← Chapters

အခန်း (၁၀၅၅-၁၀၅၆)

Vol. 89 Ch. 1055-1056

အခန်း (၁၀၅၅-၁၀၅၆)

Vol. 89 Ch. 1055-1056

အခန်း ၁၀၅၅ - မီးရှို့၊ သတ်ဖြတ်၊ လုယက်ခြင်း၊ ကျန့်မုမိသားစု ထွက်ပြေးချင်သော်လည်း လမ်းမရှိတော့ပြီ

စစ်ဗျူဟာမှူး၏ စကားကို ကြားသောအခါ မုကျူးက ခေါင်းကိုအနည်းငယ်ညိတ်ကာ အမိန့်ပေးလိုက်သည်။

“ညီအစ်ကိုတွေကို အစွမ်းကုန် လွှတ်ပေးလိုက်တော့။ ငါတို့ ဒီကမထွက်ခင် နောက်ဆုံးတစ်ခေါက် အဝလုယက်ခိုင်းလိုက်။”

“ဟုတ်ကဲ့။”

မုကျူး၏ အမိန့်နောက်တွင် နန်းတော်ကို တိုက်ခိုက်စဉ်က မအောင်မြင်ခဲ့သည့်အတွက် ပိတ်လှောင်နေသော ဖိအားများသည် မင်းနေပြည်တော်အတွင်းရှိ သာမန်အရပ်သားများအပေါ်သို့ ချက်ချင်းပင် ကျရောက်သွားတော့သည်။

ဖောက်... ဖောက်... ဖောက်

မြို့ရိုးအပြင်ဘက်မှ ကြည်လင်ပြတ်သားသော သေနတ်သံများ ထွက်ပေါ်လာပြီး ထိုအသံများနှင့်အတူ မိန်းမပျိုလေးများ၏ အသနားခံ တောင်းပန်သံများကိုလည်း ခပ်သဲ့သဲ့ ကြားလိုက်ရလေသည်။

ထိုအသံများကို ကြားရသောအခါ ရှောင်းယီ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။ အပြင်မှာ ဘာလို့ သေနတ်သံတွေ ထွက်နေရတာလဲ။”

လော့လင်တန်က အံ့သြတကြီး မေးလိုက်သည်။

“ကျန့်မုမိသားစုက နန်းတော်ကို အစွမ်းကုန် တိုက်ခိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလေ။ စစ်သားတွေက အရမ်းကို ဖိအားတွေ များနေကြတာ။ အခု ကျန့်မုမိသားစုက သူတို့ကို အဲ့ဒီဖိအားတွေ လျှော့ချဖို့ လွှတ်ပေးလိုက်တာပဲ ဖြစ်ရမယ်။”

ရှောင်းယီက တည်ငြိမ်လေးလံသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

ဤဖြစ်ရပ်သည် သူ၏ယခင်ကမ္ဘာရှိ ရှားတိုင်းပြည်သမိုင်းထဲမှ ဝမ်းနည်းကြေကွဲဖွယ် ကာလတစ်ခုကို သတိရသွားစေခဲ့လေသည်။ ဤကမ္ဘာသစ်သို့ ရောက်ရှိနေသော်လည်း နာကျင်စွာ ငိုကြွေးနေကြသည့် ဝိညာဉ်ပေါင်းများစွာ၏ အသံကို သူ ကြားနေရသကဲ့သို့ ခံစားနေရသည်။

ရှောင်းယီ၏ စကားကို ကြားသောအခါ လော့လင်တန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး တောင်းပန်တိုးလျှိုးတော့လေသည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း... ကျေးဇူးပြုပြီး ကျုပ်တို့ကို ကူညီပေးပါ။ ကျန့်မုမိသားစုကို နှင်ထုတ်ပေးပါ။ ကျုပ်တို့ မင်းနေပြည်တော်က လူတွေကို သူတို့ အန္တရာယ်မပြုပါစေနဲ့။”

ထိုစစ်သားများကို အထိန်းအကွပ်မရှိ လွှတ်ပေးလိုက်ပါက မည်သို့သော အကျိုးဆက်များ ဖြစ်လာမည်ကို လော့လင်တန် ကောင်းကောင်း နားလည်၏။

“စိတ်ချပါ။ ဒီလို တိရစ္ဆာန်ထက် မိုက်ရိုင်းတဲ့သူတွေ အပြစ်မဲ့ အရပ်သားတွေအပေါ် အနိုင်ကျင့်နေတာကို ကျုပ် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အစ်ကိုကျန်း... သွားကြစို့။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းသည် ရန်သူကို လိုက်လံတိုက်ခိုက်နိုင်ရန်အတွက် ‌တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် အသေးစားယာဉ်ငယ်များကို ထပ်မံရယူထားပြီးဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုယာဉ်များပေါ်၌ ခဲယမ်းမီးကျောက်နှင့် ရိက္ခာများကိုလည်း အပြည့်အစုံ ဖြည့်တင်းထားသည်။ ကျန်းယွင်ထျန်းအနေဖြင့် ယာဉ်ကြီးများကို အသုံးမပြုချင်၍မဟုတ်ဘဲ ထိုယာဉ်ကြီးများသည် အသေးစား တည်နေရာကူးပြောင်းခြင်း အစီအရင်အတွင်းသို့ ဝင်၍မရသောကြောင့်ပင်။

ကျန်းယွင်ထျန်းသည် လူတိုင်းကို ယာဉ်များပေါ်သို့ တက်ခိုင်းလိုက်ရာ စက်သံများ ဟိန်းခနဲ ထွက်ပေါ်လာပြီး သေနတ်သံနှင့် အကူအညီတောင်းသံများ ထွက်ပေါ်ရာအရပ်သို့ အရှိန်အဟုန်ဖြင့် မောင်းထွက်သွားကြတော့လေသည်။

ထိုအချိန်တွင် ကျန့်မုမိသားစု၏ စစ်သားများသည် ချမ်းသာသော ကုန်သည်အိမ်များအတွင်း၌ မီးရှို့၊ သတ်ဖြတ်၊ လုယက်ခြင်းများကို ပြုလုပ်နေကြသည်။

“အရမ်းကြီးတဲ့ ပစ္စည်းတွေကို မယူနဲ့။ သယ်ရတာ အလုပ်ရှုပ်တယ်။ အကုန် ရိုက်ခွဲပစ်လိုက်။”

“ဟုတ်တယ်။ ငါတော့ ရတနာတွေ အများကြီး ရထားပြီးပြီ။”

“မုကျိ... မြန်မြန်လုပ်ပြီး ထွက်သွားရအောင်။ နောက်က နန်းတော်အစောင့်တွေ လိုက်လာနေဦးမယ်။”

“ဟားဟား... အဲ့ဒီ... အဲ့ဒီကောင်တွေက သတ္တိရှိ... ရှိရင် လိုက်လာကြည့်... ကြည့်လိုက်လေ။ စိတ်မပူစမ်းပါနဲ့...။ ငါ... ငါ ဒီမိန်းမပျိုလေးနဲ့ အရင်... အရင်ဆုံး ပျော်ပါးလိုက်ဦးမယ်။”

“မင်းက စားဖို့ဝါးဖို့ပဲသိတယ်။ မြန်မြန်လုပ်။ ငါ မင်းကို မိနစ် ၂၀ ပဲ အချိန်ပေးမယ်။”

“မ... မလိုပါဘူး။ အ... အများဆုံး သုံး...သုံး မိနစ်ပဲ။”

ချမ်းသာသော အိမ်သားဖြစ်သည့် မိန်းမပျိုလေးသည် သူမရှေ့မှ စကားထစ်နေသည့် ကြမ်းတမ်းသော လူအား ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်ရင်း ထောင့်တစ်နေရာတွင် ကပ်နေရှာသည်။ သူမအနေဖြင့် လုံးဝကို မျှော်လင့်ချက်မဲ့နေသည့် အချိန်ပင် ဖြစ်သည်။

ထိုစဉ်မှာပင် အိမ်တံခါးအပြင်ဘက်မှ သေနတ်သံများ ထွက်ပေါ်လာခဲ့သည်။

ဒပ် ဒပ် ဒပ်

ခါးပတ်ဖြုတ်နေသည့် မုကျိသည် ခေါင်းတစ်ချက် လည်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။ သူ၏ နဖူးအလယ်တွင် ကျည်ဆန်ရာတစ်ခု ရှိနေပြီး သွေးများမှာလည်း တဖွဲဖွဲ စီးကျလာနေခဲ့သည်။

မိန်းမပျိုလေးမှာ အံ့သြဝမ်းသာစွာဖြင့် အပြင်မှ ဝင်လာသော စစ်သားများကို ကြည့်လိုက်မိ၏။ သူတို့သည် ယီရန်ပင်းမဟာမိတ်၏ ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး သူတို့၏ ရင်ဘတ်ပေါ်မှ ရွှေရောင်နဂါး ရုပ်ပုံမှာ အလွန်ပင် သိသာထင်ရှားလှသည်။

“သတင်းပို့ပါတယ်။ အိမ်ထဲက သူပုန်တွေကို အကုန်ရှင်းလင်းပြီးပါပြီ။”

“ဆက်သွားမယ်။ နောက်တစ်အိမ်...။”

“ဟုတ်ကဲ့”

ယီရန်ပင်းမဟာမိတ် စစ်သားများသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်သော သာမန်လူများကိုပင် ဂရုမစိုက်နိုင်အားဘဲ လျင်မြန်စွာ လှုပ်ရှားနေကြတော့သည်။

မကြာမီမှာပင် တစ်စုံတစ်ယောက်သည် ၎င်းတို့နောက်သို့ အမှန်တကယ် လိုက်လံတိုက်ခိုက်နေကြောင်း ကျန့်မုမိသားစုဝင်များ သတိပြုမိသွားကြတော့သည်။

“သတင်းပို့ပါတယ်။ ဘယ်ကမှန်းမသိတဲ့ အထူးလက်ရွေးစင်တပ်ဖွဲ့တစ်ခုက ကျုပ်တို့ကို လိုက်လံနှိမ်နင်းနေပါတယ်။”

လက်အောက်ငယ်သား၏ အစီရင်ခံစာကို ကြားလိုက်ရသောအခါ မြို့အထွက်သို့ ရောက်လုနီးပါးဖြစ်နေသော မုကျူးသည် ရင်ဘတ်တစ်ခုလုံး တင်းကျပ်သွား၏။

“အဲ့ဒီအဖွဲ့က ဆယ်ပုံကိုးပုံလောက်က ဟိုအပြင်လူရဲ့ တပ်ဖွဲ့ပဲဖြစ်ရမယ်။ သူတို့က ငါတို့ထက် လက်နက်အနည်းငယ် ပိုကောင်းနေရုံပါပဲ။ လူတွေကို အမိန့်ပေးလိုက်။ မင်းနေပြည်တော်ကနေ အမြန်ဆုတ်ကြမယ်။ တကယ်လို့ သူတို့ကသာ အတင်းလိုက်လာမယ်ဆိုရင်...စစ်ပွဲတစ်ခုရဲ့ ရလဒ်က လက်နက်ကောင်းရုံနဲ့တင် မဆုံးဖြတ်နိုင်ဘူးဆိုတာ ငါ သူတို့ကို သိအောင်လုပ်ပေးမယ်။”

“ဟုတ်ကဲ့။”

မုကျူး၏အမိန့်အရ မင်းနေပြည်တော်အတွင်း၌ မီးရှို့၊ သတ်ဖြတ်၊ လုယက်နေကြသော စစ်သားများသည် မြို့ပြင်သို့ ချက်ချင်းပင် ဆုတ်ခွာသွားကြတော့လေသည်။

ရှောင်းယီနှင့် သူ၏အဖွဲ့သည်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေကြသည်။ ကျန့်မုမိသားစုစစ်သားများနှင့် တိုးသည့်အခါတိုင်း ရှောင်းယီသည် ၎င်းတို့ကို လွှတ်ပေးရန် အစီအစဉ်မရှိဘဲ အသေသတ်ရန်သာ တိုက်ခိုက်နေတော့သည်။

“ကျွန်းပိုင်ရှင်... သူတို့တွေ မြို့ပြင်ကို ဆုတ်သွားကြပြီ။ ငါတို့ ဆက်လိုက်ကြဦးမလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“လိုက်ရမှာပေါ့။ ကျန့်မုမိသားစုကို လိုက်လံတိုက်ခိုက်ရာကရတဲ့ အုတ်မြစ်ကျောက်တွေအားလုံးကို ငါတို့ယူမယ်လို့ လော့လင်တန်နဲ့ သဘောတူထားပြီးသားလေ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“အုတ်မြစ်ကျောက်တွေ ရဦးမှာလား။ ဒါဆိုရင်တော့ သူတို့ကို လုံးဝ အလွတ်မပေးနိုင်ဘူး။”

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထိုစဉ် ရှောင်းယီ၏ လက်ကိုင်ဖုန်းမှ အသံမြည်လာခဲ့လေသည်။

“သတင်းပို့ပါတယ် ကျွန်းပိုင်ရှင်။ ကျုပ်တို့ မူဝူကျိ နောက်ကို လိုက်ရင်းနဲ့ ကောင်းကင်မိုးကြိုးအင်ပါယာရဲ့ လျှို့ဝှက်ဆိပ်ကမ်းတစ်ခုကို သူသွားတာကို တွေ့လိုက်ရပါတယ်။ သူက အဲ့ဒီဆိပ်ကမ်းထဲကို ရိက္ခာတွေ အများကြီး ရွှေ့နေပုံရတယ်။ ကျုပ်တို့ရဲ့ ကနဦးသုံးသပ်ချက်အရ ကျန့်မုမိသားစုက ကောင်းကင်မိုးကြိုးအင်ပါယာကနေ ထွက်ပြေးဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်ပါတယ်။”

ဖုန်းထဲမှ သူလျှိုတစ်ဦးက သတင်းပို့လာခဲ့သည်။

“နားလည်ပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“တခြား ထူးခြားမှုရှိသေးလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“မူဝူကျိက ကျန့်မုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းနေတယ်။ ကြည့်ရတာ ငါတို့ တိုက်လေယာဉ်တွေကို ထပ်ပြီး အသုံးပြုရတော့မယ့်ပုံပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အရမ်းကောင်းတယ်။ အခု ငါတို့မှာ စက်သေနတ်တွေ ရှိနေပြီဆိုတော့ ဝေဟင်ကနေ ပစ်ခတ်ရတာ တကယ်အားရစရာ ကောင်းမှာပဲ။”

ကျန်းယွင်ထျန်းက ဝမ်းသာအားရ ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“လော့လင်တန်ကို နန်းမြို့တော်ရဲ့ လမ်းမကြီးကို ရှင်းခိုင်းလိုက်။ ငါ အရင်ဆုံး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို အရင်ပို့ခိုင်းလိုက်မယ်။”

“ကောင်းပါပြီ။ အခု ဒီလူစုနောက်ကိုရော ဆက်လိုက်ဦးမလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“လိုက်မနေတော့ဘူး။ ဒီလူစုဆီကနေ ရစရာ သိပ်ရှိမှာမဟုတ်ဘူး။ အဲ့ဒီအစား ဆိပ်ကမ်းကိုပဲ အလစ်အငိုက် တိုက်ခိုက်ကြတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့။”

ရှောင်းယီသည် နန်းတော်ဆီသို့ပင် ချက်ချင်းဦးတည်သွားပြီး ကျန်းယွင်ထျန်းကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

ထိုအချိန်တွင် လော့လင်တန်သည် နန်းတော်ပြင်ပသို့ ထွက်လာပြီးဖြစ်သည်။ ရှောင်းယီကို မြင်သည်နှင့် သူက ချက်ချင်း ရှေ့တက်ကာ ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း... ကျန့်မုမိသားစု စစ်သားတွေကို မင်းနေပြည်တော်ကနေ နှင်ထုတ်ပြီးပြီလား။”

“အင်း... ဒါပေမဲ့ မူဝူကျိက ကျန့်မုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းနေတယ်ဆိုတဲ့ သတင်းကို အခုလေးတင် ရလိုက်တယ်။ အဲ့ဒါကြောင့် ကျန့်မုမိသားစုကို ဒီမှာတင် အပြတ်ဖြတ်နိုင်ဖို့အတွက် ကျုပ် တိုက်လေယာဉ်တွေ ယူလာပြီး ကူညီရလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုအခါ လော့လင်တန်က ချက်ချင်းပင် ရိုရိုသေသေဖြင့် ပြောလိုက်သည်။

“ကျုပ်တို့ဘက်က ဘာလုပ်ပေးရမလဲ ခေါင်းဆောင်ရှောင်း... အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်။”

“ခင်ဗျားတို့ရဲ့ တည်နေရာကူးပြောင်းခြင်း အစီအရင်ကနေ ပစ္စည်းတစ်ခု ယူလာပေးဖို့ပဲ လိုပါတယ်။ ပြီးရင် ကျုပ်တို့ တိုက်လေယာဉ်တွေ ဆင်းနိုင်၊ တက်နိုင်ဖို့အတွက် နန်းမြို့တော်ရဲ့ လမ်းမကြီးကို ရှင်းလင်းထားပေးပါ။”

ရှောင်းယီက သူ၏ လိုအပ်ချက်ကို ပြောလိုက်သည်။

“ဒါက လုံးဝ ပြဿနာမရှိပါဘူး။”

လော့လင်တန်က ပြန်ဖြေပြီး လုပ်ငန်းစဉ်များကို ချက်ချင်း အမိန့်ပေးစေခိုင်းလိုက်တော့သည်။

ကျန်းယွင်ထျန်းသည် အန်းရန်ကို ချက်ချင်း ဆက်သွယ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ပါရှိသော လှေငယ်တစ်စင်း ပို့ရန် ပြောလိုက်သည်။ ထို့နောက် စစ်သားများကို ထိုလှေငယ်အား နန်းမြို့တော်၏ လမ်းမကြီးဘေးသို့ ရွှေ့ခိုင်းလိုက်လေသည်။

နန်းမြို့တော်ရှိ ဒေသခံများမှာ ထိုမြင်ကွင်းကို မြင်သောအခါ ဝိုင်းဝန်း ဆွေးနွေးကြတော့သည်။

“ဒီစစ်သားတွေက ခုနက ငါတို့ကို ကယ်သွားတဲ့လူတွေ မဟုတ်လား။”

“ဟုတ်တယ်။ သူတို့ ယူနီဖောင်းပေါ်က တံဆိပ်ကို ငါ မှတ်မိတယ်။”

“ဒါနဲ့ သူတို့က ဘာလို့ လှေကြီးကို လမ်းပေါ်မှာ လာတင်ထားရတာလဲ။”

“ငါလည်း မသိဘူး။ ဒီလှေက ကုန်းပေါ်မှာ မောင်းလို့ရလို့လား။”

လူအုပ်ကြီး၏ ဆွေးနွေးမှုများကြားတွင် ရှောင်းယီသည် လှေအတွင်းခန်းထဲ၌ ထိုင်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စတင် အသုံးပြုလိုက်သည်။

ဤတစ်ကြိမ်တွင် ကျန့်မုမိသားစု လုံးဝ ထွက်မပြေးနိုင်စေရန်အတွက် ရှောင်းယီသည် တိုက်လေယာဉ် နှစ်စင်း ကို တိုက်ရိုက် အလဲအလှယ်လုပ်ကာ ယူဆောင်လိုက်လေသည်။

ထိုတိုက်လေယာဉ် နှစ်စင်းသည် နန်းမြို့တော် လမ်းမကြီးပေါ်တွင် ရုတ်တရက် ပေါ်လာသောအခါ အဝေးမှ ကြည့်နေသော လူအုပ်ကြီး တစ်ရပ်လုံးမှာ အံ့သြမှင်သက်ကာ ကြောင်ကြည့်နေကြလေတော့သည်။

အခန်း ၁၀၅၆ - တိုက်လေယာဉ်များ စတင်တာဝန်ထမ်းဆောင်ခြင်း၊ လေပြာအင်ပါယာ၏ လိုက်လံတိုက်ခိုက်မှု

ယီရန်ပင်းမဟာမိတ်သည် တိုက်လေယာဉ်များကို ရရှိထားသည်မှာ နှစ်ရက်၊ သုံးရက်ခန့်သာ ရှိသေးသော်လည်း လေတပ်တစ်ခုကို အခိုင်အမာ တည်ထောင်ပြီးဖြစ်သည်။ ဤကမ္ဘာ၏ စည်းမျဉ်းများကြောင့် စစ်သားများသည် အခြေခံ လေကြောင်းပျံသန်းမှု အတတ်ပညာကို လွယ်ကူစွာ သင်ယူနိုင်ခဲ့ကြသော်လည်း ပိုမိုကျွမ်းကျင်သော ပျံသန်းမှု စွမ်းရည်များအတွက်မူ ဆက်လက် လေ့ကျင့်ရန် လိုအပ်နေသေးသည်။

ရှုံးတိသည် အခြား လေယာဉ်မှူး သုံးဦးနှင့်အတူ တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ရောက်ရှိလာခဲ့သည်။ ရှောင်းယီ ရှေ့သို့ ရောက်သောအခါ ရှုံးတိက အလေးပြုလျက် သတင်းပို့လိုက်သည်။

“ကျွန်းပိုင်ရှင်... ပထမ လေကြောင်းပျံသန်းရေးတပ်စုမှ ရှုံးတိနှင့် အဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ရန် ရောက်ရှိပါပြီ။”

“အရင်ဆုံး လေယာဉ်ပေါ်တက်ကြတော့။”

ရှောင်းယီက ခေါင်းညိတ်ပြပြီး အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ရှုံးတိနှင့် ကျန်သုံးဦးသည် တိုက်လေယာဉ်များပေါ်သို့ ချက်ချင်း တက်လိုက်ကြသည်။ ထို့နောက် ရှောင်းယီက ကျန်းယွင်ထျန်းကို လှမ်းခေါ်လိုက်သည်။

“အစ်ကို ကျန်း... မင်းနဲ့ ငါ တစ်စီးစီ ခွဲစီးမယ်။ အဆက်အသွယ် မပြတ်စေနဲ့။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။တိုက်လေယာဉ်တစ်စင်းတွင် ထိုင်ခုံလေးခု ပါရှိသည်။ အရှေ့တွင် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူး၊ အနောက်တွင် ထိုင်ခုံနှစ်ခု ဖြစ်သည်။ ထို့ကြောင့် ကျန်းယွင်ထျန်းသည် နောက်ထပ် စစ်သားနှစ်ဦးကိုပါ ခေါ်ဆောင်သွားလိုက်၏။ ၎င်းတို့သည် ပစ်ခတ်မှုအပိုင်းတွင် မကူညီနိုင်သော်လည်း ကျည်ဆန်ဖြည့်ပေးခြင်းနှင့် အခြားကိစ္စရပ်များတွင် အကူအညီပေးနိုင်ရန် ဖြစ်သည်။

“သွားကြစို့။”

လူတိုင်း အဆင်သင့်ဖြစ်သည်ကို မြင်သောအခါ ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ရှုံးတိက ပြန်ဖြေပြီး တိုက်လေယာဉ်ကို စတင်နှိုးလိုက်တော့သည်။

ကျယ်လောင်လှသော စက်ဟိန်းသံကြီးကြောင့် ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်မိုးကြိုးအင်ပါယာမှ လူအုပ်ကြီးမှာ လန့်ဖျန့်သွားကာ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်သွားကြရသည်။

“ဘာလို့ ဒီလောက်တောင် အသံကျယ်နေရတာလဲ။”

“ဟိုမှာကြည့်... အဲ့ဒီအကောင်ကြီးက လှုပ်ရှားနေပြီ။ အရှိန်ကလည်း အရမ်းမြန်တာပဲ။”

“ငါတို့ မြို့တံခါးက အဲ့ဒီလောက်ကြီးတဲ့ အရာကြီး ဖြတ်သွားဖို့ မဆံ့လောက်ဘူး ထင်တယ်။”

“ဟုတ်တယ်... အဲ့ဒီအရှိန်နဲ့ဆိုရင် မြို့ရိုးကို ဝင်တိုက်မိပြီး မြို့ရိုးကြီး ပြိုကျသွားမှာ မဟုတ်ဘူးလား။”

တိုက်လေယာဉ် အရှိန်တက်လာသည်ကို မြင်သောအခါ မြို့တံခါးစောင့်များသည် ကြောက်ရွံ့တုန်ရင်ကာ ထွက်ပြေးရန် ပြင်နေကြပြီဖြစ်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် လူတိုင်း မျက်လုံးပြူးသွားကြ၏။

ထိုကြီးမားလှသော သံမဏိသတ္တဝါကြီးမှာ မြေပြင်မှ ကြွတက်သွားခဲ့လေပြီ။

ထို့နောက် တဖြည်းဖြည်း မြင့်တက်သွားကာ ကောင်းကင်ယံသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။ ကျန်းယွင်ထျန်း လိုက်ပါသွားသော တိုက်လေယာဉ်မှာလည်း စက်နှိုးကာ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါ ပျံတက်သွားခဲ့သည်။

တိုက်လေယာဉ် နှစ်စင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အမည်းစက်လေး နှစ်စက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ဒါက ဘာကြီးလဲ။ ဘယ်လိုလုပ်ပြီး ပျံနိုင်ရတာလဲ။”

“အဟုတ်ပဲ...။ မိုးပျံပူဖောင်းတွေလည်း မပါဘဲနဲ့ ဘယ်လိုလုပ်ပြီး ပျံလို့ရတာလဲ။”

“ဒီအရှိန်က နတ်ဘုရားတွေအတိုင်းပဲ။ မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်သွားတာပဲ။”

နန်းမြို့တော်ရှိ လူများမှာ အားတက်သရော ဆွေးနွေးနေကြသည်။ တစ်ဖက်တွင်မူ နောက်တန်းမှ ကြည့်နေသော လော့လင်တန်သည် ပျောက်ကွယ်သွားပြီဖြစ်သော တိုက်လေယာဉ်များကို ကြောင်ကြည့်နေဆဲပင်။

“ခမည်းတော်... ဒါ သမီးတော် အရင်က ပြောပြခဲ့တဲ့ တိုက်လေယာဉ်ပဲ။”

လော့ရယ်က ပြောလိုက်သည်။

“သမီးတော်တို့ ဝံပုလွေနီ ပင်လယ်ဓားပြတွေကို တိုက်ခိုက်တုန်းက ယီရန်ပင်းမဟာမိတ်က ဒီလိုလေယာဉ်မျိုးကို သုံးပြီး သမီးတော်တို့ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာ။ ရလဒ်ကတော့ ရှင်းပါတယ်...။ သမီးတော်တို့မှာ သူတို့ကို ပြန်တိုက်ဖို့ လုံးဝ လမ်းမရှိခဲ့ဘူး။”

လော့လင်တန် သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည်။

“ယီရန်ပင်းမဟာမိတ်ရဲ့ အင်အားက တကယ့်ကို ကြီးမားလွန်းတာပဲ။”

“ဟုတ်တယ်။ ခေါင်းဆောင်ရှောင်းက အရမ်းအင်အားကြီးပေမဲ့ အားနည်းတဲ့သူတွေကို နိုင်ထက်စီးနင်း မလုပ်တာက အရေးကြီးဆုံးပဲ။”

လန်ယုံက ဘေးမှ ဝင်ပြောလိုက်သည်။

“ကောင်းပြီ... ကျုပ် ခေါင်းဆောင်ရှောင်း ပေးခဲ့တဲ့ တာဝန်ကို ပြီးအောင် လုပ်ရဦးမယ်။ ဒါကြောင့် အရှင်မင်းကြီး လော့လင်တန်အနေနဲ့ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။”

လော့လင်တန်က ခေါင်းညိတ်လိုက်သည်။

“စိတ်ချပါ... ခေါင်းဆောင်ရှောင်း တောင်းဆိုတဲ့ ဘယ်အရာကိုမဆို ကျုပ် သဘောတူပါတယ်။”

“ကောင်းပြီ။ ကျုပ်ရဲ့ တပ်ဖွဲ့ဝင် အချို့ကို ဒီကို လှမ်းခေါ်ဖို့တော့ လိုလိမ့်မယ် ထင်တယ်။”

လန်ယုံက ပြန်ဖြေလိုက်သည်။

“ရပါတယ်။ နန်းမြို့တော်မှာ တည်နေရာကူးပြောင်းခြင်းအစီအရင် တစ်ခုရှိတယ်။ အဲ့ဒါကို သုံးလို့ရပါတယ်။”

လော့လင်တန်က ချက်ချင်း ပြောလိုက်သည်။

“ဒါဆိုရင်တော့ အကောင်းဆုံးပေါ့။”

လန်ယုံက ထန်လုံကို တပ်ဖွဲ့များ စုစည်းရန် ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင်မှာမူ တည်နေရာကူးပြောင်းခြင်းကြီး အနီးတွင်သာ တိုက်ရိုက် စောင့်ဆိုင်းနေလိုက်သည်။

မထွက်ခွာမီ ရှောင်းယီသည် လန်ယုံကို ရှာဖွေပြီး ကျန့်မုမိသားစု၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းရယူရန် ပြင်ဆင်ထားဖို့ ပြောထားခဲ့သည်။ အုတ်မြစ်ကျောက်မှလွဲ၍ ကျန်ရှိသမျှ အရာအားလုံးကို လန်ယုံအား ပေးအပ်နိုင်သည်ဟု ဆိုသည်။

ရှောင်းယီသည် အုတ်မြစ်ကျောက်ကိုသာ အလေးထားကြောင်း လန်ယုံက သိရှိထားသဖြင့် အားနာမနေဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။

မကြာမီမှာပင် လေပြာအင်ပါယာ၏ တပ်ဖွဲ့များသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ကြီးထဲမှ ထွက်ပေါ်လာကြသည်။ ၎င်းတို့နှင့်အတူ စစ်သည်တင်ယာဉ် အများအပြားလည်း ပါလာခဲ့ကြသည်။ လေပြာအင်ပါယာ စစ်သားများသည် ထိုယာဉ်များပေါ်သို့ ချက်ချင်းတက်ကာ မြို့ပြင်သို့ မောင်းနှင်ထွက်ခွာသွားကြတော့လေသည်။

နန်းမြို့တော်မှ ဆုတ်ခွာသွားခဲ့သည်မှာ ကြာပြီဖြစ်သော ကျန့်မုမိသားစု တပ်ဖွဲ့များသည် ရှောင်းယီ၏အဖွဲ့ကို အလစ်အငိုက် တိုက်ခိုက်ရန် မြို့ပြင်၌ အထူးစောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် ရှောင်းယီမှာ သူလျှိုထံမှ ကြိုတင်သတိပေးချက် ရရှိထားသဖြင့် ၎င်းတို့နောက်သို့ လိုက်မထွက်ဘဲ မူဝူကျိရှိရာ လျှို့ဝှက်ဆိပ်ကမ်းသို့ ဦးတည်ရန်သာ တိုက်လေယာဉ်များကို ပြင်ဆင်နေခဲ့သည်။

“မိသားစုခေါင်းဆောင်... ဟိုအပြင်လူရဲ့ အဖွဲ့ ကျုပ်တို့နောက်ကို လိုက်မလာဘူး ထင်တယ်နော်။”

ဘေးနားရှိ စစ်ဗျူဟာမှူးက တိုးတိုးလေး ပြောလိုက်သည်။

“ကြည့်ရတာ အဲ့ဒီလူကလည်း တော်တော်လေး သတိကြီးပုံရတယ်။”

မုကျူးက ခေါင်းညိတ်လိုက်သည်။

မုကျူး၏ စကားမဆုံးသေးမီမှာပင် စစ်သားတစ်ဦး ပြေးဝင်လာပြီး သတင်းပို့လာခဲ့သည်။

“မိသားစုခေါင်းဆောင်... နန်မြို့တော်ထဲကနေ တပ်ဖွဲ့တစ်ဖွဲ့ ထွက်လာတာကို တွေ့လိုက်ရပါတယ်။”

“နောက်ဆုံးတော့ လိုက်လာကြပြီပေါ့။”

မုကျူး အနည်းငယ် အံ့သြသွားပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

“တပ်ဖွဲ့အားလုံးကို အကြောင်းကြားလိုက်။ တိုက်ပွဲအတွက် ပြင်ထားကြ။”

“ဟုတ်ကဲ့။”

နန်းမြို့တော်မှ အရှိန်အဟုန်ဖြင့် ထွက်လာသော တပ်ဖွဲ့မှာ လေပြာအင်ပါယာ၏ အဖွဲ့ပင် ဖြစ်သည်။ ၎င်းတို့သည် မြို့ပြင်သို့ ရောက်သောအခါ ရပ်တန့်လိုက်ကြ၏။ အကြောင်းမှာ ကျန့်မုမိသားစုတပ်ဖွဲ့သည် အပြင်ဘက်တွင် အလစ်အငိုက် တိုက်ခိုက်ရန် စောင့်နေလိမ့်မည်ဟု ရှောင်းယီက လန်ယုံကို ကြိုတင် သတိပေးထားသောကြောင့်ပင်။

“အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ တစ်ခါတည်း တိုက်ခိုက်ကြမလား။”

ထန်လုံက မေးလိုက်သည်။ လန်ယုံက ခေါင်းညိတ်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါပေါ့။ ခေါင်းဆောင်ရှောင်းက သာမန်အရပ်သားတွေကို ဒုက္ခပေးတဲ့သူတွေကို အရမ်းမုန်းတာ မင်း သတိမထားမိဘူးလား။”

ထန်လုံက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ကျွန်တော်မျိုးတော့ ခေါင်းဆောင်ရှောင်းကို ပိုပိုပြီး ကြည်ညိုလာမိပြီ။”

အလွန်အမင်း အင်အားကြီးမားသော်လည်း အားနည်းသူကို မနှိပ်စက်သည့်အပြင် မိမိအဖွဲ့ဝင် မဟုတ်သည့်တိုင် သာမန်အရပ်သားများကို ကိုယ့်သားသမီးကဲ့သို့ သဘောထားခြင်းမှာ အံ့သြစရာပင်။ ယခုအခါ ထန်လုံသည် ယီရန်ပင်းမဟာမိတ်အတွင်းရှိ ဒေသခံများကိုပင် အားကျမိနေတော့သည်။

အမှန်စင်စစ် ၎င်းတို့မသိသည်မှာ ကျန့်မုမိသားစု၏ လုပ်ရပ်များသည် ရှောင်းယီ၏ ယခင်ကမ္ဘာမှ တိရစ္ဆာန်ထက် ဆိုးဝါးသော နိုင်ငံတစ်ခု၏ လုပ်ရပ်များကို သတိရသွားစေသဖြင့် ရှောင်းယီ အလွန်ဒေါသထွက်နေခြင်း ဖြစ်သည်။

“ခေါင်းဆောင်ရှောင်းက ဒီတိုက်ပွဲအတွက် ကုန်ကျစရိတ်အားလုံးကို သူ တာဝန်ယူမယ်လို့ ပြောထားတယ်။ ဒါကြောင့် ငါတို့ရဲ့ စစ်သားတွေကို လေ့ကျင့်ပေးဖို့ ဒီအခွင့်အရေးကို ဘာလို့ အသုံးမချရမှာလဲ။”

လန်ယုံက ဆက်ပြောလိုက်သည်။

“ဟုတ်ကဲ့။ ကျွန်တော်မျိုး အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်။”

ထန်လုံက ပြန်ဖြေပြီး တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်တော့လေသည်။

ရန်သူက ရှေ့တွင် အလစ်ချောင်းနေကြောင်း သိထားသဖြင့် အလွယ်ကူဆုံး နည်းလမ်းမှာ ရန်သူရှိနိုင်သည့် နေရာများကို အမြောက်ဖြင့် အရင်ဦးစွာ ဗုံးကြဲရန်ပင် ဖြစ်သည်။ ထန်လုံသည် ၎င်းတို့ယူဆောင်လာသော အမြောက်များကို ရှေ့သို့တွန်းကာ အလစ်အငိုက် တိုက်ခိုက်မည့်သူများ ရှိနိုင်သည့် နေရာများသို့ အမြောက်ကျည်များဖြင့် တရစပ် ပစ်ခတ်လိုက်တော့သည်။

ဝုန်း... ဝုန်း... ဝုန်း

ပုန်းအောင်းနေသော ကျန့်မုမိသားစု စစ်သားများသည် ပြင်းထန်သော အမြောက်ဒဏ်ကြောင့် ကြောင်အသွားကြ၏။

‘ဒါ ဘာဖြစ်တာလဲ။’

‘အနည်းဆုံးတော့ ငါတို့ ဒီမှာ ရှိ၊ မရှိ အရင်စုံစမ်းဦးမှပေါ့။’

‘ဘာမှမမေးမမြန်းဘဲ ဘာလို့ တန်းပြီး တိုက်ခိုက်ရတာလဲ။’

ထိုအချိန်တွင် ထန်လုံ၏ စိတ်ထဲ၌မူ “အခမဲ့ရတဲ့ ခဲယမ်းတွေကို မသုံးရင် နှမြောစရာကြီး။ ကိုယ်တိုင် ပိုက်ဆံပေးစရာ မလိုတဲ့ ခံစားချက်က တကယ် ကောင်းတာပဲ” ဟုသာ တွေးနေတော့သည်။

ရန်သူရှိနိုင်သည့် နေရာမှန်သမျှကို အမြောက်ကျည်များဖြင့် ထန်လုံ ‘ထွန်ယက်’ နေသည်ကို ကြည့်ပြီး လန်ယုံ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်လိမ်သွားခဲ့သည်။ ထို့နောက် သူသည် လူတစ်ယောက်ကို လက်ယပ်ခေါ်ကာ ပြောလိုက်၏။

“ဗိုလ်ချုပ် ထန်လုံကို သွားပြောလိုက်။ အမြောက်ကျည်တွေက ပိုက်ဆံမပေးရဘူး ဆိုပေမဲ့ ချွေတာပြီး သုံးသင့်တယ်လို့။ အလွန်အကျွံ သုံးမိရင် ခေါင်းဆောင်ရှောင်းဆီမှာ ကုန်ကျစရိတ် ပြန်တောင်းဖို့ အားနာစရာ ဖြစ်လိမ့်မယ်။”

“ဟုတ်ကဲ့ပါ။”

စစ်သားက ချက်ချင်း ပြေးသွားပြီး လန်ယုံ၏ စကားကို ပါးလိုက်သည်။

“ငါက နောက်တစ်ကျော့ ထပ်လုပ်မလို့ ပြင်နေတာလေကွာ...။”

ထန်လုံက အားမရသေးသည့် အမူအရာဖြင့် ပြန်ဖြေလိုက်လေသည်။

All Chapters