတော့လေသည်။

“အစ်ကိုကျန်း အခုချက်ချင်း ထွက်ကြရအောင်။”

သူတို့နှစ်ဦး ထိုင်ခုံခါးပတ် ပတ်ပြီးသည်ကို မြင်လျှင် ရှောင်းယီက အမိန့်ပေးလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြကာ တိုက်လေယာဉ်ကို ကောင်းကင်ပြာထက်သို့ တစ်ဖန် ပျံတက်စေလိုက်သည်။

ထိုအချိန်တွင် ရှောင်းယီက ထန်လော့ကို ဖုန်းပြန်ခေါ်လိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း။ဘာများ ညွှန်ကြားစရာ ရှိလို့လဲ။”

ထန်လော့က ရိုရိုသေသေ မေးလိုက်သည်။

“ပင်လယ်ဓားပြကျွန်းပေါ်မှာ အရှည် မီတာ ၅၀၀ ထက်မနည်းတဲ့ ကတ္တရာလမ်းမဟုတ်ရင် လမ်းမာမာတစ်ခုကို ချက်ချင်း ရှာထားပါ။”

ရှောင်းယီက အပိုစကားမပြောဘဲ တိုက်ရိုက် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့၊ ဒီမှာ လမ်းမကြီးတစ်ခု ရှိပါတယ်။ အဲ့ဒါက သူတို့ရဲ့ အဓိက လမ်းမကြီးပဲ။ အကျယ်က မီတာ ၂၀ လောက်ရှိပြီး အဝေးကကြည့်ရင်တောင် တော်တော်ထင်ရှားပါတယ်။”

ထန်လော့က ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“အင်း အဲ့ဒီ လမ်းမကြီးပေါ်က လူတွေနဲ့ ပစ္စည်းတွေအားလုံးကို ဖယ်ရှားပေးထားပါ။ ခဏနေရင် ငါတို့ တိုက်လေယာဉ်ကို အဲ့ဒီနေရာမှာ ဆင်းသက်မယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ဟုတ်ကဲ့ စိတ်ချပါ မဟာမိတ်ခေါင်းဆောင် ရှောင်း ကျုပ် လမ်းမကြီးကို အမြန်ဆုံး ရှင်းလင်းထားလိုက်ပါ့မယ်။”

ထန်လော့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တိုက်လေယာဉ် ဆင်းသက်သည်ကို အနီးကပ် မြင်တွေ့ရတော့မည်ဖြစ်၍ ထန်လော့မှာ အလွန် စိတ်လှုပ်ရှားနေမိသည်။

“ကျေးဇူးပဲ ခဏနေရင် တွေ့ကြတာပေါ့။”

ထိုသို့ပြောပြီးနောက် ရှောင်းယီ ဖုန်းချလိုက်တော့သည်။

ခန့်မှန်းခြေ တစ်နာရီခန့်အကြာတွင် ကျန်းယွင်ထျန်းသည် တိုက်လေယာဉ်ကို ပင်လယ်ဓားပြကျွန်း၏ ကောင်းကင်ယံထက်သို့ မောင်းနှင်လာခဲ့သည်။

“ဒီကျွန်းက တော်တော်ကြီးတာပဲ။”

ကျန်းယွင်ထျန်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။ ရှောင်းယီက အနောက်မြောက်ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။

“ထန်လော့း ပေးထားတဲ့ အချက်အလက်အရဆိုရင် ပင်လယ်ဓားပြမြို့က အနောက်မြောက်ဘက်မှာ ရှိရမယ်။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ပျံသန်းသွားခဲ့သည်။ မကြာမီတွင်ပင် သိပ်မကြီးလှသော မြို့တစ်မြို့ကို တွေ့လိုက်ရပြီး မြို့ထဲတွင် ကျယ်ဝန်းသော လမ်းမကြီးတစ်ခု တကယ်ပင် တည်ရှိနေလေသည်။

“အဲ့ဒီလမ်းမကြီးပေါ်မှာပဲ ဆင်းလိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ လမ်းမကြီးပေါ်သို့ တဖြည်းဖြည်း ဆင်းသက်လိုက်လေသည်။ ဘေးနားရှိ လေပြာအင်ပါယာမှ စစ်သားများသည် တိုက်လေယာဉ်ကို မြင်သောအခါ ထိတ်လန့်သွားကြ၏။

“ဒါ ငါတို့ ဝံပုလွေနီပင်လယ်ဓားပြတွေကို နှိမ်နင်းတုန်းက ကူညီပေးခဲ့တဲ့ စက်ကြီးမဟုတ်လား။ ဘာလို့ ဒီကို ပြန်ရောက်လာတာလဲ။”

“သူတို့ ငါတို့ကို ပင်လယ်ဓားပြတွေလို့ အထင်မှားသွားတာ မဟုတ်ပါဘူးနော်။”

“မဖြစ်နိုင်ပါဘူး။ ကြည့်ကြည့်...သူတို့ ဗုံးလည်းမကြဲဘူး၊ ပစ်လည်းမပစ်ဘူး။ ဒီမှာ ဆင်းဖို့ ပြင်နေတာနဲ့ တူတယ်။”

ကျယ်လောင်လှသော အင်ဂျင်သံကြီးနှင့်အတူ လေယာဉ်သည် လမ်းမကြီးပေါ်သို့ ငြိမ်သက်စွာ ဆင်းသက်နိုင်ခဲ့သည်။ တိုက်လေယာဉ် ရပ်သွားသည်ကို မြင်သောအခါ ထန်လော့သည် သတိထား၍ လျှောက်လာပြီး မေးလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း ရှိပါသလား။”

ထိုစဉ် တိုက်လေယာဉ်၏ တံခါးပွင့်လာပြီး ရှောင်းယီက ခုန်ဆင်းလာကာ နှုတ်ဆက်လိုက်သည်။

“ပင်ပန်းသွားပြီ ထန်လော့။”

“မပင်ပန်းပါဘူး။”

ထန်လော့က ချက်ချင်း ပြန်ဖြေလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း ကျုပ်နောက် လိုက်ခဲ့ပေးပါ။ သူတို့ အသုံးမပြုဘဲ စုပုံထားတဲ့ သတ္တုသိုက်ကို ကျုပ်တို့ တွေ့ထားပါတယ်။”

“သွားကြစို့။”

ရှောင်းယီက ပြောလိုက်သည်။

“အစ်ကိုကျန်း၊ ရှီခုန်း မင်းတို့လည်း ငါနဲ့ လိုက်ခဲ့ကြ။”

“ဟုတ်ကဲ့။”

အဖွဲ့သားများသည် တောင်နောက်ဘက်သို့ လျှောက်သွားကြပြီး တောင်ခါးပန်းအတွင်းရှိ လိုဏ်ဂူထဲသို့ ရောက်ရှိလာခဲ့ကြသည်။ ရှောင်းယီသည် တောင်တစ်လုံးကဲ့သို့ စုပုံနေသော သတ္တုများကို မြင်သောအခါ အလွန်ဝမ်းသာသွားခဲ့သည်။

“ထန်လော့ ဒီနားမှာ ရေနဲ့နီးတဲ့နေရာ ရှိလား။”

ရှောင်းယီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ရှိပါတယ်။ ကျုပ်နောက် လိုက်ခဲ့ပေးပါ။”

ထန်လော့က အခြားတစ်ဖက်သို့ လမ်းပြကာ ခေါ်ဆောင်သွားလိုက်သည်။

ထောင့်တစ်ခုကို လှည့်လိုက်သောအခါ ထိုနေရာတွင် ဝှက်ထားသော ဆိပ်ကမ်းတစ်ခု ရှိနေသည်ကို ရှောင်းယီ အံ့အားသင့်စွာ တွေ့လိုက်ရလေသည်။

ထိုအခါ ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။

“ဒီကမ်းခြေမှာပဲ အစီအရင်ကို တည်ဆောက်လိုက်တော့။”

“ဟုတ်ကဲ့။”

ရှီခုန်းနှင့် သူ၏တပည့်သည် ချက်ချင်းပင် တည်ဆောက်ရေးလုပ်ငန်းကို စတင်လိုက်ကြပြီး ရှောင်းယီကလည်း ဘေးမှ ကူညီပေးလိုက်သည်။

ယခုတစ်ကြိမ်တွင် တစ်နာရီမပြည့်မီမှာပင် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။ ရှောင်းယီသည် ဖုန်းထုတ်ကာ အန်းရန်ကို တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။

“ရန်ရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါတဲ့ လှေငယ်တစ်စင်းကို ဒီအစီအရင်ကနေတစ်ဆင့် ပို့ပေးပါဦး။ လှေက အရမ်းကြီးနေရင် ဖြတ်ပြီး ပို့လိုက်လည်း ရတယ်။”

“ကောင်းပြီ။”

အန်းရန်က ဘာမျှ ထပ်မမေးဘဲ ချက်ချင်း သဘောတူလိုက်သည်။ ရှောင်းယီ ပေးပို့လိုက်သော တည်နေရာကို အသုံးပြု၍ သူမသည် ရှောင်းယီ၏ ကျွန်းပေါ်ရှိ အစီအရင်နှင့် အရင်ချိတ်ဆက်ပြီးနောက် လှေငယ်တစ်စင်းကို ချက်ချင်း ပေးပို့လိုက်လေသည်။

လှေငယ်မှာ အနည်းငယ် ရှည်နေသဖြင့် အနားများကို အနည်းငယ် ဖြတ်ထုတ်လိုက်ရသော်လည်း ကြီးမားသော ပြဿနာ မဟုတ်ပေ။ ရှောင်းယီသည် လှေကို လက်ခံရရှိပြီးနောက် ချက်ချင်း ပြန်လည်ပြုပြင်လိုက်ရာ အသစ်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

အစီအရင်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် နှစ်ခုစလုံး ရှိနေပြီဖြစ်ရာ ပစ္စည်းများ လွှဲပြောင်းရန်မှာ အလွန်လွယ်ကူသွားပြီ ဖြစ်သည်။

“ထန်လော့ ငါတို့ဘက်မှာ လူအင်အား မလုံလောက်လို့ ပင်လယ်ဓားပြတွေရဲ့ သတ္တုတွေကို ဒီကို သယ်ပေးဖို့ လူအချို့ စီစဉ်ပေးပါဦး။”

ရှောင်းယီက ဆိုလိုက်သည်။

“ဒါက ပြဿနာမရှိပါဘူး။ အခုပဲ စီစဉ်ပေးပါ့မယ်။”

ထန်လော့က ချက်ချင်း ပြန်ဖြေလိုက်သည်။

၎င်းမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ရုံမျှသာဖြစ်၍ လေ့ကျင့်ခန်း လုပ်သည်ဟုပင် သဘောထား၍ ရပေသည်။

“စိတ်မပူပါနဲ့။ ဒီအလုပ်အတွက် ငါတို့ မဟာမိတ်အဖွဲ့ရဲ့ လုပ်အားခနှုန်းထားအတိုင်း ပေးမှာပါ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်းက အားနာလွန်းနေပါပြီ။”

ထန်လော့က ပြုံးကာ ပြန်ပြောသော်လည်း ငြင်းဆိုခြင်း မပြုခဲ့ပေ။

ထန်လော့ စီစဉ်ပေးသော လူများသည် သတ္တုများကို စတင်သယ်ယူကြပြီး ရှောင်းယီကလည်း ထိုသတ္တုများကို မိမိကျွန်းသို့ အရောင်းအဝယ်ပုံစံဖြင့် စတင် လွှဲပြောင်းလိုက်လေသည်။

ထိုစဉ် လေပြာအင်ပါယာမှ စစ်သားတစ်ဦး အပြေးအလွှား ရောက်လာပြီး သတင်းပို့လာခဲ့သည်။

“သတင်းပို့ပါတယ်။ ကျုပ်တို့ဆီကို အမည်မသိ သင်္ဘောအုပ်စုတစ်စု ချဉ်းကပ်လာနေတာကို တွေ့ရပါတယ်။”

အခန်း ၁၀၂၆- သတ္တုဈေးနှုန်းများကို တည်ငြိမ်စေခြင်းနှင့် ရန်သူ၏ အဆင့်မြင့်အမြောက်များ

လန်ဖုန်း အင်ပါယာစစ်သား၏ သတင်းပို့ချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီနှင့် ထန်လော့တို့ နှစ်ဦးစလုံး ခေတ္တမျှ မှင်သက်သွားကြသည်။ ဤကျယ်ပြောလှသော သမုဒ္ဒရာထဲတွင် သင်္ဘောအုပ်စုတစ်စုသည် ဤကျွန်းသို့ ဆိုက်ရောက်လာခြင်းမှာ မတော်တဆဖြစ်ရန် ရာခိုင်နှုန်း အလွန်နည်းပါးသည်။ ဆယ်ပုံကိုးပုံမှာ ထိုအဖွဲ့သည် အနီရောင်ဝံပုလွေပင်လယ်ဓားပြများနှင့် ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ပေလိမ့်မည်။

ထန်လော့က ဤကျွန်းကို သိမ်းပိုက်ထားပြီးဖြစ်သောကြောင့် တစ်ဖက်လူမှာ မိတ်ဆွေထက် ရန်သူဖြစ်ရန် ပို၍သေချာနေလေသည်။ ရှောင်းယီက ထန်လော့ကို ကြည့်လိုက်သည်။ သူ စကားမပြောရသေးခင်မှာပင် ထန်လော့က ဦးအောင်ပြောလိုက်၏။

“စိတ်ချပါ မဟာမိတ်ခေါင်းဆောင်ရှောင်း အပြင်ကကိစ္စကို ကျုပ်တို့ဆီ လွှဲထားလိုက်ပါ။”

ရှောင်းယီလည်း အားနာမနေတော့ဘဲ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“အကယ်၍ မင်းတို့ဘက်က အကူအညီလိုတယ်ဆိုရင် ငါ့ကိုဖြစ်ဖြစ်၊ ကျန်းယွင်ထျန်းကိုဖြစ်ဖြစ် အချိန်မရွေး ဆက်သွယ်လိုက်ပါ။”

“ဟုတ်ကဲ့။”

ထန်လော့က ပြန်ဖြေပြီးနောက် အပြင်သို့ ချက်ချင်းထွက်ခွာသွားတော့သည်။

ရှောင်းယီမှာမူ လန်ဖုန်းအင်ပါယာစစ်သားများ သယ်ယူလာသော သတ္တုများကို မဟာမိတ်ကျွန်းသို့ လွှဲပြောင်းရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဆက်လက်အသုံးပြုလိုက်သည်။

ထန်လော့ ကမ်းခြေသို့ ရောက်သောအခါ ဝေးလံသောအရပ်တွင် သင်္ဘောအချို့ အမှန်တကယ် ပေါ်လာသည်ကို မြင်လိုက်ရပြီး ၎င်းတို့မှာ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေခဲ့သည်။

“ငါတို့သင်္ဘောတွေကို ပြင်ထား။ အချိန်မရွေး တိုက်ပွဲဝင်ဖို့ အသင့်ပြင်။”

ထန်လော့က လေးနက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

စစ်သားများက တုံ့ပြန်လိုက်ကြ၏။ လန်ဖုန်း အင်ပါယာသင်္ဘောများအားလုံး တိုက်ပွဲအတွက် နေရာယူရန် ပြင်ဆင်လိုက်ကြသည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့သည်လည်း စစ်သားတစ်စုကို ချက်ချင်းပင် တည်နေရာကူးပြောင်းကာ ပို့လွှတ်လိုက်သည်။ ရှောင်းယီက ကုန်သွယ်ရေးလုပ်ငန်းများကို အခြားသူများထံ လွှဲပြောင်းပေးပြီးနောက် သူ၏လက်ကိုင်ဖုန်းမှ ဂရုချက်ကို ဖွင့်ကြည့်လိုက်သည်။

“သတ္တုဈေးတွေက အခု တောက်လျှောက်တက်နေတာပဲ။ အရင်ကနဲ့ ယှဉ်ရင် လေးဆလောက် ဖြစ်သွားပြီ။”

“ဟုတ်တယ်။ ဒါက တကယ် ဟာသအကြီးစားပဲ။ ငါသာ ကြိုသိထားခဲ့ရင် ကြေးနီ၊ သံနဲ့ အလူမီနီယမ်လိုမျိုး သတ္တုတွေကို အများကြီး စုထားမိမှာ။”

“အတိအကျပဲ။ ငါရထားတဲ့ ရိုင်ဖယ်သေနတ်ကို ထုတ်လုပ်ဖို့ ကုန်ကြမ်းတောင် မရှိတော့ဘူး။”

“မင်းကလည်း ချဲ့ကားလွန်းလှချည်လား။ ရိုင်ဖယ်တစ်လက်စာတောင် သတ္တုမရှိဘူးတဲ့လား။”

“တကယ်ပြောတာပါ။ သူဌေးကြီးရဲ့ တောင်းဆိုချက်အရ ငါ့လက်ထဲက သတ္တုတွေအကုန် သူ့ကို ရောင်းလိုက်တာလေ။”

“ဟုတ်တယ်။ ငါတို့လည်း အကုန်ထုတ်ရောင်းလိုက်တာ။”

“သူဌေးကြီးကို ကူညီတာကတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ပိုင်မဟာမိတ်အဖွဲ့ ရှင်သန်ဖို့အတွက်လည်း ချန်ထားသင့်တာပေါ့။ အခုတော့ ဘာမှမကျန်တော့ဘူး။”

“ငါတို့လည်း ဘာမှမကျန်တော့ဘူး။”

“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ကျုပ် သတ္တုရနိုင်တဲ့ နေရာတစ်ခု ရှာတွေ့ထားတယ်။ ဘယ်လိုသတ္တုအမျိုးအစားပဲ လိုလို ကျုပ်နဲ့ လာပြီးလဲလှယ်နိုင်ပါတယ်။”

ရှောင်းယီက ဂရုထဲတွင် မက်ဆေ့ခ်ျပို့လိုက်သည်။

“ဟားဟား... သူဌေးကြီးက တကယ်ကို အားအကိုးရဆုံးပဲ။ သူ တကယ်ပဲ သတ္တုတွေ ထပ်ရလာတာပဲ။”

ရှောင်းယီ၏ စကားကို ကြားပြီးနောက် လူအများအပြားသည် သူနှင့် ချက်ချင်း ကုန်သွယ်မှုပြုလုပ်ရန် ကမ်းလှမ်းလာကြ၏။ အချို့မှာ လက်ရှိတွင် သတ္တုမလိုအပ်သေးသော်လည်း အများအပြား ဝယ်ယူထားရန် ရွေးချယ်လိုက်ကြသည်။

အချို့မှာ သတ္တုပြတ်လပ်မှု အမှန်တကယ်ဖြစ်လာမည်ကို စိုးရိမ်၍ အလုအယက် ဝယ်ယူနေခြင်းဖြစ်ပေသည်။ ၎င်းမှာ အန္တရာယ်တစ်ခုခုကြားလျှင် အစားအစာနှင့် နှာခေါင်းစီးများကို အလုအယက် ဝယ်ယူကြသကဲ့သို့ပင်။ သို့သော် အချို့မှာမူ ဈေးကစားရန်အတွက် ရှောင်းယီထံမှ ဝယ်ယူပြီး ပြန်လည်ရောင်းချရန် ရည်ရွယ်ထားကြလေသည်။

ရှောင်းယီမှာမူ ထိုအချက်ကို ဂရုမစိုက်ပေ။ ဤတောင်နံရံလိုဏ်ဂူထဲရှိ သတ္တုသိုလှောင်မှုတစ်ခုတည်းနှင့်ပင် လက်ရှိသတ္တုပြတ်လပ်မှုကို အပြည့်အဝ ဖြေရှင်းပေးနိုင်ပေသည်။ ထို့အပြင် ဖမ်းမိထားသော အကျဉ်းသားများ၏ ပြောကြားချက်အရ ဤနေရာရှိ သတ္တုမှာ တစ်ကျွန်းလုံးရှိ သတ္တုပမာဏ၏ ဆယ်ပုံတစ်ပုံပင် မရှိသေးချေ။

ကျွန်းပေါ်ရှိ သတ္တုပမာဏကို အတိအကျသိရှိရန် ရှောင်းယီသည် အလိုအလျောက် ဉာဏ်ရည်မြင့် ရှာဖွေရေးကိရိယာ တစ်ခုကို တစ်ကျွန်းလုံးအား တိုင်းတာရန် စီစဉ်ထားပြီးဖြစ်သည်။ ယခုအခါ စက်ပစ္စည်းများ စတင်အလုပ်လုပ်နေပြီဖြစ်ရာ ရှောင်းယီအနေဖြင့် ရလဒ်ထွက်လာသည်ကို စောင့်ဆိုင်းရန်သာ လိုတော့သည်။

အစပိုင်းတွင် ဝယ်ယူသူ အလွန်များပြားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သတ္တုဝယ်ယူသူ ဦးရေမှာ တဖြည်းဖြည်း နည်းပါးသွားတော့လေသည်။

သတ္တုဈေးကစားလိုသူများသည် ၎င်းတို့ မည်မျှပင် ဝယ်ယူပါစေ ရှောင်းယီ၏လက်ထဲရှိ သတ္တုများကို ကုန်စင်အောင် မဝယ်နိုင်မှန်း သိရှိသွားကြပြီဖြစ်သည်။ ရှောင်စယီထံမှ သတ္တုများကို အကုန်အစင် မဝယ်ယူနိုင်သရွေ့ ၎င်းတို့၏ အစီအစဉ်မှာ ရှေ့ဆက်၍မရနိုင်တော့ပေ။

ရှောင်းယီထံမှ သတ္တုအားလုံးကို သိမ်းကျုံးဝယ်ယူနိုင်မှသာ ထိတ်လန့်တုန်လှုပ်မှုများကို ဆက်လက်ဖန်တီးနိုင်မည်ဖြစ်ပြီး ထို့နောက်မှ ဈေးတင်၍ ပြန်လည်ရောင်းချနိုင်မည်ဖြစ်သည်။ ယခုကြည့်ရသည်မှာ ထိုသို့လုပ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။

“တောက်... ဒီယီရန်ပင်းဆီမှာ ဘာလို့ သတ္တုတွေ ဒီလောက်တောင် များနေရတာလဲ။ ငါတို့မဟာမိတ်အဖွဲ့ရဲ့ အုတ်မြစ်ကျောက်တွေတောင် ကုန်သလောက်ရှိနေပြီ။ သူ့ဆီမှာတော့ အခုထိ ရောင်းလို့ကို မကုန်သေးဘူး။”

“ဟုတ်တယ်။ ငါတို့ အရမ်းအတွေးတိမ်သွားတယ်။ ယီရန်ပင်း ဒီလိုလှုပ်ရှားလိုက်ပြီဆိုကတည်းက သူ့မှာ သေချာပေါက် အစီအစဉ်ရှိပြီးသားပဲ ဖြစ်ရမယ်။ အားလုံးပဲ... ငါတို့လက်ထဲက သတ္တုတွေကို မြန်မြန်ပြန်ထုတ်ရောင်းကြတာ ပိုကောင်းမယ်။”

“မှန်တယ်။ ငါ အခုချက်ချင်း ဈေးကွက်ခန်းမမှာ ဈေးလျှော့ပြီး တင်လိုက်တော့မယ်။ အခုထိတော့ ရောင်းထွက်ဦးမှာပါ။”

မကြာမီမှာပင် ဈေးကွက်ခန်းမအတွင်း သတ္တုများစွာ ထွက်ပေါ်လာပြီး ရောင်းဈေးမှာလည်း ယခင်ကထက် သိသိသာသာ သက်သာသွားခဲ့သည်။ သတ္တုအမှန်တကယ် လိုအပ်နေသူများမှာ ချက်ချင်းပင် ဝယ်ယူကြတော့သည်။

ဤသတ္တုများ ဈေးကွက်ထဲ ပြန်လည်ရောက်ရှိလာသည်နှင့်အမျှ သတ္တုဈေးနှုန်းမှာလည်း ပုံမှန်အခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ယီထျန်း ဂရုထဲတွင် သတ္တုသိုလှောင်ထားသူများသည် အမြတ်အစွန်းကြီးကြီးမားမား မရလိုက်သော်လည်း အရှုံးလည်း မပေါ်ခဲ့ကြပေ။ ယီရန်ပင်း မဟာမိတ်အဖွဲ့ တစ်ခုတည်းကပင် သတ္တုဈေးနှုန်းကို တည်ငြိမ်အောင် ထိန်းကျောင်းပေးလိုက်သည်ဟု ဆိုရမည်ဖြစ်သည်။

သတ္တုဈေးနှုန်း ပြန်ကျသွားသည်ကို မြင်သောအခါ ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ကျန်းယွင်ထျန်းကို ဖုန်းခေါ်လိုက်လေသည်။

“အစ်ကိုကျန်း... အပြင်မှာ ထူးဆန်းတဲ့ သင်္ဘောအုပ်စုတစ်စု ပေါ်လာတယ်လို့ သတင်းရထားတယ်။ မင်းလည်း သွားကြည့်လိုက်ဦး။”

ရှောင်းယီက ပြောလိုက်သည်။

အနီရောင်ဝံပုလွေကျွန်းပေါ်ရှိ မြို့ထဲတွင် လမ်းလျှောက်နေသော ကျန်းယွင်ထျန်းသည် ချက်ချင်းသဘောတူကာ ကမ်းခြေသို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။ ကမ်းခြေသို့ ရောက်သောအခါ သူနှင့်အတူပါလာသော မှန်ပြောင်းကို အသုံးပြု၍ ပင်လယ်ပြင်ကို အကဲခတ်လိုက်သည်။

“သူတို့သင်္ဘောတွေက ငါတို့ရဲ့ ရေနွေးငွေ့တာဘိုင် သင်္ဘောတွေထက် နည်းနည်း ပိုကြီးပုံရတယ်။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။

“ဒါပေမဲ့ အရှိန်ကတော့ သာမန်ပါပဲ။ ငါတို့သင်္ဘောတွေကို မမီနိုင်ဘူး။”

သူ စကားပြောနေစဉ်မှာပင် တစ်ဖက်သင်္ဘောများသည် ကမ်းခြေသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။ ထိုအခါ ထန်လော့က လူလွှတ်၍ အော်ဟစ်သတိပေးခိုင်းလိုက်သည်။

“ရှေ့ကသင်္ဘောတွေ ရပ်လိုက်ပါ။ မင်းတို့ ငါတို့ရဲ့ နယ်နိမိတ်အတွင်းကို ကျူးကျော်ဝင်ရောက်နေပြီ။ အခုချက်ချင်း ပြန်လှည့်သွားကြပါ။ မဟုတ်ရင် ငါတို့ အတင်းအကျပ် နှင်ထုတ်ရလိမ့်မယ်။”

ထန်လော့ဘက်မှ အော်ဟစ်သံကို ကြားလိုက်ရသောအခါ တစ်ဖက်အဖွဲ့က အမှန်တကယ်ပင် ရပ်တန့်သွားခဲ့သည်။ သို့သော် ခဏအကြာတွင် တစ်ဖက်သင်္ဘောများသည် ၎င်းတို့၏ ကိုယ်ထည်များကို ဘေးတိုက်အနေအထားသို့ ချက်ချင်း ပြောင်းလဲလိုက်ကြ၏။

ထန်လော့နှင့် ကျန်းယွင်ထျန်းတို့နှစ်ဦးစလုံးသည် မှန်ပြောင်းဖြင့် တစ်ဖက်လူ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ထိုအချိန်တွင် ထိုသင်္ဘောများသည် နေရာယူပြီးနောက် ကမ်းခြေဘက်သို့ မျက်နှာမူထားသော အမြောက်ပေါက်များအားလုံး ပွင့်လာပြီး အတွင်းမှ အမြောက်များကို အပြင်သို့ ထိုးထုတ်လိုက်ကြသည်ကို မြင်လိုက်ကြရလေသည်။

“အားလုံး သတိထား...။ ရန်သူ တိုက်ခိုက်တော့မယ်။”

ကျန်းယွင်ထျန်းက ချက်ချင်းအော်ပြောလိုက်၏။ သို့သော် ထန်လော့မှာမူ အနည်းငယ် ဇဝေဇဝါဖြစ်နေဆဲဖြစ်ကာ သံသယဖြင့် ပြန်မေးလိုက်သည်။

“သူတို့က ကျုပ်တို့နဲ့ တော်တော်ဝေးသေးတယ်လေ။ ကျုပ်တို့ကို ထိအောင် ပစ်နိုင်ပါ့မလား။”

“ချက်ချင်း အကာအကွယ်ယူစမ်း။”

ကျန်းယွင်ထျန်းက ဟိန်းဟောက်လိုက်ပြီးနောက် သူကိုယ်တိုင်လည်း နောက်ကွယ်ရှိ ခံစစ်ကျင်းထဲသို့ ချက်ချင်း ခုန်ဝင်လိုက်၏။

ယီရန်ပင်း မဟာမိတ်အဖွဲ့အပေါ် ယုံကြည်မှုကြောင့် ထန်လော့သည် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“စစ်သားအားလုံး... ဘန်ကာတွေထဲ ဝင်ကြ။”

“ဟုတ်ကဲ့။”

လန်ဖုန်စ အင်ပါယာစစ်သားများသည် အမိန့်နာခံမှု ကောင်းမွန်ကြသဖြင့် အားလုံး အကာအကွယ်များနောက်တွင် ပုန်းအောင်းလိုက်ကြ၏။ ထိုအချိန်မှာပင် သင်္ဘောများပေါ်မှ ပစ်လွှတ်လိုက်သော အမြောက်ကျည်များသည် ၎င်းတို့ အစောပိုင်းက ရပ်နေခဲ့သော နေရာများသို့ ကျရောက်လာတော့သည်။

ဝုန်း ဝုန်း ဝုန်း

ရွှံ့နွံများနှင့် မြေစာများ နေရာအနှံ့ လွင့်စင်သွားတော့သည်။

ဘန်ကာထဲတွင် ပုန်းနေသော ထန်လော့သည် သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။

“နောက်ဆိုရင် ဒီလောက်အကွာအဝေးက ဘာမှမဟုတ်တော့ဘူး။ ဒီလို အဆင့်မြင့်လက်နက်တွေကို ခေတ်နောက်ကျတဲ့ အမြင်တွေနဲ့ ဘယ်တော့မှ မကြည့်နဲ့။”

ကျန်းယွင်ထျန်းက ဘေးမှနေ၍ သင်ခန်းစာပေးလိုက်သည်။

“ဟုတ်ကဲ့ မစ္စတာကျန်း... ကျုပ် မှတ်သားထားပါ့မယ်။ အခုလို ကူညီပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။”

ထန်လော့က ကြောက်စိတ်မပြယ်သေးသောလေသံဖြင့် ပြန်ပြောလိုက်လေသည်။

All Chapters