အခန်း (၂၂၃-၂၂၄)
Vol. 23 Ch. 223-224
အခန်း။ ၂၂၃
“အားလုံး တစ်ပြိုင်နက်တည်း လာခဲ့ကြပါ... ငါ အလျင်လိုနေလို့"
ချန်ကျီရှင်း၏ စကားအဆုံးတွင် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတစ်ခုလုံးရှိ မရေတွက်နိုင်သော တပည့်များမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြတော့သည်။
တစ်ဖက်တွင်က ဟွိုင်ကျိုး၏ ပါရမီရှင်ခုနစ်ဦးနှင့် သက်ရှည်စာရင်း၏ အဆင့် ၇ နေရာမှာရှိသော စီကုန်းနန် အခြားတစ်ဖက်တွင်မူ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားရသည့် မိသားစုတစ်ခုလုံးကို တစ်ကိုယ်တည်း ချေမှုန်းနိုင်စွမ်းရှိသည်ဟု ကျော်ကြားကာ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ သမိုင်းဝင်စံချိန်ကို ယခုလေးတင် ချိုးဖျက်ထားသည့် သက်ရှည်ပါရမီရှင်
စာရင်း၏ ထိပ်ဆုံးက ချန်ကျီရှင်း။
ဤတိုက်ပွဲသည် နေနှင့်လကိုပင် မှေးမှိန်သွားစေမည့် မကြုံစဖူး ထူးကဲလှသော တိုက်ပွဲကြီး ဖြစ်လာမည်မှာ အသေအချာပင်။ နဂါးနှင့် ကျားတို့၏ အားပြိုင်မှုကဲ့သို့ ပြင်းထန်လှပြီး နတ်ဘုရားတို့၏ လျှို့ဝှက်ကျင့်စဉ်များကို တွေ့မြင်ရမည့် ဤပွဲသည် လူတို့၏ရင်ထဲတွင် နှစ်ပေါင်းများစွာ စွဲထင်၍ ကျန်ရစ်နေပေလိမ့်မည်။
အမှန်တကယ်တွင် ဤတိုက်ပွဲသည် လက်ရှိ သက်ရှည်ပါရမီရှင်စာရင်း၏ အခင်းအကျင်းကိုပင် လုံးဝပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည်။
သို့သော်လည်း လူအများစုကတော့ ရှုံးနိမ့်မည့်သူမှာ ချန်ကျီရှင်းသာ ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။ ၎င်းမှာ သံသယဖြစ်ဖွယ်မရှိချေ။
"ဒီပါရမီရှင် ခုနစ်ယောက်သာ အင်အားချင်း ပေါင်းလိုက်မယ်ဆိုရင် နိဗ္ဗာန်နနယ်ပယ်ကို မရောက်သေးတဲ့သူတစ်ယောက်က ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
“စီနီယာတူကူး... တတိယသခင်လေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာများလား.....”
ရှန်းယန်သည် ချန်ကျီရှင်းကို ကြည့်ရင်း စိုးရိမ်လွန်းသဖြင့် ရင်တထိတ်ထိတ် ဖြစ်နေကာ လက်ဝါးများတွင်လည်း ချွေးများ စိုရွှဲနေတော့သည်။ သူ၏အမြင်အရ ချန်ကျီရှင်းသည် နိဗ္ဗာန်နနယ်ပယ် တစ်ဝက်အဆင့်ရှိသူကို သတ်နိုင်လောက်အောင် အစွမ်းထက်သည်မှာ မှန်သော်လည်း ကျင့်ကြံချိန်မှာ တိုတောင်းလွန်းလှပြီး အလွန်ငယ်ရွယ်နေသေးသည်။
ဤပါရမီရှင် ခုနစ်ဦးမှာ အသက် ၃၀ ဝန်းကျင်ရှိနေကြပြီး ချန်ကျီရှင်းထက် အသက် ၁၂ နှစ်
ခန့်ပိုကြီးကြသည်။ သူတို့၏ ကျင့်ကြံမှု အဆင့်အတန်းမှာလည်း ချန်ကျီရှင်းထက် သာလွန်
နေသည်။
"တကယ်လို့သာ တစ်ဦးချင်း ယှဉ်မယ်ဆိုရင် ချန်ကျီရှင်း နိုင်မယ်လို့ ငါယုံကြည်ပေမဲ့ တစ်ယောက်နဲ့ ခုနစ်ယောက်ဆိုတာကတော့... သူလုပ်နိုင်တာက အံ့ဖွယ်တစ်ခု ဖြစ်လာဖို့ ဆုတောင်းပေးရုံပဲ ရှိတော့တယ်"
“စိတ်အေးအေးထားပါ။ ဒီလို အဆင့်မရှိတဲ့လူတွေက တတိယသခင်လေးရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"
တူကူးနီက တည်ငြိမ်စွာ ပြောလိုက်သည်။ ကောင်းကင်လှိုင်း နယ်မြေအပြင်ဘက်မှာ တွေ့ဆုံကတည်းက ချန်ကျီရှင်း၏ အစွမ်းမှာ သူ့ထက် သာလွန်နေပြီဖြစ်ကြောင်း သူ ခံစားမိခဲ့သည်။ ဤမျှ ကြာမြင့်သော အချိန်အတွင်းမှာတော့ ချန်ကျီရှင်း၏ အစွမ်းမှာ မည်သည့်အဆင့်အထိ ရောက်နေမည်ကို သူပင် မှန်းဆ၍ မရတော့ချေ။
“အားလုံး တစ်ပြိုင်နက်တည်းလား”
ဟွိုင်ကျိုး၏ ပါရမီရှင်ခုနစ်ဦးအနက် သက်ရှည်စာရင်း၏ အဆင့် ၂၉ နေရာတွင် ရှိနေသော နက်နဲသောကောင်းကင်ဘုံ ဂိုဏ်းမှ ရှဲ့ဝန်ယန်သည် ပထမဆုံးအဖြစ် ပြေးထွက်လာခဲ့သည်။
လေဟာနယ်ထဲတွင် ရှဲ့ဝန်ယန်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး
“နက်နဲသောကောင်းကင်ဘုံဂိုဏ်းက ရှဲ့ဝန်ယန်ပဲ... မင်းဆီကနေ အရင်ဆုံး ပညာသင်ယူပါရစေ”
“နက်နဲသောကောင်းကင်ဘုံ ကျင့်စဉ် ဓားသွားတစ်ရာ ဂိုဏ်းသို့ပြန်ခြင်း”
ရှူး…
ရှဲ့ဝန်ယန်၏ အသံအဆုံးတွင် သူ၏နောက်ကွယ်၌ ဝိညာဉ်စွမ်းအင်များ တရဟော စုစည်းလာပြီး အေးစက်စက် အလင်းတန်းများ ထွက်ပေါ်နေသည့် ဓားသွားအစင်းတစ်ရာအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုဓားသွားတစ်ရာသည် စမ်းချောင်းတစ်ခုအလား ကောင်းကင်ယံသို့ ထိုးထွက်သွားကြသည်။ ဓားသွားတစ်စင်းစီမှာ တစ်ပေခန့်သာ ရှည်သော်လည်း ငွေရောင်အလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေပြီး ၎င်းတို့ကို စိုက်ကြည့်လိုက်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါများကို ခံစားရစေသည်။
၎င်းမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့်မြင့်စွမ်းအား ဖြစ်သည်မှာ ငြင်းစရာမရှိချေ။ ထိုကဲ့သို့သော ဓားသွားများသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ကိုပင် အလွယ်တကူ အပိုင်းပိုင်းဖြတ်တောက်နိုင်စွမ်း ရှိသည်။
“ချန်ကျီရှင်း... ငါက ဒီကျင့်စဉ်ကို သုံးပြီးတော့ ပါရမီရှင်စာရင်းရဲ့ ထိပ်တန်း အယောက် ၃၀ ထဲကို ဝင်ခဲ့တာ...”
ရှဲ့ဝန်ယန်သည် လေထဲတွင် လမ်းလျှောက်ရင်း ယုံကြည်မှုအပြည့်ဖြင့် အေးစက်စက် ပြောလိုက်သည်။ သူ၏နောက်တွင်လည်း ဓားသွားတစ်ရာမှာ ဖြည်းဖြည်းချင်း လည်ပတ်နေပြီး အေးစိမ့်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
သို့သော်လည်း... သူ စကားမဆုံးသေးခင်မှာပင်
“အားနည်းတဲ့ကောင်က စကားပြောဖို့ မထိုက်တန်ဘူး”
ဘုန်း…
ရှဲ့ဝန်ယန်၏ နားထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကိုသာ ကြားလိုက်ရသည်။ ချန်ကျီရှင်းမှာ အဝေးကြီးမှာ ရှိနေခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာတင် အကွာအဝေးအားလုံးကို ဖြတ်ကျော်ပြီး သူ၏ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ရှဲ့ဝန်ယန်မှာ ပေါ့ဆ၍မရတော့ကြောင်း သိသဖြင့် သူ၏နောက်ကွယ်မှ ဓားသွားတစ်ရာကို ချန်ကျီရှင်းထံသို့ ချက်ချင်း တိုက်ခိုက်ခိုင်းလိုက်တော့သည်။
“ကြေမွသွားစမ်း”
ရှဲ့ဝန်ယန်က အော်ဟစ်လိုက်သည်။
ဓားသွားတစ်ရာမှာ ချက်ချင်းပင် လည်ပတ်သွားပြီး ငွေရောင်ဘီးကြီးတစ်ခုအလား ချန်ကျီရှင်းကို အပိုင်းပိုင်းဖြတ်ရန် ဝဲကရက်တစ်ခုလို ပြေးဝင်သွားသည်။
ဒိုင်း…
ချန်ကျီရှင်းက ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုး တစ်မျှင်ကို အသာအယာ တောက်ထုတ်လိုက်သည်။ ဓားသွားတစ်ရာမှာ ထိုမိုးကြိုးနှင့် ထိတွေ့လိုက်သည်နှင့် ကျောက်တုံးကို ရိုက်လိုက်သည့် ကြက်ဥများအလား ချက်ချင်းပင် ကြေမွပျက်စီးသွားတော့သည်။
“မကောင်းတော့ဘူး”
ရှဲ့ဝန်ယန်၏ မျက်နှာပျက်သွားပြီး ချန်ကျီရှင်းနှင့် ဝေးရာသို့ ဆုတ်ခွာရန် ပြင်လိုက်သည်။
သို့သော်လည်း သူ လှည့်ပြီး ခြေတစ်လှမ်းမျှသာ လှမ်းရသေးသည်။ မိုးကြိုးစွမ်းအားများ ပြည့်နှက်နေသည့် ဧရာမလက်ဝါးကြီးတစ်ခုမှာ သူ၏ ဂုတ်ကို လှမ်းဖမ်းလိုက်ပြီး ကြက်ကလေးတစ်ကောင်ကို မလိုက်သကဲ့သို့ သူ၏ခေါင်းကို နောက်သို့ ဆွဲလန်လိုက်တော့သည်။
ဂျွတ်…
ခေါင်းမရှိတော့သော အလောင်းကြီးမှာ အရှိန်ကြောင့် ရှေ့သို့ ဆယ်လှမ်းခန့် ဆက်ပြေးသွားပြီးမှ ကောင်းကင်ယံမှ ပြုတ်ကျသွားတော့သည်။
ဖူး….
ပြတ်တောက်သွားသော လည်ပင်းမှ သွေးများသည် ပန်းထွက်လာပြီး ကောင်းကင်ယံသို့ ဆက်လက် စီးထွက်နေသည်။ ချန်ကျီရှင်းသည် သူ၏လက်ထဲတွင် ရှိနေသော ခေါင်းပြတ်ကို ငုံ့ကြည့်ရင်း ခေတ္တမျှ မှင်တက်သွားပြီးမှ မျက်မှောင်ကြုတ်လိုက်မိ၏။
သူသည် နားမလည်နိုင်သလို အံ့ဩသွားသလိုနှင့် နောက်ဆုံးတွင်တော့ ပြောစရာ စကားလုံးပင် ပျောက်ရှသွားတော့သည်။
“သေသွားပြီလား ငါက အင်အားတောင် မထုတ်ရသေးဘူး။ သူက သေသွားပြီလား”
“ကြက်ကလေးတစ်ကောင်လောက်တောင် အဆင့်မရှိတာကို... မင်းတို့က ပါရမီရှင်တွေလို့ ကိုယ့်ကိုကိုယ် ခေါ်နေကြတာလား”
ဘုန်း…
ချန်ကျီရှင်း၏ လက်ထဲရှိ ရှဲ့ဝန်ယန်၏ ဦးခေါင်းမှာ အမှုန့်အဖြစ် ကြေမွသွားတော့သည်။ ချန်ကျီရှင်းသည် မှင်တက်နေသော ကျန်ရှိသည့် ပါရမီရှင်များကို ကြည့်ကာ ရုတ်တရက် အမည်မဖော်နိုင်သော ဒေါသများ ရင်ထဲတွင် ဟုန်းခနဲ တောက်လောင်လာခဲ့သည်။
“ဒီလို အဆင့်မရှိတဲ့ကောင်တွေနဲ့ ငါ့ကို စာရင်းတစ်ခုထဲမှာ အတူတူထားတာ... ငါ့ကို နောက်ပြောင်နေတာလား”
“ဒီလို ပါရမီရှင်စာရင်းဆိုရင်တော့ ဇီဝေတောင်က ခွေးတစ်ကောင်တောင် ပါနိုင်တာပေါ့”
သူ့စကားမဆုံးခင်မှာပင် စိတ်မရှည်တော့သည့် အမူအရာဖြင့် ချန်ကျီရှင်းသည် စီကုန်းနန်နှင့် ကျန်ရှိသူများထံသို့ လက်ဝါးတစ်ဖက်ကို ဖိနှိပ်ချလိုက်တော့သည်။
ဤပါရမီရှင်များသည် နာမည်ကျော်ကြားလှသဖြင့် အနည်းဆုံးတော့ သူနှင့် အကြိမ်အနည်းငယ် အပြန်အလှန် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော်လည်း သူတို့မှာ နာမည်ကြီးပြီး အလုပ်မဖြစ်သည့် လူများသာ ဖြစ်နေသည်ကို တွေ့ရသောအခါ ချန်ကျီရှင်းမှာ လုံးဝ စိတ်မရှည်တော့ချေ။
“ကမ္ဘာဦး အနှိုင်းမဲ့ လက်ဝါး”
ဝုန်း…
ခဏချင်းမှာပင် ဟင်းလင်းပြင်ထဲတွင် ငါးရောင်ခြည် နတ်ဘုရားမိုးကြိုးများ ပေါ်ထွက်လာပြီး၊ မီးလျှံများ တဟုန်းဟုန်း တောက်လောင်ကာ ဖြူစင်တောက်ပသော နတ်ဘုရားပန်းပွင့်များ ဖူးပွင့်လာခဲ့သည်။
နောက်ဆုံးတွင် ထိုစွမ်းအားမျိုးစုံမှာ တစ်ခုတည်းအဖြစ် စုစည်းဖိသိပ်သွားပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ဤသည်မှာ ချန်ကျီရှင်းက ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတွင် ရှိနေစဉ် အပျင်းပြေ ဖန်တီးထားသည့် နည်းပညာအသေးစားလေး တစ်ခုသာ ဖြစ်သည်။ လက်ရှိတွင် သူသည် တာအိုလမ်းစဉ် ခုနစ်မျိုးကို ပိုင်ဆိုင်ထားပြီး မရေတွက်နိုင်သော နတ်ဘုရားကျင့်စဉ်များကို ကျွမ်းကျင်ထားသူ ဖြစ်သည်။
သို့သော်လည်း ထိုစွမ်းအားများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ အနှိုင်းမဲ့သော တရားဥပဒေတစ်ခု ဖန်တီးရန် သူက ရည်ရွယ်ထားခြင်းပင်။
ဤ ကမ္ဘာဦး အနှိုင်းမဲ့ လက်ဝါးမှာ သူ၏ စွမ်းအားများကို ပေါင်းစပ်ရန် ပထမဆုံး စမ်းသပ်မှုတစ်ခုသာ ဖြစ်၏။
ဝုန်း….
ကောင်းကင်ယံကို ဖုံးလွှမ်းထားပြီး လက်ဝါးထဲတွင် ပရမ်းပတာ စွမ်းအားများ ပြည့်နှက်နေသည့် ဧရာမ လက်ဝါးကြီးမှာ အထက်မှ ကျဆင်းလာတော့သည်။
တစ်ချိန်တည်းမှာပင် ကီလိုဂရမ် ကုဋေပေါင်းများစွာသော ဆွဲငင်အားက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကျန်ရှိနေသော ပါရမီရှင် ခြောက်ဦးမှာ လှုပ်၍မရအောင် ပိတ်မိသွားတော့သည်။
“အားလုံး သေကြစမ်း"
ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“မကောင်းတော့ဘူး”
“ရှဲ့ဝန်ယန်က တစ်ကွက်တည်းနဲ့ အသတ်ခံလိုက်ရတာလား။ ဒီချန်ကျီရှင်းရဲ့ အစွမ်းက ငါတို့ထင်ထားတာထက် အဆပေါင်းများစွာ သာလွန်နေတယ်။ မြန်မြန်... အားလုံး အင်အားချင်းပေါင်းပြီး တိုက်ကြစမ်း”
“နတ်ဘုရားစွမ်းအား ထာဝရစိမ်းလန်းခြင်း”
ထိုခဏ၌ တည်ငြိမ်နေဆဲ ဖြစ်သော စီကုန်းနန်မှလွဲ၍ ကျန်ရှိသော ပါရမီရှင် ငါးဦးမှာ သူတို့၏ အစွမ်းအစများကို အကုန်ထုတ်သုံးကာ အော်ဟစ်လိုက်ကြသည်။
လေဟာနယ်ထဲတွင် အပြာရောင်အလင်းများ ပေါက်ကွဲထွက်လာပြီး၊ ဓားအလင်းတန်းများ တောက်ပကာ၊ နေမင်းကြီး တစ်စင်း ပေါ်ထွက်လာသကဲ့သို့ အလင်းတန်းများ၊ ယင်နှင့်ယန် နိယာမ ပုံရိပ်များနှင့် အခြားသော အံ့ဖွယ်ဖြစ်ရပ်များစွာ တစ်ပြိုင်နက် ပေါ်ထွက်လာတော့သည်။ ထိုနတ်ဘုရားစွမ်းအားများသည် သမုဒ္ဒရာကြီး ဆူပွက်နေသကဲ့သို့ ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်နေပြီး ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ အစီအရင်များကိုပင် တုန်ခါသွားစေသည်။
ဂျွတ်... ဂျွတ်... ဂျွတ်
ကြွေထည်ပစ္စည်းများ ကွဲအက်သွားသည့်အသံများ ဟိန်းထွက်သွားသည်။ ချန်ကျီရှင်း၏ နတ်ဘုရားလက်ဝါးကြီး အောက်သို့ ကျဆင်းလာသည်နှင့်အမျှ ထိုပါရမီရှင်များ ထုတ်လွှတ်ထားသော ကျင့်စဉ်များနှင့် စွမ်းအားများအားလုံးမှာ တစ်လက်မချင်းစီ ကြေမွပျက်စီးကုန်တော့သည်။
အသုံးမဝင်ဘူး။
အားလုံးက အလကားပဲ။
ထိုကျောက်စိမ်းရောင် လက်ဝါးကြီးမှာ နတ်ဘုရားတစ်ပါးက လူ့လောကကို အထက်မှနေ၍ ဖိနှိပ်လိုက်သကဲ့သို့ပင် အရာအားလုံးကို ကရုဏာကင်းမဲ့စွာ နှိမ်နင်းပစ်လိုက်သည်။ မည်သူမျှ မတားဆီးနိုင်သည့် အစွမ်းကုန် လွှမ်းမိုးထားသော စွမ်းအားကြီးပင်။
အခန်း။ ၂၂၄
ဝုန်း ဝုန်း ဝုန်း…
နတ်ဘုရားအလင်းတန်းများ ရစ်ပတ်နေသော လက်ချောင်းထိပ်များ၊ ကျောက်စိမ်းရောင်နှင့် အပြာရောင်အလင်းများ ပေါင်းစပ်ထားသည့် ပရမ်းပတာ ပင်လယ်ပြင်ကြီးနှင့်တူသော လက်ဝါးကြီးသည် အရာအားလုံးကို ချေမှုန်းကာ ပြင်းထန်စွာ ဖိနှိပ်ချလိုက်သည်။
“မလုပ်ပါနဲ့”
အစွန်းကုန် ထိတ်လန့်တုန်လှုပ်သွားသည့် အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။
ပါရမီရှင် ခြောက်ဦးအနက် အဆင့်အနိမ့်ဆုံးဖြစ်သော လော့ချင်းထျန်သည် ပထမဆုံးအဖြစ် ပြိုလဲသွားခဲ့သည်။ သူ၏ ခြေထောက်များမှစတင်ကာ တစ်လက်မချင်းစီ ကျိုးကြေပျက်စီးသွားတော့သည်။
ထို့နောက် ခါး၊ ရင်ဘတ်နှင့် ဦးခေါင်း မြေဟည်းမတတ် အသံကြီးများ ထွက်မလာဘဲ ပုရွက်ဆိတ်တစ်ကောင်ကို ခြေထောက်ဖြင့် ဖိခြေလိုက်သကဲ့သို့သာ ဖြစ်သွားသည်။
အသက်ရှူကြိမ် ဆယ်ဂဏန်းမျှအတွင်းမှာပင် လော့ချင်းထျန်သည် သွေးမြူမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ပြီ ရှဲ့ဝန်ယန်ပြီးနောက် ခုနစ်ဦးသော ပါရမီရှင်များထဲမှ နောက်ထပ်တစ်ဦး ထပ်မံ အသတ်ခံလိုက်ရခြင်းပင်။
“တောက်”
“သခင်လေးစီကုန်း... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ...”
“ကျွန်တော်တို့ အကန့်အသတ်ကို ရောက်နေပြီ”
ကျန်ရှိနေသော ပါရမီရှင် လေးဦးမှာ ဤမြင်ကွင်းကို ကြည့်ကာ မျက်နှာများ ပျက်ယွင်းကုန်ကြသည်။ သူတို့သည် အံတင်းတင်းကြိတ်ကာ သူတို့၏ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးပြီး ထိုလက်ဝါးကြီး၏ မယုံနိုင်စရာကောင်းသော ဖိအားကို အသည်းအသန် ခုခံနေကြရသည်။
ကျယ်ပြောလှသော၊ အတိုင်းအဆမရှိသော၊ မှန်းဆ၍မရနိုင်သော ခွန်အားများမှာ လက်ဝါးတစ်ဖက်တည်း မဟုတ်ဘဲ ပရမ်းပတာတိုက်ကြီးတစ်ခုလုံး သူတို့အပေါ်သို့ ဖိချလိုက်သကဲ့သို့ပင်။
စီကုန်းနန်မှာတော့ ဘာစကားမှမပြောဘဲ တည်ငြိမ်နေသော်လည်း သူ၏ မျက်နှာပေးမှာ အစွန်းကုန် ခက်ထန်နေသည်။
“သခင်လေးစီကုန်း... တစ်ခုခု ပြောပါဦး”
အဆင့် ၂၆ နေရာမှ ယွီချင်းကျီ၏ လက်မောင်းများမှာ သွေးချင်းချင်းနီနေပြီး ဖြူဖွေးသော အရိုးများပင် ပေါ်ထွက်နေပြီဖြစ်သည်။ သူသည် ကောင်းကင်ယံမှ သူ့ကို ငုံ့ကြည့်နေသော ချန်ကျီရှင်းကို စိုးရိမ်တကြီး မော့ကြည့်ရင်း သူ၏ ဝိညာဉ်ပါ တုန်လှုပ်လာခဲ့သည်။
ဤမျှ ကြောက်စရာကောင်းသော အစွမ်း၊ ဤမျှ ရက်စက်သော လက်ချက် ပါရမီရှင် နှစ်ဦးကို သတ်ပစ်လိုက်သော်လည်း ချန်ကျီရှင်း၏ မျက်နှာမှာ မျက်မှောင်ပင် မကြုတ်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ဤတတိယသခင်လေး ချန်ကျီရှင်းက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်၏ အကန့်အသတ်များကို ကျော်လွန်သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်ကြောင်းပင်။ နောင်တတရားများက သူ၏ရင်ထဲတွင် တိတ်တဆိတ် ပေါ်ပေါက်လာခဲ့သည်။
ဘုန်း ဘုန်း ဘုန်း…
နောက်ထပ် ပေါက်ကွဲသံ သုံးကြိမ် ကျန်ရှိသော ပါရမီရှင် သုံးဦးမှာ အသံပင် မထွက်နိုင်ဘဲ မျက်တောင်တစ်ခတ်အတွင်း သွေးမြူများအဖြစ် ချေမှုန်းခံလိုက်ရပြန်သည်။ ခဏချင်းမှာပင် ထိပ်တန်းပါရမီရှင် လေးဦးမှာ အသက်ပျောက်သွားခဲ့သည်။
ယွီချင်းကျီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အစွန်းကုန် ထိတ်လန့်သွားတော့သည်။
“ချန်ကျီရှင်း... တော်တော့ ငါတို့ကြားမှာ ဒီလောက်အထိ ရန်ငြိုးတွေ မရှိကြပါဘူး...”
ယွီချင်းကျီက ခေါင်းကို အမြန်မော့ကာ အော်ဟစ်လိုက်သည်။
သို့သော်လည်း ယွီချင်းကျီ စကားမဆုံးသေးခင်မှာပင် ရုတ်တရက် သူ၏ ဘေးနားရှိ စီကုန်းနန်သည် ဆွဲငင်အား၏ ချုပ်နှောင်မှုမှ နောက်ဆုံးတွင် လွတ်မြောက်သွားကာ ထိုလက်ဝါးကြီးအောက်မှ လျှပ်စီးအလား အမြန်ရှောင်ထွက်သွားခဲ့သည်။ လက်ဝါး၏ စွမ်းအားအားလုံးမှာ ယွီချင်းကျီ တစ်ဦးတည်းအပေါ်သို့ ချက်ချင်း စုပြုံကျရောက်သွားတော့သည်။
“သခင်လေးစီကုန်း”
ယွီချင်းကျီသည် သူ့ကိုထားခဲ့ပြီး ထွက်သွားသော စီကုန်းနန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
ဘုန်း…
ဧရာမလက်ဝါးကြီးက ဖိချလိုက်ကာ မြေဟည်းမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မြေပြင်မှာ လျင်မြန်စွာ ပြိုကျသွားပြီး ပေပေါင်းများစွာ နက်ရှိုင်းသော လက်ဝါးပုံသဏ္ဌာန် ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ပါရမီရှင် ခုနစ်ဦးအနက် ထွက်ပြေးလွတ်မြောက်သွားသော စီကုန်းနန်မှလွဲ၍ ကျန်ရှိသူအားလုံး သေဆုံးသွားခဲ့သည်။ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းမှ မရေတွက်နိုင်သော ကြည့်ရှုသူများမှာလည်း အံ့ဩတုန်လှုပ်လွန်းသဖြင့် အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်နေကြသည်။
သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အကြည့်ချင်းဆုံရာတွင် အစွန်းကုန် ထိတ်လန့်တုန်လှုပ်မှုများကိုသာ မြင်တွေ့နေရတော့သည်။
“သေကုန်ပြီ... သခင်လေးစီကုန်းကလွဲရင် ကျန်တဲ့ ခြောက်ယောက်စလုံး သေကုန်ကြပြီ...”
မိုးကြိုးဂိုဏ်းသားတစ်ဦးက တုန်ရီနေသော နှုတ်ခမ်းများဖြင့် စကားပြောလိုက်သည်။
မူလကတော့ ဤတိုက်ပွဲသည် ထိပ်တန်းပုဂ္ဂိုလ်များအကြား အလွန်စိတ်လှုပ်ရှားစရာကောင်းသော အားပြိုင်မှုကြီး ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြခြင်းပင်။ သို့သော်လည်း မည်သူမျှ မထင်မှတ်ထားဘဲ အစစ်အမှန် ယှဉ်ပြိုင်မှုပင် မရှိသည့် တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်သွားခဲ့သည်။
ရှဲ့ဝန်ယန်က ချန်ကျီရှင်းကို စတင်တိုက်ခိုက်ချိန်မှစ၍ ချန်ကျီရှင်းက လက်ဝါးတစ်ချက်တည်းနှင့် ပါရမီရှင် ငါးဦးကို အစပျောက်အောင် ချေမှုန်းပစ်ခဲ့သည့် အချိန်အထိ တစ်လုပ်စာ အချိန်ပင် မကြာလိုက်ချေ။
"ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ထိပ်တန်းပါရမီရှင် ခြောက်ယောက်ကို သတ်ဖြတ်နိုင်တယ်ဆိုတာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ"
အဝေးတစ်နေရာတွင် စီကုန်းနန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူနေရပြီး သူ၏မျက်နှာပေါ်မှ တိုက်ခိုက်လိုသော စိတ်လှုပ်ရှားမှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ခုနက လက်ဝါးချက်က သူ့ကို ချက်ချင်းပင် အသိဝင်သွားစေခဲ့သည်။
"ချန်ကျီရှင်း... မင်း တကယ်သန်မာတာတော့ ငါဝန်ခံပါတယ်။ ငါ မင်းကို အထင်သေးခဲ့မိတာပဲ။ ဒီတိုက်ပွဲအတွက် ငါ အပြည့်အဝ အဆင်သင့်မဖြစ်သေးဘူး။ ဒါပေမဲ့ ငါရှုံးခဲ့ရင်တောင်..."
စီကုန်းနန်က စကားစလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ဆုတ်ခွာရန်သာ စတင်တွေးတောနေသည်။
"ဟန်ဆောင်နေတုန်းပဲလား"
ချန်ကျီရှင်းက ရယ်မောလိုက်ပြီး လက်သီးတစ်ချက်ကို ချက်ချင်း ထိုးထုတ်လိုက်သည်။
"အခုမှ ဆုတ်ခွာဖို့ဆိုတာ နောက်ကျသွားပြီ"
ဝုန်း…
လေဟာနယ်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး နေနှင့်လပင် လူးလိမ့်သွားသကဲ့သို့ ခံစားရစေသည်။ ကြယ်စင်ကောင်းကင်ယံကို ချေမှုန်းနေသည့် ဧရာမ စစ်သင်္ဘောကြီးအလား ရွှေရောင်လက်သီးပုံရိပ်ကြီးမှာ စီကုန်းနန်ထံသို့ တိုးဝင်သွားတော့သည်။
"ဒီကောင်စုတ်"
စီကုန်းနန်၏ မျက်နှာ ပျက်ယွင်းသွားပြီး သူ၏ ညာလက်ဖြင့် လက်ကွက်ကို လျင်မြန်စွာ ဖော်ဆောင်လိုက်သည်။
"နတ်ဘုရားကျင့်စဉ် ကိုးထပ်အရိပ်များ"
ခဏချင်းမှာပင် စီကုန်းနန်၏ ရှေ့မှ လေဟာနယ်မှာ ခေါက်ချိုးညီသွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုလက်သီးချက်ကို ပြင်းထန်စွာ တားဆီးလိုက်သည်။
ဂျွတ်…
အလင်းတန်းမှာ ကြေမွသွားပြီး ရွှေရောင်လက်သီးပုံရိပ်ကြီးမှာ အတားအဆီးကို ဖြတ်ကျော်ကာ စီကုန်းနန်၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ဖူး…
စီကုန်းနန်မှာ ချက်ချင်းပင် သွေးများအန်ထုတ်ကာ နောက်သို့ လွင့်ထွက်သွားတော့သည်။ သူသည် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ ခန့်ညားလှသော တောင်ကြီးတစ်လုံးကို ဝင်တိုက်မိပြီးမှသာ ရပ်တန့်သွားခဲ့သည်။
ဖူး…
နောက်ထပ် သွေးတစ်လုပ် ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။ စီကုန်းနန်၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး အရိုးများ ကျိုးကြေကာ သူ၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူလျော်သွားတော့သည်။
"မင်း....."
စီကုန်းနန်က ခေါင်းမော့ကြည့်လိုက်သည်။ အဝေးမှ ချန်ကျီရှင်းမှာ ရှေ့သို့ တစ်လှမ်းတိုးလာပြီး လက်ကို ထပ်မံမြှောက်ကာ စီကုန်းနန်ထံသို့ ရိုက်ချလိုက်ပြန်သည်။ ထိုခဏ၌ စီကုန်းနန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူတစ်ခါမျှ မခံစားဖူးသော ကြီးမားသည့် အသက်အန္တရာယ်ကို ရင်ထဲတွင် ခံစားလိုက်ရသည်။
"တော်တော့"
ထိုအချိန်တွင် စင်မြင့်မြင့်ပေါ်မှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ဂိုဏ်းချုပ် လီဟွာထျန်းသည် သူ၏ ခရမ်းရောင် မျက်ခုံးများကို တွန့်ချိုးကာ ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ နိဗ္ဗာန်နနယ်ပယ် အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။
"ချန်ကျီရှင်း ဒီနေရာက မင်းတို့ ယန်ကျိုးနယ်မြေလိုမျိုး မင်းသဘောအတိုင်း လုပ်ချင်ရာလုပ်လို့ရတဲ့ နေရာမဟုတ်ဘူး"
"ငါတို့ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကို ကျူးကျော်ဝင်ရောက်ပြီး ငါ့ရှေ့တင် လူသတ်နေတာ... မင်းရဲ့ အပြစ်က သေဒဏ်နဲ့ပဲ ထိုက်တန်တယ်"
စကားအဆုံးတွင် လီဟွာထျန်းသည် ဒေါသတကြီးဖြင့် ချန်ကျီရှင်းထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်တော့သည်။ သူသည် ယခုအခါတွင် အစွန်းကုန် ဒေါသထွက်နေပြီဖြစ်သည်။ ချန်ကျီရှင်းက မိုးကြိုးကန်ထဲသို့ ခိုးဝင်ကာ ငါးရောင်ခြည် နတ်ဘုရားမိုးကြိုးများကို စုပ်ယူသွားခြင်းမှာပင် သည်းမခံနိုင်စရာ ဖြစ်နေပြီဖြစ်ရာ ယခုအခါတွင် သူ၏ ရှေ့မှောက်၌ပင် အတင်းအဓမ္မ သတ်ဖြတ်မှုများ ပြုလုပ်နေခြင်းပင်။
ခဏမျှ အာရုံလွတ်သွားရုံဖြင့် လော့ချင်းထျန်၊ ရှဲ့ဝန်ယန်နှင့် ကျန်ရှိသော ပါရမီရှင် ခြောက်ဦးစလုံးမှာ ချန်ကျီရှင်း၏ လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ရသည်။